သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Compl...

By Rockeain

131K 6.8K 238

အားရှန့် သတ်ပုံမှားနေတဲ့ကောရဲ့အတ္တတွေကိုပြင်ဆင်ခွင့်ပေးခဲ့လို့ ထာဝရအတွက်ကျေးဇူးတင်နေမှာပါ။🚫++အနည်းငယ် ပါဝင်ပ... More

💓(1)💓
💓(2)💓
💓(3)💓
💓(4)💓
💓(5)💓
💓(6)💓
💓(7)💓
💓(8)💓
💓(9)💓
💓(10)💓
💓(11)💓
💓(12)💓
💓(13)💓
💓(15)💓
💓(16)💓
💓(17)💓
💓(18)💓
💓(19)💓
💓(20)💓
💓(21)💓
💓(22)💓ခွင့်လွှတ်ခြင်း💚
💓(23)💓
💓(24)💓
💓(25)💓
💓(26)💓
💓(27)💓
💓(28)💓
💓(29)💓
💓(30)💓
💓(31)💓
💓(32)💓
💓(33)💓
❄🎄(34)🎄❄
❄🎄🍷🎄❄
💓(35)💓
(36)
(37)
(38)
(39)
(40)
(41)final
extra 💞

💓(14)💓

3.3K 203 8
By Rockeain

ဝမ်ရိပေါ် သူအိပ်ယာကနိုးလာတော့ ရေချိုးခန်းထဲဝင်ပြီးရေမိုးချိုးကာ Company သွားဖို့ပြင်ဆင်လိုက်တယ်။

''ကျင်ရီ..Company သွားမယ်..
ကားထုတ်ထားလား။''

"အဆင်သင့်ပဲ အကိုလေး.."

"ဟိုကောင်လေးရော..ကျင်ရီ "

"ဘယ်သူ့ကိုမေးတာလည်း အကိုလေးက"

"ငါ့အခန်းထဲက တစ်ယောက်ကိုမေးတာ
ခေါ်ခဲ့ သူ့ကိုပါ"

''ကျန့်ကျန့်နေမကောင်းဘူး အကိုလေး
သူ့ကိုဆေးတိုက်ပြီး တခြားခန်းမှာပြောင်းထားပေးတယ်။''

"ရှိစေတော့. သွားမယ်"

Company ရောက်ပြန်တော့လည်း ရိပေါ်
အလုပ်ထဲအာရုံမရောက်..'အားရှန့်ရဲ့ပုံနဲ့ ဟိုကောင်လေးရဲ့ပုံက ဘာလို့ဆင်နေပါလိမ့်။'

ရိပေါ်စဥ်းစားရင်းနေခဲ့တာ နာရီဝက်ပင်မက သူ့ရှေ့ရောက်လာတဲ့မန်နေဂျာဆိုသူကြောင့် ''မနက်ဖြန်လေလံပွဲစမယ် CEOဝမ်။''

''အင်..ကောင်းပြီ ဘယ်အချိန်လည်း။''

"မနက် (9) နာရီပါ CEOဝမ်.."

"သိပြီ.. သွားတော့ ''

စစ်ကျွေးကိုမနေ့ညက အကြောင်းစုံမေးမိတော့ ရှောင်ကျန့်ကို သူမတရားသိမ်းယူထားတာတဲ့..အဲ့ဒီကောင်လေးဆေးစွဲနေတာ သူ့ကြောင့်ဆိုပဲ။

'ဟူးးး ငါက အဲ့လိုထိပါ မိုက်ရူးနေမိပြီပေါ့.
စဥ်းစားမရဘူး အဲ့ဒီကောင်လေးကိုမြင်ရင်
တစုံတယောက်ကို မြင်နေရသလိုပဲ စိတ်ထဲအရမ်းရင်းနှီးနေမိတယ်။
သူက အားရှန့်များလား..ဟိုအချက်အလက်တွေကို ရှာကြည့်ရမှာပဲ'
ပြောပြောဆိုဆို
မနေ့ညက စစ်ကျွေးသူ့ကိုပေးထါးတဲ့ စာအိတ်ရှည်တခုကိုဖောက်ကြည့်မိပြန်ရော..

