Zawgyi
ေဆာင္းဦးတို႔အိမ္ေရာက္ေတာ့ ၿဖိဳးဥာဏ္ကကားေပၚက ျမန္ျမန္ဆင္းကာ ေဆာင္းဦးဖက္ကိုသြား၍ ကားတံခါးဖြင့္ေပးလိုက္သည္။ထို႔ေနာက္ကုန္းဖို႔ေပးဖို႔လုပ္ေတာ့ အပိုးမခံဘဲ ကားေပၚကေနလွစ္ခနဲေျပးဆင္းသြားသည္။ၿဖိဳးဥာဏ္ကေတာ့ ကားထဲကသူ႔လြယ္အိတ္ကိုယူၿပီးေနာက္ ေျပးထြက္သြားေသာ ေဆာင္းဦးေနာက္ကို မွီေအာင္လိုက္ကာ လက္ေမာင္းမွကူတြဲေပးရသည္။
"ေဆာင္းဦး ဘယ္လိုျဖစ္လို႔ေျပးေနတာလဲ။ေျခေထာက္နာေနတာကို"
"မင္းကငါ့ကိုအတင္းလိုက္ကုန္းပိုးေနတာကို။ငါလမ္းေလၽွာက္လို႔ရပါတယ္ဆိုေနမွ"
"ကုန္းပိုးမခံခ်င္ေတာ့ရင္လည္း ပါးစပ္နဲ႔ေျပာေလကြာ။မင္းအကိုေတြ႕ရင္ငါအဆူခံရမွာ"
"ကိုႀကီးကမင္းကိုဆူေနဦးမယ္။ငါ့ထက္ေတာင္ပိုၿပီးမင္းကိုဂရုစိုက္တာကို"
"ေတာ္ေတာ့ ေတာ္ေတာ့။ေလၽွာက္မေျပာနဲ႔"
"မရွက္ပါနဲ႔ကြာ။မင္းကလည္း ငါ့အကိုကိုနည္းနည္းေလာက္စဥ္းစားေပးလိုက္ပါလား"
"ေဆာင္းဦးစက္ ငါမင္းကိုထိုးမွာေနာ္။မစပါနဲ႔ေတာ့ဆို"
သူတို႔ပြစိပြစိႏွင့္စကားမ်ားကာ အိမ္ထဲကိုဝင္လာတုန္း ေဆာင္းဦး၏အကိုေလျပည္ဦးကလည္း ေအာက္ထပ္ကိုဆင္းလာတာႏွင့္ တိုက္ဆိုင္သြားသည္။ၿဖိဳးဥာဏ္ကသူ႔ကိုေတြ႕ေတာ့ ေျခလွမ္းမ်ားကတံု႔ခနဲရပ္သြားသည္။ေလျပည္ကေထာ့နဲ႔ေထာ့နဲ႔ႏွင့္လမ္းေလၽွာက္လာေသာ သူ႔ညီကိုေတြ႕လိုက္ေသာေၾကာင့္ စိုးရိမ္တႀကီးႏွင့္ သူ႔နားကိုေျပးသြားသည္။
"ငယ္ေလး ဘာျဖစ္လာတာလဲ ေျခေထာက္က"
"အာ ဒီေန႔ကစားရင္ေျခေခ်ာ္ၿပီးလဲက်သြားတာ"
"ေမေမတို႔သိရင္စိတ္ပူရဦးမယ္ ငယ္ေလးရယ္"
"ကၽြန္ေတာ္ဘာမွမျဖစ္ပါဘူး ကိုႀကီးရဲ႕။နည္းနည္းနာရံုပဲရွိတာပါ"
"အင္း အခန္းထဲမွာသြားနားလိုက္ဦး။ကိုႀကီးလိုက္ပို႔ေပးမယ္"
"ဟုတ္"
ၿဖိဳးဥာဏ္နဲ႔ေလျပည္က ေဆာင္းဦးကိုတြဲကာ သူ႔အခန္းကိုပို႔ေပးၾကသည္။အခန္းထဲေရာက္ေတာ့ ေဆာင္းဦးကို အိပ္ရာေပၚမွာထိုင္ခိုင္းေစလိုက္သည္။
"ေဆာင္းဦး အဲ့ဒါဆိုငါျပန္ေတာ့မယ္"
"အင္း ၿပီးေရာ။အဲ့ဒါဆိုမနက္ျဖန္မွေတြ႕မယ္"
"ဟုတ္ၿပီ ေျခေထာက္ကိုဂရုစိုက္ဦးေနာ္"
"ေအးပါကြာ မင္းကလည္းအေဖႀကီးက်ေနတာပဲ"
"စိတ္ပူလို႔ပါကြာ။ငါသြားေတာ့မယ္။အဟမ္း ကိုေလျပည္ကၽြန္ေတာ္သြားေတာ့မယ္"
