PETRICHOR || VMIN

By Yimmy95

86.9K 13K 836

မိုးရေနဲ့မြေပြင် ပနံသင့်စွာပေါင်းဖက်ပြီး ဖြစ်ပေါ်လာတဲ့ Petrichor. ကိုယ်မြတ်နိုးရတဲ့ Petrichor. မင်းဟာ ကိုယ့်ရ... More

နိဒါန်း
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20(Final)
PETRICHOR
Extra
Hello!!!
🌨️🌿

Extra (Bonus Chapter)

3.8K 474 56
By Yimmy95

Unicode

"Petrichor"

"ဒါဘာလုပ်တာလဲပြော"

လမ်းပေါ် တရှုံ့ရှုံ့ငိုနေသည့် ကောင်လေးအား ကားပေါ်ဆွဲခေါ်ပြီး မောင်းထွက်ခဲ့သည်ကြောင့် ဆူဆူအောင့်အောင့်နှင့် ထယ်ယောင်းကို ရန်တွေ့နေပြန်သည်။

"ဂျီမင်းလေးကို ခိုးပြေးလာတာပေါ့"

"ဟင် . . ဟိုမှာမင်္ဂလာပွဲက တန်းလန်းကြီးလေ ပြန်လှည့် ပြန်လှည့် အခုပြန်လှည့်"

နှာသီးထိပ်လေးတွေအပြင် မို့မို့ဖောင်းဖောင်းပါးနှစ်ဖက်ပါ ရဲရဲနီနေသော ကလေးငယ်အား ထယ်ယောင်း ဆက်ပြီး မစရက်တော့ပေ။ သို့သည့်တိုင် သူ အမှန်သာဆိုနေခြင်းပင်။ သူကလေးကို ခိုးပြေးလာတာ။

"ကိုယ် နမ်ဂျွန့်က်ို မနေ့ညကတည်းက ဖုန်းဆက်ထားတယ် ကလေးကို ဒီနေ့ခိုးပြေးမှာပါလို့"

"ဟွန့် .  .အဲ့တော့ ယောက်ဖနဲ့ ပေါင်းကြံတာပေါ့"

စိတ်ကောက်သွားသလို နှုတ်ခမ်းငယ်ကို သိသိသာသာ ဆူထော်ထားပြီး ထယ်ယောင်းနှင့် ဆန့်ကျင်ဘက်ကို မျက်နှာမူသွားသည့် Petrichorငယ်။

ထိုကလေးလေးက ဘယ်လောက်တောင် အသည်းယားဖွယ် ကောင်းလိုက်လေလဲ။

ကားမှန်ကို အနည်းငယ်ဟထားသည်ကြောင့် မိုးစက်တချို့နှင့် လေအေးအေးတို့က ဂျီမင်းမျက်နှာပေါ်  ဖြတ်တိုက်နေ၏။

"အအေးမိမယ် ကလေးရဲ့"

စောစောကလည်း မိုးရွာထဲ သည်အတိုင်း ရပ်နေခဲ့သည်မို့ ကလေးပေါက်စ အအေးမမိစေရန် ကားမှန်ကိုပြန်တင်လိုက်ရသည်။

စနေနေ့လေး၏ နက်ပြာရောင်ကောင်းကင်ပြင်အောက် လမ်းမပေါ်က ကားငယ်လေးဟာ Petrichorငယ်လေး၏ ခိုနားရာဆီသို့။

မိုးဖွဲလေးများကတော့ သူတို့နှစ်ဦး၏ အချစ်သက်သေ သို့တည်းမဟုတ် ဆုလာဒ်ပေါ့။

မှောင်ရိပ်သန်းလာသည်နှင့်အမျှ မိုးမှာ ပိုပိုသဲလာလေသည်။ တောင်ပတ်လမ်းပေါ်က ကားငယ်လေးဟာ ချစ်သူနှစ်ဦးအား ထမ်းပိုးလို့ ဆက်လက်မောင်းနှင်စဲ။

ဘေးနားမှာ အိပ်ပျော်နေပြီဖြစ်သည့် ချစ်ရသူလေးအား နွေးထွေးသွားစေရန် ထယ်ယောင်းသူ့ အပေါ်ဝတ်ကို ခြုံပေးလိုက်သည်။ ကားစီယာတိုင်ပေါ်က လက်ချောင်းတွေဟာလည်း ရေဒီယိုက လာသည့် သီချင်းသံလေးအတိုင်း လှုပ်ရှားနေ၏။

