Zawgyi
<ပိုးအိစံ-အခ်စ္ညရင္ခုန္သံ>
"အဆင္ေျပလား"
"နာေနေသးလား"
"တစ္ခုခုနဲ႔ခိုက္မိၿပီး အနာထပ္ျဖစ္မယ္"
"ဟင္း..ေဆးေကာင္းေကာင္းထပ္မွာရမယ္"
ေယာကို ရင္ခြင္ထဲထည့္ထားၿပီး ဆိုဖာေပၚမွီထိုင္ရင္း ဆတ္သာ ေရရြတ္ေနသည္။ တစ္ကယ္ေတာ့ ထိုကိစၥျဖစ္ခဲ့တာ တစ္လေက်ာ္ ၾကာသြားၿပီျဖစ္သည္။ေဆးလိပ္မီးနဲ႔ အတို႔ခံရတဲ့ ဒဏ္ရာေတြကိုလည္း ဆရာဝန္န ဲ႔အေသအခ်ာျပေပးၿပီး အမာရြတ္ေပ်ာက္ေဆးေကာင္းေကာင္းကို ၫႊန္းထားတာေၾကာင့္ ၾကည့္ရဆိုးေအာင္ မထင္႐ွားေနေတာ့ပဲ ေပ်ာက္လုနီးပါးျဖစ္ေနသည္။ ခက္တာက အခုခ်ိန္ထိ ေယာကို ရံုးလည္းေပးမသြားပဲ ဆတ္သာကိုယ္တိုင္ကလည္း
work from homeေနၿပီး အရိပ္တၾကည့္ၾကည့္ ဂ႐ုစိုက္ေပးေနျခင္းပင္။
တစ္ပတ္ႏွစ္ပတ္ထိေတာ့ အဆင္ေျပေပမယ့္ တစ္လေက်ာ္ၾကာသြားေတာ့ ေယာခမ်ာ ကိုယ့္ကိုယ္ကို ကေလးေပါက္စလို ခံစားလာရသည္။ ဟိုဟာဆိုလည္းစိတ္မခ် ဒီဟာဆိုလည္းစိတ္မခ်နဲ႔ ပြစိပြစိေျပာၿပီး ဆတ္သာတစ္ေယာက္ ဗ်ာမ်ားေနရသည္။
"စိတ္ပူတတ္ရန္ေကာ ဆတ္ရယ္။ တကယ္သက္သာေနပါၿပီ။ ဒီမွာၾကည့္ဦး အိမ္မွာအေနမ်ားလို႔ အသားေတြေတာင္ျဖဴၿပီး ပိုေခ်ာလာၿပီ "
ေယာတစ္ေယာက္ ဆူပုတ္ပုတ္နဲ႔ မ်က္လံုးေတာင့္ကပ္ၾကည့္ရင္း ေျပာလာ၏။
"ဟုတ္လား။ ဘယ္မွာေခ်ာလာတာလဲ ျပပါဦး။ ေခ်ာလာတဲ့ မ်က္ႏွာေလးကို"
အတည္ေပါက္နဲ႔ျပန္ေျပာတဲ့ ဆတ္သာလက္ေမာင္းကို သြားရာအကြင္းလိုက္ထင္ေအာင္ ကိုက္ခ်လိုက္၏။
"ဟား...ေခြးေလးလား။ ဒီမွာၾကည့္ပါဦး အစြယ္ရာေတြေတာင္ထင္သြားၿပီ။ဟင့္...နာတယ္"
ဟန္ေဆာင္ႁပီး သနားစရာေၾကာင္ေပါက္ေလး႐ုပ္ လုပ္ျပေနတဲ့ ဆတ္သာကို ၾကည့္ၿပီး ေယာ တစ္ခ်က္ရယ္လိုက္၏။ၿပီးမွ ကိုက္ထားတဲ့အရာေပၚ တစ္ခ်က္နမ္းလိုက္ရင္း ကေလးေတြကို ေျပာသလိုေျပာလိုက္၏။
"ဥံဳဖြ အီးတုန္းမတ္တပ္ထ"
"ဟင္ ညစ္ပတ္လိုက္တာ"
"ဘာျဖစ္လဲ ဘာျဖစ္လဲ ပတ္ပတ္ပဲ"
ဆတ္သာ ညစ္က်ယ္က်ယ္ျပံဳး၏။
"သန္႔႐ွင္းသြားေအာင္ လုပ္ေပးမယ္ေလ"
ေျပာရင္းနဲ႔ ေယာရဲ႕လည္တိုင္တစ္ေလ်ွာက္ကို လ်ွာဖ်ားေလးနဲ႔ လ်က္လိုက္၏။နားထဲကို ေလတစ္ခ်က္မႈတ္ထည့္လိုက္ေတာ့ ေယာရဲ႕တစ္ကိုယ္လံုး ၾကက္သီးေတြထသြားသည္။
ေယာရဲ႕လက္ႏွစ္ဖက္မွာ က်န္ေနေသးတဲ့ အမာရြတ္ေသးေသးေတြကို စူးစိုက္ၾကည့္ကာ ဖြဖြေလးဆုပ္ကိုင္ၿပီးေျပာ၏။
"ကိုယ္ေတာင္းပန္ပါတယ္ေနာ္။ ကိုယ့္ေၾကာင့္ျဖစ္ရတာ"
ဆတ္သာကိုယ့္ကိုယ္ကို အျပစ္မကင္းသလို ခံစားေနရတာကို
ေယာ တကယ္မခံစားႏိုင္ေပ။ေဆးလိပ္မီးနဲ႔ အတို႔ခံရတုန္းကထက္ နာက်င္ရတယ္။ဆတ္သာဆီကို ဝင္သြားတဲ့ အဲ့psychoကို ေယာ ျမန္ျမန္ေပ်ာက္ေစခ်င္သည္။ဆတ္သာရဲ႕ လက္ႏွစ္ဖက္ကို ျပန္လည္ဆုပ္ကိုင္လိုက္သည္။ဆတ္သာရဲ႕ ဝမ္းနည္းရိပ္သန္းေနတဲ့ မ်က္လံုးအစံုကို စိုက္ၾကည့္ရင္းေျပာ၏။
"ပါရမီျဖည့္ဖက္ဆိုတဲ့စကားကို ဆတ္ သိတယ္မဟုတ္လား။ ဆိုးတူေကာင္းဖက္ေလ။ အခုျဖစ္ခဲ့တာက ဆိုးတာဆိုရင္လည္း ေယာက ဆတ္ရဲ႕ပါရမီျဖည့္ဖက္မို႔လို႔ အတူတူေဝမ်ွခံစားခြင့္ရတာ။ အဲ့တာေၾကာင့္ နည္းနည္ေလးေတာင္ ေနာင္တမရဘူး။ ေကာင္းတဲ့အရာေတြက်ရင္လည္း အတူတူေဝမ်ွၾကဦးမွာမို႔လို႔ေလ။ အေရးႀကီးတာက ေယာရဲ႕ပါရမီျဖည့္ဖက္က ဆတ္ ျဖစ္ေနဖို႔ပဲ"
ဆတ္သာရဲ႕ မ်က္လံုးအေရာင္က ေတာက္လာသလို မ်က္ရည္တခ်ိဳ႕ ေဝ့သီရင္း ေယာကိုဖက္လိုက္ၿပီး ေက်းဇူးတင္စကားကို တီးတိုးေရရြတ္မိ၏။ ေယာရဲ႕ အမာရြတ္ တစ္ခုခ်င္းစီတိုင္းအေပၚကို ဖိကပ္နမ္း႐ႈတ္ေနသည္။လက္ေခ်ာင္းတစ္ခုလံုး နမ္း႐ႈတ္လိုက္၊ လ်ွာနဲ႔တို႔ထိကစားလိုက္နဲ႔ လုပ္ေနတာေၾကာင့္ ေယာရဲ႕ရင္ထဲက လိႈက္တတ္လာၿပီး ကလိကလိနဲ႔ ေနရခက္လာသည္။
"အာ့...ယားတယ္ ဆတ္။ မလုပ္...ဟင္း..."
