𝙼𝚈 𝙱𝙴𝙻𝙾𝚅𝙴𝙳 [𝐂𝐨𝐦�...

By Daffodil_KJ

87.9K 10.3K 1.9K

တစ္ခါတရံ ကိုယ္သိပ္ခ်စ္တယ္လို႔ထင္တဲ့သူဟာဘဲ ကိုယ္တစ္ကယ္မခ်စ္တဲ့လူတစ္ေယာက္ ျဖစ္ေနတတ္သည္ ❤ တစ်ခါတရံ ကိုယ်သိပ်ချစ်... More

🐰 Episode - 1 🐹
🐰 Episode - 2 🐹
🐰 Episode - 3 🐹
🐰 Episode - 4 🐹
🐰 Episode - 5 🐹
🐰 Episode - 6 🐹
🐰 Episode - 7 🐹
🐰 Episode - 8 🐹
🐰 Episode - 9 🐹
🐰 Episode - 10 🐹
🐰 Episode - 11 🐹
🐰 Episode - 12 🐹
🐰 Episode - 14 🐹
🐰 Episode - 15 🐹
🐰 Episode - 16 🐹
🐰 Episode - 17 🐹
🐰 Episode - 18 🐹
🐰 Episode - 19 🐹
🐰 Episode -20 🐹
🐰 Episode - 21 🐹
🐰 Episode - 22 🐹
🐰 Episode - 23 🐹
🐰 Episode - 24 🐹
🐰 Episode - 25 🐹
🐰 Episode - 26 🐹 ( final )

🐰 Episode - 13 🐹

3.2K 420 82
By Daffodil_KJ

ZAWGYI

"ေတာ္ေသးတယ္လို႔ေျပာရမယ္....ဥကၠဌႀကီး ကံ
ေကာင္းသြားတာ....နည္းနည္းေလးသာေနာက္က်မယ္ဆိုရင္ အသက္ကိုအာမမခံႏိုင္ေလာက္ဘူး CEO Jeon..."

ဆရာဝန္ရဲ႕စကားေၾကာင့္ အကုန္လံုးေပ်ာ္သြားၾက
ေပမယ့္မေပ်ာ္ႏိုင္ဘဲ စိတ္ညစ္သြားတဲ့သူတစ္ေယာက္
ေတာ့ ရွိသည္။

"ဘယ္....ဘယ္ေတာ့ေလာက္ သတိျပန္ရႏိုင္မလဲ ေဒါက္တာ..."

Jungkook ေမးဖို႔ျပင္ၿပီးမွ ေဘးက မိန္းမျဖစ္သူရဲ႕ စကားေၾကာင့္ အၾကည့္ေတြအားလံုးက ထိုမိန္းမဆီ ေရာက္ကုန္သည္။
အကုန္လံုးကေတာ့ ဥကၠဌႀကီးကို စိတ္ပူေနတာလို႔ ထင္ေကာင္းထင္ႏိုင္သည္။
ရိုးရိုးစိတ္ပူျခင္းမဟုတ္တာေတာ့ သူမကိုယ္တိုင္ပဲ သိႏိုင္သည္။
မေသဘဲ အသက္ျပန္ရွင္လာမွာကို စိတ္ပူေနတာမ်ိဳး....

"သတိျပန္ရမယ့္အခ်ိန္ေတာ့ ကၽြန္ေတာ္မေျပာတတ္
ေသးပါဘူး...စိတ္မပူပါနဲ႔ ကၽြန္ေတာ္တို႔ အတတ္
ႏိုင္ဆံုး ကယ္တင္ထားတာတာမို႔လို႔....ကၽြန္ေတာ္ ကိစၥေလးရွိေသးလို႔ သြားခြင့္ျပဳပါဦးေနာ္...ကၽြန္ေတာ္ nurse တစ္ေယာက္ထားခဲ့ပါမယ္...လိုတာရွိရင္ သူ႔ကိုေျပာပါေနာ္"

"ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ ေဒါက္တာ"

ဆရာဝန္ထြက္သြားေတာ့မွ သူ႔ပုခံုးေပၚမွီလာေသာ Somi ကိုယ္ေလးကို ျပန္မဖက္မိဘဲ Jungkook ဒီတိုင္းသာ ရပ္ေနမိသည္။

"စိတ္ပူလိုက္ရတာ ကိုရယ္....အန္တီ ဘာမွမျဖစ္
ပါေစနဲ႔လို႔ပဲ ဆုေတာင္းရမယ္"

"အင္း"

မထြက္ထြက္ေအာင္ တမင္ဖ်စ္ညႇစ္ထားတဲ့ Somi ပါးေပၚက မ်က္ရည္ေတြကို သူ မသုတ္ေပးမိ..

အင္း တစ္လံုးသာေျဖၿပီး စိတ္ကေတာ့ ဆရာဝန္ဆီ
က စိတ္သက္သာေစတဲ့စကားၾကားၿပီးတာနဲ႔ အခန္းထဲက အားေလ်ာ့စြာထြက္သြားတဲ့ ေက်ာျပင္ငယ္ေလးဆီမွာသာ...

Vip အခန္းျဖစ္တာေၾကာင့္ လူနာေစာင့္ကုတင္ ၊ ဆိုဖာ ၊ Toilet အကုန္ပါသည္။
Jimin က အေမ့ကုတင္ေဘးနား လက္ကေလးဆုပ္
ကိုင္ၿပီး ေစာင့္ေပးေနသလို Somi က ဆိုဖာေပၚ အိပ္ေပ်ာ္ေနေလသည္။

Jimin ရွိတာေၾကာင့္ စိတ္ခ်လက္ခ်နဲ႔ အခန္းထဲက ထြက္ၿပီး Seokjin ကိုသူရွာမိသည္။
အခန္းျပင္က လူနာေစာင့္ေတြထိုင္တဲ့ ခံုေလးမွာ ထိုင္ၿပီး ေခါင္းႀကီးေအာက္ကိုစိုက္ခ်ထားေသာ ေကာင္ေလး...

ေက်ာျပင္ေလးက တစ္ခ်က္တစ္ခ်က္ တုန္တုန္
သြားတာေၾကာင့္ ေကာင္ေလးငိုေနမွန္း သူသိလိုက္သည္။

Seokjin ေဘးနားဝင္ထိုင္ရင္း ေခါင္းလံုးလံုးေလး
ကေန ဆြဲယူၿပီး သူ႔ရင္ခြင္ထက္မွာ ငိုေႂကြးေစသည္။

"ေတာင္းပန္ပါတယ္...အိမ္မွာ အခန္႔သားတက္ေနေန
ၿပီး ေမေမႀကီးကိုေတာင္ မေစာင့္ေရွာက္ေပးႏိုင္
ခဲ့ဘူး"

ခုနက Somi မ်က္ရည္ေတြကို ျမင္တုန္းကသူ႔ရင္
ေတြမနာက်င္ေပမယ့္ အခု ဒီလူသားမ်က္ရည္
ေတြကိုျမင္မွ သူနာက်င္ေနရသည္။

"အျဖစ္မွန္ေတြကို ေသခ်ာမသိေသးေပမယ့္ အကို႔အျပစ္မဟုတ္ဘူးဆိုတာကၽြန္ေတာ္ယံုတာမို႔
လို႔ မငိုပါနဲ႔ေတာ့...ကၽြန္ေတာ္လဲ နာက်င္ရလို႔ပါ"

Seokjin ေခါင္းေလးေပၚ ပါးေလး အပ္ထားရင္း Seokjin နဲ႔အၿပိဳင္ သူပါ မ်က္ရည္က်ေနရသည္။
အေမ့ကိုစိတ္ပူရတာေရာ...အကို႔ မ်က္ရည္ေတြကို ျမင္ရတာေရာေၾကာင့္..

