Zawgyi
ထက္ဘုန္းCafeteriaကိုေရာက္ေတာ့ ဘာစားရမလဲဆိုတာမွာရန္ ေကာင္တာနားသို႔သြားလိုက္သည္။ဒီေန႔menuက tonkatsuနဲ႔ထမင္းအျဖဴ၊ၾကက္ေၾကာ္အစပ္ႏွင့္ထမင္းအျဖဴ၊ကိုရီးယားထမင္းသုတ္။သူတို႔ကန္တင္းရဲ႕menuကတစ္ပတ္ႏွင့္တစ္ပတ္ မရိုးရေအာင္ေျပာင္းေလ့ရွိသည္။ထက္ဘုန္းကသူ႔ေဘာင္းဘီအိတ္ထဲတြင္ ထည့္ထားေသာပိုက္ဆံတစ္ေထာင္တန္ႏွစ္ရြက္ကိုထုတ္လိုက္သည္။
စက္ထဲသို႔ပိုက္ဆံကိုထည့္လိုက္ၿပီးေနာက္ ၾကက္ေၾကာ္အစပ္ႏွင့္ထမင္းအျဖဴsetကိုေရြးခ်ယ္လိုက္သည္။ထို႔ေနာက္လူအမ်ား၏ေနာက္တြင္ တန္းစီကာ သူ႔အလွည့္ကိုေရာက္ရန္ ေစာင့္ေနလိုက္သည္။(၅)မိနစ္ေလာက္တန္းစီၿပီးသည့္ေနာက္မွာေတာ့ သူ႔အလွည့္သို႔ေရာက္လာသည္။သူမွာထားသည့္setကိုလက္ႏွစ္ဖက္ႏွင့္ေသခ်ာသယ္သြားၿပီးေနာက္ သူ႔သူငယ္ခ်င္းေတြထိုင္ေနတဲ့ေနရာကိုရွာလိုက္သည္။
ေဟာ.....ေတြ႕ပါၿပီ။ႏွစ္ေယာက္သားစားေနလိုက္ၾကတာမ်ား ေခါင္းေတာင္မေဖာ္ႏိုင္ေတာ့ေပ။ထက္ဘုန္းသူတို႔အေရွ႕မွာသြားထိုင္လိုက္မွ ႏွစ္ေယာက္စလံုးကစားေနရင္းႏွင့္ေမာ့ၾကည့္လာသည္။
"မင္းတို႔ႏွစ္ေကာင္ကလည္းေနာ္။စားေနလိုက္ၾကတာမ်ား တစ္ခါမွမစားဖူးတဲ့ပံုစံေတြနဲ႔။ေစာျမတ္ကေတာ့ထားပါေတာ့။ေကာင္းထက္ မင္းစားေနတဲ့ပံုကခုနစ္ရက္ေလာက္ငတ္ျပတ္ေနတဲ့ပံုနဲ႔တူေနတယ္ကြ သိလား"
"ထက္ဘုန္း မင္းအခ်င္းခ်င္းအဲ့ေလာက္မဖဲ့နဲ႔စမ္း။ငါအစားစားၿပီးရင္ မင္းေသၿပီ"
"ဟားဟား ေၾကာက္ဖို႔ေကာင္းလိုက္တာ"
"ဒီေကာင္ကေတာ့......"
"ေတာ္ၾကေတာ့ဟ ဒီမွာမင္းတို႔ႏွစ္ေယာက္တည္းရွိတာမဟုတ္ဘူး။လူေတြၾကည့္ကုန္ၾကၿပီ"
"ဒီေကာင္ကလာလာစေနတာကို ေစာျမတ္ရာ"
"မစပါဘူး။ငါအမွန္တိုင္းေျပာတာေလ"
"ငါလုပ္လိုက္ရ ထက္ဘုန္းညီကေတာ့"
"ထက္....."
ထက္ဘုန္းျပန္ရန္ေတြ႕မလို႔ရွိေသး၊သူ႔ကိုေခၚလိုက္သည့္အသံခ်ိဳခ်ိဳေလးကိုၾကားလိုက္ရေသာေၾကာင့္ အေနာက္သို႔လွည့္ၾကည့္လိုက္ေတာ့ စြဲျမတ္ကသူတို႔နားကိုေလၽွာက္လာတာကို ေတြ႕ရသည္။
စြဲျမတ္......နာမည္အျပည့္အစံုကေတာ့ စြဲျမတ္ျပည့္စံုေပါ့။ထက္ဘုန္းနဲ႔အခုလက္ရွိတြဲေနတဲ့ တစ္ေယာက္ေလ။တြဲေနတယ္ဆိုလို႔ တကယ္ခ်စ္တယ္လို႔ေတာ့မမွတ္လိုက္နဲ႔။ထက္ဘုန္းရဲ႕ဗီဇအရ တစ္ပတ္ကိုတစ္ေယာက္မရိုးရေအာင္ တြဲေလ့ရွိတယ္ေလ။အခုစြဲျမတ္ကေတာ့ သူ(၂၄)ေယာက္ေျမာက္တြဲတဲ့သူေပါ့။အခုခ်ိန္အထိထက္ဘုန္း၏သမိုင္းမွာ သူ႔ဘက္ကစ၍တြဲမည္ဟုေျပာသည့္ လူတစ္ေယာက္ေလးေတာင္မရွိေသးေပ။အကုန္လံုးကထက္ဘုန္းကို စိတ္ဝင္စားသည္ဟုလာေရာ၍သာ တြဲျဖစ္ၾကျခင္းျဖစ္သည္။
