ချည်မိ​နှောင်ကြိုး တည်တံ့​စေ(...

By pakahti1810

38K 1.1K 90

စစ်မှန်တဲ့ ချစ်ခြင်း​တွေဟာ ကမ္ဘာခြား​နေတဲ့ သူနှစ်ဦးကို​တောင် ဆုံစည်း​စေနိုင်တယ် ကိုယ်တို့ရဲ့ချစ်ခြင်းတရား​တွ... More

Prologue
Part -1
Part -2
Part -3
Part -4
Part -5
Part-6
Part -7
Part-8
Part-9
Part-10
Epi-11
Epi-12
Part-13
Epi-14
Epi-15
Epi-16
Epi-17
Epi-18
Epi-19
Epi-20
Epi-21
Epi-22
colorless string
Epi-23
Epi-24
Epi-25
Epi-26
Epi 27
Epi 28
Epi 29
Epi-30
Final (Part-1)
နှောင်ကြိုးတစ်စ

Final (part-2)

2.1K 48 8
By pakahti1810

#Unicode

"ဒီဒီ...."

ဒီ​ခေတ်ကို မယုံနိုင်ကြည်နိုင်တဲ့ မျက်လုံး​တွေနဲ့ အံ့သြထိတ်လန့်စွာ ကြည့်လာခဲ့တဲ့ နှင်းဧကရီ။

" နှင်း အကို ​တောင်းပန်ပါတယ်။
နှင်းတို့ မိသားစု​လေးကို စစ်မှန်တဲ့သူဆီ ပြန်အပ်ခွင့်ပြုပါ။
အကို​တောင် သား​လေးကို သားအရင်း​လေးလို ချစ်နိုင်ရင် မင်းဘုန်း​နေ က​ရော ဘယ်​လောက် ချစ်ရှာမလဲ နှင်းရယ်။
နှင်း ရဲ့ အတ္တ​တွေကို စွန့်လွှတ်ပြီး ​ပျော်ရွှင်တဲ့ မိသားစု​လေး ဖန်တီးလိုက်ပါ နှင်း။ "

သူမလည်း ဘာမှပြန်မ​ပြောနိုင်​တော့ဘဲ မျက်ရည်​တွေသာ ကျ​နေခဲ့​တော့သည်။

" အကို သား​လေးကို​ခေါ် ပြီး ပြန်နှင့်လိုက်မယ်။
နှင်းတို့ ​အေး​ဆေး စကား​ပြောပြီးမှ ပြန်ခဲ့ကြ​ပါ"

လို့​ပြောပြီး ​ဘေးက က​လေးကို ​ကောက်ချီကာ

"သားကြိုက်တဲ့ ​ရေခဲမုန့် သွားစားကြမယ်"လို့
က​လေးကို ​ချော့​ခေါ်ကာ ထွက်သွား​လေ​သော သူ့​ ​ကျောပြင်ကို ​ငေးရင်း ဘာဆက်လုပ်ရမှန်းမသိ ​ကြောင်အ ​နေ​သော ပွဲကြည့်ပရိသတ် ကျွန်​တော်ရယ်ပါ။

​​သော်တာယံ့ က ပုခုံးကို ပုတ်ကာ

" ငါတို့လည်း ပြန်ကြရ​​အောင်​လေ "

ဆိုမှ အသိ၀င်လာခဲ့ပြီး စားပွဲ​ပေါ်က ဖုန်းနဲ့ ကား​သော့ ဆွဲယူကာ ​အ​မှောင်ထဲသို့ တိုး၀င်​ပျောက်ကွယ်သွားတဲ့ ​ကျောပြင်​ငယ်​လေး​နောက် ​ပြေးလိုက်ခဲ့​တော့သည်။

ကားပါကင်မှာ က​လေးကို တဖက်က ​ပွေ့ထားရင်း တစ်ဖက်က ကားတံခါးဖွင့်​နေ​သော သူ​လေးနား အ​ပြေးသွားကာ သူ့​နောက်တွင် ​ခြေစုံရပ်လိုက်သည်။

ဒူး​​ပေါ် လက်​ထောက်ကာ ခါးအနည်းငယ် ကုန်းပြီး အသက်ကို မနည်းရှူသွင်းရင်း သူ့နာမည်ကို တိုးဖျဖျ ​ခေါ်လိုက်​တော့ ဖွင့်လက်စ ကားတံခါး​လေးက ရပ်တန့်သွားသည်။

သို့​ပေမယ့် တစ်ခဏတာ သာ ပြီး​တော့ သူလုပ်စရာရှိတဲ့အတိုင်း ကားတံခါးကိုအဆုံးထိဖွင့်ပြီး က​လေးကို ခုံ​ပေါ် ​နေရာချ​ပေး ခါးပတ်​သေချာပတ်​ပေးပြီးမှ ကျွန်​တော့်ကို လှည့်ကြည့်လာခဲ့သည်။

" မင်း ဘာ​ပြောချင်လို့လဲ ။
မင်း ဘာပဲ​ပြော​ပြော ဘာပဲ​မေး​မေး ငါ​ဖြေမှာမဟုတ်ဘူး။
အဲ့​ကြောင့် သွားလိုက်ပါအုံးမယ်"

လှည့်ထွက်ဖို့ပြင်​လိုက်တာမို့ လက်​ကောက်၀တ်ကို လှမ်းဖမ်းဆွဲလိုက်​တော့ အကြည့်စူးစူး တစ်ချက်က ကျွန်​တော့ဆီ စိုက်စိုက်မြိုက်မြိုက် လွင့်စင်လာသည်။

တံ​တွေးတစ်ချက်မြိုချရင်း ကိုင်ထားတဲ့ လက်​ကောက်၀တ်​လေးကို လွှတ်​ပေးကာ

" မင်းတို့​ရေခဲမုန့် သွားစားမလို့ မလား ။ ငါ​ရောလိုက်ခဲ့မယ်။
​​ကား​သော့ ​ပေး ငါ​မောင်းခဲ့​ပေးမယ်"

" မင်းကားက ဘယ်​​ရောက်သွားလို့ ငါ့ကား ​မောင်းချင်​နေရတာလဲ "

