{Unicode}
ယွဲ့လောင်ရဲ့ မျက်လုံးတွေထဲမှာတော့ ပန်းနတ်ဘုရားရဲ့သားတော်က ပန်းလေးတစ်ပွင့်လိုပင်။
စကားလုံး တစ်လုံးတည်းနဲ့ဆို : လှပတယ် (Beautiful)
စကားလုံး နှစ်လုံးနဲ့ဆို : အလှအပ တစ်ခု (A beauty)
စကားလုံး သုံးလုံးနဲ့ဆို : အလှလေး တစ်ယောက် (A little beauty)
စကားလုံး လေးလုံးနဲ့ဆို : ကျောက်စိမ်းလို လှပတယ် (as beautiful as jade)
ယွဲ့လောင်က စက်ဝိုင်းသဏ္ဌာန် လှည့်ပတ်နေရင်း လျှာကို တတောက်တောက် အသံထွက်ကစားနေပြီး နှစ်ထောင်းအားရစွာ သက်မချသည်။
"ပန်းပွင့်အိုကြီး... မင်းရဲ့ ပုံစံက တော်တော်လေးကို စိတ်ပျက်စရာကောင်းပေမဲ့ မင်းရဲ့သားကျတော့ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြည့်ကောင်းနေရတာလဲ။"
ပန်းနတ်ဘုရားငယ်လေးက သာယာချိုမြိန်စွာ ပြုံးသည်။
"ဘိုးဘိုးယွဲ့လောင်။"
"လိမ္မာစမ်းပါ။ ငါ့ကို ဘိုးဘိုးလို့ မခေါ်နဲ့။ ခေါင်းကိုင်ဖခင်လို့ခေါ်။"
ပန်းနတ်ဘုရားငယ်လေး : "... ဟယ်လို ခေါင်းကိုင်ဖခင်"
ပန်းနတ်ဘုရားငယ်လေးက ပန်းနတ်ဘုရားအိုကြီးနဲ့ မတူပေ။ သူက စာအုပ်တွေ အများကြီး ဖတ်ထားပြီး သူ့စကားလုံး အသုံးအနှုန်းတွေကလည်း ခေတ်နဲ့အညီပင်။
"အရမ်း ကောင်းတယ်။"
ယွဲ့လောင် သူ့ခေါင်းကို ပွတ်ပေးလိုက်သည်။
"လာ လာ လာ... ခေါင်းကိုင်ဖခင်နဲ့ စကားပြောကြရအောင်။ မင်း သဘောကျတဲ့ ကောင်မလေးတွေ ဘာတွေများ ရှိလား။"
"ခေါင်းကိုင်ဖခင်... ဖခင်က အကျပ်ကိုင်ပြီး ရောင်းဝယ်ဖောက်ကားတဲ့ ဓားပြခေါင်းဆောင်နဲ့ တူနေပြီ။"
ယွဲ့လောင်က ပန်းနတ်ဘုရားကို ရေနွေးကြမ်းဖော်စပ်ဖို့ အကြောင်းပြချက်နဲ့ အဝေးနှင်ထုတ်လိုက်ပြီး ပန်းနတ်ဘုရားငယ်လေးကိုတော့ သူနဲ့အတူ ထိုင်ခိုင်းလေသည်။
"ငါ့မှာ ရွေးချယ်စရာ မရှိဘူးလေ။ ဒီရက်ပိုင်း လွတ်လပ်စွာ လက်ထပ်ထိမ်းမြားခြင်းအတွက် ထောက်ခံအားပေးနေတာတွေချည်းပဲ။ ခေါင်းကိုင်ဖခင်က အလုပ်လုပ်ဖို့ မလွယ်တော့ဘူး။ ငါက အောင်သွယ်ရေးအတွက် တာဝန်ရှိရုံတင် မကဘူး၊ သူတို့ကို မတော်တဆ တွေ့ဆုံခွင့်ရအောင်ပါ ကူညီပေးနိုင်တယ်။ ငါက ရိုးရိုးရှင်းရှင်းနဲ့ သေတဲ့အထိ အလုပ်လုပ်နေရတာ။"
ပန်းနတ်ဘုရားငယ်လေးက သူ့အဖေ အဝေးရောက်သွားတာကို မြင်တဲ့အခါ မေးလာသည်။
"အရင်တစ်ခေါက်တုန်းက ဖခင်က ဧကရာဇ်အတွက် သတို့သမီး ရှာပေးနေတယ်လို့ ပြောခဲ့တယ်မလား။ အောင်မြင်သွားပြီလား။"
"ငါ့ဖင်ကြီးကိုပဲ အောင်မြင်လိုက်!"