"အင္း ငယ္ေလး ကိုႀကီး ကေလး....အာ ၿဖိဳးဥာဏ္ကိုလိုက္ပို႔ေပးလိုက္ဦးမယ္ေနာ္ ေအာက္ထပ္ကို"
"ဟုတ္ကဲ့"
ၿဖိဳးဥာဏ္ကအခန္းထဲကထြက္သြားေတာ့ ေလျပည္ကလည္းအေနာက္ကေန အမွီေျပးလိုက္လာသည္။ၿဖိဳးဥာဏ္ကားေပၚမတက္ခင္ ေလျပည္ကလက္ကိုအားနဲ႔ဆြဲလိုက္မိေသာေၾကာင့္ ၿဖိဳးဥာဏ္၏တစ္ကိုယ္လံုး ေလျပည့္၏ရင္ခြင္ထဲသို႔ေရာက္သြားေသာေၾကာင့္ သူရွက္ရမ္းရမ္းၿပီး အျမန္ရုန္းထြက္လိုက္သည္။
"ကေလး"
"ကၽြန္ေတာ့္ကိုအဲ့လိုမေခၚနဲ႔လို႔ေျပာထားတယ္ေလ"
"ကိုယ္ကကေလးကိုအဲ့လိုပဲေခၚခ်င္တာကိုကြာ"
"ဟူး ေခၚခ်င္သလိုသာေခၚေတာ့"
"ကေလးကိုယ့္ကိုဘာေတြစိတ္ဆိုးေနတာလဲ"
"ဘာမွမဆိုးဘူး။ကၽြန္ေတာ္သြားေတာ့မယ္။ေနာက္က်ေနၿပီ"
"ေနပါဦး။ေျပာစရာရွိေသးလို႔"
"ေျပာ ေျပာ ဘာလဲ"
"ကိုယ့္ကိုဘယ္အခ်ိန္အေျဖျပန္ေပးမွာလဲဟင္"
"ဘ....ဘာေတြလာေျပာေနတာလဲ။ကၽြန္ေတာ္ဘာမွမသိဘူး"
"ကိုယ္ကေလးကိုဖြင့္ေျပာထားတယ္ေလ"
"မသိဘူး။ကၽြန္ေတာ္မမွတ္မိေတာ့ဘူး"
"ကေလးကလည္းကြာ"
"........."
"အိုေက ထားပါ မမွတ္မိဘူးဆိုေတာ့လည္း ကိုယ္ကပဲေနာက္တစ္ေခါက္ျပန္ေျပာေပးရမွာေပါ့"
"ဟင္"
"ကိုယ္ကေလးကိုခ်စ္တယ္။ဒီစကားကို သူစိမ္းဆိုလို႔ ကေလးတစ္ေယာက္တည္းကိုပဲေျပာဖူးတာ။တစ္သက္လံုးလည္း ကေလးကလြဲၿပီး တျခားသူကိုခ်စ္တယ္ဆိုတာ လံုးဝမေျပာဘူး။ကေလးေရာကိုယ့္ကိုခ်စ္လား"
ေလျပည့္ရဲ႕စကားအဆံုးမွာ ၿဖိဳးဥာဏ္ကရွက္ကာ ေခါင္းကိုငံု႔သြားသည္။လက္ႏွစ္ဖက္ကိုအခ်င္းခ်င္းပြတ္တိုက္ေနမိကာ နားရြက္ဖ်ားေလးေတြကလည္း နီေနသည္။ထို႔ေၾကာင့္ေလျပည္က သူ႔မ်က္ႏွာကိုလက္ႏွစ္ဖက္ျဖင့္ ပင့္ယူလိုက္ကာ အၾကည့္ခ်င္းဆံုေစလိုက္ေတာ့ မသိမသာအၾကည့္ကလႊဲသြားေသးသည္။
"ကိုယ္ေမးတာေျဖဦးေလ ကေလးရဲ႕"
"ကၽြန္ေတာ္မသိဘူး"
"ကိုယ္ေျပာထားတာမႏွစ္ကတည္းကေလကြာ။ကိုယ့္အေပၚနည္းနည္းေလးေတာင္ခံစားခ်က္မရွိဘူးလား"
"ကၽြန္ေတာ္ကgayမွမဟုတ္တာ"
ၿဖိဳးဥာဏ္ရဲ႕စကားအဆံုးမွာ ၿဖိဳးဥာဏ္၏မ်က္ႏွာကိုကိုင္ထားေသာ ေလျပည့္လက္မ်ားက ေျပေလ်ာ့သြားၿပီး သူ႔ကိုမ်က္ႏွာငယ္ေလးႏွင့္ၾကည့္လာသည္။
"ေျပာခ်င္တဲ့အဓိပၸါယ္က ကေလးကကိုယ့္ကိုမခ်စ္ႏိုင္ဘူးေပါ့ ဟုတ္လား"
"အယ္ အဲ့လိုမဟုတ္ဘူးေလ။ကၽြန္ေတာ္ေျပာခ်င္တာက......"