ပထမဆုံးမြင်လိုက်မိတာက..ဓာတ်ပုံသေးသေးလေးတစ်ပုံပဲ။

ထိုဓာတ်ပုံပိုင်ရှင်လေးက ပြုံးရယ်နေတာအရမ်းချစ်ဖို့ကောင်းတယ်။ရှေ့သွားလေးနှစ်ချောင်းက အသိအသားကြီးနေပြီးအရမ်းကိုပျော်ရွှင်လွန်းလို့ ပြုံးရယ်နေတဲ့ပုံစံမို့ ရိပေါ်ကြည့်နေရင်းသူပါလိုက်ပြုံးမိသွားတယ်။နှုတ်မှလည်း ''ချစ်ဖို့ကောင်းလိုက်တာ အားရှန့်။''

နောက်အချက်အလက်တော်တော်များများ
ကြည့်မိပြန်တော့.. ရှောင်းအိမ်တော်မီးလောင်ခဲ့တယ်ဆိုတဲ့သတင်းပဲ။

''ဟမ်း..ဘယ်လိုကြောင့် အိမ်သားတွေအားလုံးသေကုန်တယ်တဲ့ မဖြစ်နိုင်တာ'' ရိပေါ် ကမ္ဘာပျက်နေပြီ..
''အားရှန့်က မသေနိုင်ပါဘူး ငါယုံတယ်
သူအသက်ရှင်နေမှာပါ။''

အတိတ်တချို့ပြန်မြင်ရင်း ရိပေါ်လွမ်းဆွတ်မိပြန်တယ်အဲ့ဒီတုန်းက.....💚

Flashback... 💚💚💚

ရှန်ဟိုင်းမှာ အဖွားဖြစ်သူဆီ အလည်အပတ်ရောက်နေခဲ့တဲ့ရိပေါ်လေး။
အဲ့ဒီတုန်းက ရိပေါ်ရဲ့အသက်က ၁၂နှစ်..
တိတ်ဆိတ်လှတဲ့ခြံကျယ်ကြီးရဲ့ဘေးကအိမ်မှာ ထိုယုန်သွားနဲ့ကလေးလေးကို အရင်ဆုံးစတွေ့ခဲ့မိတာ။

ရေခဲမုန့်တွေကိုလက်တဖက်က စားနေပြီး
ကြောင်လေးကို မရမကလိုက်ဖမ်းနေတဲ့
ပေါက်စနလေးကို ရိပေါ်ခုံပေါ်ကထိုင်ကြည့်နေခဲ့တယ်။

ပန်းခြုံတွေကြား ပြေးဝင်သွားတဲ့ ကြောင်လေးရဲ့နောက် ထိုပေါက်စနလေး မရမကလိုက်နေသေးတယ်။

ခဏအကြာ ''အဟင့်..အဟင့်..ဖွားဖွား
ဖွားဖွား..နာနာ..နာ..အဟင့်..နာနာ..''

စကားမပီကလာပီကလာလေးနဲ့ ကြောင်ကုပ်လိုက်လို့ နာပြီးအော်ငိုနေတဲ့ကောင်လေးကြောင့် အိမ်ထဲက ပြေးထွက်လာတဲ့
အန်တီကြီးတစ်ယောက်..
''အယ်..အားရှန့်လေး ငါတို့အားရှန့်လေးဘာဖြစ်လို့ပါလိမ့်။''

မြက်ခင်းပေါ် ငုတ်တုတ်ကလေးခြေကားယားလက်ကားယားနဲ့ အော်ငိုနေတာ မျက်နှာနုနုလေးဟာနီရဲနေတော့တယ်။
မျက်ဝန်းလဲ့လဲ့လေးတွေက ခုဆိုရင် မျက်ရည်တွေပြည့်နေတာကြောင့် ကြည်လင်နေတဲ့ရေပြင်အတိုင်းပဲတောက်ပနေရှာတယ်။

လက်သေးသေးလေးမှာ ကြောက်ကုပ်ရာကြီးက အကြောင်းလိုက်ကြီးထင်းလို့..
သွေးစလေးတွေစို့နေရှာသေး..
''အဟင့်..အဟင့်..နာနာ..''

အသက် ၅နှစ်ပဲရှိသေးတဲ့ ဒီကောင်လေးကို
ရိပေါ်ဆွဲညှစ်ချင်နေတာအမှန်ပဲ။
အူယားစရာကောင်းလို့ ..နေ့တိုင်းနီးပါ ထိုကောင်လေးကို ရိပေါ်ထွက်ချောင်းနေတတ်ပြီ ခုဆိုရင်ပေါက်စက နေ့တိုင်းနီးပါး
မြက်ခင်းပေါ်မှာ ယုန်လေးလိုပဲ လုံးတစ်တစ်နဲ့ပြေးဆော့နေတာ မနိုင်ဘူး။

ဆော့နေရင်း ဘောလုံးက ရိပေါ်ရှိနေတဲ့ခြံဘက်အရှိန်လွန်ပြီးလာကျတော့..
ရိပေါ်ကောက်ပြီး သွားပေးတယ်..

