ALIEN LOVER[Complete]

由 M-O-N-E

96K 8.3K 281

ZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction(Supernatural) [... 更多

Part-1(Meeting)
Part-2(Knowning)
Part-3(Peony)
Part-4(Safely Peony)
Part-5(sweet lip taste)
Part-6(Notic Sign)
Part-7(Sweet Cream)
Part-8(Mine)
Part-9(Sure)
Part-10(Bad Dream)
Part-11(Follow me)⚠
Part-12(I need only Peony)
Part-13(Everything&Ratio)
Part-14(Never Mind)
Part-15(A lot Of Love)
Part-16(Belief of Bff)
Part-17(Don't Cry Peony)
Part-18(Tie)
Part-19(Don't away)
Part-20(A Sure)
Part-21(Sweet Days)
Final(Creator)
Extra(1)
Extra(2)
Extra(3)⚠
Final Extra

Part-22(Will Comeback)

2.4K 222 16
由 M-O-N-E

(Unicode)

(Will Come Back)
ဒီနေ့ကရှောင်းကျန့်နဲ့Peonyရဲ့မကုန်ဆုံးနိုင်တဲ့ချိန်မြန်တဲ့နေ့တွေထဲကတစ်နေ့။အချိုမြန်ဆုံးနေ့လို့သတ်မှတ်ရင်ပိုမှန်မယ်ထင်တယ်။ဘာလို့ဆိုရှောင်းကျန့်ဆိုတဲ့လူသားလေးကPeonyဆိုတဲ့ဂြိုလ်သားလေးကိုတရားဝင်ပိုင်ဆိုင်ရမယ့်နေ့လေးဖြစ်တာကြောင့်ရှောင်းကျန့်နဲ့Peonyသာမကသူတို့နှစ်ယောက်နဲ့ပတ်သက်ဆက်နွယ်နေတဲ့သူတိုင်းကိုပင်ပျော်ရွှင်မှုတွေကူးဆက်စေနိုင်သတဲ့လေ။

ကျန်းချန်တစ်ယောက်သူ့ရှေ့မှာဟိုလျှောက်ဒီလျှောက်ဂနာမငြိမ်ဖြစ်နေတဲ့ရှောင်းကျန့်ကိုကြည့်ကာတော်တော်မျက်စိနောက်နေလေပြီ။

"ဟေ့ရောင်...ရှောင်းကျန့် ငြိမ်ငြိမ်နေစမ်းပါကွာ ငါမျက်စိနောက်လွန်းလို့ မင်းကြည့်ရတာတအောင့်နေလက်ထပ်ရတော့မယ့် သတို့သားလောင်းနဲ့မတူပဲ...မျောက်မီးခဲကိုင်ထားသလိုပဲ မျက်စိထဲကြည့်ရတာကန့်လန့်ကန့်လန့်နဲ့ ပြောကိုမပြောချင်ဘူး..."

"မပြောချင်လည်း ပြောမနေပါနဲ့ကွာ...ငါPeonyကိုမတွေ့ရတာနာရီပိုင်းလောက်ရှိပြီ...Peonyကိုတွေ့ချင်လှပြီကွ...ငါခံစားနေရတာကိုမင်းပြောလည်းနားလည်မှာမဟုတ်ပါဘူးကျန်းချန်ရာ..."

ရှောင်းကျန့် သူ့ကိုပိုလိုက်တာဆိုတဲ့အကြည့်နဲ့ကြည့်နေတဲ့ကျန်းချန်ကိုလစ်လှူရှုကာPeonyကိုခေါ်သွားတဲ့မိတ်ကပ်ပြင်အခန်းကိုသာတမျှော်မျှော်တခေါ်ခေါ်ကြည့်နေမိတယ်။

"ဟာ...ငါမစောင့်နိုင်တော့ဘူးကျန်းချန်ရာ...ငါအထဲဝင်သွားတော့မယ်..."

"ဟေ့ရောင်ရှောင်းကျန့်... ဟာ ဒီကောင်..."

ကျန်းချန် လည်းရှေ့ကအပြေးတပိုင်းနဲ့အခန်းထဲဝင်ဖို့ပြင်နေတဲ့ရှောင်းကျန့်နောက်ကိုအမြန်လိုက်ရတော့တယ်။ဒီတော်တော်ဖြစ်နဲ့တော့ဆေးလည်းမှီတော့မယ်မထင်ဘူး။

ဂျလောက်!(တံခါးဖွင့်သံ)

ရှောင်းကျန့် အခန်းထဲဝင်ရန်တံခါးဖွင့်ဖို့ပြင်ရုန်ရှိသေးရုတ်တရက်အခန်းတံခါးကိုတယောက်ယောက်အထဲကဖွင့်လိုက်တာကြောင့်ရှောင်းကျန့်နဲ့ကျန်းချန်နောက်ကိုခြေတလှမ်းစီဆုတ်လိုက်မိကြတယ်။

ရှောင်းကျန့်တဖြည်းဖြည်းဖွင့်ဟလာတဲ့တံခါးမှသူ့ရဲ့အကြင်သူသတို့သားလောင်းလေးထွက်လာမှာကိုမျှော်လင့်တကြီးစောင့်စားနေမိတုန်း

"ဟဲ့...နင်တို့နှစ်ယောက်ကဒီနားမှာဘာရပ်လုပ်နေကြတာလဲ...ဖယ်စမ်းငါအပြင်ထွက်မလို့ ဘယ်လိုဖြစ်နေကြမှန်းမသိဘူး..."

"ဝမ်ချင် Peonyရော...Peonyကိုနင်ခေါ်သွားတာလေ ဘယ်မှာလဲ...Peonyဘယ်မှာလဲလို့..."

"ဟဲ့ရှောင်းကျန့်...အသက်ရှူပြီးမေးလေ...ငါကPeonyကိုဘာလုပ်မှာကျ Peonyကအက်ျီလဲနေလို့တအောင့်နေထွက်လာလိမ့်မယ်..."

ဝမ်ချင်ကပွင့်ဟလာတဲ့တံခါးမှခေါင်းပြူကာသူတို့နှစ်ယောက်ကိုအလိုမကျသလိုပြောတာကိုလည်းရှောင်းကျန့်ဂရုမပြုအားPeonyကိုသာအသဲအသန်မေးမိတော့ဝမ်ချင်ကမျက်စောင်းဗုန်းကျဲလေပြီ။ကျန်းချန်တစ်ယောက်ကတော့အဲ့မျက်စောင်းပိုင်ရှင်လေးကိုငမ်းရင်းတပြုံးပြုံးပင်။

"ကျန်းချန်... ရှောင်းကျန့် ကိုခေါ်ပြီးသွားနှင့် တအောင့်နေငါတို့လိုက်လာခဲ့မယ်..."