တကယ္ပါ...သူ႔ကိုယ္သူ ေျပာင္းလဲေနတာလဲ သူသတိထားမိပါသည္။
Somi ကိုေတြ႕ရင္ တည္ၿငိမ္ေနတတ္တဲ့ ႏွလံုးသား
ေလးက အကို႔ကိုေတြ႕ရင္ေတာ့ တုန္ခါေနသည္။
Somi မ်က္ရည္ေတြျမင္ရင္ မနာက်င္ရေပမယ့္ အကို႔မ်ည္ရည္ေတြကိုျမင္ရင္ေတာ့ ရင္ဘတ္ႀကီးက အဆမတန္ နာက်င္ရသည္။

မျဖစ္ဘူး..သူ အကို႔အေပၚ စိတ္ယိုင္လို႔မျဖစ္ဘူး..
သူဟာ အိမ္ေထာင္ရွိ အမ်ိဳးသားတစ္ေယာက္....
သူ႔ေၾကာင့္ အကိုဘယ္ဘဝေရာက္သြားႏိုင္မလဲ...

သူေတြးေနရသည္။ျဖဴစင္လြန္းတဲ့ အကို႔ကို သူအေရာင္မဆိုးသင့္ဘူးေလ...အကို႔ဘဝကို အမည္းစက္စြန္းထင္းေအာင္ သူမလုပ္သင့္ဘူး.....
သူ အကို႔ကို ရင္မခုန္သင့္သလို ခ်စ္လဲမခ်စ္သင့္ဘူး...

.
.
.
.
.
.

Jimin ကို အေမ့နား ေနေစၿပီးသူတို႔သံုးေယာက္က
ေတာ့ အိမ္ကို ခဏျပန္ခဲ့သည္။
အေၾကာင္းအရင္းကိစၥအမွန္ကို သူသိခ်င္သလို အေမ့အတြက္လိုအပ္တဲ့ ပစၥည္းေတြကိုလဲ သူယူရဦးမည္။

ကားေမာင္းေနရင္း ေဘးကေန စကားေပါက္ေပါက္
ေဖာက္ေနတဲ့ Somi ဆီကို မၾကည့္မိဘဲ မ်က္လံုး
ေတြက ကားမွန္ကေန ေနာက္ခန္းမွာထိုင္ေနၿပီး အျပင္ကို တိတ္တဆိတ္ေငးေနတဲ့ ေကာင္ေလး
ကိုသာ ၾကည့္ၾကည့္ေနမိသည္။

"ကို...Somi ေျပာတာ ၾကားလားလို႔...Somi တို႔တစ္ခုခုဝင္စားရေအာင္လို႔ ..."

"Yeon Somi..မင္း ခဏေလာက္ျဖစ္ျဖစ္ ပါးစပ္
ေလးပိတ္ေပးလို႔ရမလား..ကိုယ္စိတ္ညစ္ေနတယ္
ေနာ္..ေက်းဇူးျပဳၿပီး တိတ္တိတ္ဆိတ္ဆိတ္ေလး ေနေပးပါ....ကိုယ္ေတာင္းပန္ပါတယ္...ကိုယ္တို႔ အစားအေသာက္ ဝင္စားေနဖို႔အခ်ိန္လဲ မရွိဘူး"

Jungkook စကားေၾကာင့္ Somi တင္းသြား
ခဲ့သည္။
အရင္က သူ႔ရုပ္ေသးရုပ္လိုေနလာတဲ့ Jungkook က အခု သူမကို ျပန္ေအာ္ေနၿပီ..။

မ်က္ရည္ေလးဝဲျပလိုက္ေတာ့ ခ်က္ခ်င္းပင္ ျပန္ေခ်ာ့လာေသာ Jungkook ပင္....
ဟက္...သူ႔ရဲ႕မာယာေတြေအာက္မွာ မက်ဆံုးတဲ့ ေယာက်္ားေလးမရွိရဘူးဆိုတာ သူမ ရဲ႕ ေဆာင္ပုဒ္ပင္...

"ေဆာရီး....ကိုယ္စိတ္ေတြရႈပ္ေထြးေနလို႔...."

သူ႔လက္ေပၚ ထပ္ကိုင္လာတဲ့ Jungkook လက္ကို
ျပန္ထပ္ကိုင္ၿပီး မလွမပ Fake smile တစ္ခုကိုျပံဳးရင္း..

"ရပါတယ္ ကို....."

ထို႔ေနာက္ သူတို႔ႏွစ္ေယာက္အတူ ျပံဳးမိၾကသည္။
ႏွစ္ေယာက္လံုးက fake smile ေတြျဖင့္သာ...

ကားေနာက္ခန္းက ေကာင္ေလးကေတာ့ တိတ္
တဆိတ္မ်က္ရည္က်လ်က္..

ေမေမႀကီးေၾကာင့္ပဲလား...ကားေရွ႕ခန္းက ျမင္ကြင္းေၾကာင့္ပဲလားဆိုတာေတာ့ သူမသိ.....

.
.
.
.
.
.

Taehyung တစ္ေယာက္ ဥကၠဌႀကီးသတင္း
ၾကားျပီးျပီးခ်င္း ေဆးရံုကို အေျပးတပိုင္း
ေရာက္လာခဲ့သည္။

ေကာင္တာမွာ ဥကၠဌႀကီးအခန္းကိုေမးၿပီး ေျပးဝင္
လာေတာ့ လူနာကုတင္ေဘးမွာ မ်က္ရည္က်ေနတဲ့ Jimin ကိုျမင္ေတာ့ ရင္ဘတ္တစ္ေနရာက ဆစ္ခနဲပင္...

အျမဲတမ္း သူနဲ႔ဆို ေပ်ာ္ေပ်ာ္သာေနတတ္တဲ့ Jimin က အခု မ်က္ရည္က်ေနသည္တဲ့....
သူငယ္ခ်င္းျဖစ္ၿပီးေနာက္ပိုင္း သူ႔ခံစားခ်က္ေတြသာ ရင္ဖြင့္တတ္ေပမယ့္ Jimin ကေတာ့မတူ...
ခံစားခ်က္ေတြကို ဖံုးကြယ္တတ္ေသာ သူတစ္ေယာက္...

ဝမ္းနည္းမႈေတြကို နာက်င္မႈေတြကို သိုဝွက္ၿပီး အျပင္ပန္းကေတာ့ သူ႔ရဲ႕ေပ်ာ္ရႊင္ေနပံုေတြကိုသာ ျပတတ္တဲ့ သူတစ္ေယာက္ပင္....
အားနည္းခ်က္ကို ထုတ္မျပတတ္ဘဲ သူ႔ရဲ႕အားသာ
ခ်က္ကိုသာ ထုတ္ျပတတ္ေသာ လူတစ္ေယာက္ဆို သိပ္မွန္မည္....

ရင္းႏွီးတာ ႏွစ္လေတာင္မျပည့္ေသးေပမယ့္ Jimin အေၾကာင္း သူေကာင္းေကာင္း သိေနသည္။

ကုတင္ေပၚေခါင္းေမွာက္ၿပီး ရိွုက္ငိုေနတဲ့ Jimin ကေတာ့ သူေရာက္လာတာကိုေတာင္ သိမယ့္ပံုမေပၚ...

ေဘးနားေလး မတ္တပ္ရပ္လိုက္ၿပီး Jimin ေခါင္းေလးကို ဆြဲမတ္လိုက္ေတာ့ သူ႔ရင္ခြင္
ကိုမွီက်လာေသာ ေခါင္းလံုးလံုးေလး..

သူ႔မွာလဲ အေမပဲရွိတာမို႔ ဒီခံစားခ်က္ကို သူေကာင္းေကာင္းနားလည္သည္။
ဘယ္လိုအေျခအေနမွန္းမသိေသးဘဲ လူနာကုတင္ေပၚလွဲေနတဲ့ အေမျဖစ္သူေၾကာင္ ဒီေလာက္ခံစားရတာ မထူးဆန္းလွ...

