Zawgyi version
"အင်းနိုးပြီ..ဝှါး"
"ဟုတ်"
ညဝတ်အင်္ကျီအဝါနုလေးဝတ်ထားတဲ့ပေါက်စဟာတကယ့်ကိုအဝါရောင်ကြိုက်ပုံရသည်။
"ရေချိုးခန်းထဲကိုကိုချီသွား"
အိပ်ရာပေါ်မှာထိုင်ကာလက်နှစ်ဖက်ကိုသူ့ဆီကမ်းထားတဲ့ပေါက်စကိုဆွေ့ခနဲကောက်ပွေ့ပြီးရေချိုးခန်းထဲဝင်လာခဲ့သည်။
မျက်နှာသစ်၊သွားတိုက်ပြီးပေါက်စကိုအင်္ကျီပါလဲပေးကာမနက်စာစားရန်ခေါ်လာခဲ့လိုက်သည်။
"ဟုတ်"
မကြာခင်Daddyတို့ပြန်လာတော့မည်ဖြစ်တာကြောင့်Hanလေးကိုပြန်မလွှတ်ပဲခေါ်ထားချင်ပေမဲ့သူ့အဖေဆီပြန်ထည့်ပေးလိုက်ရတော့မည်ဖြစ်တာကြောင့်သူဝမ်းနည်းနေမိသည်။
"Hanလေး"
"ဗျာ"
"ကိုကို"
"ဗျာ"
"သားကိုချစ်လား"
"အွန်း"
♡ ♡ ♡
Daddyလိုအဖေမျိုးဆီမှာမွေးဖွားလာခွင့်ရတာသူအလွန်ကံကောင်းပါသည်...မိတဆိုးဖြစ်သောသူ့အပေါ်အဖေအနေနှင့်ရောအမေအနေနှင့်ပါလိုလေသေးမရှိစောင့်ရှောက်ခဲ့သည့်အပြင်အခုသူ့ရဲ့ခံစားချက်တွေကိုပါနားလည်ပေးနိုင်သည့်Daddyကိုသူအရမ်းချစ်ပါသည်။
♡ ♡ ♡
"သခင်လေး"
"ဒါကဘာလဲ"
စာရွက်စာတမ်းတွေကိုဖွင့်ကြည့်မိတော့တချို့တလေကိုသူနားမလည်ပေမဲ့သေချာတာကတော့Park Min Joonဆိုသူရဲ့အလွဲသုံးစားမှုတွေကိုသက်သေပြလို့ရသည့်စာရွက်များပင်။
"...."
"Park Min Joonခင်ဗျားကထွက်ပြေးတော့ကျွန်တော်ကလိုက်ရှာပေးရမှာပေါ့"
Flashback end
Date-6.11.20
Unicode version
ညကပုံပြင်ပြောပြရင်းညဥ့်နက်သွားသည်မို့သူရောHanလေးရောမနက်စောစောမထနိုင်ပဲအိပ်မောကျနေကြသည်။
"ဒေါက်ဒေါက်..သခင်လေးမနိုးသေးဘူးလား"
အိပ်နေရင်းထွက်လာတဲ့တံခါးခေါက်သံကြောင့်သူနိုးလာရသည်။
အိပ်ချင်မူးတူးဖြစ်နေသည်မို့စကားတွေပင်ပလုံးပထွေးနဲ့ပြန်ဖြေလိုက်မိသည်။
"အင်းနိုးပြီ..ဝှါး"
တစ်ချက်သမ်းလိုက်ရင်းအကြောပါဆန့်လိုက်သည်။
"သခင်လေးနိုးပြီဆိုHanလေးကိုပါနှိုးပြီးဆင်းလာခဲ့တော့နော်ဦးလေးမနက်စာပြင်ထားပြီ"
"ဟုတ်"
မပွင့်တပွင့်ဖြစ်နေသောမျက်လုံးများဖြင့်နာရီလှမ်းကြည့်မိတော့၉နာရီ...Wtf
