My Nerdy Boy

By serenity_han

48K 4.4K 381

You're not my ideal type but still,you make my heart flutter uncontrollably. Note-This fiction is just my ima... More

Intro
Chapter-1
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56||Final||
Thank You!
New Fiction!

Chapter-2

1.5K 126 4
By serenity_han

Zawgyi

ျပတင္းေပါက္မွတစ္ဆင့္ျဖတ္ကာ မ်က္ႏွာေပၚသို႔တည့္တည့္က်ေရာက္လာေသာ ေနေရာင္ေၾကာင့္ ထက္ဘုန္းအိပ္ေနရင္းႏွင့္ပင္မ်က္ေမွာင္ၾကဳတ္လိုက္သည္။စိတ္ရႈပ္ဖို႔ေကာင္းလိုက္တာ။သူဟိုဘက္ဒီဘက္လွိမ့္ေနရင္းနဲ႔မွ တစ္ခုခုကိုသတိရသြားဟန္ျဖင့္မ်က္လံုးမ်ားဖြင့္လိုက္သည္။

"ဒီေန႔တနလၤာေန႔ပဲ"

သူရုတ္တရက္ထထိုင္လိုက္ေတာ့ ေခါင္းကမိုက္ခနဲမူးသြားသည္။ၾကည့္ရတာမေန႔ညက ရုပ္ရွင္ကိုညသံုးနာရီေလာက္ထိၾကည့္လိုက္တာ အခုအိပ္ေရးမဝလို႔ ၿငီးစီစီျဖစ္ေနသည္ထင္ပါသည္။စားပြဲအပုေလးေပၚတြင္တင္ထားေသာ ဖုန္းကိုယူကာ ပါဝါဖြင့္လိုက္ၿပီး အခ်ိန္ကိုၾကည့္လိုက္ေတာ့ (၈)နာရီခြဲ။

အင္း (၈)နာရီခြဲပဲရွိေသး......ဘာ(၈)နာရီခြဲ ဟုတ္လား!!!

ထက္ဘုန္းမ်က္လံုးကိုပြတ္ကာ ဖုန္းကိုေနာက္တစ္ေခါက္ျပန္ၾကည့္လိုက္ေတာ့ တကယ္ကို(၈)နာရီခြဲျဖစ္ေနသည္။ဒီေန႔သူတို႔testရွိတယ္ေလ။တစ္လတစ္ေခါက္testစစ္မယ္လို႔ ေျပာထားတာ ဒါကတတိယတစ္ေခါက္testစစ္ျခင္းပဲ။သာမန္လူဆိုရင္ေတာ့ မေျဖရင္ေတာင္ဘယ္သူမွဂရုစိုက္မွာမဟုတ္ေပမယ့္ သူကေက်ာင္းရဲ႕Top Tenေက်ာင္းသားေတြထဲကေက်ာင္းသားတစ္ေယာက္ေလ!!

သူသြားမေျဖရင္ သူမ်ားေတြကထင္မွာေလ။ထက္ဘုန္းညီကစာမရလို႔လာမေျဖတာပါကြာ ဘာညာဆိုၿပီး သူ႔ကိုအထင္ေသးၾကရင္ သူ႔ရဲ႕စာေတာ္တဲ့imageႀကီးက ေျမာင္းထဲထိုးက်သလိုကို ပ်က္သြားမွာေပါ့။တကယ္လည္း စာတစ္လံုးေလးေတာင္မၾကည့္ရေသးေပ။Testရွိတာသိေပမယ့္ စာလုပ္ရမွာပ်င္းေသာေၾကာင့္ စာနည္းနည္းေလးေတာင္မၾကည့္ရေသးေပ။တကယ္ေခါင္းကိုဆင္နင္းတာပဲ။Mondayဆိုတာ ထက္ဘုန္းညီအတြက္ေတာ့ တကယ္ကိုunlucky dayပါပဲ။

သူေစာင္ထဲကေနခ်က္ခ်င္းေျပးထကာ အိပ္ရာပင္မသိမ္းႏိုင္ေတာ့ဘဲ ေရခ်ိဳးခန္းထဲခ်က္ခ်င္းေျပးဝင္ရသည္။တစ္ေယာက္တည္းေနရတာျဖစ္သည့္အတြက္ အေနအထိုင္၊အစားအေသာက္က တစ္ခါတေလေတာ့ ခက္ခဲသည္။သူဘာလို႔မ်ားေၾကာင္ေတာင္ေတာင္ စိတ္ကူးေတြေပါက္ၿပီးအိမ္ခြဲေနမယ္လို႔ေျပာခဲ့ရတာလဲ။ထက္ဘုန္းညီရယ္......ရူးႏွမ္းလိုက္တာကြာ။

ေရကိုေတာ့စိုရံုေလာက္ေလးသာခ်ိဳးလာခဲ့ကာ မ်က္ႏွာသစ္ၿပီး ျပန္ထြက္လာသည္။ထို႔ေနာက္ဘီရိုထဲမွ ေက်ာင္းတံဆိပ္ပါသည့္ sweat shirtတစ္ထည္ႏွင့္ ေဘာင္းဘီအနက္ေရာင္ကို ထုတ္လိုက္သည္။သူတို႔တကၠသိုလ္က privateျဖစ္သည့္အတြက္ သတ္မွတ္ထားသည့္ေက်ာင္းဝတ္စံုသာဝတ္ရသည္။ငယ္ငယ္ကအစိုးရေက်ာင္းေတြမွာလက္တို၊လက္ရွည္ဝတ္ရန္သတ္မွတ္ထားသလိုပဲ သူတို႔တကၠသိုလ္ကလည္း တနလၤာႏွင့္ေသာၾကာေန႔ေတြမွာေတာ့ sweat shirtဝတ္ရၿပီး က်န္သံုးရက္ကေတာ့ ေက်ာင္းတံဆိပ္ပါသည့္ တီရွပ္လက္တိုအျဖဴေရာင္ကိုဝတ္ရသည္။

