Hate Poem Written With Love࿐

By --KO--

40.1K 1.3K 136

ရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ... More

Intro
[1]
[2]
[4]
[5]
[6]
[7]
[8]
[9]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21]
[22]
[23]
[24]
[25] (ပြန်လည်အမှားပြင်ခြင်း )(ျပန္လည္အမွားျပင္ျခင္း)
[26] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[27] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[28]
[29]
[30]
[31]
[32]
[33]
[34]
[35]
[36]
[37]
[38]
[39]
[40]
[41]
[42]
[43]
[44]
[45]
[46]
[47]
[48]
[49]
[50]
[51]
[52]
[53]
[54]
[55]
[56]
[57]
[58]
[59]
[60]
[61]
[62]
[63]
[64]
[65]
[66]
[66]

[3]

1.1K 41 1
By --KO--

Unicode /

ခြံစောင့်၏ တံခါးလာဖွင့်ပေးမှုဖြင့်  နောက်ပိုင်းအနည်းငယ်ချိုင့်နေ‌သော ကားလေးတစ်စီး ၊ကြီးမားလှသည့် အိမ်တော်ထဲသို့ ဝင်ရောက်လာခဲ့သည်။ ကားပေါ်မှဆင်းလာသောသူသည် တုနှိုင်းမမှီလောက်အောင် ချောမောခန့်ညားသော်လည်း မျက်နှာပေါ်ရှိ သုန်မှုန်မှုလေးကိုမူ မဖုန်းကွယ်ထားနိုင်ပေ။ လမ်းတွင်ကြုံတွေ့လာရသော အဖြစ်အပျက်တစ်ခုကြောင့် ထိုလူငယ်၏ စိတ်အခြေအနေသည် အမှန်စင်စစ်ကောင်းမွန်မနေခဲ့ပေ။ သို့သော် ထိုလူငယ်က မျက်နှာအနေအထားအား အတင်းလုပ်ယူ ဟန်ဆောင်လိုက်ပြီး ပြုံးရွှင်သော မျက်နှာထားဖြင့် စံအိမ်၏ တံခါးတို့ကိုတွန်းဖွင့်လိုက်လေသည်။ တံခါးနောက်ကွယ်တွင် မြင်လိုက်ရသော လူတစ်ယောက်ကြောင့် သူ၏မျက်နှာတွင် အစစ်အမှန်အပြုံးများပွင့်လန်းလာလေသည်။

ထိုအခိုက်အတန့်တွင် ပြုံးနေသောလူငယ်၏မျက်နှာသည် လွန်စွာကျက်သရေရှိလှပြီး လှပသောသစ်တောအတွင်း စမ်းရေကြည်လေးစီးဆင်းသွားသလိုပင် ၊ ပူပြင်းခြောက်သွေ့လှသော ကန္တာရအတွင်း အဖိုးထိုက်တန်၍ ရှားပါးလှသော အနှိုင်းမဲ့ ရတနာတစ်ပါးလို့ပင် အထင်မှားတင်စားရလောက်အောင် တန်ဖိုးဖြတ်၍ မရသော  မေတ္တာရေစင် ကဲ့သို့ပင်  ရှားပါး၍ အဖိုးတန်လှသော တွေ့ရခဲသည့် အပြုံးတို့ပင်ဖြစ်သည်။ ထိုနည်းတူပင် လူငယ်၏ရှေ့တွင်ရှိနေသော မိန်းကလေးသည်လည်း အတောက်ပဆုံးပြုံးလျက် ရင်ထဲရှိဖြစ်‌ပေါ်လာသော ပျော်ရွှင်မှုဆိုသည့်အရာလေးအား အစွမ်းကုန်ထုတ်ဖော်ပြသ လျက်ရှိပေသည်။

ချောမောပြီး ချစ်စရာကောင်းလွန်းလှသည့် မိန်းကလေးတစ်ဦးဖြစ်သည် ။ဖြူဖွေးသည့်အသားအရည်နှင့် လက်သွယ်သွယ်လေးများက သူမ၏အားသာချက်ဖြစ်သည် ။အခြားမိန်းကလေးများနှင့်မတူဘဲ မိတ်ကပ်ပါးပါးခြယ်သထားခြင်းက သူမအလှအားပိုမိုဖြည့်စွက်လိုက်သလို ဖြစ်နေတော့သည်။ အပေါ်နှုတ်ခမ်းပါးနှင့် အနည်းငယ်ထူထဲသောအောက်နှုတ်ခမ်းတို့က သူမ၏ဆွဲဆောင်မှုပင်ဖြစ်ပြီး ဖြောင့်စင်းနေသောနှာတံက မျက်နှာပြင်ထက်တွင် ထင်းရှားစွာနေရာယူထားလေသည်။

သာယာပြီးငြိမ့်ညောင်းဖွယ်ကောင်းသော စွဲမက်ဖွယ်အသံကိုလည်းသူမက ထူးခြားစွာပိုင်ဆိုင်ထားသည်။ ယုံကြည်ချက် အပြည့်ရှိသည့် မျက်ဝန်းတစ်စုံသည် အခြားသူထံတွင်ရှာဖွှေ၍မရသော သူမ၏ ထူးခြားသည့် အားသာချက်များအထဲမှ တစ်ခုပင်ဖြစ်သည်။
ထိုမိန်းကလေးမှာ အခြားသူမဟုတ် ပြဒါးရံထက် ၁ နှစ်သာကြီးပြီး company တွင် သူ၏ဒယ်ဒီအတွင်းရေးမှူးအဖြစ် လုပ်ကိုင်နေသော အားကိုးရသည့် အမဝမ်းကွဲတစ်ယောက်ပင် ဖြစ်သည်။ ပြဒါးရံ ဟေမီအားပြုံးပြလိုက်သည်။

"လာ ရံ လေး.......မမကမင်းကိုစောင့်နေတာ.....ဦးလေးဖုန်းဆက်ထားလို့လေ.....မင်းလာမယ်ဆိုတာသိရတာ"။

အသက်သိပ်မကွာသော အမဖြစ်သူသည် ပြဒါးရံအတွက်တော့ သူငယ်ချင်းလိုပင်။ တိုင်ပင်ဖော်တိုင်ပင်ဖက်ဖြစ်ပြီး ရင်ဖွင့်ဖော်ရင်ဖွင့်ဖက်လည်းဖြစ်သည်။ တဖက်လူ၏ တကူးတက လာရောက်ကြိုဆိုမှုကြောင့် ပြဒါးရံ ပျော်ရွှင်မိသော်လည်း အနည်းငယ် ရှက်ရွံ့မိပြန်သည်။

"မမဟေမီကလည်း....... ဘာလို့တကူးတကလာနေတာလဲ...... ကျွန်တော်လာတွေ့မှာပေါ့...ဒါနဲ့ ဒယ်ဒီကော"။

မတွေ့ရတာကြာပြီဖြစ်သော ဖခင်ဖြစ်သူကို ပြဒါးရံ လွမ်းဆွတ်မှုကြောင့် ရုတ်ချင်းမေးမြန်းနေမိသည်။

"ရှိပါ့ ရံလေးရေ...သတင်းကြည့်နေလို့လေ....လာမမခေါ်သွားပေးမယ်"။

ယွန်းဟေမီ၏ ခေါ်ဆောင်ရာနောက်သို့လိုက်သွားပြီး မကြာမှီ ဧည့်ခန်းအလယ်တွင် ထိုင်နေသော အသက်အားဖြင့် ၅၀ကျော်လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထိုသူသည် ဆေးဝါးတို့၏ အထောက်အပံ့ဖြင့် အသက် ၅၀ကျော်ဟု မထင်ရက်နိုင်လောက်အောင် နုပျိုလျက်ရှိသည်။ TVရှိရာဘက်သို့ မျက်နှာမူထားပြီး ပြဒါးရံတို့ရှိရာဘက်သို့ ကျောပေးထားသော ထိုယောက်ျား၏ စိတ်အစုံကို တစ်စုံတစ်ခုကသာဖမ်းစားထားပြီး သားဖြစ်သူရောက်လာသည်ကိုပင် နည်းနည်းမှ သတိမထားမိ။ မယုံနိုင်လောက်အောင် အရွယ်တင်သော ထိုယောက်ျားသည် ၃၈ ၊၃၉ အရွယ်ရှိသော လူများနှင့်မတိမ်းမယိမ်းဟုပင် ထင်မှားနိုင်သည်။ ထိုသူ၏ စိတ်အာရုံဝင်စားနေမှုအား ယွန်းဟေမီက အသံပြု၍ဖြတ်တောက်လိုက်လေသည်။

"ဦးလေး.....ဒီမှာရံလေးပြန်လာပြီ"။

ထိုအခါမှ ထိုယောက်ျားသည် ပြဒါးရံနှင့် ယွန်းဟေမီတို့နောက်တွင် ရှိနေမှန်းသတိဝင်လာခဲ့သည်။ ပြဒါးရံ တစ်ယောက် ဟေမီ ရဲ့စကားအဆုံး သူ့ဖခင်ရဲ့အံသြဝမ်းသာနေတဲ့ မျက်နှာကိုတွေ့မြင်လိုက်ရသည်။

သို့သော် ပြဒါးရံကို‌ တွေ့တိုင်း သုံးနေကျဖြစ်သော လက်နက်တစ်စုံဖြင့် ထိုးနှက်‌လေသည်။ ယခုလည်း ထိုနည်းအတိုင်းပင်။ သားဖြစ်သူကို သူ့အရိပ်အာဝါသ အောက်တိုင်ထား၍ စိတ်တိုင်းကျထိန်းချုပ်ချင်သည်။ သူ့စကားမှန်သမျှကိုပြဒါးရံ မကန့်ကွက်နိုင်အောင်၊ ကန့်ကွက်ဖို့အင်အားမရှိအောင်အထိ ပြဒါးရံအပေါ် ဩဇာ ညောင်းသော အဖေတစ်ယောက်ဖြစ်ချင်သည်။

သူ့ပိုင်ဆိုင်မှုတွေကို လက်လွှဲယူပြီး သူ့ခြေရာအတိုင်း လိုက်နင်းနိုင်သောလူတစ်ယောက် ပြဒါးရံကိုဖြစ်စေချင်သည်။ သို့သော် ထိုခေါင်းမာပြီး လွတ်လပ်မှုကိုမြတ်နိုးသော သားဖြစ်သူကို ဦးမင်းရံ မနိုင်ခဲ့ပေ။ သာမာန်ထက်ပိုပြီး ဉာဏ်ကောင်းလွန်းတာကြောင့် ဦးမင်းရံရဲ့ အကြံအစည်မှန်သမျှကို ပြဒါးရံက လွန်စွာရိပ်မိပြီး အလွယ်လေး ကျော်ဖြတ်သွားနိုင်ခဲ့သည်။ ထို့ကြောင့်ယခုအခါတွင်တော့ ပြဒါးရံကို ပြေးပေါက်မရှိအောင် ချုပ်တည်းထားပြီး တစ်ချက်လွှတ်အာဏာဖြင့် အကျပ်ကိုင်ရတော့မည်ဖြစ်သည်။ပြုံးရွှင်နေသော မျက်နှာအား ရုတ်ချင်းပြန်တည်လိုက်ပြီး ပြဒါးရံက်ို ဆူပူလိုက်သည်။

"Company အလုပ်ကို မဦးဆောင်ချင်လို့ နိုင်ငံခြားကိုထွက်သွားတာ တော်တော်မှပျော်ခဲ့ရဲ့လား"။

စိတ်ထဲတွင်မှု သားဖြစ်သူကို ပြန်တွေ့ရ၍ အတိုင်းမသိ ဝမ်းသာပျော်ရွှင် နေခဲ့သော်လည်း ဟန်လုပ်၍ ဆူပူနေလိုက်သည်။ ထိုစကားသံသည် အမိန့်ဆန်ဆန် လေထုအကြားပျံ့နှံ့ဖြတ်သန်းသွားပြီး ပြဒါးရံ၏ နားစည်အတွင်းသို့ ရှင်းလင်းစွာ ဝင်ရောက်လာခဲ့သည်။

" ပျော်သင့်သလောက်လဲ ပျော်ခဲ့ပြီးပြီ၊ ဒယ်ဒီလည်း ခွင့်ပြုသင့်သလောက် ခွင့်ပြုပြီးပြီဆိုတော့  ဒီတစ်ခါတော့ ဒယ်ဒီ့ဆန္နကို လိုက်လျောပြီး companyကို ဦးစီးရမယ်။ မင်းလိုချင်တဲ့ လွတ်လပ်မှုကို ဒယ်ဒီအတိုင်းအတာတစ်ခုထိ ပေးပြီးသွားပြီ ရံလေး "

ဦးမင်းရံ၏ စကားများသည် ငြင်းပယ်နိုင်သောလမ်းများအား ပိတ်စို့ထားပြီး တဖက်သတ် ဆန်လွန်းလှသည့် အပြင် အမိန့်အာဏာကလည်း အတိုင်းသားပါဝင်နေသည်။ သို့သော် ထိုစကားများအား ပြဒါးရံက ကျင့်သားရ နေသားကျနေသည့်ပုံပင် ။အနည်းငယ်မျှပင် တုန်လှုပ်သွားခြင်းမရှိပဲ အေးအေးလူလူပင် ။ ကြိမ်ဖန်များစွာ ကြားနေရသည့်စကားဖြစ်သောကြောင့် တစ်ခါတစ်ရံတွင် သူ၏ဖခင်ဖြစ်သူအား အခြားစကားလုံးလှလှများ သုံး၍ မိမိ၏စိတ်ကို ပျော့ပျောင်းယုံကြည့်လာအောင် ဆွဲဆောင်စေချင်သည်။

