သားတစ်ယောက်ဆို...အဖေလိုက်ပွဲ...

By Kiley0096

399K 36.2K 586

ခန္ဓာကိုယ်ဖြင့်သာ ပြန်လည်ပေးဆပ်လိုတဲ့ ပေါက်စီကြီး ~ "ငါ့ကိုလက်ထပ်ပါ" နန်ရှီ ~ ???!!! ပေါက်စီလေး ~ *သနားစရာခွေ... More

Description
အခန်း(၁) ခုနှစ်လကိုယ်ဝန်
အခန်း(၂) လူစိမ်းရဲ့မျိုးမစစ်လေး
အခန်း(၃) Bar က ပေါက်စီလေး
အခန်း(၄) ပေါက်စီလေးကို ကယ်တင်ခြင်း
အခန်း(၅) သခင်အသေးလေးကိုတွေ့ပြီ
အခန်း(၆) ထင်ပေါ်လွန်းတဲ့ရွှေမင်းသား
အခန်း(၇) ခန္ဓာကိုယ်နဲ့ကျေးဇူးဆပ်ချင်နေတဲ့ပေါက်စီကြီး
အခန်း(၈) ယောကျ်ားတွေကိုကြိုက်တာမလား?
အခန်း(၉) လူတွေ့စစ်ဆေးမှုမမှီလိုက်တဲ့မိန်းကလေး
အပိုင်း(၁၀) ဒေါသူပုန်ထနေတဲ့ရတနာလေး
အခန်း(၁၁) ပေါက်စီကြီးနဲ့ပေါက်စီလေး
အခန်း(၁၂) ညအိပ်ညနေ
အခန်း(၁၃) ကလေးတစ်ယောက်ကိုပြုစုဖို့မလွယ်ဘူး
အခန်း(၁၄) မဟုတ်တာဖြစ်ဖို့ဆိုသိပ်ကိုလွယ်ကူတယ်
အခန်း(၁၅) အတူပဲအိပ်မယ်...လက်မထပ်ဘူးလား?
အခန်း(၁၆) တကယ့်ငါ့သားပဲ
အခန်း(၁၇)အိမ်ထောင်ပြုဖို့လောဆော်တဲ့နှစ်ယောက်
အခန်း (၁၈) ချွေးမတစ်ယောက် အလိုရှိသည်. . .
အခန်း(၁၉) အံ့ဩသွားရသော မိဘနှစ်ပါး
အခန်း (၂၀) ရည်းစားဟောင်းတွေ မှိုလိုပေါက်
အခန်း(၂၁) ကောင်းကင်နန်းတော်ကိုတစ်စစီဖျက်ဆီးနေတဲ့ရတနာလေး
အခန်း(၂၂) အရေးအပေါ်အခြေအနေအတွက်ခေါ်ဆိုခြင်း
အခန်း(၂၃) Big Bossကိုအစွမ်းပြခြင်း
အခန်း(၂၄) ဘူးသီးညီအစ်ကို[1]
အခန်း(၂၅) ဒီတော့ ဒီလိုနဲ့ပဲ အတူနေကြတော့မယ်ပေါ့?
အခန်း(၂၆) နန်ရှီ ကိုယ်တို့ရှေ့ဆက်ရမဲ့ရက်တွေ ရှိသေးတယ်...
အခန်း(၂၇) Fauvism
အခန်း(၂၈) အနိုင်ကျင့်လွန်းသော စီ အီး အို(CEO)
အခန်း(၂၉) Boss ရဲ့ ဇနီးအလောင်းအလျာ
အခန်း(၃၀) ဖွင့်ပွဲအခမ်းအနား
အခန်း(၃၁) မင်းမှာ တကယ်စူးရှတဲ့မျက်လုံးတွေ ရှိတာပဲ!
အခန်း(၃၂) ဇာတ်ရှုပ် EX များ
အခန်း(၃၃) ခြေထိုးချင်တယ်ပေါ့လား? အခွင့်အရေးမရှိစေရဘူး!
အခန်း(၃၄) သဘောကောင်းတဲ့ အဖေ နဲ့ တာဝန်ကျေတဲ့ သမီး
အခန်း(၃၅) ငယ်ရွယ်ချိန်က နေ့ရက်တွေမရှိနိုင်တော့ဘူး
အခန်း(၃၆) မင်္ဂလာရှိလိုက်တာ!
အခန်း(၃၇) အမျိုးသမီးသန့်စင်ခန်းထဲသို့ဝင်ရောက်ခြင်း
အခန်း(၃၈) ရှင်ကမိစ္ဆာဘုရင်ကြီး
အခန်း(၃၉) အဲ့လောက်ကြီး တုတ်ပါဘူး!
အခန်း(၄၀) Baby, ငါ နင့်ကို တကယ် လက်ထပ်ချင်တယ်
Update Info!
အခန်း(၄၁) ထပ်ယူအုံးမလား?
အခန်း(၄၃) ထပ်ကိုက်ကြည့်...!
အခန်း(၄၄) အီစီကလီ အစွမ်းများ နိုးထလာ
အခန်း(၄၅) ကျေးဇူးတင်ကြောင်းဖော်ပြ
အခန်း(၄၆) Your are my angel
အခန်း(၄၇) နှင်းဆီနီနီတွေ....
အခန်း(၄၈) EX တွေရဲ့ မာယာ
အခန်း(၄၉) သခင်ပေါက်စလေးရဲ့ သစ်သီးဖျော်ရည်