အသက္ရႈက်ပ္ေလာက္သည္အထိ ရိွုက္ရိွုက္ငိုေနတဲ့ Jimin ရဲ႕ဆံႏြယ္ေလးေတြကို ပြတ္သပ္ေပးရင္း Taehyung ႏွစ္သိမ့္ေပးေနသည္။
သူနာက်င္ရရင္ အျမဲႏွစ္သိမ့္ေပးတတ္တဲ့ Jimin ကို အခုသူ ျပန္ႏွစ္သိမ့္ေပးေနရၿပီ...

ဒီလိုအခ်ိန္မွာေတာ့သူ Seokjin ကိုေမ့ေလ်ာ့ေနခဲ့သည္။

.
.
.
.
.
.

"ကဲ.....ေျပာပါဦး....ဘယ္လိုျဖစ္တာလဲ"

ဧည့္ခန္းထဲမွာ သံုးေယာက္မ်က္ႏွာခ်င္းဆိုင္ၿပီး အလုပ္သမားေတြအကုန္ပါ ေခၚရင္း အေၾကာင္းစံုကို Jungkook ေမးေနသည္။

"ငါမနက္က ေရခ်ိဳးေနတုန္း ေမေမႀကီးအသံၾကားလို႔ အခန္းထဲကေျပးထြက္လာေတာ့ ေမေမႀကီးလဲေန
တာကို ေတြ႕ခဲ့တာ...ေတြ႕တာနဲ႔ ငါေျပးေပြ႕ခဲ့တာ"

"အပိုေတြေျပာမေနနဲ႔....နင္ အန္တီ့ကို တြန္းခ်လိုက္
တာမလား"

Somi စကားေၾကာင့္ Seokjin ဘဝင္မက်ျဖစ္သြားသည္။
သူအခန္းထဲက ထြက္လာတုန္းက ဒီမိန္းမရွိေနတာကို ဘာလို႔လာလိမ္ေနရတာလဲ...သူေတာင္ တြန္းခဲ့ေသးတာမလား...

"ခင္ဗ်ား အသိဆံုးေနာ္...ခင္ဗ်ား ကကၽြန္ေတာ့ထက္
အရင္ေရာက္ၿပီး ဒီအတိုင္းရပ္ၾကည့္ေနခဲ့တာ မဟုတ္ဘူးလား"

Somi မ်က္ႏွာပ်က္သြားသည္ကို Seokjin သိလိုက္သည္။

"ရူး...ရူးေနလို႔ ငါကအရင္ေရာက္ရမွာလား....အိမ္က အလုပ္သမားေတြကို ေမးၾကည့္လို႔ရတယ္"

"ခင္ဗ်ား....."

"Somi...Please...တိတ္တိတ္ေနေပးပါ...ကိုယ္ ေမးေနတယ္မလား...ၾကားျဖတ္ဝင္မေျပာနဲ႔"

သူျပန္ေျပာဖို႔ျပင္ျပီးမွ ၾကားျဖတ္ေျပာလာေသာ Jungkook ကို ၾကည့္ရင္း...

"ငါတကယ္ေျပာေနတာပါ...ငါမလိမ္တတ္
သလို ဟန္လဲမေဆာင္တတ္ဘူး"

ဒုတိယစကားကိုေတာ့ Somi မ်က္ႏွာကို တည့္တည့္
ၾကည့္ၿပီး Seokjin ေျပာလိုက္သည္။
Jungkook ကေတာ့ သူတို႔ႏွစ္ေယာက္ကို အကဲခတ္တုန္း...

"ေကာင္းၿပီ အကို..မင္းကေရာ Somi....
မင္းလဲအိမ္မွာရွိတာ ဘာမွမသိဘူးလား"

"Somi ဘာမွမသိဘူး ကို..Somi လဲ အသံၾကားလို႔ အခန္းထဲက ထြက္လာေတာ့ Kim Seokjin လက္ေပၚမွာ ေသြးေတြနဲ႔ အန္တီ့ကို ေတြ႕တာဘဲ"

"ခင္ဗ်ား မလိမ္နဲ႔...ခင္ဗ်ား ကၽြန္ေတာ့ထက္အရင္
ေရာက္ေနၿပီး ဘာလို႔ လိမ္ေနရတာလဲ"

Seokjin ထေပါက္ကြဲေတာ့သည္။
မေပါက္ကြဲႏိုင္ရိုးလား....ဒီမိန္းမရဲ႕ မာယာကို သူသိသည္။

"အကို ကၽြန္ေတာ့ကိုၾကည့္...ဘာမွမျဖစ္ဘူး
စိတ္ေအးေအးထား..မင္းတို႔ေရာ ဘာမွမသိ
ဘူးလား..ငါ့ကို ရွင္းစရာရွိတယ္လို႔ဖုန္းဆက္ေခၚၿပီးမွ ျဖစ္တာဆိုေတာ့ ရိုးရိုးတန္းတန္းေလွကားေပၚက ျပဳတ္က်တာ မျဖစ္ႏိုင္ဘူး"

ေဘးမွာ မတ္တပ္ရပ္ေနၾကတဲ့ အလုပ္သမားေတြ
အား Jungkook ေမးလိုက္သည္။

"ကၽြန္ေတာ္တို႔လဲ ကိုယ့္အလုပ္ကိုယ္လုပ္ေနၾက
တာပါ....အသံၾကားလို႔ ထြက္ၾကည့္ေတာ့မွ အစ္ကို
ေလး Seokjin လက္ေပၚက သခင္မႀကီးကို ေတြ႕တာပါ"

သူတို႔ေျပာတာလဲ မွန္သည္။
ထြက္ထြက္လာခ်င္း ဘယ္သူကမွ ေလွကားအေပၚကို ၾကည့္ခဲ့ၾကတာ မဟုတ္...ဒါေၾကာင့္ သူတို႔ Somi ကို မျမင္ခဲ့ၾက ..

အိမ္ေတာ္ထိန္းႀကီးရဲ႕ စကားအေနာက္မွာေတာ့ Jungkook ရဲ႕အၾကည့္စူးစူးေတြက သူ႔ဆီၿပိဳက်လာသည္။

ဟင့္အင္း..မဟုတ္ဘူး..Jungkook ထင္သလိုမဟုတ္ဘူးလို႔....

"ေတြ႕လား Somi မေျပာဘူးလား...သူနဲ႔ ျဖစ္တာ ေနမွာပါဆို...အငွားကိုယ္ဝန္ေဆာင္အလုပ္ မလုပ္
ခ်င္တိုင္း အန္တီ့ကို လုပ္ၾကံတာမလား..သူ႔စိတ္ဓာတ္
ေတြ ဒီအိမ္စေရာက္လာထဲက Somi သိတယ္"

ထိုမိန္းမရဲ႕ စကားသံအဆံုးမွာေတာ့ Seokjin မ်က္ရည္ေတြ တလိမ့္လိမ့္ စီးက်လာသည္။
သူဟာ အဲ့လိုလူမ်ိဳးမဟုတ္...ေမေမႀကီးကို သူဘယ္
ေလာက္ေတာင္ ခ်စ္လဲ သူအသိဆံုးမဟုတ္လား...

ဘယ္ေလာက္ပဲ သူမလုပ္ခ်င္တဲ့ အလုပ္ပဲျဖစ္
ေနပါေစမိသားစုအတြက္ဆိုတဲ့စိတ္နဲ႔ သူ႔တာဝန္သူသိသည္။

ဆက္ေျပာခ်င္စိတ္မရွိေတာ့တာေၾကာင့္ ဝမ္းနည္း
စိတ္ေတြနဲ႔အတူ သူ႔အခန္းဆီသာ ေျပးထြက္လာခဲ့
လိုက္သည္။

သူမေနခ်င္ေတာ့ဘူး...သူ႔ဘက္မွာ ေမေမႀကီးရွိတယ္ဆိုတဲ့ စိတ္နဲ႔ သူဒီအိမ္မွာ ေနေနခဲ့တာ...အခုေတာ့ သူထြက္သြားခ်င္ၿပီ..။

Seokjin မ်က္ရည္ေတြကိုျမင္မွ Jungkook အၾကည့္ေတြ ခက္ထန္ရာကေန ႏူးညံ့လာသည္။
မဟုတ္ဘူး...သူ အကို႔ ကို တရားခံလို႔ထင္
လိုက္တာ မဟုတ္ဘူး..ဒီတိုင္း အားလံုးရဲ႕
အေျဖေတြက အကို႔ကိုပဲ ညႊန္းေနလို႔ စိတ္ထဲဘဝင္မက် ျဖစ္သြားတာ...