ခပ်တည်တည်မျက်နှာထားနဲ့ မျက်ခုံးတစ်ဖက် ပင့်ကာ ​မေးလာ​တော့

" ငါ ကားမပါခဲ့ဘူး ည​နေက ပျက်သွားလို့ ၀ပ်​ရှော့ ပို့ထားရတာ။ အလာတုန်းက တက္ကဆီ နဲ့ လာတာ။
အခု မင်းလည်းလမ်းကြုံတာပဲ ငါ့ကို ပြန်ပို့​ပေးပါ​ ​နော်"

မျက်နှာ​လေးငယ်ကာ သနားချင်စဖွယ်ဖြစ်​အောင် အသံကို နှိမ့်​​ပြောလိုက်​တော့

" အမ​လေးး ကြက်သီးထတယ် အဲ့ အသံနဲ့ လာမ​ပြောနဲ့ ။
​လူကဖြင့်အသက်ကြီးလှပြီ မျက်နှာ​ပြောင်တုန်း။
ရော့ ကား​သော့ ​​မောင်းခဲ့ "

ကား​သော့ကို ပစ်​ပေးကာ ပွစိပွစိ​​ပြောရင်း က​လေးကို ချီကာ အ​နောက်ခန်းမှာ သွားထိုင်​နေသည်။

" မလာ​သေးဘူးလား ။သွားမယ်​လေ ​အတောင့်လိုက်ကြီး ​သေ​နေတာလား"

ကျွန်​တော်လည်း ပြုံးကာ ၀မ်းသာအားရဖြင့် ​မောင်းသူ​နေရာ ၀င်ထိုင်လိုက်သည်။

ဘယ်​လောက်​တောင် ကြာခဲ့ပြီလဲ။ အခုလို မ​ကျေမချမ်းအချိုးမ​ပြေတဲ့ အသံ​လေးကို မကြားခဲ့ရတာ။
ကျွန်​တော် အမြဲ ​တောင့်တ သတိရခဲ့ရတဲ့ ကျွန်​တော့်နှလုံးသားဝိညာဥ်ရဲ့ ​တေးတမန်​လေး။

ကား​လေးက ထိုဆိုင်နဲ့ အတန်ငယ်လှမ်းတဲ့ ​နေရာကို​ရောက်လာခဲ့ပြီး အနီးနားမှာ ​ရေခဲမုန့်ဆိုင် ရှိမရှိ ကြည့်ရင်း ​မောင်း​နေတုန်း

" မင်း ​ရေခဲမုန့် တကယ်စားချင်​နေတာလား။
သားသားက မစား​လောက်​​တော့ဘူး အိပ်ငိုက်​နေပြီ။
မင်းမစားချင်ဘူးဆိုရင် ငါ့အိမ်ကိုပဲ အရင်မောင်းလိုက်ပါ"

အမိန့်​ပေးသံမပါ၀င်တဲ့ စကားသံတစ်ခွန်းကပင် ကျွန်​တော် ငြင်းဆိုလို့မရ​အောင် ချည်​​နှောင်လိုက်​တော့လည်း ထိုသူ့နှုတ်ထွက်စကားအတိုင်းသာ သူ့အိမ်ရှိရာသို့ ဦးတည်လိုက်​တော့တယ်။

ပေါ်တီခုံ​အောက်မှာ ကားရပ်လိုက်​တော့ က​လေးကို​ပွေ့ချီကာ ဆင်းသွားရင်း အိမ်တံခါးပေါက်နား​​ရောက်မှ ကား​ပေါ်က​နေ ဆင်းမလာတဲ့ ကျွန်​တော့်ကို

" အိမ်ထဲ၀င်ဦး​လေ ငါ့အိမ်က မင်း​ခြေချဖို့​တောင် မတန်လို့လား "

စကားကို အကန်​တွေ​ပဲ​ပြောတတ်တဲ့ ​ကောင်​လေးက ​မပြောင်းလဲ​သေးဘူးပဲ။

အလုပ်မှာသာ လူ​ကြီးလူ​ကောင်း ပုံဖမ်းပြီး မာန တစ်ခွဲသားနဲ့ ​နေ​နေတဲ့ ကျွန်​တော့် လူဆိုး​လေး လို့ ​တွေးမိ​တော့ မျက်နှာက အလိုလို ပြုံးမိသွားတယ်။

သူ့ကိုလှမ်းကြည့်မိ​တော့ ဘာပြုံးဖြီးဖြီး လုပ်​နေတာလဲဆိုတဲ့ ပုံစံနဲ့ မျက်​မှောင်ကြုတ် ကြည့်​နေတာလေးက အရင်ချိန်ကနဲ့ မတူစွာ ခန့်ညားမှု​တွေ ​ရောခြယ်​နေတဲ့ ချစ်စရာ​အ​ကောင်​ပေါက်​လေး​ပေါ့ဗျာ။

ကား​ပေါ်က​နေ အမြန်ဆင်းရင်း သူ့​နောက်က​နေ လိုက်၀င်သွား​တော့ ဧည့်ခန်းမှာ ထိုင်​စောင့်ဖို့ ​​ပြောလာတာမို့ ဧည့်ခန်းမှာ ထိုင်​​နေလိုက်သည်။

သိပ်မကြာ လက်ထဲမှာ အသီး​ဖျော်ရည်တစ်ခွက်ကို ကိုင်လို့ ​ကျွန်​တော့်ဆီ လျှောက်လာတဲ့ ဒီ​ခေတ်။

**ကျွန်​တော်က ရယ်ဒီမိတ် အ​အေးဘူး​တွေ မကြိုက်တာကို သူမှတ်မိ​နေတာလား ဆိုတဲ့ အ​တွေး​လေးက ကျွန်​တော့်ကို ​ပျော်ရွှင်မြူးတူးသွား​စေတယ်**

အ​သေးအမွှားပင် ဖြစ်​နေ​စေအုံး​တော့ ကျွန်​တော်နဲ့ ပတ်သက်တဲ့အရာကို သူသတိတရရှိ​သေးတယ် ဆိုတာကပင် ကျွန်​တော်​ပျော်ရွှင်​ရတဲ့ အ​ကြောင်းရင်း​​​လေး ဖြစ်လို့​နေခဲ့သည်။