ထိုကဲ့သို့ပြောလာတိုင်း ပြဒါးရံ ကန့်ကွက်နေကျ စကားလက်နက်တစ်စုံကို ထုတ်သုံးလိုက်သည်။ စကားလက်နက်ဖြစ်သော်လည်း လွန်စွာမှထိရောက်လှသည်ပင်။ ပြန်၍ အကျပ်ကိုင်၍ သော်လည်းကောင်း ၊ချော့၍သော်လည်းကောင်း၊ခြောက်၍သော်လည်းကောင်း ထိုလက်နက်ဖြင့်သာ ဦးမင်းရံ၏ အန္တရာယ်စက်ကွင်းထဲမှ  အမြဲတစေ လွတ်မြောက်လာခဲ့သည်။ သို့သော် ယခုတစ်ခေါက်ကမူ မတူညီချေ။ ဦးမင်းရံ၏ ယခင်ကနှင့်မတူညီသောအပြုအမူက ပြဒါးရံ ၏အစီအစဉ်ကို မအောင်မြင်နိုင်ရန် အရိပ်အယောင်ပြလျက်ရှိနေပြီး ငြင်းဆန်ဖို့မကြိုးစားရန် တွန်းအားပေးနေသည်။ မည်သို့ပင်ဆိုစေကာမူ ခေါင်းမာပြီး လွတ်လပ်မှုကိုသဘောကျသော ပြဒါးရံက ထိုအပြုအမူများအား မသိကျေးကျွန်ပြုလျက် မျက်နှာပြောင်တိုက်ကာ ယခင်လုပ်နည်းများအတိုင်းငြင်းဆန်ခြင်း အမှုကိုစတင်လေသည်။

"ဒယ်ဒီကလည်း....... ဒယ်ဒီ့ company က ကျွန်တော်မရှိလဲအောင်မြင်နေတာပဲ မဟုတ်လား ပြီးတော့ထိပ်တန်း company စာရင်းထဲမှာတောင်ပါဝင်နေတာ......ပြောမရဘူး... ကျွန်တော် ဒယ်ဒီ့နေရာကိုလွှဲပြောင်းယူလိုက်မှဖြင့် မလုပ်တတ်မကိုင်တတ် အမှားပေါင်းသောင်းခြောက်ထောင်နဲ့ company ဒေဝါလီခံရမှာမကြောက်ဘူးလား .......ကျွန်တော်မလုပ်လို့ မရဘူးလား "။

ပြဒါးရံ၏စကား ဆုံးသည်နှင့်ချက်ခြင်းပင် တစ်ဖက်လူက ခွန်းတုန့်ပြန်လာသည်။

"မရဘူး"

ပြဒါးရံ ပြောနေသောစကားမှာ ရုတ်တရက်တားဆီးခံလိုက်ရတာကြောင့်နှုတ်မှ 'ဗျာ' တစ်လုံးမှတစ်ပါး အခြားစကားလုံးများထပ်မံ ထွက်ကျမလာတော့ပေ။

ဦးမင်းရံကထပ်မံ ဆက်ပြောသည်။

"မဗျာနဲ့.....company မှာအလုပ်လုပ်ရမယ်။ ၃ရက်နေရင် ငါအငြိမ်းစားယူမယ် အဲ့နေရာကိုမင်းကိုလွှဲပေးမယ် ။ပြီးတော့ မလုပ်တတ်မကိုင်တတ် တာတွေအတွက်လည်း စိတ်ပူစရာမလိုဘူး ....ဟေမီလို့အတွင်းရေးမှူး တစ်ယောက်လုံးရှိနေတာ မင်းလိုအပ်တာမှန်သမျှ ဟေမီအကုန်တာဝန်ယူ ဖြေရှင်းပေးလိမ့်မယ်"။

ပြဒါးရံတစ်ယောက် မကြေနပ်သောလေသံနှနှင့် ငြင်းဆန်လည်း ထူးမည်မဟုတ်သောကြောင့်  ‌ငရုတ်သီး က်ိုက်စားထားသောရုပ်ဖြင့်သာ ရှုးရှုးရှဲရှဲ လက်ခံလိုက်သည်။

"ကောင်းပြီလေ လုပ်ဆိုတော့လဲ လုပ်တာပေါ့"။

သားအဖနှစ်ယောက်၏ စကားများမှုအား ယွန်းဟေမီ ပ်ိုမိုကြီးထွားမလာစေရန် ပါးနပ်သောနည်းလမ်းများဖြင့် လမ်းကြောင်းလွှဲလိုက်လေသည်။ တစ်ချိန်လုံး ငြိမ်ပြီးနားထောင်နေရာမှ TVရှိရာဘက်သို့ လက်ညှိုးထိုးလိုက်ပြီး သာယာတက်ကြွသောအသံလေးဖြင့် စကားပြောလိုက်သည်။

"ဦးလေး ဟိုမှာတိမ်ယံဆင့်လာပြီ"။

ယွန်းဟေမီ၏ စကားကြောင့် အကုန်လုံးပြောလက်စ စကားများကိုအဆက်ဖြတ်ကာ TV ရှိရာဘက်သို့မျက်နှာမူလိုက်ကြသည်။ TV မှာ မြင်လိုက်ရတဲ့ မျက်နှာတစ်ခုကြောင့် ပြဒါးရံရဲ့ မျက်လုံးအစုံဟာကျဥ်းမြောင်းလာပြီး မျက်မှောင်အနည်းငယ် ကြုတ်လာခဲ့သည်။ ဤအမှုအရာက သေချာပေါက်ဒေါသထွက်နေသည့် အမှုအရာပင်ဖြစ်သည်။ လှပသည့်မျက်ဝန်းတစ်စုံက ရှည်လျားကျဥ်းမြောင်းသွားပြီး  မသိစိတ်၏လှုံ့ဆော်မှုအရ လက်တစ်ဖက်ကိုလည်း ကျစ်ကျစ်ပါအောင်ဆုပ်ထားလျက်ရှိနေသည်။

တစ်ငွေ့ငွေ့လောင်မြိုက်နေသော ဒေါသမီးက ပြဒါးရံကိုလွှမ်းခြုံနေသော်လည်း  အသိတရားဟူသော စမ်းရေကြည်လေးဖြင့် ထိုမီးတောက်အား ထိန်းချုပ်ထားကာ အပြင်သို့ အံကျမလာပါစေရန် တားဆီးထားလိုက်လေသည်။မကြာသေးခင်ကမှ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တစ်ခုကို ပြဒါးရံ၏ ရှုပ်ထွေးနေသည့် စိတ်အစဥ်က ပြန်လည်တွေးတောလျက်ရှိပြီး TV‌ပေါ် ရှိ လှပချောမော၍ စွဲမက်ဖွယ်ကောင်းသော မျက်နှာနှင့်ဆန်ကျင့်စွာ မောက်မာရိုင်းစိုင်း‌သော အကျင့်စရိုက်ရှိသည့် ထိုလူအားသုန်မှုန်လျက် မျက်တောင်မခတ်တမ်းစိုက်ကြည့်လျက် ရှိနေသည်။

ပြဒါးရံ  ဦးမင်းရံနဲ့ဖုန်းပြောနေရင်း အနောက်ကအရှိန်နဲ့ ဝင်တိုက်ခံလိုက်ရတာကြောင့် လည်ပင်း အနည်းငယ်နာသွားခဲ့သည်။ နာနေတဲ့လည်ပင်းအား လက်တစ်ဖက်ဖြင့် ပွတ်သက်ကာ ကားပေါ်ကဆင်းပြီးကြည့်လိုက်တော့ ဝင်တိုက်တဲ့သူက ကားထဲကတောင်ထွက်မလာတာကြောင့် ကားမှန်ကိုချခိုင်းပြီး ဆင်းလာခဲ့ဖို့ပြောလိုက်သည်။ ဒါတောင်တစ်ဖက်လူ၏ မျက်နှာပေးကြောင့် ဝင်တိုက်တဲ့လူက သူလား မိမိလားမသဲကွဲ။ အလျော်လိုချင်လို့မဟုတ်ပေမဲ့ ထိုသူ့ဘက်ကစည်းကမ်းမဲ့မောင်းလာတာကြောင့် စိတ်တိုပြီးအော်လိုက်မိသည်။ မျက်နှာက ကားဆီရောက်သွားစဉ်ခဏတွင် နောက်ပိုင်းအနည်းငယ်ချိုင့်ဝင်သွားသည့်အတွက် စိတ်တိုလွယ်သောပြဒါးရံ ဆွဲထိုးမမိအောင်ပင် အတော်ထိန်းထားလိုက်ရသည်။

ထို့ပြင် တစ်ဖက်လူက တောင်းပန်မလာသည့်အပြင် ပထမဆုံးကြားလိုက်ရသည့်  'ဘယ်လောက်ပေးရမလဲ ' ဟူသည့်စကားကြောင့် ထိန်းချုပ်ထားသေား ဒေါသမီးလျှံလေးသည် အတားအဆီးမရှိ ထွက်ပေါ်လာလေသည်။ ဖြစ်ပေါ်လာသောဒေါသကို လွတ်လပ်စွာ လွတ်ငြိမ်းခွင့်ပေးလိုက်ချင်သော်လည်း နောက်ဆုံးလက်ကျန် အသိတရားတည်းတည်းလေးဖြင့် ကာဆီးထားလိုက်သည်။ တစ်ဖက်လူက ထို့ထက်ပိုမိုကျော်လွန်ကာ ရိုင်းစိုင်းလာပါက ပြဒါးရံ၏ ဒေါသသည် ပေါက်ကွဲသွားမည့် ဗုံးတစ်လုံးပမာဖြစ်နေပေလိမ့်မည်။ ယခုအပြင်ဘက်တွင်မူ ထိန်းချုပ်ထားခြင်းကြောင့် မျက်နှာအနည်းငယ် ရဲနေသည်မှတစ်ပါး ပြဒါးရံထံတွင်မည်သည့် အမူအရာကိုမျှ တွေ့မြင်ရမည်မဟုတ်ပေ။

ထို့အပြင်...... ထိုစကား ဒါကဘယ်လိုတောင် တစ်ဖက်လူကိုအထင်သေးလိုက်တဲ့ စကားလဲ။နောက်ဆုံးတွင် ထိုလူသည် သူ့ကတ်ကို လက်ထဲထည့်ပေးသွားသည့်အပြင် ပြန်ပြောဖို့ပြင်နေသည့် ပြဒါးရံ၏စကားအစုံကို ဆုံးအောင်နားမထောင်ဘဲ ကားပေါ်တက်ကာ bye bye ဟု လှောင်ပြောင် သရော်ရင်း တရှိန်ထိုးမောင်းထွက်သွား‌လေသည်။
တွေးရင်း တွေးရင်း ပိုပြီးစိတ်တိုလာတာကြောင့် သက်ပြင်းရှည်ကြီးကိုချပြီး ဒယ်ဒီ နဲ့ မမဟေမီ ကိုနားမယ်ဟုပြောကာ ပြဒါးရံ အိမ်ပေါ်သို့တက်သွားခဲ့သည်။
___________________________________

တစ်ဖက်တွင်မူ တိမ်ယံဆင့်၏ မပြောမဆိုပြောက်ကွယ်သွားမူကြောင့် ရှင်း၏အပြစ်တင်ဝေဖန်မှုများအား နားနှင့်မဆံ့အောင် ' ဆင့် ' နားထောင်နေရလေသည်။

" ဆင့်....မင်းဘယ်တွေရှောက်သွားခဲ့တာလဲ.....ငါဘယ်လောက်စိတ်ပူလိုက်ရလဲ သိရဲ့လား....ပြီးတော့ ပွဲကစတော့မှာကို မင်းကပျောက်သွားတော့......."

ရှင်း၏ အပြစ်တင်မှုများအား ဆင့်က တောင်းပန်ရင်းရပ်တန့်လိုက်သည်။

"တော်ပါတော့......ရှင်းရယ်....ငါမှားသွားပါတယ် "

လေပြေရှင်းတစ်ယောက် တိမ်ယံဆင့်ကို ဆက်ဆူမလို့ပြင်လိုက်ပေမဲ့ စကားအစုံဟာဟန့်တားခံလိုက်ရတာကြောင့် အတွေးတို့က ကားဆီရောက်သွားကာ အရှေ့မီးသီးနှစ်လုံးကွဲပြီး ပိန်လိမ်လာတဲ့ကားကြောင့်

"ဒါနဲ့ကားက ဘယ်လိုဖြစ်လာတာလဲ"။

ရုတ်တရက်အမေးခံလိုက်ရတာကြောင့် ဆင့်ပြောစရာ စကားအစ ရှာမရဖြစ်နေသည်။ သူက အခြားကားအား နောက်ကနေဝင်တိုက်ပြီး ပြန်လာသည်ဟု ပြောရမည်လား မဖြစ်နိုင်ပေ။ သို့တည်းမဟုတ် တိမ်ယံဆင့်လိုမင်းသားတစ်ယောက်က လူတစ်ယောက်၏ ကားကိုဝင်တိုက်ပြီး မတောင်းပန်ပဲ လှောင်ပြောင်စနောက်ခဲ့သည်ဟုပြောရမည်လား ပိုလို့တောင်မဖြစ်နိုင်သေးပေ။ထို့ကြောင့် ရှင်း အားပြောမပြရန်ပင် ရွေးချယ်လိုက်သည်။

"အမ်......အော်....အဲ့တာငါ.......နောက်မှအေးဆေးပြောပြမယ်ကွာ......အဲ့တာကိုအရင် ဝက်ရှော့ပို့ပေးဦး"

ရှင်း၏ ကားအကြောင်းစကားစမှုကြောင့် ညှိုးနွမ်းနေသည့် ဆင့်ရဲ့စိတ်အစဥ်ဟာ လွန်ခဲ့တဲ့နာရီဝက်ဆီသို့ ပြန်လည်ဆွဲယူ ခေါ်ဆောင်ခြင်းခံလိုက်ရသည်။

အဲ့ချိန်တုန်းက ရှေ့ကလာပိတ်ပြီး မောင်းနေတဲ့အရူးကားကို ကျော်တက်လို့လဲမရတာကြောင့် တစ်ခြားလမ်းကသွားမည်ဟု ဆုံးဖြတ်ကာ  တစ်ဖက်ကိုကွေ့ချလိုက်‌ေလသည်။ အချိန်မရတာကြောင့် မောင်းနေတဲ့အရှိန်ကိုမရှော့ပဲ ကွေ့ချလိုက်သည့်အတွက် ရှေ့က ပုံမှန်ပဲမောင်းနေသည့်ကားကို ဝင်တိုက်မိသွား‌ လေသည်။ ထို့အပြင်ပွဲကလည်း အတော်နောက်ကျနေပြီမို့ ဖြစ်ပေါ်လာသောစိတ်ခံစားချက်များအား ကားစတီယာတိုင်အပေါ် ပုံချလျက် စိတ်ကြိုက်ရိုက်နှက်နေမိသည်။ 