သူအဝတ္အစားျမန္ျမန္လဲၿပီးေနာက္ လြယ္အိတ္ႏွင့္ကားေသာ့ကိုယူကာ အိပ္ခန္းထဲမွထြက္လာခဲ့သည္။ထို႔ေနာက္ ေရခဲေသတၱာထဲမွာထည့္ထားေသာ ႏြားႏို႔တစ္ဘူးႏွင့္ဟိုတစ္ေန႔ကBread Talkကဝယ္ထားေသာ ေပါင္မုန္႔ကိုပါးစပ္ကေနကိုက္ကာ သူ႔အခန္းထဲကထြက္လာခဲ့သည္။ဓာတ္ေလွကားနားေရာက္ေတာ့ ဓာတ္ေလွကားဖြင့္သည့္ခလုတ္ကိုႏွိပ္ကာ ဓာတ္ေလွကားထဲသို႔ဝင္သြားလိုက္သည္။ႏြားႏို႔ဘူးကိုအျမန္ေဖာက္ေသာက္လိုက္ကာ ေပါင္မုန္႔ကိုလည္းကုန္ေအာင္ ျမန္ျမန္စားလိုက္သည္။ကားပါကင္ေရာက္ေတာ့ ကားကိုlockဖြင့္ကာ ခ်က္ခ်င္းေမာင္းထြက္သြားေတာ့သည္။

မနက္(၈)နာရီ(၄၀)မိနစ္ေလာက္ပဲရွိေသးသည္မို႔ လမ္းေပၚတြင္ကားကထင္သေလာက္မမ်ားေပ။ပံုမွန္ဆိုနာရီဝက္ေက်ာ္ေက်ာ္ေလာက္ေမာင္းရေသာ္လည္း စာေမးပြဲက(၉)နာရီေျဖရမည္မို႔ ထက္ဘုန္းအရွိန္ႏွင့္ေမာင္းခ်သြားတာ(၁၅)မိနစ္ႏွင့္ေက်ာင္းကိုေရာက္သြားသည္။သူနာရီကိုၾကည့္လိုက္ေတာ့ ကိုးနာရီထိုးဖို႔ငါးမိနစ္အလို။ေတာ္ေသးတာေပါ့ အခ်ိန္မွီသြားလို႔။

"အာ ေက်ာင္းသားကဒ္ဆြဲဖို႔ေမ့ေနတာပဲ"

လြယ္အိတ္၏အေရွ႕အကန္႔ထဲမွာထည့္ထားေသာ ေက်ာင္းသားကဒ္ကို ထုတ္ယူၿပီးဆြဲကာ ကားေပၚမွျမန္ျမန္ဆင္းလာခဲ့သည္။Testေျဖရမည့္အခန္းကဒုတိယထပ္မွာမို႔လို႔ သူေလွကားကေနဒုန္းစိုင္းေျပးတက္သြားေတာ့သည္။အခန္းေရွ႕ေရာက္ေတာ့ ဆရာမကအေပါက္ဝနားမွာ ရပ္ေနသည္။သူ႔ကိုေတြ႕ေတာ့မ်က္ေမွာင္ႀကီးၾကဳတ္ကာ ေမးေလေတာ့သည္။

"ဟဲ့ ထက္ဘုန္းညီ။ဘယ္လိုျဖစ္လို႔ေနာက္က်ေနတာလဲ။ေျဖဖို႔အခ်ိန္ေတာင္သိပ္မလိုေတာ့ဘူး။သြား သြား ျမန္ျမန္အထဲဝင္"

သူဆရာမကိုေခါင္းညိမ့္ျပလိုက္ၿပီးေနာက္ အခန္းထဲကိုဝင္လာခဲ့သည္။ထိုင္ရန္ေနရာအလြတ္ကို ၾကည့္မိေတာ့ အေရွ႕ဆံုးခံုမွာပဲလြတ္ေတာ့သည္။သူ႔သူငယ္ခ်င္းေကာင္းထက္ႏွင့္ေစာျမတ္တို႔ကေတာ့ ေနာက္ဆံုးတန္းမွာထိုင္ရင္း သူ႔ကိုလၽွာထုတ္ေျပာင္ျပေနသည္။ေတာ္ေတာ္ေကာင္းတဲ့သူငယ္ခ်င္းေတြပဲ။အေရွ႕ဆံုးမွာထိုင္ရမွာကို မုန္းတဲ့ထက္ဘုန္းကေတာ့ ေရြးစရာမရွိေတာ့တာမို႔လို႔ လြတ္ေသာေနရာတြင္သာထိုင္လိုက္ရသည္။ဟူး......ဒီေန႔ထက္ဘုန္းညီကံမေကာင္းပါလား။