အနောက်ဘက် တောင်တတ်လမ်းက တတ်လာသည်မို့ ပိုကြာသွားရပြီး အချိန်မှာ ညနေ​ငါးနာရီလောက်ရှိပြီဖြစ်သည်။

အဝါရောင်ပန်းပွင့်လေးများ၏ အသိုက်မြုံသို့ရောက်သည့်တိုင် ဘေးက အကောင်ငယ်လေးဟာ အိပ်လို့ကောင်းတုန်း။

"ဂျီမင်း"

တိုးလျညင်သာလှသော​ ခေါ်သံလေးနှင့်ပင်ကလေးငယ်ဟာ အိပ်နေရာမှ လူးလွန့်လာသည်။ အသံသေးသေးလေးတွေ ထွက်လာသည်အထိ ပျင်းကြောဆန့်ရင်း ကလေးငယ်ဟာ ကားမှန်ကတဆင့် ပတ်ဝန်းကျင်ကို တစ်ချက် စူးစမ်းကြည့်၏။

"ဟင်"

ပြီးမှ တစ်ခုခုသဘောပေါက်သွားဟန်ဖြင့် မျက်ဝန်းအိမ်လေးတွေဟာ ပြူးကျယ်လာရှာသည်။

"အိမ်ရောက်ပြီ ထတော့"

မပြောင်းလဲသေးဘဲ အဝါရောင်ပန်းပွန်လေးများ နွယ်တတ်နေသော ခြံစည်းရိုးဝင်းလေးထဲက တောင်ပေါ်အိမ်ငယ်လေးဟာ လူကြီးနှင့် petrichorတို့ရဲ့ တစ်ခုတည်းသော ခိုးနာရာလေးပေါ့။

အိမ်ငယ်လေးဟာ လူမနေတော့သည့်တိုင်အထဲက အပြင်အဆင်တို့မှာ မပြောင်းလဲသေး။ အပိုဆုလာဒ်လေးအနေနှင့် ဧည့်ခန်းစားပွဲပေါ်တင်ထားသည့် သူနှင့်လူကြီးတို့၏ ဓာတ်ပုံလေး ထောင်ထားလေသည်။

ရှားရှားပါးပါး လူကြီး ဆိုးလ်ကိုမပြန်ခင်
နတ်နန်းနားမှာ ဟိုဆော့က ရိုက်ပေးထားသည့်ပုံလေးပင်။ အဲ့အချိန်က လူကြီးနှင့် သူ ချစ်သူတွေဖြစ်နေခဲ့ကြမှန်း ဟိုဆော့တောင် မသိခဲ့သေး။

ဓာတ်ပုံလေးဘေး အပြာရောင်ပန်းအိုးထဲတွင် သူ အမျိုးအမည်မသိရသော အဝါရောင်ပန်းငယ်လေးတွေက လန်းနေစဲ။

"မှန်မှန်ပြောနော် အစ်ကို ဒီကိုရောက်ပြီးပြီမလား"

ထိုသို့ဆိုရင်း ဧည့်ခန့်က တစ်ခုတည်းသောပြတင်းပေါက်ကျယ်ကို ဖွင့်လိုက်သည့်အခါ မိုးစက်တစ်ချို့က အပြေးအလွှားဖြင့် အိမ်ငယ်လေးထဲသို့ တိုးဝင်ကြသည်။

ပြတင်းပေါက်ကိုလက်ထောက်ကာ အပြင်က မြေသင်းရနံ့လေးအား တဝကြီးရှုရှိုက်နေသော သူ့အား လူကြီးက နောက်ပါးမှ သိုင်းဖက်လာသည်။ မိုးလေအေးကြောင့် မဟုတ်ပါဘဲ သူ့ခါးပေါ် ရစ်တွယ်လာသည့် လူကြီး၏ လက်တွေကြောင့် သူ့မှာ ကြက်သီးလေးများပင် ထလာရ၏။