ထို့နောက် ဘေးမှတစ်စုံတစ်ရာက ကားမှန်ချခိုင်းသည့် သဘောဖြင့်ကားတံခါးလာခေါက်သည့် အသက်မတိမ်းမယိမ်း လူတစ်ယောက်ကြောင့် မှန်ချကာ မေးဆတ်ပြလိုက်သည်။ ထိုသူ့ဘက်က ယာဥ်စည်းကမ်း လမ်းစည်းကမ်းတွေအကြောင်းပြောလာပြီး နောက်ဆုံးတော့လည်း ကားလျော်ကြေးတောင်းတဲ့ဆီစကား စလာတာကြောင့် 'ဘယ်လောက်ပေးရမလဲ ' ဟုပင် တန်းမေးလိုက်သည်။ တစ်ဖက်လူ၏ ဒေါသထွက်နေသောအမူအရာကို ရိပ်မိသော်လည်း မသိ‌ကျေးကျွန်ပြုလျက် ပိုမိုစနောက်ကာ အရွဲ့တိုက်တတ်သည်မှာ တိမ်ယံဆင့်၏ ဖြစ်ပေါ်လာခဲသော စိတ်ခံစားမှုလေးပင်ဖြစ်သည်။

မျက်ဝန်းအိမ်ထဲ ဝင်ရောက်လာသောကားတို့၏ ပုံပန်းသဏ္ဍာန်တွင်  ထိုသူ့၏ကား နောက်ပိုင်းအနည်းငယ် ချိုင့်သွားတာအပြင် တိမ်ယံဆင့်ရဲ့ကားကလည်း မီးသီးနှစ်လုံးအက်ကွဲသွားပြီး အရှေ့ပိုင်းအနည်းငယ် ချိုင့်ဝင်သွားလေသည်။ အလျင်လိုနေသည့်အတွက် 'ဆင့်' များများစဉ်းစားမနေတော့ဘဲ ရှင်း၏ manager ကတ်ကိုပေးထားခဲ့ကာ bye bye ပြပြီးတရှိန်ထိုးမောင်းထွက်လာခဲ့ခြင်းဖြစ်သည်။
___________________________________

"သား...ပြဒါးရံ "

"ဟုတ်ကဲ့.... ဒယ်ဒီ "

ဦးမင်းရံရဲ့ ထမင်းစားခန်းတွင်ထိုင်ကာ လှမ်းခေါ်မှုကြောင့် ပြဒါးရံ တစ်ယောက်အိမ်ပြင်ထွက်ဖို့ပြင်နေတဲ့ ခြေလှမ်းအစုံကိုရပ်တန့်လိုက်ပြီး ထမင်းစားခန်းထဲသို့ ဝင်သွားလိုက်သည်။ မင်းစားခန်းထဲတွင် ဦးမင်းရံနှင့် မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီး ထိုသူ၏စကားအစုံကို အသံတိတ်လျက်နားထောင်နေလိုက်သည်။

"ဒီနေ့company ကိုလိုက်ခဲ့...... အစည်းအဝေးကျင်းပပြီး သားကိုဒယ်ဒီ့နေရာလွှဲပေးမယ်.......သားလဲ ၂၂နှစ် ရောက်နေပြီပဲ ဒယ်ဒီ့ လုပ်ငန်းအတွက်ဦးဆောင်သင့်တဲ့အရွယ်ရောက်နေပြီ "။

ပြဒါးရံ လည်းဒီတစ်ကြိမ်တော့ သူ့အဖေကိုလွန်ဆန်လို့မရတော့မှန်း သိနေသည်။ အကြိမ်ပေါင်းများစွာ ငြင်းဆန်ခဲ့ပေမဲ့ နောက်ဆုံး ဒီလို့နေ့ရောက်လာမည်ဆိုတာကိုသူသိနေခဲ့သည်။ တာဝန်ကိုရှောင်ပြေးလို၍ ငြင်းဆန်နေခဲ့ခြင်းမဟုတ်ပေမဲ့ လွတ်လပ်တဲ့ လူငယ်ဘဝကိုသူအတော်ပင်မြတ်နိုးသည်။ သူရဲ့ငယ်ရွယ်မှုကို အလုပ်တာဝန်တွေကြားထဲနစ်မြုပ်ကုန်ဆုံးရမည်ကို အမှန်ပင်မနှစ်သက်ချေ။ သို့သော် ပြဒါးရံ တစ်ယောက်သူ့အဖေကိုကတိပေးပြီးပြီဖြစ်သည့်အတွက် ကတိအတိုင်းကျေပွန်အောင် အကောင်းဆုံးကြိုးစားအားထုတ်ရတော့မည်ဖြစ်သည်။ ထို့ကြောင့် ဦးမင်းရံစိတ်ကြေနပ်စေမဲ့ စကားလုံးတို့ကိုရွေး၍ အကောင်းဆုံးပြုံးလျက် ပြန်လည် တုန့်ပြန်ပြောဆိုလိုက်သည်။

"ဟုတ်ကဲ့....... ဒယ်ဒီ.... ကျွန်တော်ကြိုးစားပါ့မယ်"
____________________________________

မနက်စာစားအပြီးတွင် ပြဒါးရံတို့ company ရှိရာဆီသို့ဦးတည်ထွက်ခွာလာကြသည်။
Company ထဲစဝင်လာချင်းမှာပင် ယွန်းဟေမီက ဦးမင်းရံကိုရိုသေစွာနှုတ်ဆက်ပြီး  ပြဒါးရံကိုမူ အလှဆုံးပြုံးပြလျက် အစည်းအဝေးခန်းထဲသို့ ပြဒါးရံတို့နှင့်အတူ လိုက်ပါလာခဲ့သည်။အစည်းအဝေးခန်းအတွင်းသို့ သွားရာလမ်းတစ်လျှောက်တွင် စီစဉ်ထားသည်များမလွဲချော်စေရန် ယွန်းဟေမီအား ဦးမင်းရံက ထပ်မံမေးမြန်းလျက်ရှိပြီး ပြဒါးရံကမူ တိတ်ဆိတ်စွာလိုက်ပါလာသည်။

"ဟေမီ...အစည်းအဝေးခန်းထဲမှာ လူစုံနေပြီလား"

"ဟုတ်ကဲ့....... အားလုံးအဆင်သင့်ပါပဲဦးလေး"

"ဒါဆို သွားရအောင်"

အစည်းအဝေးခန်း တံခါးကိုဖွင့်ပြီးဝင်လိုက်သည်နှင့် တပြိုင်နက် အယောက်၂၀ခန့်ရှိသောထိုင်နေသည့် ရှယ်ယာရှင်များအားလုံး မတ်တပ်ရပ်လာကြသည်။ထို့ကြောင့် ဦးမင်းရံက စကားစကာပြောလိုက်သည်။

"ထိုင်ကြပါ.....ဒါကျွန်တော့်သားပြဒါးရံပါ။ ဒီနေ့ အစည်းအဝေးခေါ်ရတာက CEO နေရာကို ကျွန်တော့်သားပြဒါးရံကိုလွှဲပြောင်းပေးချင်လို့ပါ"။

ထို့နောက် ဦးမင်းရံက ပြဒါးရံ ဘက်လှည့်ကာ အသံပြုပြီးခေါင်းငြိမ့်အချက်ပြလိုက်တာကြောင့် ပြဒါးရံ သူ့ကိုယ်သူမိတ်ဆက်လိုက်သည်။

" ကျွန်တော့်နာမည်က ပြဒါးရံပါ။ ဦးမင်းရံရဲ့ တစ်ဦးတည်းသောသား.... ဒီcompanyရဲ့ အမွေဆက်ခံသူပါ ။ အသက်ငယ်သေးတယ်ဆိုပေမဲ့ companyကို ဦးဆောင်နိုင်မယ့် ယုံကြည်ချက် ကျွန်တော့်မှာအပြည့်ရှိပါတယ်"

ပြဒါးရံ ရဲ့စကားဆုံးသည်နှင့် ဦးမင်းရံက အခြေအနေတစ်ရပ်အားကြေညာလိုက်သည်။

" ရံလေးကို CEOနေရာပေးချင်ပေမဲ့ ကျွန်တော့်ဆန္နတစ်ခုတည်းနဲ့မပြီးမှန်း သိပါတယ်။ဒါကြောင့် အားလုံးကို မဲခွဲပြီးဆုံးဖြတ်ဖို့ အစည်းအဝေးခေါ်လိုက်တာပါ။ ရံလေးကို ကန့်ကွက်ချင်သူများရှိရင် လက်ထောင်ပေးကြပါ။"

ဦးမင်းရံပြောလိုက်သည်နှင့် အားလုံးကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး တီးတိုးပြောဆိုနေကြသည်။ အချိန်အတော်အတန်ကြာသည်အထိ အစည်းအဝေးခန်းထဲတွင် လက်ထောင်ပြီး ကန့်ကွက်သူ တစ်ယောက်တစ်လေတောင်မှပေါ်မလာခဲ့။ ပြဒါးရံတစ်ယောက် တွေးတောမိသည် ထိုသူများသည် လက်ရှိCEOရဲ့သားဖြစ်နေသောကြောင့် သူ့အားမကန့်ကွက်ရဲကြသည်လော သို့တည်းမဟုတ် CEO ဖြစ်လာတော့မည့်သူ့အား မျက်နှာလိုချင်၍ မကန့်ကွက်သည်လော အချိန်အတော်အတန်ကြာသည်အထိ  အဖြေရှာ၍မရခဲ့ချေ။

သို့သည့်တိုင် ထိုလူများသည် ယခုချိန်ထိ ကန့်ကွက်မည်လော ထောက်ခံမည်လောကို ဝေခွဲစဥ်းစား၍မရကြသေးချေ။ အချို့ကမူ လက်ထောင်မည်ဟုဆုံးဖြတ်ပြီးကာမှ လမ်းတစ်ဝက်အရောက်တွင် ထိုလက်အားပြန်လည်းချပစ်ခဲ့ကြသည်။ အချို့ကမူ ဘယ်ဘက်လှည့်လိုက် ညာဘက်လှည့်လိုက်ဖြင့် အချိန်အတော်ကြာ မေးမြန်းဆွေးနွေးပြီးသော်လည်း စိတ်ကြေနပ်သောဆုံးဖြတ်ချက်ကိုမချနိုင်သေးပေ။ ယခုအခြေအနေအတိုင်းသာ ဆက်သွားမည်ဆိုပါက သူ့အားကန့်ကွက်မည့်သူ တစ်ယောက်တောင်မှ ပေါ်လာခဲ့မည်မဟုတ်ပေ။
ပြဒါးရံ တစ်ယောက်ထိုအခြေအနေအားငြီးငွေ့သလိုရှိလာသည့် အချိန်တွင် ရဲရင့်ပြီးပြတ်သားတဲ့ အသံတစ်သံက သူနားအတွင်းသို့ ရှင်းရှင်းလင်းလင်း စီးနင်းဝင်ရောက်လာခဲ့သည်။

"ကျွန်မ ကန့်ကွက်ပါတယ်"

ဦးမင်းရံ၏ ညာထက်ခြမ်းတွင် ထိုင်နေသော အစည်းအဝေးခန်း ရှယ်ယာရှင်များအထဲမှ တစ်ဦးတည်းသော အမျိုးသမီးက လက်ထောင်ပြီး ကန့်ကွက်လိုက်ခြင်းဖြစ်သည်။
ထိုမိန်းမပျို၏ အသွင်သဏ္ဍာန်သည်  ထက်မြက်ပုံပေါ်ပြီး ရဲရင့်ဟန်လည်း ပေါ်ပေသည်။ လှပသည့်ခန္ဓာကိုယ်အချိုးအစားနှင့်ကိုက်ညီကာ ဝတ်စားဆင်ယင်မှုမှာလည်း အနောက်တိုင်းဆန်လှသည်။ ကျေ့ာရှင်းပြီး လှပသည့်ခန္ဓာကိုယ်ကြောင့် ယောက်ျားလေးများသည်သာမက မိန်းကလေးများကပင် လေးစားအားကျရလေသည်။

သာမာန်မိန်းကလေးထက်ရှည်သော အရပ်ကြောင့် အမြင်အာရုံထဲတွင်သူမက ထူးခြားစွာသတိထားမိလွယ်သည့်ပုံစံပင်ဖြစ်သည်။ ဖြူစင်သည့်အသားအရေနှင့် ဆန်းပြားသည့် အပေါ်ပိုင်း ခါးတိုအင်္ကျီအ‌နက်ရောင်နှင့် ခြေမျက်စိထိအောင်ရှည်လျားနေသော အဖြူပေါ်တွင် အမဲအစင်းကြောင်းများပါဝင်သည့်‌ ဘောင်းဘီအရှည်ကို လိုက်ဖက်မှုရှိစွာ တွဲဖက်ဝတ်ဆင်ထားသည်။ နှုတ်ခမ်းသားများကမူ အခြားမိန်းက‌လေးများနှင့် ဆန့်ကျင်စွာ အနည်းငယ် ထူထဲပြီး သေသပ်စွာဆိုးထားသော သွေးအဖြစ်ထင်မှားရလောက်သည့် တစ်နည်း အလျှံရဲရဲတောက်နေသည့် ငရဲပြည်မှ မီးတောက်သဖွယ် နီရဲလျက်ရှိသော အရောင်ကို နှုတ်ခမ်းသားအပေါ် လှပစွာ တန်ဆာဆင်ထားလေသည်။

မျက်ဝန်းအိမ်မှာမူ နက်ရှိုင်းလျက် မြင်ရသူကို အကြည့်မလွှဲနိုင်အောင် ဆွဲဆောင်စွမ်းရှိလေသည်။ ထိုမျက်ဝန်းများတွင် အမြဲတစေထည့်သွင်း ပုံဖော်ထားခြင်းခံရသည့် သူမ၏မာနများ ၊သာမာန်မိန်းက‌လေးထက်ပို၍ ရဲ့ရင့်ပြတ်သားခြင်းများ၊ ထောင်‌ချောက်သဖွယ် မာယာများသည့်ဆွဲဆောင်မှုများ ၊သွေးအေးရက်စက်မှုများ စသည့် အရိပ်အယောင်များကို သူမ၏ မျက်ဝန်းထဲတွင် ထင်ရှားစွာမြင်တွေ့ရလေသည်။ ယောက်ျားသားများအားလုံးက မိမိစိတ်အလိုကျ ဆုံးဖြတ်ရမည်ကို မရဲမတင်းဖြစ်နေသော်လည်း သူမ ပြတ်သားစွာပင် အားလုံးနှင့်ဆန့်ကျင့်၍ CEOရဲ့သားဖြစ်သူကို ကန့်ကွက်ခဲ့လေသည်။