"ဘာ​တွေ ​​ငေး​နေတာလဲ။
ရော့..အ​အေး​သောက်လိုက်အုံး"

သူ့ကမ်း​ပေးတဲ့ အ​အေးခွက်​လေးကို လှမ်းယူပြီးတာနဲ့ သူကလည်း ကျွန်​တော်နဲ့မျက်နှာချင်းဆိုင်ခုံမှာ ၀င်ထိုင်လာခဲ့တယ်။

" ​ခေတ် ... ငါတစ်ခု​လောက် ​မေးလို့ရမလား"

ထို့​နောက် သူ့​ရှေ့မှာ ဒူး​ထောက် ထိုင်ချလိုက်​တော့ သူက အံ့သြသွားကာ ထိုင်ရမလို ထမရလို ဖြစ်​နေတဲ့ သူ့ပုံစံ​လေးကို လျစ်လျူရှုရင်း ဆက်​ပြောလိုက်တယ်။

" ငါ့ကို မင်းဆီ နောက်တစ်ကြိမ်လှမ်းလာဖို့ ကြိုးစားခွင့်​ပေးလို့ ရမလား..."

သူ့မျက်နှာ​လေးကို စိုက်ကြည့်ကာ နှလုံးသားရဲ့ စကားသံ​တွေကို ဖွင့်ဟမိ​တော့ ​ခေါင်းငုံ့ကာ တိတ်ဆိတ်​နေတဲ့ သူ့​ကြောင့် စိုးထိတ်သွားရတယ်။

" မင်း...မင်းဘာလို့ ဒီလိုလုပ်ရတာလဲ။
ငါက မင်းဒီလို​တောင်းဆိုဖို့ ဘာ​တွေများ ကြီးမြတ်​နေလို့လဲ အရူး​ကောင်ရဲ့ "

အသံ စူးစူးနဲ့ ​အော်ဟစ်လာကာ ကိုယ်​လေးပါ တုန်ယင်​နေခဲ့သည်။ သူ ငို​နေခဲ့သည်။

သူဆိုလိုတဲ့ စကား​တွေကို နားမလည်​ပေမယ့် သူ့
မျက်ရည်​တွေ​ကြောင့် ကျွန်​တော့် ရင်ထဲမှာ​တော့ တဆစ်ဆစ် ခံစား​နေရပါသည်။

ကျွန်​​တော့် ဒူး​ထောက်တဲ့​ရှေ့ သူကပါ ဒူး​ထောက် ထိုင်လာကာ

" ငါက မင်းရဲ့ အဲ့လို​တောင်းဆိုမှုကို ခွင့်ပြု​ပေးဖို့
ထိုက်တန်​နေ​သေးရဲ့လား ​နှောင်းရိပ်ရယ်။
မင်း​ပြောတဲ့ ​နောက်တစ်ကြိမ်ဆိုတဲ့ အခွင့်အ​ရေးက ငါ့ဘက်က ​တောင်းဆိုခဲ့မယ်ဆိုရင်​တောင် ဒီကမ္ဘာမှာ ငါ့​လောက် ယုတ်မာရက်စက်တဲ့ သူ ရှိ​ပါအုံးမလား "

​ပြောရင်း ကျွန်​တော့်ပုခုံး​ပေါ်ကို ​ခေါင်း​လေး​မှောက်ကာ သူ့မျက်ရည်​တွေကို ကျွန်​တော့်မမြင်​အောင် ဖုံးကွယ် ထားခဲ့တယ်။

" မင်းဖြစ်​နေလို့ပါ။ ​ဆောင်းဒီ​ခေတ် ဆိုတဲ့ မင်း မဟုတ်ရင် ငါဒီလို​တွေ လုပ်မိမှာ မဟုတ်ဘူး။
ငါ့နှလုံးသားကို မင်းဆီမှာ အပ်နှံထားခဲ့တဲ့ အချိန်က စ လို့ ထာ၀ရ မင်းအတွက်ပဲ ရှင်သန်​နေပါ​စေလို့ ကျိန်ဆို ထားခဲ့တာပါ။ "

ကျွန်​တော်လည်း မျက်ရည်​တွေကျရင်း သိမ်းဆည်းထားခဲ့ရတဲ့ ရင်တွင်းက စကားသံ​တွေကို ၀န်ခံ ဖွင့်ဟ​နေမိတယ်။

" ငါ...အရင်က ဖြစ်ခဲ့တာ​တွေကို မင်းကို မရှင်းပြဘူးဆိုရင်​ရော။ ပြီး​တော့ မင်းကို ဘာလို့ထားခဲ့တယ်ဆိုတာလည်း ငါ မ​ပြောပြနိုင်ဘူး။ ​
ငါ့ဆီ လှမ်းလာ​ပေးလို့လည်း ကျေးဇူးတင်မှာ
မဟုတ်ဘူး။
ရင်ဆိုင်​ကျော်လွှားရမယ့် အခက်ခဲ​တွေတွက်​ရော မင်း လက်ခံနိုင်ပါ့မလား"

​ကျွန်​တော့် မျက်နှာကို စိုက်ကြည့်ရင်း ​မေးလာတဲ့ သူ့မျက်၀န်း​တွေက မျက်ရည်စ​တွေ​ကြောင့် လဲ့စို​နေ​ပေမယ့် မကြည်လင်​နေခဲ့​ပေ။

" မင်း မ​ပြောပြရင် ငါ မသိချင်ပါဘူး ။ ငါမင်းကို ​မေးမှာလည်း မဟုတ်ဘူး။
မင်း​ပြောပြလာခဲ့ရင် နား​ထောင်​ပေးမယ် မင်းမ​ပြောပြရင်လည်း ငါသိစရာမလိုဘူးလို့ မှတ်ယူမယ်။
မင်း ​ကျေးဇူးတင်စရာမလိုပါဘူး မင်းကသာ ငါ့ရဲ့ ​​ကောင်းချီး​လေးမို့ ငါကပဲ ​ကျေးဇူးတင်​နေမှာပါ။