"မင္း သူတစ္ပါးကို အဲ့ေလာက္ထိမေျပာသင့္ဘူး Yeon Somi....ဒီတစ္ခါေတာ့ မင္းကို စိတ္ပ်က္မိတယ္"

"ဟာ...Somi ေျပာတာမဟုတ္လို႔လား...အခုပဲ
ၾကည့္ေလ...ဘာမွမေျပာဘဲ ထြက္ေျပးသြားတာ...
ႏႈတ္ဆိတ္ျခင္းသည္ ဝန္ခံျခင္းတဲ့"

Jungkook ဆက္ေျပာခ်င္စိတ္မရွိေတာ့တာေၾကာင့္ လွည့္ထြက္လာခဲ့လိုက္သည္။
အေနာက္က မဲ့ရြဲ႕ၿပီး က်န္ခဲ့တဲ့ Somi ကို မ်က္ကြယ္ျပဳလ်က္..

သူ႔အခန္းေရွ႕ေရာက္မွ မ်က္ႏွာခ်င္းဆိုင္က Seokjin အခန္းေလးဆီအၾကည့္ေရာက္မိၿပီး သြားလိုက္ေတာ့ တံခါးပြင့္ေနတာေၾကာင့္ သူလဲဝင္လာခဲ့လိုက္သည္။

အခန္းထဲ ဟာလာဟင္းလင္းျဖစ္ေနတာမို႔ ျပန္ထြက္
မလို႔ျပင္တုန္း ေရခ်ိဳးခန္းထဲက ေရသံၾကားတာ
ေၾကာင့္ ေျခလွမ္းေတြ ေရခ်ိဳးခန္းဆီ ဦးတည္မိသည္။

"အကို !! ဘာလုပ္ေနတာလဲ...ရူးေနလား !!"

ေရပန္းကိုဖြင့္ၿပီး ေအာက္မွာ ငုတ္တုတ္ထိုင္ေနေသာ Seokjin ေၾကာင့္ သူစိတ္ပူသြားမိသည္။
ျမန္ျမန္ ေရပန္းခလုတ္ကို ပိတ္လိုက္ၿပီး ဆြဲထူေပမယ့္ အတင္းရုန္းကန္ေသာ Seokjin ပင္....

"ရူးေနလား Kim Seokjin !!!"

Jungkook အား Seokjin စိုက္ၾကည့္ရင္း....

"ဘာလာလုပ္တာလဲ...မင္း ဘာလာလုပ္တာလဲလို႔.....
ငါ့ကို မယံုဘူးမလား....ဟမ္....ငါ့အေမနဲ႔ ေဝးကြာ
ေနတဲ့အခ်ိန္မွာ ေမေမႀကီးကို ငါ့အေမအရင္းတစ္
ေယာက္လို သေဘာထားခဲ့တာကြ...ငါ ဒီအလုပ္ႀကီး
ကို ဘယ္ေလာက္ပဲ မလုပ္ခ်င္ျဖစ္ေနျဖစ္ေန ငါ့မွာ တာဝန္သိစိတ္အျပည့္ရွိတယ္ Jungkook..ဘာလို႔
လဲ..ဘာလို႔ ငါ့ကို မယံုရတာ...အင့္...."

သူ႔ရင္ဘတ္ကို လက္သီးဆုပ္ေသးေသးေလးနဲ႔ ထု
ရိုက္ၿပီးမ်က္ရည္ေတြနဲ႔အတူ ေျပာေနတဲ့ Seokjin ကို Jungkook လြတ္ထြက္မတတ္ ေထြးေပြ႕
လိုက္သည္။
သူ မျမင္ခ်င္ဆံုး ဆိုရင္ Seokjin မ်က္ရည္ေတြပင္..

"ယံုတယ္...ကၽြန္ေတာ္ အကို႔ကို ယံုတယ္လို႔ !"

Seokjin ကိုယ္ေလးကို လႊတ္ေပးလိုက္ၿပီး ပါးေပၚ
က မ်က္ရည္ေလးေတြအားတယုတယသုတ္ေပးရင္း Jungkook ေျပာသည္။
Seokjin မ်က္ရည္ရႊန္းလဲေနတဲ့ မ်က္ဝန္းေလးေတြ
နဲ႔ ျပန္ၾကည့္ရင္း..

"ငါ့အတြက္ ဘာက အနာက်င္ရဆံုးလဲသိလား...အဲ့
မိန္းမရဲ႕ စကားေတြထက္ မင္းရဲ႕ အၾကည့္...ငါ့အေပၚ တရားခံတစ္ေယာက္လို ၾကည့္တဲ့ မင္းရဲ႕အၾကည့္က ငါ့အတြက္ ပိုနာက်င္ရတယ္ သိလား Jungkook...
ငါ ကိုယ့္ကိုယ္ကိုယ္မရရေအာင္ ထိန္းေပမယ့္ မင္းကို
ျမင္ရင္ေလ ဒီေနရာႀကီးက ေပါက္ကြဲထြက္မလိုဘဲ..
ဘယ္လိုလုပ္ရမလဲ..ငါ ဘာလုပ္သင့္...အြတ္.."

သူ႔ေရွ႕ကေန ဝဲဘက္ရင္အံုကို လက္နဲ႔ဖိရင္း တည္
တည္ၿငိမ္ၿငိမ္ ေျပာေနတဲ့ Seokjin ႏႈတ္ခမ္းေလးကို Jungkook စိတ္မထိန္းႏိုင္စြာ နမ္းရိွုက္မိသည္။
သူလဲ သူ႔ကိုယ္သူထိန္းေပမယ့္ အေရွ႕က ရင္ဖြင့္
လာေသာ လူသားငယ္ေလးေၾကာင့္ သူ႔စိတ္ေတြ
လႊတ္ခ်မိသည္။

Seokjin ခ်က္ခ်င္းပင္ မ်က္လံုးေလးေတြ မွိတ္ဆင္း
ရင္း Jungkook အနမ္းကိုမေႏွာင့္ေႏွးစြာ ခံယူၿပီး ျပန္တံု႔ျပန္ေနမိသည္။

ခ်ိဳတယ္...Jungkook ႏႈတ္ခမ္းပါးပါးေလးက သူအရမ္းႀကိဳက္တဲ့ ဂ်ယ္လီေလးလို အိၿပီး ပ်ားရည္လိုခ်ိဳသည္။
ႏူးညံ့သည္ဆိုတာထက္ကို ပိုႏူးညံ့သည္။

သူ႔ခါးကို ဖက္တြယ္လာတာေၾကာင့္ လက္ေတြက အလိုလို Jungkook လည္တိုင္အား ဖက္တြယ္ရင္း အရပ္သိပ္မကြာေပမယ့္လဲ ရင္ဘတ္ခ်င္း ပိုနီးကပ္
ေအာင္ ေျခဖ်ားေလးေတြကမသိမသာ ေထာက္မိသည္။

Jungkook လဲ သူ႔လိုပဲ ရင္ေတြခုန္ေနသည္ကို သူခံစားရသည္။

Seokjin ပါးရိုးေလးကိုထိန္းကိုင္ထားတဲ့ လက္က
ေလးဟာ ခါးသြယ္သြယ္ဆီေရာက္သြားၿပီး ႏႈတ္ခမ္း
ဖူးဖူးေလးအား Jungkook ေခါင္းေလး ဘယ္ညာ
ေစာင္းရင္း စုပ္ယူနမ္းရိွုက္ေနတုန္း Seokjin ကိုယ္ေလးကို တြန္းရင္း တျဖည္းျဖည္းေနာက္ဆုတ္
သြားေတာ့ နံရံထင္ၿပီး ကိုင္လိုက္တဲ့ Jungkook လက္ေလးက ေရပန္းခလုတ္ကို သြားထိသည္။

ေရစက္ေတြေအာက္မွာ မက္မက္ေမာေမာ အနမ္း
ေတြဖလွယ္ေနၾကတဲ့ လူသားႏွစ္ေယာက္..
ေရေတြေၾကာင့္ တုန္ခါေနတဲ့ ႏႈတ္ခမ္းသားႏွစ္ခုက အေႏြးဓာတ္ေလးေတြ ရရွိလို႔ေနသည္။

ေမ့ထားခ်င္သည္...သူတို႔ႏွစ္ေယာက္လံုးမွာ ရွိတဲ့ သက္ဆိုင္သူေတြကို...