ထက္ဘုန္းကလူတစ္ေယာက္ကိုတြဲရင္ အနည္းဆံုးတစ္ပတ္၊အမ်ားဆံုးဆိုတစ္လ၊ အဲ့ထက္နည္းနည္းပိုမ်ားရင္ေတာင္ ႏွစ္လအမ်ားဆံုးပဲတြဲေလ့ရွိသည္။တစ္ေယာက္ႏွင့္ျပတ္ၿပီးတိုင္းလည္း တစ္ရက္ပင္မၾကာဘူး။ထိုေနရာမွာေနာက္ေကာင္ေလးတစ္ေယာက္က အလိုလိုအစားထိုးဝင္လာသည္။ထက္ဘုန္းဒီေလာက္ေပြရႈပ္တာကို သိၾကေသာ္လည္း သူတို႔တကၠသိုလ္ကေယာက်္ားေလးေတြေရာ၊မိန္းကေလးေတြေရာကပါ ထက္ဘုန္းညီနာမည္ၾကားတာနဲ႔ တအီးအီး၊တအားအား ႏွင့္ေအာ္ၾကသည္အထိကို သူကနာမည္ႀကီးသည္။
အခုစြဲျမတ္ကလည္းထက္ဘုန္းႏွင့္တြဲတာ တစ္ပတ္နီးပါးေလာက္ေတာ့ ရွိေနၿပီထင္သည္။စြဲျမတ္ကထက္ဘုန္းကိုသေဘာက်တယ္ဟုလြန္ခဲ့တဲ့ ႏွစ္လေလာက္ကေျပာထားရာ ထက္ဘုန္းကလည္းသူ႔ပံုစံကိုသေဘာက်သည္မို႔လို႔ တြဲျဖစ္သြားျခင္းျဖစ္သည္။
စြဲျမတ္ကထက္ဘုန္းတြဲခဲ့တဲ့လူေတြထဲမွာမွ ဆြဲေဆာင္မႈအရွိဆံုးဟုေျပာ၍ရသည္။ပိန္ပိန္ေသးေသးခႏၶာကိုယ္ေလးက မိန္းကေလးေတြေတာင္ အားက်ရေလာက္ၿပီး စေတာ္ဘယ္ရီလို သူ႔ရဲ႕ႏႈတ္ခမ္းနီနီေလးက ထက္ဘုန္းကို ခဏခဏျမည္းစမ္းခ်င္ေအာင္ ဆြဲေဆာင္ေနေသာအရာ။
အျမဲတမ္းသြက္သြက္လက္လက္ရွိတဲ့စြဲျမတ္က ဘာႀကီး.....တစ္ေက်ာင္းလံုးမွာTop-1ရတဲ့ခပ္တံုးတံုးေက်ာင္းသားနဲ႔ေတာ့တျခားစီပဲ။အာ ဘယ္လိုျဖစ္လို႔ေဆာင္းဦးစက္အေၾကာင္းကေတြးမိသြားရျပန္တာလဲ။စိတ္ညစ္ဖို႔ေကာင္းလိုက္တာကြာ။
"ထက္ ဘာေတြစဥ္းစားေနတာလဲ"
"ဟမ္ ေဩာ္ ဘာမွမဟုတ္ပါဘူး။ဒီတိုင္းစိတ္ပ်က္စရာတစ္ခုေခါင္းထဲဝင္လာလို႔"
"ထက္ကလည္း စြဲတစ္ေယာက္လံုးရွိေနတာကို။စိတ္ရႈပ္စရာေတြမစဥ္းစားနဲ႔။ေခါင္းထဲကထုတ္လိုက္"
"အင္းပါ။ကိုယ္ထုတ္လိုက္မယ္ေနာ္"
"အင္း ဟုတ္ၿပီ။ဒါနဲ႔ဒီေန႔ဘယ္လိုျဖစ္လို႔ေနာက္က်ရတာလဲ"
"ညကအိပ္တာေနာက္က်သြားလို႔ အဲ့ဒါမနက္မထႏိုင္ျဖစ္သြားတာ"
"ေနာက္ဆိုေစာေစာအိပ္ေလ ထက္ရဲ႕"
"စားေတာ့ေလ စြဲ။ထမင္းေတြေအးကုန္ဦးမယ္"
ထို႔ေနာက္သူတို႔ေလးေယာက္လံုးအသံတိတ္ကာ ေန႔လယ္စာစားၾကသည္။စြဲျမတ္ကသူ႔ထဲမွၾကက္ေၾကာ္ေတြကို ထက္ဘုန္း၏ပန္းကန္ထဲသို႔ထည့္ထည့္ေပးေနသည္။
"စြဲ မထည့္ေပးနဲ႔ေလ။ကိုယ့္မွာလည္းရွိေနတာကို"
"ရပါတယ္။ထက္သာမ်ားမ်ားစား"
"ဒါေပမယ့္......."