ပေါက်စနလေးကို အူယားလာတာနဲ့ ဖက်နမ်းပစ်လိုက်တော့ ခစ်ခစ်ခစ်ဆိုတဲ့ရယ်သံလေးက အရှင်းသား။
ပါးပြင်နုနုလေးက မွှေးပြီးအိစက်နေတာပဲ
ကြာရင် ရိပေါ်လက်ချက်ကြောင့် ဒီကလေးအော်ငိုတော့မှာမြင်ယောင်သေး။

"အားရှန့်ရေ..အားရှန့်လေးရေ ထမင်းစားရအောင်လေ.."

ရိပေါ်ကို ချီပြီးအိမ်ထဲလိုက်ပို့ခိုင်းနေတဲ့ ပေါက်စနလေးကြောင့် ရိပေါ်အမြန်ချီပြီးလိုက်ပို့ပေးလိုက်တော့..
အန်တီကြီးတစ်ယောက်နဲ့တိုးပြန်တယ်။

''ကောင်လေး မင်းက ဟိုဘက်ခြံက သူဌေးဝမ်ရဲ့သားလား။''

"ဟုတ်ပါတယ် အန်တီ.."

''လူချောလေးပဲ..သားရဲ့အဖွားရော ကျန်းမာရေးကောင်းရဲ့လားကွယ်။''

''ဟုတ်..ကောင်းပါတယ်။''

ပေါက်စနလေးကို ထမင်းခွံ့ပေးရင်း ရိပေါ်နဲ့စကားလက်စုံကျနေတဲ့ အန်တီကြီးက
ပေါက်စနကို ထိန်းတဲ့ အိမ်တော်ထိန်းကြီးတဲ့။သူမက နွေးထွေးကြင်နာလှတယ်။

"အားရှန့်လေး..တော်ပြီလား.."

''အင်းအင်း..''ခေါင်းညိမ့်ပြတဲ့ ကောင်လေးကြောင့် ရေတိုက်ပြီး ပါးစပ်သန့်ရှင်းရေးလေးလုပ်ပေးကါ အိမ်ရှေ့ကို သုံးယောက်သားထွက်လာခဲ့မိပြန်တယ်။
အဲ့ဒီနေ့မှာ အားရှန့်လေးကို ဓာတ်ပုံရိုက်ပေးခဲ့တဲ့ ရိပေါ်..
အဲ့ဒီပုံက ခုသူ့လက်ထဲကပုံနဲ့အတူတူပဲ။

Flashback end❤❤❤

'မဖြစ်ဘူး ငါ မယုံနိုင်သေးဘူး အားရှန့်မသေနိုင်ဘူး။အိမ်တော်ထိန်းကြီးကို ရှာရမယ် သူသိလောက်မယ် ဟုတ်တယ်။'

အခန်းထဲက ရှောင်ကျန့်ကတော့ ဆေးသုံးရမှ နေသာသလိုရှိတာ..
အချိန်မှန်ဆေးမရရင် သူ့ကိုယ်သူ တခုခုလုပ်မိတဲ့အတွက် ကျင်ရီ မူးယစ်ကုသဆောင်ကို ပို့ပေးရန် စီစဥ်နေပြန်တယ်။

''ဒေါက်တာရန်..ကျွန်တော် ကျန့်ကျန့်ကို
မူးယစ်ကုသဆောင်ကို ပို့လို့အဆင်ပြေနိုင်မလား သိချင်လို့ပါ။''

''အဲ့ဒါအကောင်းဆုံးပဲ ကျင်ရီခင်ဗျ..
ပိုထိရောက်တာပေါ့ ဆေးဖြတ်တဲ့နေရာဆိုတော့လေ။''

အမြန်ဆုံးပန်ကန်လုံးစီးပြီး up ပေးလိုက်တာ ညကျရင် တပိုင်းတင်ပေးမယ်☺☺

mp Rockeain

💜💜💜💜💜💜💜💜💜💜💜💜

Zawgyi

ဝမ္ရိေပၚ သူအိပ္ယာကနိုးလာေတာ့ ေရခ်ိဳးခန္းထဲဝင္ၿပီးေရမိုးခ်ိဳးကာ Company သြားဖို႔ျပင္ဆင္လိုက္တယ္။

''က်င္ရီ..Company သြားမယ္..
ကားထုတ္ထားလား။''

"အဆင္သင့္ပဲ အကိုေလး.."