"ရပါတယ္ ကိုယ့္ကိုႏွစ္သိမ့္ေပးဖို႔မလိုပါဘူး။ကေလး ဟင့္အင္း ၿဖိဳးဥာဏ္ကလက္မခံႏိုင္မွေတာ့ ကိုယ့္ဘက္ကလည္း ဆက္ၿပီးေတာ့ အေႏွာင့္အယွက္မေပးေတာ့ပါဘူး။ကိုယ္အရင္အိမ္ထဲဝင္ႏွင့္မယ္ေနာ္"
အိမ္ထဲဝင္ေတာ့မယ့္ ေလျပည္ဦးကို ၿဖိဳးဥာဏ္ကအေနာက္ကေနခါးကို လွမ္းဖက္လိုက္သည္။
"ကၽြန္ေတာ္ေျပာခ်င္တာအဲ့လိုသေဘာမ်ိဳးမဟုတ္ဘူးေလ"
"အဲ့ဒါဆိုဘာေျပာခ်င္တာလဲ"
"ကၽြန္ေတာ္ေျပာတာကကၽြန္ေတာ္ကအရင္ကေတာ့တကယ္မိန္းကေလးေတြကိုပဲႀကိဳက္တာ။ဒါေပမယ့္အခုကၽြန္ေတာ္သိသြားၿပီ။ကၽြန္ေတာ္အကို႔ကိုခ်စ္တယ္။အကို႔အတြက္ဆိုကၽြန္ေတာ္gayႏိုင္တယ္"
ေလျပည့္မ်က္ႏွာႀကီးျပံဳးၿဖီးသြားသည္။ၿဖိဳးဥာဏ္သူ႔ကိုခ်စ္ေနတာကို သူသိတာေပါ့။ဒါေတာင္ဒီေကာင္ေလးက သူ႔ကိုျမန္ျမန္အေျဖမေပးဘဲ ျမံဳစိျမံဳစိလုပ္ေနလို႔ နည္းနည္းေလာက္မွတ္သြားေအာင္ ဒရမ္မာခင္းျပလိုက္ျခင္းျဖစ္သည္။ေလျပည္သူ႔ရုပ္ကိုမနည္းျပန္တည္ေအာင္လုပ္ကာ ၿဖိဳးဥာဏ္ဖက္ကိုလွည့္လိုက္သည္။ၿဖိဳးဥာဏ္ကိုၾကည့္ေတာ့ မ်က္ရည္အဝိုင္းသားေလးႏွင့္ သူ႔ကိုၾကည့္ေနသည္။
"ကေလးတကယ္ေျပာတာလား"
"အင္း ဟုတ္တယ္။ကၽြန္ေတာ္ကိုေလျပည့္ကိုခ်စ္တယ္။အမ်ားႀကီး အမ်ားႀကီးခ်စ္တယ္"
ေလျပည္ ၿဖိဳးဥာဏ္၏ႏွဖူးေပၚရွိဝဲက်ေနေသာ ဆံပင္မ်ားကို သပ္တင္ကာ ေပၚလာေသာ ႏွဖူးက်ဥ္းက်ဥ္းေလးကို ျမတ္ႏိုးစြာ နမ္းရႈိက္လိုက္သည္။ထို႔ေနာက္တင္းၾကပ္စြာ ဖက္ထားလိုက္သည္။
"ကိုယ္ကေလးကိုခ်စ္လိုက္တာ"
"အင္း လႊတ္ဦး ကၽြန္ေတာ္ျပန္ေတာ့မယ္။ေမႀကီးတို႔အတြက္လည္းဝယ္စရာရွိေသးလို႔"
"အင္း ဟုတ္ၿပီ ကားကိုျဖည္းျဖည္းေမာင္းေနာ္"
"ဟုတ္"
ၿဖိဳးဥာဏ္ကကားေပၚတက္ဖို႔လုပ္ၿပီးမွ တစ္ခုခုကိုသတိရကာ ေလျပည့္ဘက္ကိုျပန္လွည့္လာသည္။
"ဘာေျပာစရာရွိ......."