ပြဒါးရံသိလိုစိတ်ဖြင့် အနားမှာရှိတဲ့ ယွန်းဟေမီကိုမေးလိုက်သည်။

"သူက ....ဘယ်သူလဲ"

သူ၏အမေးစကားအား  ယွန်းဟေမီကစက္ကန့်မလတ် အဖြေပြန်ပေးလေသည်။

"ဒီ company ရဲ့ ဒုတိယရှယ်ယာအများဆုံး၊ သူ့နာမည်က မာယာသစ္စာ ၊ သစ္စာမြိုင်စံအိမ်တော်ရဲ့သမီးအကြီး" ၊ ထို့နောက်သူမကခေတ္တရပ်နားလိုက်ပြီး အလေးအနက်ထား၍ပြန်လည်ဖြေကြားလေသည် ။

"မမရဲ့ငယ်သူငယ်ချင်းပဲ" ဟုပြောပြီး ကျွန်တော်တို့အားလုံးအသည်းအဝေးခန်းရဲ့ ကန့်ကွက်သူဆီပဲ အာရုံစိုက်လိုက်ကြသည်။

ထို့နောက်သူမက နှင်းဆီနီပမာ ရဲရဲတောက်နေသည့် နှုတ်ခမ်းနှစ်လွှာအား ဖွင့်ဟ၍ စကားတို့ကို စတင်ပြောလိုက်သည်။

"ခုမှရောက်လာတဲ့ လူတစ်ယောက်ဆီကို company တစ်ခုလုံး ဘာကို ယုံကြည်ပြီးအပ်ရမှာလဲ"။

သူမ၏အသံတွင် သြဇာအာဏာတို့ ပါဝင်နေသည့်အပြင် မောက်မာမူလေးကပါ ဒွန်တွဲလျက်ရှိပြီး စကားတစ်ခွန်းစီတိုင်းကို ပြတ်ပြတ်သားသား နှင့်ရှင်းရှင်းလင်းလင်း ပြောသွားခဲ့သည်။ပြီးနောက်သူမက ကျန်ရှိနေသောစကားများကို ဆက်၍ ပြောလိုက်ပြန်သည်။

"သူ့မှာဘယ်လောက် အစွမ်းအစရှိလဲဆိုတာလည်း သိရသေးတာမဟုတ်ဘူး......company အလုပ်က ကလေးကစားစရာမဟုတ်ဘူး "

မာယာသစ္စာက ယုံကညြ်ချက် အပြည့်ဖြင့်ဆက်ပြောလာခဲ့သည်။

"ဒါကြောင့် .......ဒီ companyရဲ့ ဒုတိယ ရှယ်ယာအများဆုံး  'ကျွန်မ'  မာယာသစ္စာ က....companyရဲ့ CEO ဦးမင်းရံရဲ့သား ပြဒါးရံကို.....ကန့်ကွက်ပါတယ်"။

ပြဒါးရံတစ်ယောက် ဤအခြေအနေတွင်တော့ မသိကျေးကျွန်ပြု၍ မနေနိုင်တော့ပေ။ မဟုတ်လျှင် သူ့အပေါ်ထားရှိတဲ့ သူ့ဒယ်ဒီ့ရဲ့ မျှော်လင့်ချက်အားလုံး ယခုအခြေအနေကြောင့်ပျက်စီးသွားနိုင်သည်ပင် မဟုတ်ပါလား။ ထို့အပြင်သူကိုယ်တိုင်ကလည်း company ကို ဦးဆောင်ပါ့မည်ဟု ကတိပေးပြီးသားဖြစ်နေသောကြောင့် ထိုကတိအား ကျေပွန်အောင် ဆောင်ရွက်ပေးချင်သည်ပင်။ လောကမှာ သူအမုန်းဆုံးက ပေးပြီးသားကတိကိုဖျက်ခြင်း နှင့် အရှုံးကို ရင်ဆိုင်ရခြင်းပင်ဖြစ်သည်။ ထို့ကြောင့် မာယာသစ္စာအား စကားစမည် ပြောလိုက်သည်။အသံကမူ လွန်စွာပျော့ပျောင်းနေခြင်းမျိုးတော့ မဟုတ်။

"ကျွန်တော့်မှာ ဘယ်လောက်အရည်အချင်းရှိလဲဆိုတာ မသိသေးဘူးလို့ပြောခဲ့တယ်မလား။ ကျွန်တော်စုံစမ်းထားသလောက်ဆို  လာမဲ့ဒီဇိုင်းပြိုင်ပွဲမှာ KKကလည်း ပါဝင်ယှဉ်ပြိုင်မယ်လို့ကြားတယ်။
ဒါဆိုကျွန်တော့်အရည်အချင်းကို စစ်ဆေးတဲ့အနေနဲ့  လာမဲ့ဒီဇိုင်းပြိုင်ပွဲမှာ company ကဝင်ပြိုင်မဲ့ဒီဇိုင်းကို ကျွန်တော်က တာဝန်ယူတယ်ဆိုရင်ကော......."

ပြောလက်စကားအား ပြဒါးရံက ရပ်နားလိုက်ပြီး အားလုံးရဲ့အမူအယာကိုအကဲခတ်ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် အံ့ဩမှု၊မင်သက်မှု တို့ကအားလုံး၏ မျက်နှာထက်တွင်နေရာယူထားကြလေသည် ဦးမင်းရံနှင့် ယွန်းဟေမီ ပါမကျန်၊ မာယာသစ္စာကတော့ချွင်းချက်ပင်ဖြစ်သည်။ ပြဒါးရံက ဆက်ပြောသည်။

" တကယ်လို့ ကျွန်တော်တာဝန်ယူထားတဲ့ ဒီဇိုင်းက အရွေးမခံရရင် CEOနေရာကနေနုတ်ထွက်ပေးမယ်....နောက်လဲ companyနဲ့ ဘယ်တော့မှမပက်သတ်တော့ဘူး...... အောင်မြင်ခဲ့ရင်တော့ ......CEO နေရာကကျွန်တော့်အတွက်ပဲ"

ပြဒါးရံရဲ့ စကားအစုံအား မာယာသစ္စာက လှောင်ပြုံးတစ်ခုကို ချိတ်ဆွဲလျက် ပြန်လည်အဖြေပေးလိုက်သည်။

"မင်းအထင်......ဒီဇိုင်းပြိုင်ပွဲကိုလည်း ကလေးကစားစရာလို့ ထင်နေတာလား။ KKရဲ့ အဓိကအောင်မြင်နေရတဲ့အကြောင်းပြချက်က ၃နှစ်တစ်ကြိမ်ကျင်းပတဲ့ fashion star ပြိုင်ပွဲမှာ ပထမနေရာကိုယူထားနိုင်လို့ပဲ။ မင်းရဲ့ ဘာမဟုတ်တဲ့အရည်အချင်းကို ပြသဖို့အတွက် company ရဲ့ထိခိုက်နစ်နာမှုကိုလည်းထည့်ပြီး စဥ်းစားကြည့်ဖို့လိုတယ်" ။

သူမ၏အသံသည် တိုးညှင်းသည်လည်းမဟုတ် ကျယ်လောင်သည်လည်းမဟုတ်သော်လည်း ပြဒါးရံ၏နားအတွင်းကိုမူ မိုးခြိမ်းသံပမာ ပြတ်သားစွာဝင်ရောက်လာပြီးမွှေ‌နှောက်သွားလေသည်။ ကြားရသူကိုပင် ကြက်သီးဖြန်းဖြန်းထစေပြီး ကြောက်မက်ဖွယ်စိတ်အခြေအနေကို ပေးစွမ်းနိုင်လေသည်။ အသံထဲတွင်ပါဝင်ရောယှက်နေသော လူသတ်ချင်သည့်အငွေ့အသက်များကိုမူ ပြဒါးရံတစ်ယောက်ကသာ ထူးခြားစွာရိပ်မိလေသည်။

ဦးမင်းရံ အပါအဝင် အခြားသောလူများသည် သူတို့နှစ်ယောက်၏ စကားစစ်ထိုးနေမှုအား ငြိမ်သက်စွာ နားထောင်နေကြလေသည်။

သူမ၏အဖြေပြန်ပေးမှုကို ဒေါသမထွက်ဖူးဆိုလျှင်ပြဒါးရံ လိမ်ရာကျပေလိမ့်မည်။ ယောက်ျားတစ်ယောက်အနေနှင့် မိန်းမတစ်ယောက်ဆီမှ အထင်အမြင်သေးခြင်းကို ခံရလိမ့်မည်ဟု သူဘယ်တုန်းကမှ မျှော့်လင့်မထားခဲ့၊ သူ့ဘဝတွင်ထိုကဲ့သို့ အထင်သေးခံရမည်ဟုလည်း အတွေးနှင့်ပင်မတွေးဘူးခဲ့ပေ။ သို့သော်ယနေ့တွင် မာယာသစ္စာက သူအားထိုကဲ့သို့ စိမ်ခေါ်လာခဲ့သည်ပင်။ ခေါင်းငုံ့မခံတတ်သော စိတ်ဓာတ်ကြောင့် ပြဒါးရံ ချက်ချင်း အဖြေပြန်ပေးလ်ိုက်သည်။

"စိတ်မပူပါနဲ့ ......အဲ့လိုကိစ္စမျိုး ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး"။

မာယာသစ္စာကဆက်ပြောသည်။

"ငါကတော့ မင်းလက်နက်ချပြီး company ကထွက်သွားမဲ့အချိန်ကို စောင့်နေမယ်"။

ထို့နောက်သူမက ထွက်သွားတော့မယ်ပြင်လိုက်ပြီးမှ  စကားတစ်ခုအားသတိရသွားဟန်ဖြင့် နောက်လှည့်ကာ ကျန်ရှိနေတဲ့စကားအချို့ကို ထပ်မံဆက်ပြောလိုက်သည်။

"ပြီးတော့ စိတ်မရှိပါနဲ့..... အောင်ပွဲက ငါ့အတွက်ပဲဖြစ်ရမယ် "။

ပြဒါးရံတစ်ယောက် မာယာသစ္စာရဲ့စကားကိုခပ်ဖွဖွရယ်လိုက်ရင်း အေးစက်သောတည်ကြည်သော မျက်လုံးအစုံဖြင့် လေးနက်စွာ သူမမျက်ဝန်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

"နှမျှောစရာပဲ..... ကျွန်တော့်ဒဏ္ဍာရီမှာလည်း အရှုံးဆိုတာမရှိဘူး"။

"အဲ့တာက..... အချိန်တန်လာရင် အဖြေပေါ်လာမဲ့ ကိစ္စပဲ...... မင်းစကားကို အကုန်မပြောသင့်ဘူး"
ဟုဆိုကာ မာယာသစ္စာ တစ်ယောက်အစည်းအဝေးခန်းမကနေ ဦးစွာထွက်ခွာသွားသည်။

အချိန်အတော်အတန်ကြာ တိတ်ဆိတ်သွားသော ပတ်ဝန်းကျင်အခြေအနေအား ဦးမင်းရံက စတင်ဖြိုခွဲလိုက်သည်။

"အားလုံးလဲ ဒီအစီအစဥ်ကို လက်ခံမယ်လို့ထင်ပါတယ်...... ဒါဆိုအစည်းအဝေးကိုဒီမှာပဲသိမ်းကြတာပေါ့"။

_____________________________

Zawgyi /

ၿခံေစာင့္၏ တံခါးလာဖြင့္ေပးမႈျဖင့္ ေနာက္ပိုင္းအနည္းငယ္ခ်ိဳင့္ေနေသာ ကားေလးတစ္စီး ၊ႀကီးမားလွသည့္ အိမ္ေတာ္ထဲသို႔ ဝင္ေရာက္လာခဲ့သည္။ ကားေပၚမွဆင္းလာေသာသူသည္ တုႏွိုင္းမမွီေလာက္ေအာင္ ေခ်ာေမာခန႔္ညားေသာ္လည္း မ်က္ႏွာေပၚရွိ သုန္မႈန္မႈေလးကိုမူ မဖုန္းကြယ္ထားနိုင္ေပ။ လမ္းတြင္ႀကဳံေတြ႕လာရေသာ အျဖစ္အပ်က္တစ္ခုေၾကာင့္ ထိုလူငယ္၏ စိတ္အေျခအေနသည္ အမွန္စင္စစ္ေကာင္းမြန္မေနခဲ့ေပ။ သို႔ေသာ္ ထိုလူငယ္က မ်က္ႏွာအေနအထားအား အတင္းလုပ္ယူ ဟန္ေဆာင္လိုက္ၿပီး ၿပဳံး႐ႊင္ေသာ မ်က္ႏွာထားျဖင့္ စံအိမ္၏ တံခါးတို႔ကိုတြန္းဖြင့္လိုက္ေလသည္။ တံခါးေနာက္ကြယ္တြင္ ျမင္လိုက္ရေသာ လူတစ္ေယာက္ေၾကာင့္ သူ၏မ်က္ႏွာတြင္ အစစ္အမွန္အၿပဳံးမ်ားပြင့္လန္းလာေလသည္။

ထိုအခိုက္အတန႔္တြင္ ၿပဳံးေနေသာလူငယ္၏မ်က္ႏွာသည္ လြန္စြာက်က္သေရရွိလွၿပီး လွပေသာသစ္ေတာအတြင္း စမ္းေရၾကည္ေလးစီးဆင္းသြားသလိုပင္ ၊ ပူျပင္းေျခာက္ေသြ႕လွေသာ ကႏၱာရအတြင္း အဖိုးထိုက္တန္၍ ရွားပါးလွေသာ အႏွိုင္းမဲ့ ရတနာတစ္ပါးလို႔ပင္ အထင္မွားတင္စားရေလာက္ေအာင္ တန္ဖိုးျဖတ္၍ မရေသာ ေမတၱာေရစင္ ကဲ့သို႔ပင္ ရွားပါး၍ အဖိုးတန္လွေသာ ေတြ႕ရခဲသည့္ အၿပဳံးတို႔ပင္ျဖစ္သည္။ ထိုနည္းတူပင္ လူငယ္၏ေရွ႕တြင္ရွိေနေသာ မိန္းကေလးသည္လည္း အေတာက္ပဆုံးၿပဳံးလ်က္ ရင္ထဲရွိျဖစ္ေပၚလာေသာ ေပ်ာ္႐ႊင္မႈဆိုသည့္အရာေလးအား အစြမ္းကုန္ထုတ္ေဖာ္ျပသ လ်က္ရွိေပသည္။