အခန်း(၅၀) ရှားလော့ဟယ်ယို(Sarangheyo)
အခန်း(၅၁) နောက်ထပ် EX တစ်ယောက်
အခန်း(၅၂) အနမ်းကုသဆေး
အခန်း(၅၃) သဘောကျချင်စဖွယ်မလား?
အခန်း(၅၄) မရီး
အခန်း(၅၅) လူတိုင်းက မိန်းကလေးတွေကို ဘယ်လိုပိုးပန်းရမလဲဆိုတာကို သင်ပေးချင်နေတာချည
အခန်း(၅၆) ဝါဂွမ်းကို ထိုးကြိတ်မိသလို
အခန်း(၅၇) လုံးဝစိတ်လှုပ်ရှားစရာပဲ!
အခန်း(၅၈) အရင်တုန်းကလိုပဲ ငါ့အိပ်မက်တွေထဲကို ကျူ းကျော်လာပြန်ပြီ!
အခန်း(၅၉) ဒုတိယဇာတ်ဆောင်မင်းသားက ချောမောတဲ့ ကြယ်တစ်ပွင့်
အခန်း(၆၀) နှစ်ပေါင်းထောင်သောင်းမက ချစ်မယ်!
အခန်း(၆၁) လိမ္မာလိုက်တဲ့ ငါ့မြေးလေး!
အခန်း(၆၂) လာလေ .. ဒီနားကို လာနမ်းလှည့်!
အခန်း(၆၃) အချီ ၃၀၀ တိုက်ပွဲ
အခန်း(၆၄) နောက်ကျမှလာတဲ့ဧည့်သည်
အခန်း(၆၅) ပုံမှန်မဟုတ်သောတွေ့ဆုံခြင်း
အခန်း(၆၆) ဒီညအတူရှိပေးမယ်ဆို
အခန်း(၆၇) လရိပ်အောက်မှာပွင့်သောအနမ်း
အခန်း(၆၈) ဒေါသထွက်နေပေမယ့်ပြုံးထားတုန်းပဲ!
အခန်း(၆၉) အရမ်းချောထှာပဲဟယ်...ခြေထောက်တောင် ပျော့ခွေကုန်ပြီ
အခန်း(၇၀) တရားလွန်ပူးပူးကပ်ကပ်
အခန်း(၇၁) ပန်းဖြူ ကလေးအား အလစ်သုတ်မည့် လူဆိုး
အခန်း(၇၂) ငါ ထိန်းချုပ်မှုအောက် ဝပ်ဆင်းနေရမယ်
အခန်း(၇၃) ဆက်ရိုက်လေ ... မရပ်ပါနဲ့အုံး
အခန်း(၇၄) ခန္ဓာကိုယ် ဖောက်စားခံရသလိုလို
အခန်း(၇၅) *[၁]ပျားရည်ထောင်ချောက်
အခန်း(၇၆) အနန္တတန်ခိုးရှင် မရီး!
အခန်း(၇၇) သူလေးကို ပြန်ပေးဆွဲချင်တယ်
အခန်း(၇၈) ငါနင့်အဒေါ်ဖြစ်လာမှာက စိုးရိမ်စရာပဲ
အခန်း(၇၉) ချစ်စရာ့ယုန်နားရွက်လေး
အခန်း(၈၀) မပြောမဆို ငွေထုတ်နဲ့ပစ်ပေါက်ခြင်း
အခန်း(၈၁) သမင်လေးကတော့ မူးမေ့သွားမတတ်ပဲ![၁]
အခန်း(၈၂) သိပ်ပြန်ချင်နေလား??
အခန်း(၈၃) အနမ်းများနှင့်အတူ နိုးထခြင်း
အခန်း(၈၄) အိပ်နေရင်းလမ်းထလျှောက်တာလား?
အခန်း(၈၅) အိပ်ယာတစ်ခုထဲ တူတူအိပ်ခြင်း
*....*
အခန်း(၈၆) ဆိုင်ကလုန်းတွေ ထန်ကုန်ပြီ
Bonus Chapter 1
အခန်း(၈၇) မိန်းမတစ်ယောက်လိုအပ်နေပြီ
Bonus Chapter 2
အခန်း(၈၈) ပန်းရိုင်းကလေး
အခန်း(၈၉) ဇာတ်လမ်းကအခုမှ စမှာ
အခန်း(၉၀) ပန်းဖြူ လေးဇာတ်ရုပ်
အခန်း(၉၁) တန်ပြန်ထိုးစစ်
အခန်း(၉၂) ဝက်အဖွဲ့ဝင်[၁]
အခန်း(၉၃) စစ်မှန်သည်က အမြဲထွန်းတောက်
အခန်း(၉၄) ထိန်းချုပ်မရသည့် ပြင်းပြသော အချစ်
အခန်း(၉၅) ဖြစ်လာမည့် အကျိုးဆက်များ
အခန်း(၉၆) မင်းနဲ့သူကြား ဘာမှမရှိဘူးလို့ မင်းပြောတယ်နော်
အခန်း(၉၇) အရင်လိုက်တာ သူမပါနော်
အခန်း(၉၈) မင်းတစ်ယောက်သာ ကုသဆေး
အခန်း(၉၉) ပြတင်းပေါက်ကို ခဲနဲ့ပေါက်ခြင်း
အခန်း(၁၀၀) ကြယ်ခူးဆွတ်ဖို့ရည်ရွယ်
Come to Book2!!!