ယွဲ့လောင်ရဲ့ မျက်နှာ သွေးရောင်ဖြန်းသွားသည်။
"ငါ (၂၈)ကြိမ်တောင် ကြိုးစားပြီးပြီ၊ ပြီးတော့ အဲ့ဒီ့မိန်းကလေးတွေက ဧကရာဇ်ရဲ့ မျက်နှာကိုတောင် တစ်ခါမှ မမြင်ဖူးလိုက်ဘူး။"
"ဘာလို့လဲ။"
"တချို့က တွေးကြတာကတော့ မိန်းကလေးတစ်ယောက် ဖြစ်နေတာနဲ့တင် လုံလောက်နေပြီဆိုပြီး အရိုအသေသွားပြုဖို့အတွက် သူတို့ကိုယ်သူတို့ နှိမ့်ချဖို့ ငြင်းဆန်နေကြတာ။ မြောက်ပိုင်းပင်လယ်က မင်းသမီးလိုလူမျိုးကျတော့ ဧကရာဇ်ဆီ သွားတွေ့ပေမဲ့ (တံခါးဆောင့်ပိတ်လိုက်လို့) တံခါးနဲ့ မျက်နှာ ရိုက်မိတာပဲ အဖတ်တင်တယ်တဲ့။"
ယွဲ့လောင်က စိတ်ပျက်အားလျော့တဲ့ မျက်နှာ ဖြစ်သွားသည်။
"ဧကရာဇ်လို မလုပ်နဲ့နော်၊ မဟုတ်ရင် မင်း အသက် ထောင်ပေါင်းများစွာ ကြီးသွားတာတောင် မိန်းမ မရဘဲ နေလိမ့်မယ်။ အဲ့လိုသာဆို ငါလည်း အောင်သွယ်ခရမှာ မဟုတ်တော့ဘူး။"
"အိုး..."
ပန်းနတ်ဘုရားငယ်လေးက ခေါင်းညိတ်သည်။
"ဒါဆို ခေါင်းကိုင်ဖခင်က (၂၉)ကြိမ်မြောက် ကြိုးစားဦးမှာလား။"
"ဒါပေါ့။"
ယွဲ့လောင်က သူ့ကို လှည့်ကြည့်သည်။
"ရုတ်တရက်ကြီး မင်းက ဘာလို့ ဒါကို မေးနေရတာလဲ။ မင်းမှာ ထောက်ခံအကြံပြုစရာ ရှိလို့လား။"
"အမ်..."
ပန်းနတ်ဘုရားငယ်လေးက သူ့ကိုယ်သူ လက်ညှိုးထိုးပြသည်။
ယွဲ့လောင်ရဲ့ မျက်ခုံးတစ်စုံက ကောင်းကင်ပေါ် ပျံတက်သွားသည်။
"မင်းလို ငယ်ရွယ်တဲ့သူတစ်ယောက်က ဘာလို့ အထူးတလည် gay ချင်နေရတာလဲ?!"