"ကဲ ကဲ ႏွစ္ေယာက္သားစကားႏိုင္မလုၾကနဲ႔။ထက္ဘုန္း မင္းမစားခ်င္ရင္ငါ့ကိုေပးလိုက္"
ေျပာၿပီးတာနဲ႔တစ္ၿပိဳင္နက္ ေကာင္းထက္ႏွင့္ေစာျမတ္က ထက္ဘုန္းပန္းကန္ထဲကၾကက္ေၾကာ္တခ်ိဳ႕ကိုယူလိုက္သည္။စြဲျမတ္ကသူတို႔ကိုေျပာမလို႔ရွိေသး၊ႏွစ္ေယာက္စလံုးက ယူထားတဲ့ၾကက္ေၾကာ္ေတြကို ပါးစပ္ထဲအျမန္ထည့္လိုက္ၾကသည္။တရွဴးရွဴး၊တရွဲရွဲျဖစ္သြားတဲ့ စြဲျမတ္ပံုကိုၾကည့္ၿပီး ႀကိတ္ရယ္လိုက္ၾကေသးသည္။
ေကာင္းထက္တို႔ႏွစ္ေယာက္လံုးက ထက္ဘုန္းတြဲသည့္သူမွန္သမၽွကို ၾကည့္မရေပ။ဘာလို႔ဆို ထက္ဘုန္းႏွင့္တြဲသမၽွေကာင္ေလးတိုင္းက သူတို႔ကိုဆိုမတူသလိုမတန္သလို ဆက္ဆံသည္ေလ။ထက္ဘုန္းနဲ႔တစ္ခါေလာက္ေလးတြဲလိုက္ရတာကို သူတို႔မွာမာနကခ်က္ခ်င္းကို မိုးထိုးသြားေသာေၾကာင့္ ေကာင္းထက္တို႔ကအျမင္ကပ္ေနရျခင္းျဖစ္သည္။
ေကာင္းထက္ႏွင့္ေစာျမတ္တို႔က စားလို႔အရင္ၿပီးသြားေတာ့ ထက္ဘုန္းကိုႏႈတ္ဆက္ကာ အတန္းသို႔ျပန္သြားၾကသည္။သူတို႔ကိုနဂါးမ်က္ေစာင္းႏွင့္ၾကည့္ေနေသာ စြဲျမတ္၏အၾကည့္ေၾကာင့္လည္းဒီမွာၾကာၾကာမေနႏိုင္ေတာ့ပါ။မဟုတ္ရင္စားထားသမၽွျပန္အန္ထြက္လိမ့္မည္။
ေကာင္းထက္တို႔ထြက္သြားေတာ့မွ စြဲျမတ္ကထက္ဘုန္းဘက္ကိုလွည့္ကာ ႏႈတ္ခမ္းကိုဆူ၍ေျပာေလသည္။
"ထက္ သူငယ္ခ်င္းေတြကဘာေတြလဲကြာ။စြဲကိုအျမင္မၾကည္တာလား"
"မဟုတ္ပါဘူး စြဲရဲ႕။သူတို႔ကဒီတိုင္းပဲေလ"
"မသိဘူးကြာ။စိတ္ပ်က္စရာေတြပါ ထက္သူငယ္ခ်င္းေတြက"
"စြဲျမတ္.....လူတစ္ေယာက္အေၾကာင္းကိုေသခ်ာလည္းမသိဘဲနဲ႔အဲ့လိုမေျပာနဲ႔ေလ။ကိုယ့္သူငယ္ခ်င္းေတြကို အဲ့လိုေျပာတာ ကိုယ္လံုးဝမႀကိဳက္ဘူးေနာ္"
ထက္ဘုန္းကေလသံမာမာႏွင့္ေျပာလိုက္ေတာ့မွ စြဲျမတ္ကအလန္႔တၾကားေတာင္းပန္ရသည္။သူေမ့သြားခဲ့သည္။သူကသူ႔သူငယ္ခ်င္းေတြကိုထိရင္ မႀကိဳက္ဘူးဆိုတာကို။
"စြဲ ေတာင္းပန္ပါတယ္။ဒီတိုင္းပါးစပ္ကလႊတ္ခနဲထြက္သြားလို႔ပါ။စြဲကိုစိတ္မဆိုးပါနဲ႔ေနာ္။တကယ္ေတာင္းပန္ပါတယ္။ေနာက္ဆိုဆင္ျခင္ပါ့မယ္ေနာ္"
"အင္း ထားပါေတာ့။ကိုယ္ဗိုက္ျပည့္သြားၿပီ။အခန္းထဲျပန္ေတာ့မယ္။စြဲေနခ်င္ရင္ေနခဲ့ေလ"
"ဟင့္အင္း စြဲလည္းဗိုက္ျပည့္သြားၿပီ။အတူူတူသြားရေအာင္ေလ"
"အိုေက အဲ့ဒါဆိုလည္းသြားၾကရေအာင္"
ထက္ဘုန္းကအရင္ထြက္သြားေတာ့ စြဲျမတ္ကလည္းအေနာက္ကေနမွီေအာင္လိုက္ရသည္။ထက္ဘုန္းလက္ေမာင္းကိုတြဲလိုက္ေတာ့ ထက္ဘုန္းကသူ႔ကိုတစ္ခ်က္ေစြၾကည့္ကာ ဘာမွမျဖစ္သလိုပံုစံႏွင့္ အေရွ႕သို႔ျပန္လွည့္ကာ ပံုမွန္အတိုင္းေလၽွာက္သြားေတာ့သည္။
သူတို႔ဒုတိယထပ္ကေန တတိယထပ္ကိုတက္ဖို႔ေလၽွာက္လာရင္း အိမ္သာထဲမွလူႏွစ္ေယာက္ထြက္လာတာကို ေတြ႕လိုက္ရသည္။မ်က္ႏွာမွာလည္းေလွာင္ျပံဳးကိုယ္စီႏွင့္။သူတို႔ႏွစ္ေယာက္စလံုးက ထက္ဘုန္းႏွင့္အခန္းတူၿပီး ေက်ာင္းရဲ႕လူဆိုးေတြလို႔ပင္ ေခၚရေလာက္ေအာင္ဆိုးသြမ္းၾကသည္။သူတို႔ကထက္ဘုန္းတို႔ကို မေတြ႕ဘဲ တဟားဟားႏွင့္ေအာ္ရီကာ အေပၚထပ္သို႔တက္သြားသည္။