အခ်ိန္သာ ေနာက္ျပန္ဆုတ္လို႔ရရင္ အခ်ိန္တစ္ခု
ကိုသာ ေနာက္ဆုတ္ခ်င္သည္။
Jungkook မွာလဲ ဇနီးမယားမရွိေသးသလို သူ႔မွာလဲ Taehyung မရွိေသးတဲ့အခ်ိန္ကိုသာ..

အခုလိုအခ်ိန္ေလးကို ရပ္တန္႔လို႔ရရင္ ရပ္တန္ခ်င္မိတာ သူတို႔ႏွစ္ေယာက္လံုးရဲ႕ ဆနၵပင္ျဖစ္ႏိုင္သည္။

◇  My Beloved ◇

To be continued.....

Thank you for reading and voting

Love you all💜💜

_________________________________________

UNICODE

"တော်သေးတယ်လို့ပြောရမယ်....ဥက္ကဌကြီး ကံ
ကောင်းသွားတာ....နည်းနည်းလေးသာနောက်ကျမယ်ဆိုရင် အသက်ကိုအာမမခံနိုင်လောက်ဘူး CEO Jeon..."

ဆရာဝန်ရဲ့စကားကြောင့် အကုန်လုံးပျော်သွားကြ
ပေမယ့်မပျော်နိုင်ဘဲ စိတ်ညစ်သွားတဲ့သူတစ်ယောက်
တော့ ရှိသည်။

"ဘယ်....ဘယ်တော့လောက် သတိပြန်ရနိုင်မလဲ ဒေါက်တာ..."

Jungkook မေးဖို့ပြင်ပြီးမှ ဘေးက မိန်းမဖြစ်သူရဲ့ စကားကြောင့် အကြည့်တွေအားလုံးက ထိုမိန်းမဆီ ရောက်ကုန်သည်။
အကုန်လုံးကတော့ ဥက္ကဌကြီးကို စိတ်ပူနေတာလို့ ထင်ကောင်းထင်နိုင်သည်။
ရိုးရိုးစိတ်ပူခြင်းမဟုတ်တာတော့ သူမကိုယ်တိုင်ပဲ သိနိုင်သည်။
မသေဘဲ အသက်ပြန်ရှင်လာမှာကို စိတ်ပူနေတာမျိုး....

"သတိပြန်ရမယ့်အချိန်တော့ ကျွန်တော်မပြောတတ်
သေးပါဘူး...စိတ်မပူပါနဲ့ ကျွန်တော်တို့ အတတ်
နိုင်ဆုံး ကယ်တင်ထားတာတာမို့လို့....ကျွန်တော် ကိစ္စလေးရှိသေးလို့ သွားခွင့်ပြုပါဦးနော်...ကျွန်တော် nurse တစ်ယောက်ထားခဲ့ပါမယ်...လိုတာရှိရင် သူ့ကိုပြောပါနော်"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဒေါက်တာ"

ဆရာဝန်ထွက်သွားတော့မှ သူ့ပုခုံးပေါ်မှီလာသော Somi ကိုယ်လေးကို ပြန်မဖက်မိဘဲ Jungkook ဒီတိုင်းသာ ရပ်နေမိသည်။

"စိတ်ပူလိုက်ရတာ ကိုရယ်....အန်တီ ဘာမှမဖြစ်
ပါစေနဲ့လို့ပဲ ဆုတောင်းရမယ်"

"အင်း"

မထွက်ထွက်အောင် တမင်ဖျစ်ညှစ်ထားတဲ့ Somi ပါးပေါ်က မျက်ရည်တွေကို သူ မသုတ်ပေးမိ..

အင်း တစ်လုံးသာဖြေပြီး စိတ်ကတော့ ဆရာဝန်ဆီ
က စိတ်သက်သာစေတဲ့စကားကြားပြီးတာနဲ့ အခန်းထဲက အားလျော့စွာထွက်သွားတဲ့ ကျောပြင်ငယ်လေးဆီမှာသာ...

Vip အခန်းဖြစ်တာကြောင့် လူနာစောင့်ကုတင် ၊ ဆိုဖာ ၊ Toilet အကုန်ပါသည်။
Jimin က အမေ့ကုတင်ဘေးနား လက်ကလေးဆုပ်
ကိုင်ပြီး စောင့်ပေးနေသလို Somi က ဆိုဖာပေါ် အိပ်ပျော်နေလေသည်။

Jimin ရှိတာကြောင့် စိတ်ချလက်ချနဲ့ အခန်းထဲက ထွက်ပြီး Seokjin ကိုသူရှာမိသည်။
အခန်းပြင်က လူနာစောင့်တွေထိုင်တဲ့ ခုံလေးမှာ ထိုင်ပြီး ခေါင်းကြီးအောက်ကိုစိုက်ချထားသော ကောင်လေး...

ကျောပြင်လေးက တစ်ချက်တစ်ချက် တုန်တုန်
သွားတာကြောင့် ကောင်လေးငိုနေမှန်း သူသိလိုက်သည်။

Seokjin ဘေးနားဝင်ထိုင်ရင်း ခေါင်းလုံးလုံးလေး
ကနေ ဆွဲယူပြီး သူ့ရင်ခွင်ထက်မှာ ငိုကြွေးစေသည်။

"တောင်းပန်ပါတယ်...အိမ်မှာ အခန့်သားတက်နေနေ
ပြီး မေမေကြီးကိုတောင် မစောင့်ရှောက်ပေးနိုင်
ခဲ့ဘူး"

ခုနက Somi မျက်ရည်တွေကို မြင်တုန်းကသူ့ရင်
တွေမနာကျင်ပေမယ့် အခု ဒီလူသားမျက်ရည်
တွေကိုမြင်မှ သူနာကျင်နေရသည်။

"အဖြစ်မှန်တွေကို သေချာမသိသေးပေမယ့် အကို့ အပြစ်မဟုတ်ဘူးဆိုတာကျွန်တော်ယုံတာမို့
လို့ မငိုပါနဲ့တော့...ကျွန်တော်လဲ နာကျင်ရလို့ပါ"

Seokjin ခေါင်းလေးပေါ် ပါးလေး အပ်ထားရင်း Seokjin နဲ့အပြိုင် သူပါ မျက်ရည်ကျနေရသည်။
အမေ့ကိုစိတ်ပူရတာရော...အကို့ မျက်ရည်တွေကို မြင်ရတာရောကြောင့်..

တကယ်ပါ...သူ့ကိုယ်သူ ပြောင်းလဲနေတာလဲ သူသတိထားမိပါသည်။
Somi ကိုတွေ့ရင် တည်ငြိမ်နေတတ်တဲ့ နှလုံးသား
လေးက အကို့ကိုတွေ့ရင်တော့ တုန်ခါနေသည်။
Somi မျက်ရည်တွေမြင်ရင် မနာကျင်ရပေမယ့် အကို့မျည်ရည်တွေကိုမြင်ရင်တော့ ရင်ဘတ်ကြီးက အဆမတန် နာကျင်ရသည်။

မဖြစ်ဘူး..သူ အကို့အပေါ် စိတ်ယိုင်လို့မဖြစ်ဘူး..
သူဟာ အိမ်ထောင်ရှိ အမျိုးသားတစ်ယောက်....
သူ့ကြောင့် အကို ဘယ်ဘဝရောက်သွားနိုင်မလဲ...

