PETRICHOR || VMIN

بواسطة Yimmy95

86.9K 13K 836

မိုးရေနဲ့မြေပြင် ပနံသင့်စွာပေါင်းဖက်ပြီး ဖြစ်ပေါ်လာတဲ့ Petrichor. ကိုယ်မြတ်နိုးရတဲ့ Petrichor. မင်းဟာ ကိုယ့်ရ... المزيد

နိဒါန်း
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20(Final)
PETRICHOR
Extra (Bonus Chapter)
Hello!!!
🌨️🌿

Extra

3K 479 43
بواسطة Yimmy95

Unicode

"မိုးရနံ့သင်းတဲ့ နေ့လေးတစ်နေ့"


စနေနေ့လေး တစ်ရက်မှာတော့ မနက်ကတည်းက မိုးတဖွဲဖွဲကျနေလေသည်။

ပုံမှန်နေ့တွေ မိုးရွာလျှင် ပြဿနာမဟုတ်သော်လည်း သည်လိုနေ့ကြီးရက်ကြီးမှာတော့ ဧည့်သည်များအတွက် စိတ်ပူရပြန်သည်။
ဘူဆန်မြို့၏ ခန်းမတစ်ခု၌ မင်္ဂလာပွဲလေးတစ်ခုကျင်းပကြတော့မည်။

ရာသီဥတုမှာ အေးစိမ့်စိမ့်ဖြစ်နေသည့်တိုင် ခန်းမထဲမဝင်ခင် ပြင်ဆင်နေသော သတို့သားငယ်၏ လက်ဖဝါးလေးတွေမှာ ချွေးစို့နေလေသည်။ နှုတ်ခမ်းငယ်ထက်က အပြုံးနုနုလေးနှင့်တင် ထိုသတို့သားငယ်လေး မည်မျှပျော်နေမှန်း ပေါ်လွင်နေ၏။

"ဂျီမင်း . . ငါအဆင်ပြေရဲ့လား"

ကိုယ်လုံးပေါ်မှန်ရှေ့ ဟိုလှည့်သည်လှည့်လုပ်ရင်း အနှီသတို့သားငယ်က သူ့ သူငယ်ချင်းအား စကားလှမ်းဆိုလေသည်။

"ကမ္ဘာပေါ်မှာ ရုပ်အဆိုးဆုံးပဲ
ကိုကို့ကို ပေးရမှာတောင် နှမြောတယ်"

ဘေးက စားပွဲခုံပေါ် လက်ထောက်ရင်း ပျင်းရိပျင်းတွဲဖြင့် ဂျီမင်းကဆိုသည်။

"ယား . . ပတ်ဂျီမင်း"

နီရဲတတ်လာသော မျက်နှာလေးနှင့်အတူ သတို့သားငယ်ဟာ လက်ထဲက ပန်းစည်းနှင့်ပစ်ပေါက်ဟန်ပြင်တော့။

"ဟိုး . . ဟိုး . . စိတ်လျော့ပါ ဟိုဆော့ရယ်
စနေတာသိရဲ့သားနဲ့ ပန်းစည်းလေးတော့ ဘေးချထားလိုက် ကိုကို ကိုယ်တိုင်ရွေးပြီး သွားဝယ်လာတာလေး ပျက်စီးသွားရင် ငါ အ​လုပ်ခံရမှာ"

"သိရင်ပြီးရော . . ဟွန့်"

ဟိုဆော့က စိတ်ကောက်သလိုနှုတ်ခမ်းလေးကို ဆူပြီး မှန်ရှေ့မျက်နှာမူလိုက်တော့ ဂျီမင်းက ချော့သည့်အနေနှင့် အနောက်မှနေ သိုင်းဖက်လိုက်သည်။

"ငါ့သူငယ်ချင်းက ကမ္ဘာပေါ်မှာ အချောဆုံး အလှဆုံး သတို့သားပါနော် . . ကိုကို့ကို သေချာစောင့်ရှောက်ပေးနော်"

ဟိုဆော့ကလည်း နောက်က ဖက်ထားသောဂျီမင်း၏ ပုခုံးလေးပေါ်သို့ ခေါင်းလေးမှီချလိုက်သည်။

"မင်းအစ်ကိုကို ငါ့လောက်ချစ်တာ ငါပဲရှိတာ မင်းကစိတ်ပူနေသေးတယ်"

"မင်းနဲ့ဆို ငါစိတ်ချပါတယ်"

"ဒါနဲ့ မင်းလူကြီးရော ပွဲကိုမှီပါ့မလား"

"မသိပါဘူး . . . မင်းကိစ္စတွေကြောင့် သူနဲ့တောင် သေချာဖုန်းမပြောဖြစ်သေးဘူး"

"အံမယ် . . ကိုယ့်အစ်ကိုဖြစ်သူနဲ့ အချစ်ဆုံးသူငယ်ချင်းရဲ့ မင်္ဂလာပွဲကို ဒီလောက်တော့ပင်ပန်းပေးရမှာပေါ့ မဟုတ်ဘူးလား"

"ဟုတ်ပါတယ် . . ဟုတ်ပါတယ် အချစ်ဆုံး
သူငယ်ချင်းကြီး ဂျောင်ဟိုဆော့ရယ်"