"ဟုတ်တယ် . . ကိုယ် ကလေးကိုပြောထားတာထက် တစ်ရက်စောပြီး ဆိုးလ်ကဆင်းလာတာ ပြီးတော့ ဒီအိမ်လေးက်ို ကလေးနဲ့လာရင် သန့်ရှင်းနေအောင် တစ်ယောက်ထဲ ရှင်းလိုက်ရသေးတယ်"

"ဘာလို့ လိမ်ပြောတာတုန်း"

"ကိုယ်က ဂျီမင်းလေးကို အံ့သြသွားစေချင်ရုံပါ"

စိတ်ကောက်သွားမှာစိုးသည်ကြောင့် ဂျီမင်း၏ ပါးဖောင်းဖောင်းလေးတစ်ဖက်သို့ ထယ်ယောင်းက နှာဖျားလေးဖြင့် ပွတ်သီးပွတ်သပ်ပြုကာ ချော့မြူလေသည်။ ထို့နောက် နှုတ်ခမ်းဖြင့် တစ်ချက်လောက် ဖိကပ်နမ်းရှိုက်လိုက်တော့ ကလေးဟာ သူ့ပုခုံးဆီသို့ အလိုက်သင့်လေး ခေါင်းကိုမှီချ၏။

နီရဲနေသော ဘယ်ဘက်နားလေးကို အသည်းယားစွာ ကိုက်ခဲလိုက်ပြီး ကလေးငယ်အား သူ့ရင်ခွင်ထဲသို့ ပိုမိုတင်းကျပ်စွာထွေးပွေ့ထားလိုက်သည်။

"အစ်ကို"

အပြင်က မိုးသံနှင့် ဆန့်ကျင့်စွာ ထွက်လာတဲ့ petrichorငယ်လေး၏ ဖျော့တော့လှသည့် ခေါ်သံလေးနှင့်တင် သူ့စိတ်နှလုံးသားမှာ ငြိမ်းအေးရ၏။

ပြတင်းမှ လေသင့်တိုင်း တိုးဝင်လာသည့် မိုးစက်မိုးဖွားတို့​ကြောင့် သူတို့နှစ်ယောက်လုံး စိုစွတ်စပြုလာသည်။

ကိုယ်ငယ်လေးအား သူနှင့် မျက်နှာချင်းဆိုင်သို့ဆွဲလှည့်လိုက်ပြီး ပြတင်းပေါက်ဘောင်သို့ မတင်လိုက်သည်။ အရှက်သည်းစွာ မျက်နှာလွှဲလို့နေသည့် ကောင်လေးအား မေးလေးကတစ်ဆင့် ဆွဲမော့ကာ ဖူးကြွနေသော ချယ်ရီရောင် နှုတ်ခမ်းဖူးလေးအား တစ်ချက်မျှ အနမ်းဖွဖွပေးလိုက်၏။

ပါးအို့မို့မို့လေးနှစ်ဖက် သိသိသာသာ နီမြန်းနေသည့် သူ့ကလေးလေးဟာ ထယ်ယောင်း၏ မျက်လုံးအား တည့်တည့်မကြည့်ရဲသေးပေ။ နှစ်ဦးသား အလွန်အမင်း နီးကပ်လွန်းနေသဖြင့် မိုးသံလေသံကြားကနေတောင် ဂျီမင်း၏ အသက်ရှုသံမျှင်မျှင်လေးက အစကြားနေရသည်။

"ဂျီမင်းကို နမ်းချင်တယ်"

တောင်းဆိုသံမဆန်သော ထယ်ယောင်း၏ စကားသံဟာ တိုးဖျော့ပြီး ရှတတပင်။

တုန့်ပြန်မှုမပေးသည့် ကောင်လေး၏ နှုတ်ခမ်းဖူးလေးဆီကို သူ့နှုတ်ခမ်းတို့ကို သက်ဆင်းလိုက်ချိန် petrichorငယ်က သူ့အင်္ကျီလက်အား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လာ၏။ ကလေးငယ်လေး၏ အထိအတွေ့များအား သူမည်မျှ လွမ်းနေခဲ့ရသည်လဲ။

ချိုမြိန်သည်ထက်ပိုသော အနှီ ပြည့်ပြည့်ဖူးဖူးနှုတ်ခမ်းထူထူလေးများအား ရမ္မက်မပါဘဲ နမ်းရှိုက်မိပါသည်ဟုဆိုမိလျှင် ၎င်းဟာ မုသားသာ။ petrichorငယ်ဟာ သူ အပ်နှင်းသမျှ ချစ်ခြင်းမေတ္တာတို့အား စည်းချက်ကျကျလေး လက်ခံရင်း အနမ်းတို့ဟာ မိုးစက်မိုးဖွားတို့ကြား ပိုမိုသ်ိပ်သည်းလာတော့၏။