"Daddyသာရှိလို့ကတော့ငါဒီအချိန်ထိအိပ်နေမှန်းသိနေရင်ဆူတော့မှာ"
ဘေးကHanလေးကိုနှိုးရန်လှည့်လိုက်တော့ပေါက်စကကွေးကွေးလေးအိပ်ပျော်နေသည်။
ညဝတ်အကျႌအဝါနုလေးဝတ်ထားတဲ့ပေါက်စဟာတကယ့်ကိုအဝါရောင်ကြိုက်ပုံရသည်။
ဆံပင်လေးတွေကရှုပ်ပွနေပြီးပါးမှာလည်းသရေစီးကြောင်းတွေနှင့်။
"ဟက်..မင်းကဘယ်လိုတောင်ချစ်ဖို့ကောင်းနေတာလဲကွာ"
အိပ်မောကျနေသည့်ပေါက်စကိုအူယားလာ၍နဖူးလေးကိုငုံ့နမ်းလိုက်သည်။
"Hanလေးထထ..ကိုကိုတို့ထသင့်နေပြီ"
သူလှုပ်နိုးလိုက်တော့ချက်ချင်းငေါက်ခနဲထထိုင်လာသည့်ကလေးလေး...အများကြီးမနှိုးရပဲတစ်ခွန်းထဲနဲ့တန်းထသည့်Hanလေးဟာအလွန်သန္ဓေကောင်းသောကလေးပင်ဖြစ်သည်။
"ထ..မျက်နှာသွားသစ်ကြမယ်"
"ရေချိူ းခန်းထဲကိုကိုချီသွား"
အိပ်ရာပေါ်မှာထိုင်ကာလက်နှစ်ဖက်ကိုသူ့ဆီကမ်းထားတဲ့ပေါက်စကိုဆွေ့ခနဲကောက်ပွေ့ပြီးရေချိူ းခန်းထဲဝင်လာခဲ့သည်။
မျက်နှာသစ်၊သွားတိုက်ပြီးပေါက်စကိုအကျႌပါလဲပေးကာမနက်စာစားရန်ခေါ်လာခဲ့လိုက်သည်။
အသင့်ပြင်ထားပြီဖြစ်သောထမင်းဝိုင်းမှာဝင်ထိုင်လိုက်ပြီးနောက်Hanလေးကိုလည်းသူ့ဘေးမှာထိုင်ခိုင်းထားသည်။
ပြင်ထားတဲ့မနက်စာကိုလှမ်းကြည့်လိုက်တော့ပုဇွန်ဆန်ပြုတ်...သူကြိုက်မှန်းသိလို့ပြင်ပေးထားတာဖြစ်မည်။
သူကအားရပါးရစားနေသော်လည်းHanလေးကမစားပဲထိုင်နေသည်။
"စားလေHanလေး..ဘာလို့လဲမကြိုက်လို့လား"
"သားကပုဇွန်နဲ့မတည့်ဘူး"
"အာ...ကိုကိုမသိလိုက်ဘူးတခြားဟာပြင်ပေးခိုင်းလိုက်မယ်နော်"
"ဟုတ်"
ပုဇွန်နဲ့မတည့်သည့်ကလေးငယ်အတွက်ပေါင်မုန့်ယိုစုတ်သာအမြန်လုပ်ခိုင်းလိုက်ရသည်။
မနက်စာစားပြီးတော့မနေ့ကလိုပင်ခြံထဲမှာစက်ဘီးပတ်စီးကြသည်။
အစပိုင်းနှစ်ရက်ကကျောင်းပိတ်ရက်ဖြစ်ပေမဲ့နောက်ရက်တွေတော့သူကျောင်းသွားရသည်။
မနက်သူကျောင်းသွားရင်ခြံရှေ့ထိလိုက်ပို့တတ်ပြီးကျောင်းပြန်လာရင်လည်းခြံရှေ့မှာထိုင်စောင့်နေတတ်တဲ့ကလေးငယ်ဟာသူ့အပေါ်အရမ်းတွယ်တာနေပြီထင်သည်။