ေယာစကားမဆံုးခင္ပဲ ေယာရဲ႕လည္ဆံလုတ္တစ္ေလ်ွာက္ကို
လ်ွာဖ်ားနဲ႔ တို႔ထိေနသည္။ ေမးေစ့ေလးကို ျပြတ္ခနဲတစ္ခ်က္နမ္းရင္း မ်က္ႏွာအႏွံ႔ကို
အနမ္းေတြ ေလ့လာေရးဆင္းေနသည္။
ေယာရဲ႕private areaက nippleေလးေတြကို ညဝတ္အက်ႌအျပင္ကေန ဖိေခ်ေနေတာ့ ေယာဆီက အသံပိစိတခ်ိဳ႕ထြက္လာသည္။
"ဟင္း..မလုပ္.."
"ေသခ်ာလား ။တခုခုမလိုခ်င္ဘူးလား"
ေယာရဲ႕နားထဲကို ေလပူတစ္ခ်ိဳ႕မႈတ္ထုတ္ရင္း အပ္႐ွ႐ွအသံနဲ႔ေမး၏။
"အင္း.."
အံက်ိတ္ၿပီး ေခါင္းမာေနတဲ့ပိစိကိုၾကည့္ၿပီး ဆတ္သာရဲ႕ ညစ္က်ယ္က်ယ္အေတြးက ပိုၿပီးပီျပင္လာသည္။ ညဝတ္အက်ႌေလးကုိ ဆြဲတင္လိုက္ၿပီး ခ်က္သားေလးကို လ်ွာနဲ႔ထိုးကလိုလိုက္ေတာ့ ဆတ္သာရဲ႕ပုခံုးကို တြန္းဖယ္လာသည္။ ေယာရဲ႕လက္ကို ဆိုဖာေပၚျပန္ကပ္တင္ရင္း ဗိုက္သားတစ္ေလ်ွာက္ကို ေနရခက္ေအာင္ ကလိေနသည္။
ညဝတ္ေဘာင္းဘီအဆင္းၾကားေလးထဲ လက္ေလးလ်ိႈဝင္လိုက္ေတာ့ ေယာဆီကေန ျပတ္ေတာင္းတဲ့ေလသံနဲ႔ စကားလံုးတစ္ခ်ိဳ႕ ေျပာလာ၏။
"ဒီမွာလား"
ဒီဂ်စ္တူးေလးနဲ႔ေတာ့ ဘယ္လိုလုပ္ရပါ့မလဲ။ ဆတ္သာ တစ္ခ်က္ျပံဳးၿပီး ေယာကိုေပြ႔ခ်ီလိုက္သည္။ တစ္လလံုး အိမ္တြင္းေအာင္းထားၿပီး ထိုင္စားေနေတာ့ ေခြးေပါက္စေလးဘဝကေန ဝက္ေပါက္စေလးဘဝကို ေျပာင္းလာတဲ့ ေယာေၾကာင့္ ဆတ္သာဒူးေတာ့ တစ္ခ်က္ေခြက်ခ်င္သြားသည္။
"ဟင့္..ေလးလာတယ္မဟုတ္လား"
ေယာက ဆူပုတ္ပုတ္နဲ႔ေမးလာ၏။
"ေလးတာေပါ့။ အသားတိုးဝက္ကေလးလိုပဲ"
ဆတ္သာဆီကို နဂါးမ်က္ေစာင္းေတြ ပစ္လႊတ္ေန၏။
"အဲ့တာဆို အလုပ္ျပန္ဆင္းမယ္ေလ"
"အြန္း....ဒီညစကားနားေထာင္ရင္ မနက္ဖန္ အလုပ္ေပးဆင္းသင့္မဆင္းသင့္ စဥ္းစားေပးမယ္ကြာ"
ဆတ္သာ ေတြးဆဆေျပာသလိုနဲ႔ လူလည္က်လာသည္။
အၾကမ္းနည္းမရရင္ အႏုနည္းထုတ္သံုးတတ္ရတယ္။ဆတ္သာရဲ႕အားနားခ်က္က ေယာရဲ႕ကေလးဆန္တဲ့ အမူအရာေလးေတြပင္။
"ခ်စ္တယ္ေနာ္။ မနက္ဖန္အလုပ္ျပန္လုပ္ခြင့္ေပးပါေနာ္ ေနာ္ေနာ္ေနာ္"
Bridal styleေပြ႔ခ်ီထားခံရတဲ့ ေယာတစ္ေယာက္ ဆတ္သာရဲ႕ရင္ခြင္ထဲ ေခါင္းေလးတိုးဝင္ရင္း သနားစဖြယ္ေျပာလာ၏။ ဆတ္သာရဲ႕မ်က္ႏွာကို ဆြဲယူရင္း ကေလးေတြကို နမ္းသလို တႁပြတ္ႁပြတ္နဲ႔လည္း နမ္းေနေသးတာေၾကာင့္ ဆတ္သာရဲ႕စိတ္ေတြ ေပ်ာ္က်သြားၿပီး အိပ္ခန္းဆီကို အျမန္ဦးတည္သြားလိုက္သည္။
လေရာင္ျဖာက်ေနတဲ့ အိပ္ခန္းေလးထဲမွာ ေကာင္မေလးႏွစ္ေယာက္က ခ်စ္ျခင္းရဲ႕သာယာမႈတစ္ခုကို
ပံုေဖာ္ေနၾကသည္။ လြင့္ပ်ံေနတဲ့ ေမာဟိုက္မႈေတြၾကားမွာ လက္ႏွစ္စံုကေတာ့ တင္းတင္းဆုပ္ကိုင္ထားလ်က္ေပါ့။
ခ်စ္ရသူကေပးလာတဲ့သာယာမႈ၊လိႈက္ေမာမႈေတြက ႐ိုးသြားတယ္မ႐ွိပဲ အျမဲကိုသစ္လြင္ေနေတာ့ ဘယ္ေလာက္ေတာင္ Romanticဆန္လိုက္သလဲ။
သာယာမႈရဲ႕အဆံုးစြန္ကို ေရာက္သြားၿပီးတဲ့အခ်ိန္မွာေတာ့ နာရီလက္တံက ဆယ္နာရီကို ၫႊန္ျပေနသည္။ ေယာရဲ႕ေခြၽးစေလးကို သုတ္ေပးရင္း သန္႔႐ွင္းေရးလုပ္ေပးေနသည္။ ညဝတ္ဂါဝန္ကို ဝတ္ေပးဖို႔လုပ္ေနတာေၾကာင့္ ေယာထထိုင္ၿပီး ကေလးေတြလို လက္ကို ေျမႇာက္ထားေပးလိုက္သည္။ ၿပီးတာနဲ႔ အဲကြန္းကို အေအးေလ်ွာ့ေနသည္။ ပင္ပန္းတာခ်င္းအတူတူေတာင္ ဆတ္သာက ဘာလို႔အျမဲတမ္းပိုၿပီး တတ္ႂကြေနတာလဲဆိုတာကို ေယာတကယ္ပဲ လိုက္မမီေတာ့ေပ။ ဦးေဆာင္မႈအျပည့္႐ွိတဲ့ ပုဂၢိဳလ္လို႔ေတြးၿပီး ေယာ တခြိခြိရယ္လိုက္မိ၏။
"ဘာေတြ ခြီေနတာလဲ ပိစိ"
ေစာင္ကိုႏွစ္ေယာက္စလံုးအေပၚ လႊမ္းျခံဳလိုက္သည္။
လက္တစ္ဖက္ကို ေခါင္းေအာက္မွာေထာက္ထားရင္း ေယာကိုၾကည့္ကာ ေမးလာ၏။