အပြင်က မိုးတဖြောက်ဖြောက်ကျသံနှင့် အတူ ဟိုတယ်အခန်းငယ်လေးထဲက သူငယ်ချင်းနှစ်ယောက်၏ ရယ်သံလွင်လွင်ကြောင့် စနေနေ့ရက်မြတ်လေးဟာ ပိုပြီး ကျက်သရေမင်္ဂလာတို့ဖြင့် အတိပြီးလေသည်။

ဟိုဆော့ကို သေချာပြင်ဆင်ပေးပြီးနောက် ပွဲလည်းစတော့မှာဖြစ်သည်ကြောင့် ဂျီမင်းလေး ခန်းမထဲအမြန်ဝင်လာရသည်။ ဟိုဆော့တို့ မိဘတွေနှင့် စကားလက်ဆုံကျနေသည့် အဘွားဘေးမှာ ဝင်ထိုင်လိုက်ပြီး ဂျီမင်း အဝတ်အစားကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြန်ပြင်လိုက်သည်။

"မြေး"

"ဟုတ် ဖွား"

"ထယ်ယောင်း မရောက်သေးဘူးလား"

"မနေ့ညက ဆိုလ်းပြန်ရောက်တယ်တဲ့ ပွဲအမှီဘူဆန်ဆင်းလာမယ်လို့တော့ ပြောတာပဲ"

"တောက်လျှောက်ကြီး လေယာဥ်စီးလာရတော့ နားလည်းနားချင်ရှာမှာပေါ့ ထယ်ယောင်းလေးကို မမှီလည်း ရတယ်လို့ပြောလိုက်"

အဘွားစကားက်ို ဂျီမင်း ခေါင်းသာ ညိတ်ပြလိုက်သည်။

သူလည်း အမှန်တကယ်ဆို အလုပ်သာများနေတာ လူကြီးနဲ့ တွေ့ချင်တာမှ တစ်ပိုင်းကိုသေလို့။ လူကြီးထွက်သွားပြီးနောက် လူကြီး၏ မိဘတွေက သူတို့နယ်ကိုရောက်လာသည်။ အစကတော့ ဂျီမင်းကြောက်နေခဲ့ပေမဲ့ လူကြီး မိဘတွေက သူထင်သလိုသဘောထားသေးသိမ်ကြသည့် သူတွေမဟုတ်ကြ။

သူတို့သားဖြစ်သူ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကြောင့် သူတို့ထပ်ပြီး မည်သည်ကိုမှ မတားဆီချင်တော့ကြောင်းပြောပြီး သူတို့သားလေး ခံစားခဲ့ရသည်များအား ကုစားပေးခဲ့သည်ကြောင့် ဂျီမင်းကိုပင် ကျေးဇူးတင်နေကြသေးသည်။

အခုတော့ သူတို့ရဲ့ အချစ်ခရီးလမ်းက ဖြောင့်တန်းနေလေပြီ။ လူကြီးသာ ပြန်လာရင်ပေါ့..။

ခဏကြာတွင် မင်္ဂလာပွဲလေးစတင်လေသည်။

အစ်ကိုနမ်ဂျွန်ကလည်း ဟိုဆော့ကို မချစ်ဘူး
မချစ်ဘူးသာဆိုတာ သူ့လောက် ဟိုဆော့ကို ဂရုစိုက်တာ သူပဲရှိသည်။ အခုလည်း သူ့ဘေးက သတို့သားပေါက်စကို ကြည့်နေလိုက်တာများ မျက်လုံးကြီး ဟိုဆော့ မျက်နှာမှာပြေးကပ်တော့မည်။

သတို့သားနှစ်ယောက် အနမ်းပေးနိုင်ပါပြီလည်းဆိုရော မည်သည့်အချိန်ကတည်းက နမ်းချင်နေမှန်းမသိသည့် ဟိုဆော့က အကိုနမ်ဂျွန်၏ ပုခုံးကိုဆွဲဖက်ပြီး သူ့ ဘက်က အရင်စနမ်းလေတော့သည်။ အမှန်ဆို ဟိုဆော့က မင်္ဂလာဆောင်ချင်တာကြာပြီ၊ အစ်ကိုနမ်ဂျွန်ကသာ အထက်တန်းပြီးအောင် စောင့်ပါဦးဟုပြောထားသည်မို့ မနည်းအောင့်အီးထားရသည်မှာ အသိသာကြီးပင်။

အဘွားဖြစ်သူမှာ သူ့မြေးလေးတွေအား ကြည့်ရင်း မျက်ရည်လေးတွေ ဝိုင်းလို့။ ဟိုဆော့၏ အမေက အဘွား လက်အား ဆုပ်ကိုင်ပေးထားလေသည်။

ထိုအချိန် လက်ထဲက တုန်ရီလာသည့် ဖုန်းကြောင့် ဂျီမင်း မျက်လုံးလေးတွေဟာ ဖုန်းမျက်နှာပြင်ပေါ် သို့ အပြေးအလွှား။ တစ်စုံတစ်ယောက်ဆီကလာသည့်
စာကြောင်းအတိုလေးကြောင့် ဂျီမင်း၏  နှလုံးသားငယ်ဟာ အရှိန်ပြင်းပြင်း ခုန်လှုပ်လာတော့၏။