Daddyနဲ့ဦးလေးKimခရီးထွက်ရသည့်တစ်ပတ်အတောအတွင်းသူနှင့်Hanလေးကတော့အတော်ကိုရင်းနှီးသွားသည်။
မကြာခင်Daddyတို့ပြန်လာတော့မည်ဖြစ်တာကြောင့်Hanလေးကိုပြန်မလွှတ်ပဲခေါ်ထားချင်ပေမဲ့သူ့အဖေဆီပြန်ထည့်ပေးလိုက်ရတော့မည်ဖြစ်တာကြောင့့်သူဝမ်းနည်းနေမိသည်။
သူကသာစိတ်မကောင်းဖြစ်နေပေမဲ့အရုပ်တွေနှင့်ထိုင်ဆော့နေသည့်Hanလေးကတော့အေးဆေးပင်။
"Hanလေး"
"ဗျာ"
"Hanလေးအိမ်ပြန်သွားရင်ကိုကို့ကိုလွမ်းနေရမယ်နော်"
"အင်းသားကကိုကို့ကိုအများကြီးလွမ်းနေမှာ"
လက်တိုတိုလေးနှစ်ဖက်ကိုအားရပါးရမြှောက်ကာသရုပ်ဖော်ပြနေသည့်ကလေးငယ်ဟာတကယ်ကိုချစ်မဝလေး။
အရုပ်တွေနှင့်ဆော့နေရင်းမှသူ့အပေါ်ရုတ်တရက်တက်ထိုင်လာသည့်Hanလေး
"ကိုကို"
"ဗျာ"
"သားကိုချစ်လား"
"ဟာချစ်တာပေါ့..အများကြီးချစ်တယ်"
"ကိုကိုကြီးလာလို့အမကြီးချောချောလေးတွေနဲ့ရည်းစားဖြစ်သွားရင်ရောသားကိုချစ်ဦးမှာလား"
"ဘယ်သူနဲ့ပဲယှဉ်ယှဉ်ကိုကိုကဟော့ဒီကHanလေးကိုအချစ်ဆုံးပဲဟုတ်ပြီလား"
"အွန်း"
သူ့အဖြေကိုသဘောကျသွားပုံရသည့်ကလေးငယ်ကတော့သူ့ပေါ်မှဆင်းကာအရုပ်လေးတွေနှင့်သွားပြန်ဆော့နေသည်။
သူကတော့ကလေးငယ်လိုမဖြူ စင်လို့လားမသိရောပြွန်းနေသည့်စိတ်ခံစားချက်တွေနှင့်အဆင်မပြေ။
သူ့ရဲ့ဒိုင်ယာရီစာအုပ်လေးထဲမှာတော့ခံစားချက်တွေကနေစကားလုံးလေးတွေအဖြစ်ပြောင်းရပေဦးမည်။
"ကိုကိုကမင်းအပေါ်မဖြူ စင်တဲ့အချစ်တွေနဲ့မြတ်နိုးမိတာတွေကိုမင်းသိလာတဲ့တစ်နေ့မှာကိုကို့ကိုမမုန်းလိုက်ပါနဲ့ကလေးငယ်"
♡ ♡ ♡
တစ်ပတ်ကြာပြီးတော့Daddyတို့ပြန်ရောက်လာပြီမို့Hanလေးကိုသူ့အဖေကပြန်ခေါ်သွားသည်။
Hanလေးကတော့ငိုကြီးချက်မနှင့်သူ့အဖေနောက်ပြန်ပါသွားရသည်..ငိုနေသောကလေးကိုကြည့်ပြီးသူပါငိုချပစ်ချင်သည်။
မရိုးသားသောခံစားချက်တွေဝင်နေမိတဲ့သူကဒီကလေးငယ်နဲ့ထိုက်ရောထိုက်တန်ရဲ့လားဆိုတာတွေးရင်းမိုးလင်းခဲ့ရတဲ့ညတွေကမနည်းတော့။
ဒီလိုပဲကျောင်းသွားတက်လိုက်စာလုပ်စရာရှိတာလုပ်လိုက်..ကလေးငယ်ကိုလွမ်းလိုက်နှင့်သူ့ကမ္ဘာကြီးကပုံမှန်လည်ပတ်နေသည်။
