{Unicode}
ယွဲ့လောင် အရမ်းကို စိတ်လှုပ်ရှားနေသည်၊ သူ့ကို ရှေ့နောက်ဆွဲခါနေပြီး
"လူပျိုစစ်စစ် ဖြစ်နေတုန်းပဲမလား။"
သူက လျိုကျန်းယွင်ရဲ့အနောက်ကို လှမ်းမျှော်ကြည့်လိုက်ပြီး
"ဧကရာဇ်က မင်းနဲ့အတူတူ လိုက်မလာဘူးလား။"
"မလာဘူး။"
လျိုကျန်းယွင် ထိုင်ချလိုက်သည်။
"ကောင်းတယ်!"
နတ်အိုကြီးက ထခုန်ပြီး လက်ခုပ်တီးသည်။
"ဒါပေမဲ့"
လျိုကျန်းယွင်က သစ်သီးပန်းကန်ထဲကနေ မက်မွန်သီးတွေကို ရွေးယူသည်။
"(၁၀)ရက်အတွင်းမှာ ဧကရာဇ်က ကျွန်တော်တို့ရဲ့ တံခါးကို ရောက်လာလိမ့်မယ်။"
"ဘာလို့ ငါတို့ တံခါးလဲ။ မင်း တစ်ခုခု ခိုးလာတာလား။"
"ဟုတ်တယ်။"
လျိုကျန်းယွင်က ပါးနှစ်ဖက်မှာ လက်ဖဝါးတွေ ကပ်လိုက်ပြီး
"ကျွန်တော် သူ့နှလုံးသားကို ခိုးလာတာလေ။ ကျိန်းသေပေါက် သူ ကျွန်တော့်ကို လာခေါ်တော့မှာ။"
နတ်အိုကြီးက ဟွန်းခနဲ နှာမှုတ်သည်။
"မြန်မြန် ကိုယ်လက်သန့်စင်ပြီး သွားအိပ်တော့။ ဘာလို့ စိတ်ကူးတွေယဉ်နေတာလဲ။"
ပထမနေ့မှာ...
ပန်းနတ်ဘုရားငယ်လေးက သူ့ခေါင်းကိုင်ဖခင်ရဲ့ မုတ်ဆိတ်မွေးကို ဆွဲဖွါရင်း သစ်သီးပန်းကန်ထဲက အသီးတွေအကုန်လုံးကို စားပစ်လိုက်သည်။
ဧကရာဇ်ကြီးကတော့ မနက်စောစော ထသည်။ ဆန်ပြုတ်အလွတ် တစ်ပန်းကန် စားပြီး စာဖတ်သည်။
ဒုတိယနေ့မှာ...
ပန်းနတ်ဘုရားငယ်လေးက နတ်အိုကြီးနဲ့အတူ ဖူးစာကြိုးနီတွေ ကူချည်ပေးပြီး အချို့ကြိုးထုံးတွေကိုတော့ သေချာ အာရုံမစိုက်ခဲ့ပေ။ နတ်အိုကြီးခမျာ ထိုကြိုးထုံးတွေကို ပြန်ဖြည်လို့လည်း မရတော့ဘဲ အရမ်းဒေါသထွက်သွားပြီး လျိုကျန်းယွင်ရဲ့ခေါင်းကို ထုလေသည်။
ဧကရာဇ်ကြီးကတော့ မနက်စောစော ထသည်။ ဆန်ပြုတ်အလွတ် တစ်ပန်းကန် စားပြီး စာဖတ်သည်။
တတိယနေ့မှာ...
ပန်းနတ်ဘုရားငယ်လေးက ဖရုံစေ့ဝါးရင်း 'ဘုံဗိမာန်တော်ရဲ့ အုပ်ချုပ်သူ' နဲ့ 'ကျောက်စိမ်းဧကရာဇ်ရဲ့ ချစ်ရေးချစ်ရာ ကြွေးမြီများ' တို့ကို နတ်အိုကြီးနဲ့အတူ ကြည့်သည်။
ဧကရာဇ်ကြီးကတော့ မနက်စောစောထသည်။ မနက်စာ မစားဘဲ စာအုပ်ဖတ်ပြီး မက်မွန်သီးနှစ်လုံးသာ စားသည်။
ပဉ္စမနေ့မှာ...