"အော်...အမ် ဝမ်ချင့်သဘော အဟင်း..."

"ဟာ...မသွားဘူးဟေ့ရောင် ငါPeonyကိုမတွေ့ရသေးဘူး..."

"လာပါရှောင်းကျန့်ရာ...ဟိုရောက်ရင်လည်းတွေ့ရမှာပဲကို ငါတို့ဘုရားကျောင်းမှာသွားစောင့်နေကြမယ်လေ...လာပါကွာမင်းကလည်း..."

ကျန်းချန် ကဝမ်ချင့်အလိုလိုက်အကြိုက်ဆောင်ချင်တာနဲ့ရှောင်းကျန့်တစ်ယောက်ကျန်းချန်ဆွဲခေါ်ရာကိုတပြစ်တောက်တောက်ပြောရင်းပါသွားရတော့တယ်။

----------------------🦋--------------------

ခမ်းခမ်းနားနားကြီးမဟုတ်ပေမဲ့ အချစ်တွေနဲ့ထုံမွှန်းထားသောမဂ်လာအခမ်းနားလေးစတင်ရန်ဘုရားသခင်ရှေ့မှောက်၌ဖာသာကအသင့်ရှိနေလေပြီ။

သိပ်မကျယ်လှတဲ့ဘုရားကျောင်းလေးမှာနေရာမလပ်အောင်လူတွေပြည့်လျှံနေတာမျိုးမဟုတ်ပေမဲ့ကျန်းချန် ဝမ်ချင် ဟောက်ရွှမ်း နဲ့ကျိရန်တို့ကဖာသာရှေ့ကအဖြူရောင်သတို့သားနှစ်ယောက်ကိုကြည့်ကာထိုသူနှစ်ဦးကြောင့်ကြည်နူးမှုတို့ကလူအများကြီးနဲ့ယှဥ်ရင်မလျော့သောကြည်နူးခြင်းတွေနဲ့။

ရှောင်းကျန့်သူ့ရှေ့ကအဖြူရောင်သတို့သားဝတ်စုံလေးနဲ့လာဗင်ဒါပန်းစည်းလေးကိုင်ကာရပ်နေတဲ့ဖြူဖြူလုံးလုံးအကောင်ပေါက်လေးကိုတမေ့တမောငေးကြည့်နေမိတယ်။Peonyမျက်နှာလေးကဒီနေ့မှထူးထူးခြားခြားသူ့မျက်လုံးထဲပိုတောက်ပနေသယောင်။

ပါးမို့မို့လေးနှစ်ဖက်ကမိတ်ကပ်အစွမ်းကြောင့်ပဲလားမပြောတတ်ပန်းသွေးရောင်ခြယ်ကာလှချင်တိုင်းလှနေတဲ့သူ့ရဲ့သတို့သားလောင်းလေး။ဟော့ ပြုံးပြပြန်ပြီ။ပေါ်လာတဲ့သွားတန်းဖြူဖြူလေးတွေကိုငေးကြည့်ရင်း နှုတ်ခမ်းဖူးလေးကိုသိမ်းပိုက်ဖို့စိတ်လောနေသယောင်နှလုံးသားလေးကမူမမှန်စွာအခုန်မြန်နေလေရဲ့။ဒီဂြိုလ်သားလေးကိုသူတကယ်ပိုင်ဆိုင်ရတော့မှာတဲ့။

" ရှောင်းကျန့်... ဟေ့ရောင်ရှောင်းကျန့်...ဖာသာမင်းကိုမေးနေတယ်လေ တကယ်ပဲ မတ်တပ်ကြီးနဲ့ငုတ်တုပ်မေ့နေသလားပဲ..."

"အော်...အမ်..."

ရှောင်းကျန့် Peonyကိုအငေးကောင်းနေတာနဲ့ဖာသာရဲ့ကျမ်းသစ္စာဂတိစကားတောင်းတာတောင်မကြားလိုက် ကျန်းချန် သတိပေးမှအယောက်ယောင်အမှားမှားအော်အမ်နဲ့သာ။ဖာသာကရှောင်းကျန့်ပုံစံကိုကြည့်ပြီးတချက်ပြုံးကာစိတ်ရှည်ရှည်နဲ့ပြန်မေးတယ်။

"သတို့သားရှောင်းကျန့်သည် သတို့သားPeonyအား ဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ နာမကျန်းသည်ဖြစ်စေ သက်ဆုံးတိုင်ချစ်မြတ်နိုးပါမည်လော..."

"ကျွန်တော်...မြတ်နိုးပါမည်ဟုဂတိပြုပါတယ်..."

ရှောင်းကျန့် Peonyလက်နှစ်ဖက်ကိုစုပ်ကိုင်လို့ Peonyကိုချစ်ရည်ရွှမ်းတဲ့မျက်ဝန်းအစုံနဲ့ကြည့်ရင်းဂတိပြုမိတာကလေးလေးနက်နက်ပင်။

"သတို့သားPeonyသည် သတို့သားရှောင်းကျန့်အား ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ နာမကျန်းသည်ဖြစ်စေ သက်ဆုံးတိုင်ချစ်မြတ်နိုးပါမည်လော..."

"ဟုတ်...ကျွန်တော် ကျန့်ကျန့်ကိုများကြီးချစ်မှာ..."

Peonyကရှောင်းကျန့်ကိုနှစ်နှစ်ခြိုက်ခြိုက်ပြုံးပြရင်းဂတိပြုစကားဆိုတာကအဆီလျှော်မတည့်ပေမဲ့အဓိပ္ပါယ်ကတော့ထပ်တူကျနေမှာဧကန်ပင်။

ဖာသာရဲ့ကျမ်းသစ္စာဂတ်ပြုစကားဆိုအပြီးဝမ်ချင်ကလက်စွပ်ဘူးလေးနှစ်ဘူးတင်ထားတဲ့ဗန်းလေးကိုင်ကာရှောင်းကျန့်တို့နားကိုလျှောက်လာတယ်။

ရှောင်းကျန့်နဲ့Peonyလက်ထဲကိုငွေရောင်လက်စွပ်လေးတကွင်းစီရောက်လာတာနဲ့Peonyကရှောင်းကျန့်လက်ကိုဆွဲယူကာလက်စွပ်လေးကိုဦးဆုံးစွပ်ပေးရင်းမျက်လုံးမှေးမှေးလေးတွေမှိတ်ကျသွားတဲ့အထိပြုံးပြကာ

"ကျန့်ကျန့်က...ကျွန်တော့်တစ်ယောက်တည်းအပိုင်ဟီး..."