_ကိုယ်ရောက်နေပြီ Hotelရှေ့ထွက်ခဲ့နော်_

ဘေးကအဘွားအား ခွင့်တောင်းပြီးနောက် ဟိုတယ်ရှေ့သို့ ဂျီမင်း အပြေးလေးထွက်လာခဲ့သည်။

အပြင်ရောက်တော့မှ မိုးတဖွဲဖွဲကျနေတာမြင်ပြီး သူထီးမယူလာခဲ့ရမှန်း သတိရ၏။ ခေါင်းပေါ်ကျလာသည့် မိုးစက်တို့ကို လက်ဖြင့်မိုးကာပြီးနောက် လူကြီးကို အပြေးတစ်ပိုင်းလိုက်ရှာနေမိသည်။

သူလူကြီးကိုတွေ့ချင်လှပြီ။

တစ်နှစ်ဆိုသည့် ကာလက သူ့အတွက်ရှည်ကြာလွန်းခဲ့သည် မဟုတ်ပါလား။ ဒါကြောင့် သူလူကြီးကို တွေ့ရဖို့ တစ်မိနစ်၊ တစ်စက္ကန့်မျှတောင် မစောင့်ချင်တော့ပါ။

ရုတ်တရက် လက်ကို ဆွဲကိုင်ခံလိုက်ရသော အထိအတွေ့နွေးနွေးနှင့်အတူ သူ့ ကိုယ်ဟာ တစ်စုံတစ်ယောက်၏ ရင်ခွင်ထဲသို့ အလိုအလျောက် ခိုဝင်မိသားဖြစ်သွားသည်။

"ဂျီမင်း"

အနီးကပ် မကြားရသည်မှာ အတော်ကြာပြီဖြစ်သော လူကြီး၏ သြရှရှအသံကြောင့် သူထိုနေရာမှာတင် ချက်ချင်း င်ိုချပစ်ချင် စိတ်ပင်ပေါက်လာတော့၏။ သူ့နှလုံးသားဟာ ထိန်းမရအောင်ပင် အပြင်းအထန် ခုန်လှုပ်လျက်ရှိပြီး ရှေ့ကရင်ခွင်ကျယ်ဆီ ခေါင်းလေးမှီအပ်ကာ လူကြီး၏ ရင်ခုန်သံများကိုလည်း မျက်လုံးလေးမှိတ်ရင်း နားထောင်နေမိသည်။

"ကိုယ့်ကိုမော့ကြည့်ပါဦး ကလေးရဲ့"

သူ့လူကြီးအား မော့မကြည့်ရဲသည်နှင့် ရင်ခွင်ထဲက အကောင်ပေါက်လေးသည် ခေါင်းကိုသာ တသွင်သွင် ခါရမ်းနေလေ၏။

"ကလေးက ကိုယ့်မျက််နှာတောင်မကြည့်ချင်တော့ဘူးလား"

"ကြောက်လို့"

တိုးတိမ်စွာထွက်လာသော အကောင်ပေါက်လေး၏ အသံငယ်ကြောင့် ထယ်ယောင်း တဟားဟား အော်ရယ်မိသည်။

"အာ . . .ဒီကလေးကတော့ တမင်အူယားအောင် လုပ်နေတာပဲ"

သူ့အား မော့မကြည့်သော ကလေးငယ်ကို အသံသေးသေးလေးများ ထွက်လာသည်အထိ ထယ်ယောင်း ဖြစ်ညှစ်ပြီး ဖက်ထားလိုက်၏။

အဲ့သည်တော့မှ ကလေးငယ်ဟာ ရင်ခွင်ထဲကနေ ဆူဆူပုတ်ပုတ်လေးဖြင့် မော့ကြည့်လာသည်။ ပါးအို့မို့မို့လေးတွေကအစ နီရဲနေပြီး မျက်ရည်လည်နေသော ကလေးငယ်အား ထယ်ယောင်းသည်လည်း သေမတတ်လွမ်းနေခဲ့ရသည်ပင်။

"​ကိုယ့်ကို မလွမ်းဘူးလားလို့"

ဂျီမင်းမှာ လူကြီး၏မျက်နှာအား ကြည့်မိလျှင် ထင်ိုမိမှာစိုးသည်ကြောင့် မနည်းထိန်းထားရသည်ကို လူကြီးလုပ်မှ သူ ပိုပိုငိုချင်လာတော့သည်။

သူ သိပ်ပြီးစည်းပေးချင်ခဲ့ဖူးသော ဆံနွယ်တွေအား လူကြီးက ညှပ်ချပစ်ခဲ့တာကြာပြီ။
သည်တုန်းက ဖုန်းပြောရင်း ဂျီမင်း အကြီးအကျယ်အော်ငိုခဲ့ကာ သူပါ ကတုံးတုံးပစ်မည်ဆိုသောကြောင့် မနည်းချော့မော့ပြောခဲ့ရသေးသည်။

"ဂျီမင်း"

"အွန် . . "