အခန်း(၄၂) Good Night, My Girl

3.7K 353 9
By Kiley0096

နန်ရှီ သူ့ကို အနိုင်ကျင့်ဗိုလ်ကျတတ်တဲ့ လူဆိုးကြီးတစ်ယောက်ကို ကြည့်သလို မျက်စောင်းထိုးကြည့်ရင်း ချောင်းတဟွတ်ဟွတ်သီးနေရာက ပြန်ကောင်းအောင် ကြိုးစားနေမိ၏။

"ဟက်. . ." အဲ့ဒီ့အမူအရာလေးကို တွေ့တော့ လုထင်းရှောင် ရယ်လိုက်မိတယ်။ သူ့အပြုံးက မျက်ဝန်းအနက်ရှိုင်းဆုံးထိ တိုးဝင်နေတယ်။ သူ စီးကရက်ကို မီးသတ်လိုက်ပြီး သူ့ခံတွင်းထဲက မီးခိုးငွေ့တွေ အရင်မှုတ်ထုတ်လိုက်တယ်။ ပြီးတော့မှ ရှေ့ကို ကိုင်းချကာ ခေါင်းအသာစောင်းပြီး နန်ရှီနှုတ်ခမ်းတွေကို ငုံအုပ်ထားလိုက်တယ်။