Testေျဖရမယ့္အခ်ိန္ေရာက္ေတာ့ ဆရာမကသူတို႔အသီးသီးကိုစာရြက္ေဝေပးၿပီးေနာက္ အေရွ႕ဆံုးမွာမတ္တပ္ရပ္ကာၾကည့္ေနသည္။ထက္ဘုန္းေခါင္းတစ္ခ်က္ကုပ္ကာ ေမးခြန္းစာရြက္ကိုၾကည့္လိုက္ေတာ့ မ်က္ႏွာကနည္းနည္းလန္းသြားသည္။သူတို႔တကၠသိုလ္ကက်က္ၿပီးေျဖတာထက္ စာသင္ေနခ်ိန္မွာဘယ္ေလာက္အာရံုစိုက္ႏိုင္လဲ၊ကိုယ့္ဦးေႏွာက္နဲ႔ကိုယ္ဘယ္ေလာက္ေတြးေခၚႏိုင္လဲဆုိတာကို အဓိကလိုခ်င္ေသာေၾကာင့္ ေမးခြန္းေတြကသူတို႔ကိုသင္ထားတာႏွင့္ေတာ့ နည္းနည္းကြဲထြက္ေနသည္။

စာသင္ခ်ိန္ကိုေသခ်ာနားေထာင္ၿပီး က်က္ရတာထက္ေတြးရတာကို ပိုအေလးသာတဲ့ ထက္ဘုန္းညီကေတာ့ ကိုယ့္ဘာသာကိုယ္သာ ႀကိတ္၍ေက်းဇူးတင္ေနလိုက္သည္။ခုနကစကားကိုျပန္ပယ္လိုက္ၿပီ။ဒီေန႔ကေတာ့ ထက္ဘုန္းညီတို႔ကံတက္တဲ့ေန႔ပဲ။

ထက္ဘုန္းကလက္ေရးျမန္တဲ့သူျဖစ္ေသာေၾကာင့္ သူမ်ားေတြထက္ပို၍အရင္ၿပီးသြားသည္။သူတစ္ေခါက္၊ႏွစ္ေခါက္ေလာက္ျပန္စစ္လိုက္ၿပီးေနာက္ စာရြက္ကိုဘာမွမေရးထားသည့္ဘက္သို႔လွန္လိုက္သည္။နာရီၾကည့္ေတာ့ အခ်ိန္ျပည့္ဖို႔(၁၅)မိနစ္ေလာက္ေတာင္လိုေသးသည္။သူတို႔ကအခ်ိန္ျပည့္မွ အခန္းျပင္ထြက္လို႔ရေသာေၾကာင့္ ထက္ဘုန္းညီစားပြဲေပၚလက္ေထာက္ကာ ပ်င္းရိပ်င္းတြဲႏွင့္ထိုင္ေနသည္။

သူရုတ္တရက္ေဘးဘက္ကို အၾကည့္ေရာက္သြားေတာ့ စာေျဖေနေသာေကာင္ေလးတစ္ေယာက္ကိုၾကည့္ကာ မ်က္လံုးမ်ားကိုေမွးစင္းလိုက္သည္။သူဒီေကာင္ေလးကိုအခန္းထဲမွာမေတြ႕ဖူးပါဘူး။တျခားအခန္းကမ်ားမွားလာတာလား။မျဖစ္ႏိုင္တာ။ဆရာမကအခန္းထဲမဝင္ခင္ လူအရင္စစ္ၿပီးမွ ဝင္ခြင့္ေပးတာကို။သူထိုေက်ာင္းသား၏ေက်ာင္းသားကဒ္ကိုၾကည့္လိုက္သည္။

"ေဆာင္းဦးစက္"

တီးတိုးစြာေရရြတ္လိုက္ၿပီးေနာက္ စဥ္းစားၾကည့္လိုက္သည္။သူဒီနာမည္ကိုတစ္ေနရာရာမွာ ရင္းရင္းႏွီးႏွီးၾကားဖူးေနသလိုပဲ။

"အာ သိၿပီ!!!"

ဒုတ္

"အာ့ နာလိုက္တာ။ဘယ္ေကာင္လုပ္တာလဲ"

"ဟဲ့ လိုက္ရွာမေနနဲ႔။ဒီမွာ ငါလုပ္တာ"

"ေဆာရီး ဆရာမ ဟဲဟဲ"

"သူမ်ားေတြေျဖေနတယ္ေလ။ဘယ္လိုျဖစ္လို႔အသံေပါင္းစံုထြက္ေနတာလဲ။နင္ၿပီးရင္လည္းတိုးတိုးတိတ္တိတ္ေနေလ"

"ဟုတ္ ဆရာမ။ကၽြန္ေတာ္ေတာင္းပန္ပါတယ္"

"ရတယ္ ရတယ္"

ဆရာမထြက္သြားေတာ့မွ ထက္ဘုန္းသက္ျပင္းခ်လိုက္ရသည္။ေတာ္ေသးတာေပါ့ ဆရာမကနည္းနည္းသေဘာေကာင္းလို႔။

သူခုနကျပတ္သြားေသာအေတြးမ်ားကို အစကျပန္စဥ္းစားလိုက္သည္။ေဆာင္းဦးစက္ဆိုတာတစ္ေက်ာင္းလံုးမွာ စာအေတာ္ဆံုးေက်ာင္းသားမလား။ထက္ဘုန္းဘယ္ေလာက္ပဲ ပထမရေအာင္လုပ္လုပ္ အခုထိပထမမျဖစ္ေသးတာက ေဆာင္းဦးစက္ဆိုတဲ့တစ္ေယာက္ေၾကာင့္ေလ။ပထမႏွစ္ကတည္းကေနအခုတတိယႏွစ္အထိ သူတစ္ေယာက္တည္းTop-1ေနရာကိုအပိုင္စီးလာတဲ့တစ္ေယာက္မလား။