"ဟင့္အင္း မခြီပါဘူး။ ဆတ္က တအားတအား ျကည့္ေကာင္းလို႔ အသဲယားသြားတာ"
ေယာရဲ႕ႏွာထိပ္ေလးကို ျပြတ္ခနဲ တစ္ခ်က္နမ္းျပန္၏။
"ကိုယ္တို႔လက္ထပ္ၿပီးရင္ ကေလးယူၾကမလား"
ဆတ္သာက အေလးအနက္ေျပာလာ၏။
"ေယာနဲ႔တူတဲ့ကေလးေလးဆို တအားခ်စ္ဖို႔ေကာင္းမွာပဲ"
ေယာတစ္ခ်က္ရယ္လိုက္ရင္း
"ဒါဆိုအရပ္ကေတာ့ ဆတ္နဲ႔တူမွျဖစ္မွာ"
"ဟားဟား ဟုတ္သားပဲ။ေယာနဲ႔တူရင္ ပုစိေလးပဲေနမွာ"
ရယ္လိုက္လို႔ ခြက္ဝင္သြားတဲ့ပါးခ်ိဳင့္ေလးထဲ လက္ညႇိဳးေလးနဲ႔ထိုးၾကည့္ရင္း ဆတ္သာကို ေမးခြန္းေတြျပည့္ေနတဲ့မ်က္လံုးအစံုနဲ႔ ျကည့္လာ၏။
"ဘာမွအမ်ားႀကီးမေတြးနဲ႔ေနာ္။ ကိုယ့္ကိုယံုၾကည္ေပး"
ေယာကိုရင္ခြင္ထဲထည့္လိုက္ရင္း ဦးေရျပားထိပ္ကေလးကို နမ္း႐ႈတ္လိုက္သည္။
"မနက္ဖန္ ရံုးျပန္လိုက္မယ္မဟုတ္လား။ အိပ္ေတာ့ေနာ္"
ေယာရဲ႕စိတ္အစဥ္ကေတာ့ ပ်ံ႕လြင့္ေနဆဲပင္။
ေယာရဲ႕မ်က္ႏွာအမူအရာကို ေတြ႔စရာမလိုပဲ အသက္႐ွဴသံအနိမ့္အျမင့္ကို ခံစားမိရံုနဲ႔တင္ ေယာရဲ႕အေတြးကို ဆတ္သာ နားလည္သည္။ခပ္ပါးပါးေလးျပံဳးလိုက္သည္။
^^ေနမင္းကြယ္ညႇိဳးရင္ မိုးညေမွာင္ရိပ္ဝယ္
ေမာင္ရယ္အနမ္းေဝျဖာမယ္~~
ၾကယ္ေလးေတြကို႐ိႈက္လို႔ ေထြးပိုက္လို႔ထားမယ္ ေၾကာက္စိတ္ေတြဖယ္ထားဦးကြယ္^^
ဆတ္သာရဲ႕ထူးျခားျပည့္စံုတဲ့ အိပ္ရာဝင္ေတးေလးေၾကာင့္ ရင္ခြင္ထဲကေန ေယာ တစ္ခ်က္ျပံဳးလိုက္သည္။ ဆတ္သာရဲ႕ရင္ခြင္ဆီ ပိုတိုးသြားၿပီး စိတ္ကိုလႊတ္ခ်လိုက္ေတာ့ ဆတ္သာရဲ႕ ေခ်ာ့ေတးေလးက ၿငိမ္ၿငိမ့္ေညာင္းေညာင္း ျဖတ္သန္းလာသည္။
^^ရင္ခြင္မွာႏြဲ႔ကာ အားကိုးတဲ့သူရယ္ ေႏြးေႏြးေထြးေထြးရင္ခုန္မယ္ ~
ရင္ခြင္မွာႏြဲ႔ကာ အားကိုးတဲ့သူရယ္ ေႏြးေႏြးေထြးေထြးရင္ခုန္မယ္ ~
ေမွးစက္ေႏွာင္အသည္းဝယ္ ေမာပန္းလို႔ႏြမ္းရင္ ေမေခ်ာ့ကာသိပ္ပါ့မယ္ ေအးေအးေအးအို~~ ေမာင္ေရအိပ္ေတာ့ကြယ္~~ ေမေခ်ာ့ကာသိပ္ပါ့မယ္ အခ်စ္ရယ္ အိပ္ေတာ့ကြယ္"
ေယာအိပ္ေပ်ာ္သြားေတာ့မွ ေဘးနားကေန ျဖည္းျဖည္းခ်င္းထၿပီး မိမိေနရာမွာ ဝက္ဝံ႐ုပ္ႀကီးက ိုအစားထိုး ေပးထားလိုက္သည္။
ဧည့္ခန္းထဲမွာေတာ့ ဆတ္သာတစ္ေယာက္ laptopတစ္လံုးနဲ႔ အလုပ္႐ႈပ္ေနေတာ့သည္။
******
ဆတ္သာနဲ႔ေယာ ႏွစ္ေယာက္စလံုး တစ္လေက်ာ္ေလာက္ အတူတူခြင့္ယူသြားတာက
ရံုးမွာ ဟိုတေလာကcome outလုပ္ၿပီးတည္းက ထူးဆန္းတဲ့ကိစၥေတာ့ မဟုတ္ေတာ့ေပ။ ႏွစ္ေယာက္သား ကမၻာပတ္ခရီးထြက္တယ္လို႔ ထင္တဲ့သူတစ္ခ်ိဳ႕က႐ွိေသး။
"ဟာ ေယာ..မေတြ႔တာေတာင္ၾကာၿပီေနာ္။ မိန္းမရေနၿပီလား"
"ႀကီးေတာ္ကို ျကာေနလိုက္"
ဟိုတေန႔ကမွအိမ္မွာ ညစာလာစားသြားၾကတာကို ၾကာေနၿပီဆိုေတာ့ ေယာတစ္ေယာက္ ႐ွိန္းကို ဘုေတာေတာေပးလိုက္၏။
"နင္သိပ္႐ိုင္တာပဲ အေယာမ"
"႐ိုင္႐ိုင္ပဲ အ႐ွိန္းေကာင္"
ထမင္းပန္းကန္ကိုေ႐ွ႕ခ်ၿပီး စကားႏိုင္လုေနတဲ့ ဂ်စ္တူးႏွစ္ေယာက္ကို ၾကည့္ၿပီး ေနသစ္နဲ႔ဆတ္သာတို႔ ျပိဳင္တူေခါင္းခါမိၾကသည္။ မေျပာမဆိုနဲ႔ပဲ ႏွစ္ေယာက္စလံုးကို ေဘးနားကေန ထမင္းခြန္႔ေပးလိုက္သည္။ ဒါေတာင္ ဂ်စ္တူးႏွစ္ေယာက္ဆီက *ကေလးမဟုတ္ဘူးေနာ္*ဆိုတဲ့ ဘုၾကည့္ကို ရလိုက္ေသးတယ္။
"ဟားဟား"
ခြန္ေမာင္ႏွမႏွစ္ေယာက္ ျပိဳင္တူရယ္မိသြားတာေၾကာင့္ ကန္တင္းကလူေတြေတာင္ ေခတၱခန ဆြ႔ံအသြားၾကသည္။
ခနေနေတာ့ ေနသစ္ဆီက စကားစလာ၏။
"ငယ္ေလးနဲ႔ေယာကို အကိုတာဝန္တစ္ခုေပးလို႔ရမလား"
သံုးေယာက္စလံုး အာရံုစိုက္နားေထာင္ၾက၏။
"Mr.Joanကို သိတယ္မဟုတ္လား"