နန်ရှီ ထွက်ပြေးဖို့ ကြိုးစားမိပေမယ့် သန်မာတဲ့လက်တစ်ဖက်က သူမရဲ့ ရုန်းကန်နေတဲ့ ခါးကို ချုပ်ကိုင်ထားလိုက်ပြီး အက်ရှသံခပ်တိုးတိုးက ခံစားလွယ်တဲ့ သူမ နား အနားတေ့ကာ ချော့မော့ပြောဆိုလာတယ်။ "ဒီတစ်ခါ ကိုယ် မင်းကို မသီးစေရပါဘူး..."

ဒီလိုပြောပြီးတာနဲ့ ဆေးလိပ်အရသာပြင်းပြင်းအနမ်းတစ်ခုက သူမ အသိဉာဏ်ထဲ တိုးဝင်လွှမ်းမိုးသွားခဲ့တယ်. . . ။

နန်ရှီခမျာ အသိဉာဏ်မဲ့မူးနောက်သွားအောင်ကို အနမ်းခံလိုက်ရတယ်။ သူမ အတွေးတွေက ယောက်ယပ်ခပ်နေပြီး တိမ်တွေထဲ လွင့်မျောနေရသလိုပဲ။

သူမအတွက် ရှင်းလင်းစွာသိနေသည့်အရာကတော့ သူမကို လက်တစ်ဖက်တည်းနှင့်ချုပ်ထားနိုင်သော ဒီလူဟာ ဆေးလိပ်ငွေ့ထက် ပိုအန္တရာယ်များတယ်ဆိုတာပဲ။

ဘန်းကနဲ သူမနောက်က ထိုင်ခုံလျောကျသွားတယ်။ နောက်တော့ အဲ့ဒီ့လူရဲ့ ပူနွေးနေတဲ့ ခန္ဓာကိုယ် သူမအပေါ် ကျလာတယ်။

သူမ ဝင်သက်ကို ပိတ်ပင်ခံထားရပြီး ထွက်သက်ကိုလည်း လုယူခံနေရသလိုပဲ၊ နန်ရှီ သူမ အသိအာရုံတွေ ဝေဝါးသထက် ဝေဝါးလာတာကို ခံစားမိတယ်။ နောက်ဆုံးတော့ အရာအားလုံး အမှောင်ကျသွားသလိုပဲ။

သူ့အောက်က လူဆီမှ တုန့်ပြန်မှုတစ်ခုမှ မရှိတော့တာကို သတိထားမိတော့ လုထင်းရှောင် ခေါင်းမော့ကြည့်လိုက်တယ်။ တစ်ယောက်သောသူကတော့ အိပ်မောကျနေလေရဲ့၊ ဟောက်တောင် ဟောက်လိုက်သေးတယ်။

လုထင်းရှောင်ရဲ့ နီမြန်းနေတဲ့ သူငယ်အိမ်တွေလည်း ရုတ်တရက် မူလအနက်ရောင်ဆီ ပြန်ပြောင်းသွားတော့တယ်။ သူ့ရင်ထဲက တောက်လောင်နေတဲ့ ဒေါသတွေလည်း ကွယ်ပျောက်သွားတော့တယ်။

ဟ. . . သူ တကယ် ရူးနေပြီလား။ သူ မူးနေတဲ့သူကို ဘာလို့ ဒေါသထွက်နေမိတာလဲ။

သုံးရက်ပဲ ရှိသေးတယ်။

သူတို့တွေ့ခဲ့ကြတာ သုံးရက်တည်းရှိသေးတာ။

သူ ဘာလို့ အလျင်လိုနေမိတာလဲ။

ဒီမိန်းကလေးကို သူ ကြိုက်နှစ်သက်နေမိပုံက လုံးဝ ဆင်ခြေတုံတရား မရှိတော့သလိုမျိုး။

သူ သူမကို ပထမဆုံးအကြိမ်တွေ့တုန်းကဆို၊ သူ ပျောက်ဆုံးသွားခဲ့တဲ့ အရာတစ်ခုကို ပြန်ရှာတွေ့ရသလို ခံစားမိတယ်။