Top-1ေက်ာင္းသားကို အခုမွအျပင္မွာရုပ္ေသခ်ာျမင္ဖူးတယ္ဆိုတာ သူမ်ားေတြအတြက္ေတာ့ထူးဆန္းေနမွာေပါ့။ဒါေပမယ့္ထက္ဘုန္းသူ႔ကိုတကယ္ကိုမျမင္ဖူးပါ။သူကသူ႔အေၾကာင္းကလြဲၿပီး ဘာမွကိုအေရးစိုက္တတ္သူမဟုတ္ေသာေၾကာင့္ သတိမထားမိတာျဖစ္ေကာင္းျဖစ္ႏိုင္လိမ့္မည္။ၿပီးေတာ့သူ႔လိုခပ္တံုးတံုးပံုစံကလည္း ထက္ဘုန္း၏ပံုစံလံုးဝမဟုတ္ပါ။ထက္ဘုန္းႀကိဳက္တဲ့ပံုစံက ဆြဲေဆာင္မႈရွိတဲ့ေကာင္ေလးေတြေလ!!!

အခုေဆာင္းဦးစက္ဆိုတဲ့တစ္ေယာက္က ခ်စ္ဖို႔ေကာင္းတဲ့အထဲမွာပါေသာ္လည္း သူ႔ပံုစံကအရမ္းကိုရိုးသားလြန္းတဲ့ပံုေပါက္ေနသည္။မ်က္မွန္ကလည္းပါဝါမ်ားပံုရသည္။ပုလင္းဖင္က်ေနတာပဲ။ဝတ္ထားတဲ့ေက်ာင္းဝတ္စံုခ်င္းအတူတူ ေဆာင္းဦးစက္ဝတ္ထားတဲ့ပံုက လံုးဝကိုပံုတံုးႀကီး။တကယ္ကို ဆြဲေဆာင္မႈမရွိတာပဲ။

"ကဲ အခ်ိန္ျပည့္ၿပီ။စာရြက္ေတြသိမ္းေတာ့မယ္။ၿငိမ္ၿငိမ္ေနၾကေတာ့"

ဆရာမဆီကအသံထြက္လာေသာေၾကာင့္ ထက္ဘုန္းသူ႔ကိုအၾကည့္လႊဲလိုက္သည္။သူ႔စာရြက္ကိုေပးၿပီးေနာက္ အျပင္သို႔ထြက္လာကာ သူ႔အတန္းဆီသို႔တက္သြားလိုက္သည္။သူတို႔စာသင္ခန္းကတတိယထပ္မွာမို႔လို႔ အေဝးႀကီးသြားစရာေတာ့မလိုေပ။သူအတန္းထဲဝင္လာၿပီး မၾကာပါဘူး။သူ႔သူငယ္ခ်င္းႏွစ္ေယာက္ကလည္း ျပံဳးၿဖီးၿဖီးႏွင့္ဝင္လာသည္။

ထက္ဘုန္းကိုသူတို႔ကိုအျမင္ကပ္စြာႏွင့္ မ်က္ႏွာကိုမဲ့ရြဲ႕လိုက္သည္။သူငယ္ခ်င္းျဖစ္ၿပီး သံုးစားလို႔မရတဲ့ဟာေတြ။သူ႔အတြက္နည္းနည္းပါးပါးေနရာေလးဘာေလးဦးေပးထားပါလား။အက်င့္ေတြကတစ္စက္မွကိုမေကာင္းဘူး။

"ထက္ဘုန္း သားႀကီး"

"သားႀကီးေတြ၊သမီးႀကီးေတြလာမလုပ္နဲ႔"

"မင္းကလည္းကြာ စိတ္ႀကီးပါပဲလား။ကိုယ့္ဘာသာကိုယ္ေစာေစာေရာက္ေအာင္က်မလာဘဲနဲ႔ကို"

"ငါအိပ္ရာထေနာက္က်သြားလို႔ေပါ့ဟ"

"မင္းကဘာလို႔အိပ္ရာထေနာက္က်.......။မင္းမဟုတ္တဲ့ကားေတြၾကည့္ေနတာလား!!!"

ေကာင္းထက္ကအသံျပဲႀကီးႏွင့္ေျပာေတာ့ ထက္ဘုန္းသူ၏ပါးစပ္ကို အျမန္ပိတ္လိုက္ရသည္။ဒီေကာင္ရူးမ်ားရူးသြားတာလား။

"မင္းဘာေတြေလၽွာက္ေအာ္ေနတာလဲ။ၾကည့္စရာလား။ကိုယ့္ဘာသာကိုယ္actionကားၾကည့္တာပါဟ"

"ေဩာ္ ဟဲဟဲ မသိဘူးေလ"

"မင္းတို႔စကားေျပာလို႔ၿပီးရင္cafeteriaသြားၾကမယ္ေဟး။ငါမနက္စာဘာမွမစားလာရေသးဘူးဟ"

"ခဏ.....အခုကေန႔လယ္ေရာက္ၿပီလား"

"ထက္ဘုန္း နာရီေလးဘာေလးတစ္ခ်က္ၾကည့္ဦး။(၁၁)နာရီေက်ာ္ၿပီကြ"

"ေဩာ္ ေအး ဟုတ္သားပဲ။သြားၾကမယ္ေလ။မဟုတ္ဘူး.....မင္းတို႔သြားႏွင့္။ငါခဏေနမွလိုက္လာခဲ့မယ္"