T.B.C
———————————————
{Zawgyi}
ယြဲ႕ေလာင္ရဲ႕ မ်က္လုံးေတြထဲမွာေတာ့ ပန္းနတ္ဘုရားရဲ႕သားေတာ္က ပန္းေလးတစ္ပြင့္လိုပင္။
စကားလုံး တစ္လုံးတည္းနဲ႔ဆို : လွပတယ္ (Beautiful)
စကားလုံး ႏွစ္လုံးနဲ႔ဆို : အလွအပ တစ္ခု (A beauty)
စကားလုံး သုံးလုံးနဲ႔ဆို : အလွေလး တစ္ေယာက္ (A little beauty)
စကားလုံး ေလးလုံးနဲ႔ဆို : ေက်ာက္စိမ္းလို လွပတယ္ (as beautiful as jade)
ယြဲ႕ေလာင္က စက္ဝိုင္းသဏၭာန္ လွည့္ပတ္ေနရင္း လွ်ာကို တေတာက္ေတာက္ အသံထြက္ကစားေနၿပီး ႏွစ္ေထာင္းအားရစြာ သက္မခ်သည္။
"ပန္းပြင့္အိုႀကီး... မင္းရဲ႕ ပုံစံက ေတာ္ေတာ္ေလးကို စိတ္ပ်က္စရာေကာင္းေပမဲ့ မင္းရဲ႕သားက်ေတာ့ ဘယ္လိုလုပ္ၿပီး ဒီေလာက္ေတာင္ ၾကည့္ေကာင္းေနရတာလဲ။"
ပန္းနတ္ဘုရားငယ္ေလးက သာယာခ်ိဳၿမိန္စြာ ၿပဳံးသည္။
"ဘိုးဘိုးယြဲ႕ေလာင္။"
"လိမၼာစမ္းပါ။ ငါ့ကို ဘိုးဘိုးလို႔ မေခၚနဲ႔။ ေခါင္းကိုင္ဖခင္လို႔ေခၚ။"
ပန္းနတ္ဘုရားငယ္ေလး : "... ဟယ္လို ေခါင္းကိုင္ဖခင္"
ပန္းနတ္ဘုရားငယ္ေလးက ပန္းနတ္ဘုရားအိုႀကီးနဲ႔ မတူေပ။ သူက စာအုပ္ေတြ အမ်ားႀကီး ဖတ္ထားၿပီး သူ႔စကားလုံး အသုံးအႏႈန္းေတြကလည္း ေခတ္နဲ႔အညီပင္။
"အရမ္း ေကာင္းတယ္။"
ယြဲ႕ေလာင္ သူ႔ေခါင္းကို ပြတ္ေပးလိုက္သည္။
"လာ လာ လာ... ေခါင္းကိုင္ဖခင္နဲ႔ စကားေျပာၾကရေအာင္။ မင္း သေဘာက်တဲ့ ေကာင္မေလးေတြ ဘာေတြမ်ား ရွိလား။"
"ေခါင္းကိုင္ဖခင္... ဖခင္က အက်ပ္ကိုင္ၿပီး ေရာင္းဝယ္ေဖာက္ကားတဲ့ ဓားျပေခါင္းေဆာင္နဲ႔ တူေနၿပီ။"
ယြဲ႕ေလာင္က ပန္းနတ္ဘုရားကို ေရေႏြးၾကမ္းေဖာ္စပ္ဖို႔ အေၾကာင္းျပခ်က္နဲ႔ အေဝးႏွင္ထုတ္လိုက္ၿပီး ပန္းနတ္ဘုရားငယ္ေလးကိုေတာ့ သူနဲ႔အတူ ထိုင္ခိုင္းေလသည္။
"ငါ့မွာ ေ႐ြးခ်ယ္စရာ မရွိဘူးေလ။ ဒီရက္ပိုင္း လြတ္လပ္စြာ လက္ထပ္ထိမ္းျမားျခင္းအတြက္ ေထာက္ခံအားေပးေနတာေတြခ်ည္းပဲ။ ေခါင္းကိုင္ဖခင္က အလုပ္လုပ္ဖို႔ မလြယ္ေတာ့ဘူး။ ငါက ေအာင္သြယ္ေရးအတြက္ တာဝန္ရွိ႐ုံတင္ မကဘူး၊ သူတို႔ကို မေတာ္တဆ ေတြ႕ဆုံခြင့္ရေအာင္ပါ ကူညီေပးႏိုင္တယ္။ ငါက ႐ိုး႐ိုးရွင္းရွင္းနဲ႔ ေသတဲ့အထိ အလုပ္လုပ္ေနရတာ။"
ပန္းနတ္ဘုရားငယ္ေလးက သူ႔အေဖ အေဝးေရာက္သြားတာကို ျမင္တဲ့အခါ ေမးလာသည္။
"အရင္တစ္ေခါက္တုန္းက ဖခင္က ဧကရာဇ္အတြက္ သတို႔သမီး ရွာေပးေနတယ္လို႔ ေျပာခဲ့တယ္မလား။ ေအာင္ျမင္သြားၿပီလား။"
"ငါ့ဖင္ႀကီးကိုပဲ ေအာင္ျမင္လိုက္!"