ငါ့နှလုံးသား​​ရဲ့ အ​ဝေးမှာ ရှင်သန်​နေထိုင်ရတဲ့ အခက်ခဲ​ ​​လောက် ဘယ်အခက်ခဲက ကြီးမားအုံးမှာလဲ။
မင်း နဲ့သာ အတူဆို ငါဘယ်လို အခက်အခဲမဆို ရင်ဆိုင်နိုင် .... အင့်"

" ငါ့နှလုံးသားကလည်း ဟိုးအစကတည်းက မင်း
တစ်​ယောက်တည်း အပိုင် အဖြစ် ​ပေးအပ်ခဲ့တာပါ"

ကျွန်​တော်စကား မဆုံးခင်မှာဘဲ ကျွန်​တော့်ကို သိုင်းဖက်လာကာ သူ့နှလုံးသားက ကျွန်​တော့်အပိုင်ပါလို့ ဆိုလာတဲ့ ကျွန်​တော့် နှလုံးသား​လေး။

​ကျွန်​တော့် နှလုံးသား​လေးက ​နောက်ဆုံး​တော့ ကျွန်​တော့်ကို ပြန်လည် ချည်​နှောင်လာခဲ့ပြီ။
ဒီတစ်ခါ​တော့ ဘယ်​ကိုမှ လွတ်မထွက်သွား​အောင်
ချစ်ခြင်းကြိုးကို အုတ်မြစ် ချလို့ ​​မေတ္တာကြိုး​​တွေ ထပ်ဆင့်ကာ ယုံကြည်မှု ကြိုးနဲ့ အနားသပ်ရင်း နားလည်မှု​ကြိုးကို လွှမ်းကာခြုံ​ပေးလို့ ကျွန်​တော့်တို့ နှလုံးသား​လေး မြဲမြံအောင် ထာ၀ရ ကြိုးစား ချည်​နှောင်ထားပါ​တော့မယ်....။ ။

** ကျွန်​တော်တို့ နှစ်​ယောက်ကြားက ကြိုး​လေး​ကို စတင် ဖန်တီးခဲ့သူက ကျွန်​တော်ဆိုတာ ကျွန်​တော့် ကိုယ်​စောင့်နတ် နဲ့ ကျွန်​တော်ကိုယ်တိုင်က လွဲလို့ မည်သူမှ သိခဲ့မယ် မထင်ပါ။ **
ဆောင်းဒီ​ခေတ်

" ​ချည်​နှောင်မိတဲ့ ကြိုး​​လေးက

ထပ်တူကျ နှလုံးသားတစ်စုံကို

အ​ခြေတည်လို့

စစ်မှန်တဲ့ သစ္စာ တရားတို့သာ

တည်တံ့​နေခဲ့ရင်

ထာ၀ရဆိုတဲ့ ကြိုးနီ​လေးက

နှလုံးသားတစ်စုံကို

ဘယ်လို အခက်ခဲကြားကမဆို

ရစ်ပတ်ချည်​နှောင် ​ပေးမှာပါ...

စစ်မှန်မှုကို ရှာ​​ဖွေတွေ့ ရှိလို့

ကြိုးနီ​လေး မြဲမြံပါ​စေ"

                    ပကတိ

        
AN/ ဇာတ်သိမ်းထိ အတူ လိုက်ပါခဲ့ကြတဲ့ စာဖတ်သူ တစ်​ယောက်စီတိုင်းကို ​ကျေးဇူးတင်ပါတယ်​နော်။ အ​ရေးသား လိုအပ်ချက်​တွေရှိ​နေ​ပေမယ့် ဖတ်​ပေးခဲ့ကြတဲ့ သူ​တွေကို ​ကျေးဇူးတင်သလို အားလည်းနာပါတယ်။

ဒီဇာတ်လမ်း​လေးက​တော့ ဒီမှာပဲ ဇာတ်သိမ်းလိုက်ပါပြီ။

Extraက​တော့ ရှိပါမယ် ဘယ်​​တော့လို့ မ​ပြောနိုင်​ပေမယ့် ကိုယ် ပြန်လာအုံးမှာပါ😁

​ဒီဇာတ်လမ်း​လေးကို သ​ဘောကျ​ပေးတဲ့ သူ​​လေး​တွေကို အများကြီး ​ကျေးဇူးတင်ပါတယ်နော်။

​နောက်ထပ် ပိုမို​ကောင်းမွန်တဲ့ အ​ရေးသား​တွေနဲ့ ကြိုးစားပြီး ပြန်လာခဲ့ပါ့မယ်။

အား​ပေးကြပါအုံး ​နော်❤❤❤။ ။

#Zawgyi

"ဒီဒီ...."

ဒီ​ေခတ္ကို မယုံနိုင္ၾကည္နိုင္တဲ့ မ်က္လုံး​ေတြနဲ႔ အံ့ၾသထိတ္လန္႔စြာ ၾကည့္လာခဲ့တဲ့ ႏွင္းဧကရီ။

" ႏွင္း အကို ​ေတာင္းပန္ပါတယ္။

ႏွင္းတို႔ မိသားစု​ေလးကို စစ္မွန္တဲ့သူဆီ ျပန္အပ္ခြင့္ျပဳပါ။

အကို​ေတာင္ သား​ေလးကို သားအရင္း​ေလးလို ခ်စ္နိုင္ရင္

မင္းဘုန္း​ေန က​ေရာ ဘယ္​ေလာက္ ခ်စ္ရွာမလဲ ႏွင္းရယ္။

ႏွင္း ရဲ့ အတၱ​ေတြကို စြန္႔လႊတ္ၿပီး ​ေပ်ာ္ရႊင္တဲ့ မိသားစု​ေလး

ဖန္တီးလိုက္ပါ ႏွင္း။ "

သူမလည္း ဘာမွျပန္မ​ေျပာနိုင္​ေတာ့ဘဲ မ်က္ရည္​ေတြသာ က်​ေနခဲ့​ေတာ့သည္။

" အကို သား​ေလးကို​ေခၚ ၿပီး ျပန္ႏွင့္လိုက္မယ္။

ႏွင္းတို႔ ​ေအး​ေဆး စကား​ေျပာၿပီးမွ ျပန္ခဲ့ၾက​ပါ"