"ဟိုေကာင္ေလးေရာ..က်င္ရီ "

"ဘယ္သူ႕ကိုေမးတာလည္း အကိုေလးက"

"ငါ့အခန္းထဲက တစ္ေယာက္ကိုေမးတာ
ေခၚခဲ့ သူ႕ကိုပါ"

''က်န့္က်န့္ေနမေကာင္းဘူး အကိုေလး
သူ႕ကိုေဆးတိုက္ၿပီး တျခားခန္းမွာေျပာင္းထားေပးတယ္။''

"ရွိေစေတာ့. သြားမယ္"

Company ေရာက္ျပန္ေတာ့လည္း ရိေပၚ
အလုပ္ထဲအာ႐ုံမေရာက္..'အားရွန့္ရဲ႕ပုံနဲ႕ ဟိုေကာင္ေလးရဲ႕ပုံက ဘာလို႔ဆင္ေနပါလိမ့္။'

ရိေပၚစဥ္းစားရင္းေနခဲ့တာ နာရီဝက္ပင္မက သူ႕ေရွ႕ေရာက္လာတဲ့မန္ေနဂ်ာဆိုသူေၾကာင့္ ''မနက္ျဖန္ေလလံပြဲစမယ္ CEOဝမ္။''

''အင္..ေကာင္းၿပီ ဘယ္အခ်ိန္လည္း။''

"မနက္ (9) နာရီပါ CEOဝမ္.."

"သိၿပီ.. သြားေတာ့ ''

စစ္ေကြၽးကိုမေန႕ညက အေၾကာင္းစုံေမးမိေတာ့ ေရွာင္က်န့္ကို သူမတရားသိမ္းယူထားတာတဲ့..အဲ့ဒီေကာင္ေလးေဆးစြဲေနတာ သူ႕ေၾကာင့္ဆိုပဲ။

'ဟူးးး ငါက အဲ့လိုထိပါ မိုက္႐ူးေနမိၿပီေပါ့.
စဥ္းစားမရဘူး အဲ့ဒီေကာင္ေလးကိုျမင္ရင္
တစုံတေယာက္ကို ျမင္ေနရသလိုပဲ စိတ္ထဲအရမ္းရင္းႏွီးေနမိတယ္။
သူက အားရွန့္မ်ားလား..ဟိုအခ်က္အလက္ေတြကို ရွာၾကည့္ရမွာပဲ'
ေျပာေျပာဆိုဆို
မေန႕ညက စစ္ေကြၽးသူ႕ကိုေပးထါးတဲ့ စာအိတ္ရွည္တခုကိုေဖာက္ၾကည့္မိျပန္ေရာ..

ပထမဆုံးျမင္လိုက္မိတာက..ဓာတ္ပုံေသးေသးေလးတစ္ပုံပဲ။

ထိုဓာတ္ပုံပိုင္ရွင္ေလးက ၿပဳံးရယ္ေနတာအရမ္းခ်စ္ဖို႔ေကာင္းတယ္။ေရွ႕သြားေလးႏွစ္ေခ်ာင္းက အသိအသားႀကီးေနၿပီးအရမ္းကိုေပ်ာ္႐ႊင္လြန္းလို႔ ၿပဳံးရယ္ေနတဲ့ပုံစံမို႔ ရိေပၚၾကည့္ေနရင္းသူပါလိုက္ၿပဳံးမိသြားတယ္။ႏႈတ္မွလည္း ''ခ်စ္ဖို႔ေကာင္းလိုက္တာ အားရွန့္။''

ေနာက္အခ်က္အလက္ေတာ္ေတာ္မ်ားမ်ား
ၾကည့္မိျပန္ေတာ့.. ေရွာင္းအိမ္ေတာ္မီးေလာင္ခဲ့တယ္ဆိုတဲ့သတင္းပဲ။

''ဟမ္း..ဘယ္လိုေၾကာင့္ အိမ္သားေတြအားလုံးေသကုန္တယ္တဲ့ မျဖစ္နိုင္တာ'' ရိေပၚ ကမၻာပ်က္ေနၿပီ..
''အားရွန့္က မေသနိုင္ပါဘူး ငါယုံတယ္
သူအသက္ရွင္ေနမွာပါ။''

အတိတ္တခ်ိဳ႕ျပန္ျမင္ရင္း ရိေပၚလြမ္းဆြတ္မိျပန္တယ္အဲ့ဒီတုန္းက.....