ထက္ဘုန္းလည္း သူႏွင့္မဆိုင္ေသာေၾကာင့္ ဘာမွမစဥ္းစားေတာ့ဘဲ အေပၚထပ္ကိုတက္ဖို႔လုပ္တုန္း အိမ္သာထဲမွ'ဒုန္း၊ဒုန္း'ဟူေသာအသံကိုၾကားလိုက္ရေသာေၾကာင့္ ေျခလွမ္းမ်ားကိုရပ္လိုက္ကာ ေနာက္ျပန္ဆုတ္လိုက္သည္။
"ထက္ ဘာျဖစ္လို႔လဲ"
"ခုနကတံခါးကိုထုသံလိုလို ဘာလိုလိုမ်ားၾကားလိုက္ေသးလား"
"ဟင္ မသိဘူးေလ။သတိမထားမိဘူးရယ္။ထားလိုက္ပါ သြားရေအာင္။အတန္းစဖို႔ဆယ္မိနစ္ေလာက္ပဲလိုေတာ့တယ္"
"အင္း ေကာင္းၿပီ"
သူခုနကနားၾကားမွားတာပဲေနမွာပါ။အိပ္ေရးမဝလို႔ၾကားခ်င္တာေတြ ေလၽွာက္ၾကားေနတာေနမယ္။ထက္ဘုန္းလည္းေခါင္းကိုခါလိုက္ကာ အေပၚသို႔တက္ရန္လုပ္ေတာ့ ေနာက္တစ္ႀကိမ္တံခါးကိုထုသံၾကားလိုက္ရျပန္သည္။ဒီတစ္ေခါက္ကေသေသခ်ာခ်ာႀကီးကိုၾကားလိုက္ရေသာေၾကာင့္ စြဲ၏လက္ကိုဖယ္ကာ အိမ္သာထဲသို႔ေျပးဝင္သြားလိုက္သည္။
ိအိမ္သာထဲေရာက္ေတာ့ သူထင္သည့္အတိုင္းပင္ တစ္ေယာက္ေယာက္ကတံခါးကို တဒုန္းဒုန္းထုေနျခင္းျဖစ္သည္။တံခါးနားသြားလိုက္ေတာ့ တံခါးကအျပင္ဘက္တြင္ေလာ့ခ္ခ်ထားသည္။ၾကည့္ရတာခုနကႏွစ္ေကာင္တစ္ေယာက္ေယာက္ကို အႏိုင္က်င့္ၿပီး ထည့္ပိတ္ထားတဲ့ပံုပဲ။သူေလာ့ခ္ကိုျပန္ဖြင့္ကာ တံခါးကိုဖြင့္လိုက္ေတာ့ ပိတ္မိေနေသာသူက စိတ္သက္သာရာရသြားသလိုေျပးထြက္လာၿပီး သူ႔ကိုဖက္လိုက္ေသာေၾကာင့္ ထက္ဘုန္းအေနာက္ကိုပင္ နည္းနည္းယိုင္ခ်င္သြားသည္။ဒါကဘယ္လိုအေျခအေနႀကီးလဲ။
"ေဟ့ ဖက္ထားတာကို လႊတ္ဦး။နည္းနည္းဖယ္ဦး"
"ေက်း.....ေက်းဇူးတင္ပါတယ္။တကယ္ေက်းဇူးအမ်ားၿကီးတင္ပါတယ္"
သူအတင္းဆြဲဖယ္ေနတုန္း အသံတိုးတိုးေလးႏွင့္ေက်းဇူးတင္စကားကိုၾကားလိုက္ရေသာေၾကာင့္ ဆြဲဖယ္ေနေသာလက္မ်ားကရပ္တန္႔သြားသည္။ေယာက်္ားေလးတစ္ေယာက္အသံက ဘာလို႔မ်ားအဲ့ေလာက္ေတာင္ နားဝင္ခ်ိဳေနရတာလဲ။
သူငံု႔ၾကည့္လိုက္ေတာ့ သူ႔ကိုဖက္ထားတဲ့ေကာင္ေလးကလည္းေမာ့ၾကည့္လာေသာေၾကာင့္ ႏွစ္ေယာက္သားအၾကည့္ခ်င္းဆံုးသြားၾကသည္။ဟင္....ဒါကဟိုTop-1ေကာင္မလား။ထက္ဘုန္းသူ႔ကိုေၾကာင္ၾကည့္ေနမိသည္။မ်က္ရည္စေတြေဝ့သီေနေသာ မ်က္လံုးေတာက္ေတာက္ေလးေတြက သူ႔ကိုအၾကည့္မလႊဲႏိုင္ေအာင္လုပ္ေနသည္။ႏွာတံေလးကလည္းလံုးလံုးေလးႏွင့္။အနီးကပ္ၾကည့္လိုက္ေတာ့ ဘာလို႔မ်ားအဲ့ေလာက္ေတာင္ ခ်စ္ဖို႔ေကာင္းေနရတာလဲ။
သူ႔ကိုေငးၾကည့္ေနမိတုန္း တစ္ေယာက္ေယာက္ကဆြဲဖယ္တာကို ခံစားလိုက္ရေသာေၾကာင့္ သူျပန္၍သတိဝင္လာသည္။သူၾကည့္လိုက္ေတာ့Top-1ေကာင္ေလးက ၾကမ္းျပင္ေပၚဖင္ထိုင္ရက္ေလးျပဳတ္က်ေနၿပီး သူ႔လက္ကိုေတာ့စြဲျမတ္ကဆြဲထားသည္။
"ဘာလို႔ထက္ကိုအတင္းဖက္ေနရတာလဲ။အရွက္မရွိလိုက္တာ"
"ဟို ကၽြန္ေတာ္က......."
"ရုပ္ၾကည့္ေတာ့သနားကမားေလးနဲ႔ ထက္ကိုဆြဲေဆာင္ေနတာမလား"
"ဟင့္ မဟုတ္ပါဘူး။ဒီတိုင္း ေက်း....ေက်းဇူးတင္လို႔ပါ"
"ေဩာ္ ေက်းဇူးတင္ရင္အဲ့လိုဖက္ရတယ္ေပါ့"
"စြဲ ေတာ္ေတာ့။သူမ်ားကိုအဲ့လိုမေျပာနဲ႔လို႔ေျပာထားတယ္ေလ"
ထက္ဘုန္းကေျပာရင္းႏွင့္ပင္လဲက်ေနေသာ ေဆာင္းဦးစက္ကိုသြားထူေပးလိုက္သည္။စြဲကေတာ့ေျခကိုေဆာင့္ရင္း ဆူပုတ္ေနသည္။
"ရရဲ႕လား"
"ဟုတ္ ရပါတယ္။ကၽြန္ေတာ္သြားေတာ့မယ္ေနာ္။ေက်းဇူးတင္ပါတယ္ ဟို....."