Mr.Joanက ဟိုတေလာက ေယာတို႔အတြက္ လူအင္အားထုတ္ေပးတဲ့ ျပင္သစ္သူေဌးျဖစ္သည္။
"Mr.Joanရဲ႕သမီးက Switzerlandမွာမဂၤလာပြဲလုပ္ဖို႔တဲ့။အဲ့တာ အကိုတို႔ကိုဖိတ္တယ္။ အကိုနဲ႔႐ွိန္းက လုပ္စရာေလး႐ွိလို႔ ငယ္ေလးတို႔ႏွစ္ေယာက္ သြားေပးၾကမလား"
Switzerlandဆိုတဲ့ နာမည္ၾကားထဲက ေယာရဲ႕မ်က္လံုးေတြက အေရာင္ေတြ တျဖတ္ျဖတ္လဲ့သြားသည္။အခုလိုသြားရမယ္လို႔ တစ္ခါမွစိတ္မကူးခဲ့ဖူးတာမို႔ ေပ်ာ္ေနသည္။ေယာရဲ႕အိပ္မက္ႏိုင္ငံက switzerlandဆိုလည္း မမွားေပ။ဆတ္သာက ေယာကို တစ္ခ်က္အကဲခတ္ရင္း ျပံဳးလိုက္၏။
"ရတယ္ေလ ကိုကို။ဘယ္ေတာ့လဲ"
"မနက္ျဖန္"
"Oops"
ေယာပိစိ ကိုယ့္ပါးစပ္ကိုယ္ လက္ခ်ဖတ္ခနဲလွမ္းပိတ္လိုက္ၿပီး ဟီးခနဲ တစ္ခ်က္ရယ္လိုက္မိသြားသည္။ က်န္တဲ့သံုးေယာက္ကေတာ့ မိန္႔မိန္႔ႀကီးျပံဳးလို႔။ တခုခုကို ျကံစည္ေနသည့္အလား။
******
"Wow လွလိုက္တာ"
Switzerlandေျမကိုစေရာက္တည္းက ေယာ တစ္ေလ်ွာက္လံုး ေျပာလာတဲ့စကားျဖစ္သည္။
ဟိုတယ္မွာ ခနနားၿပီးေတာ့Lucerneျပည္နယ္မွာ႐ွိတဲ့
Chapel Bridgeေပၚမွာ ႏွစ္ေယာက္သား လက္ခ်င္းတြဲျပီး လမ္းေလ်ွာက္ေနၾကသည္။ Reussျမစ္ႀကီးကလည္း လွသလို ေႏြဦးရာသီလည္းျဖစ္တာမို႔ ပတ္ဝန္းက်င္႐ႈခင္းကပါ အလွေပၚအယဥ္ဆင့္ေနသည္။
"ကိုယ္ေရာလွလား"
ေယာကို တစ္ခ်က္ေစာင္းၾကည့္ရင္း ဆတ္သာေမး၏။
"အြန္း...အလွဆံုးပဲ "
"ဟား...မာန္တတ္သြားၿပီကြာ"
ေယာ ႏွာေခါင္းတစ္ခ်က္႐ွံုးရင္း ဂ်စ္တစ္တစ္နဲ႔ျပန္ေျပာသည္။
"ေတာ္ေတာ္ျဖစ္"
"ဟားဟား ျဖစ္ျဖစ္ပဲကြာ"
႐ုတ္တရက္ႀကီးရယ္ေနရာကေန ေယာ ျပန္တည္သြားျပန္သည္။တစ္ခုခုကို အေလးအနက္ေတြးေနဟန္ျပ၏။
"ဘာလို႔လဲ ေယာ"
သက္ျပင္းတစ္ခ်က္ခ်ရင္း ေယာေျဖ၏။
"မိသားစုနဲ႔အတူတူ တစ္ခါေလာက္ ခရီးထြက္ဖူးခ်င္တာ ဒီလိုေနရာမ်ိဳးကို"
ေယာရဲ႕ေခါင္းေလးကိုတစ္ခ်က္ပုတ္ေပးရင္း
"အူး...ကေလးေလးပဲကြာ။ စိတ္ခ် ကိုယ္ကစီစဥ္ေပးမွာ"
"ဟင္"
ေယာက အူေၾကာင္ၾကားေလးနဲ႔ ေမာ့ၾကည့္လာေတာ့ ဆတ္သာ တစ္ခ်က္ျပံဳးလိုက္ၿပီး စကားလမ္းေၾကာင္းလႊဲ၏။
"ဒါနဲ႔ ဒီတံတားကို
world's oldest covered wooden bridge လို႔သတ္မွတ္ထားၾကတယ္။1332ခုႏွစ္တည္းက တည္ေဆာက္ထားတာေလ"
"Wow အၾကာႀကီးပဲ"
ေယာက စိတ္ဝင္တစားနားေထာင္လာေတာ့ ဆတ္သာက ဆက္႐ွင္းျပ၏။
"ၿပီးေတာ့ ဟိုနားေလးက ရဲတိုက္ကိုေတြ႔လား"
ဆတ္သာၫႊန္ျပတဲ့ေနရာကိုၾကည့္လိုက္ေတာ့ ေရလည္မွာ႐ွိေနၿပီး တံတားနဲ႔ဆက္ထားတဲ့ ရဲတိုက္တစ္ခု႐ွိသည္။
"အင္း..အဲ့ရဲတိုက္ကို water towel လို႔ေခၚတယ္။ သူကအရင္တုန္းက အက်ဥ္းေထာင္အျဖစ္သံုးခဲ့တာေလ။ အခုေတာ့ အထဲကို လူေတြဝင္ခြင့္မေပးေတာ့ဘူး"
"အာ..အဲ့သလိုကိုး ။ခ္ခ္ သရဲ႐ွိမယ္ထင္တယ္ေနာ္"
ေပါက္ေပါက္႐ွာ႐ွာေတြးလြန္းတဲ့ ဂ်စ္တူးရဲ႕ႏွဖူးကို မနာေအာင္ တစ္ခ်က္ေတာက္လိုက္သည္။
"တံတားအဆံုးေရာက္ရင္ ဒီ့ထပ္လွတာ႐ွိေသးတယ္"
ေယာက ေခါင္းတၿငိမ့္ၿငိမ့္နဲ႔ေထာက္ခံေန၏။လွလြန္းတဲ့႐ႈခင္းေတြေၾကာင့္ တံတားေပၚမွာတင္ ဖုန္းstorage 1Gေလာက္ျပည့္ေအာင္ ဓာတ္ဖမ္းခ်င္ေနတဲ့ ပိစိကို တံတားအဆံုးေရာက္ေအာင္ မနည္းေခၚလာရသည္။
~~~♥~~~
11:11Day💖
တံတားအဆံုးမွာဘာ႐ွိေနမလဲ 🤔
ပုံေလးေတြၾကည့္ၾကည့္ေနာ္တအားလွတာပဲ💕
Unicode
<ပိုးအိစံ-အချစ်ညရင်ခုန်သံ>
"အဆင်ပြေလား"
"နာနေသေးလား"
"တစ်ခုခုနဲ့ခိုက်မိပြီး အနာထပ်ဖြစ်မယ်"
"ဟင်း..ဆေးကောင်းကောင်းထပ်မှာရမယ်"