ေခ်ာေမာၿပီး ခ်စ္စရာေကာင္းလြန္းလွသည့္ မိန္းကေလးတစ္ဦးျဖစ္သည္ ။ျဖဴေဖြးသည့္အသားအရည္ႏွင့္ လက္သြယ္သြယ္ေလးမ်ားက သူမ၏အားသာခ်က္ျဖစ္သည္ ။အျခားမိန္းကေလးမ်ားႏွင့္မတူဘဲ မိတ္ကပ္ပါးပါးျခယ္သထားျခင္းက သူမအလွအားပိုမိုျဖည့္စြက္လိုက္သလို ျဖစ္ေနေတာ့သည္။ အေပၚႏႈတ္ခမ္းပါးႏွင့္ အနည္းငယ္ထူထဲေသာေအာက္ႏႈတ္ခမ္းတို႔က သူမ၏ဆြဲေဆာင္မႈပင္ျဖစ္ၿပီး ေျဖာင့္စင္းေနေသာႏွာတံက မ်က္ႏွာျပင္ထက္တြင္ ထင္းရွားစြာေနရာယူထားေလသည္။

သာယာၿပီးၿငိမ့္ေညာင္းဖြယ္ေကာင္းေသာ စြဲမက္ဖြယ္အသံကိုလည္းသူမက ထူးျခားစြာပိုင္ဆိုင္ထားသည္။ ယုံၾကည္ခ်က္ အျပည့္ရွိသည့္ မ်က္ဝန္းတစ္စုံသည္ အျခားသူထံတြင္ရွာေဖႊ၍မရေသာ သူမ၏ ထူးျခားသည့္ အားသာခ်က္မ်ားအထဲမွ တစ္ခုပင္ျဖစ္သည္။
ထိုမိန္းကေလးမွာ အျခားသူမဟုတ္ ျပဒါးရံထက္ ၁ ႏွစ္သာႀကီးၿပီး company တြင္ သူ၏ဒယ္ဒီအတြင္းေရးမႉးအျဖစ္ လုပ္ကိုင္ေနေသာ အားကိုးရသည့္ အမဝမ္းကြဲတစ္ေယာက္ပင္ ျဖစ္သည္။ ျပဒါးရံ ေဟမီအားၿပဳံးျပလိုက္သည္။

"လာ ရံ ေလး.......မမကမင္းကိုေစာင့္ေနတာ.....ဦးေလးဖုန္းဆက္ထားလို႔ေလ.....မင္းလာမယ္ဆိုတာသိရတာ"။

အသက္သိပ္မကြာေသာ အမျဖစ္သူသည္ ျပဒါးရံအတြက္ေတာ့ သူငယ္ခ်င္းလိုပင္။ တိုင္ပင္ေဖာ္တိုင္ပင္ဖက္ျဖစ္ၿပီး ရင္ဖြင့္ေဖာ္ရင္ဖြင့္ဖက္လည္းျဖစ္သည္။ တဖက္လူ၏ တကူးတက လာေရာက္ႀကိဳဆိုမႈေၾကာင့္ ျပဒါးရံ ေပ်ာ္႐ႊင္မိေသာ္လည္း အနည္းငယ္ ရွက္႐ြံ႕မိျပန္သည္။

"မမေဟမီကလည္း....... ဘာလို႔တကူးတကလာေနတာလဲ...... ကြၽန္ေတာ္လာေတြ႕မွာေပါ့...ဒါနဲ႕ ဒယ္ဒီေကာ"။

မေတြ႕ရတာၾကာၿပီျဖစ္ေသာ ဖခင္ျဖစ္သူကို ျပဒါးရံ လြမ္းဆြတ္မႈေၾကာင့္ ႐ုတ္ခ်င္းေမးျမန္းေနမိသည္။

"ရွိပါ့ ရံေလးေရ...သတင္းၾကည့္ေနလို႔ေလ....လာမမေခၚသြားေပးမယ္"။

ယြန္းေဟမီ၏ ေခၚေဆာင္ရာေနာက္သို႔လိုက္သြားၿပီး မၾကာမွီ ဧည့္ခန္းအလယ္တြင္ ထိုင္ေနေသာ အသက္အားျဖင့္ ၅၀ေက်ာ္လူတစ္ေယာက္ကိုေတြ႕လိုက္ရသည္။ ထိုသူသည္ ေဆးဝါးတို႔၏ အေထာက္အပံ့ျဖင့္ အသက္ ၅၀ေက်ာ္ဟု မထင္ရက္နိုင္ေလာက္ေအာင္ ႏုပ်ိဳလ်က္ရွိသည္။ TVရွိရာဘက္သို႔ မ်က္ႏွာမူထားၿပီး ျပဒါးရံတို႔ရွိရာဘက္သို႔ ေက်ာေပးထားေသာ ထိုေယာက္်ား၏ စိတ္အစုံကို တစ္စုံတစ္ခုကသာဖမ္းစားထားၿပီး သားျဖစ္သူေရာက္လာသည္ကိုပင္ နည္းနည္းမွ သတိမထားမိ။ မယုံနိုင္ေလာက္ေအာင္ အ႐ြယ္တင္ေသာ ထိုေယာက္်ားသည္ ၃၈ ၊၃၉ အ႐ြယ္ရွိေသာ လူမ်ားႏွင့္မတိမ္းမယိမ္းဟုပင္ ထင္မွားနိုင္သည္။ ထိုသူ၏ စိတ္အာ႐ုံဝင္စားေနမႈအား ယြန္းေဟမီက အသံျပဳ၍ျဖတ္ေတာက္လိုက္ေလသည္။

"ဦးေလး.....ဒီမွာရံေလးျပန္လာၿပီ"။

ထိုအခါမွ ထိုေယာက္်ားသည္ ျပဒါးရံႏွင့္ ယြန္းေဟမီတို႔ေနာက္တြင္ ရွိေနမွန္းသတိဝင္လာခဲ့သည္။ ျပဒါးရံ တစ္ေယာက္ ေဟမီ ရဲ႕စကားအဆုံး သူ႕ဖခင္ရဲ႕အံၾသဝမ္းသာေနတဲ့ မ်က္ႏွာကိုေတြ႕ျမင္လိုက္ရသည္။

သို႔ေသာ္ ျပဒါးရံကို ေတြ႕တိုင္း သုံးေနက်ျဖစ္ေသာ လက္နက္တစ္စုံျဖင့္ ထိုးႏွက္ေလသည္။ ယခုလည္း ထိုနည္းအတိုင္းပင္။ သားျဖစ္သူကို သူ႕အရိပ္အာဝါသ ေအာက္တိုင္ထား၍ စိတ္တိုင္းက်ထိန္းခ်ဳပ္ခ်င္သည္။ သူ႕စကားမွန္သမွ်ကိုျပဒါးရံ မကန႔္ကြက္နိုင္ေအာင္၊ ကန႔္ကြက္ဖို႔အင္အားမရွိေအာင္အထိ ျပဒါးရံအေပၚ ဩဇာ ေညာင္းေသာ အေဖတစ္ေယာက္ျဖစ္ခ်င္သည္။

သူ႕ပိုင္ဆိုင္မႈေတြကို လက္လႊဲယူၿပီး သူ႕ေျခရာအတိုင္း လိုက္နင္းနိုင္ေသာလူတစ္ေယာက္ ျပဒါးရံကိုျဖစ္ေစခ်င္သည္။ သို႔ေသာ္ ထိုေခါင္းမာၿပီး လြတ္လပ္မႈကိုျမတ္နိုးေသာ သားျဖစ္သူကို ဦးမင္းရံ မနိုင္ခဲ့ေပ။ သာမာန္ထက္ပိုၿပီး ဉာဏ္ေကာင္းလြန္းတာေၾကာင့္ ဦးမင္းရံရဲ႕ အႀကံအစည္မွန္သမွ်ကို ျပဒါးရံက လြန္စြာရိပ္မိၿပီး အလြယ္ေလး ေက်ာ္ျဖတ္သြားနိုင္ခဲ့သည္။ ထို႔ေၾကာင့္ယခုအခါတြင္ေတာ့ ျပဒါးရံကို ေျပးေပါက္မရွိေအာင္ ခ်ဳပ္တည္းထားၿပီး တစ္ခ်က္လႊတ္အာဏာျဖင့္ အက်ပ္ကိုင္ရေတာ့မည္ျဖစ္သည္။ၿပဳံး႐ႊင္ေနေသာ မ်က္ႏွာအား ႐ုတ္ခ်င္းျပန္တည္လိုက္ၿပီး ပြဒါးရံက်ို ဆူပူလိုက္သည္။

"Company အလုပ္ကို မဦးေဆာင္ခ်င္လို႔ နိုင္ငံျခားကိုထြက္သြားတာ ေတာ္ေတာ္မွေပ်ာ္ခဲ့ရဲ႕လား"။

စိတ္ထဲတြင္မႈ သားျဖစ္သူကို ျပန္ေတြ႕ရ၍ အတိုင္းမသိ ဝမ္းသာေပ်ာ္႐ႊင္ ေနခဲ့ေသာ္လည္း ဟန္လုပ္၍ ဆူပူေနလိုက္သည္။ ထိုစကားသံသည္ အမိန႔္ဆန္ဆန္ ေလထုအၾကားပ်ံ့ႏွံ႕ျဖတ္သန္းသြားၿပီး ျပဒါးရံ၏ နားစည္အတြင္းသို႔ ရွင္းလင္းစြာ ဝင္ေရာက္လာခဲ့သည္။

" ေပ်ာ္သင့္သေလာက္လဲ ေပ်ာ္ခဲ့ၿပီးၿပီ၊ ဒယ္ဒီလည္း ခြင့္ျပဳသင့္သေလာက္ ခြင့္ျပဳၿပီးၿပီဆိုေတာ့ ဒီတစ္ခါေတာ့ ဒယ္ဒီ့ဆႏၷကို လိုက္ေလ်ာၿပီး companyကို ဦးစီးရမယ္။ မင္းလိုခ်င္တဲ့ လြတ္လပ္မႈကို ဒယ္ဒီအတိုင္းအတာတစ္ခုထိ ေပးၿပီးသြားၿပီ ရံေလး "

ဦးမင္းရံ၏ စကားမ်ားသည္ ျငင္းပယ္နိုင္ေသာလမ္းမ်ားအား ပိတ္စို႔ထားၿပီး တဖက္သတ္ ဆန္လြန္းလွသည့္ အျပင္ အမိန႔္အာဏာကလည္း အတိုင္းသားပါဝင္ေနသည္။ သို႔ေသာ္ ထိုစကားမ်ားအား ျပဒါးရံက က်င့္သားရ ေနသားက်ေနသည့္ပုံပင္ ။အနည္းငယ္မွ်ပင္ တုန္လႈပ္သြားျခင္းမရွိပဲ ေအးေအးလူလူပင္ ။ ႀကိမ္ဖန္မ်ားစြာ ၾကားေနရသည့္စကားျဖစ္ေသာေၾကာင့္ တစ္ခါတစ္ရံတြင္ သူ၏ဖခင္ျဖစ္သူအား အျခားစကားလုံးလွလွမ်ား သုံး၍ မိမိ၏စိတ္ကို ေပ်ာ့ေပ်ာင္းယုံၾကည့္လာေအာင္ ဆြဲေဆာင္ေစခ်င္သည္။

ထိုကဲ့သို႔ေျပာလာတိုင္း ျပဒါးရံ ကန့္ကြက္ေနက် စကားလက္နက္တစ္စုံကို ထုတ္သုံးလိုက္သည္။ စကားလက္နက္ျဖစ္ေသာ္လည္း လြန္စြာမွထိေရာက္လွသည္ပင္။ ျပန္၍ အက်ပ္ကိုင္၍ ေသာ္လည္းေကာင္း ၊ေခ်ာ့၍ေသာ္လည္းေကာင္း၊ေျခာက္၍ေသာ္လည္းေကာင္း ထိုလက္နက္ျဖင့္သာ ဦးမင္းရံ၏ အႏၱရာယ္စက္ကြင္းထဲမွ အၿမဲတေစ လြတ္ေျမာက္လာခဲ့သည္။ သို႔ေသာ္ ယခုတစ္ေခါက္ကမူ မတူညီေခ်။ ဦးမင္းရံ၏ ယခင္ကႏွင့္မတူညီေသာအျပဳအမူက ျပဒါးရံ ၏အစီအစဥ္ကို မေအာင္ျမင္နိုင္ရန္ အရိပ္အေယာင္ျပလ်က္ရွိေနၿပီး ျငင္းဆန္ဖို႔မႀကိဳးစားရန္ တြန္းအားေပးေနသည္။ မည္သို႔ပင္ဆိုေစကာမူ ေခါင္းမာၿပီး လြတ္လပ္မႈကိုသေဘာက်ေသာ ျပဒါးရံက ထိုအျပဳအမူမ်ားအား မသိေက်းကြၽန္ျပဳလ်က္ မ်က္ႏွာေျပာင္တိုက္ကာ ယခင္လုပ္နည္းမ်ားအတိုင္းျငင္းဆန္ျခင္း အမႈကိုစတင္ေလသည္။

"ဒယ္ဒီကလည္း....... ဒယ္ဒီ့ company က ကြၽန္ေတာ္မရွိလဲေအာင္ျမင္ေနတာပဲ မဟုတ္လား ၿပီးေတာ့ထိပ္တန္း company စာရင္းထဲမွာေတာင္ပါဝင္ေနတာ......ေျပာမရဘူး... ကြၽန္ေတာ္ ဒယ္ဒီ့ေနရာကိုလႊဲေျပာင္းယူလိုက္မွျဖင့္ မလုပ္တတ္မကိုင္တတ္ အမွားေပါင္းေသာင္းေျခာက္ေထာင္နဲ႕ company ေဒဝါလီခံရမွာမေၾကာက္ဘူးလား .......ကြၽန္ေတာ္မလုပ္လို႔ မရဘူးလား "။

ျပဒါးရံ၏စကား ဆုံးသည္ႏွင့္ခ်က္ျခင္းပင္ တစ္ဖက္လူက ခြန္းတုန႔္ျပန္လာသည္။

"မရဘူး"