ယြဲ႕ေလာင္ရဲ႕ မ်က္ႏွာ ေသြးေရာင္ျဖန္းသြားသည္။
"ငါ (၂၈)ႀကိမ္ေတာင္ ႀကိဳးစားၿပီးၿပီ၊ ၿပီးေတာ့ အဲ့ဒီ့မိန္းကေလးေတြက ဧကရာဇ္ရဲ႕ မ်က္ႏွာကိုေတာင္ တစ္ခါမွ မျမင္ဖူးလိုက္ဘူး။"
"ဘာလို႔လဲ။"
"တခ်ိဳ႕က ေတြးၾကတာကေတာ့ မိန္းကေလးတစ္ေယာက္ ျဖစ္ေနတာနဲ႔တင္ လုံေလာက္ေနၿပီဆိုၿပီး အ႐ိုအေသသြားျပဳဖို႔အတြက္ သူတို႔ကိုယ္သူတို႔ ႏွိမ့္ခ်ဖို႔ ျငင္းဆန္ေနၾကတာ။ ေျမာက္ပိုင္းပင္လယ္က မင္းသမီးလိုလူမ်ိဳးက်ေတာ့ ဧကရာဇ္ဆီ သြားေတြ႕ေပမဲ့ (တံခါးေဆာင့္ပိတ္လိုက္လို႔) တံခါးနဲ႔ မ်က္ႏွာ ႐ိုက္မိတာပဲ အဖတ္တင္တယ္တဲ့။"
ယြဲ႕ေလာင္က စိတ္ပ်က္အားေလ်ာ့တဲ့ မ်က္ႏွာ ျဖစ္သြားသည္။
"ဧကရာဇ္လို မလုပ္နဲ႔ေနာ္၊ မဟုတ္ရင္ မင္း အသက္ ေထာင္ေပါင္းမ်ားစြာ ႀကီးသြားတာေတာင္ မိန္းမ မရဘဲ ေနလိမ့္မယ္။ အဲ့လိုသာဆို ငါလည္း ေအာင္သြယ္ခရမွာ မဟုတ္ေတာ့ဘူး။"
"အိုး..."
ပန္းနတ္ဘုရားငယ္ေလးက ေခါင္းညိတ္သည္။
"ဒါဆို ေခါင္းကိုင္ဖခင္က (၂၉)ႀကိမ္ေျမာက္ ႀကိဳးစားဦးမွာလား။"
"ဒါေပါ့။"
ယြဲ႕ေလာင္က သူ႔ကို လွည့္ၾကည့္သည္။
"႐ုတ္တရက္ႀကီး မင္းက ဘာလို႔ ဒါကို ေမးေနရတာလဲ။ မင္းမွာ ေထာက္ခံအႀကံျပဳစရာ ရွိလို႔လား။"
"အမ္..."
ပန္းနတ္ဘုရားငယ္ေလးက သူ႔ကိုယ္သူ လက္ညႇိဳးထိုးျပသည္။
ယြဲ႕ေလာင္ရဲ႕ မ်က္ခုံးတစ္စုံက ေကာင္းကင္ေပၚ ပ်ံတက္သြားသည္။
"မင္းလို ငယ္႐ြယ္တဲ့သူတစ္ေယာက္က ဘာလို႔ အထူးတလည္ gay ခ်င္ေနရတာလဲ?!"
T.B.C