"ဒီကအကောင်ပေါက်လေးကို ကိုယ်ကအရမ်းလွမ်းနေရတာကို အကောင်ပေါက်လေးကတော့ ကိုယ့်မျက်နှာတောင်မကြည့်ချင်ဘူးပေါ့လေ ပြော . . . ကိုယ်မရှိတုန်း
ဘဲအသစ်ရနေတာလား"

နဖူးပေါ်ဝေဝဲကျနေသော ဆံနွယ်စလေးများအား သပ်တင်ပေးရင်း ထယ်ယောင်းကမေးတော့ ကလေးငယ်၏ မျက်နှာလေးဟာ တဖြည်းဖြည်း မှောင်မဲကျလာသည်။ မကြာလိုက်ပါပဲ အသံပြဲနှင့် ထင်ိုတော့၏။

"လူကင်ိုချင်နေတာက်ို ဘာတွေလာ .  .ဟင့် . .
အီးဟီး . . ပြောနေမှန်း . . ဟင့် . . မသိဘူး"

ထယ်ယောင်းမှ ဂျီမင်းလေးပျော်အောင် စလိုက်ပေသိ တကယ်ကြီး ထင်ိုသည့် ကလေးငယ်ကြောင့် ပျာပျာသလဲလဲ ချော့ရရှာတော့သည်။

"ကိုယ်ကစတာလေကွာ"

" . . ဟင့် . . အစ်ကိုက . . လွဲလို့ . . . ဟင့်
ဘယ်သူ့ကိုမှမကြိုက်တာ သိရဲ့သားနဲ့"

ရှိုက်သံလေးတွေပါ ပလုံစီကာ ထွက်လာသော ကလေးငယ်အား မိုးဖွဲများကြား ထွေးပွေ့ထားပြီး နဖူးပြင်သို့ ခပ်ဖွဖွလေး အနမ်းချွေရ၏။ သူသိပါသည်။ သူစလို့ဆိုသည်ထက် ကလေးငယ်ဟာ သည်ကြားထဲ တင်းခံထားရသော လွမ်းဆွတ်မှုများအား အတိုးချကာ ဖွင့်ထုတ်နေသည်ကို။

"သိပါတယ် ကလေးရဲ့ ကိုယ်ကစနေတာကို
မင်ိုနဲ့တော့နော် တိတ် . . တိတ်"

"မတိတ် . . ဟင့် ဘူး . . ငိုမှာပဲ"

သူနှင့်ပတ်သတ်လာလျှင် petrichorငယ်ဟာ
ဤမျှ အသည်းနုမှန်း ထယ်ယောင်း သိပါသည်။ ဤသည်တောင် စဖြစ်အောင် စလိုက်မိသော ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရမလိုပင်။

ထယ်ယောင်းဟာ သူ့ရင်ခွင်အတွင်း ရှိုက်ကာငိုနေသော ကလေးငယ်၏ ကျောပြင်လေးအား အသာအယာ ပွတ်သပ်ပေးနေပြီး၊ သူသည်လည်း ကလေးငယ်၏ ဆံနွယ်လေးများကြား မျက်နှာအပ်၍ ရှုရှိုက်ကာ သူ့အလွမ်းတွေအား ဖြေရလေသည်။

သူ့အတွက်တော့ petrichorငယ်ဟာ
တကယ့်ကို ငြိမ်းချမ်းမှုလေးသာ။

YIMMY

မိုးဖွဲလေးတွေကျနေလို့ Petrichorလေးကို သတိရတာနဲ့ yimmyကောက်ရေးလိုက်ပါတယ်။ yimmyလိုပဲ ဘယ်သူတွေသတိရကြသေးလဲ။

ကလေးနဲ့ လူကြီးကို နောက်တစ်ပိုင်း ဆက်ရေးပေးပါဦးမယ်နော်။

Zawgyi

"မိုးရနံ႕သင္းတဲ့ ေန႕ေလးတစ္ေန႕"

စေနေန႕ေလး တစ္ရက္မွာေတာ့ မနက္ကတည္းက မိုးတဖြဲဖြဲက်ေနေလသည္။

ပုံမွန္ေန႕ေတြ မိုး႐ြာလွ်င္ ျပႆနာမဟုတ္ေသာ္လည္း သည္လိုေန႕ႀကီးရက္ႀကီးမွာေတာ့ ဧည့္သည္မ်ားအတြက္ စိတ္ပူရျပန္သည္။
ဘူဆန္ၿမိဳ႕၏ ခန္းမတစ္ခု၌ မဂၤလာပြဲေလးတစ္ခုက်င္းပၾကေတာ့မည္။

ရာသီဥတုမွာ ေအးစိမ့္စိမ့္ျဖစ္ေနသည့္တိုင္ ခန္းမထဲမဝင္ခင္ ျပင္ဆင္ေနေသာ သတို႔သားငယ္၏ လက္ဖဝါးေလးေတြမွာ ေခြၽးစို႔ေနေလသည္။ ႏႈတ္ခမ္းငယ္ထက္က အၿပဳံးႏုႏုေလးႏွင့္တင္ ထိုသတို႔သားငယ္ေလး မည္မွ်ေပ်ာ္ေနမွန္း ေပၚလြင္ေန၏။