ေလျပည့္စကားမဆံုးမီ ၿဖိဳးဥာဏ္ကသူ႔ပါးတစ္ဖက္ကို ေျခဖ်ားေထာက္ကာ ဖ်တ္ခနဲတစ္ခ်က္ နမ္းလိုက္ၿပီးေနာက္ ကားေပၚကိုေျပးတက္သြားသည္။ေလျပည္ကေတာ့ ေၾကာင္အလ်က္။
"သြားၿပီေနာ္ ကိုေလျပည္"
ၿဖိဳးဥာဏ္ကားထြက္သြားသည္အထိ ေလျပည့္မွာ သူ႔ဘယ္ဘက္ပါးကို ကိုင္ကာ ေၾကာင္ေတာင္ေတာင္ႏွင့္ ရပ္ေနမိသည္။ခဏၾကာမွ အသိျပန္ဝင္လာကာ မ်က္ႏွာႀကီးက မႈိရသလိုျပံဳးၿဖီးသြားသည္။ၿပီးေတာ့မွ ခုန္ဆြခုန္ဆြႏွင့္အိမ္ထဲကို ဝင္လာခဲ့သည္။
ေဆာင္းဦးမွာ အဝတ္အစားလဲေနရင္း သူ႔အခန္းထဲသို႔ ျပံဳးစိစိဝင္လာေသာ သူ႔အစ္ကိုကိုၾကည့္ကာ ေၾကာင္ေနမိသည္။သု႔အစ္ကိုရူးသြားတာေတာ့မဟုတ္ဘူးမလား။မ်က္ႏွာကဘာလို႔ ပ်ားရည္ေမွာက္က်ထားသလိုျဖစ္ေနရတာလဲ။
"ကိုႀကီး ဘာျဖစ္လာတာလဲ"
"ဟီးဟီး ငယ္ေလး"
"ဗ်ာ"
"ကိုႀကီးကိုေလသိလား ၿဖိဳးဥာဏ္ကအေျဖျပန္ေပးလိုက္ၿပီ"
"ဟုတ္လား။ဘာလဲ ကိုႀကီးကိုျငင္းလိုက္တာလား။ကၽြန္ေတာ္ထင္တယ္။ကိုႀကီးငိုခ်င္ေနတာကို ထိန္းၿပီး ရီေနတာမလား"
"ေဆာင္းဦးစက္ မင္းကေလဒူတယ္လို႔ေျပာရင္လည္းမႀကိဳက္ဘူး သိလား။ငါမင္းကိုမေျပာခ်င္ေတာ့ဘူး"
"ကၽြန္ေတာ္က စတာပါ ေျပာ ေျပာ"
"ၿဖိဳးဥာဏ္ကငါ့ကိုခ်စ္တယ္လို႔အေျဖေပးသြားတယ္သိလား။ၿပီးေတာ့ ငါ့ပါးကိုလည္းနမ္းသြားေသးတယ္"
"ဟင္း ၿဖိဳးဥာဏ္ကေျပာေတာ့ မႀကိဳက္ဘူး မႀကိဳက္ဘူးနဲ႔ အေျဖေပးလိုက္ေတာ့လည္း ခ်က္ခ်င္းပါလား။အဲ့ေကာင္မေကာင္းဘူး"
"ငယ္ေလးကလည္း သူမ်ားသားသမီးကိုမေကာင္းဘူးလို႔မေျပာပါနဲ႔"
"မသိဘူး ဘာပဲျဖစ္ျဖစ္ကၽြန္ေတာ္နဲ႔ႀကိဳတိုင္ပင္သင့္တာေပါ့"
"ဘာလဲ ငယ္ေလးကတစ္ေယာက္တည္းFAျဖစ္က်န္ခဲ့လို႔ဆိုၿပီး အားငယ္ေနတာလား ဟားဟား"
"ဘာလဲFAဆိုတာ"
ေဆာင္းဦး၏အေမးေၾကာင့္ ေလျပည့္မွာေျပာမယ့္စကားမ်ားက လည္ပင္းဝတြင္တစ္သြားရသည္။သူကေဆာင္းဦးကို အပီအျပင္ႏွိမ္ေတာ့မလို႔ေလ။အဲ့ဒါကိုသေကာင့္သားေလးက FAဆိုတာဘာမွန္းေတာင္ မသိေတာ့ သူဘာဆက္ေျပာရမလဲ။
"တကယ္မသိတာလား။မသိခ်င္ေယာင္ေဆာင္ေနတာလား"
"ေဩာ္ တကယ္မသိတာ။ေက်ာင္းမွာေတာ့ သူမ်ားေတြက အဲ့လိုေျပာတာေတာ့ ၾကားၾကားေနရတာပဲ။ဘာေတြမွန္းလည္းမသိပါဘူး"
ေလျပည္ သူ႔ရဲ႕ေခါင္းကို ေဒါက္ကနဲေခါက္ခ်ပစ္လိုက္သည္။ဒီေကာင္ေလးတံုးခ်က္ကေတာ့ လက္လန္တယ္။
"အဲ့ဒါေၾကာင့္ မင္းကိုေျပာတယ္။စာထဲမွာပဲေခါင္းကိုမနစ္ထားပါနဲ႔လို႔။နည္းနည္းပါးပါး ဒီေခတ္လူငယ္ေတြလိုေနစမ္းပါဟ"