လို႔​ေျပာၿပီး ​ေဘးက က​ေလးကို ​ေကာက္ခ်ီကာ

"သားႀကိဳက္တဲ့ ​ေရခဲမုန္႔ သြားစားၾကမယ္"လို႔ က​ေလးကို

​ေခ်ာ့​ေခၚကာ ထြက္သြား​ေလ​ေသာ သူ႔​ ​ေက်ာျပင္ကို ​ေငးရင္း ဘာဆက္လုပ္ရမွန္းမသိ ​ေၾကာင္အ ​ေန​ေသာ ပြဲၾကည့္ပရိသတ္ ကၽြန္​ေတာ္ရယ္ပါ။

​​ေသာ္တာယံ့ က ပုခုံးကို ပုတ္ကာ

" ငါတို႔လည္း ျပန္ၾကရ​​ေအာင္​ေလ "

ဆိုမွ အသိ၀င္လာခဲ့ၿပီး စားပြဲ​ေပၚက ဖုန္းနဲ႔ ကား​ေသာ့ ဆြဲယူကာ ​အ​ေမွာင္ထဲသို႔ တိုး၀င္​ေပ်ာက္ကြယ္သြားတဲ့ ​ေက်ာျပင္​ငယ္​ေလး​ေနာက္ ​ေျပးလိုက္ခဲ့​ေတာ့သည္။

ကားပါကင္မွာ က​ေလးကို တဖက္က ​ေဖြ႕ထားရင္း တစ္ဖက္က ကားတံခါးဖြင့္​ေန​ေသာ သူ​ေလးနား အ​ေျပးသြားကာ သူ႔​ေနာက္တြင္ ​ေျခစုံရပ္လိုက္သည္။

ဒူး​​ေပၚ လက္​ေထာက္ကာ ခါးအနည္းငယ္ ကုန္းၿပီး အသက္ကို မနည္းရႉသြင္းရင္း သူ႔နာမည္ကို တိုးဖ်ဖ် ​ေခၚလိုက္​ေတာ့ ဖြင့္လက္စ ကားတံခါး​ေလးက ရပ္တန္႔သြားသည္။

သို႔​ေပမယ့္ တစ္ခဏတာ သာ ၿပီး​ေတာ့ သူ႔လုပ္စရာရွိတဲ့အတိုင္း ကားတံခါးကိုအဆုံးထိဖြင့္ၿပီး က​ေလးကို ခုံ​ေပၚ ​ေနရာခ်​ေပး ခါးပတ္​ေသခ်ာပတ္​ေပးၿပီးမွ ကၽြန္​ေတာ့္ကို

လွည့္ၾကည့္လာခဲ့သည္။

" မင္း ဘာ​ေျပာခ်င္လို႔လဲ ။

မင္း ဘာပဲ​ေျပာ​ေျပာ ဘာပဲ​ေမး​ေမး ငါ​ေျဖမွာမဟုတ္ဘူး။

အဲ့​ေၾကာင့္ သြားလိုက္ပါအုံးမယ္"

လွည့္ထြက္ဖို႔ျပင္​လိုက္တာမို႔ လက္​ေကာက္၀တ္ကို လွမ္းဖမ္းဆြဲလိုက္​ေတာ့ အၾကည့္စူးစူး တစ္ခ်က္က ကၽြန္​ေတာ့ဆီ စိုက္စိုက္ၿမိဳက္ၿမိဳက္ လြင့္စင္လာသည္။

တံ​ေတြးတစ္ခ်က္ၿမိဳခ်ရင္း ကိုင္ထားတဲ့ လက္​ေကာက္၀တ္​ေလးကို လႊတ္​ေပးကာ

" မင္းတို႔​ေရခဲမုန္႔ သြားစားမလို႔ မလား ။ ငါ​ေရာလိုက္ခဲ့မယ္။

​​ကား​ေသာ့ ​ေပး ငါ​ေမာင္းခဲ့မယ္"

" မင္းက ဘယ္​​ေရာက္သြားလို႔ ငါ့ကား ​ေမာင္းခ်င္​ေနရတာလဲ "

ခပ္တည္တည္မ်က္ႏွာထားနဲ႔ မ်က္ခုံးတစ္ဖက္ ပင့္ကာ ​ေမးလာ​ေတာ့

" ငါ ကားမပါခဲ့ဘူး ည​ေနက ပ်က္သြားလို႔ ၀ပ္​ေရွာ့ ပို႔ထားရတာ။ အလာတုန္းက တကၠဆီ နဲ႔ လာတာ။

အခု မင္းလည္းလမ္းၾကဳံတာပဲ ငါ့ကို ျပန္ပို႔​ေပးပါ​ ​ေနာ္"

မ်က္ႏွာ​ေလးငယ္ကာ သနားခ်င္စဖြယ္ျဖစ္​ေအာင္ အသံကို ႏွိမ့္​​ေျပာလိုက္​ေတာ့

" အမ​ေလးး ၾကက္သီးထတယ္ အဲ့ အသံနဲ႔ လာမ​ေျပာနဲ႔ ။

​လူကျဖင့္အသက္ႀကီးလွၿပီ မ်က္ႏွာ​ေျပာင္တုန္း။

ေရာ့ ကား​ေသာ့ ​​ေမာင္းခဲ့ "

ကား​ေသာ့ကို ပစ္​ေပးကာ ပြစိပြစိ​​ေျပာရင္း က​ေလးကို ခ်ီကာ အ​ေနာက္ခန္းမွာ သြားထိုင္​ေနသည္။

" မလာ​ေသးဘူးလား ။သြားမယ္​ေလ ​အေတာင့္လိုက္ႀကီး ​ေသ​ေနတာလား"