"Okay ၿပီးေရာ။အဲ့ဒါဆိုငါတို႔အရင္သြားလိုက္မယ္။လာ ေကာင္းထက္ သြားရေအာင္။ငါဗိုက္ေသေလာက္ေအာင္ဆာေနၿပီ။ဒီေန႔menuကငါႀကိဳက္တဲ့ဟာကြ။လာျမန္ျမန္သြားရေအာင္"

"ေအး ထက္ဘုန္း ငါတို႔သြားၿပီေနာ္"

ေကာင္းထက္ႏွင့္ေစာျမတ္က ထက္ဘုန္းကိုေက်ာခိုင္းကာ အခန္းထဲမွထြက္သြားသည္။ထက္ဘုန္းကလည္း သူတို႔ထြက္သြားၿပီးခဏေနမွ ထက္ဘုန္းလည္းအတန္းထဲမွ ထြက္လာခဲ့ေတာ့သည္။

♤♤♤♤♤♤♤♤♤♤

Unicode

ပြတင်းပေါက်မှတစ်ဆင့်ဖြတ်ကာ မျက်နှာပေါ်သို့တည့်တည့်ကျရောက်လာသော နေရောင်ကြောင့် ထက်ဘုန်းအိပ်နေရင်းနှင့်ပင်မျက်မှောင်ကြုတ်လိုက်သည်။စိတ်ရှုပ်ဖို့ကောင်းလိုက်တာ။သူဟိုဘက်ဒီဘက်လှိမ့်နေရင်းနဲ့မှ တစ်ခုခုကိုသတိရသွားဟန်ဖြင့်မျက်လုံးများဖွင့်လိုက်သည်။

"ဒီနေ့တနင်္လာနေ့ပဲ"

သူရုတ်တရက်ထထိုင်လိုက်တော့ ခေါင်းကမိုက်ခနဲမူးသွားသည်။ကြည့်ရတာမနေ့ညက ရုပ်ရှင်ကိုညသုံးနာရီလောက်ထိကြည့်လိုက်တာ အခုအိပ်ရေးမဝလို့ ငြီးစီစီဖြစ်နေသည်ထင်ပါသည်။စားပွဲအပုလေးပေါ်တွင်တင်ထားသော ဖုန်းကိုယူကာ ပါဝါဖွင့်လိုက်ပြီး အချိန်ကိုကြည့်လိုက်တော့ (၈)နာရီခွဲ။

အင်း (၈)နာရီခွဲပဲရှိသေး......ဘာ(၈)နာရီခွဲ ဟုတ်လား!!!

ထက်ဘုန်းမျက်လုံးကိုပွတ်ကာ ဖုန်းကိုနောက်တစ်ခေါက်ပြန်ကြည့်လိုက်တော့ တကယ်ကို(၈)နာရီခွဲဖြစ်နေသည်။ဒီနေ့သူတို့testရှိတယ်လေ။တစ်လတစ်ခေါက်testစစ်မယ်လို့ ပြောထားတာ ဒါကတတိယတစ်ခေါက်testစစ်ခြင်းပဲ။သာမန်လူဆိုရင်တော့ မဖြေရင်တောင်ဘယ်သူမှဂရုစိုက်မှာမဟုတ်ပေမယ့် သူကကျောင်းရဲ့Top Tenကျောင်းသားတွေထဲကကျောင်းသားတစ်ယောက်လေ!!

သူသွားမဖြေရင် သူများတွေကထင်မှာလေ။ထက်ဘုန်းညီကစာမရလို့လာမဖြေတာပါကွာ ဘာညာဆိုပြီး သူ့ကိုအထင်သေးကြရင် သူ့ရဲ့စာတော်တဲ့imageကြီးက မြောင်းထဲထိုးကျသလိုကို ပျက်သွားမှာပေါ့။တကယ်လည်း စာတစ်လုံးလေးတောင်မကြည့်ရသေးပေ။Testရှိတာသိပေမယ့် စာလုပ်ရမှာပျင်းသောကြောင့် စာနည်းနည်းလေးတောင်မကြည့်ရသေးပေ။တကယ်ခေါင်းကိုဆင်နင်းတာပဲ။Mondayဆိုတာ ထက်ဘုန်းညီအတွက်တော့ တကယ်ကိုunlucky dayပါပဲ။

သူစောင်ထဲကနေချက်ချင်းပြေးထကာ အိပ်ရာပင်မသိမ်းနိုင်တော့ဘဲ ရေချိုးခန်းထဲချက်ချင်းပြေးဝင်ရသည်။တစ်ယောက်တည်းနေရတာဖြစ်သည့်အတွက် အနေအထိုင်၊အစားအသောက်က တစ်ခါတလေတော့ ခက်ခဲသည်။သူဘာလို့များကြောင်တောင်တောင် စိတ်ကူးတွေပေါက်ပြီးအိမ်ခွဲနေမယ်လို့ပြောခဲ့ရတာလဲ။ထက်ဘုန်းညီရယ်......ရူးနှမ်းလိုက်တာကွာ။