ရှောင်းကျန့် Peonyလုပ်ရပ်ကြောင့်သဘောတကျပြုံးရင်းPeonyလက်ကလေးတစ်ဖက်ကိုမြတ်မြတ်နိုးနိုးယူကာလက်စွပ်လေးစွပ်ပေးဖို့အပြင် လက်စွပ်လေးဟာတစုံတယောက်ကို ရှောင်းကျန့် အပိုင်အဖြစ်မသတ်မှတ်ရသေးခင် ဘုရားကျောင်းကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားတော့တယ်။

ရှောင်းကျန့်မသိလိုက်ခင်မှာပဲ သူ့စုပ်ကိုင်ထားတဲ့Peonyလက်ကလေးကိုလွှတ်ကာတလိမ့်လိမ့်ကျသွားတဲ့လက်စွပ်လေးကိုလိုက်ကောက်မိတယ်။အကယ်၍ထိုတဒဂ်အတွင်းသူသိပ်ချစ်ရတဲ့ဂြိုလ်သားလေးကိုဆုံးရှုံးရမယ်မှန်းသိရင်ရှောင်းကျန့်တစ်ယောက်ထိုလက်ကလေးကိုလွှတ်ဖို့ဆန္ဒရှိနေပါဦးမလား။

အကယ်၍ထိုခဏလေးအတွင်း သူသိပ်ချစ်တဲ့လူသားလေးနဲ့ ခွဲခွာရမယ်မှန်းသိရင်ဂြိုလ်သားလေးကရောထိုလူသားလေးကိုလက်စွပ်လေးကောက်ဖို့ခွင့်ပြုပါဦးမလား။ရှောင်းကျန့်ပြုတ်ကျသွားတဲ့လက်စွပ်လေးကိုအမိအရဖမ်းစုပ်မိချိန်သတိထားမိလိုက်တာကဘုရားကျောင်းထဲမှာရှိတဲ့လှုပ်ရှားနေတဲ့အရာမှန်သမျှရပ်တန့်နေပြီဆိုတာ။

ရှောင်းကျန့်အလန့်တကြားPeonyရပ်နေတဲ့နေရာစီအကြည့်ပို့မိတော့လာဗင်ဒါပန်းစည်းလေးကကိုင်ဆောင်သူကင်းမဲ့လျှက်ကြမ်းပြင်ပေါ်မရှုမလှသက်ဆင်းခဲ့လေပြီ။ရှောင်းကျန့်ချက်ချင်းဆိုသလိုစိုးရိမ်စိတ်တို့ကအလုံးရင်းလိုက်။

"မဟုတ်ဘူး...Peony... Peonyဘယ်မှာလဲ...ကိုယ့်ကိုပြန်ထူးပါဦးကွာ..."

ရှောင်းကျန့် တစ်ယောက်ဘုရားကျောင်းဝန်းအတွင်းသူ့သတို့သားလောင်းလေးကိုအသည်းအသန်ဝေ့ဝဲရှာဖွေနေမိတယ်။ဖာသာအပါအဝင် ကျန်းချန် ဟောက်ရွှမ်း ကျိရန်နဲ့ ဝမ်ချင်တို့မှာ 3minsမပြည့်ခင်အချိန်ထိနှုတ်ခမ်းထက်မှာကိုယ်စီအပြုံးပန်းတွေချိတ်ဆွဲထားကြပေမဲ့ရှောင်းကျန့်အတွက်တော့ထို3minsကကမ္ဘာပျက်သလိုအရူးမီးဝိုင်းဖြစ်နေချေပြီ။

"Peonyကိုယ်တောင်းပန်ပါတယ်...ဒါတူတူပုန်းရမယ့်အချိန်မဟုတ်ဘူးလေ...Peonyကိုယ်ခေါ်နေတယ်လေကွာ..."

ရှောင်းကျန့် အသိစိတ်တို့ကPeonyကိုခေါ်သွားကြပြီဆိုတာသိနေပေမဲ့နှလုံးသားကလက်မခံနိုင်စွာအဲ့လိုမဟုတ်ပါစေနဲ့လို့ဆုတောင်းနေမိဆဲ။

"Peony ကိုယ်တို့လက်ထပ်ပွဲမပြီးသေးဘူးလေကွာ...ကိုယ့်ကိုအဲ့လိုမနောက်ပါရဘူးလေ...ပြန်လာပါ ကိုယ့်စီပြန်လာပေးပါPeony..."

ရှောင်းကျန့် ယူကြုံးမရစွာPeonyကိုနှောမြောတသရေရွတ်ရင်းလက်စွပ်လေးကိုစုပ်ကိုင်ထားမိတယ်။လက်နှစ်ဖက်ကိုကျစ်ကျစ်ပါအောင်စုပ်ထားရင်းနာကျင်နေတဲ့နှလုံးသားလေးကိုဖိနှိပ်ကာဘုရားကျောင်းလျှောက်လမ်းအဆုံးမှာဒူးထောက်ထိုင်ချလိုက်မိတယ်။

မျက်ရည်တွေကမဖိတ်ခေါ်ပါပဲမျက်ဝန်းအိမ်မှာပြည့်လျှံလာကာတာကျိုးသလိုအဆက်မပြတ်ပါးပြင်ပေါ်ခွင့်ပြုချက်မရပါပဲဖြတ်စီးကြလေရဲ့။

"မဟုတ်ဘူး...ဒီလိုဖြစ်လို့မရဘူးလေ Peonyကကိုယ့်အပိုင် ကိုယ်တစ်ယောက်တည်းရဲ့အပိုင်... ပြန်ပေးကြပါ Peonyကို ကျွန်တော့်စီပြန်ပို့ပေးကြပါ...အဟင့်...တောင်းပန်ပါတယ်....အင့်..."

ရှောင်းကျန့် ငိုနေရင်းရှိုက်သံတွေပါရောယှက်လာတဲ့အထိဝမ်းနည်းမှုတို့ကလှိုက်လှိုက်လှဲလှဲ။ဒီလိုဖြစ်မယ်မှန်းအစကတည်းကကြိုသိခဲ့ရင်Peonyလက်ကိုလွှတ်မပေးဘဲ သူ့ရင်ခွင်ထဲဘယ်သူမှမမြင်နိုင်အောင်ဝှက်ထားမိမှာ။

3minsပြည့်လို့ပြန်လှုပ်ရှားလာကြတဲ့ကျန်းချန်တို့မှာလဲအခြေနေအရပ်ရပ်ကိုနားမလည်နိုင်စွာကိုယ်စီအံ့သြခြင်းတွေနဲ့ရှောင်းကျန့်နားကိုပြေးလာကြတယ်။

" ရှောင်းကျန့်... မင်းဘာလို့ဒီလိုဖြစ်နေရတာလဲ...Peonyရော...."