ပန်းနတ်ဘုရားငယ်လေးက ခြံနောက်ဘက်ဆီ ပျားတွေကို ဆင့်ခေါ်သည်။ သူတို့ဆီကနေ ပျားရည်ယူပြီး ကွေ့ဟွားပန်းတွေနဲ့အတူ ဝတ်ရည်ကို ကြိုကာ သကြားလုံးတွေ လုပ်သည်။
ဧကရာဇ်ကြီးကတော့ မနက်စောစော ထသည်။ ဘာမှ မစားဘဲ နေ့တဝက်လောက်ကို ခြံထဲမှာ ခြောက်လပန်းတွေနဲ့သာ အချိန်ဖြုန်းသည်။
သတ္တမနေ့မှာ...
ပန်းနတ်ဘုရားငယ်လေးက မြက်ခင်းပြင်ပေါ် တင်ပျဉ်ခွေထိုင်ကာ လက်ထဲမှာတော့ မြက်ရိုင်းတစ်ခက်ကို ကိုင်ထားသည်။ လက်ထပ်ထိမ်းမြားခြင်း စာအုပ်ကို ဖတ်ဖို့အတွက် မျက်မှန်တပ်ထားတဲ့ နတ်အိုကြီးက သူ့ကို နှစ်သိမ့်သည်။
"ခေါင်းကိုင်ဖခင်မှာ မင်းအတွက် အခြားရွေးချယ်စရာတွေ အများကြီး ရှိနေပါသေးတယ်ကွာ။ ကောင်ချောလေး... ငါ မင်းအတွက် ရွေးပေးမယ်။"
ဧကရာဇ်ကြီးကတော့ မန္တာန်တစ်မျိုး ရွတ်ဆိုကာ ကောက်ညှင်းဆန်ကိတ်နှစ်ခု လုပ်သည်။ ဒါပေမဲ့ ဆန်ကိတ်တစ်ခုကို တဝက်လောက် စားပြီးချိန်မှာတော့ သူ ထပ်စားချင်စိတ် မရှိတော့ပေ။ မတ်တပ်ထရပ်လိုက်ပြီး အင်္ကျီလက်ကို ဝေ့ယမ်းကာ အခန်းထဲ ဝင်သွားတော့သည်။
T.B.C
———————————————
{Zawgyi}
ယြဲ႕ေလာင္ အရမ္းကို စိတ္လႈပ္ရွားေနသည္၊ သူ႔ကို ေရွ႕ေနာက္ဆြဲခါေနၿပီး
"လူပ်ိဳစစ္စစ္ ျဖစ္ေနတုန္းပဲမလား။"
သူက လ်ိဳက်န္းယြင္ရဲ႕အေနာက္ကို လွမ္းေမွ်ာ္ၾကည့္လိုက္ၿပီး
"ဧကရာဇ္က မင္းနဲ႔အတူတူ လိုက္မလာဘူးလား။"
"မလာဘူး။"
လ်ိဳက်န္းယြင္ ထိုင္ခ်လိုက္သည္။
"ေကာင္းတယ္!"
နတ္အိုႀကီးက ထခုန္ၿပီး လက္ခုပ္တီးသည္။
"ဒါေပမဲ့"
လ်ိဳက်န္းယြင္က သစ္သီးပန္းကန္ထဲကေန မက္မြန္သီးေတြကို ေ႐ြးယူသည္။
"(၁၀)ရက္အတြင္းမွာ ဧကရာဇ္က ကြၽန္ေတာ္တို႔ရဲ႕ တံခါးကို ေရာက္လာလိမ့္မယ္။"
"ဘာလို႔ ငါတို႔ တံခါးလဲ။ မင္း တစ္ခုခု ခိုးလာတာလား။"
"ဟုတ္တယ္။"
လ်ိဳက်န္းယြင္က ပါးႏွစ္ဖက္မွာ လက္ဖဝါးေတြ ကပ္လိုက္ၿပီး
"ကြၽန္ေတာ္ သူ႔ႏွလုံးသားကို ခိုးလာတာေလ။ က်ိန္းေသေပါက္ သူ ကြၽန္ေတာ့္ကို လာေခၚေတာ့မွာ။"
နတ္အိုႀကီးက ဟြန္းခနဲ ႏွာမႈတ္သည္။
"ျမန္ျမန္ ကိုယ္လက္သန္႔စင္ၿပီး သြားအိပ္ေတာ့။ ဘာလို႔ စိတ္ကူးေတြယဥ္ေနတာလဲ။"
ပထမေန႔မွာ...
ပန္းနတ္ဘုရားငယ္ေလးက သူ႔ေခါင္းကိုင္ဖခင္ရဲ႕ မုတ္ဆိတ္ေမြးကို ဆြဲဖြါရင္း သစ္သီးပန္းကန္ထဲက အသီးေတြအကုန္လုံးကို စားပစ္လိုက္သည္။
ဧကရာဇ္ႀကီးကေတာ့ မနက္ေစာေစာ ထသည္။ ဆန္ျပဳတ္အလြတ္ တစ္ပန္းကန္ စားၿပီး စာဖတ္သည္။
ဒုတိယေန႔မွာ...