သူတို့ ပထမဆုံးတွေ့ဆုံခြင်းဖြစ်နေပေမယ့် အရင်ကတည်းက ကျွမ်းဝင်ဖူးသလို ခံစားရတယ်။

အဲ့ဒီ့ဘားက စတိုခန်းကနေ သူ သူမကို ပွေ့ချီလာတုန်းကဆို သူ့ဘဝမှာ ပျောက်ဆုံးနေတဲ့ အစိတ်အပိုင်းတစ်ခုကို ပြန်တွေ့လိုက်ရသလိုမျိုး၊ သူ မသိလိုက်ဘဲ ပျောက်သွားမိတဲ့ ရတနာတစ်ခုကို ပြန်ရလိုက်သလိုမျိုး ခံစားချက်တွေ သူ ရမိတယ်။

အခုချိန်မှာတော့ သူမကို သူ့အပိုင် လုံးလုံးဖြစ်အောင် သိမ်းပစ်လိုက်ချင်တာ။

ဒါပေမယ့် သူ သူမကို မဆုံးရှုံးချင်ဘူး၊ ဒါကြောင့်မို့ သူ စောင့်ရမယ်။

လုထင်းရှောင် ကားနောက်ခန်းကနေ စောင်နဲ့ ခေါင်းအုံးကို လှမ်းယူပြီး သူမအတွက် ခုပေးခြုံပေးလိုက်တယ်။ အဲကွန်းကိုလည်း အပူချိန်ညှိထားလိုက်ပြီး သူမ နံဘေးလှဲလိုက်ကာ နဖူးကို အသာနမ်းလိုက်တယ်။

“Good night, my girl.”

နောက်တစ်နေ့ မနက်။

နန်ရှီ နိုးလာတော့ ရင်ခွင်နွေးနွေးတစ်ခုတွင်းမှာ။

သူမ လက်တစ်ဖက်နဲ့ မျက်လုံးတွေကို ပွတ်ကြည့်လိုက်တယ်။ သူမ အပေါ်က ပြူ တင်းအပေါက်မှာ သစ်ရွက်စိမ်းတွေ အဆုပ်လိုက်အုပ်မိုးနေတယ်။ နွေးထွေးတောက်ပတဲ့ နေရောင်ခြည်ဟာလည်း သစ်ရွက်တွေကြားကနေ ကွက်ပျောက်ထိုးကျနေကာ သူမကိုယ်ပေါ်ကို အနွေးဓာတ်တွေ ဖြန့်ဝေပေးနေတယ်။ ငှက်ကလေးတွေရဲ့ တွန်ကျူ းသံ သာသာယာယာကိုလည်း ကြားရ. . . 

အမ်. . . သူမ ဘယ်ရောက်နေတာလဲ။

သူမ ခေါင်းပြန်ငုံ့လိုက်ပြီး ပတ်ဝန်းကျင်ကို လေ့လာကြည့်တော့မှ သူမ ကားထဲမှာ အိပ်နေခဲ့တာကို အံ့အားသင့်လောက်စရာ သိလိုက်ရတယ်။ ပိုပြီး တိတိကျကျပြောရရင်၊ လုထင်းရှောင် ရင်ခွင်ထဲမှာပေါ့။

လ to the ခွမ်းတွေပဲ. . . !

နန်ရှီ အသည်းအသန် ထပြေးဖို့ လုပ်တယ်။ အလုပ်ကောင်းပြီး ပျာယာခတ်တော့ ကားအမိုးနဲ့ သူမ ခေါင်း ညားပါလေရော။ နာလွန်းလို့ သူမမှာ အံတောင်ကြိတ်နေရတယ်။

သူမ… လုထင်းရှောင်… ကားထဲမှာ…

သေပါပြီ... မနေ့က ဘာတွေဖြစ်ခဲ့တာလဲ... သူမ နိုးလာတာနဲ့ အနေအထားက ဘာလို့ ဒီလိုတွေ ဖြစ်နေရတာလဲ...