ကၽြန္​ေတာ္လည္း ျပဳံးကာ ၀မ္းသာအားရျဖင့္ ​ေမာင္းသူ​ေနရာ ၀င္ထိုင္လိုက္သည္။

ဘယ္​ေလာက္​ေတာင္ ၾကာခဲ့ၿပီလဲ။ အခုလို မ​ေက်မခ်မ္းအခ်ိဳးမ​ေျပတဲ့ အသံ​ေလးကို မၾကားခဲ့ရတာ။

ကၽြန္​ေတာ္ အျမဲ ​ေတာင့္တ သတိရခဲ့ရတဲ့ ကၽြန္​ေတာ့္ႏွလုံးသား၀ိညာဥ္ရဲ့ ​ေတးတမန္​ေလး။

ကား​ေလးက ထိုဆိုင္နဲ႔ အတန္ငယ္လွမ္းတဲ့ ​ေနရာကို​ေရာက္လာခဲ့ၿပီး အနီးနားမွာ ​ေရခဲမုန္႔ဆိုင္ ရွိမရွိ ၾကည့္ရင္း ​ေမာင္း​ေနတုန္း

" မင္း ​ေရခဲမုန္႔ တကယ္စားခ်င္​ေနတာလား။

သားသားက မစား​ေလာက္​​ေတာ့ဘူး အိပ္ငိုက္​ေနၿပီ။

မင္းမစားခ်င္ဘူးဆိုရင္ ငါ့အိမ္ကိုပဲ အရင္ေမာင္းလိုက္ပါ"

အမိန္႔​ေပးသံမပါ၀င္တဲ့ စကားသံတစ္ခြန္းကပင္ ကၽြန္​ေတာ္ ျငင္းဆိုလို႔မရ​ေအာင္ ခ်ည္​​ေႏွာင္လိုက္​ေတာ့လည္း ထိုသူ႔ႏႈတ္ထြက္စကားအတိုင္းသာ သူ႔အိမ္ရွိရာသို႔ ဦးတည္လိုက္​ေတာ့တယ္။

ေပၚတီခုံ​ေအာက္မွာ ကားရပ္လိုက္​ေတာ့ က​ေလးကို​ေပြ႕ခ်ီကာ ဆင္းသြားရင္း အိမ္တံခါးေပါက္နား​​ေရာက္မွ ကား​ေပၚက​ေန ဆင္းမလာတဲ့ ကၽြန္​ေတာ့္ကို

" အိမ္ထဲ၀င္ဦး​ေလ ငါ့အိမ္က မင္း​ေျခခ်ဖို႔​ေတာင္ မတန္လို႔လား "

စကားကို အကန္​ေတြ​ပဲ​ေျပာတတ္တဲ့ ​ေကာင္​ေလးက ​မေျပာင္းလဲ​ေသးဘူးပဲ။

အလုပ္မွာသာ လူ​ႀကီးလူ​ေကာင္း ပုံဖမ္းၿပီး မာန တစ္ခြဲသားနဲ႔ ​ေန​ေနတဲ့ ကၽြန္​ေတာ့္ လူဆိုး​ေလး လို႔ ​ေတြးမိ​ေတာ့ မ်က္ႏွာက အလိုလို ျပဳံးမိသြားတယ္။

သူ႔ကိုလွမ္းၾကည့္မိ​ေတာ့ ဘာျပဳံးၿဖီးၿဖီး လုပ္​ေနတာလဲဆိုတဲ့ ပုံစံနဲ႔ မ်က္​ေမွာင္ၾကဳတ္ ၾကည့္​ေနတာေလးက အရင္ခ်ိန္က

နဲ႔ မတူစြာ ခန္႔ညားမႈ​ေတြ ​ေရာျခယ္​ေနတဲ့ ခ်စ္စရာ​အ​ေကာင္​ေပါက္​ေလး​ေပါ့ဗ်ာ။

ကား​ေပၚက​ေန အျမန္ဆင္းရင္း သူ႔​ေနာက္က​ေန လိုက္၀င္သြား​ေတာ့ ဧည့္ခန္းမွာ ထိုင္​ေစာင့္ဖို႔ ​​ေျပာလာတာမို႔ ဧည့္ခန္းမွာ ထိုင္​​ေနလိုက္သည္။

သိပ္မၾကာ လက္ထဲမွာ အသီး​ေဖ်ာ္ရည္တစ္ခြက္ကို ကိုင္လို႔ ​ကၽြန္​ေတာ့္ဆီ ေလၽွာက္ လာတဲ့ ဒီ​ေခတ္။

**ကၽြန္​ေတာ္က ရယ္ဒီမိတ္ အ​ေအးဘူး​ေတြ မႀကိဳက္တာကို သူမွတ္မိ​ေနတာလား ဆိုတဲ့ အ​ေတြး​ေလးက ကၽြန္​ေတာ့္ကို ​ေပ်ာ္ရႊင္ျမဴးတူးသြား​ေစတယ္**

အ​ေသးအမႊားပင္ ျဖစ္​ေန​ေစအုံး​ေတာ့ ကၽြန္​ေတာ္နဲ႔ ပတ္သက္တဲ့အရာကို သူသတိတရရွိ​ေသးတယ္ ဆိုတာကပင္ ကၽြန္​ေတာ္​ေပ်ာ္ရႊင္​ရတဲ့ အ​ေၾကာင္းရင္း​​​ေလး ျဖစ္လို႔​ေနခဲ့သည္။

"ဘာ​ေတြ ​​ေငး​ေနတာလဲ။

​ေရာ့..အ​ေအး​ေသာက္လိုက္အုံး"

သူ႔ကမ္း​ေပးတဲ့ အ​ေအးခြက္​ေလးကို လွမ္းယူၿပီးတာနဲ႔ သူကလည္း ကၽြန္​ေတာ္နဲ႔မ်က္ႏွာခ်င္းဆိုင္ခုံမွာ ၀င္ထိုင္လာခဲ့တယ္။

" ​ေခတ္ ... ငါတစ္ခု​ေလာက္ ​ေမးလို႔ရမလား"

ထို႔​ေနာက္ သူ႔​ေရွ႕မွာ ဒူး​ေထာက္ ထိုင္ခ်လိုက္​ေတာ့ သူက

အံ့ၾသသြားကာ ထိုင္ရမလို ထမရလို ျဖစ္​ေနတဲ့ သူ႔ပုံစံ​ေလးကို လ်စ္လ်ဴရႈရင္း ဆက္​ေျပာလိုက္တယ္။

" ငါ့ကို မင္းဆီ ေနာက္တစ္ႀကိမ္လွမ္းလာဖို႔ ႀကိဳးစားခြင့္​ေပးလို႔ ရမလား..."