"ကျန်းချန်.... ငါ့ကို Peonyကိုပြန်ခေါ်ပေးပါကွာ ငါတောင်းပန်ပါတယ် ငါမှာရှိတာတွေအကုန်ပေးမယ်လို့... Peonyကိုတော့ ငါ ငါတကယ်လိုအပ်လို့ပါကွာ နော် ပြန်ခေါ်ပေးကြပါကွာ...Peonyရှိမှဖြစ်မှာကွ Peonyတစ်ယောက်တည်းကိုပဲငါလိုချင်တာ နော်ကျန်းချန်...Peonyကိုငါစီပြန်ခေါ်ပေးကြပါကွာ..."

ကျန်းချန် ရှောင်းကျန့် နားပြေးသွားကာဒူးထောက်ရက်ရှိုက်ကြီးတငင်ငိုနေတဲ့ရှောင်းကျန့်ကိုပုခုံးကကိုင်ကာလှုပ်မေးမိတော့ရှောင်းကျန့်ကနီဆွေးနေတဲ့မျက်လုံးအစုံနဲ့မော့ကြည့်ကာ ကျန်းချန် လက်ကိုဆွဲရင်းPeonyကိုပြန်ခေါ်ပေးဆ်ိုတာချည်းအရူးတစ်ယောက်လိုတတွင်တွင်ပြောနေလေရဲ့။

ကျန်းချန်တို့သိလိုက်ပါပြီ။သူတို့သူငယ်ချင်းPeonyဆိုတဲ့ဂြိုလ်သားလေးကိုဆုံးရှုံးလိုက်ရပြီဆိုတာ။ကျန်းချန်ရှောင်းကျန့်ရှေ့မုဆိုးဒူးထောက်ထိုင်လိုက်ပြီးပုခုံးနှစ်ဖက်ကိုစုပ်ကိုင်ကာသွေးရူးသွေးတမ်းဖြစ်နေတဲ့ရှောင်းကျန့်ကိုစိုက်ကြည့်ရင်း

" ရှောင်းကျန့်... မင်းသတိထားစမ်းပါကွာ... ငါ ငါတို့ မတက်နိုင်ခဲ့ဘူးလေသူငယ်ချင်းရာ...Peonyကိုပြန်ခေါ်သွားကြပြီရှောင်းကျန့်ရ..."

"မဟုတ်ဘူး...Peonyကငါနဲ့ပဲနေချင်တာ...ဟုတ်တယ် သူ သူတို့ Peonyကိုအတင်းလာခေါ်သွားကြတာပဲနေမှာ...Peonyငိုနေတော့မယ်...လုပ်ပါဦးကျန်းချန်ရာ Peonyငါ့ကိုလိုက်ရှာနေရော့မယ်..."

" ရှောင်းကျန့်!!!..."

ကျန်းချန် မှာရှောင်းကျန့်အဖြစ်ကိုမကြည့်ရက်နိုင်စွာ အားကုန်လှုပ်ရမ်းရင်းအော်လိုက်တော့ ရှောင်းကျန့်က သူ့ကိုကျော်ကာဘုရားကျောင်းတံခါးဝကိုတွေတွေလေးငေးကြည့်ရင်း

"မင်းတို့ကလည်းကွာ...Peonyကိုပြန်ခေါ်ခိုင်းတဲ့ဟာကို ငါ့ကိုငြိုငြင်တယ်ပေါ့...မင်းတို့ပြန်မခေါ်ပေးချင်လည်းနေပေါ့Peonyကငါ့စီပြန်လာမှာကွ...မင်းတို့စောင့်ကြည့်နေလိုက် Peonyငါ့စီဆက်ဆက်ပြန်လာမှာ...ဖယ် ငါ့ကိုလွှတ် Peonyပြန်လာလို့အိမ်မှာငါ့ကိုမတွေ့ရင်Peonyတစ်ယောက်တည်းကြောက်နေဦးမယ်...ငါသွားစောင့်နေရမယ်...ဟုတ်တယ် Peonyကအငိုထူလေးကွ...မင်းတို့သိလား..."

ရှောင်းကျန့်ကပြောရင်းပုခုံးပေါ်ကကျန်းချန်လက်ကိုပုတ်ထုပ်ကာဘုရားကျောင်းအပြင်ဘက်ကိုသာအကြည့်ပို့ထားရင်း ယိုင်နဲ့နေတဲ့ခြေလှမ်းတွေနဲ့ Peonyပြန်လာမှာ ငါစီကိုပြန်လာမှာကွ လို့တတွတ်တွတ်ပြောရင်းအသိစိတ်လွတ်နေတဲ့လူတစ်ယောက်လိုထထွက်သွားလေရဲ့။

---------------------🦋----------------------
Continue -(Final)
🙂ဟီးးးး😁နောက်တပိုင်းfinalလိုက်တော့မယ်နော်SEတော့တခါမှမရေးဖူးသေးဘူး🤔 မကောင်းမကန်းလေးကိုသည်းခံဖတ်ပေးတဲ့ဒါလေးတွေကျေးဇူးလည်းတင်တယ်ချစ်လည်းများကြီးချစ်တယ်နော်😘😍all ai ni🙆ကျန်းမာရေးဂရုစိုက်ကြနော်သဲငယ်တို့😍
Vote&feelback လေး🙏🙏

(Zawgyi)

(Will Come Back)
ဒီေန႕ကေရွာင္းက်န့္နဲ႕Peonyရဲ႕မကုန္ဆုံးနိုင္တဲ့ခ်ိန္ျမန္တဲ့ေန႕ေတြထဲကတစ္ေန႕။အခ်ိဳျမန္ဆုံးေန႕လို႔သတ္မွတ္ရင္ပိုမွန္မယ္ထင္တယ္။ဘာလို႔ဆိုေရွာင္းက်န့္ဆိုတဲ့လူသားေလးကPeonyဆိုတဲ့ၿဂိဳလ္သားေလးကိုတရားဝင္ပိုင္ဆိုင္ရမယ့္ေန႕ေလးျဖစ္တာေၾကာင့္ေရွာင္းက်န့္နဲ႕Peonyသာမကသူတို႔ႏွစ္ေယာက္နဲ႕ပတ္သက္ဆက္ႏြယ္ေနတဲ့သူတိုင္းကိုပင္ေပ်ာ္႐ႊင္မႈေတြကူးဆက္ေစနိုင္သတဲ့ေလ။

က်န္းခ်န္တစ္ေယာက္သူ႕ေရွ႕မွာဟိုေလွ်ာက္ဒီေလွ်ာက္ဂနာမၿငိမ္ျဖစ္ေနတဲ့ေရွာင္းက်န့္ကိုၾကည့္ကာေတာ္ေတာ္မ်က္စိေနာက္ေနေလၿပီ။

"ေဟ့ေရာင္...ေရွာင္းက်န့္ ၿငိမ္ၿငိမ္ေနစမ္းပါကြာ ငါမ်က္စိေနာက္လြန္းလို႔ မင္းၾကည့္ရတာတေအာင့္ေနလက္ထပ္ရေတာ့မယ့္ သတို႔သားေလာင္းနဲ႕မတူပဲ...ေမ်ာက္မီးခဲကိုင္ထားသလိုပဲ မ်က္စိထဲၾကည့္ရတာကန့္လန့္ကန့္လန့္နဲ႕ ေျပာကိုမေျပာခ်င္ဘူး..."