ယောကို ရင်ခွင်ထဲထည့်ထားပြီး ဆိုဖာပေါ်မှီထိုင်ရင်း ဆတ်သာ ရေရွတ်နေသည်။ တစ်ကယ်တော့ ထိုကိစ္စဖြစ်ခဲ့တာ တစ်လကျော် ကြာသွားပြီဖြစ်သည်။ဆေးလိပ်မီးနဲ့ အတို့ခံရတဲ့ ဒဏ်ရာတွေကိုလည်း ဆရာဝန်နဲ့ အသေအချာပြပေးပြီး အမာရွတ်ပျောက်ဆေးကောင်းကောင်းကို ညွှန်းထားတာကြောင့် ကြည့်ရဆိုးအောင် မထင်ရှားနေတော့ပဲ ပျောက်လုနီးပါးဖြစ်နေသည်။ ခက်တာက အခုချိန်ထိ ယောကို ရုံးလည်းပေးမသွားပဲ ဆတ်သာကိုယ်တိုင်ကလည်း
work from homeနေပြီး အရိပ်တကြည့်ကြည့် ဂရုစိုက်ပေးနေခြင်းပင်။
တစ်ပတ်နှစ်ပတ်ထိတော့ အဆင်ပြေပေမယ့် တစ်လကျော်ကြာသွားတော့ ယောခမျာ ကိုယ့်ကိုယ်ကို ကလေးပေါက်စလို ခံစားလာရသည်။ ဟိုဟာဆိုလည်းစိတ်မချ ဒီဟာဆိုလည်းစိတ်မချနဲ့ ပွစိပွစိပြောပြီး ဆတ်သာတစ်ယောက် ဗျာများနေရသည်။
"စိတ်ပူတတ်ရန်ကော ဆတ်ရယ်။ တကယ်သက်သာနေပါပြီ။ ဒီမှာကြည့်ဦး အိမ်မှာအနေများလို့ အသားတွေတောင်ဖြူပြီး ပိုချောလာပြီ "
ယောတစ်ယောက် ဆူပုတ်ပုတ်နဲ့ မျက်လုံးတောင့်ကပ်ကြည့်ရင်း ပြောလာ၏။
"ဟုတ်လား။ ဘယ်မှာချောလာတာလဲ ပြပါဦး။ ချောလာတဲ့ မျက်နှာလေးကို"
အတည်ပေါက်နဲ့ပြန်ပြောတဲ့ ဆတ်သာလက်မောင်းကို သွားရာအကွင်းလိုက်ထင်အောင် ကိုက်ချလိုက်၏။
"ဟား...ခွေးလေးလား။ ဒီမှာကြည့်ပါဦး အစွယ်ရာတွေတောင်ထင်သွားပြီ။ဟင့်...နာတယ်"
ဟန်ဆောင်ပြီး သနားစရာကြောင်ပေါက်လေးရုပ် လုပ်ပြနေတဲ့ ဆတ်သာကို ကြည့်ပြီး ယော တစ်ချက်ရယ်လိုက်၏။ပြီးမှ ကိုက်ထားတဲ့အရာပေါ် တစ်ချက်နမ်းလိုက်ရင်း ကလေးတွေကို ပြောသလိုပြောလိုက်၏။
"ဥုံဖွ အီးတုန်းမတ်တပ်ထ"
"ဟင် ညစ်ပတ်လိုက်တာ"
"ဘာဖြစ်လဲ ဘာဖြစ်လဲ ပတ်ပတ်ပဲ"
ဆတ်သာ ညစ်ကျယ်ကျယ်ပြုံး၏။
"သန့်ရှင်းသွားအောင် လုပ်ပေးမယ်လေ"
ပြောရင်းနဲ့ ယောရဲ့လည်တိုင်တစ်လျှောက်ကို လျှာဖျားလေးနဲ့ လျက်လိုက်၏။နားထဲကို လေတစ်ချက်မှုတ်ထည့်လိုက်တော့ ယောရဲ့တစ်ကိုယ်လုံး ကြက်သီးတွေထသွားသည်။
ယောရဲ့လက်နှစ်ဖက်မှာ ကျန်နေသေးတဲ့ အမာရွတ်သေးသေးတွေကို စူးစိုက်ကြည့်ကာ ဖွဖွလေးဆုပ်ကိုင်ပြီးပြော၏။
"ကိုယ်တောင်းပန်ပါတယ်နော်။ ကိုယ့်ကြောင့်ဖြစ်ရတာ"
ဆတ်သာကိုယ့်ကိုယ်ကို အပြစ်မကင်းသလို ခံစားနေရတာကို
ယော တကယ်မခံစားနိုင်ပေ။ဆေးလိပ်မီးနဲ့ အတို့ခံရတုန်းကထက် နာကျင်ရတယ်။ဆတ်သာဆီကို ဝင်သွားတဲ့ အဲ့psychoကို ယော မြန်မြန်ပျောက်စေချင်သည်။ဆတ်သာရဲ့ လက်နှစ်ဖက်ကို ပြန်လည်ဆုပ်ကိုင်လိုက်သည်။ဆတ်သာရဲ့ ဝမ်းနည်းရိပ်သန်းနေတဲ့ မျက်လုံးအစုံကို စိုက်ကြည့်ရင်းပြော၏။
"ပါရမီဖြည့်ဖက်ဆိုတဲ့စကားကို ဆတ် သိတယ်မဟုတ်လား။ ဆိုးတူကောင်းဖက်လေ။ အခုဖြစ်ခဲ့တာက ဆိုးတာဆိုရင်လည်း ယောက ဆတ်ရဲ့ပါရမီဖြည့်ဖက်မို့လို့ အတူတူဝေမျှခံစားခွင့်ရတာ။ အဲ့တာကြောင့် နည်းနည်လေးတောင် နောင်တမရဘူး။ ကောင်းတဲ့အရာတွေကျရင်လည်း အတူတူဝေမျှကြဦးမှာမို့လို့လေ။ အရေးကြီးတာက ယောရဲ့ပါရမီဖြည့်ဖက်က ဆတ် ဖြစ်နေဖို့ပဲ"
ဆတ်သာရဲ့ မျက်လုံးအရောင်က တောက်လာသလို မျက်ရည်တချို့ ဝေ့သီရင်း ယောကိုဖက်လိုက်ပြီး ကျေးဇူးတင်စကားကို တီးတိုးရေရွတ်မိ၏။ ယောရဲ့ အမာရွတ် တစ်ခုချင်းစီတိုင်းအပေါ်ကို ဖိကပ်နမ်းရှုတ်နေသည်။လက်ချောင်းတစ်ခုလုံး နမ်းရှုတ်လိုက်၊ လျှာနဲ့တို့ထိကစားလိုက်နဲ့ လုပ်နေတာကြောင့် ယောရဲ့ရင်ထဲက လှိုက်တတ်လာပြီး ကလိကလိနဲ့ နေရခက်လာသည်။
"အာ့...ယားတယ် ဆတ်။ မလုပ်...ဟင်း..."