ကလေးငယ်နဲ့နီးစပ်ဖို့ကသူအလွန်ကြိုးစားရမည်မှန်းသူသိသည်..ဒါကြောင့်လည်းအရင်ကထက်စာကိုပိုကြိုးစားဖြစ်သည်။
Hanလေးအပေါ်သူ့ခံစားချက်တွေကိုDaddyဆီရင်ဖွင့်မိတော့မကန့်ကွက်တဲ့အပြင်သူ့ကိုပါအားပေးနေသေးသည်မို့အားတက်ရပြန်သည်။
Daddyလိုအဖေမျိူ းဆီမှာမွေးဖွားလာခွင့်ရတာသူအလွန်ကံကောင်းပါသည်...မိတဆိုးဖြစ်သောသူ့အပေါ်အဖေအနေနှင့်ရောအမေအနေနှင့်ပါလိုလေသေးမရှိစောင့်ရှောက်ခဲ့သည့်အပြင်အခုသူ့ရဲ့ခံစားချက်တွေကိုပါနားလည်ပေးနိုင်သည့်Daddyကိုသူအရမ်းချစ်ပါသည်။
"မင်းနဲ့နီးစပ်ဖို့ကိုကိုကြိုးစားနေတာမို့မင်းကဒီအတိုင်းပဲစောင့်နေပေးပါကလေးငယ်..ကိုကိုကတစ်လှမ်းချင်းတိုးလာခဲ့မယ်"
♡ ♡ ♡
ကလေးငယ်ဆိုတဲ့ပန်းတိုင်လေးဆီရောက်ဖို့ကြိုးစားခဲ့ပေမဲ့ကံကြမ္မာဆိုတဲ့ဂြိုဟ်ဆိုးကသူတို့ကြားဝင်နှောင့်ယှက်သည်။
အခန်းထဲထိုင်ကာစာလုပ်နေတုန်းအပြေးအလွှားဝင်လာပြီးအမောတကောပြောလာတဲ့ဦးလေးLeeရဲ့စကားလုံးတွေကြားမှာသူ့ကမ္ဘာပြိုရသည်။
ဦးလေးKimရဲ့ဆေးဝါးစက်ရုံကိုသွားစစ်ဆေးရင်းဓာတ်ပေါင်းဖိုပေါက်ကွဲမှုဖြစ်သည်..အဲ့ဒီပေါက်ကွဲမှုထဲDaddyရောဦးလေးKimပါပါသွားခဲ့သည်တဲ့။
"Daddyတို့အခုဘယ်မှာတဲ့လဲ..လိုက်ပို့ပေးပါကျွန်တော့ကိုDaddyဆီလိုက်ပို့ပေးပါ"
ကျနေသောမျက်ရည်တွေလည်းမသုတ်ဖြစ်တော့..အရေးကြီးတာDaddyကိုသူတွေ့ရဖို့ပင်။
အခင်းဖြစ်ရာနေရာကိုရောက်တော့ဓာတ်ပေါင်းဖိုပေါက်ကွဲမှုဖြစ်သောကြောင့်ကယ်ဆယ်ရေးတွေပင်အနားမကပ်နိုင်သေး။
ငိုယိုနေသောသူ့ကိုဦးလေးLeeကအတင်းဆွဲထားသည်..ဦးလေးLeeရဲ့ရင်ခွင်ထဲကနေပဲချူံ းပွဲချထိုင်ငိုမိသည်။
"ခဏလေးHanလေး..Hanလေးရောသူဘယ်မှာလဲ"
ငိုနေရင်းမှအတင်းထပြေးသောသူ့ကိုဦးလေးLeeကအတင်းချူ ပ်ထားပြန်သည်။
ဒီတစ်ခါတော့သူဦးလေးLeeရဲ့ရင်ဘတ်ကိုဆောင့်တွန်းကာHanလေးတို့အိမ်သွားဖို့ထပြေးမိသည်။
"သခင်ကြီးKimနဲ့အတူသူ့သားလေးပါပေါက်ကွဲမှုထဲပါသွားတယ်"