"ကၽြန္ေတာ့္ဘာသာစာလုပ္တာနဲ႔ ဘာဆိုင္လို႔လဲ။ၿပီးေတာ့facebookတို႔ဘာတို႔လည္း မသံုးခ်င္ပါဘူး။အလကားေနရင္း ကၽြန္ေတာ့္စာၾကည့္ခ်ိန္ေတြေလ်ာ့ကုန္လိမ့္မယ္။အခုေတာင္basketballအသင္းထဲကို ဆရာကအတင္းပါခိုင္းလို႔ပါရတာ"
"ေတာ္ၿပီ မင္းကိုငါဆက္မေျပာေတာ့ဘူး။လုပ္ခ်င္တာသာလုပ္ေတာ့။ခဏေနရင္ေအာက္ဆင္းလာခဲ့။ေန႔လယ္စာစားမယ္ ဟုတ္ၿပီလား။ေမႀကီးတို႔ကအျပင္သြားေနလို႔ ဒီေန႔ေတာ့ ငါ့ရဲ႕အထူးစပယ္ရွယ္လက္ရာ ၾကက္ဥေၾကာ္ပဲစားလိုက္ေတာ့"
"ဟုတ္ ဟုတ္"
ေလျပည္ကသူ႔ေခါင္းကိုပုတ္ကာ အခန္းထဲမွထြက္သြားသည္။သူကေတာ့ရတဲ့အခ်ိန္ေလးမွာ စာလုပ္ရန္ စာၾကည့္စားပြဲမွာ ထိုင္ကာ လုပ္လက္စစာမ်ားကို ဆက္လုပ္ေတာ့သည္။
♤♤♤♤♤♤♤♤♤♤
Unicode
ဆောင်းဦးတို့အိမ်ရောက်တော့ ဖြိုးဉာဏ်ကကားပေါ်က မြန်မြန်ဆင်းကာ ဆောင်းဦးဖက်ကိုသွား၍ ကားတံခါးဖွင့်ပေးလိုက်သည်။ထို့နောက်ကုန်းဖို့ပေးဖို့လုပ်တော့ အပိုးမခံဘဲ ကားပေါ်ကနေလှစ်ခနဲပြေးဆင်းသွားသည်။ဖြိုးဉာဏ်ကတော့ ကားထဲကသူ့လွယ်အိတ်ကိုယူပြီးနောက် ပြေးထွက်သွားသော ဆောင်းဦးနောက်ကို မှီအောင်လိုက်ကာ လက်မောင်းမှကူတွဲပေးရသည်။
"ဆောင်းဦး ဘယ်လိုဖြစ်လို့ပြေးနေတာလဲ။ခြေထောက်နာနေတာကို"
"မင်းကငါ့ကိုအတင်းလိုက်ကုန်းပိုးနေတာကို။ငါလမ်းလျှောက်လို့ရပါတယ်ဆိုနေမှ"
"ကုန်းပိုးမခံချင်တော့ရင်လည်း ပါးစပ်နဲ့ပြောလေကွာ။မင်းအကိုတွေ့ရင်ငါအဆူခံရမှာ"
"ကိုကြီးကမင်းကိုဆူနေဦးမယ်။ငါ့ထက်တောင်ပိုပြီးမင်းကိုဂရုစိုက်တာကို"
"တော်တော့ တော်တော့။လျှောက်မပြောနဲ့"
"မရှက်ပါနဲ့ကွာ။မင်းကလည်း ငါ့အကိုကိုနည်းနည်းလောက်စဉ်းစားပေးလိုက်ပါလား"
"ဆောင်းဦးစက် ငါမင်းကိုထိုးမှာနော်။မစပါနဲ့တော့ဆို"
သူတို့ပွစိပွစိနှင့်စကားများကာ အိမ်ထဲကိုဝင်လာတုန်း ဆောင်းဦး၏အကိုလေပြည်ဦးကလည်း အောက်ထပ်ကိုဆင်းလာတာနှင့် တိုက်ဆိုင်သွားသည်။ဖြိုးဉာဏ်ကသူ့ကိုတွေ့တော့ ခြေလှမ်းများကတုံ့ခနဲရပ်သွားသည်။လေပြည်ကထော့နဲ့ထော့နဲ့နှင့်လမ်းလျှောက်လာသော သူ့ညီကိုတွေ့လိုက်သောကြောင့် စိုးရိမ်တကြီးနှင့် သူ့နားကိုပြေးသွားသည်။
"ငယ်လေး ဘာဖြစ်လာတာလဲ ခြေထောက်က"
"အာ ဒီနေ့ကစားရင်ခြေချော်ပြီးလဲကျသွားတာ"
"မေမေတို့သိရင်စိတ်ပူရဦးမယ် ငယ်လေးရယ်"
"ကျွန်တော်ဘာမှမဖြစ်ပါဘူး ကိုကြီးရဲ့။နည်းနည်းနာရုံပဲရှိတာပါ"
"အင်း အခန်းထဲမှာသွားနားလိုက်ဦး။ကိုကြီးလိုက်ပို့ပေးမယ်"
"ဟုတ်"
ဖြိုးဉာဏ်နဲ့လေပြည်က ဆောင်းဦးကိုတွဲကာ သူ့အခန်းကိုပို့ပေးကြသည်။အခန်းထဲရောက်တော့ ဆောင်းဦးကို အိပ်ရာပေါ်မှာထိုင်ခိုင်းစေလိုက်သည်။