ရေကိုတော့စိုရုံလောက်လေးသာချိုးလာခဲ့ကာ မျက်နှာသစ်ပြီး ပြန်ထွက်လာသည်။ထို့နောက်ဘီရိုထဲမှ ကျောင်းတံဆိပ်ပါသည့် sweat shirtတစ်ထည်နှင့် ဘောင်းဘီအနက်ရောင်ကို ထုတ်လိုက်သည်။သူတို့တက္ကသိုလ်က privateဖြစ်သည့်အတွက် သတ်မှတ်ထားသည့်ကျောင်းဝတ်စုံသာဝတ်ရသည်။ငယ်ငယ်ကအစိုးရကျောင်းတွေမှာလက်တို၊လက်ရှည်ဝတ်ရန်သတ်မှတ်ထားသလိုပဲ သူတို့တက္ကသိုလ်ကလည်း တနင်္လာနှင့်သောကြာနေ့တွေမှာတော့ sweat shirtဝတ်ရပြီး ကျန်သုံးရက်ကတော့ ကျောင်းတံဆိပ်ပါသည့် တီရှပ်လက်တိုအဖြူရောင်ကိုဝတ်ရသည်။

သူအဝတ်အစားမြန်မြန်လဲပြီးနောက် လွယ်အိတ်နှင့်ကားသော့ကိုယူကာ အိပ်ခန်းထဲမှထွက်လာခဲ့သည်။ထို့နောက် ရေခဲသေတ္တာထဲမှာထည့်ထားသော နွားနို့တစ်ဘူးနှင့်ဟိုတစ်နေ့ကBread Talkကဝယ်ထားသော ပေါင်မုန့်ကိုပါးစပ်ကနေကိုက်ကာ သူ့အခန်းထဲကထွက်လာခဲ့သည်။ဓာတ်လှေကားနားရောက်တော့ ဓာတ်လှေကားဖွင့်သည့်ခလုတ်ကိုနှိပ်ကာ ဓာတ်လှေကားထဲသို့ဝင်သွားလိုက်သည်။နွားနို့ဘူးကိုအမြန်ဖောက်သောက်လိုက်ကာ ပေါင်မုန့်ကိုလည်းကုန်အောင် မြန်မြန်စားလိုက်သည်။ကားပါကင်ရောက်တော့ ကားကိုlockဖွင့်ကာ ချက်ချင်းမောင်းထွက်သွားတော့သည်။

မနက်(၈)နာရီ(၄၀)မိနစ်လောက်ပဲရှိသေးသည်မို့ လမ်းပေါ်တွင်ကားကထင်သလောက်မများပေ။ပုံမှန်ဆိုနာရီဝက်ကျော်ကျော်လောက်မောင်းရသော်လည်း စာမေးပွဲက(၉)နာရီဖြေရမည်မို့ ထက်ဘုန်းအရှိန်နှင့်မောင်းချသွားတာ(၁၅)မိနစ်နှင့်ကျောင်းကိုရောက်သွားသည်။သူနာရီကိုကြည့်လိုက်တော့ ကိုးနာရီထိုးဖို့ငါးမိနစ်အလို။တော်သေးတာပေါ့ အချိန်မှီသွားလို့။

"အာ ကျောင်းသားကဒ်ဆွဲဖို့မေ့နေတာပဲ"

လွယ်အိတ်၏အရှေ့အကန့်ထဲမှာထည့်ထားသော ကျောင်းသားကဒ်ကို ထုတ်ယူပြီးဆွဲကာ ကားပေါ်မှမြန်မြန်ဆင်းလာခဲ့သည်။Testဖြေရမည့်အခန်းကဒုတိယထပ်မှာမို့လို့ သူလှေကားကနေဒုန်းစိုင်းပြေးတက်သွားတော့သည်။အခန်းရှေ့ရောက်တော့ ဆရာမကအပေါက်ဝနားမှာ ရပ်နေသည်။သူ့ကိုတွေ့တော့မျက်မှောင်ကြီးကြုတ်ကာ မေးလေတော့သည်။

"ဟဲ့ ထက်ဘုန်းညီ။ဘယ်လိုဖြစ်လို့နောက်ကျနေတာလဲ။ဖြေဖို့အချိန်တောင်သိပ်မလိုတော့ဘူး။သွား သွား မြန်မြန်အထဲဝင်"

သူဆရာမကိုခေါင်းညိမ့်ပြလိုက်ပြီးနောက် အခန်းထဲကိုဝင်လာခဲ့သည်။ထိုင်ရန်နေရာအလွတ်ကို ကြည့်မိတော့ အရှေ့ဆုံးခုံမှာပဲလွတ်တော့သည်။သူ့သူငယ်ချင်းကောင်းထက်နှင့်စောမြတ်တို့ကတော့ နောက်ဆုံးတန်းမှာထိုင်ရင်း သူ့ကိုလျှာထုတ်ပြောင်ပြနေသည်။တော်တော်ကောင်းတဲ့သူငယ်ချင်းတွေပဲ။အရှေ့ဆုံးမှာထိုင်ရမှာကို မုန်းတဲ့ထက်ဘုန်းကတော့ ရွေးစရာမရှိတော့တာမို့လို့ လွတ်သောနေရာတွင်သာထိုင်လိုက်ရသည်။ဟူး......ဒီနေ့ထက်ဘုန်းညီကံမကောင်းပါလား။

Testဖြေရမယ့်အချိန်ရောက်တော့ ဆရာမကသူတို့အသီးသီးကိုစာရွက်ဝေပေးပြီးနောက် အရှေ့ဆုံးမှာမတ်တပ်ရပ်ကာကြည့်နေသည်။ထက်ဘုန်းခေါင်းတစ်ချက်ကုပ်ကာ မေးခွန်းစာရွက်ကိုကြည့်လိုက်တော့ မျက်နှာကနည်းနည်းလန်းသွားသည်။သူတို့တက္ကသိုလ်ကကျက်ပြီးဖြေတာထက် စာသင်နေချိန်မှာဘယ်လောက်အာရုံစိုက်နိုင်လဲ၊ကိုယ့်ဦးနှောက်နဲ့ကိုယ်ဘယ်လောက်တွေးခေါ်နိုင်လဲဆိုတာကို အဓိကလိုချင်သောကြောင့် မေးခွန်းတွေကသူတို့ကိုသင်ထားတာနှင့်တော့ နည်းနည်းကွဲထွက်နေသည်။