"မေျပာခ်င္လည္း ေျပာမေနပါနဲ႕ကြာ...ငါPeonyကိုမေတြ႕ရတာနာရီပိုင္းေလာက္ရွိၿပီ...Peonyကိုေတြ႕ခ်င္လွၿပီကြ...ငါခံစားေနရတာကိုမင္းေျပာလည္းနားလည္မွာမဟုတ္ပါဘူးက်န္းခ်န္ရာ..."

ေရွာင္းက်န့္ သူ႕ကိုပိုလိုက္တာဆိုတဲ့အၾကည့္နဲ႕ၾကည့္ေနတဲ့က်န္းခ်န္ကိုလစ္လႉရႈကာPeonyကိုေခၚသြားတဲ့မိတ္ကပ္ျပင္အခန္းကိုသာတေမွ်ာ္ေမွ်ာ္တေခၚေခၚၾကည့္ေနမိတယ္။

"ဟာ...ငါမေစာင့္နိုင္ေတာ့ဘူးက်န္းခ်န္ရာ...ငါအထဲဝင္သြားေတာ့မယ္..."

"ေဟ့ေရာင္ေရွာင္းက်န့္... ဟာ ဒီေကာင္..."

က်န္းခ်န္ လည္းေရွ႕ကအေျပးတပိုင္းနဲ႕အခန္းထဲဝင္ဖို႔ျပင္ေနတဲ့ေရွာင္းက်န့္ေနာက္ကိုအျမန္လိုက္ရေတာ့တယ္။ဒီေတာ္ေတာ္ျဖစ္နဲ႕ေတာ့ေဆးလည္းမွီေတာ့မယ္မထင္ဘူး။

ဂ်ေလာက္!(တံခါးဖြင့္သံ)

ေရွာင္းက်န့္ အခန္းထဲဝင္ရန္တံခါးဖြင့္ဖို႔ျပင္႐ုန္ရွိေသး႐ုတ္တရက္အခန္းတံခါးကိုတေယာက္ေယာက္အထဲကဖြင့္လိုက္တာေၾကာင့္ေရွာင္းက်န့္နဲ႕က်န္းခ်န္ေနာက္ကိုေျခတလွမ္းစီဆုတ္လိုက္မိၾကတယ္။

ေရွာင္းက်န့္တျဖည္းျဖည္းဖြင့္ဟလာတဲ့တံခါးမွသူ႕ရဲ႕အၾကင္သူသတို႔သားေလာင္းေလးထြက္လာမွာကိုေမွ်ာ္လင့္တႀကီးေစာင့္စားေနမိတုန္း

"ဟဲ့...နင္တို႔ႏွစ္ေယာက္ကဒီနားမွာဘာရပ္လုပ္ေနၾကတာလဲ...ဖယ္စမ္းငါအျပင္ထြက္မလို႔ ဘယ္လိုျဖစ္ေနၾကမွန္းမသိဘူး..."

"ဝမ္ခ်င္ Peonyေရာ...Peonyကိုနင္ေခၚသြားတာေလ ဘယ္မွာလဲ...Peonyဘယ္မွာလဲလို႔..."

"ဟဲ့ေရွာင္းက်န့္...အသက္ရႉၿပီးေမးေလ...ငါကPeonyကိုဘာလုပ္မွာက် Peonyကအက္်ီလဲေနလို႔တေအာင့္ေနထြက္လာလိမ့္မယ္..."

ဝမ္ခ်င္ကပြင့္ဟလာတဲ့တံခါးမွေခါင္းျပဴကာသူတို႔ႏွစ္ေယာက္ကိုအလိုမက်သလိုေျပာတာကိုလည္းေရွာင္းက်န့္ဂ႐ုမျပဳအားPeonyကိုသာအသဲအသန္ေမးမိေတာ့ဝမ္ခ်င္ကမ်က္ေစာင္းဗုန္းက်ဲေလၿပီ။က်န္းခ်န္တစ္ေယာက္ကေတာ့အဲ့မ်က္ေစာင္းပိုင္ရွင္ေလးကိုငမ္းရင္းတၿပဳံးၿပဳံးပင္။

"က်န္းခ်န္... ေရွာင္းက်န့္ ကိုေခၚၿပီးသြားႏွင့္ တေအာင့္ေနငါတို႔လိုက္လာခဲ့မယ္..."

"ေအာ္...အမ္ ဝမ္ခ်င့္သေဘာ အဟင္း..."

"ဟာ...မသြားဘူးေဟ့ေရာင္ ငါPeonyကိုမေတြ႕ရေသးဘူး..."

"လာပါေရွာင္းက်န့္ရာ...ဟိုေရာက္ရင္လည္းေတြ႕ရမွာပဲကို ငါတို႔ဘုရားေက်ာင္းမွာသြားေစာင့္ေနၾကမယ္ေလ...လာပါကြာမင္းကလည္း..."

က်န္းခ်န္ ကဝမ္ခ်င့္အလိုလိုက္အႀကိဳက္ေဆာင္ခ်င္တာနဲ႕ေရွာင္းက်န့္တစ္ေယာက္က်န္းခ်န္ဆြဲေခၚရာကိုတျပစ္ေတာက္ေတာက္ေျပာရင္းပါသြားရေတာ့တယ္။

----------------------🦋--------------------

ခမ္းခမ္းနားနားႀကီးမဟုတ္ေပမဲ့ အခ်စ္ေတြနဲ႕ထုံမႊန္းထားေသာမဂ္လာအခမ္းနားေလးစတင္ရန္ဘုရားသခင္ေရွ႕ေမွာက္၌ဖာသာကအသင့္ရွိေနေလၿပီ။

သိပ္မက်ယ္လွတဲ့ဘုရားေက်ာင္းေလးမွာေနရာမလပ္ေအာင္လူေတြျပည့္လွ်ံေနတာမ်ိဳးမဟုတ္ေပမဲ့က်န္းခ်န္ ဝမ္ခ်င္ ေဟာက္႐ႊမ္း နဲ႕က်ိရန္တို႔ကဖာသာေရွ႕ကအျဖဴေရာင္သတို႔သားႏွစ္ေယာက္ကိုၾကည့္ကာထိုသူႏွစ္ဦးေၾကာင့္ၾကည္ႏူးမႈတို႔ကလူအမ်ားႀကီးနဲ႕ယွဥ္ရင္မေလ်ာ့ေသာၾကည္ႏူးျခင္းေတြနဲ႕။