"ဂ်ီမင္း . . ငါအဆင္ေျပရဲ႕လား"

ကိုယ္လုံးေပၚမွန္ေရွ႕ ဟိုလွည့္သည္လွည့္လုပ္ရင္း အႏွီသတို႔သားငယ္က သူ႕ သူငယ္ခ်င္းအား စကားလွမ္းဆိုေလသည္။

"ကမာၻေပၚမွာ ႐ုပ္အဆိုးဆုံးပဲ
ကိုကို႔ကို ေပးရမွာေတာင္ ႏွေျမာတယ္"

ေဘးက စားပြဲခုံေပၚ လက္ေထာက္ရင္း ပ်င္းရိပ်င္းတြဲျဖင့္ ဂ်ီမင္းကဆိုသည္။

"ယား . . ပတ္ဂ်ီမင္း"

နီရဲတတ္လာေသာ မ်က္ႏွာေလးႏွင့္အတူ သတို႔သားငယ္ဟာ လက္ထဲက ပန္းစည္းႏွင့္ပစ္ေပါက္ဟန္ျပင္ေတာ့။

"ဟိုး . . ဟိုး . . စိတ္ေလ်ာ့ပါ ဟိုေဆာ့ရယ္
စေနတာသိရဲ႕သားနဲ႕ ပန္းစည္းေလးေတာ့ ေဘးခ်ထားလိုက္ ကိုကို ကိုယ္တိုင္ေ႐ြးၿပီး သြားဝယ္လာတာေလး ပ်က္စီးသြားရင္ ငါ အ​လုပ္ခံရမွာ"

"သိရင္ၿပီးေရာ . . ဟြန့္"

ဟိုေဆာ့က စိတ္ေကာက္သလိုႏႈတ္ခမ္းေလးကို ဆူၿပီး မွန္ေရွ႕မ်က္ႏွာမူလိုက္ေတာ့ ဂ်ီမင္းက ေခ်ာ့သည့္အေနႏွင့္ အေနာက္မွေန သိုင္းဖက္လိုက္သည္။

"ငါ့သူငယ္ခ်င္းက ကမာၻေပၚမွာ အေခ်ာဆုံး အလွဆုံး သတို႔သားပါေနာ္ . . ကိုကို႔ကို ေသခ်ာေစာင့္ေရွာက္ေပးေနာ္"

ဟိုေဆာ့ကလည္း ေနာက္က ဖက္ထားေသာဂ်ီမင္း၏ ပုခုံးေလးေပၚသို႔ ေခါင္းေလးမွီခ်လိဳက္သည္။

"မင္းအစ္ကိုကို ငါ့ေလာက္ခ်စ္တာ ငါပဲရွိတာ မင္းကစိတ္ပူေနေသးတယ္"

"မင္းနဲ႕ဆို ငါစိတ္ခ်ပါတယ္"

"ဒါနဲ႕ မင္းလူႀကီးေရာ ပြဲကိုမွီပါ့မလား"

"မသိပါဘူး . . . မင္းကိစၥေတြေၾကာင့္ သူနဲ႕ေတာင္ ေသခ်ာဖုန္းမေျပာျဖစ္ေသးဘူး"

"အံမယ္ . . ကိုယ့္အစ္ကိုျဖစ္သူနဲ႕ အခ်စ္ဆုံးသူငယ္ခ်င္းရဲ႕ မဂၤလာပြဲကို ဒီေလာက္ေတာ့ပင္ပန္းေပးရမွာေပါ့ မဟုတ္ဘူးလား"

"ဟုတ္ပါတယ္ . . ဟုတ္ပါတယ္ အခ်စ္ဆုံး
သူငယ္ခ်င္းႀကီး ေဂ်ာင္ဟိုေဆာ့ရယ္"

အျပင္က မိုးတေျဖာက္ေျဖာက္က်သံႏွင့္ အတူ ဟိုတယ္အခန္းငယ္ေလးထဲက သူငယ္ခ်င္းႏွစ္ေယာက္၏ ရယ္သံလြင္လြင္ေၾကာင့္ စေနေန႕ရက္ျမတ္ေလးဟာ ပိုၿပီး က်က္သေရမဂၤလာတို႔ျဖင့္ အတိၿပီးေလသည္။

ဟိုေဆာ့ကို ေသခ်ာျပင္ဆင္ေပးၿပီးေနာက္ ပြဲလည္းစေတာ့မွာျဖစ္သည္ေၾကာင့္ ဂ်ီမင္းေလး ခန္းမထဲအျမန္ဝင္လာရသည္။ ဟိုေဆာ့တို႔ မိဘေတြႏွင့္ စကားလက္ဆုံက်ေနသည့္ အဘြားေဘးမွာ ဝင္ထိုင္လိုက္ၿပီး ဂ်ီမင္း အဝတ္အစားကို သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ျပန္ျပင္လိုက္သည္။

"ေျမး"

"ဟုတ္ ဖြား"

"ထယ္ေယာင္း မေရာက္ေသးဘူးလား"

"မေန႕ညက ဆိုလ္းျပန္ေရာက္တယ္တဲ့ ပြဲအမွီဘူဆန္ဆင္းလာမယ္လို႔ေတာ့ ေျပာတာပဲ"