ျပဒါးရံ ေျပာေနေသာစကားမွာ ႐ုတ္တရက္တားဆီးခံလိုက္ရတာေၾကာင့္ႏႈတ္မွ 'ဗ်ာ' တစ္လုံးမွတစ္ပါး အျခားစကားလုံးမ်ားထပ္မံ ထြက္က်မလာေတာ့ေပ။

ဦးမင္းရံကထပ္မံ ဆက္ေျပာသည္။

"မဗ်ာနဲ႕.....company မွာအလုပ္လုပ္ရမယ္။ ၃ရက္ေနရင္ ငါအၿငိမ္းစားယူမယ္ အဲ့ေနရာကိုမင္းကိုလႊဲေပးမယ္ ။ၿပီးေတာ့ မလုပ္တတ္မကိုင္တတ္ တာေတြအတြက္လည္း စိတ္ပူစရာမလိုဘူး ....ေဟမီလို႔အတြင္းေရးမႉး တစ္ေယာက္လုံးရွိေနတာ မင္းလိုအပ္တာမွန္သမွ် ေဟမီအကုန္တာဝန္ယူ ေျဖရွင္းေပးလိမ့္မယ္"။

ျပဒါးရံတစ္ေယာက္ မေၾကနပ္ေသာေလသံႏွႏွင့္ ျငင္းဆန္လည္း ထူးမည္မဟုတ္ေသာေၾကာင့္ င႐ုတ္သီး က်ိုက်စားထားသောရုပ်ဖြင့်သာ ရႈးရႈးရွဲရွဲ လက္ခံလိုက္သည္။

"ေကာင္းၿပီေလ လုပ္ဆိုေတာ့လဲ လုပ္တာေပါ့"။

သားအဖႏွစ္ေယာက္၏ စကားမ်ားမႈအား ယြန္းေဟမီ ပ်ိုမိုကြီးထွားမလာစေရန် ပါးနပ္ေသာနည္းလမ္းမ်ားျဖင့္ လမ္းေၾကာင္းလႊဲလိုက္ေလသည္။ တစ္ခ်ိန္လုံး ၿငိမ္ၿပီးနားေထာင္ေနရာမွ TVရွိရာဘက္သို႔ လက္ညွိုးထိုးလိုက္ၿပီး သာယာတက္ႂကြေသာအသံေလးျဖင့္ စကားေျပာလိုက္သည္။

"ဦးေလး ဟိုမွာတိမ္ယံဆင့္လာၿပီ"။

ယြန္းေဟမီ၏ စကားေၾကာင့္ အကုန္လုံးေျပာလက္စ စကားမ်ားကိုအဆက္ျဖတ္ကာ TV ရွိရာဘက္သို႔မ်က္ႏွာမူလိုက္ၾကသည္။ TV မွာ ျမင္လိုက္ရတဲ့ မ်က္ႏွာတစ္ခုေၾကာင့္ ျပဒါးရံရဲ႕ မ်က္လုံးအစုံဟာက်ဥ္းေျမာင္းလာၿပီး မ်က္ေမွာင္အနည္းငယ္ ၾကဳတ္လာခဲ့သည္။ ဤအမႈအရာက ေသခ်ာေပါက္ေဒါသထြက္ေနသည့္ အမႈအရာပင္ျဖစ္သည္။ လွပသည့္မ်က္ဝန္းတစ္စုံက ရွည္လ်ားက်ဥ္းေျမာင္းသြားၿပီး မသိစိတ္၏လႈံ႕ေဆာ္မႈအရ လက္တစ္ဖက္ကိုလည္း က်စ္က်စ္ပါေအာင္ဆုပ္ထားလ်က္ရွိေနသည္။

တစ္ေငြ႕ေငြ႕ေလာင္ၿမိဳက္ေနေသာ ေဒါသမီးက ျပဒါးရံကိုလႊမ္းၿခဳံေနေသာ္လည္း အသိတရားဟူေသာ စမ္းေရၾကည္ေလးျဖင့္ ထိုမီးေတာက္အား ထိန္းခ်ဳပ္ထားကာ အျပင္သို႔ အံက်မလာပါေစရန္ တားဆီးထားလိုက္ေလသည္။မၾကာေသးခင္ကမွ ျဖစ္ပ်က္ခဲ့သည့္ အျဖစ္အပ်က္တစ္ခုကို ျပဒါးရံ၏ ရႈပ္ေထြးေနသည့္ စိတ္အစဥ္က ျပန္လည္ေတြးေတာလ်က္ရွိၿပီး TVေပၚ ရွိ လွပေခ်ာေမာ၍ စြဲမက္ဖြယ္ေကာင္းေသာ မ်က္ႏွာႏွင့္ဆန္က်င့္စြာ ေမာက္မာရိုင္းစိုင္းေသာ အက်င့္စရိုက္ရွိသည့္ ထိုလူအားသုန္မႈန္လ်က္ မ်က္ေတာင္မခတ္တမ္းစိုက္ၾကည့္လ်က္ ရွိေနသည္။

ျပဒါးရံ ဦးမင္းရံနဲ႕ဖုန္းေျပာေနရင္း အေနာက္ကအရွိန္နဲ႕ ဝင္တိုက္ခံလိုက္ရတာေၾကာင့္ လည္ပင္း အနည္းငယ္နာသြားခဲ့သည္။ နာေနတဲ့လည္ပင္းအား လက္တစ္ဖက္ျဖင့္ ပြတ္သက္ကာ ကားေပၚကဆင္းၿပီးၾကည့္လိုက္ေတာ့ ဝင္တိုက္တဲ့သူက ကားထဲကေတာင္ထြက္မလာတာေၾကာင့္ ကားမွန္ကိုခ်ခိဳင္းၿပီး ဆင္းလာခဲ့ဖို႔ေျပာလိုက္သည္။ ဒါေတာင္တစ္ဖက္လူ၏ မ်က္ႏွာေပးေၾကာင့္ ဝင္တိုက္တဲ့လူက သူလား မိမိလားမသဲကြဲ။ အေလ်ာ္လိုခ်င္လို႔မဟုတ္ေပမဲ့ ထိုသူ႕ဘက္ကစည္းကမ္းမဲ့ေမာင္းလာတာေၾကာင့္ စိတ္တိုၿပီးေအာ္လိုက္မိသည္။ မ်က္ႏွာက ကားဆီေရာက္သြားစဥ္ခဏတြင္ ေနာက္ပိုင္းအနည္းငယ္ခ်ိဳင့္ဝင္သြားသည့္အတြက္ စိတ္တိုလြယ္ေသာျပဒါးရံ ဆြဲထိုးမမိေအာင္ပင္ အေတာ္ထိန္းထားလိုက္ရသည္။

ထို႔ျပင္ တစ္ဖက္လူက ေတာင္းပန္မလာသည့္အျပင္ ပထမဆုံးၾကားလိုက္ရသည့္ 'ဘယ္ေလာက္ေပးရမလဲ ' ဟူသည့္စကားေၾကာင့္ ထိန္းခ်ဳပ္ထားေသား ေဒါသမီးလွ်ံေလးသည္ အတားအဆီးမရွိ ထြက္ေပၚလာေလသည္။ ျဖစ္ေပၚလာေသာေဒါသကို လြတ္လပ္စြာ လြတ္ၿငိမ္းခြင့္ေပးလိုက္ခ်င္ေသာ္လည္း ေနာက္ဆုံးလက္က်န္ အသိတရားတည္းတည္းေလးျဖင့္ ကာဆီးထားလိုက္သည္။ တစ္ဖက္လူက ထို႔ထက္ပိုမိုေက်ာ္လြန္ကာ ရိုင္းစိုင္းလာပါက ျပဒါးရံ၏ ေဒါသသည္ ေပါက္ကြဲသြားမည့္ ဗုံးတစ္လုံးပမာျဖစ္ေနေပလိမ့္မည္။ ယခုအျပင္ဘက္တြင္မူ ထိန္းခ်ဳပ္ထားျခင္းေၾကာင့္ မ်က္ႏွာအနည္းငယ္ ရဲေနသည္မွတစ္ပါး ျပဒါးရံထံတြင္မည္သည့္ အမူအရာကိုမွ် ေတြ႕ျမင္ရမည္မဟုတ္ေပ။

ထို႔အျပင္...... ထိုစကား ဒါကဘယ္လိုေတာင္ တစ္ဖက္လူကိုအထင္ေသးလိုက္တဲ့ စကားလဲ။ေနာက္ဆုံးတြင္ ထိုလူသည္ သူ႕ကတ္ကို လက္ထဲထည့္ေပးသြားသည့္အျပင္ ျပန္ေျပာဖို႔ျပင္ေနသည့္ ျပဒါးရံ၏စကားအစုံကို ဆုံးေအာင္နားမေထာင္ဘဲ ကားေပၚတက္ကာ bye bye ဟု ေလွာင္ေျပာင္ သေရာ္ရင္း တရွိန္ထိုးေမာင္းထြက္သြားေလသည္။
ေတြးရင္း ေတြးရင္း ပိုၿပီးစိတ္တိုလာတာေၾကာင့္ သက္ျပင္းရွည္ႀကီးကိုခ်ၿပီး ဒယ္ဒီ နဲ႕ မမေဟမီ ကိုနားမယ္ဟုေျပာကာ ျပဒါးရံ အိမ္ေပၚသို႔တက္သြားခဲ့သည္။
___________________________________

တစ္ဖက္တြင္မူ တိမ္ယံဆင့္၏ မေျပာမဆိုေျပာက္ကြယ္သြားမူေၾကာင့္ ရွင္း၏အျပစ္တင္ေဝဖန္မႈမ်ားအား နားႏွင့္မဆံ့ေအာင္ ' ဆင့္ ' နားေထာင္ေနရေလသည္။

" ဆင့္....မင္းဘယ္ေတြေရွာက္သြားခဲ့တာလဲ.....ငါဘယ္ေလာက္စိတ္ပူလိုက္ရလဲ သိရဲ႕လား....ၿပီးေတာ့ ပြဲကစေတာ့မွာကို မင္းကေပ်ာက္သြားေတာ့......."

ရွင္း၏ အျပစ္တင္မႈမ်ားအား ဆင့္က ေတာင္းပန္ရင္းရပ္တန႔္လိုက္သည္။

"ေတာ္ပါေတာ့......ရွင္းရယ္....ငါမွားသြားပါတယ္ "

ေလေျပရွင္းတစ္ေယာက္ တိမ္ယံဆင့္ကို ဆက္ဆူမလို႔ျပင္လိုက္ေပမဲ့ စကားအစုံဟာဟန့္တားခံလိုက္ရတာေၾကာင့္ အေတြးတို႔က ကားဆီေရာက္သြားကာ အေရွ႕မီးသီးႏွစ္လုံးကြဲၿပီး ပိန္လိမ္လာတဲ့ကားေၾကာင့္

"ဒါနဲ႕ကားက ဘယ္လိုျဖစ္လာတာလဲ"။

႐ုတ္တရက္အေမးခံလိုက္ရတာေၾကာင့္ ဆင့္ေျပာစရာ စကားအစ ရွာမရျဖစ္ေနသည္။ သူက အျခားကားအား ေနာက္ကေနဝင္တိုက္ၿပီး ျပန္လာသည္ဟု ေျပာရမည္လား မျဖစ္နိုင္ေပ။ သို႔တည္းမဟုတ္ တိမ္ယံဆင့္လိုမင္းသားတစ္ေယာက္က လူတစ္ေယာက္၏ ကားကိုဝင္တိုက္ၿပီး မေတာင္းပန္ပဲ ေလွာင္ေျပာင္စေနာက္ခဲ့သည္ဟုေျပာရမည္လား ပိုလို႔ေတာင္မျဖစ္နိုင္ေသးေပ။ထို႔ေၾကာင့္ ရွင္း အားေျပာမျပရန္ပင္ ေ႐ြးခ်ယ္လိုက္သည္။

"အမ္......ေအာ္....အဲ့တာငါ.......ေနာက္မွေအးေဆးေျပာျပမယ္ကြာ......အဲ့တာကိုအရင္ ဝက္ေရွာ့ပို႔ေပးဦး"

ရွင္း၏ ကားအေၾကာင္းစကားစမႈေၾကာင့္ ညွိုးႏြမ္းေနသည့္ ဆင့္ရဲ႕စိတ္အစဥ္ဟာ လြန္ခဲ့တဲ့နာရီဝက္ဆီသို႔ ျပန္လည္ဆြဲယူ ေခၚေဆာင္ျခင္းခံလိုက္ရသည္။

အဲ့ခ်ိန္တုန္းက ေရွ႕ကလာပိတ္ၿပီး ေမာင္းေနတဲ့အ႐ူးကားကို ေက်ာ္တက္လို႔လဲမရတာေၾကာင့္ တစ္ျခားလမ္းကသြားမည္ဟု ဆုံးျဖတ္ကာ တစ္ဖက္ကိုေကြ႕ခ်လိဳက္ေလသည်။ အခ်ိန္မရတာေၾကာင့္ ေမာင္းေနတဲ့အရွိန္ကိုမေရွာ့ပဲ ေကြ႕ခ်လိဳက္သည့္အတြက္ ေရွ႕က ပုံမွန္ပဲေမာင္းေနသည့္ကားကို ဝင္တိုက္မိသြား ေလသည္။ ထို႔အျပင္ပြဲကလည္း အေတာ္ေနာက္က်ေနၿပီမို႔ ျဖစ္ေပၚလာေသာစိတ္ခံစားခ်က္မ်ားအား ကားစတီယာတိုင္အေပၚ ပုံခ်လ်က္ စိတ္ႀကိဳက္ရိုက္ႏွက္ေနမိသည္။

ထို႔ေနာက္ ေဘးမွတစ္စုံတစ္ရာက ကားမွန္ခ်ခိဳင္းသည့္ သေဘာျဖင့္ကားတံခါးလာေခါက္သည့္ အသက္မတိမ္းမယိမ္း လူတစ္ေယာက္ေၾကာင့္ မွန္ခ်ကာ ေမးဆတ္ျပလိုက္သည္။ ထိုသူ႕ဘက္က ယာဥ္စည္းကမ္း လမ္းစည္းကမ္းေတြအေၾကာင္းေျပာလာၿပီး ေနာက္ဆုံးေတာ့လည္း ကားေလ်ာ္ေၾကးေတာင္းတဲ့ဆီစကား စလာတာေၾကာင့္ 'ဘယ္ေလာက္ေပးရမလဲ ' ဟုပင္ တန္းေမးလိုက္သည္။ တစ္ဖက္လူ၏ ေဒါသထြက္ေနေသာအမူအရာကို ရိပ္မိေသာ္လည္း မသိေက်းကြၽန္ျပဳလ်က္ ပိုမိုစေနာက္ကာ အ႐ြဲ႕တိုက္တတ္သည္မွာ တိမ္ယံဆင့္၏ ျဖစ္ေပၚလာခဲေသာ စိတ္ခံစားမႈေလးပင္ျဖစ္သည္။