Flashback...

ရွန္ဟိုင္းမွာ အဖြားျဖစ္သူဆီ အလည္အပတ္ေရာက္ေနခဲ့တဲ့ရိေပၚေလး။
အဲ့ဒီတုန္းက ရိေပၚရဲ႕အသက္က ၁၂ႏွစ္..
တိတ္ဆိတ္လွတဲ့ၿခံက်ယ္ႀကီးရဲ႕ေဘးကအိမ္မွာ ထိုယုန္သြားနဲ႕ကေလးေလးကို အရင္ဆုံးစေတြ႕ခဲ့မိတာ။

ေရခဲမုန့္ေတြကိုလက္တဖက္က စားေနၿပီး
ေၾကာင္ေလးကို မရမကလိုက္ဖမ္းေနတဲ့
ေပါက္စနေလးကို ရိေပၚခုံေပၚကထိုင္ၾကည့္ေနခဲ့တယ္။

ပန္းၿခဳံေတြၾကား ေျပးဝင္သြားတဲ့ ေၾကာင္ေလးရဲ႕ေနာက္ ထိုေပါက္စနေလး မရမကလိုက္ေနေသးတယ္။

ခဏအၾကာ ''အဟင့္..အဟင့္..ဖြားဖြား
ဖြားဖြား..နာနာ..နာ..အဟင့္..နာနာ..''

စကားမပီကလာပီကလာေလးနဲ႕ ေၾကာင္ကုပ္လိုက္လို႔ နာၿပီးေအာ္ငိုေနတဲ့ေကာင္ေလးေၾကာင့္ အိမ္ထဲက ေျပးထြက္လာတဲ့
အန္တီႀကီးတစ္ေယာက္..
''အယ္..အားရွန့္ေလး ငါတို႔အားရွန့္ေလးဘာျဖစ္လို႔ပါလိမ့္။''

ျမက္ခင္းေပၚ ငုတ္တုတ္ကေလးေျခကားယားလက္ကားယားနဲ႕ ေအာ္ငိုေနတာ မ်က္ႏွာႏုႏုေလးဟာနီရဲေနေတာ့တယ္။
မ်က္ဝန္းလဲ့လဲ့ေလးေတြက ခုဆိုရင္ မ်က္ရည္ေတြျပည့္ေနတာေၾကာင့္ ၾကည္လင္ေနတဲ့ေရျပင္အတိုင္းပဲေတာက္ပေနရွာတယ္။

လက္ေသးေသးေလးမွာ ေၾကာက္ကုပ္ရာႀကီးက အေၾကာင္းလိုက္ႀကီးထင္းလို႔..
ေသြးစေလးေတြစို႔ေနရွာေသး..
''အဟင့္..အဟင့္..နာနာ..''

အသက္ ၅ႏွစ္ပဲရွိေသးတဲ့ ဒီေကာင္ေလးကို
ရိေပၚဆြဲညွစ္ခ်င္ေနတာအမွန္ပဲ။
အူယားစရာေကာင္းလို႔ ..ေန႕တိုင္းနီးပါ ထိုေကာင္ေလးကို ရိေပၚထြက္ေခ်ာင္းေနတတ္ၿပီ ခုဆိုရင္ေပါက္စက ေန႕တိုင္းနီးပါး
ျမက္ခင္းေပၚမွာ ယုန္ေလးလိုပဲ လုံးတစ္တစ္နဲ႕ေျပးေဆာ့ေနတာ မနိုင္ဘူး။

ေဆာ့ေနရင္း ေဘာလုံးက ရိေပၚရွိေနတဲ့ၿခံဘက္အရွိန္လြန္ၿပီးလာက်ေတာ့..
ရိေပၚေကာက္ၿပီး သြားေပးတယ္..

ေပါက္စနေလးကို အူယားလာတာနဲ႕ ဖက္နမ္းပစ္လိုက္ေတာ့ ခစ္ခစ္ခစ္ဆိုတဲ့ရယ္သံေလးက အရွင္းသား။
ပါးျပင္ႏုႏုေလးက ေမႊးၿပီးအိစက္ေနတာပဲ
ၾကာရင္ ရိေပၚလက္ခ်က္ေၾကာင့္ ဒီကေလးေအာ္ငိုေတာ့မွာျမင္ေယာင္ေသး။

"အားရွန့္ေရ..အားရွန့္ေလးေရ ထမင္းစားရေအာင္ေလ.."