နက်ပြာရောင် ပတ်ဝန်းကျင်က
စိုစိုစွတ်စွတ် လေညင်းတို့နဲ့အတူ
အနားကိုလာပြီး ကျီစယ်တဲ့
မိုးစက်တို့ကို မမှုဘဲ
အနမ်းတွေကို ရှေ့ဆက်ကြမယ်။

မောပန်းနေတဲ့ လူရော စိတ်ရောကို
မိုးရနံ့လေးဆီ ပုံအပ်ထားမယ် . .

နာကျင်မှုမရှိ ဝမ်းနည်းမှုမရှိဘဲ
Petrichorငယ်လေးဆီမှာ
တစ်သက်တာ နားခိုခွင့်ပြုမယ်မလား။

YIMMY

ဒါလေးကလက်ဆောင်ပေးချင်လို့ ဟိုနေ့ကဟာလေးရဲ့အဆက်ထည့်ထားတာပါ။

Petrichorလေးကို yimmyနဲ့အတူ စီးမြောပေးတဲ့ တစ်ဦးတစ်ယောက်စီကိုကျေးဇူးပါ။

Zawgyi

"Petrichor"

"ဒါဘာလုပ္တာလဲေျပာ"

လမ္းေပၚ တရႈံ႕ရႈံ႕ငိုေနသည့္ ေကာင္ေလးအား ကားေပၚဆြဲေခၚၿပီး ေမာင္းထြက္ခဲ့သည္ေၾကာင့္ ဆူဆူေအာင့္ေအာင့္ႏွင့္ ထယ္ေယာင္းကို ရန္ေတြ႕ေနျပန္သည္။

"ဂ်ီမင္းေလးကို ခိုးေျပးလာတာေပါ့"

"ဟင္ . . ဟိုမွာမဂၤလာပြဲက တန္းလန္းႀကီးေလ ျပန္လွည့္ ျပန္လွည့္ အခုျပန္လွည့္"

ႏွာသီးထိပ္ေလးေတြအျပင္ မို႔မို႔ေဖာင္းေဖာင္းပါးႏွစ္ဖက္ပါ ရဲရဲနီေနေသာ ကေလးငယ္အား ထယ္ေယာင္း ဆက္ၿပီး မစရက္ေတာ့ေပ။ သို႔သည့္တိုင္ သူ အမွန္သာဆိုေနျခင္းပင္။ သူကေလးကို ခိုးေျပးလာတာ။

"ကိုယ္ နမ္ဂြၽန့္က္ို မေန႕ညကတည္းက ဖုန္းဆက္ထားတယ္ ကေလးကို ဒီေန႕ခိုးေျပးမွာပါလို႔"

"ဟြန့္ .  .အဲ့ေတာ့ ေယာက္ဖနဲ႕ ေပါင္းႀကံတာေပါ့"

စိတ္ေကာက္သြားသလို ႏႈတ္ခမ္းငယ္ကို သိသိသာသာ ဆူေထာ္ထားၿပီး ထယ္ေယာင္းႏွင့္ ဆန့္က်င္ဘက္ကို မ်က္ႏွာမူသြားသည့္ Petrichorငယ္။

ထိုကေလးေလးက ဘယ္ေလာက္ေတာင္ အသည္းယားဖြယ္ ေကာင္းလိုက္ေလလဲ။

ကားမွန္ကို အနည္းငယ္ဟထားသည္ေၾကာင့္ မိုးစက္တခ်ိဳ႕ႏွင့္ ေလေအးေအးတို႔က ဂ်ီမင္းမ်က္ႏွာေပၚ  ျဖတ္တိုက္ေန၏။

"အေအးမိမယ္ ကေလးရဲ႕"

ေစာေစာကလည္း မိုး႐ြာထဲ သည္အတိုင္း ရပ္ေနခဲ့သည္မို႔ ကေလးေပါက္စ အေအးမမိေစရန္ ကားမွန္ကိုျပန္တင္လိုက္ရသည္။