သူ႔မ်က္ႏွာ​ေလးကို စိုက္ၾကည့္ကာ ႏွလုံးသားရဲ့ စကားသံ​ေတြကို ဖြင့္ဟမိ​ေတာ့ ​ေခါင္းငုံ႔ကာ တိတ္ဆိတ္​ေနတဲ့ သူ႔​ေၾကာင့္ စိုးထိတ္သြားရတယ္။

" မင္း...မင္းဘာလို႔ ဒီလိုလုပ္ရတာလဲ။

ငါ့က မင္းဒီလို​ေတာင္းဆိုဖို႔ ဘာ​ေတြမ်ား ႀကီးျမတ္​ေနလို႔လဲ

အ႐ူး​ေကာင္ ရဲ့ "

အသံ စူးစူးနဲ႔ ​ေအာ္ဟစ္လာကာ ကိုယ္​ေလးပါ တုန္ယင္​ေနခဲ့သည္။ သူ ငို​ေနခဲ့သည္။

သူဆိုလိုတဲ့ စကား​ေတြကို နားမလည္​ေပမယ့္ သူ႔မ်က္ရည္​ေတြ​ေၾကာင့္ ကၽြန္​ေတာ့္ ရင္ထဲမွာ​ေတာ့ တဆစ္ဆစ္ ခံစား​ေနရပါသည္။

ကၽြန္​​ေတာ့္ ဒူး​ေထာက္တဲ့​ေရွ႕ သူကပါ ဒူး​ေထာက္ ထိုင္လာကာ

" ငါက မင္းရဲ့ အဲ့လို​ေတာင္းဆိုမႈကို ခြင့္ျပဳ​ေပးဖို႔

ထိုက္တန္​ေန​ေသးရဲ့လား ​ေႏွာင္းရိပ္ရယ္။

မင္း​ေျပာတဲ့ ​ေနာက္တစ္ႀကိမ္ဆိုတဲ့ အခြင့္အ​ေရးက ငါ့ဘက္က ​ေတာင္းဆိုခဲ့မယ္ဆိုရင္​ေတာင္ ဒီကမၻာမွာ ငါ့​ေလာက္ ယုတ္မာရက္စက္တဲ့ သူ ရွိ​ပါအုံးမလား "

​ေျပာရင္း ကၽြန္​ေတာ့္ပုခုံး​ေပၚကို ​ေခါင္း​ေလး​ေမွာက္ကာ သူ႔မ်က္ရည္​ေတြကို ကၽြန္​ေတာ့္မျမင္​ေအာင္ ဖုံးကြယ္ ထားခဲ့တယ္။

" မင္းျဖစ္​ေနလို႔ပါ။ ​ေဆာင္းဒီ​ေခတ္ ဆိုတဲ့ မင္း မဟုတ္ရင္ ငါဒီလို​ေတြ လုပ္မိမွာ မဟုတ္ဘူး။

ငါ့ႏွလုံးသားကို မင္းဆီမွာ အပ္ႏွံထားခဲ့တဲ့ အခ်ိန္က စ လို႔ ထာ၀ရ မင္းအတြက္ပဲ ရွင္သန္​ေနပါ​ေစလို႔ က်ိန္ဆို ထားခဲ့တာပါ။ "

ကၽြန္​ေတာ္လည္း မ်က္ရည္​ေတြက်ရင္း သိမ္းဆည္းထားခဲ့ရတဲ့ ရင္တြင္းက စကားသံ​ေတြကို ၀န္ခံ ဖြင့္ဟ​ေနမိတယ္။

" ငါ...အရင္က ျဖစ္ခဲ့တာ​ေတြကို မင္းကို မရွင္းျပဘူးဆိုရင္​ေရာ။ ၿပီး​ေတာ့ မင္းကို ဘာလို႔ထားခဲ့တယ္ဆိုတာလည္း ငါ မ​ေျပာျပနိုင္ဘူး။ ​

ငါ့ဆီ လွမ္းလာ​ေပးလို႔လည္း ေက်းဇူးတင္မွာ မဟုတ္ဘူး။

ရင္ဆိုင္​ေက်ာ္လႊားရမယ့္ အခက္ခဲ​ေတြတြက္​ေရာ မင္း လက္ခံနိုင္ပါ့မလား"

​ကၽြန္​ေတာ့္ မ်က္ႏွာကို စိုက္ၾကည့္ရင္း ​ေမးလာတဲ့ သူ႔မ်က္၀န္း​ေတြက မ်က္ရည္စ​ေတြ​ေၾကာင့္ လဲ့စို​ေန​ေပမယ့္

မၾကည္လင္​ေနခဲ့​ေပ။

" မင္း မ​ေျပာျပရင္ ငါ မသိခ်င္ပါဘူး ။ ငါမင္းကို ​ေမးမွာလည္း မဟုတ္ဘူး။

မင္း​ေျပာျပလာခဲ့ရင္ နား​ေထာင္​ေပးမယ္ မင္းမ​ေျပာျပရင္လည္း ငါသိစရာမလိုဘူးလို႔ မွတ္ယူမယ္။

မင္း ​ေက်းဇူးတင္စရာမလိုပါဘူး မင္းကသာ ငါ့ရဲ့ ​​ေကာင္းခ်ီး​ေလးမို႔ ငါကပဲ ​ေက်းဇူးတင္​ေနမွာပါ။

ငါ့ႏွလုံးသား​​ရဲ့ အ​ေဝးမွာ ရွင္သန္​ေနထိုင္ရတဲ့ အခက္ခဲ​ ​​ေလာက္ ဘယ္အခက္ခဲက ႀကီးမားအုံးမွာလဲ