သူတွေးနေရသည်။ဖြူစင်လွန်းတဲ့ အကို့ကို သူအရောင်မဆိုးသင့်ဘူးလေ...အကို့ဘဝကို အမည်းစက်စွန်းထင်းအောင် သူမလုပ်သင့်ဘူး.....
သူ အကို့ကို ရင်မခုန်သင့်သလို ချစ်လဲမချစ်သင့်ဘူး...

.
.
.
.
.
.

Jimin ကို အမေ့နား နေစေပြီးသူတို့သုံးယောက်က
တော့ အိမ်ကို ခဏပြန်ခဲ့သည်။
အကြောင်းအရင်းကိစ္စအမှန်ကို သူသိချင်သလို အမေ့အတွက်လိုအပ်တဲ့ ပစ္စည်းတွေကိုလဲ သူယူရဦးမည်။

ကားမောင်းနေရင်း ဘေးကနေ စကားပေါက်ပေါက်
ဖောက်နေတဲ့ Somi ဆီကို မကြည့်မိဘဲ မျက်လုံး
တွေက ကားမှန်ကနေ နောက်ခန်းမှာထိုင်နေပြီး အပြင်ကို တိတ်တဆိတ်ငေးနေတဲ့ ကောင်လေး
ကိုသာ ကြည့်ကြည့်နေမိသည်။

"ကို...Somi ပြောတာ ကြားလားလို့...Somi တို့တစ်ခုခုဝင်စားရအောင်လို့ ..."

"Yeon Somi..မင်း ခဏလောက်ဖြစ်ဖြစ် ပါးစပ်
လေးပိတ်ပေးလို့ရမလား..ကိုယ်စိတ်ညစ်နေတယ်
နော်..ကျေးဇူးပြုပြီး တိတ်တိတ်ဆိတ်ဆိတ်လေး နေပေးပါ....ကိုယ်တောင်းပန်ပါတယ်...ကိုယ်တို့ အစားအသောက် ဝင်စားနေဖို့အချိန်လဲ မရှိဘူး"

Jungkook စကားကြောင့် Somi တင်းသွား
ခဲ့သည်။
အရင်က သူ့ရုပ်သေးရုပ်လိုနေလာတဲ့ Jungkook က အခု သူမကို ပြန်အော်နေပြီ..။

မျက်ရည်လေးဝဲပြလိုက်တော့ ချက်ချင်းပင် ပြန်ချော့လာသော Jungkook ပင်....
ဟက်...သူ့ရဲ့မာယာတွေအောက်မှာ မကျဆုံးတဲ့ ယောကျ်ားလေးမရှိရဘူးဆိုတာ သူမ ရဲ့ ဆောင်ပုဒ်ပင်...

"ဆောရီး....ကိုယ်စိတ်တွေရှုပ်ထွေးနေလို့...."

သူ့လက်ပေါ် ထပ်ကိုင်လာတဲ့ Jungkook လက်ကို
ပြန်ထပ်ကိုင်ပြီး မလှမပ Fake smile တစ်ခုကိုပြုံးရင်း..

"ရပါတယ် ကို....."

ထို့နောက် သူတို့နှစ်ယောက်အတူ ပြုံးမိကြသည်။
နှစ်ယောက်လုံးက fake smile တွေဖြင့်သာ...

ကားနောက်ခန်းက ကောင်လေးကတော့ တိတ်
တဆိတ်မျက်ရည်ကျလျက်..

မေမေကြီးကြောင့်ပဲလား...ကားရှေ့ခန်းက မြင်ကွင်းကြောင့်ပဲလားဆိုတာတော့ သူမသိ.....

.
.
.
.
.
.

Taehyung တစ်ယောက် ဥက္ကဌကြီးသတင်း
ကြားပြီးပြီးချင်း ဆေးရုံကို အပြေးတပိုင်း
ရောက်လာခဲ့သည်။

ကောင်တာမှာ ဥက္ကဌကြီးအခန်းကိုမေးပြီး ပြေးဝင်
လာတော့ လူနာကုတင်ဘေးမှာ မျက်ရည်ကျနေတဲ့ Jimin ကိုမြင်တော့ ရင်ဘတ်တစ်နေရာက ဆစ်ခနဲပင်...

အမြဲတမ်း သူနဲ့ဆို ပျော်ပျော်သာနေတတ်တဲ့ Jimin က အခု မျက်ရည်ကျနေသည်တဲ့....
သူငယ်ချင်းဖြစ်ပြီးနောက်ပိုင်း သူ့ခံစားချက်တွေသာ ရင်ဖွင့်တတ်ပေမယ့် Jimin ကတော့မတူ...
ခံစားချက်တွေကို ဖုံးကွယ်တတ်သော သူတစ်ယောက်...

ဝမ်းနည်းမှုတွေကို နာကျင်မှုတွေကို သိုဝှက်ပြီး အပြင်ပန်းကတော့ သူ့ရဲ့ပျော်ရွှင်နေပုံတွေကိုသာ ပြတတ်တဲ့ သူတစ်ယောက်ပင်....
အားနည်းချက်ကို ထုတ်မပြတတ်ဘဲ သူ့ရဲ့အားသာ
ချက်ကိုသာ ထုတ်ပြတတ်သော လူတစ်ယောက်ဆို သိပ်မှန်မည်....

ရင်းနှီးတာ နှစ်လတောင်မပြည့်သေးပေမယ့် Jimin အကြောင်း သူကောင်းကောင်း သိနေသည်။

ကုတင်ပေါ်ခေါင်းမှောက်ပြီး ရှိုက်ငိုနေတဲ့ Jimin ကတော့ သူရောက်လာတာကိုတောင် သိမယ့်ပုံမပေါ်...

ဘေးနားလေး မတ်တပ်ရပ်လိုက်ပြီး Jimin ခေါင်းလေးကို ဆွဲမတ်လိုက်တော့ သူ့ရင်ခွင်
ကိုမှီကျလာသော ခေါင်းလုံးလုံးလေး..

သူ့မှာလဲ အမေပဲရှိတာမို့ ဒီခံစားချက်ကို သူကောင်းကောင်းနားလည်သည်။
ဘယ်လိုအခြေအနေမှန်းမသိသေးဘဲ လူနာကုတင်ပေါ်လှဲနေတဲ့ အမေဖြစ်သူကြောင် ဒီလောက်ခံစားရတာ မထူးဆန်းလှ...

အသက်ရှုကျပ်လောက်သည်အထိ ရှိုက်ရှိုက်ငိုနေတဲ့ Jimin ရဲ့ဆံနွယ်လေးတွေကို ပွတ်သပ်ပေးရင်း Taehyung နှစ်သိမ့်ပေးနေသည်။
သူနာကျင်ရရင် အမြဲနှစ်သိမ့်ပေးတတ်တဲ့ Jimin ကို အခုသူ ပြန်နှစ်သိမ့်ပေးနေရပြီ...

ဒီလိုအချိန်မှာတော့သူ Seokjin ကိုမေ့လျော့နေခဲ့သည်။

.
.
.
.
.
.

"ကဲ.....ပြောပါဦး....ဘယ်လိုဖြစ်တာလဲ"

ဧည့်ခန်းထဲမှာ သုံးယောက်မျက်နှာချင်းဆိုင်ပြီး အလုပ်သမားတွေအကုန်ပါ ခေါ်ရင်း အကြောင်းစုံကို Jungkook မေးနေသည်။

"ငါမနက်က ရေချိုးနေတုန်း မေမေကြီးအသံကြားလို့ အခန်းထဲကပြေးထွက်လာတော့ မေမေကြီးလဲနေ
တာကို တွေ့ခဲ့တာ...တွေ့တာနဲ့ ငါပြေးပွေ့ခဲ့တာ"

"အပိုတွေပြောမနေနဲ့....နင် အန်တီ့ကို တွန်းချလိုက်
တာမလား"

Somi စကားကြောင့် Seokjin ဘဝင်မကျဖြစ်သွားသည်။
သူအခန်းထဲက ထွက်လာတုန်းက ဒီမိန်းမရှိနေတာကို ဘာလို့လာလိမ်နေရတာလဲ...သူတောင် တွန်းခဲ့သေးတာမလား...