"ထက္ဘုန္းညီ.....ကိုယ့္နာမည္ကထက္ဘုန္းညီ"
"ေက်းဇူးအမ်ားႀကီးတင္ပါတယ္ေနာ္ ကိုထက္ဘုန္းညီ"
ေဆာင္းဦးကေက်းဇူးတင္စကားေျပာကာ ခ်က္ခ်င္းေျပးထြက္သြားေတာ့သည္။သူထြက္သြားမွ ထက္ဘုန္းကစိတ္ပ်က္သလိုပံုစံႏွင့္ စြဲျမတ္ကိုၾကည့္လာသည္။
"မင္းကေတာ္ေတာ္စိတ္ပ်က္ဖို႔ေကာင္းတဲ့သူပဲ။ငါေျပာထားတယ္ေလ။သူမ်ားအေၾကာင္းမသိဘဲေလၽွာက္ေျပာတာကို ငါအရမ္းမုန္းတယ္လို႔"
"ေတာင္းပန္ပါတယ္ ထက္"
"က်စ္ ေတာ္ၿပီ။မင္းလိုလူမ်ိဳးနဲ႔တြဲရတာစိတ္မပါဘူး။ငါတို႔ျပတ္ၿပီ"
ထက္ဘုန္းကအျပတ္ေျပာကာ သူ႔ေရွ႕ကေနထြက္သြားသည္။က်န္ခဲ့ေသာစြဲျမတ္ကေတာ့ မ်က္ရည္အဝိုင္းသားႏွင့္ေပါ့။ဒီလိုနဲ႔ထက္ဘုန္းရဲ႕ (၂၄)ေခါက္ေျမာက္ဇာတ္လမ္းကၿပီးဆံုးသြားျပန္ေတာ့သည္။
♤♤♤♤♤♤♤♤♤♤
Unicode
ထက်ဘုန်းCafeteriaကိုရောက်တော့ ဘာစားရမလဲဆိုတာမှာရန် ကောင်တာနားသို့သွားလိုက်သည်။ဒီနေ့menuက tonkatsuနဲ့ထမင်းအဖြူ၊ကြက်ကြော်အစပ်နှင့်ထမင်းအဖြူ၊ကိုရီးယားထမင်းသုတ်။သူတို့ကန်တင်းရဲ့menuကတစ်ပတ်နှင့်တစ်ပတ် မရိုးရအောင်ပြောင်းလေ့ရှိသည်။ထက်ဘုန်းကသူ့ဘောင်းဘီအိတ်ထဲတွင် ထည့်ထားသောပိုက်ဆံတစ်ထောင်တန်နှစ်ရွက်ကိုထုတ်လိုက်သည်။
စက်ထဲသို့ပိုက်ဆံကိုထည့်လိုက်ပြီးနောက် ကြက်ကြော်အစပ်နှင့်ထမင်းအဖြူsetကိုရွေးချယ်လိုက်သည်။ထို့နောက်လူအများ၏နောက်တွင် တန်းစီကာ သူ့အလှည့်ကိုရောက်ရန် စောင့်နေလိုက်သည်။(၅)မိနစ်လောက်တန်းစီပြီးသည့်နောက်မှာတော့ သူ့အလှည့်သို့ရောက်လာသည်။သူမှာထားသည့်setကိုလက်နှစ်ဖက်နှင့်သေချာသယ်သွားပြီးနောက် သူ့သူငယ်ချင်းတွေထိုင်နေတဲ့နေရာကိုရှာလိုက်သည်။
ဟော.....တွေ့ပါပြီ။နှစ်ယောက်သားစားနေလိုက်ကြတာများ ခေါင်းတောင်မဖော်နိုင်တော့ပေ။ထက်ဘုန်းသူတို့အရှေ့မှာသွားထိုင်လိုက်မှ နှစ်ယောက်စလုံးကစားနေရင်းနှင့်မော့ကြည့်လာသည်။
"မင်းတို့နှစ်ကောင်ကလည်းနော်။စားနေလိုက်ကြတာများ တစ်ခါမှမစားဖူးတဲ့ပုံစံတွေနဲ့။စောမြတ်ကတော့ထားပါတော့။ကောင်းထက် မင်းစားနေတဲ့ပုံကခုနစ်ရက်လောက်ငတ်ပြတ်နေတဲ့ပုံနဲ့တူနေတယ်ကွ သိလား"
"ထက်ဘုန်း မင်းအချင်းချင်းအဲ့လောက်မဖဲ့နဲ့စမ်း။ငါအစားစားပြီးရင် မင်းသေပြီ"
"ဟားဟား ကြောက်ဖို့ကောင်းလိုက်တာ"
"ဒီကောင်ကတော့......"
"တော်ကြတော့ဟ ဒီမှာမင်းတို့နှစ်ယောက်တည်းရှိတာမဟုတ်ဘူး။လူတွေကြည့်ကုန်ကြပြီ"
"ဒီကောင်ကလာလာစနေတာကို စောမြတ်ရာ"
"မစပါဘူး။ငါအမှန်တိုင်းပြောတာလေ"
"ငါလုပ်လိုက်ရ ထက်ဘုန်းညီကတော့"
"ထက်....."