ယောစကားမဆုံးခင်ပဲ ယောရဲ့လည်ဆံလုတ်တစ်လျှောက်ကို
လျှာဖျားနဲ့ တို့ထိနေသည်။ မေးစေ့လေးကို ပြွတ်ခနဲတစ်ချက်နမ်းရင်း မျက်နှာအနှံ့ကို
အနမ်းတွေ လေ့လာရေးဆင်းနေသည်။
ယောရဲ့private areaက nippleလေးတွေကို ညဝတ်အကျႌအပြင်ကနေ ဖိချေနေတော့ ယောဆီက အသံပိစိတချို့ထွက်လာသည်။
"ဟင်း..မလုပ်.."
"သေချာလား ။တခုခုမလိုချင်ဘူးလား"
ယောရဲ့နားထဲကို လေပူတစ်ချို့မှုတ်ထုတ်ရင်း အပ်ရှရှအသံနဲ့မေး၏။
"အင်း.."
အံကျိတ်ပြီး ခေါင်းမာနေတဲ့ပိစိကိုကြည့်ပြီး ဆတ်သာရဲ့ ညစ်ကျယ်ကျယ်အတွေးက ပိုပြီးပီပြင်လာသည်။ ညဝတ်အကျႌလေးကို ဆွဲတင်လိုက်ပြီး ချက်သားလေးကို လျှာနဲ့ထိုးကလိုလိုက်တော့ ဆတ်သာရဲ့ပုခုံးကို တွန်းဖယ်လာသည်။ ယောရဲ့လက်ကို ဆိုဖာပေါ်ပြန်ကပ်တင်ရင်း ဗိုက်သားတစ်လျှောက်ကို နေရခက်အောင် ကလိနေသည်။
ညဝတ်ဘောင်းဘီအဆင်းကြားလေးထဲ လက်လေးလျှိုဝင်လိုက်တော့ ယောဆီကနေ ပြတ်တောင်းတဲ့လေသံနဲ့ စကားလုံးတစ်ချို့ ပြောလာ၏။
"ဒီမှာလား"
ဒီဂျစ်တူးလေးနဲ့တော့ ဘယ်လိုလုပ်ရပါ့မလဲ။ ဆတ်သာ တစ်ချက်ပြုံးပြီး ယောကိုပွေ့ချီလိုက်သည်။ တစ်လလုံး အိမ်တွင်းအောင်းထားပြီး ထိုင်စားနေတော့ ခွေးပေါက်စလေးဘဝကနေ ဝက်ပေါက်စလေးဘဝကို ပြောင်းလာတဲ့ ယောကြောင့် ဆတ်သာဒူးတော့ တစ်ချက်ခွေကျချင်သွားသည်။
"ဟင့်..လေးလာတယ်မဟုတ်လား"
ယောက ဆူပုတ်ပုတ်နဲ့မေးလာ၏။
"လေးတာပေါ့။ အသားတိုးဝက်လေးလိုပဲ"
ဆတ်သာဆီကို နဂါးမျက်စောင်းတွေ ပစ်လွှတ်နေ၏။
"အဲ့တာဆို အလုပ်ပြန်ဆင်းမယ်လေ"
"အွန်း....ဒီညစကားနားထောင်ရင် မနက်ဖန် အလုပ်ပေးဆင်းသင့်မဆင်းသင့် စဉ်းစားပေးမယ်ကွာ"
ဆတ်သာ တွေးဆဆပြောသလိုနဲ့ လူလည်ကျလာသည်။
အကြမ်းနည်းမရရင် အနုနည်းထုတ်သုံးတတ်ရတယ်။ဆတ်သာရဲ့အားနားချက်က ယောရဲ့ကလေးဆန်တဲ့ အမူအရာလေးတွေပင်။
"ချစ်တယ်နော်။ မနက်ဖန်အလုပ်ပြန်လုပ်ခွင့်ပေးပါနော် နော်နော်နော်"
Bridal styleပွေ့ချီထားခံရတဲ့ ယောတစ်ယောက် ဆတ်သာရဲ့ရင်ခွင်ထဲ ခေါင်းလေးတိုးဝင်ရင်း သနားစဖွယ်ပြောလာ၏။ ဆတ်သာရဲ့မျက်နှာကို ဆွဲယူရင်း ကလေးတွေကို နမ်းသလို တပြွတ်ပြွတ်နဲ့လည်း နမ်းနေသေးတာကြောင့် ဆတ်သာရဲ့စိတ်တွေ ပျော်ကျသွားပြီး အိပ်ခန်းဆီကို အမြန်ဦးတည်သွားလိုက်သည်။
လရောင်ဖြာကျနေတဲ့ အိပ်ခန်းလေးထဲမှာ ကောင်မလေးနှစ်ယောက်က ချစ်ခြင်းရဲ့သာယာမှုတစ်ခုကို
ပုံဖော်နေကြသည်။ လွင့်ပျံနေတဲ့ မောဟိုက်မှုတွေကြားမှာ လက်နှစ်စုံကတော့ တင်းတင်းဆုပ်ကိုင်ထားလျက်ပေါ့။
ချစ်ရသူကပေးလာတဲ့သာယာမှု၊လှိုက်မောမှုတွေက ရိုးသွားတယ်မရှိပဲ အမြဲကိုသစ်လွင်နေတော့ ဘယ်လောက်တောင် Romanticဆန်လိုက်သလဲ။
သာယာမှုရဲ့အဆုံးစွန်ကို ရောက်သွားပြီးတဲ့အချိန်မှာတော့ နာရီလက်တံက ဆယ်နာရီကို ညွှန်ပြနေသည်။ ယောရဲ့ချွေးစလေးကို သုတ်ပေးရင်း သန့်ရှင်းရေးလုပ်ပေးနေသည်။ ညဝတ်ဂါဝန်ကို ဝတ်ပေးဖို့လုပ်နေတာကြောင့် ယောထထိုင်ပြီး ကလေးတွေလို လက်ကို မြှောက်ထားပေးလိုက်သည်။ ပြီးတာနဲ့ အဲကွန်းကို အအေးလျှော့နေသည်။ ပင်ပန်းတာချင်းအတူတူတောင် ဆတ်သာက ဘာလို့အမြဲတမ်းပိုပြီး တတ်ကြွနေတာလဲဆိုတာကို ယောတကယ်ပဲ လိုက်မမီတော့ပေ။ ဦးဆောင်မှုအပြည့်ရှိတဲ့ ပုဂ္ဂိုလ်လို့တွေးပြီး ယော တခွိခွိရယ်လိုက်မိ၏။
"ဘာတွေ ခွီနေတာလဲ ပိစိ"
စောင်ကိုနှစ်ယောက်စလုံးအပေါ် လွှမ်းခြုံလိုက်သည်။