စာသင်ချိန်ကိုသေချာနားထောင်ပြီး ကျက်ရတာထက်တွေးရတာကို ပိုအလေးသာတဲ့ ထက်ဘုန်းညီကတော့ ကိုယ့်ဘာသာကိုယ်သာ ကြိတ်၍ကျေးဇူးတင်နေလိုက်သည်။ခုနကစကားကိုပြန်ပယ်လိုက်ပြီ။ဒီနေ့ကတော့ ထက်ဘုန်းညီတို့ကံတက်တဲ့နေ့ပဲ။

ထက်ဘုန်းကလက်ရေးမြန်တဲ့သူဖြစ်သောကြောင့် သူများတွေထက်ပို၍အရင်ပြီးသွားသည်။သူတစ်ခေါက်၊နှစ်ခေါက်လောက်ပြန်စစ်လိုက်ပြီးနောက် စာရွက်ကိုဘာမှမရေးထားသည့်ဘက်သို့လှန်လိုက်သည်။နာရီကြည့်တော့ အချိန်ပြည့်ဖို့(၁၅)မိနစ်လောက်တောင်လိုသေးသည်။သူတို့ကအချိန်ပြည့်မှ အခန်းပြင်ထွက်လို့ရသောကြောင့် ထက်ဘုန်းညီစားပွဲပေါ်လက်ထောက်ကာ ပျင်းရိပျင်းတွဲနှင့်ထိုင်နေသည်။

သူရုတ်တရက်ဘေးဘက်ကို အကြည့်ရောက်သွားတော့ စာဖြေနေသောကောင်လေးတစ်ယောက်ကိုကြည့်ကာ မျက်လုံးများကိုမှေးစင်းလိုက်သည်။သူဒီကောင်လေးကိုအခန်းထဲမှာမတွေ့ဖူးပါဘူး။တခြားအခန်းကများမှားလာတာလား။မဖြစ်နိုင်တာ။ဆရာမကအခန်းထဲမဝင်ခင် လူအရင်စစ်ပြီးမှ ဝင်ခွင့်ပေးတာကို။သူထိုကျောင်းသား၏ကျောင်းသားကဒ်ကိုကြည့်လိုက်သည်။

"ဆောင်းဦးစက်"

တီးတိုးစွာရေရွတ်လိုက်ပြီးနောက် စဉ်းစားကြည့်လိုက်သည်။သူဒီနာမည်ကိုတစ်နေရာရာမှာ ရင်းရင်းနှီးနှီးကြားဖူးနေသလိုပဲ။

"အာ သိပြီ!!!"

ဒုတ်

"အာ့ နာလိုက်တာ။ဘယ်ကောင်လုပ်တာလဲ"

"ဟဲ့ လိုက်ရှာမနေနဲ့။ဒီမှာ ငါလုပ်တာ"

"ဆောရီး ဆရာမ ဟဲဟဲ"

"သူများတွေဖြေနေတယ်လေ။ဘယ်လိုဖြစ်လို့အသံပေါင်းစုံထွက်နေတာလဲ။နင်ပြီးရင်လည်းတိုးတိုးတိတ်တိတ်နေလေ"

"ဟုတ် ဆရာမ။ကျွန်တော်တောင်းပန်ပါတယ်"

"ရတယ် ရတယ်"

ဆရာမထွက်သွားတော့မှ ထက်ဘုန်းသက်ပြင်းချလိုက်ရသည်။တော်သေးတာပေါ့ ဆရာမကနည်းနည်းသဘောကောင်းလို့။

သူခုနကပြတ်သွားသောအတွေးများကို အစကပြန်စဉ်းစားလိုက်သည်။ဆောင်းဦးစက်ဆိုတာတစ်ကျောင်းလုံးမှာ စာအတော်ဆုံးကျောင်းသားမလား။ထက်ဘုန်းဘယ်လောက်ပဲ ပထမရအောင်လုပ်လုပ် အခုထိပထမမဖြစ်သေးတာက ဆောင်းဦးစက်ဆိုတဲ့တစ်ယောက်ကြောင့်လေ။ပထမနှစ်ကတည်းကနေအခုတတိယနှစ်အထိ သူတစ်ယောက်တည်းTop-1နေရာကိုအပိုင်စီးလာတဲ့တစ်ယောက်မလား။

Top-1ကျောင်းသားကို အခုမှအပြင်မှာရုပ်သေချာမြင်ဖူးတယ်ဆိုတာ သူများတွေအတွက်တော့ထူးဆန်းနေမှာပေါ့။ဒါပေမယ့်ထက်ဘုန်းသူ့ကိုတကယ်ကိုမမြင်ဖူးပါ။သူကသူ့အကြောင်းကလွဲပြီး ဘာမှကိုအရေးစိုက်တတ်သူမဟုတ်သောကြောင့် သတိမထားမိတာဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။ပြီးတော့သူ့လိုခပ်တုံးတုံးပုံစံကလည်း ထက်ဘုန်း၏ပုံစံလုံးဝမဟုတ်ပါ။ထက်ဘုန်းကြိုက်တဲ့ပုံစံက ဆွဲဆောင်မှုရှိတဲ့ကောင်လေးတွေလေ!!!