"ခင်ဗျား အသိဆုံးနော်...ခင်ဗျား ကကျွန်တော့ထက်
အရင်ရောက်ပြီး ဒီအတိုင်းရပ်ကြည့်နေခဲ့တာ မဟုတ်ဘူးလား"

Somi မျက်နှာပျက်သွားသည်ကို Seokjin သိလိုက်သည်။

"ရူး...ရူးနေလို့ ငါကအရင်ရောက်ရမှာလား....အိမ်က အလုပ်သမားတွေကို မေးကြည့်လို့ရတယ်"

"ခင်ဗျား....."

"Somi...Please...တိတ်တိတ်နေပေးပါ...ကိုယ် မေးနေတယ်မလား...ကြားဖြတ်ဝင်မပြောနဲ့"

သူပြန်ပြောဖို့ပြင်ပြီးမှ ကြားဖြတ်ပြောလာသော Jungkook ကို ကြည့်ရင်း...

"ငါတကယ်ပြောနေတာပါ...ငါမလိမ်တတ်
သလို ဟန်လဲမဆောင်တတ်ဘူး"

ဒုတိယစကားကိုတော့ Somi မျက်နှာကို တည့်တည့်
ကြည့်ပြီး Seokjin ပြောလိုက်သည်။
Jungkook ကတော့ သူတို့နှစ်ယောက်ကို အကဲခတ်တုန်း...

"ကောင်းပြီ အကို..မင်းကရော Somi....
မင်းလဲအိမ်မှာရှိတာ ဘာမှမသိဘူးလား"

"Somi ဘာမှမသိဘူး ကို..Somi လဲ အသံကြားလို့ အခန်းထဲက ထွက်လာတော့ Kim Seokjin လက်ပေါ်မှာ သွေးတွေနဲ့ အန်တီ့ကို တွေ့တာဘဲ"

"ခင်ဗျား မလိမ်နဲ့...ခင်ဗျား ကျွန်တော့ထက်အရင်
ရောက်နေပြီး ဘာလို့ လိမ်နေရတာလဲ"

Seokjin ထပေါက်ကွဲတော့သည်။
မပေါက်ကွဲနိုင်ရိုးလား....ဒီမိန်းမရဲ့ မာယာကို သူသိသည်။

"အကို ကျွန်တော့ကိုကြည့်...ဘာမှမဖြစ်ဘူး
စိတ်အေးအေးထား..မင်းတို့ရော ဘာမှမသိ
ဘူးလား..ငါ့ကို ရှင်းစရာရှိတယ်လို့ဖုန်းဆက်ခေါ်ပြီးမှ ဖြစ်တာဆိုတော့ ရိုးရိုးတန်းတန်းလှေကားပေါ်က ပြုတ်ကျတာ မဖြစ်နိုင်ဘူး"

ဘေးမှာ မတ်တပ်ရပ်နေကြတဲ့ အလုပ်သမားတွေ
အား Jungkook မေးလိုက်သည်။

"ကျွန်တော်တို့လဲ ကိုယ့်အလုပ်ကိုယ်လုပ်နေကြ
တာပါ....အသံကြားလို့ ထွက်ကြည့်တော့မှ အစ်ကို
လေး Seokjin လက်ပေါ်က သခင်မကြီးကို တွေ့တာပါ"

သူတို့ပြောတာလဲ မှန်သည်။
ထွက်ထွက်လာချင်း ဘယ်သူကမှ လှေကားအပေါ်ကို ကြည့်ခဲ့ကြတာ မဟုတ်...ဒါကြောင့် သူတို့ Somi ကို မမြင်ခဲ့ကြ ..

အိမ်တော်ထိန်းကြီးရဲ့ စကားအနောက်မှာတော့ Jungkook ရဲ့အကြည့်စူးစူးတွေက သူ့ဆီပြိုကျလာသည်။

ဟင့်အင်း..မဟုတ်ဘူး..Jungkook ထင်သလိုမဟုတ်ဘူးလို့....

"တွေ့လား Somi မပြောဘူးလား...သူနဲ့ ဖြစ်တာ နေမှာပါဆို...အငှားကိုယ်ဝန်ဆောင်အလုပ် မလုပ်
ချင်တိုင်း အန်တီ့ကို လုပ်ကြံတာမလား..သူ့စိတ်ဓာတ်
တွေ ဒီအိမ်စရောက်လာထဲက Somi သိတယ်"

ထိုမိန်းမရဲ့ စကားသံအဆုံးမှာတော့ Seokjin မျက်ရည်တွေ တလိမ့်လိမ့် စီးကျလာသည်။
သူဟာ အဲ့လိုလူမျိုးမဟုတ်...မေမေကြီးကို သူဘယ်
လောက်တောင် ချစ်လဲ သူအသိဆုံးမဟုတ်လား...

ဘယ်လောက်ပဲ သူမလုပ်ချင်တဲ့ အလုပ်ပဲဖြစ်
နေပါစေမိသားစုအတွက်ဆိုတဲ့စိတ်နဲ့ သူ့တာဝန်သူသိသည်။

ဆက်ပြောချင်စိတ်မရှိတော့တာကြောင့် ဝမ်းနည်း
စိတ်တွေနဲ့အတူ သူ့အခန်းဆီသာ ပြေးထွက်လာခဲ့
လိုက်သည်။

သူမနေချင်တော့ဘူး...သူ့ဘက်မှာ မေမေကြီးရှိတယ်ဆိုတဲ့ စိတ်နဲ့ သူဒီအိမ်မှာ နေနေခဲ့တာ...အခုတော့ သူထွက်သွားချင်ပြီ..။

Seokjin မျက်ရည်တွေကိုမြင်မှ Jungkook အကြည့်တွေ ခက်ထန်ရာကနေ နူးညံ့လာသည်။
မဟုတ်ဘူး...သူ အကို့ ကို တရားခံလို့ထင်
လိုက်တာ မဟုတ်ဘူး..ဒီတိုင်း အားလုံးရဲ့
အဖြေတွေက အကို့ကိုပဲ ညွှန်းနေလို့ စိတ်ထဲဘဝင်မကျ ဖြစ်သွားတာ...

"မင်း သူတစ်ပါးကို အဲ့လောက်ထိမပြောသင့်ဘူး Yeon Somi....ဒီတစ်ခါတော့ မင်းကို စိတ်ပျက်မိတယ်"

"ဟာ...Somi ပြောတာမဟုတ်လို့လား...အခုပဲ
ကြည့်လေ...ဘာမှမပြောဘဲ ထွက်ပြေးသွားတာ...
နှုတ်ဆိတ်ခြင်းသည် ဝန်ခံခြင်းတဲ့"

Jungkook ဆက်ပြောချင်စိတ်မရှိတော့တာကြောင့် လှည့်ထွက်လာခဲ့လိုက်သည်။
အနောက်က မဲ့ရွဲ့ပြီး ကျန်ခဲ့တဲ့ Somi ကို မျက်ကွယ်ပြုလျက်..

သူ့အခန်းရှေ့ရောက်မှ မျက်နှာချင်းဆိုင်က Seokjin အခန်းလေးဆီအကြည့်ရောက်မိပြီး သွားလိုက်တော့ တံခါးပွင့်နေတာကြောင့် သူလဲဝင်လာခဲ့လိုက်သည်။

အခန်းထဲ ဟာလာဟင်းလင်းဖြစ်နေတာမို့ ပြန်ထွက်
မလို့ပြင်တုန်း ရေချိုးခန်းထဲက ရေသံကြားတာ
ကြောင့် ခြေလှမ်းတွေ ရေချိုးခန်းဆီ ဦးတည်မိသည်။

"အကို !! ဘာလုပ်နေတာလဲ...ရူးနေလား !!"