မ်က္ဝန္းအိမ္ထဲ ဝင္ေရာက္လာေသာကားတို႔၏ ပုံပန္းသ႑ာန္တြင္ ထိုသူ႕၏ကား ေနာက္ပိုင္းအနည္းငယ္ ခ်ိဳင့္သြားတာအျပင္ တိမ္ယံဆင့္ရဲ႕ကားကလည္း မီးသီးႏွစ္လုံးအက္ကြဲသြားၿပီး အေရွ႕ပိုင္းအနည္းငယ္ ခ်ိဳင့္ဝင္သြားေလသည္။ အလ်င္လိုေနသည့္အတြက္ 'ဆင့္' မ်ားမ်ားစဥ္းစားမေနေတာ့ဘဲ ရွင္း၏ manager ကတ္ကိုေပးထားခဲ့ကာ bye bye ျပၿပီးတရွိန္ထိုးေမာင္းထြက္လာခဲ့ျခင္းျဖစ္သည္။
___________________________________

"သား...ျပဒါးရံ "

"ဟုတ္ကဲ့.... ဒယ္ဒီ "

ဦးမင္းရံရဲ႕ ထမင္းစားခန္းတြင္ထိုင္ကာ လွမ္းေခၚမႈေၾကာင့္ ျပဒါးရံ တစ္ေယာက္အိမ္ျပင္ထြက္ဖို႔ျပင္ေနတဲ့ ေျခလွမ္းအစုံကိုရပ္တန့္လိုက္ၿပီး ထမင္းစားခန္းထဲသို႔ ဝင္သြားလိုက္သည္။ မင္းစားခန္းထဲတြင္ ဦးမင္းရံႏွင့္ မ်က္ႏွာခ်င္းဆိုင္ထိုင္လိုက္ၿပီး ထိုသူ၏စကားအစုံကို အသံတိတ္လ်က္နားေထာင္ေနလိုက္သည္။

"ဒီေန႕company ကိုလိုက္ခဲ့...... အစည္းအေဝးက်င္းပၿပီး သားကိုဒယ္ဒီ့ေနရာလႊဲေပးမယ္.......သားလဲ ၂၂ႏွစ္ ေရာက္ေနၿပီပဲ ဒယ္ဒီ့ လုပ္ငန္းအတြက္ဦးေဆာင္သင့္တဲ့အ႐ြယ္ေရာက္ေနၿပီ "။

ျပဒါးရံ လည္းဒီတစ္ႀကိမ္ေတာ့ သူ႕အေဖကိုလြန္ဆန္လို႔မရေတာ့မွန္း သိေနသည္။ အႀကိမ္ေပါင္းမ်ားစြာ ျငင္းဆန္ခဲ့ေပမဲ့ ေနာက္ဆုံး ဒီလို႔ေန႕ေရာက္လာမည္ဆိုတာကိုသူသိေနခဲ့သည္။ တာဝန္ကိုေရွာင္ေျပးလို၍ ျငင္းဆန္ေနခဲ့ျခင္းမဟုတ္ေပမဲ့ လြတ္လပ္တဲ့ လူငယ္ဘဝကိုသူအေတာ္ပင္ျမတ္နိုးသည္။ သူရဲ႕ငယ္႐ြယ္မႈကို အလုပ္တာဝန္ေတြၾကားထဲနစ္ျမဳပ္ကုန္ဆုံးရမည္ကို အမွန္ပင္မႏွစ္သက္ေခ်။ သို႔ေသာ္ ျပဒါးရံ တစ္ေယာက္သူ႕အေဖကိုကတိေပးၿပီးၿပီျဖစ္သည့္အတြက္ ကတိအတိုင္းေက်ပြန္ေအာင္ အေကာင္းဆုံးႀကိဳးစားအားထုတ္ရေတာ့မည္ျဖစ္သည္။ ထို႔ေၾကာင့္ ဦးမင္းရံစိတ္ေၾကနပ္ေစမဲ့ စကားလုံးတို႔ကိုေ႐ြး၍ အေကာင္းဆုံးၿပဳံးလ်က္ ျပန္လည္ တုန့္ျပန္ေျပာဆိုလိုက္သည္။

"ဟုတ္ကဲ့....... ဒယ္ဒီ.... ကြၽန္ေတာ္ႀကိဳးစားပါ့မယ္"
____________________________________

မနက္စာစားအၿပီးတြင္ ျပဒါးရံတို႔ company ရွိရာဆီသို႔ဦးတည္ထြက္ခြာလာၾကသည္။
Company ထဲစဝင္လာခ်င္းမွာပင္ ယြန္းေဟမီက ဦးမင္းရံကိုရိုေသစြာႏႈတ္ဆက္ၿပီး ျပဒါးရံကိုမူ အလွဆုံးၿပဳံးျပလ်က္ အစည္းအေဝးခန္းထဲသို႔ ျပဒါးရံတို႔ႏွင့္အတူ လိုက္ပါလာခဲ့သည္။အစည္းအေဝးခန္းအတြင္းသို႔ သြားရာလမ္းတစ္ေလွ်ာက္တြင္ စီစဥ္ထားသည္မ်ားမလြဲေခ်ာ္ေစရန္ ယြန္းေဟမီအား ဦးမင္းရံက ထပ္မံေမးျမန္းလ်က္ရွိၿပီး ျပဒါးရံကမူ တိတ္ဆိတ္စြာလိုက္ပါလာသည္။

"ေဟမီ...အစည္းအေဝးခန္းထဲမွာ လူစုံေနၿပီလား"

"ဟုတ္ကဲ့....... အားလုံးအဆင္သင့္ပါပဲဦးေလး"

"ဒါဆို သြားရေအာင္"

အစည္းအေဝးခန္း တံခါးကိုဖြင့္ၿပီးဝင္လိုက္သည္ႏွင့္ တၿပိဳင္နက္ အေယာက္၂၀ခန့္ရွိေသာထိုင္ေနသည့္ ရွယ္ယာရွင္မ်ားအားလုံး မတ္တပ္ရပ္လာၾကသည္။ထို႔ေၾကာင့္ ဦးမင္းရံက စကားစကာေျပာလိုက္သည္။

"ထိုင္ၾကပါ.....ဒါကြၽန္ေတာ့္သားျပဒါးရံပါ။ ဒီေန႕ အစည္းအေဝးေခၚရတာက CEO ေနရာကို ကြၽန္ေတာ့္သားျပဒါးရံကိုလႊဲေျပာင္းေပးခ်င္လို႔ပါ"။

ထို႔ေနာက္ ဦးမင္းရံက ျပဒါးရံ ဘက္လွည့္ကာ အသံျပဳၿပီးေခါင္းၿငိမ့္အခ်က္ျပလိုက္တာေၾကာင့္ ျပဒါးရံ သူ႕ကိုယ္သူမိတ္ဆက္လိုက္သည္။

" ကြၽန္ေတာ့္နာမည္က ျပဒါးရံပါ။ ဦးမင္းရံရဲ႕ တစ္ဦးတည္းေသာသား.... ဒီcompanyရဲ႕ အေမြဆက္ခံသူပါ ။ အသက္ငယ္ေသးတယ္ဆိုေပမဲ့ companyကို ဦးေဆာင္နိုင္မယ့္ ယုံၾကည္ခ်က္ ကြၽန္ေတာ့္မွာအျပည့္ရွိပါတယ္"

ျပဒါးရံ ရဲ႕စကားဆုံးသည္ႏွင့္ ဦးမင္းရံက အေျခအေနတစ္ရပ္အားေၾကညာလိုက္သည္။

" ရံေလးကို CEOေနရာေပးခ်င္ေပမဲ့ ကြၽန္ေတာ့္ဆႏၷတစ္ခုတည္းနဲ႕မၿပီးမွန္း သိပါတယ္။ဒါေၾကာင့္ အားလုံးကို မဲခြဲၿပီးဆုံးျဖတ္ဖို႔ အစည္းအေဝးေခၚလိုက္တာပါ။ ရံေလးကို ကန့္ကြက္ခ်င္သူမ်ားရွိရင္ လက္ေထာင္ေပးၾကပါ။"

ဦးမင္းရံေျပာလိုက္သည္ႏွင့္ အားလုံးကတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး တီးတိုးေျပာဆိုေနၾကသည္။ အခ်ိန္အေတာ္အတန္ၾကာသည္အထိ အစည္းအေဝးခန္းထဲတြင္ လက္ေထာင္ၿပီး ကန့္ကြက္သူ တစ္ေယာက္တစ္ေလေတာင္မွေပၚမလာခဲ့။ ျပဒါးရံတစ္ေယာက္ ေတြးေတာမိသည္ ထိုသူမ်ားသည္ လက္ရွိCEOရဲ႕သားျဖစ္ေနေသာေၾကာင့္ သူ႕အားမကန့္ကြက္ရဲၾကသည္ေလာ သို႔တည္းမဟုတ္ CEO ျဖစ္လာေတာ့မည့္သူ႕အား မ်က္ႏွာလိုခ်င္၍ မကန့္ကြက္သည္ေလာ အခ်ိန္အေတာ္အတန္ၾကာသည္အထိ အေျဖရွာ၍မရခဲ့ေခ်။

သို႔သည့္တိုင္ ထိုလူမ်ားသည္ ယခုခ်ိန္ထိ ကန့္ကြက္မည္ေလာ ေထာက္ခံမည္ေလာကို ေဝခြဲစဥ္းစား၍မရၾကေသးေခ်။ အခ်ိဳ႕ကမူ လက္ေထာင္မည္ဟုဆုံးျဖတ္ၿပီးကာမွ လမ္းတစ္ဝက္အေရာက္တြင္ ထိုလက္အားျပန္လည္းခ်ပစ္ခဲ့ၾကသည္။ အခ်ိဳ႕ကမူ ဘယ္ဘက္လွည့္လိုက္ ညာဘက္လွည့္လိုက္ျဖင့္ အခ်ိန္အေတာ္ၾကာ ေမးျမန္းေဆြးႏြေးၿပီးေသာ္လည္း စိတ္ေၾကနပ္ေသာဆုံးျဖတ္ခ်က္ကိုမခ်နိဳင္ေသးေပ။ ယခုအေျခအေနအတိုင္းသာ ဆက္သြားမည္ဆိုပါက သူ႕အားကန႔္ကြက္မည့္သူ တစ္ေယာက္ေတာင္မွ ေပၚလာခဲ့မည္မဟုတ္ေပ။
ျပဒါးရံ တစ္ေယာက္ထိုအေျခအေနအားၿငီးေငြ႕သလိုရွိလာသည့္ အခ်ိန္တြင္ ရဲရင့္ၿပီးျပတ္သားတဲ့ အသံတစ္သံက သူနားအတြင္းသို႔ ရွင္းရွင္းလင္းလင္း စီးနင္းဝင္ေရာက္လာခဲ့သည္။

"ကြၽန္မ ကန့္ကြက္ပါတယ္"

ဦးမင္းရံ၏ ညာထက္ျခမ္းတြင္ ထိုင္ေနေသာ အစည္းအေဝးခန္း ရွယ္ယာရွင္မ်ားအထဲမွ တစ္ဦးတည္းေသာ အမ်ိဳးသမီးက လက္ေထာင္ၿပီး ကန႔္ကြက္လိုက္ျခင္းျဖစ္သည္။
ထိုမိန္းမပ်ိဳ၏ အသြင္သ႑ာန္သည္ ထက္ျမက္ပုံေပၚၿပီး ရဲရင့္ဟန္လည္း ေပၚေပသည္။ လွပသည့္ခႏၶာကိုယ္အခ်ိဳးအစားႏွင့္ကိုက္ညီကာ ဝတ္စားဆင္ယင္မႈမွာလည္း အေနာက္တိုင္းဆန္လွသည္။ ေက့်ာရွင္းၿပီး လွပသည့္ခႏၶာကိုယ္ေၾကာင့္ ေယာက္်ားေလးမ်ားသည္သာမက မိန္းကေလးမ်ားကပင္ ေလးစားအားက်ရေလသည္။

သာမာန္မိန္းကေလးထက္ရွည္ေသာ အရပ္ေၾကာင့္ အျမင္အာ႐ုံထဲတြင္သူမက ထူးျခားစြာသတိထားမိလြယ္သည့္ပုံစံပင္ျဖစ္သည္။ ျဖဴစင္သည့္အသားအေရႏွင့္ ဆန္းျပားသည့္ အေပၚပိုင္း ခါးတိုအကၤ်ီအနက္ေရာင္ႏွင့္ ေျခမ်က္စိထိေအာင္ရွည္လ်ားေနေသာ အျဖဴေပၚတြင္ အမဲအစင္းေၾကာင္းမ်ားပါဝင္သည့္ ေဘာင္းဘီအရွည္ကို လိုက္ဖက္မႈရွိစြာ တြဲဖက္ဝတ္ဆင္ထားသည္။ ႏႈတ္ခမ္းသားမ်ားကမူ အျခားမိန္းကေလးမ်ားႏွင့္ ဆန႔္က်င္စြာ အနည္းငယ္ ထူထဲၿပီး ေသသပ္စြာဆိုးထားေသာ ေသြးအျဖစ္ထင္မွားရေလာက္သည့္ တစ္နည္း အလွ်ံရဲရဲေတာက္ေနသည့္ ငရဲျပည္မွ မီးေတာက္သဖြယ္ နီရဲလ်က္ရွိေသာ အေရာင္ကို ႏႈတ္ခမ္းသားအေပၚ လွပစြာ တန္ဆာဆင္ထားေလသည္။