ထက်ဘုန်းပြန်ရန်တွေ့မလို့ရှိသေး၊သူ့ကိုခေါ်လိုက်သည့်အသံချိုချိုလေးကိုကြားလိုက်ရသောကြောင့် အနောက်သို့လှည့်ကြည့်လိုက်တော့ စွဲမြတ်ကသူတို့နားကိုလျှောက်လာတာကို တွေ့ရသည်။
စွဲမြတ်......နာမည်အပြည့်အစုံကတော့ စွဲမြတ်ပြည့်စုံပေါ့။ထက်ဘုန်းနဲ့အခုလက်ရှိတွဲနေတဲ့ တစ်ယောက်လေ။တွဲနေတယ်ဆိုလို့ တကယ်ချစ်တယ်လို့တော့မမှတ်လိုက်နဲ့။ထက်ဘုန်းရဲ့ဗီဇအရ တစ်ပတ်ကိုတစ်ယောက်မရိုးရအောင် တွဲလေ့ရှိတယ်လေ။အခုစွဲမြတ်ကတော့ သူ(၂၄)ယောက်မြောက်တွဲတဲ့သူပေါ့။အခုချိန်အထိထက်ဘုန်း၏သမိုင်းမှာ သူ့ဘက်ကစ၍တွဲမည်ဟုပြောသည့် လူတစ်ယောက်လေးတောင်မရှိသေးပေ။အကုန်လုံးကထက်ဘုန်းကို စိတ်ဝင်စားသည်ဟုလာရော၍သာ တွဲဖြစ်ကြခြင်းဖြစ်သည်။
ထက်ဘုန်းကလူတစ်ယောက်ကိုတွဲရင် အနည်းဆုံးတစ်ပတ်၊အများဆုံးဆိုတစ်လ၊ အဲ့ထက်နည်းနည်းပိုများရင်တောင် နှစ်လအများဆုံးပဲတွဲလေ့ရှိသည်။တစ်ယောက်နှင့်ပြတ်ပြီးတိုင်းလည်း တစ်ရက်ပင်မကြာဘူး။ထိုနေရာမှာနောက်ကောင်လေးတစ်ယောက်က အလိုလိုအစားထိုးဝင်လာသည်။ထက်ဘုန်းဒီလောက်ပွေရှုပ်တာကို သိကြသော်လည်း သူတို့တက္ကသိုလ်ကယောကျ်ားလေးတွေရော၊မိန်းကလေးတွေရောကပါ ထက်ဘုန်းညီနာမည်ကြားတာနဲ့ တအီးအီး၊တအားအား နှင့်အော်ကြသည်အထိကို သူကနာမည်ကြီးသည်။
အခုစွဲမြတ်ကလည်းထက်ဘုန်းနှင့်တွဲတာ တစ်ပတ်နီးပါးလောက်တော့ ရှိနေပြီထင်သည်။စွဲမြတ်ကထက်ဘုန်းကိုသဘောကျတယ်ဟုလွန်ခဲ့တဲ့ နှစ်လလောက်ကပြောထားရာ ထက်ဘုန်းကလည်းသူ့ပုံစံကိုသဘောကျသည်မို့လို့ တွဲဖြစ်သွားခြင်းဖြစ်သည်။
စွဲမြတ်ကထက်ဘုန်းတွဲခဲ့တဲ့လူတွေထဲမှာမှ ဆွဲဆောင်မှုအရှိဆုံးဟုပြော၍ရသည်။ပိန်ပိန်သေးသေးခန္ဓာကိုယ်လေးက မိန်းကလေးတွေတောင် အားကျရလောက်ပြီး စတော်ဘယ်ရီလို သူ့ရဲ့နှုတ်ခမ်းနီနီလေးက ထက်ဘုန်းကို ခဏခဏမြည်းစမ်းချင်အောင် ဆွဲဆောင်နေသောအရာ။
အမြဲတမ်းသွက်သွက်လက်လက်ရှိတဲ့စွဲမြတ်က ဘာကြီး.....တစ်ကျောင်းလုံးမှာTop-1ရတဲ့ခပ်တုံးတုံးကျောင်းသားနဲ့တော့တခြားစီပဲ။အာ ဘယ်လိုဖြစ်လို့ဆောင်းဦးစက်အကြောင်းကတွေးမိသွားရပြန်တာလဲ။စိတ်ညစ်ဖို့ကောင်းလိုက်တာကွာ။
"ထက် ဘာတွေစဉ်းစားနေတာလဲ"
"ဟမ် ေဩာ် ဘာမှမဟုတ်ပါဘူး။ဒီတိုင်းစိတ်ပျက်စရာတစ်ခုခေါင်းထဲဝင်လာလို့"
"ထက်ကလည်း စွဲတစ်ယောက်လုံးရှိနေတာကို။စိတ်ရှုပ်စရာတွေမစဉ်းစားနဲ့။ခေါင်းထဲကထုတ်လိုက်"
"အင်းပါ။ကိုယ်ထုတ်လိုက်မယ်နော်"
"အင်း ဟုတ်ပြီ။ဒါနဲ့ဒီနေ့ဘယ်လိုဖြစ်လို့နောက်ကျရတာလဲ"
"ညကအိပ်တာနောက်ကျသွားလို့ အဲ့ဒါမနက်မထနိုင်ဖြစ်သွားတာ"
"နောက်ဆိုစောစောအိပ်လေ ထက်ရဲ့"
"စားတော့လေ စွဲ။ထမင်းတွေအေးကုန်ဦးမယ်"
ထို့နောက်သူတို့လေးယောက်လုံးအသံတိတ်ကာ နေ့လယ်စာစားကြသည်။စွဲမြတ်ကသူ့ထဲမှကြက်ကြော်တွေကို ထက်ဘုန်း၏ပန်းကန်ထဲသို့ထည့်ထည့်ပေးနေသည်။
"စွဲ မထည့်ပေးနဲ့လေ။ကိုယ့်မှာလည်းရှိနေတာကို"
"ရပါတယ်။ထက်သာများများစား"
"ဒါပေမယ့်......."