ရိေပၚကို ခ်ီၿပီးအိမ္ထဲလိုက္ပို႔ခိုင္းေနတဲ့ ေပါက္စနေလးေၾကာင့္ ရိေပၚအျမန္ခ်ီၿပီးလိုက္ပို႔ေပးလိုက္ေတာ့..
အန္တီႀကီးတစ္ေယာက္နဲ႕တိုးျပန္တယ္။

''ေကာင္ေလး မင္းက ဟိုဘက္ၿခံက သူေဌးဝမ္ရဲ႕သားလား။''

"ဟုတ္ပါတယ္ အန္တီ.."

''လူေခ်ာေလးပဲ..သားရဲ႕အဖြားေရာ က်န္းမာေရးေကာင္းရဲ႕လားကြယ္။''

''ဟုတ္..ေကာင္းပါတယ္။''

ေပါက္စနေလးကို ထမင္းခြံ႕ေပးရင္း ရိေပၚနဲ႕စကားလက္စုံက်ေနတဲ့ အန္တီႀကီးက
ေပါက္စနကို ထိန္းတဲ့ အိမ္ေတာ္ထိန္းႀကီးတဲ့။သူမက ႏြေးေထြးၾကင္နာလွတယ္။

"အားရွန့္ေလး..ေတာ္ၿပီလား.."

''အင္းအင္း..''ေခါင္းညိမ့္ျပတဲ့ ေကာင္ေလးေၾကာင့္ ေရတိုက္ၿပီး ပါးစပ္သန့္ရွင္းေရးေလးလုပ္ေပးကါ အိမ္ေရွ႕ကို သုံးေယာက္သားထြက္လာခဲ့မိျပန္တယ္။
အဲ့ဒီေန႕မွာ အားရွန့္ေလးကို ဓာတ္ပုံရိုက္ေပးခဲ့တဲ့ ရိေပၚ..
အဲ့ဒီပုံက ခုသူ႕လက္ထဲကပုံနဲ႕အတူတူပဲ။

Flashback end

'မျဖစ္ဘူး ငါ မယုံနိုင္ေသးဘူး အားရွန့္မေသနိုင္ဘူး။အိမ္ေတာ္ထိန္းႀကီးကို ရွာရမယ္ သူသိေလာက္မယ္ ဟုတ္တယ္။'

အခန္းထဲက ေရွာင္က်န့္ကေတာ့ ေဆးသုံးရမွ ေနသာသလိုရွိတာ..
အခ်ိန္မွန္ေဆးမရရင္ သူ႕ကိုယ္သူ တခုခုလုပ္မိတဲ့အတြက္ က်င္ရီ မူးယစ္ကုသေဆာင္ကို ပို႔ေပးရန္ စီစဥ္ေနျပန္တယ္။

''ေဒါက္တာရန္..ကြၽန္ေတာ္ က်န့္က်န့္ကို
မူးယစ္ကုသေဆာင္ကို ပို႔လို႔အဆင္ေျပနိုင္မလား သိခ်င္လို႔ပါ။''

''အဲ့ဒါအေကာင္းဆုံးပဲ က်င္ရီခင္ဗ်..
ပိုထိေရာက္တာေပါ့ ေဆးျဖတ္တဲ့ေနရာဆိုေတာ့ေလ။''

အျမန္ဆုံးပန္ကန္လုံးစီးၿပီး up ေပးလိုက္တာ ညက်ရင္ တပိုင္းတင္ေပးမယ္

mp Rockeain

Continue Reading

You'll Also Like

446K 10.8K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
37.9K 2.3K 9
Unicode and Zawgyi code (Xiao Zhan) မင်းအပေါ် ဘယ်တုန်းကမှမကောင်းခဲ့တဲ့ လူတစ်ယောက်ကို မင်းမုန်းပြစ်လိုက်စမ်းပါ.... (Wang Yi Bo) အရာရာအားလုံးရဲ့ လမ်းဆု...
3K 156 4
Intro ဝမ္ရီေပၚသည္ ေပက်င္းတကၠဳသိုလ္ အႏုပညာဌာန ဒုတိဃႏွစ္ ျဖစ္ၿပီး system နဲ႔ခ်ိတ္ဆက္မိ၍ ဂိမ္းကမ႓ာသို႔ ေရာက္သြားေသာအခါ *သတိ*Up တာၾကာႏိုင္သည္။ ဝမ်ရီ​ပေါ...