ပန္းနတ္ဘုရားငယ္ေလးက နတ္အိုႀကီးနဲ႔အတူ ဖူးစာႀကိဳးနီေတြ ကူခ်ည္ေပးၿပီး အခ်ိဳ႕ႀကိဳးထုံးေတြကိုေတာ့ ေသခ်ာ အာ႐ုံမစိုက္ခဲ့ေပ။ နတ္အိုႀကီးခမ်ာ ထိုႀကိဳးထုံးေတြကို ျပန္ျဖည္လို႔လည္း မရေတာ့ဘဲ အရမ္းေဒါသထြက္သြားၿပီး လ်ိဳက်န္းယြင္ရဲ႕ေခါင္းကို ထုေလသည္။
ဧကရာဇ္ႀကီးကေတာ့ မနက္ေစာေစာ ထသည္။ ဆန္ျပဳတ္အလြတ္ တစ္ပန္းကန္ စားၿပီး စာဖတ္သည္။
တတိယေန႔မွာ...
ပန္းနတ္ဘုရားငယ္ေလးက ဖ႐ုံေစ့ဝါးရင္း 'ဘုံဗိမာန္ေတာ္ရဲ႕ အုပ္ခ်ဳပ္သူ' နဲ႔ 'ေက်ာက္စိမ္းဧကရာဇ္ရဲ႕ ခ်စ္ေရးခ်စ္ရာ ေႂကြးၿမီမ်ား' တို႔ကို နတ္အိုႀကီးနဲ႔အတူ ၾကည့္သည္။
ဧကရာဇ္ႀကီးကေတာ့ မနက္ေစာေစာထသည္။ မနက္စာ မစားဘဲ စာအုပ္ဖတ္ၿပီး မက္မြန္သီးႏွစ္လုံးသာ စားသည္။
ပၪၥမေန႔မွာ...
ပန္းနတ္ဘုရားငယ္ေလးက ၿခံေနာက္ဘက္ဆီ ပ်ားေတြကို ဆင့္ေခၚသည္။ သူတို႔ဆီကေန ပ်ားရည္ယူၿပီး ေကြ႕ဟြားပန္းေတြနဲ႔အတူ ဝတ္ရည္ကို ႀကိဳကာ သၾကားလုံးေတြ လုပ္သည္။
ဧကရာဇ္ႀကီးကေတာ့ မနက္ေစာေစာ ထသည္။ ဘာမွ မစားဘဲ ေန႔တဝက္ေလာက္ကို ၿခံထဲမွာ ေျခာက္လပန္းေတြနဲ႔သာ အခ်ိန္ျဖဳန္းသည္။
သတၱမေန႔မွာ...
ပန္းနတ္ဘုရားငယ္ေလးက ျမက္ခင္းျပင္ေပၚ တင္ပ်ဥ္ေခြထိုင္ကာ လက္ထဲမွာေတာ့ ျမက္႐ိုင္းတစ္ခက္ကို ကိုင္ထားသည္။ လက္ထပ္ထိမ္းျမားျခင္း စာအုပ္ကို ဖတ္ဖို႔အတြက္ မ်က္မွန္တပ္ထားတဲ့ နတ္အိုႀကီးက သူ႔ကို ႏွစ္သိမ့္သည္။
"ေခါင္းကိုင္ဖခင္မွာ မင္းအတြက္ အျခားေ႐ြးခ်ယ္စရာေတြ အမ်ားႀကီး ရွိေနပါေသးတယ္ကြာ။ ေကာင္ေခ်ာေလး... ငါ မင္းအတြက္ ေ႐ြးေပးမယ္။"
ဧကရာဇ္ႀကီးကေတာ့ မႏၲာန္တစ္မ်ိဳး ႐ြတ္ဆိုကာ ေကာက္ညႇင္းဆန္ကိတ္ႏွစ္ခု လုပ္သည္။ ဒါေပမဲ့ ဆန္ကိတ္တစ္ခုကို တဝက္ေလာက္ စားၿပီးခ်ိန္မွာေတာ့ သူ ထပ္စားခ်င္စိတ္ မရွိေတာ့ေပ။ မတ္တပ္ထရပ္လိုက္ၿပီး အက်ႌလက္ကို ေဝ့ယမ္းကာ အခန္းထဲ ဝင္သြားေတာ့သည္။
T.B.C