ဒီလိုအခြေအနေမျိုးမှာ အထင်မလွဲဘဲ နေဖို့က ခပ်ခက်ခက်ရယ်. . . !

"ဘာတွေ တွေးနေတာလဲ. ."

နန်ရှီ စိတ်ပူပူနဲ့  လက်ချောင်းကိုက်နေမိတဲ့အချိန်ဆိုတော့ သူမ ယောင်ယမ်းကာ ပြန်ဖြေမိတယ်။ "မိစ္ဆာဘုရင်ကြီးနဲ့ ငါနဲ့ မနေ့ညက မူးပြီး ကားထဲမှာ sex များ လုပ်မိသလားလို့ ပြန်တွေးနေတာ. . အိ ကြောက်စရာကြီး . . "

"မိစ္ဆာဘုရင်ကြီး. . ကား sex . .? မင်း ပြောသလိုသာ တကယ်ဖြစ်ခဲ့မယ်ဆိုရင် ခုလို နိုးနိုးချင်း ထခုန်ပြီး ဟိုတွေး ဒီတွေး တွေးနိုင်ဖို့ အားရှိဦးမယ်ထင်လား..." ထိုသူ့အသံအရဆို သူ ဒေါသတွေကို ချုပ်တည်းထားရလွန်းလို့ သွားစေ့ပြီး ထွက်လာတဲ့အသံနဲ့ ပြောနေမှန်း သိသာနေတယ်။

"အား - " နန်ရှီ လုထင်းရှောင် နိုးနေတာကို တော်တော်ကြီးနောက်ကျတော့မှ သိလိုက်ရတယ်လေ။ သူမ လန့်လွန်းလို့ ထပ်ပြီး ထခုန်မိတာ ကားခေါင်မိုးနဲ့ ထပ်ဆောင့်မိတော့မလို့။ ကံကောင်းတာက၊ လုထင်းရှောင်က ဒါတွေကြု ိုမြင်ပြီး သတိထားနေတာမို့ သူမ ခေါင်းကို သူ့လက်ဖဝါးနဲ့ ကာပေးလိုက်တယ်။

"မစ္စတာ. . . မစ္စတာလု. . ."

"ကိုယ့်နာမည်ပဲ ခေါ်ပါ..." လုထင်းရှောင် လေသံက အနည်းငယ် အေးစိမ့်နေသည်။

သူမ သူ့ကို စိမ်းစိမ်းကားကားဆက်ဆံချင်တဲ့အခါ မစ္စတာလုလို့ ခေါ်ပြီး သူမ သူ့ကို ကြောက်နေတဲ့အခါ သူဌေးလုလို့ ခေါ်တတ်တယ်။ ဒါမျိုးတွေ သူ လုံးဝ မနှစ်သက်။

နန်ရှီကတော့ သူမပဲ အာရုံမှားရနေမိတာလားလို့ တွေးနေမိတယ်။ ဒါပေမယ့် တစ်ညဆိုတဲ့ အချိန်လေးအတွင်း လုထင်းရှောင် တစ်ခုခု ပြောင်းလဲသွားသလိုပဲ . . . ။

___________^_^__________

Burmese Translation of
囧囧有妖's Fullmark Hidden Marriage.

[Helping me to Translate - No_coz]

Continue Reading

You'll Also Like

27.2K 185 53
all imagines of your favourite blonde, by me.
810K 62.3K 36
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
348K 13.4K 13
Angel is looking for a Dom who isn't afraid to take control of him and can get past his size and height to take care of him they way he so desperatel...
91.8K 2.2K 11
During the Dark Ages, the world was an uncertain place, especially for anyone who isn't human. In a time of strangeness and obscurity, there's only o...