ေရွာင္းက်န့္သူ႕ေရွ႕ကအျဖဴေရာင္သတို႔သားဝတ္စုံေလးနဲ႕လာဗင္ဒါပန္းစည္းေလးကိုင္ကာရပ္ေနတဲ့ျဖဴျဖဴလုံးလုံးအေကာင္ေပါက္ေလးကိုတေမ့တေမာေငးၾကည့္ေနမိတယ္။Peonyမ်က္ႏွာေလးကဒီေန႕မွထူးထူးျခားျခားသူ႕မ်က္လုံးထဲပိုေတာက္ပေနသေယာင္။

ပါးမို႔မို႔ေလးႏွစ္ဖက္ကမိတ္ကပ္အစြမ္းေၾကာင့္ပဲလားမေျပာတတ္ပန္းေသြးေရာင္ျခယ္ကာလွခ်င္တိုင္းလွေနတဲ့သူ႕ရဲ႕သတို႔သားေလာင္းေလး။ေဟာ့ ၿပဳံးျပျပန္ၿပီ။ေပၚလာတဲ့သြားတန္းျဖဴျဖဴေလးေတြကိုေငးၾကည့္ရင္း ႏႈတ္ခမ္းဖူးေလးကိုသိမ္းပိုက္ဖို႔စိတ္ေလာေနသေယာင္ႏွလုံးသားေလးကမူမမွန္စြာအခုန္ျမန္ေနေလရဲ႕။ဒီၿဂိဳလ္သားေလးကိုသူတကယ္ပိုင္ဆိုင္ရေတာ့မွာတဲ့။

" ေရွာင္းက်န့္... ေဟ့ေရာင္ေရွာင္းက်န့္...ဖာသာမင္းကိုေမးေနတယ္ေလ တကယ္ပဲ မတ္တပ္ႀကီးနဲ႕ငုတ္တုပ္ေမ့ေနသလားပဲ..."

"ေအာ္...အမ္..."

ေရွာင္းက်န့္ Peonyကိုအေငးေကာင္းေနတာနဲ႕ဖာသာရဲ႕က်မ္းသစၥာဂတိစကားေတာင္းတာေတာင္မၾကားလိုက္ က်န္းခ်န္ သတိေပးမွအေယာက္ေယာင္အမွားမွားေအာ္အမ္နဲ႕သာ။ဖာသာကေရွာင္းက်န့္ပုံစံကိုၾကည့္ၿပီးတခ်က္ၿပဳံးကာစိတ္ရွည္ရွည္နဲ႕ျပန္ေမးတယ္။

"သတို႔သားေရွာင္းက်န့္သည္ သတို႔သားPeonyအား ဆင္းရဲသည္ျဖစ္ေစခ်မ္းသာသည္ျဖစ္ေစ က်န္းမာသည္ျဖစ္ေစ နာမက်န္းသည္ျဖစ္ေစ သက္ဆုံးတိုင္ခ်စ္ျမတ္နိုးပါမည္ေလာ..."

"ကြၽန္ေတာ္...ျမတ္နိုးပါမည္ဟုဂတိျပဳပါတယ္..."

ေရွာင္းက်န့္ Peonyလက္ႏွစ္ဖက္ကိုစုပ္ကိုင္လို႔ Peonyကိုခ်စ္ရည္႐ႊမ္းတဲ့မ်က္ဝန္းအစုံနဲ႕ၾကည့္ရင္းဂတိျပဳမိတာကေလးေလးနက္နက္ပင္။

"သတို႔သားPeonyသည္ သတို႔သားေရွာင္းက်န့္အား ဆင္းရဲသည္ျဖစ္ေစ ခ်မ္းသာသည္ျဖစ္ေစ က်န္းမာသည္ျဖစ္ေစ နာမက်န္းသည္ျဖစ္ေစ သက္ဆုံးတိုင္ခ်စ္ျမတ္နိုးပါမည္ေလာ..."

"ဟုတ္...ကြၽန္ေတာ္ က်န့္က်န့္ကိုမ်ားႀကီးခ်စ္မွာ..."

Peonyကေရွာင္းက်န့္ကိုႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပဳံးျပရင္းဂတိျပဳစကားဆိုတာကအဆီေလွ်ာ္မတည့္ေပမဲ့အဓိပၸါယ္ကေတာ့ထပ္တူက်ေနမွာဧကန္ပင္။

ဖာသာရဲ႕က်မ္းသစၥာဂတ္ျပဳစကားဆိုအၿပီးဝမ္ခ်င္ကလက္စြပ္ဘူးေလးႏွစ္ဘူးတင္ထားတဲ့ဗန္းေလးကိုင္ကာေရွာင္းက်န့္တို႔နားကိုေလွ်ာက္လာတယ္။

ေရွာင္းက်န့္နဲ႕Peonyလက္ထဲကိုေငြေရာင္လက္စြပ္ေလးတကြင္းစီေရာက္လာတာနဲ႕Peonyကေရွာင္းက်န့္လက္ကိုဆြဲယူကာလက္စြပ္ေလးကိုဦးဆုံးစြပ္ေပးရင္းမ်က္လုံးေမွးေမွးေလးေတြမွိတ္က်သြားတဲ့အထိၿပဳံးျပကာ

"က်န့္က်န့္က...ကြၽန္ေတာ့္တစ္ေယာက္တည္းအပိုင္ဟီး..."