အခုဆောင်းဦးစက်ဆိုတဲ့တစ်ယောက်က ချစ်ဖို့ကောင်းတဲ့အထဲမှာပါသော်လည်း သူ့ပုံစံကအရမ်းကိုရိုးသားလွန်းတဲ့ပုံပေါက်နေသည်။မျက်မှန်ကလည်းပါဝါများပုံရသည်။ပုလင်းဖင်ကျနေတာပဲ။ဝတ်ထားတဲ့ကျောင်းဝတ်စုံချင်းအတူတူ ဆောင်းဦးစက်ဝတ်ထားတဲ့ပုံက လုံးဝကိုပုံတုံးကြီး။တကယ်ကို ဆွဲဆောင်မှုမရှိတာပဲ။

"ကဲ အချိန်ပြည့်ပြီ။စာရွက်တွေသိမ်းတော့မယ်။ငြိမ်ငြိမ်နေကြတော့"

ဆရာမဆီကအသံထွက်လာသောကြောင့် ထက်ဘုန်းသူ့ကိုအကြည့်လွှဲလိုက်သည်။သူ့စာရွက်ကိုပေးပြီးနောက် အပြင်သို့ထွက်လာကာ သူ့အတန်းဆီသို့တက်သွားလိုက်သည်။သူတို့စာသင်ခန်းကတတိယထပ်မှာမို့လို့ အဝေးကြီးသွားစရာတော့မလိုပေ။သူအတန်းထဲဝင်လာပြီး မကြာပါဘူး။သူ့သူငယ်ချင်းနှစ်ယောက်ကလည်း ပြုံးဖြီးဖြီးနှင့်ဝင်လာသည်။

ထက်ဘုန်းကိုသူတို့ကိုအမြင်ကပ်စွာနှင့် မျက်နှာကိုမဲ့ရွဲ့လိုက်သည်။သူငယ်ချင်းဖြစ်ပြီး သုံးစားလို့မရတဲ့ဟာတွေ။သူ့အတွက်နည်းနည်းပါးပါးနေရာလေးဘာလေးဦးပေးထားပါလား။အကျင့်တွေကတစ်စက်မှကိုမကောင်းဘူး။

"ထက်ဘုန်း သားကြီး"

"သားကြီးတွေ၊သမီးကြီးတွေလာမလုပ်နဲ့"

"မင်းကလည်းကွာ စိတ်ကြီးပါပဲလား။ကိုယ့်ဘာသာကိုယ်စောစောရောက်အောင်ကျမလာဘဲနဲ့ကို"

"ငါအိပ်ရာထနောက်ကျသွားလို့ပေါ့ဟ"

"မင်းကဘာလို့အိပ်ရာထနောက်ကျ.......။မင်းမဟုတ်တဲ့ကားတွေကြည့်နေတာလား!!!"

ကောင်းထက်ကအသံပြဲကြီးနှင့်ပြောတော့ ထက်ဘုန်းသူ၏ပါးစပ်ကို အမြန်ပိတ်လိုက်ရသည်။ဒီကောင်ရူးများရူးသွားတာလား။

"မင်းဘာတွေလျှောက်အော်နေတာလဲ။ကြည့်စရာလား။ကိုယ့်ဘာသာကိုယ်actionကားကြည့်တာပါဟ"

"ေဩာ် ဟဲဟဲ မသိဘူးလေ"

"မင်းတို့စကားပြောလို့ပြီးရင်cafeteriaသွားကြမယ်ဟေး။ငါမနက်စာဘာမှမစားလာရသေးဘူးဟ"

"ခဏ.....အခုကနေ့လယ်ရောက်ပြီလား"

"ထက်ဘုန်း နာရီလေးဘာလေးတစ်ချက်ကြည့်ဦး။(၁၁)နာရီကျော်ပြီကွ"

"ေဩာ် အေး ဟုတ်သားပဲ။သွားကြမယ်လေ။မဟုတ်ဘူး.....မင်းတို့သွားနှင့်။ငါခဏနေမှလိုက်လာခဲ့မယ်"

"Okay ပြီးရော။အဲ့ဒါဆိုငါတို့အရင်သွားလိုက်မယ်။လာ ကောင်းထက် သွားရအောင်။ငါဗိုက်သေလောက်အောင်ဆာနေပြီ။ဒီနေ့menuကငါကြိုက်တဲ့ဟာကွ။လာမြန်မြန်သွားရအောင်"

"အေး ထက်ဘုန်း ငါတို့သွားပြီနော်"

ကောင်းထက်နှင့်စောမြတ်က ထက်ဘုန်းကိုကျောခိုင်းကာ အခန်းထဲမှထွက်သွားသည်။ထက်ဘုန်းကလည်း သူတို့ထွက်သွားပြီးခဏနေမှ ထက်ဘုန်းလည်းအတန်းထဲမှ ထွက်လာခဲ့တော့သည်။

♤♤♤♤♤♤♤♤♤♤

Continue Reading

You'll Also Like

352K 24.1K 50
တကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျ...
3.1M 254K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
1.6M 100K 40
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
25.4K 1.2K 51
***** ရိုးဖြောင့်ခြင်းတွေ ပျောက်ဆုံးနေတဲ့လောကကြီးမှာ လူလိမ်လို့ သူ့ကိုယ်သူခံယူထားတဲ့လူက အရိုးသားဆုံးပဲမဟုတ်လား အဲ့လိုပဲလေ ဆိုက်ကိုပါ့သ်လို့ နာမည်ပြေ...