စေနေန႕ေလး၏ နက္ျပာေရာင္ေကာင္းကင္ျပင္ေအာက္ လမ္းမေပၚက ကားငယ္ေလးဟာ Petrichorငယ္ေလး၏ ခိုနားရာဆီသို႔။

မိုးဖြဲေလးမ်ားကေတာ့ သူတို႔ႏွစ္ဦး၏ အခ်စ္သက္ေသ သို႔တည္းမဟုတ္ ဆုလာဒ္ေပါ့။

ေမွာင္ရိပ္သန္းလာသည္ႏွင့္အမွ် မိုးမွာ ပိုပိုသဲလာေလသည္။ ေတာင္ပတ္လမ္းေပၚက ကားငယ္ေလးဟာ ခ်စ္သူႏွစ္ဦးအား ထမ္းပိုးလို႔ ဆက္လက္ေမာင္းႏွင္စဲ။

ေဘးနားမွာ အိပ္ေပ်ာ္ေနၿပီျဖစ္သည့္ ခ်စ္ရသူေလးအား ေႏြးေထြးသြားေစရန္ ထယ္ေယာင္းသူ႕ အေပၚဝတ္ကို ၿခဳံေပးလိုက္သည္။ ကားစီယာတိုင္ေပၚက လက္ေခ်ာင္းေတြဟာလည္း ေရဒီယိုက လာသည့္ သီခ်င္းသံေလးအတိုင္း လႈပ္ရွားေန၏။

အေနာက္ဘက္ ေတာင္တတ္လမ္းက တတ္လာသည္မို႔ ပိုၾကာသြားရၿပီး အခ်ိန္မွာ ညေန​ငါးနာရီေလာက္ရွိၿပီျဖစ္သည္။

အဝါေရာင္ပန္းပြင့္ေလးမ်ား၏ အသိုက္ၿမဳံသို႔ေရာက္သည့္တိုင္ ေဘးက အေကာင္ငယ္ေလးဟာ အိပ္လို႔ေကာင္းတုန္း။

"ဂ်ီမင္း"

တိုးလ်ညင္သာလွေသာ​ ေခၚသံေလးႏွင့္ပင္ကေလးငယ္ဟာ အိပ္ေနရာမွ လူးလြန့္လာသည္။ အသံေသးေသးေလးေတြ ထြက္လာသည္အထိ ပ်င္းေၾကာဆန့္ရင္း ကေလးငယ္ဟာ ကားမွန္ကတဆင့္ ပတ္ဝန္းက်င္ကို တစ္ခ်က္ စူးစမ္းၾကည့္၏။

"ဟင္"

ၿပီးမွ တစ္ခုခုသေဘာေပါက္သြားဟန္ျဖင့္ မ်က္ဝန္းအိမ္ေလးေတြဟာ ျပဴးက်ယ္လာရွာသည္။

"အိမ္ေရာက္ၿပီ ထေတာ့"

မေျပာင္းလဲေသးဘဲ အဝါေရာင္ပန္းပြန္ေလးမ်ား ႏြယ္တတ္ေနေသာ ၿခံစည္းရိုးဝင္းေလးထဲက ေတာင္ေပၚအိမ္ငယ္ေလးဟာ လူႀကီးႏွင့္ petrichorတို႔ရဲ႕ တစ္ခုတည္းေသာ ခိုးနာရာေလးေပါ့။

အိမ္ငယ္ေလးဟာ လူမေနေတာ့သည့္တိုင္အထဲက အျပင္အဆင္တို႔မွာ မေျပာင္းလဲေသး။ အပိုဆုလာဒ္ေလးအေနႏွင့္ ဧည့္ခန္းစားပြဲေပၚတင္ထားသည့္ သူႏွင့္လူႀကီးတို႔၏ ဓာတ္ပုံေလး ေထာင္ထားေလသည္။

ရွားရွားပါးပါး လူႀကီး ဆိုးလ္ကိုမျပန္ခင္
နတ္နန္းနားမွာ ဟိုေဆာ့က ရိုက္ေပးထားသည့္ပုံေလးပင္။ အဲ့အခ်ိန္က လူႀကီးႏွင့္ သူ ခ်စ္သူေတြျဖစ္ေနခဲ့ၾကမွန္း ဟိုေဆာ့ေတာင္ မသိခဲ့ေသး။