ေရွာင္းက်န့္ Peonyလုပ္ရပ္ေၾကာင့္သေဘာတက်ၿပဳံးရင္းPeonyလက္ကေလးတစ္ဖက္ကိုျမတ္ျမတ္နိုးနိုးယူကာလက္စြပ္ေလးစြပ္ေပးဖို႔အျပင္ လက္စြပ္ေလးဟာတစုံတေယာက္ကို ေရွာင္းက်န့္ အပိုင္အျဖစ္မသတ္မွတ္ရေသးခင္ ဘုရားေက်ာင္းၾကမ္းျပင္ေပၚကို ျပဳတ္က်သြားေတာ့တယ္။

ေရွာင္းက်န့္မသိလိုက္ခင္မွာပဲ သူ႕စုပ္ကိုင္ထားတဲ့Peonyလက္ကေလးကိုလႊတ္ကာတလိမ့္လိမ့္က်သြားတဲ့လက္စြပ္ေလးကိုလိုက္ေကာက္မိတယ္။အကယ္၍ထိုတဒဂ္အတြင္းသူသိပ္ခ်စ္ရတဲ့ၿဂိဳလ္သားေလးကိုဆုံးရႈံးရမယ္မွန္းသိရင္ေရွာင္းက်န့္တစ္ေယာက္ထိုလက္ကေလးကိုလႊတ္ဖို႔ဆႏၵရွိေနပါဦးမလား။

အကယ္၍ထိုခဏေလးအတြင္း သူသိပ္ခ်စ္တဲ့လူသားေလးနဲ႕ ခြဲခြာရမယ္မွန္းသိရင္ၿဂိဳလ္သားေလးကေရာထိုလူသားေလးကိုလက္စြပ္ေလးေကာက္ဖို႔ခြင့္ျပဳပါဦးမလား။ေရွာင္းက်န့္ျပဳတ္က်သြားတဲ့လက္စြပ္ေလးကိုအမိအရဖမ္းစုပ္မိခ်ိန္သတိထားမိလိုက္တာကဘုရားေက်ာင္းထဲမွာရွိတဲ့လႈပ္ရွားေနတဲ့အရာမွန္သမွ်ရပ္တန့္ေနၿပီဆိုတာ။

ေရွာင္းက်န့္အလန့္တၾကားPeonyရပ္ေနတဲ့ေနရာစီအၾကည့္ပို႔မိေတာ့လာဗင္ဒါပန္းစည္းေလးကကိုင္ေဆာင္သူကင္းမဲ့လွ်က္ၾကမ္းျပင္ေပၚမရႈမလွသက္ဆင္းခဲ့ေလၿပီ။ေရွာင္းက်န့္ခ်က္ခ်င္းဆိုသလိုစိုးရိမ္စိတ္တို႔ကအလုံးရင္းလိုက္။

"မဟုတ္ဘူး...Peony... Peonyဘယ္မွာလဲ...ကိုယ့္ကိုျပန္ထူးပါဦးကြာ..."

ေရွာင္းက်န့္ တစ္ေယာက္ဘုရားေက်ာင္းဝန္းအတြင္းသူ႕သတို႔သားေလာင္းေလးကိုအသည္းအသန္ေဝ့ဝဲရွာေဖြေနမိတယ္။ဖာသာအပါအဝင္ က်န္းခ်န္ ေဟာက္႐ႊမ္း က်ိရန္နဲ႕ ဝမ္ခ်င္တို႔မွာ 3minsမျပည့္ခင္အခ်ိန္ထိႏႈတ္ခမ္းထက္မွာကိုယ္စီအၿပဳံးပန္းေတြခ်ိတ္ဆြဲထားၾကေပမဲ့ေရွာင္းက်န့္အတြက္ေတာ့ထို3minsကကမာၻပ်က္သလိုအ႐ူးမီးဝိုင္းျဖစ္ေနေခ်ၿပီ။

"Peonyကိုယ္ေတာင္းပန္ပါတယ္...ဒါတူတူပုန္းရမယ့္အခ်ိန္မဟုတ္ဘူးေလ...Peonyကိုယ္ေခၚေနတယ္ေလကြာ..."

ေရွာင္းက်န့္ အသိစိတ္တို႔ကPeonyကိုေခၚသြားၾကၿပီဆိုတာသိေနေပမဲ့ႏွလုံးသားကလက္မခံနိုင္စြာအဲ့လိုမဟုတ္ပါေစနဲ႕လို႔ဆုေတာင္းေနမိဆဲ။

"Peony ကိုယ္တို႔လက္ထပ္ပြဲမၿပီးေသးဘူးေလကြာ...ကိုယ့္ကိုအဲ့လိုမေနာက္ပါရဘူးေလ...ျပန္လာပါ ကိုယ့္စီျပန္လာေပးပါPeony..."

ေရွာင္းက်န့္ ယူႀကဳံးမရစြာPeonyကိုေႏွာေျမာတသေရ႐ြတ္ရင္းလက္စြပ္ေလးကိုစုပ္ကိုင္ထားမိတယ္။လက္ႏွစ္ဖက္ကိုက်စ္က်စ္ပါေအာင္စုပ္ထားရင္းနာက်င္ေနတဲ့ႏွလုံးသားေလးကိုဖိႏွိပ္ကာဘုရားေက်ာင္းေလွ်ာက္လမ္းအဆုံးမွာဒူးေထာက္ထိုင္ခ်လိဳက္မိတယ္။

မ်က္ရည္ေတြကမဖိတ္ေခၚပါပဲမ်က္ဝန္းအိမ္မွာျပည့္လွ်ံလာကာတာက်ိဳးသလိုအဆက္မျပတ္ပါးျပင္ေပၚခြင့္ျပဳခ်က္မရပါပဲျဖတ္စီးၾကေလရဲ႕။

"မဟုတ္ဘူး...ဒီလိုျဖစ္လို႔မရဘူးေလ Peonyကကိုယ့္အပိုင္ ကိုယ္တစ္ေယာက္တည္းရဲ႕အပိုင္... ျပန္ေပးၾကပါ Peonyကို ကြၽန္ေတာ့္စီျပန္ပို႔ေပးၾကပါ...အဟင့္...ေတာင္းပန္ပါတယ္....အင့္..."

ေရွာင္းက်န့္ ငိုေနရင္းရွိုက္သံေတြပါေရာယွက္လာတဲ့အထိဝမ္းနည္းမႈတို႔ကလွိုက္လွိုက္လွဲလွဲ။ဒီလိုျဖစ္မယ္မွန္းအစကတည္းကႀကိဳသိခဲ့ရင္Peonyလက္ကိုလႊတ္မေပးဘဲ သူ႕ရင္ခြင္ထဲဘယ္သူမွမျမင္နိုင္ေအာင္ဝွက္ထားမိမွာ။

3minsျပည့္လို႔ျပန္လႈပ္ရွားလာၾကတဲ့က်န္းခ်န္တို႔မွာလဲအေျခေနအရပ္ရပ္ကိုနားမလည္နိုင္စြာကိုယ္စီအံ့ၾသျခင္းေတြနဲ႕ေရွာင္းက်န့္နားကိုေျပးလာၾကတယ္။

" ေရွာင္းက်န့္... မင္းဘာလို႔ဒီလိုျဖစ္ေနရတာလဲ...Peonyေရာ...."

"က်န္းခ်န္.... ငါ့ကို Peonyကိုျပန္ေခၚေပးပါကြာ ငါေတာင္းပန္ပါတယ္ ငါမွာရွိတာေတြအကုန္ေပးမယ္လို႔... Peonyကိုေတာ့ ငါ ငါတကယ္လိုအပ္လို႔ပါကြာ ေနာ္ ျပန္ေခၚေပးၾကပါကြာ...Peonyရွိမွျဖစ္မွာကြ Peonyတစ္ေယာက္တည္းကိုပဲငါလိုခ်င္တာ ေနာ္က်န္းခ်န္...Peonyကိုငါစီျပန္ေခၚေပးၾကပါကြာ..."