လက်တစ်ဖက်ကို ခေါင်းအောက်မှာထောက်ထားရင်း ယောကိုကြည့်ကာ မေးလာ၏။
"ဟင့်အင်း မခွီပါဘူး။ ဆတ် တအားတအား ကြည့်ကောင်းလို့ အသဲယားသွားတာ"
ယောရဲ့နှာထိပ်လေးကို ပြွတ်ခနဲ တစ်ချက်နမ်းပြန်၏။
"ကိုယ်တို့လက်ထပ်ပြီးရင် ကလေးယူကြမလား"
ဆတ်သာက အလေးအနက်ပြောလာ၏။
"ယောနဲ့တူတဲ့ကလေးလေးဆို တအားချစ်ဖို့ကောင်းမှာပဲ"
ယောတစ်ချက်ရယ်လိုက်ရင်း
"ဒါဆိုအရပ်ကတော့ ဆတ်နဲ့တူမှဖြစ်မှာ"
"ဟားဟား ဟုတ်သားပဲ။ယောနဲ့တူရင် ပုစိလေးပဲနေမှာ"
ရယ်လိုက်လို့ ခွက်ဝင်သွားတဲ့ပါးချိုင့်လေးထဲ လက်ညှိုးလေးနဲ့ထိုးကြည့်ရင်း ဆတ်သာကို မေးခွန်းတွေပြည့်နေတဲ့မျက်လုံးအစုံနဲ့ ကြည့်လာ၏။
"ဘာမှအများကြီးမတွေးနဲ့နော်။ ကိုယ့်ကိုယုံကြည်ပေး"
ယောကိုရင်ခွင်ထဲထည့်လိုက်ရင်း ဦးရေပြားထိပ်ကလေးကို နမ်းရှုတ်လိုက်သည်။
"မနက်ဖန် ရုံးပြန်လိုက်မယ်မဟုတ်လား။ အိပ်တော့နော်"
ယောရဲ့စိတ်အစဉ်ကတော့ ပျံ့လွင့်နေဆဲပင်။
ယောရဲ့မျက်နှာအမူအရာကို တွေ့စရာမလိုပဲ အသက်ရှူသံအနိမ့်အမြင့်ကို ခံစားမိရုံနဲ့တင် ယောရဲ့အတွေးကို ဆတ္သာ နားလည်သည်။ခပ်ပါးပါးလေးပြုံးလိုက်သည်။
^^နေမင်းကွယ်ညှိုးရင် မိုးညမှောင်ရိပ်ဝယ်
မောင်ရယ်အနမ်းဝေဖြာမယ်~~
ကြယ်လေးတွေကိုရှိုက်လို့ ထွေးပိုက်လို့ထားမယ် ကြောက်စိတ်တွေဖယ်ထားဦးကွယ်^^
ဆတ်သာရဲ့ထူးခြားပြည့်စုံတဲ့ အိပ်ရာဝင်တေးလေးကြောင့် ရင်ခွင်ထဲကနေ ယော တစ်ချက်ပြုံးလိုက်သည်။ ဆတ်သာရဲ့ရင်ခွင်ဆီ ပိုတိုးသွားပြီး စိတ်ကိုလွှတ်ချလိုက်တော့ ဆတ်သာရဲ့ ချော့တေးလေးက ငြိမ်ငြိမ့်ညောင်းညောင်း ဖြတ်သန်းလာသည်။
^^ရင်ခွင်မှာနွဲ့ကာ အားကိုးတဲ့သူရယ် နွေးနွေးထွေးထွေးရင်ခုန်မယ် ~
ရင်ခွင်မှာနွဲ့ကာ အားကိုးတဲ့သူရယ် နွေးနွေးထွေးထွေးရင်ခုန်မယ် ~
မှေးစက်နှောင်အသည်းဝယ် မောပန်းလို့နွမ်းရင် မေချော့ကာသိပ်ပါ့မယ် အေးအေးအေးအို~~ မောင်ရေအိပ်တော့ကွယ်~~ မေချော့ကာသိပ်ပါ့မယ် အချစ်ရယ် အိပ်တော့ကွယ်^^
ယောအိပ်ပျော်သွားတော့မှ ဘေးနားကနေ ဖြည်းဖြည်းချင်းထပြီး မိမိနေရာမှာ ဝက်ဝံရုပ်ကြီးကို အစားထိုး ပေးထားလိုက်သည်။
ဧည့်ခန်းထဲမှာတော့ ဆတ်သာတစ်ယောက် laptopတစ်လုံးနဲ့ အလုပ်ရှုပ်နေတော့သည်။
******
ဆတ်သာနဲ့ယော နှစ်ယောက်စလုံး တစ်လကျော်လောက် အတူတူခွင့်ယူသွားတာက
ရုံးမှာ ဟိုတလောကcome outလုပ်ပြီးတည်းက ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်တော့ပေ။ နှစ်ယောက်သား ကမ္ဘာပတ်ခရီးထွက်တယ်လို့ ထင်တဲ့သူတစ်ချို့ကရှိသေး။
"ဟာ ယော..မတွေ့တာတောင်ကြာပြီနော်။ မိန်းမရနေပြီလား"
"ကြီးတော်ကို ကြာနေလိုက်"
ဟိုတနေ့ကမှအိမ်မှာ ညစာလာစားသွားကြတာကို ကြာနေပြီဆိုတော့ ယောတစ်ယောက် ရှိန်းကို ဘုတောတောပေးလိုက်၏။
"နင်သိပ်ရိုင်တာပဲ အယောမ"
"ရိုင်ရိုင်ပဲ အရှိန်းကောင်"
ထမင်းပန်းကန်ကိုရှေ့ချပြီး စကားနိုင်လုနေတဲ့ ဂျစ်တူးနှစ်ယောက်ကို ကြည့်ပြီး နေသစ်နဲ့ဆတ်သာတို့ ပြိုင်တူခေါင်းခါမိကြသည်။ မပြောမဆိုနဲ့ပဲ နှစ်ယောက်စလုံးကို ဘေးနားကနေ ထမင်းခွန့်ပေးလိုက်သည်။ ဒါတောင် ဂျစ်တူးနှစ်ယောက်ဆီက *ကလေးမဟုတ်ဘူးနော်*ဆိုတဲ့ ဘုကြည့်ကို ရလိုက်သေးတယ်။
"ဟားဟား"
ခွန်မောင်နှမနှစ်ယောက် ပြိုင်တူရယ်မိသွားတာကြောင့် ကန်တင်းကလူတွေတောင် ခေတ္တခန ဆွံ့အသွားကြသည်။
ခနေနေတာ့ နေသစ်ဆီက စကားစလာ၏။