"ကဲ ကဲ နှစ်ယောက်သားစကားနိုင်မလုကြနဲ့။ထက်ဘုန်း မင်းမစားချင်ရင်ငါ့ကိုပေးလိုက်"
ပြောပြီးတာနဲ့တစ်ပြိုင်နက် ကောင်းထက်နှင့်စောမြတ်က ထက်ဘုန်းပန်းကန်ထဲကကြက်ကြော်တချို့ကိုယူလိုက်သည်။စွဲမြတ်ကသူတို့ကိုပြောမလို့ရှိသေး၊နှစ်ယောက်စလုံးက ယူထားတဲ့ကြက်ကြော်တွေကို ပါးစပ်ထဲအမြန်ထည့်လိုက်ကြသည်။တရှူးရှူး၊တရှဲရှဲဖြစ်သွားတဲ့ စွဲမြတ်ပုံကိုကြည့်ပြီး ကြိတ်ရယ်လိုက်ကြသေးသည်။
ကောင်းထက်တို့နှစ်ယောက်လုံးက ထက်ဘုန်းတွဲသည့်သူမှန်သမျှကို ကြည့်မရပေ။ဘာလို့ဆို ထက်ဘုန်းနှင့်တွဲသမျှကောင်လေးတိုင်းက သူတို့ကိုဆိုမတူသလိုမတန်သလို ဆက်ဆံသည်လေ။ထက်ဘုန်းနဲ့တစ်ခါလောက်လေးတွဲလိုက်ရတာကို သူတို့မှာမာနကချက်ချင်းကို မိုးထိုးသွားသောကြောင့် ကောင်းထက်တို့ကအမြင်ကပ်နေရခြင်းဖြစ်သည်။
ကောင်းထက်နှင့်စောမြတ်တို့က စားလို့အရင်ပြီးသွားတော့ ထက်ဘုန်းကိုနှုတ်ဆက်ကာ အတန်းသို့ပြန်သွားကြသည်။သူတို့ကိုနဂါးမျက်စောင်းနှင့်ကြည့်နေသော စွဲမြတ်၏အကြည့်ကြောင့်လည်းဒီမှာကြာကြာမနေနိုင်တော့ပါ။မဟုတ်ရင်စားထားသမျှပြန်အန်ထွက်လိမ့်မည်။
ကောင်းထက်တို့ထွက်သွားတော့မှ စွဲမြတ်ကထက်ဘုန်းဘက်ကိုလှည့်ကာ နှုတ်ခမ်းကိုဆူ၍ပြောလေသည်။
"ထက် သူငယ်ချင်းတွေကဘာတွေလဲကွာ။စွဲကိုအမြင်မကြည်တာလား"
"မဟုတ်ပါဘူး စွဲရဲ့။သူတို့ကဒီတိုင်းပဲလေ"
"မသိဘူးကွာ။စိတ်ပျက်စရာတွေပါ ထက်သူငယ်ချင်းတွေက"
"စွဲမြတ်.....လူတစ်ယောက်အကြောင်းကိုသေချာလည်းမသိဘဲနဲ့အဲ့လိုမပြောနဲ့လေ။ကိုယ့်သူငယ်ချင်းတွေကို အဲ့လိုပြောတာ ကိုယ်လုံးဝမကြိုက်ဘူးနော်"
ထက်ဘုန်းကလေသံမာမာနှင့်ပြောလိုက်တော့မှ စွဲမြတ်ကအလန့်တကြားတောင်းပန်ရသည်။သူမေ့သွားခဲ့သည်။သူကသူ့သူငယ်ချင်းတွေကိုထိရင် မကြိုက်ဘူးဆိုတာကို။
"စွဲ တောင်းပန်ပါတယ်။ဒီတိုင်းပါးစပ်ကလွှတ်ခနဲထွက်သွားလို့ပါ။စွဲကိုစိတ်မဆိုးပါနဲ့နော်။တကယ်တောင်းပန်ပါတယ်။နောက်ဆိုဆင်ခြင်ပါ့မယ်နော်"
"အင်း ထားပါတော့။ကိုယ်ဗိုက်ပြည့်သွားပြီ။အခန်းထဲပြန်တော့မယ်။စွဲနေချင်ရင်နေခဲ့လေ"
"ဟင့်အင်း စွဲလည်းဗိုက်ပြည့်သွားပြီ။အတူူတူသွားရအောင်လေ"
"အိုကေ အဲ့ဒါဆိုလည်းသွားကြရအောင်"
ထက်ဘုန်းကအရင်ထွက်သွားတော့ စွဲမြတ်ကလည်းအနောက်ကနေမှီအောင်လိုက်ရသည်။ထက်ဘုန်းလက်မောင်းကိုတွဲလိုက်တော့ ထက်ဘုန်းကသူ့ကိုတစ်ချက်စွေကြည့်ကာ ဘာမှမဖြစ်သလိုပုံစံနှင့် အရှေ့သို့ပြန်လှည့်ကာ ပုံမှန်အတိုင်းလျှောက်သွားတော့သည်။
သူတို့ဒုတိယထပ်ကနေ တတိယထပ်ကိုတက်ဖို့လျှောက်လာရင်း အိမ်သာထဲမှလူနှစ်ယောက်ထွက်လာတာကို တွေ့လိုက်ရသည်။မျက်နှာမှာလည်းလှောင်ပြုံးကိုယ်စီနှင့်။သူတို့နှစ်ယောက်စလုံးက ထက်ဘုန်းနှင့်အခန်းတူပြီး ကျောင်းရဲ့လူဆိုးတွေလို့ပင် ခေါ်ရလောက်အောင်ဆိုးသွမ်းကြသည်။သူတို့ကထက်ဘုန်းတို့ကို မတွေ့ဘဲ တဟားဟားနှင့်အော်ရီကာ အပေါ်ထပ်သို့တက်သွားသည်။
ထက်ဘုန်းလည်း သူနှင့်မဆိုင်သောကြောင့် ဘာမှမစဉ်းစားတော့ဘဲ အပေါ်ထပ်ကိုတက်ဖို့လုပ်တုန်း အိမ်သာထဲမှ'ဒုန်း၊ဒုန်း'ဟူသောအသံကိုကြားလိုက်ရသောကြောင့် ခြေလှမ်းများကိုရပ်လိုက်ကာ နောက်ပြန်ဆုတ်လိုက်သည်။
"ထက် ဘာဖြစ်လို့လဲ"
"ခုနကတံခါးကိုထုသံလိုလို ဘာလိုလိုများကြားလိုက်သေးလား"
"ဟင် မသိဘူးလေ။သတိမထားမိဘူးရယ်။ထားလိုက်ပါ သွားရအောင်။အတန်းစဖို့ဆယ်မိနစ်လောက်ပဲလိုတော့တယ်"
"အင်း ကောင်းပြီ"