က်န္းခ်န္ ေရွာင္းက်န့္ နားေျပးသြားကာဒူးေထာက္ရက္ရွိုက္ႀကီးတငင္ငိုေနတဲ့ေရွာင္းက်န့္ကိုပုခုံးကကိုင္ကာလႈပ္ေမးမိေတာ့ေရွာင္းက်န့္ကနီေဆြးေနတဲ့မ်က္လုံးအစုံနဲ႕ေမာ့ၾကည့္ကာ က်န္းခ်န္ လက္ကိုဆြဲရင္းPeonyကိုျပန္ေခၚေပးဆ္ိုတာခ်ည္းအ႐ူးတစ္ေယာက္လိုတတြင္တြင္ေျပာေနေလရဲ႕။

က်န္းခ်န္တို႔သိလိုက္ပါၿပီ။သူတို႔သူငယ္ခ်င္းPeonyဆိုတဲ့ၿဂိဳလ္သားေလးကိုဆုံးရႈံးလိုက္ရၿပီဆိုတာ။က်န္းခ်န္ေရွာင္းက်န့္ေရွ႕မုဆိုးဒူးေထာက္ထိုင္လိုက္ၿပီးပုခုံးႏွစ္ဖက္ကိုစုပ္ကိုင္ကာေသြး႐ူးေသြးတမ္းျဖစ္ေနတဲ့ေရွာင္းက်န့္ကိုစိုက္ၾကည့္ရင္း

" ေရွာင္းက်န့္... မင္းသတိထားစမ္းပါကြာ... ငါ ငါတို႔ မတက္နိုင္ခဲ့ဘူးေလသူငယ္ခ်င္းရာ...Peonyကိုျပန္ေခၚသြားၾကၿပီေရွာင္းက်န့္ရ..."

"မဟုတ္ဘူး...Peonyကငါနဲ႕ပဲေနခ်င္တာ...ဟုတ္တယ္ သူ သူတို႔ Peonyကိုအတင္းလာေခၚသြားၾကတာပဲေနမွာ...Peonyငိုေနေတာ့မယ္...လုပ္ပါဦးက်န္းခ်န္ရာ Peonyငါ့ကိုလိုက္ရွာေနေရာ့မယ္..."

" ေရွာင္းက်န့္!!!..."

က်န္းခ်န္ မွာေရွာင္းက်န့္အျဖစ္ကိုမၾကည့္ရက္နိုင္စြာ အားကုန္လႈပ္ရမ္းရင္းေအာ္လိုက္ေတာ့ ေရွာင္းက်န့္က သူ႕ကိုေက်ာ္ကာဘုရားေက်ာင္းတံခါးဝကိုေတြေတြေလးေငးၾကည့္ရင္း

"မင္းတို႔ကလည္းကြာ...Peonyကိုျပန္ေခၚခိုင္းတဲ့ဟာကို ငါ့ကိုၿငိဳျငင္တယ္ေပါ့...မင္းတို႔ျပန္မေခၚေပးခ်င္လည္းေနေပါ့Peonyကငါ့စီျပန္လာမွာကြ...မင္းတို႔ေစာင့္ၾကည့္ေနလိုက္ Peonyငါ့စီဆက္ဆက္ျပန္လာမွာ...ဖယ္ ငါ့ကိုလႊတ္ Peonyျပန္လာလို႔အိမ္မွာငါ့ကိုမေတြ႕ရင္Peonyတစ္ေယာက္တည္းေၾကာက္ေနဦးမယ္...ငါသြားေစာင့္ေနရမယ္...ဟုတ္တယ္ Peonyကအငိုထူေလးကြ...မင္းတို႔သိလား..."

ေရွာင္းက်န့္ကေျပာရင္းပုခုံးေပၚကက်န္းခ်န္လက္ကိုပုတ္ထုပ္ကာဘုရားေက်ာင္းအျပင္ဘက္ကိုသာအၾကည့္ပို႔ထားရင္း ယိုင္နဲ႕ေနတဲ့ေျခလွမ္းေတြနဲ႕ Peonyျပန္လာမွာ ငါစီကိုျပန္လာမွာကြ လို႔တတြတ္တြတ္ေျပာရင္းအသိစိတ္လြတ္ေနတဲ့လူတစ္ေယာက္လိုထထြက္သြားေလရဲ႕။

---------------------🦋----------------------
Continue -(Final)
🙂ဟီးးးး😁ေနာက္တပိုင္းfinalလိုက္ေတာ့မယ္ေနာ္SEေတာ့တခါမွမေရးဖူးေသးဘူး🤔 မေကာင္းမကန္းေလးကိုသည္းခံဖတ္ေပးတဲ့ဒါေလးေတြေက်းဇူးလည္းတင္တယ္ခ်စ္လည္းမ်ားႀကီးခ်စ္တယ္ေနာ္😘😍all ai ni🙆က်န္းမာေရးဂ႐ုစိုက္ၾကေနာ္သဲငယ္တို႔😍
Vote&feelback ေလး🙏🙏

繼續閱讀

You'll Also Like

97.2K 6K 49
ကမ်းလင့်လို့ မမှီနိုင်တဲ့ တွဲလက်တစ်စုံဖြစ်ခဲ့ပေမဲ့ မင်းကိုသိပ်ချစ်ခဲ့တာပါ ပူတူးရယ်။ (ကမ္းလင့္လို႔ မမွီနိုင္တဲ့ တြဲလက္တစ္စုံျဖစ္ခဲ့ေပမဲ့ မင္းကိုသိပ္ခ်...
240K 13.2K 25
ဟုတ္တယ္က်န့္ေကာက်ြန္ေတာ္ကအရူးဒါေပမယ့္ေလက်ြန္ေတာ္က်န့္ေကာကိုတစ္ကယ္ခ်စ္တာက်န့္ေကာကိုပိုင္ဆိုင္ခ်င္ေပမယ့္က်န့္ေကာမုန္းသြားမွာက်ြန္ေတာ့အရမ္းေၾကာက္တယ္က်န္...
274K 48K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
198K 13.6K 27
ကျန့်ကျန့်အပေါ်လုပ်ခဲ့တဲ့အမှားတွေကိုအရှင်ပြန်ပေးဆပ်မှာပါဘယ်ဘဝရောက်နေနေအမှားတွေကျေသည့်အထိအရှင်ပြန်ပေးဆပ်မှာပါ....... ...