ငိုသံကြီးနဲ့အော်ပြောလာသောဦးလေးLeeကြောင့်သူ့ခြေလှမ်းတွေထိုနေရာမှာပင်ကျောက်ချထားသလိုရပ်နေမိသည်။
မဖြစ်နိုင်တာ...သူမယုံဘူး။
ကျောခိုင်းထားသည့်ဦးလေးLeeဘက်ဖြည်းဖြည်းချင်းပြန်လှည့်ကြည့်မိတော့သူတွန်းခဲ့သည်နေရာမှာပဲထိုင်လျက်ငိုနေသည်။
ဦးလေးLeeဆီအမြန်ပြေးသွားပြီးလက်တွေကိုကိုင်လှုပ်ကာမေးလိုက်မိသည်။
"မဟုတ်ဘူးမလားမဟုတ်ဘူးလို့ပြော..Hanလေးကဘာလို့သေရမှာလဲအခုမှငယ်ငယ်လေးရှိသေးတာကို..မဟုတ်တာတွေမပြောနဲ့"
သွေးရူးသွေးတန်းနှင့်သူကုန်းအော်မိသည်..ငိုဖို့တောင်အင်အားမရှိတော့သလိုပင်။
ရင်ဘတ်ကိုဓားနဲ့ထိုးမွှေခံလိုက်ရတာကမှအခုထက်ပိုသက်သာဦးမည်။
"အသက်ရှင်ကျန်သူမရှိ"ဟူသောကယ်ဆယ်ရေးသမားတွေရဲ့စကားအဆုံးမှာသူ့ရဲ့မျှော်လင့်ချက်သေးသေးလေးပျက်ဆီးရပြန်သည်။
ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်အနက်ရောင်ဝတ်စုံကိုဝတ်ရင်းDaddyရဲ့အသုဘမှာသူမလှုပ်မယှက်ရပ်နေမိသည်။
DaddyရောဦးလေးKimတို့သားအဖရဲ့နာရေးကိစ္စအဝဝကိုဦးလေးLeeကပဲအစအဆုံးအကုန်လိုက်လုပ်ပေးရသည်။
သူကတော့မျက်ရည်ကျဖို့ပင်အင်အားမရှိတော့သည်မို့ဘာမှမလုပ်ချင်တော့။
နာရေးအခမ်းအနားအပြီးမီးသဂြိုဟ်ပြီးသည်အထိသူမျက်နှာသေနှင့်ပဲရပ်နေမိတုန်း။
နာရေးလာတဲ့သူတွေကိုလည်းသူနှုတ်ဆက်လိုစိတ်မရှိတော့သည်မို့နီးရာထိုင်ခုံမှာပဲဝင်ထိုင်နေလိုက်သည်။
အချစ်ရဆုံးလူသားနှစ်ယောက်ကိုတစ်ပြိုင်တည်းဆုံးရှုံးလိုက်ရသည့်သူ့အဖို့ဘဝကရှင်လျက်နှင့်သေသွားသလိုပင်။
DaddyရောHanလေးရောသူ့အနားကထွက်သွားပြီ..သူ့အနားမှာဘယ်သူမှမရှိတော့ဘူး။
ခေါင်းငိုက်စိုက်ချကာမျက်နှာကိုအုပ်ရင်းငိုနေမိသည်။
"သခင်လေး"
ငိုရလွန်း၍ကောင်းကောင်းတောင်မဖွင့်နိုင်တော့တဲ့မျက်လုံးတွေနှင့်သူမနည်းကြည့်လိုက်ရသည်။
သူ့ဆီကိုတစ်စုံတစ်ခုကိုလှမ်းပေးနေသည့်ဦးလေးLee
"ဒါကဘာလဲ"
"ဖတ်ကြည့်လိုက်ပါသခင်လေး"
သူ့လက်ထဲထည့်ပေးသည့်အရာကိုကြည့်တော့Daddyရဲ့ဒိုင်ယာရီစာအုပ်နှင့်စာရွက်စာတမ်းများကိုတွေ့သည်။