"ငယ်လေးနဲ့ယောကို အကိုတာဝန်တစ်ခုပေးလို့ရမလား"
သုံးယောက်စလုံး အာရုံစိုက်နားထောင်ကြ၏။
"Mr.Joanကို သိတယ်မဟုတ်လား"
Mr.Joanက ဟိုတေလာက ယောတို့အတွက် လူအင်အားထုတ်ပေးတဲ့ ပြင်သစ်သူဌေးဖြစ်သည်။
"Mr.Joanရဲ့သမီးက Switzerlandမှာ မင်္ဂလာပွဲလုပ်ဖို့တဲ့။အဲ့တာ အကိုတို့ကိုဖိတ်တယ်။ အကိုနဲ့ရှိန်းက လုပ်စရာလေးရှိလို့ ငယ်လေးတို့နှစ်ယောက် သွားပေးကြမလား"
Switzerlandဆိုတဲ့ နာမည်ကြားထဲက ယောရဲ့မျက်လုံးတွေက အရောင်တွေ တဖြတ်ဖြတ်လဲ့သွားသည်။အခုလိုသွားရမယ်လို့ တစ်ခါမှစိတ်မကူးခဲ့ဖူးတာမို့ ပျော်နေသည်။ယောရဲ့အိပ်မက်နိုင်ငံက switzerlandဆိုလည်း မမှားပေ။ဆတ်သာက ယောကို တစ်ချက်အကဲခတ်ရင်း ပြုံးလိုက်၏။
"ရတယ်လေ ကိုကို။ဘယ်တော့လဲ"
"မနက်ဖြန်"
"Oops"
ယောပိစိ ကိုယ့်ပါးစပ်ကိုယ် လက်ချဖတ်ခနဲလှမ်းပိတ်လိုက်ပြီး ဟီးခနဲ တစ်ချက်ရယ်လိုက်မိသွားသည်။ ကျန်တဲ့သုံးယောက်ကတော့ မိန့်မိန့်ကြီးပြုံးလို့။ တခုခုကို ကြံစည်နေသည့်အလား။
******
"Wow လှလိုက်တာ"
Switzerlandမြေကိုစရောက်တည်းက ယော တစ်လျှောက်လုံး ပြောလာတဲ့စကားဖြစ်သည်။
ဟိုတယ်မှာ ခနနားပြီးတော့Lucerneပြည်နယ်မှာရှိတဲ့
Chapel Bridgeပေါ်မှာ နှစ်ယောက်သား လက်ချင်းတွဲပြီး လမ်းလျှောက်နေကြသည်။ Reussမြစ်ကြီးကလည်း လှသလို ေႏြဦးရာသီလည်းဖြစ်တာမို့ ပတ်ဝန်းကျင်ရှုခင်းကပါ အလှပေါ်အယဉ်ဆင့်နေသည်။
"ကိုယ်ရောလှလား"
ယောကို တစ်ချက်စောင်းကြည့်ရင်း ဆတ်သာမေး၏။
"အွန်း...အလှဆုံးပဲ "
"ဟား...မာန်တတ်သွားပြီကွာ"
ယော နှာခေါင်းတစ်ချက်ရှုံးရင်း ဂျစ်တစ်တစ်နဲ့ပြန်ပြောသည်။
"တော်တော်ဖြစ်"
"ဟားဟား ဖြစ်ဖြစ်ပဲကွာ"
ရုတ်တရက်ကြီးရယ်နေရာကနေ ယော ပြန်တည်သွားပြန်သည်။တစ်ခုခုကို အလေးအနက်တွေးနေဟန်ပြ၏။
"ဘာလို့လဲ ယော"
သက်ပြင်းတစ်ချက်ချရင်း ယောဖြေ၏။
"မိသားစုနဲ့အတူတူ တစ်ခါလောက် ခရီးထွက်ဖူးချင်တာ ဒီလိုနေရာမျိုးကို"
ယောရဲ့ခေါင်းလေးကိုတစ်ချက်ပုတ်ပေးရင်း
"အူး...ကလေးလေးပဲကွာ။ စိတ်ချ ကိုယ်ကစီစဉ်ပေးမှာ"
"ဟင်"
ယောက အူကြောင်ကြားလေးနဲ့ မော့ကြည့်လာတော့ ဆတ်သာ တစ်ချက်ပြုံးလိုက်ပြီး စကားလမ်းကြောင်းလွှဲ၏။
"ဒါနဲ့ ဒီတံတားကို
world's oldest covered wooden bridge လို့သတ်မှတ်ထားကြတယ်။1332ခုနှစ်တည်းက တည်ဆောက်ထားတာလေ"
"Wow အကြာကြီးပဲ"
ယောက စိတ်ဝင်တစားနားထောင်လာတော့ ဆတ်သာက ဆက်ရှင်းပြ၏။
"ပြီးတော့ ဟိုနားလေးက ရဲတိုက်ကိုတွေ့လား"
ဆတ်သာညွှန်ပြတဲ့နေရာကိုကြည့်လိုက်တော့ ရေလည်မှာရှိနေပြီး တံတားနဲ့ဆက်ထားတဲ့ ရဲတိုက်တစ်ခုရှိသည်။
"အင်း..အဲ့ရဲတိုက်ကို water towel လို့ခေါ်တယ်။ သူကအရင်တုန်းက အကျဉ်းထောင်အဖြစ်သုံးခဲ့တာလေ။ အခုတော့ အထဲကို လူတွေဝင်ခွင့်မပေးတော့ဘူး"
"အာ..အဲ့သလိုကိုး ။ခ်ခ် သရဲရှိမယ်ထင်တယ်နော်"
ပေါက်ပေါက်ရှာရှာတွေးလွန်းတဲ့ ဂျစ်တူးရဲ့နှဖူးကို မနာအောင် တစ်ချက်တောက်လိုက်သည်။
"တံတားအဆုံးရောက်ရင် ဒီ့ထပ်လှတာရှိသေးတယ်"
ယောက ခေါင်းတငြိမ့်ငြိမ့်နဲ့ထောက်ခံနေ၏။လှလွန်းတဲ့ရှုခင်းတွေကြောင့် တံတားပေါ်မှာတင် ဖုန်းstorage 1Gလောက်ပြည့်အောင် ဓာတ်ဖမ်းချင်နေတဲ့ ပိစိကို တံတားအဆုံးရောက်အောင် မနည်းခေါ်လာရသည်။
~~~~~~
11:11Day💖
တံတားအဆုံးမှာဘာရှိနေမလဲ 🤔
ပုံလေးတွေကြည့်ကြည့်နော် တအားလှတာပဲ💕