"ေတာက္ေလွ်ာက္ႀကီး ေလယာဥ္စီးလာရေတာ့ နားလည္းနားခ်င္ရွာမွာေပါ့ ထယ္ေယာင္းေလးကို မမွီလည္း ရတယ္လို႔ေျပာလိုက္"

အဘြားစကားက္ို ဂ်ီမင္း ေခါင္းသာ ညိတ္ျပလိုက္သည္။

သူလည္း အမွန္တကယ္ဆို အလုပ္သာမ်ားေနတာ လူႀကီးနဲ႕ ေတြ႕ခ်င္တာမွ တစ္ပိုင္းကိုေသလို႔။ လူႀကီးထြက္သြားၿပီးေနာက္ လူႀကီး၏ မိဘေတြက သူတို႔နယ္ကိုေရာက္လာသည္။ အစကေတာ့ ဂ်ီမင္းေၾကာက္ေနခဲ့ေပမဲ့ လူႀကီး မိဘေတြက သူထင္သလိုသေဘာထားေသးသိမ္ၾကသည့္ သူေတြမဟုတ္ၾက။

သူတို႔သားျဖစ္သူ ႀကဳံေတြ႕ခဲ့ရသည့္ အျဖစ္အပ်က္မ်ားေၾကာင့္ သူတို႔ထပ္ၿပီး မည္သည္ကိုမွ မတားဆီခ်င္ေတာ့ေၾကာင္းေျပာၿပီး သူတို႔သားေလး ခံစားခဲ့ရသည္မ်ားအား ကုစားေပးခဲ့သည္ေၾကာင့္ ဂ်ီမင္းကိုပင္ ေက်းဇူးတင္ေနၾကေသးသည္။

အခုေတာ့ သူတို႔ရဲ႕ အခ်စ္ခရီးလမ္းက ေျဖာင့္တန္းေနေလၿပီ။ လူႀကီးသာ ျပန္လာရင္ေပါ့..။

ခဏၾကာတြင္ မဂၤလာပြဲေလးစတင္ေလသည္။

အစ္ကိုနမ္ဂြၽန္ကလည္း ဟိုေဆာ့ကို မခ်စ္ဘူး
မခ်စ္ဘူးသာဆိုတာ သူ႕ေလာက္ ဟိုေဆာ့ကို ဂ႐ုစိုက္တာ သူပဲရွိသည္။ အခုလည္း သူ႕ေဘးက သတို႔သားေပါက္စကို ၾကည့္ေနလိုက္တာမ်ား မ်က္လုံးႀကီး ဟိုေဆာ့ မ်က္ႏွာမွာေျပးကပ္ေတာ့မည္။

သတို႔သားႏွစ္ေယာက္ အနမ္းေပးနိုင္ပါၿပီလည္းဆိုေရာ မည္သည့္အခ်ိန္ကတည္းက နမ္းခ်င္ေနမွန္းမသိသည့္ ဟိုေဆာ့က အကိုနမ္ဂြၽန္၏ ပုခုံးကိုဆြဲဖက္ၿပီး သူ႕ ဘက္က အရင္စနမ္းေလေတာ့သည္။ အမွန္ဆို ဟိုေဆာ့က မဂၤလာေဆာင္ခ်င္တာၾကာၿပီ၊ အစ္ကိုနမ္ဂြၽန္ကသာ အထက္တန္းၿပီးေအာင္ ေစာင့္ပါဦးဟုေျပာထားသည္မို႔ မနည္းေအာင့္အီးထားရသည္မွာ အသိသာႀကီးပင္။

အဘြားျဖစ္သူမွာ သူ႕ေျမးေလးေတြအား ၾကည့္ရင္း မ်က္ရည္ေလးေတြ ဝိုင္းလို႔။ ဟိုေဆာ့၏ အေမက အဘြား လက္အား ဆုပ္ကိုင္ေပးထားေလသည္။

ထိုအခ်ိန္ လက္ထဲက တုန္ရီလာသည့္ ဖုန္းေၾကာင့္ ဂ်ီမင္း မ်က္လုံးေလးေတြဟာ ဖုန္းမ်က္ႏွာျပင္ေပၚ သို႔ အေျပးအလႊား။ တစ္စုံတစ္ေယာက္ဆီကလာသည့္
စာေၾကာင္းအတိုေလးေၾကာင့္ ဂ်ီမင္း၏  ႏွလုံးသားငယ္ဟာ အရွိန္ျပင္းျပင္း ခုန္လႈပ္လာေတာ့၏။

_ကိုယ္ေရာက္ေနၿပီ Hotelေရွ႕ထြက္ခဲ့ေနာ္_

ေဘးကအဘြားအား ခြင့္ေတာင္းၿပီးေနာက္ ဟိုတယ္ေရွ႕သို႔ ဂ်ီမင္း အေျပးေလးထြက္လာခဲ့သည္။

အျပင္ေရာက္ေတာ့မွ မိုးတဖြဲဖြဲက်ေနတာျမင္ၿပီး သူထီးမယူလာခဲ့ရမွန္း သတိရ၏။ ေခါင္းေပၚက်လာသည့္ မိုးစက္တို႔ကို လက္ျဖင့္မိုးကာၿပီးေနာက္ လူႀကီးကို အေျပးတစ္ပိုင္းလိုက္ရွာေနမိသည္။