"ဆောင်းဦး အဲ့ဒါဆိုငါပြန်တော့မယ်"
"အင်း ပြီးရော။အဲ့ဒါဆိုမနက်ဖြန်မှတွေ့မယ်"
"ဟုတ်ပြီ ခြေထောက်ကိုဂရုစိုက်ဦးနော်"
"အေးပါကွာ မင်းကလည်းအဖေကြီးကျနေတာပဲ"
"စိတ်ပူလို့ပါကွာ။ငါသွားတော့မယ်။အဟမ်း ကိုလေပြည်ကျွန်တော်သွားတော့မယ်"
"အင်း ငယ်လေး ကိုကြီး ကလေး....အာ ဖြိုးဉာဏ်ကိုလိုက်ပို့ပေးလိုက်ဦးမယ်နော် အောက်ထပ်ကို"
"ဟုတ်ကဲ့"
ဖြိုးဉာဏ်ကအခန်းထဲကထွက်သွားတော့ လေပြည်ကလည်းအနောက်ကနေ အမှီပြေးလိုက်လာသည်။ဖြိုးဉာဏ်ကားပေါ်မတက်ခင် လေပြည်ကလက်ကိုအားနဲ့ဆွဲလိုက်မိသောကြောင့် ဖြိုးဉာဏ်၏တစ်ကိုယ်လုံး လေပြည့်၏ရင်ခွင်ထဲသို့ရောက်သွားသောကြောင့် သူရှက်ရမ်းရမ်းပြီး အမြန်ရုန်းထွက်လိုက်သည်။
"ကလေး"
"ကျွန်တော့်ကိုအဲ့လိုမခေါ်နဲ့လို့ပြောထားတယ်လေ"
"ကိုယ်ကကလေးကိုအဲ့လိုပဲခေါ်ချင်တာကိုကွာ"
"ဟူး ခေါ်ချင်သလိုသာခေါ်တော့"
"ကလေးကိုယ့်ကိုဘာတွေစိတ်ဆိုးနေတာလဲ"
"ဘာမှမဆိုးဘူး။ကျွန်တော်သွားတော့မယ်။နောက်ကျနေပြီ"
"နေပါဦး။ပြောစရာရှိသေးလို့"
"ပြော ပြော ဘာလဲ"
"ကိုယ့်ကိုဘယ်အချိန်အဖြေပြန်ပေးမှာလဲဟင်"
"ဘ....ဘာတွေလာပြောနေတာလဲ။ကျွန်တော်ဘာမှမသိဘူး"
"ကိုယ်ကလေးကိုဖွင့်ပြောထားတယ်လေ"
"မသိဘူး။ကျွန်တော်မမှတ်မိတော့ဘူး"
"ကလေးကလည်းကွာ"
"........."
"အိုကေ ထားပါ မမှတ်မိဘူးဆိုတော့လည်း ကိုယ်ကပဲနောက်တစ်ခေါက်ပြန်ပြောပေးရမှာပေါ့"
"ဟင်"
"ကိုယ်ကလေးကိုချစ်တယ်။ဒီစကားကို သူစိမ်းဆိုလို့ ကလေးတစ်ယောက်တည်းကိုပဲပြောဖူးတာ။တစ်သက်လုံးလည်း ကလေးကလွဲပြီး တခြားသူကိုချစ်တယ်ဆိုတာ လုံးဝမပြောဘူး။ကလေးရောကိုယ့်ကိုချစ်လား"
လေပြည့်ရဲ့စကားအဆုံးမှာ ဖြိုးဉာဏ်ကရှက်ကာ ခေါင်းကိုငုံ့သွားသည်။လက်နှစ်ဖက်ကိုအချင်းချင်းပွတ်တိုက်နေမိကာ နားရွက်ဖျားလေးတွေကလည်း နီနေသည်။ထို့ကြောင့်လေပြည်က သူ့မျက်နှာကိုလက်နှစ်ဖက်ဖြင့် ပင့်ယူလိုက်ကာ အကြည့်ချင်းဆုံစေလိုက်တော့ မသိမသာအကြည့်ကလွှဲသွားသေးသည်။
"ကိုယ်မေးတာဖြေဦးလေ ကလေးရဲ့"
"ကျွန်တော်မသိဘူး"
"ကိုယ်ပြောထားတာမနှစ်ကတည်းကလေကွာ။ကိုယ့်အပေါ်နည်းနည်းလေးတောင်ခံစားချက်မရှိဘူးလား"
"ကျွန်တော်ကgayမှမဟုတ်တာ"
ဖြိုးဉာဏ်ရဲ့စကားအဆုံးမှာ ဖြိုးဉာဏ်၏မျက်နှာကိုကိုင်ထားသော လေပြည့်လက်များက ပြေလျော့သွားပြီး သူ့ကိုမျက်နှာငယ်လေးနှင့်ကြည့်လာသည်။
"ပြောချင်တဲ့အဓိပ္ပါယ်က ကလေးကကိုယ့်ကိုမချစ်နိုင်ဘူးပေါ့ ဟုတ်လား"
"အယ် အဲ့လိုမဟုတ်ဘူးလေ။ကျွန်တော်ပြောချင်တာက......"