သူခုနကနားကြားမှားတာပဲနေမှာပါ။အိပ်ရေးမဝလို့ကြားချင်တာတွေ လျှောက်ကြားနေတာနေမယ်။ထက်ဘုန်းလည်းခေါင်းကိုခါလိုက်ကာ အပေါ်သို့တက်ရန်လုပ်တော့ နောက်တစ်ကြိမ်တံခါးကိုထုသံကြားလိုက်ရပြန်သည်။ဒီတစ်ခေါက်ကသေသေချာချာကြီးကိုကြားလိုက်ရသောကြောင့် စွဲ၏လက်ကိုဖယ်ကာ အိမ်သာထဲသို့ပြေးဝင်သွားလိုက်သည်။
ိအိမ်သာထဲရောက်တော့ သူထင်သည့်အတိုင်းပင် တစ်ယောက်ယောက်ကတံခါးကို တဒုန်းဒုန်းထုနေခြင်းဖြစ်သည်။တံခါးနားသွားလိုက်တော့ တံခါးကအပြင်ဘက်တွင်လော့ခ်ချထားသည်။ကြည့်ရတာခုနကနှစ်ကောင်တစ်ယောက်ယောက်ကို အနိုင်ကျင့်ပြီး ထည့်ပိတ်ထားတဲ့ပုံပဲ။သူလော့ခ်ကိုပြန်ဖွင့်ကာ တံခါးကိုဖွင့်လိုက်တော့ ပိတ်မိနေသောသူက စိတ်သက်သာရာရသွားသလိုပြေးထွက်လာပြီး သူ့ကိုဖက်လိုက်သောကြောင့် ထက်ဘုန်းအနောက်ကိုပင် နည်းနည်းယိုင်ချင်သွားသည်။ဒါကဘယ်လိုအခြေအနေကြီးလဲ။
"ဟေ့ ဖက်ထားတာကို လွှတ်ဦး။နည်းနည်းဖယ်ဦး"
"ကျေး.....ကျေးဇူးတင်ပါတယ်။တကယ်ကျေးဇူးအများကြီးတင်ပါတယ်"
သူအတင်းဆွဲဖယ်နေတုန်း အသံတိုးတိုးလေးနှင့်ကျေးဇူးတင်စကားကိုကြားလိုက်ရသောကြောင့် ဆွဲဖယ်နေသောလက်များကရပ်တန့်သွားသည်။ယောကျ်ားလေးတစ်ယောက်အသံက ဘာလို့များအဲ့လောက်တောင် နားဝင်ချိုနေရတာလဲ။
သူငုံ့ကြည့်လိုက်တော့ သူ့ကိုဖက်ထားတဲ့ကောင်လေးကလည်းမော့ကြည့်လာသောကြောင့် နှစ်ယောက်သားအကြည့်ချင်းဆုံးသွားကြသည်။ဟင်....ဒါကဟိုTop-1ကောင်မလား။ထက်ဘုန်းသူ့ကိုကြောင်ကြည့်နေမိသည်။မျက်ရည်စတွေဝေ့သီနေသော မျက်လုံးတောက်တောက်လေးတွေက သူ့ကိုအကြည့်မလွှဲနိုင်အောင်လုပ်နေသည်။နှာတံလေးကလည်းလုံးလုံးလေးနှင့်။အနီးကပ်ကြည့်လိုက်တော့ ဘာလို့များအဲ့လောက်တောင် ချစ်ဖို့ကောင်းနေရတာလဲ။
သူ့ကိုငေးကြည့်နေမိတုန်း တစ်ယောက်ယောက်ကဆွဲဖယ်တာကို ခံစားလိုက်ရသောကြောင့် သူပြန်၍သတိဝင်လာသည်။သူကြည့်လိုက်တော့Top-1ကောင်လေးက ကြမ်းပြင်ပေါ်ဖင်ထိုင်ရက်လေးပြုတ်ကျနေပြီး သူ့လက်ကိုတော့စွဲမြတ်ကဆွဲထားသည်။
"ဘာလို့ထက်ကိုအတင်းဖက်နေရတာလဲ။အရှက်မရှိလိုက်တာ"
"ဟို ကျွန်တော်က......."
"ရုပ်ကြည့်တော့သနားကမားလေးနဲ့ ထက်ကိုဆွဲဆောင်နေတာမလား"
"ဟင့် မဟုတ်ပါဘူး။ဒီတိုင်း ကျေး....ကျေးဇူးတင်လို့ပါ"
"ေဩာ် ကျေးဇူးတင်ရင်အဲ့လိုဖက်ရတယ်ပေါ့"
"စွဲ တော်တော့။သူများကိုအဲ့လိုမပြောနဲ့လို့ပြောထားတယ်လေ"
ထက်ဘုန်းကပြောရင်းနှင့်ပင်လဲကျနေသော ဆောင်းဦးစက်ကိုသွားထူပေးလိုက်သည်။စွဲကတော့ခြေကိုဆောင့်ရင်း ဆူပုတ်နေသည်။
"ရရဲ့လား"
"ဟုတ် ရပါတယ်။ကျွန်တော်သွားတော့မယ်နော်။ကျေးဇူးတင်ပါတယ် ဟို....."
"ထက်ဘုန်းညီ.....ကိုယ့်နာမည်ကထက်ဘုန်းညီ"
"ကျေးဇူးအများကြီးတင်ပါတယ်နော် ကိုထက်ဘုန်းညီ"
ဆောင်းဦးကကျေးဇူးတင်စကားပြောကာ ချက်ချင်းပြေးထွက်သွားတော့သည်။သူထွက်သွားမှ ထက်ဘုန်းကစိတ်ပျက်သလိုပုံစံနှင့် စွဲမြတ်ကိုကြည့်လာသည်။
"မင်းကတော်တော်စိတ်ပျက်ဖို့ကောင်းတဲ့သူပဲ။ငါပြောထားတယ်လေ။သူများအကြောင်းမသိဘဲလျှောက်ပြောတာကို ငါအရမ်းမုန်းတယ်လို့"
"တောင်းပန်ပါတယ် ထက်"
"ကျစ် တော်ပြီ။မင်းလိုလူမျိုးနဲ့တွဲရတာစိတ်မပါဘူး။ငါတို့ပြတ်ပြီ"
ထက်ဘုန်းကအပြတ်ပြောကာ သူ့ရှေ့ကနေထွက်သွားသည်။ကျန်ခဲ့သောစွဲမြတ်ကတော့ မျက်ရည်အဝိုင်းသားနှင့်ပေါ့။ဒီလိုနဲ့ထက်ဘုန်းရဲ့ (၂၄)ခေါက်မြောက်ဇာတ်လမ်းကပြီးဆုံးသွားပြန်တော့သည်။
♤♤♤♤♤♤♤♤♤♤