ဓာတ္ပုံေလးေဘး အျပာေရာင္ပန္းအိုးထဲတြင္ သူ အမ်ိဳးအမည္မသိရေသာ အဝါေရာင္ပန္းငယ္ေလးေတြက လန္းေနစဲ။

"မွန္မွန္ေျပာေနာ္ အစ္ကို ဒီကိုေရာက္ၿပီးၿပီမလား"

ထိုသို႔ဆိုရင္း ဧည့္ခန့္က တစ္ခုတည္းေသာျပတင္းေပါက္က်ယ္ကို ဖြင့္လိုက္သည့္အခါ မိုးစက္တစ္ခ်ိဳ႕က အေျပးအလႊားျဖင့္ အိမ္ငယ္ေလးထဲသို႔ တိုးဝင္ၾကသည္။

ျပတင္းေပါက္ကိုလက္ေထာက္ကာ အျပင္က ေျမသင္းရနံ႕ေလးအား တဝႀကီးရႈရွိုက္ေနေသာ သူ႕အား လူႀကီးက ေနာက္ပါးမွ သိုင္းဖက္လာသည္။ မိုးေလေအးေၾကာင့္ မဟုတ္ပါဘဲ သူ႕ခါးေပၚ ရစ္တြယ္လာသည့္ လူႀကီး၏ လက္ေတြေၾကာင့္ သူ႕မွာ ၾကက္သီးေလးမ်ားပင္ ထလာရ၏။

"ဟုတ္တယ္ . . ကိုယ္ ကေလးကိုေျပာထားတာထက္ တစ္ရက္ေစာၿပီး ဆိုးလ္ကဆင္းလာတာ ၿပီးေတာ့ ဒီအိမ္ေလးက္ို ကေလးနဲ႕လာရင္ သန့္ရွင္းေနေအာင္ တစ္ေယာက္ထဲ ရွင္းလိုက္ရေသးတယ္"

"ဘာလို႔ လိမ္ေျပာတာတုန္း"

"ကိုယ္က ဂ်ီမင္းေလးကို အံ့ၾသသြားေစခ်င္႐ုံပါ"

စိတ္ေကာက္သြားမွာစိုးသည္ေၾကာင့္ ဂ်ီမင္း၏ ပါးေဖာင္းေဖာင္းေလးတစ္ဖက္သို႔ ထယ္ေယာင္းက ႏွာဖ်ားေလးျဖင့္ ပြတ္သီးပြတ္သပ္ျပဳကာ ေခ်ာ့ျမဴေလသည္။ ထို႔ေနာက္ ႏႈတ္ခမ္းျဖင့္ တစ္ခ်က္ေလာက္ ဖိကပ္နမ္းရွိုက္လိုက္ေတာ့ ကေလးဟာ သူ႕ပုခုံးဆီသို႔ အလိုက္သင့္ေလး ေခါင္းကိုမွီခ်၏။

နီရဲေနေသာ ဘယ္ဘက္နားေလးကို အသည္းယားစြာ ကိုက္ခဲလိုက္ၿပီး ကေလးငယ္အား သူ႕ရင္ခြင္ထဲသို႔ ပိုမိုတင္းက်ပ္စြာေထြးေပြ႕ထားလိုက္သည္။

"အစ္ကို"

အျပင္က မိုးသံႏွင့္ ဆန့္က်င့္စြာ ထြက္လာတဲ့ petrichorငယ္ေလး၏ ေဖ်ာ့ေတာ့လွသည့္ ေခၚသံေလးႏွင့္တင္ သူ႕စိတ္ႏွလုံးသားမွာ ၿငိမ္းေအးရ၏။

ျပတင္းမွ ေလသင့္တိုင္း တိုးဝင္လာသည့္ မိုးစက္မိုးဖြားတို႔​ေၾကာင့္ သူတို႔ႏွစ္ေယာက္လုံး စိုစြတ္စျပဳလာသည္။