"ရပါတယ် ကိုယ့်ကိုနှစ်သိမ့်ပေးဖို့မလိုပါဘူး။ကလေး ဟင့်အင်း ဖြိုးဉာဏ်ကလက်မခံနိုင်မှတော့ ကိုယ့်ဘက်ကလည်း ဆက်ပြီးတော့ အနှောင့်အယှက်မပေးတော့ပါဘူး။ကိုယ်အရင်အိမ်ထဲဝင်နှင့်မယ်နော်"
အိမ်ထဲဝင်တော့မယ့် လေပြည်ဦးကို ဖြိုးဉာဏ်ကအနောက်ကနေခါးကို လှမ်းဖက်လိုက်သည်။
"ကျွန်တော်ပြောချင်တာအဲ့လိုသဘောမျိုးမဟုတ်ဘူးလေ"
"အဲ့ဒါဆိုဘာပြောချင်တာလဲ"
"ကျွန်တော်ပြောတာကကျွန်တော်ကအရင်ကတော့တကယ်မိန်းကလေးတွေကိုပဲကြိုက်တာ။ဒါပေမယ့်အခုကျွန်တော်သိသွားပြီ။ကျွန်တော်အကို့ကိုချစ်တယ်။အကို့အတွက်ဆိုကျွန်တော်gayနိုင်တယ်"
လေပြည့်မျက်နှာကြီးပြုံးဖြီးသွားသည်။ဖြိုးဉာဏ်သူ့ကိုချစ်နေတာကို သူသိတာပေါ့။ဒါတောင်ဒီကောင်လေးက သူ့ကိုမြန်မြန်အဖြေမပေးဘဲ မြုံစိမြုံစိလုပ်နေလို့ နည်းနည်းလောက်မှတ်သွားအောင် ဒရမ်မာခင်းပြလိုက်ခြင်းဖြစ်သည်။လေပြည်သူ့ရုပ်ကိုမနည်းပြန်တည်အောင်လုပ်ကာ ဖြိုးဉာဏ်ဖက်ကိုလှည့်လိုက်သည်။ဖြိုးဉာဏ်ကိုကြည့်တော့ မျက်ရည်အဝိုင်းသားလေးနှင့် သူ့ကိုကြည့်နေသည်။
"ကလေးတကယ်ပြောတာလား"
"အင်း ဟုတ်တယ်။ကျွန်တော်ကိုလေပြည့်ကိုချစ်တယ်။အများကြီး အများကြီးချစ်တယ်"
လေပြည် ဖြိုးဉာဏ်၏နှဖူးပေါ်ရှိဝဲကျနေသော ဆံပင်များကို သပ်တင်ကာ ပေါ်လာသော နှဖူးကျဉ်းကျဉ်းလေးကို မြတ်နိုးစွာ နမ်းရှိုက်လိုက်သည်။ထို့နောက်တင်းကြပ်စွာ ဖက်ထားလိုက်သည်။
"ကိုယ်ကလေးကိုချစ်လိုက်တာ"
"အင်း လွှတ်ဦး ကျွန်တော်ပြန်တော့မယ်။မေကြီးတို့အတွက်လည်းဝယ်စရာရှိသေးလို့"
"အင်း ဟုတ်ပြီ ကားကိုဖြည်းဖြည်းမောင်းနော်"
"ဟုတ်"
ဖြိုးဉာဏ်ကကားပေါ်တက်ဖို့လုပ်ပြီးမှ တစ်ခုခုကိုသတိရကာ လေပြည့်ဘက်ကိုပြန်လှည့်လာသည်။
"ဘာပြောစရာရှိ......."