သူလူႀကီးကိုေတြ႕ခ်င္လွၿပီ။

တစ္ႏွစ္ဆိုသည့္ ကာလက သူ႕အတြက္ရွည္ၾကာလြန္းခဲ့သည္ မဟုတ္ပါလား။ ဒါေၾကာင့္ သူလူႀကီးကို ေတြ႕ရဖို႔ တစ္မိနစ္၊ တစ္စကၠန့္မွ်ေတာင္ မေစာင့္ခ်င္ေတာ့ပါ။

႐ုတ္တရက္ လက္ကို ဆြဲကိုင္ခံလိုက္ရေသာ အထိအေတြ႕ေႏြးေႏြးႏွင့္အတူ သူ႕ ကိုယ္ဟာ တစ္စုံတစ္ေယာက္၏ ရင္ခြင္ထဲသို႔ အလိုအေလ်ာက္ ခိုဝင္မိသားျဖစ္သြားသည္။

"ဂ်ီမင္း"

အနီးကပ္ မၾကားရသည္မွာ အေတာ္ၾကာၿပီျဖစ္ေသာ လူႀကီး၏ ၾသရွရွအသံေၾကာင့္ သူထိုေနရာမွာတင္ ခ်က္ခ်င္း င္ိုခ်ပစ္ခ်င္ စိတ္ပင္ေပါက္လာေတာ့၏။ သူ႕ႏွလုံးသားဟာ ထိန္းမရေအာင္ပင္ အျပင္းအထန္ ခုန္လႈပ္လ်က္ရွိၿပီး ေရွ႕ကရင္ခြင္က်ယ္ဆီ ေခါင္းေလးမွီအပ္ကာ လူႀကီး၏ ရင္ခုန္သံမ်ားကိုလည္း မ်က္လုံးေလးမွိတ္ရင္း နားေထာင္ေနမိသည္။

"ကိုယ့္ကိုေမာ့ၾကည့္ပါဦး ကေလးရဲ႕"

သူ႕လူႀကီးအား ေမာ့မၾကည့္ရဲသည္ႏွင့္ ရင္ခြင္ထဲက အေကာင္ေပါက္ေလးသည္ ေခါင္းကိုသာ တသြင္သြင္ ခါရမ္းေနေလ၏။

"ကေလးက ကိုယ့္မ်က္္ႏွာေတာင္မၾကည့္ခ်င္ေတာ့ဘူးလား"

"ေၾကာက္လို႔"

တိုးတိမ္စြာထြက္လာေသာ အေကာင္ေပါက္ေလး၏ အသံငယ္ေၾကာင့္ ထယ္ေယာင္း တဟားဟား ေအာ္ရယ္မိသည္။

"အာ . . .ဒီကေလးကေတာ့ တမင္အူယားေအာင္ လုပ္ေနတာပဲ"

သူ႕အား ေမာ့မၾကည့္ေသာ ကေလးငယ္ကို အသံေသးေသးေလးမ်ား ထြက္လာသည္အထိ ထယ္ေယာင္း ျဖစ္ညွစ္ၿပီး ဖက္ထားလိုက္၏။

အဲ့သည္ေတာ့မွ ကေလးငယ္ဟာ ရင္ခြင္ထဲကေန ဆူဆူပုတ္ပုတ္ေလးျဖင့္ ေမာ့ၾကည့္လာသည္။ ပါးအို႔မို႔မို႔ေလးေတြကအစ နီရဲေနၿပီး မ်က္ရည္လည္ေနေသာ ကေလးငယ္အား ထယ္ေယာင္းသည္လည္း ေသမတတ္လြမ္းေနခဲ့ရသည္ပင္။

"​ကိုယ့္ကို မလြမ္းဘူးလားလို႔"

ဂ်ီမင္းမွာ လူႀကီး၏မ်က္ႏွာအား ၾကည့္မိလွ်င္ ထင္ိုမိမွာစိုးသည္ေၾကာင့္ မနည္းထိန္းထားရသည္ကို လူႀကီးလုပ္မွ သူ ပိုပိုငိုခ်င္လာေတာ့သည္။

သူ သိပ္ၿပီးစည္းေပးခ်င္ခဲ့ဖူးေသာ ဆံႏြယ္ေတြအား လူႀကီးက ညွပ္ခ်ပစ္ခဲ့တာၾကာၿပီ။
သည္တုန္းက ဖုန္းေျပာရင္း ဂ်ီမင္း အႀကီးအက်ယ္ေအာ္ငိုခဲ့ကာ သူပါ ကတုံးတုံးပစ္မည္ဆိုေသာေၾကာင့္ မနည္းေခ်ာ့ေမာ့ေျပာခဲ့ရေသးသည္။

"ဂ်ီမင္း"

"အြန္ . . "