ဒိုင်ယာရီစာအုပ်ကိုအသာဖွင့်ကြည့်မိတော့
"Park Min Joonဆိုတဲ့လူရဲ့အလွဲသုံးစားလုပ်ထားတာတွေကိုMr.Kimကိုပြောပြတော့ဒီလူကမယုံပြန်ဘူး..သူ့အတွင်းရေးမှူ းတဖြစ်လဲသူငယ်ချင်းကသူ့ကိုဒုက္ခပေးနေတာကိုဘယ်လိုသိအောင်ပြောပြရပါ့မလဲ..Park Min Joonဆိုတဲ့လူကလည်းဝန်ခံဖို့ဖျောင်းဖျတာတောင်လက်မခံပဲရန်လုပ်သွားသေးတယ်"
Park Min Joonကဘယ်သူပါလိမ့်
(A.N-အရင်တစ်ခေါက်Hanလေးတို့အိမ်သွားလည်တုန်းကHanလေးအခန်းထဲမှာYoongiကရောက်နေခဲ့တာမို့သူမသိလိုက်တာပါနော်)
စာရွက်စာတမ်းတွေကိုဖွင့်ကြည့်မိတော့တချိူ့တလေကိုသူနားမလည်ပေမဲ့သေချာတာကတော့Park Min Joonဆိုသူရဲ့အလွဲသုံးစားမှုတွေကိုသက်သေပြလို့ရသည့်စာရွက်များပင်။
"ဦးလေးKimရဲ့အတွင်းရေးမှူ းဆိုတဲ့သူကိုရှာပေးပါဦးလေးLee"
"Daddyတို့ရဲ့သေဆုံးမှုကသူနဲ့တောင်ဆိုင်နေမလားမသိဘူး"
"ဗျာ...ဦးလေးအခုချက်ချင်းစုံစမ်းခိုင်းလိုက်ပါ့မယ်"
တအောင့်လောက်နေတော့ဦးလေးLeeကသူ့ဆီပြန်ရောက်လာသည်။
"သခင်လေးစုံစမ်းခိုင်းလိုက်လို့အဲ့ဒီလူနောက်လိုက်ကြည့်တာသူမရှိတော့ဘူးတဲ့..ထွက်ပြေးသွားပြီလို့ကြားတယ်"
"ဒီလူသာရိုးသားနေရင်ဘာမှခြေရာဖျောက်ပြီးပျောက်သွားစရာအကြောင်းမရှိဘူး"
"...."
"Park Min Joonခင်ဗျားကထွက်ပြေးတော့ကျျွန်တော်ကလိုက်ရှာပေးရမှာပေါ့"
မဲ့ပြုံးတစ်ချက်နှင့်ပြောလိုက်သောသူ့ကိုကြည့်ရင်းဦးလေးLeeကသက်ပြင်းချသည်။
Flashback end
အဲ့ကတည်းကသခင်လေးအရင်ထက်ပိုအေးစက်သွားခဲ့သည်..သူ့ကိုတောင်အရင်လိုစကားအများကြီးမပြောတော့။
အခုPark Jiminဆိုတဲ့ကောင်လေးကိုတော့မသိမသာနဲ့ဂရုစိုက်တာဘေးကသူတောင်သတိထားမိသည်..ငိုခြင်းရယ်ခြင်းတွေကင်းမဲ့နေခဲ့တာကြာပြီဖြစ်တဲ့သခင်လေးကအခုဒီကောင်လေးကြောင့်ဝမ်းနည်းပြီးငိုနေခဲ့သည်။
သခင်လေးကိုပြန်အသက်သွင်းပေးနိုင်တာဒီကောင်လေးဆိုဒီကလေးအပေါ်သူအများကြီးဂရုစိုက်ပေးဖို့လိုအပ်လာပြီ။
Date-6.11.20