ကိုယ္ငယ္ေလးအား သူႏွင့္ မ်က္ႏွာခ်င္းဆိုင္သို႔ဆြဲလွည့္လိုက္ၿပီး ျပတင္းေပါက္ေဘာင္သို႔ မတင္လိုက္သည္။ အရွက္သည္းစြာ မ်က္ႏွာလႊဲလို႔ေနသည့္ ေကာင္ေလးအား ေမးေလးကတစ္ဆင့္ ဆြဲေမာ့ကာ ဖူးႂကြေနေသာ ခ်ယ္ရီေရာင္ ႏႈတ္ခမ္းဖူးေလးအား တစ္ခ်က္မွ် အနမ္းဖြဖြေပးလိုက္၏။

ပါးအို႔မို႔မို႔ေလးႏွစ္ဖက္ သိသိသာသာ နီျမန္းေနသည့္ သူ႕ကေလးေလးဟာ ထယ္ေယာင္း၏ မ်က္လုံးအား တည့္တည့္မၾကည့္ရဲေသးေပ။ ႏွစ္ဦးသား အလြန္အမင္း နီးကပ္လြန္းေနသျဖင့္ မိုးသံေလသံၾကားကေနေတာင္ ဂ်ီမင္း၏ အသက္ရႈသံမွ်င္မွ်င္ေလးက အစၾကားေနရသည္။

"ဂ်ီမင္းကို နမ္းခ်င္တယ္"

ေတာင္းဆိုသံမဆန္ေသာ ထယ္ေယာင္း၏ စကားသံဟာ တိုးေဖ်ာ့ၿပီး ရွတတပင္။

တုန့္ျပန္မႈမေပးသည့္ ေကာင္ေလး၏ ႏႈတ္ခမ္းဖူးေလးဆီကို သူ႕ႏႈတ္ခမ္းတို႔ကို သက္ဆင္းလိုက္ခ်ိန္ petrichorငယ္က သူ႕အကၤ်ီလက္အား က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္လာ၏။ ကေလးငယ္ေလး၏ အထိအေတြ႕မ်ားအား သူမည္မွ် လြမ္းေနခဲ့ရသည္လဲ။

ခ်ိဳၿမိန္သည္ထက္ပိုေသာ အႏွီ ျပည့္ျပည့္ဖူးဖူးႏႈတ္ခမ္းထူထူေလးမ်ားအား ရမၼက္မပါဘဲ နမ္းရွိုက္မိပါသည္ဟုဆိုမိလွ်င္ ၎ဟာ မုသားသာ။ petrichorငယ္ဟာ သူ အပ္ႏွင္းသမွ် ခ်စ္ျခင္းေမတၱာတို႔အား စည္းခ်က္က်က်ေလး လက္ခံရင္း အနမ္းတို႔ဟာ မိုးစက္မိုးဖြားတို႔ၾကား ပိုမိုသ္ိပ္သည္းလာေတာ့၏။

နက္ျပာေရာင္ ပတ္ဝန္းက်င္က
စိုစိုစြတ္စြတ္ ေလညင္းတို႔နဲ႕အတူ
အနားကိုလာၿပီး က်ီစယ္တဲ့
မိုးစက္တို႔ကို မမႈဘဲ
အနမ္းေတြကို ေရွ႕ဆက္ၾကမယ္။

ေမာပန္းေနတဲ့ လူေရာ စိတ္ေရာကို
မိုးရနံ႕ေလးဆီ ပုံအပ္ထားမယ္ . .

နာက်င္မႈမရွိ ဝမ္းနည္းမႈမရွိဘဲ
Petrichorငယ္ေလးဆီမွာ
တစ္သက္တာ နားခိုခြင့္ျပဳမယ္မလား။

YIMMY

ဒါေလးကလက္ေဆာင္ေပးခ်င္လို႔ ဟိုေန႕ကဟာေလးရဲ႕အဆက္ထည့္ထားတာပါ။

Petrichorေလးကို yimmyနဲ႕အတူ စီးေျမာေပးတဲ့ တစ္ဦးတစ္ေယာက္စီကိုေက်းဇူးပါ။

Continue Reading

You'll Also Like

1.3K 219 7
We met and fell in love unexpectedly but as far, we apart ....
72.1K 731 16
Cute stories about Mattheo Riddle. Includes: Friends to lovers, enemies to lovers, one bed, fake dating, brothers best friend, and more!
623 63 7
ကိုယ်က မင်းပြုံးရီနေမှ အသက်ရှုချောင်တဲ့သူ Taegi / Jikook 10.2.2024>>>...?
2.3M 116K 65
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...