လေပြည့်စကားမဆုံးမီ ဖြိုးဉာဏ်ကသူ့ပါးတစ်ဖက်ကို ခြေဖျားထောက်ကာ ဖျတ်ခနဲတစ်ချက် နမ်းလိုက်ပြီးနောက် ကားပေါ်ကိုပြေးတက်သွားသည်။လေပြည်ကတော့ ကြောင်အလျက်။
"သွားပြီနော် ကိုလေပြည်"
ဖြိုးဉာဏ်ကားထွက်သွားသည်အထိ လေပြည့်မှာ သူ့ဘယ်ဘက်ပါးကို ကိုင်ကာ ကြောင်တောင်တောင်နှင့် ရပ်နေမိသည်။ခဏကြာမှ အသိပြန်ဝင်လာကာ မျက်နှာကြီးက မှိုရသလိုပြုံးဖြီးသွားသည်။ပြီးတော့မှ ခုန်ဆွခုန်ဆွနှင့်အိမ်ထဲကို ဝင်လာခဲ့သည်။
ဆောင်းဦးမှာ အဝတ်အစားလဲနေရင်း သူ့အခန်းထဲသို့ ပြုံးစိစိဝင်လာသော သူ့အစ်ကိုကိုကြည့်ကာ ကြောင်နေမိသည်။သု့အစ်ကိုရူးသွားတာတော့မဟုတ်ဘူးမလား။မျက်နှာကဘာလို့ ပျားရည်မှောက်ကျထားသလိုဖြစ်နေရတာလဲ။
"ကိုကြီး ဘာဖြစ်လာတာလဲ"
"ဟီးဟီး ငယ်လေး"
"ဗျာ"
"ကိုကြီးကိုလေသိလား ဖြိုးဉာဏ်ကအဖြေပြန်ပေးလိုက်ပြီ"
"ဟုတ်လား။ဘာလဲ ကိုကြီးကိုငြင်းလိုက်တာလား။ကျွန်တော်ထင်တယ်။ကိုကြီးငိုချင်နေတာကို ထိန်းပြီး ရီနေတာမလား"
"ဆောင်းဦးစက် မင်းကလေဒူတယ်လို့ပြောရင်လည်းမကြိုက်ဘူး သိလား။ငါမင်းကိုမပြောချင်တော့ဘူး"
"ကျွန်တော်က စတာပါ ပြော ပြော"
"ဖြိုးဉာဏ်ကငါ့ကိုချစ်တယ်လို့အဖြေပေးသွားတယ်သိလား။ပြီးတော့ ငါ့ပါးကိုလည်းနမ်းသွားသေးတယ်"
"ဟင်း ဖြိုးဉာဏ်ကပြောတော့ မကြိုက်ဘူး မကြိုက်ဘူးနဲ့ အဖြေပေးလိုက်တော့လည်း ချက်ချင်းပါလား။အဲ့ကောင်မကောင်းဘူး"
"ငယ်လေးကလည်း သူများသားသမီးကိုမကောင်းဘူးလို့မပြောပါနဲ့"
"မသိဘူး ဘာပဲဖြစ်ဖြစ်ကျွန်တော်နဲ့ကြိုတိုင်ပင်သင့်တာပေါ့"
"ဘာလဲ ငယ်လေးကတစ်ယောက်တည်းFAဖြစ်ကျန်ခဲ့လို့ဆိုပြီး အားငယ်နေတာလား ဟားဟား"
"ဘာလဲFAဆိုတာ"
ဆောင်းဦး၏အမေးကြောင့် လေပြည့်မှာပြောမယ့်စကားများက လည်ပင်းဝတွင်တစ်သွားရသည်။သူကဆောင်းဦးကို အပီအပြင်နှိမ်တော့မလို့လေ။အဲ့ဒါကိုသကောင့်သားလေးက FAဆိုတာဘာမှန်းတောင် မသိတော့ သူဘာဆက်ပြောရမလဲ။
"တကယ်မသိတာလား။မသိချင်ယောင်ဆောင်နေတာလား"
"ေဩာ် တကယ်မသိတာ။ကျောင်းမှာတော့ သူများတွေက အဲ့လိုပြောတာတော့ ကြားကြားနေရတာပဲ။ဘာတွေမှန်းလည်းမသိပါဘူး"
လေပြည် သူ့ရဲ့ခေါင်းကို ဒေါက်ကနဲခေါက်ချပစ်လိုက်သည်။ဒီကောင်လေးတုံးချက်ကတော့ လက်လန်တယ်။
"အဲ့ဒါကြောင့် မင်းကိုပြောတယ်။စာထဲမှာပဲခေါင်းကိုမနစ်ထားပါနဲ့လို့။နည်းနည်းပါးပါး ဒီခေတ်လူငယ်တွေလိုနေစမ်းပါဟ"
"ကျွန်တော့်ဘာသာစာလုပ်တာနဲ့ ဘာဆိုင်လို့လဲ။ပြီးတော့facebookတို့ဘာတို့လည်း မသုံးချင်ပါဘူး။အလကားနေရင်း ကျွန်တော့်စာကြည့်ချိန်တွေလျော့ကုန်လိမ့်မယ်။အခုတောင်basketballအသင်းထဲကို ဆရာကအတင်းပါခိုင်းလို့ပါရတာ"
"တော်ပြီ မင်းကိုငါဆက်မပြောတော့ဘူး။လုပ်ချင်တာသာလုပ်တော့။ခဏနေရင်အောက်ဆင်းလာခဲ့။နေ့လယ်စာစားမယ် ဟုတ်ပြီလား။မေကြီးတို့ကအပြင်သွားနေလို့ ဒီနေ့တော့ ငါ့ရဲ့အထူးစပယ်ရှယ်လက်ရာ ကြက်ဥကြော်ပဲစားလိုက်တော့"
"ဟုတ် ဟုတ်"
လေပြည်ကသူ့ခေါင်းကိုပုတ်ကာ အခန်းထဲမှထွက်သွားသည်။သူကတော့ရတဲ့အချိန်လေးမှာ စာလုပ်ရန် စာကြည့်စားပွဲမှာ ထိုင်ကာ လုပ်လက်စစာများကို ဆက်လုပ်တော့သည်။
♤♤♤♤♤♤♤♤♤♤