"ဒီကအေကာင္ေပါက္ေလးကို ကိုယ္ကအရမ္းလြမ္းေနရတာကို အေကာင္ေပါက္ေလးကေတာ့ ကိုယ့္မ်က္ႏွာေတာင္မၾကည့္ခ်င္ဘူးေပါ့ေလ ေျပာ . . . ကိုယ္မရွိတုန္း
ဘဲအသစ္ရေနတာလား"

နဖူးေပၚေဝဝဲက်ေနေသာ ဆံႏြယ္စေလးမ်ားအား သပ္တင္ေပးရင္း ထယ္ေယာင္းကေမးေတာ့ ကေလးငယ္၏ မ်က္ႏွာေလးဟာ တျဖည္းျဖည္း ေမွာင္မဲက်လာသည္။ မၾကာလိုက္ပါပဲ အသံၿပဲႏွင့္ ထင္ိုေတာ့၏။

"လူကင္ိုခ်င္ေနတာက္ို ဘာေတြလာ .  .ဟင့္ . .
အီးဟီး . . ေျပာေနမွန္း . . ဟင့္ . . မသိဘူး"

ထယ္ေယာင္းမွ ဂ်ီမင္းေလးေပ်ာ္ေအာင္ စလိုက္ေပသိ တကယ္ႀကီး ထင္ိုသည့္ ကေလးငယ္ေၾကာင့္ ပ်ာပ်ာသလဲလဲ ေခ်ာ့ရရွာေတာ့သည္။

"ကိုယ္ကစတာေလကြာ"

" . . ဟင့္ . . အစ္ကိုက . . လြဲလို႔ . . . ဟင့္
ဘယ္သူ႕ကိုမွမႀကိဳက္တာ သိရဲ႕သားနဲ႕"

ရွိုက္သံေလးေတြပါ ပလုံစီကာ ထြက္လာေသာ ကေလးငယ္အား မိုးဖြဲမ်ားၾကား ေထြးေပြ႕ထားၿပီး နဖူးျပင္သို႔ ခပ္ဖြဖြေလး အနမ္းေခြၽရ၏။ သူသိပါသည္။ သူစလို႔ဆိုသည္ထက္ ကေလးငယ္ဟာ သည္ၾကားထဲ တင္းခံထားရေသာ လြမ္းဆြတ္မႈမ်ားအား အတိုးခ်ကာ ဖြင့္ထုတ္ေနသည္ကို။

"သိပါတယ္ ကေလးရဲ႕ ကိုယ္ကစေနတာကို
မင္ိုနဲ႕ေတာ့ေနာ္ တိတ္ . . တိတ္"

"မတိတ္ . . ဟင့္ ဘူး . . ငိုမွာပဲ"

သူႏွင့္ပတ္သတ္လာလွ်င္ petrichorငယ္ဟာ
ဤမွ် အသည္းႏုမွန္း ထယ္ေယာင္း သိပါသည္။ ဤသည္ေတာင္ စျဖစ္ေအာင္ စလိုက္မိေသာ ကိုယ့္ကိုယ္ကိုယ္သာ အျပစ္တင္ရမလိုပင္။

ထယ္ေယာင္းဟာ သူ႕ရင္ခြင္အတြင္း ရွိုက္ကာငိုေနေသာ ကေလးငယ္၏ ေက်ာျပင္ေလးအား အသာအယာ ပြတ္သပ္ေပးေနၿပီး၊ သူသည္လည္း ကေလးငယ္၏ ဆံႏြယ္ေလးမ်ားၾကား မ်က္ႏွာအပ္၍ ရႈရွိုက္ကာ သူ႕အလြမ္းေတြအား ေျဖရေလသည္။

သူ႕အတြက္ေတာ့ petrichorငယ္ဟာ
တကယ့္ကို ၿငိမ္းခ်မ္းမႈေလးသာ။

YIMMY

မိုးဖြဲေလးေတြက်ေနလို႔ Petrichorေလးကို သတိရတာနဲ႕ yimmyေကာက္ေရးလိုက္ပါတယ္။ yimmyလိုပဲ ဘယ္သူေတြသတိရၾကေသးလဲ။

ကေလးနဲ႕ လူႀကီးကို ေနာက္တစ္ပိုင္း ဆက္ေရးေပးပါဦးမယ္ေနာ္။

واصل القراءة

ستعجبك أيضاً

678K 33.5K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
242K 7.6K 29
Yuri wakes one morning in the bed of one Victor Nikiforov after getting drunk at a club the evening before. However, their one-night stand would not...
285K 29.3K 34
ရုပ်ဆိုးဆိုး အစခံ အနိုင်ကျင့်ခံ ကောင်လေးတစ်ယောက်ကို နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကောင်လေးက ချစ်မိသွားတဲ့အခါ... ႐ုပ္ဆိုးဆိုး အစခံ အႏိုင္က်င့္ခံ ေကာင...
14.7K 1.3K 39
🌷 လှပတဲ့အပြုံးဆိုပြီး ငါစွဲလမ်းခဲ့တာပဲ...... နောက်မှငါ့ဘဝတစ်ခုလုံး ဝါးမြိုသွားမယ့် အဆိပ်.. ဖြစ်နေခဲ့တာ!... ဒါကိုသိရက်နဲ့ ....ငါခုံမင်နေတုန်းပဲ! ...