မ်က္ဝန္းအိမ္မွာမူ နက္ရွိုင္းလ်က္ ျမင္ရသူကို အၾကည့္မလႊဲနိုင္ေအာင္ ဆြဲေဆာင္စြမ္းရွိေလသည္။ ထိုမ်က္ဝန္းမ်ားတြင္ အၿမဲတေစထည့္သြင္း ပုံေဖာ္ထားျခင္းခံရသည့္ သူမ၏မာနမ်ား ၊သာမာန္မိန္းကေလးထက္ပို၍ ရဲ႕ရင့္ျပတ္သားျခင္းမ်ား၊ ေထာင္ေခ်ာက္သဖြယ္ မာယာမ်ားသည့္ဆြဲေဆာင္မႈမ်ား ၊ေသြးေအးရက္စက္မႈမ်ား စသည့္ အရိပ္အေယာင္မ်ားကို သူမ၏ မ်က္ဝန္းထဲတြင္ ထင္ရွားစြာျမင္ေတြ႕ရေလသည္။ ေယာက္်ားသားမ်ားအားလုံးက မိမိစိတ္အလိုက် ဆုံးျဖတ္ရမည္ကို မရဲမတင္းျဖစ္ေနေသာ္လည္း သူမ ျပတ္သားစြာပင္ အားလုံးႏွင့္ဆန႔္က်င့္၍ CEOရဲ႕သားျဖစ္သူကို ကန႔္ကြက္ခဲ့ေလသည္။

ျပဒါးရံသိလိုစိတ္ျဖင့္ အနားမွာရွိတဲ့ ယြန္းေဟမီကိုေမးလိုက္သည္။

"သူက ....ဘယ္သူလဲ"

သူ၏အေမးစကားအား ယြန္းေဟမီကစကၠန႔္မလတ္ အေျဖျပန္ေပးေလသည္။

"ဒီ company ရဲ႕ ဒုတိယရွယ္ယာအမ်ားဆုံး၊ သူ႕နာမည္က မာယာသစၥာ ၊ သစၥာၿမိဳင္စံအိမ္ေတာ္ရဲ႕သမီးအႀကီး" ၊ ထို႔ေနာက္သူမကေခတၱရပ္နားလိုက္ၿပီး အေလးအနက္ထား၍ျပန္လည္ေျဖၾကားေလသည္ ။

"မမရဲ႕ငယ္သူငယ္ခ်င္းပဲ" ဟုေျပာၿပီး ကြၽန္ေတာ္တို႔အားလုံးအသည္းအေဝးခန္းရဲ႕ ကန့္ကြက္သူဆီပဲ အာ႐ုံစိုက္လိုက္ၾကသည္။

ထို႔ေနာက္သူမက ႏွင္းဆီနီပမာ ရဲရဲေတာက္ေနသည့္ ႏႈတ္ခမ္းႏွစ္လႊာအား ဖြင့္ဟ၍ စကားတို႔ကို စတင္ေျပာလိုက္သည္။

"ခုမွေရာက္လာတဲ့ လူတစ္ေယာက္ဆီကို company တစ္ခုလုံး ဘာကို ယုံၾကည္ၿပီးအပ္ရမွာလဲ"။

သူမ၏အသံတြင္ ၾသဇာအာဏာတို႔ ပါဝင္ေနသည့္အျပင္ ေမာက္မာမူေလးကပါ ဒြန္တြဲလ်က္ရွိၿပီး စကားတစ္ခြန္းစီတိုင္းကို ျပတ္ျပတ္သားသား ႏွင့္ရွင္းရွင္းလင္းလင္း ေျပာသြားခဲ့သည္။ၿပီးေနာက္သူမက က်န္ရွိေနေသာစကားမ်ားကို ဆက္၍ ေျပာလိုက္ျပန္သည္။

"သူ႕မွာဘယ္ေလာက္ အစြမ္းအစရွိလဲဆိုတာလည္း သိရေသးတာမဟုတ္ဘူး......company အလုပ္က ကေလးကစားစရာမဟုတ္ဘူး "

မာယာသစၥာက ယုံကျည္ခ်က္ အျပည့္ျဖင့္ဆက္ေျပာလာခဲ့သည္။

"ဒါေၾကာင့္ .......ဒီ companyရဲ႕ ဒုတိယ ရွယ္ယာအမ်ားဆုံး 'ကြၽန္မ' မာယာသစၥာ က....companyရဲ႕ CEO ဦးမင္းရံရဲ႕သား ျပဒါးရံကို.....ကန့္ကြက္ပါတယ္"။

ျပဒါးရံတစ္ေယာက္ ဤအေျခအေနတြင္ေတာ့ မသိေက်းကြၽန္ျပဳ၍ မေနနိုင္ေတာ့ေပ။ မဟုတ္လွ်င္ သူ႕အေပၚထားရွိတဲ့ သူ႕ဒယ္ဒီ့ရဲ႕ ေမွ်ာ္လင့္ခ်က္အားလုံး ယခုအေျခအေနေၾကာင့္ပ်က္စီးသြားနိုင္သည္ပင္ မဟုတ္ပါလား။ ထို႔အျပင္သူကိုယ္တိုင္ကလည္း company ကို ဦးေဆာင္ပါ့မည္ဟု ကတိေပးၿပီးသားျဖစ္ေနေသာေၾကာင့္ ထိုကတိအား ေက်ပြန္ေအာင္ ေဆာင္႐ြက္ေပးခ်င္သည္ပင္။ ေလာကမွာ သူအမုန္းဆုံးက ေပးၿပီးသားကတိကိုဖ်က္ျခင္း ႏွင့္ အရႈံးကို ရင္ဆိုင္ရျခင္းပင္ျဖစ္သည္။ ထို႔ေၾကာင့္ မာယာသစၥာအား စကားစမည္ ေျပာလိုက္သည္။အသံကမူ လြန္စြာေပ်ာ့ေပ်ာင္းေနျခင္းမ်ိဳးေတာ့ မဟုတ္။

"ကြၽန္ေတာ့္မွာ ဘယ္ေလာက္အရည္အခ်င္းရွိလဲဆိုတာ မသိေသးဘူးလို႔ေျပာခဲ့တယ္မလား။ ကြၽန္ေတာ္စုံစမ္းထားသေလာက္ဆို လာမဲ့ဒီဇိုင္းၿပိဳင္ပြဲမွာ KKကလည္း ပါဝင္ယွဥ္ၿပိဳင္မယ္လို႔ၾကားတယ္။
ဒါဆိုကြၽန္ေတာ့္အရည္အခ်င္းကို စစ္ေဆးတဲ့အေနနဲ႕ လာမဲ့ဒီဇိုင္းၿပိဳင္ပြဲမွာ company ကဝင္ၿပိဳင္မဲ့ဒီဇိုင္းကို ကြၽန္ေတာ္က တာဝန္ယူတယ္ဆိုရင္ေကာ......."

ေျပာလက္စကားအား ျပဒါးရံက ရပ္နားလိုက္ၿပီး အားလုံးရဲ႕အမူအယာကိုအကဲခတ္ၾကည့္လိုက္သည္။ ေမွ်ာ္လင့္ထားသည့္အတိုင္းပင္ အံ့ဩမႈ၊မင္သက္မႈ တို႔ကအားလုံး၏ မ်က္ႏွာထက္တြင္ေနရာယူထားၾကေလသည္ ဦးမင္းရံႏွင့္ ယြန္းေဟမီ ပါမက်န္၊ မာယာသစၥာကေတာ့ခြၽင္းခ်က္ပင္ျဖစ္သည္။ ျပဒါးရံက ဆက္ေျပာသည္။

" တကယ္လို႔ ကြၽန္ေတာ္တာဝန္ယူထားတဲ့ ဒီဇိုင္းက အေ႐ြးမခံရရင္ CEOေနရာကေနႏုတ္ထြက္ေပးမယ္....ေနာက္လဲ companyနဲ႕ ဘယ္ေတာ့မွမပက္သတ္ေတာ့ဘူး...... ေအာင္ျမင္ခဲ့ရင္ေတာ့ ......CEO ေနရာကကြၽန္ေတာ့္အတြက္ပဲ"

ျပဒါးရံရဲ႕ စကားအစုံအား မာယာသစၥာက ေလွာင္ၿပဳံးတစ္ခုကို ခ်ိတ္ဆြဲလ်က္ ျပန္လည္အေျဖေပးလိုက္သည္။

"မင္းအထင္......ဒီဇိုင္းၿပိဳင္ပြဲကိုလည္း ကေလးကစားစရာလို႔ ထင္ေနတာလား။ KKရဲ႕ အဓိကေအာင္ျမင္ေနရတဲ့အေၾကာင္းျပခ်က္က ၃ႏွစ္တစ္ႀကိမ္က်င္းပတဲ့ fashion star ၿပိဳင္ပြဲမွာ ပထမေနရာကိုယူထားနိုင္လို႔ပဲ။ မင္းရဲ႕ ဘာမဟုတ္တဲ့အရည္အခ်င္းကို ျပသဖို႔အတြက္ company ရဲ႕ထိခိုက္နစ္နာမႈကိုလည္းထည့္ၿပီး စဥ္းစားၾကည့္ဖို႔လိုတယ္" ။

သူမ၏အသံသည္ တိုးညွင္းသည္လည္းမဟုတ္ က်ယ္ေလာင္သည္လည္းမဟုတ္ေသာ္လည္း ျပဒါးရံ၏နားအတြင္းကိုမူ မိုးၿခိမ္းသံပမာ ျပတ္သားစြာဝင္ေရာက္လာၿပီးေမႊႏွောက္သြားေလသည္။ ၾကားရသူကိုပင္ ၾကက္သီးျဖန္းျဖန္းထေစၿပီး ေၾကာက္မက္ဖြယ္စိတ္အေျခအေနကို ေပးစြမ္းနိုင္ေလသည္။ အသံထဲတြင္ပါဝင္ေရာယွက္ေနေသာ လူသတ္ခ်င္သည့္အေငြ႕အသက္မ်ားကိုမူ ျပဒါးရံတစ္ေယာက္ကသာ ထူးျခားစြာရိပ္မိေလသည္။

ဦးမင္းရံ အပါအဝင္ အျခားေသာလူမ်ားသည္ သူတို႔ႏွစ္ေယာက္၏ စကားစစ္ထိုးေနမႈအား ၿငိမ္သက္စြာ နားေထာင္ေနၾကေလသည္။

သူမ၏အေျဖျပန္ေပးမႈကို ေဒါသမထြက္ဖူးဆိုလွ်င္ျပဒါးရံ လိမ္ရာက်ေပလိမ့္မည္။ ေယာက္်ားတစ္ေယာက္အေနႏွင့္ မိန္းမတစ္ေယာက္ဆီမွ အထင္အျမင္ေသးျခင္းကို ခံရလိမ့္မည္ဟု သူဘယ္တုန္းကမွ ေမွ်ာ့္လင့္မထားခဲ့၊ သူ႕ဘဝတြင္ထိုကဲ့သို႔ အထင္ေသးခံရမည္ဟုလည္း အေတြးႏွင့္ပင္မေတြးဘူးခဲ့ေပ။ သို႔ေသာ္ယေန႕တြင္ မာယာသစၥာက သူအားထိုကဲ့သို႔ စိမ္ေခၚလာခဲ့သည္ပင္။ ေခါင္းငုံ႕မခံတတ္ေသာ စိတ္ဓာတ္ေၾကာင့္ ျပဒါးရံ ခ်က္ခ်င္း အဖြေပြန်ပေးလ်ိုက်သည်။

"စိတ္မပူပါနဲ႕ ......အဲ့လိုကိစၥမ်ိဳး ဘယ္ေတာ့မွျဖစ္လာမွာမဟုတ္ဘူး"။

မာယာသစၥာကဆက္ေျပာသည္။

"ငါကေတာ့ မင္းလက္နက္ခ်ၿပီး company ကထြက္သြားမဲ့အခ်ိန္ကို ေစာင့္ေနမယ္"။

ထို႔ေနာက္သူမက ထြက္သြားေတာ့မယ္ျပင္လိုက္ၿပီးမွ စကားတစ္ခုအားသတိရသြားဟန္ျဖင့္ ေနာက္လွည့္ကာ က်န္ရွိေနတဲ့စကားအခ်ိဳ႕ကို ထပ္မံဆက္ေျပာလိုက္သည္။

"ၿပီးေတာ့ စိတ္မရွိပါနဲ႕..... ေအာင္ပြဲက ငါ့အတြက္ပဲျဖစ္ရမယ္ "။

ျပဒါးရံတစ္ေယာက္ မာယာသစၥာရဲ႕စကားကိုခပ္ဖြဖြရယ္လိုက္ရင္း ေအးစက္ေသာတည္ၾကည္ေသာ မ်က္လုံးအစုံျဖင့္ ေလးနက္စြာ သူမမ်က္ဝန္းကို စိုက္ၾကည့္ၿပီး ေျပာလိုက္သည္။

"ႏွေမွ်ာစရာပဲ..... ကြၽန္ေတာ့္ဒ႑ာရီမွာလည္း အရႈံးဆိုတာမရွိဘူး"။

"အဲ့တာက..... အခ်ိန္တန္လာရင္ အေျဖေပၚလာမဲ့ ကိစၥပဲ...... မင္းစကားကို အကုန္မေျပာသင့္ဘူး"
ဟုဆိုကာ မာယာသစၥာ တစ္ေယာက္အစည္းအေဝးခန္းမကေန ဦးစြာထြက္ခြာသြားသည္။

အခ်ိန္အေတာ္အတန္ၾကာ တိတ္ဆိတ္သြားေသာ ပတ္ဝန္းက်င္အေျခအေနအား ဦးမင္းရံက စတင္ၿဖိဳခြဲလိုက္သည္။

"အားလုံးလဲ ဒီအစီအစဥ္ကို လက္ခံမယ္လို႔ထင္ပါတယ္...... ဒါဆိုအစည္းအေဝးကိုဒီမွာပဲသိမ္းၾကတာေပါ့"။

Continue Reading

You'll Also Like

57K 2.7K 12
ဘုရားစင္ေရွ႕ ပန္းေလးတစ္ပြင့္လွဴျပီး ဆုေတာင္းလိုက္ၾကတာ အမိ်ဳးစံုပါပဲ ၊၊ ပုထုဇဥ္ျဖစ္တဲ႕ကိုယ့္မွာလည္း ျဖစ္ခ်င္တဲ႕ဆႏၵေတြ တအားမ်ားတယ္၊၊ တန္ခိုးရွင္တစ္ဦးဥ...
1.7M 206K 163
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
289K 22.8K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
136K 5.6K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။