မင္း နဲ႔သာ အတူဆို ငါဘယ္လို အခက္ခဲမဆို ရင္ဆိုင္နိုင္ .... အင့္"

" ငါ့ႏွလုံးသားကလည္း ဟိုးအစကတည္းက မင္း

တစ္​ေယာက္တည္း အပိုင္ အျဖစ္ ​ေပးအပ္ခဲ့တာပါ"

ကၽြန္​ေတာ္စကား မဆုံးခင္မွာဘဲ ကၽြန္​ေတာ့္ကို သိုင္းဖက္လာကာ သူ႔ႏွလုံးသားက ကၽြန္​ေတာ့္အပိုင္ပါလို႔ ဆိုလာတဲ့

ကၽြန္​ေတာ့္ ႏွလုံးသား​ေလး။

​ကၽြန္​ေတာ့္ ႏွလုံးသား​ေလးက ​ေနာက္ဆုံး​ေတာ့ ကၽြန္​ေတာ့္ကို ျပန္လည္ ခ်ည္​ေႏွာင္လာခဲ့ၿပီ။

ဒီတစ္ခါ​ေတာ့ ဘယ္​ကိုမွ လြတ္မထြက္သြား​ေအာင္

ခ်စ္ျခင္းႀကိဳးကို အုတ္ျမစ္ ခ်လို႔ ​​ေမတၱာႀကိဳး​​ေတြ ထပ္ဆင့္ကာ ယုံၾကည္မႈ ႀကိဳးနဲ႔ အနားသပ္ရင္း နားလည္မႈ​ႀကိဳးကို

လႊမ္းကာျခဳံ​ေပးလို႔ ကၽြန္​ေတာ့္တို႔ ႏွလုံးသား​ေလး ျမဲၿမံေအာင္ ထာ၀ရ ႀကိဳးစား ခ်ည္​ေႏွာင္ထားပါ​ေတာ့မယ္။

** ကၽြန္​ေတာ္တို႔ ႏွစ္​ေယာက္ၾကားက ႀကိဳး​ေလး​ကို စတင္ ဖန္တီးခဲ့သူက ကၽြန္​ေတာ္ဆိုတာ ကၽြန္​ေတာ့္

ကိုယ္​ေစာင့္နတ္ နဲ႔ ကၽြန္​ေတာ္ကိုယ္တိုင္က လြဲလို႔ မည္သူမွ သိခဲ့မယ္ မထင္ပါ။ **

​ေဆာင္းဒီ​ေခတ္

" ​ခ်ည္​ေႏွာင္မိတဲ့ ႀကိဳး​​ေလးက

ထပ္တူက် ႏွလုံးသားတစ္စုံကို

အ​ေျခတည္လို႔

စစ္မွန္တဲ့ သစၥာ တရားတို႔သာ

တည္တံ့​ေနခဲ့ရင္

ထာ၀ရဆိုတဲ့ ႀကိဳးနီ​ေလးက

ႏွလုံးသားတစ္စုံကို

ဘယ္လို အခက္ခဲၾကားကမဆို

ရစ္ပတ္ခ်ည္​ေႏွာင္ ​ေပးမွာပါ...

စစ္မွန္မႈကို ရွာ​​ေဖြေတြ႕ ရွိလို႔

ႀကိဳးနီ​ေလး ျမဲၿမံပါ​ေစ"

AN/ ဇာတ္သိမ္းထိ အတူ လိုက္ပါခဲ့ၾကတဲ့ စာဖတ္သူ တစ္​ေယာက္စီတိုင္းကို ​ေက်းဇူးတင္ပါတယ္​ေနာ္။ အ​ေရးသား လိုအပ္ခ်က္​ေတြရွိ​ေန​ေပမယ့္ ဖတ္​ေပးခဲ့ၾကတဲ့ သူ​ေတြကို ​ေက်းဇူးတင္သလို အားလည္းနာပါတယ္။

ဒီဇာတ္လမ္း​ေလးက​ေတာ့ ဒီမွာပဲ ဇာတ္သိမ္းလိုက္ပါၿပီ။

Extraက​ေတာ့ ရွိပါမယ္ ဘယ္​​ေတာ့လို႔ မ​ေျပာနိုင္​ေပမယ့္

ကိုယ္​ေရးမွာပါ။

​ဒီဇာတ္လမ္း​ေလးကို သ​ေဘာက်​ေပးတဲ့ သူ​​ေလး​ေတြကို အမ်ားႀကီး ​ေက်းဇူးတင္ပါတယ္ ​ေနာ္။

​ေနာက္ ထပ္ ပိုမို​ေကာင္းမြန္တဲ့ အ​ေရးသား​ေတြနဲ႔ ႀကိဳးစားၿပီး ျပန္လာခဲ့ပါ့မယ္။

အား​ေပးၾကပါအုံး ​ေနာ္❤❤❤။ ။

Continue Reading

You'll Also Like

20.8K 583 39
ဒါကျွန်တော် အရမ်းကြိုက်​​တဲ့ idolနှစ်ယောက်ဖြစ်"Min&Jayကို shipပေခြင်းဖြစ်ပါတယ်။ ဖတ်ပြီးအမှားပါခဲ့ရင်လဲနားလည်ပေးစေချင်ပါတယ်။ Fanficဖြစ်တဲ့ "ကံကြမ္မာက...
23.5K 337 24
ငွေရှိပြီးဆတ်ဆတ်ထိမခံထင်တိုင်းကြဲတတ်သော"ရှိန်း​သူရ"နဲ့ အနေအေးပြီးအရာရာသည်းခံတတ်တဲ့"မိုးခမ်း"​တို့ကြား အသေးအဖွဲ့လေးကအစမတူညီတဲ့လူနှစ်ယောက်ဆံုတွေ့ကြချိန...
70K 784 2
Unicode အခုအချိန်ဆို အဲ့ဒီမြို့လေးမှာ မြူခိုးတွေ ဝေနေမလား။ ကန်ရေပြင်ကြီးလည်း အရင်လို ငြိမ်သက်နေဆဲလား။ ချစ်စရာသမီးလေးတစ်ယောက်လောက်တော့ မွေးနေရောပေါ့။...
256K 6.4K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်