ရေပန်းကိုဖွင့်ပြီး အောက်မှာ ငုတ်တုတ်ထိုင်နေသော Seokjin ကြောင့် သူစိတ်ပူသွားမိသည်။
မြန်မြန် ရေပန်းခလုတ်ကို ပိတ်လိုက်ပြီး ဆွဲထူပေမယ့် အတင်းရုန်းကန်သော Seokjin ပင်....

"ရူးနေလား Kim Seokjin !!!"

Jungkook အား Seokjin စိုက်ကြည့်ရင်း....

"ဘာလာလုပ်တာလဲ...မင်း ဘာလာလုပ်တာလဲလို့.....
ငါ့ကို မယုံဘူးမလား....ဟမ်....ငါ့အမေနဲ့ ဝေးကွာ
နေတဲ့အချိန်မှာ မေမေကြီးကို ငါ့အမေအရင်းတစ်
ယောက်လို သဘောထားခဲ့တာကွ...ငါ ဒီအလုပ်ကြီး
ကို ဘယ်လောက်ပဲ မလုပ်ချင်ဖြစ်နေဖြစ်နေ ငါ့မှာ တာဝန်သိစိတ်အပြည့်ရှိတယ် Jungkook..ဘာလို့
လဲ..ဘာလို့ ငါ့ကို မယုံရတာ...အင့်...."

သူ့ရင်ဘတ်ကို လက်သီးဆုပ်သေးသေးလေးနဲ့ ထု
ရိုက်ပြီးမျက်ရည်တွေနဲ့အတူ ပြောနေတဲ့ Seokjin ကို Jungkook လွတ်ထွက်မတတ် ထွေးပွေ့
လိုက်သည်။
သူ မမြင်ချင်ဆုံး ဆိုရင် Seokjin မျက်ရည်တွေပင်..

"ယုံတယ်...ကျွန်တော် အကို့ကို ယုံတယ်လို့ !"

Seokjin ကိုယ်လေးကို လွှတ်ပေးလိုက်ပြီး ပါးပေါ်
က မျက်ရည်လေးတွေအားတယုတယသုတ်ပေးရင်း Jungkook ပြောသည်။
Seokjin မျက်ရည်ရွှန်းလဲနေတဲ့ မျက်ဝန်းလေးတွေ
နဲ့ ပြန်ကြည့်ရင်း..

"ငါ့အတွက် ဘာက အနာကျင်ရဆုံးလဲသိလား...အဲ့
မိန်းမရဲ့ စကားတွေထက် မင်းရဲ့ အကြည့်...ငါ့အပေါ် တရားခံတစ်ယောက်လို ကြည့်တဲ့ မင်းရဲ့အကြည့်က ငါ့အတွက် ပိုနာကျင်ရတယ် သိလား Jungkook...
ငါ ကိုယ့်ကိုယ်ကိုယ်မရရအောင် ထိန်းပေမယ့် မင်းကို
မြင်ရင်လေ ဒီနေရာကြီးက ပေါက်ကွဲထွက်မလိုဘဲ..
ဘယ်လိုလုပ်ရမလဲ..ငါ ဘာလုပ်သင့်...အွတ်.."

သူ့ရှေ့ကနေ ဝဲဘက်ရင်အုံကို လက်နဲ့ဖိရင်း တည်
တည်ငြိမ်ငြိမ် ပြောနေတဲ့ Seokjin နှုတ်ခမ်းလေးကို Jungkook စိတ်မထိန်းနိုင်စွာ နမ်းရှိုက်မိသည်။
သူလဲ သူ့ကိုယ်သူထိန်းပေမယ့် အရှေ့က ရင်ဖွင့်
လာသော လူသားငယ်လေးကြောင့် သူ့စိတ်တွေ
လွှတ်ချမိသည်။

Seokjin ချက်ချင်းပင် မျက်လုံးလေးတွေ မှိတ်ဆင်း
ရင်း Jungkook အနမ်းကိုမနှောင့်နှေးစွာ ခံယူပြီး ပြန်တုံ့ပြန်နေမိသည်။

ချိုတယ်...Jungkook နှုတ်ခမ်းပါးပါးလေးက သူအရမ်းကြိုက်တဲ့ ဂျယ်လီလေးလို အိပြီး ပျားရည်လိုချိုသည်။
နူးညံ့သည်ဆိုတာထက်ကို ပိုနူးညံ့သည်။

သူ့ခါးကို ဖက်တွယ်လာတာကြောင့် လက်တွေက အလိုလို Jungkook လည်တိုင်အား ဖက်တွယ်ရင်း အရပ်သိပ်မကွာပေမယ့်လဲ ရင်ဘတ်ချင်း ပိုနီးကပ်
အောင် ခြေဖျားလေးတွေကမသိမသာ ထောက်မိသည်။

Jungkook လဲ သူ့လိုပဲ ရင်တွေခုန်နေသည်ကို သူခံစားရသည်။

Seokjin ပါးရိုးလေးကိုထိန်းကိုင်ထားတဲ့ လက်က
လေးဟာ ခါးသွယ်သွယ်ဆီရောက်သွားပြီး နှုတ်ခမ်း
ဖူးဖူးလေးအား Jungkook ခေါင်းလေး ဘယ်ညာ
စောင်းရင်း စုပ်ယူနမ်းရှိုက်နေတုန်း Seokjin ကိုယ်လေးကို တွန်းရင်း တဖြည်းဖြည်းနောက်ဆုတ်
သွားတော့ နံရံထင်ပြီး ကိုင်လိုက်တဲ့ Jungkook လက်လေးက ရေပန်းခလုတ်ကို သွားထိသည်။

ရေစက်တွေအောက်မှာ မက်မက်မောမော အနမ်း
တွေဖလှယ်နေကြတဲ့ လူသားနှစ်ယောက်..
ရေတွေကြောင့် တုန်ခါနေတဲ့ နှုတ်ခမ်းသားနှစ်ခုက အနွေးဓာတ်လေးတွေ ရရှိလို့နေသည်။

မေ့ထားချင်သည်...သူတို့နှစ်ယောက်လုံးမှာ ရှိတဲ့ သက်ဆိုင်သူတွေကို...

အချိန်သာ နောက်ပြန်ဆုတ်လို့ရရင် အချိန်တစ်ခု
ကိုသာ နောက်ဆုတ်ချင်သည်။
Jungkook မှာလဲ ဇနီးမယားမရှိသေးသလို သူ့မှာလဲ Taehyung မရှိသေးတဲ့အချိန်ကိုသာ..

အခုလိုအချိန်လေးကို ရပ်တန့်လို့ရရင် ရပ်တန်ချင်မိတာ သူတို့နှစ်ယောက်လုံးရဲ့ ဆန္ဒပင်ဖြစ်နိုင်သည်။

◇  My Beloved ◇

To be continued.....

Thank you for reading and voting

Love you all💜💜

Continue Reading

You'll Also Like

32K 3.6K 34
ခပ်ဆိုးဆိုး ခပ်မိုက်မိုက် ခပ်လန်းလန်း Bad Boy ကောင်လေးနဲ့ အနေအေးပြီး ချစ်ဖို့ကောင်းတဲ့ ကောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်းလေး
64.3K 6.7K 26
Zawgi; ဒုတိယ fic ေလးပါေနာ္... ကိုယ္က Drama queen မလို႔ Drama ပဲခင္းမွာပါ ဘယ္ကေလးကိုမွ အထိခိုက္ခံမွာမဟုတ္ပါဘူး Thanks you♥ Unicode; ဒုတိယ fic လေးပါနော...
773K 28.7K 103
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
2.1K 150 10
Jungkook တယောက်သူ့မှာရည်မှန်းချက်အကြီးအကြီးတေရှိခဲ့တယ် ဒါပေါ့အဲ့ဒါကြောင့်လဲသူစာတေအရမ်းကြိုးစားတယ် သူ့ရည်မှန်းချက်တေပြည့်ခဲ့ပါတယ် ကမ္ဘာမှာအင်အားအကြီးဆ...