Under The Moonlight Dreamใ€ Co...

By Epiphany_Jinah

149K 12.3K 1.4K

๐—” ๐—–๐—ผ๐—บ๐—ฝ๐—น๐—ฒ๐˜๐—ฒ๐—ฑ ๐—ฉ๐—ธ๐—ผ๐—ผ๐—ธ ๐—™๐—ถ๐—ฐ๐˜๐—ถ๐—ผ๐—ป " โ„Ž๐‘’๐‘ฆ ๐‘๐‘œ๐‘ฆ , ๐‘– ๐‘‘๐‘œ๐‘›'๐‘ก ๐‘™๐‘œ๐‘ฃ๐‘’ ๐‘ฆ๐‘œ๐‘ข " " ๐‘–๐‘ก'๐‘  ๐‘œ... More

Episode 01
Episode 02
Episode 03
Episode 04
Episode 06
Episode 07
Episode 08
Episode 09
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26 โ€ข The Final โ€ข
Like This Again
Hidden Memory

Episode 05

6K 511 55
By Epiphany_Jinah


* Unicode *
* လရောင်လွှမ်းတဲ့အချစ်အိပ်မက် *
* အပိုင်း ၀၅ *


" IDလေးစစ်ချင်ပါတယ် ID cardလေးပြလို့ရမလား "


အရှေ့ကလူကြီးရဲ့စကားကြောင့် သူမျက်မှောင်ကြုတ်မိတော့ ဝင်ခွင့်ရတဲ့သူငယ်ချင်းတွေက ဟားတိုက်သည်။

" ငါပြောသားပဲ မင်းIDစစ်ခံရမှာလို့ ဟား ...ဟား... "


" ကျွန်တော်အသက်ပြည့်ပြီးပါပြီ ID cardပါမလာပေမဲ့ ကျောင်းသားကဒ်အဟောင်းတော့ပါလာတယ် ရတယ်မလား "

" ရတယ် ကောင်လေး "


အပေါက်ဝကလုံခြုံရေးစောင့်တဲ့အစ်ကိုကြီးကို သူ ကျောင်းသားကဒ်အဟောင်းထုတ်ပေးလိုက်တော့ ယုံသွားတဲ့ပုံနဲ့ အထဲကိုဝင်ခွင့်ပြုသည်။

" ဂျောင်ကု စီနီယာဂျီမင်းက ဒီမှာအလုပ်လုပ်တာဆို ဟုတ်လား "

" အင်း "

" ဒါကြောင့် မင်းကြွတက်နေတာပေါ့ "

ဝိုင်းတဝိုင်းရွေးရင်း ဝင်ထိုင်ကာပြောတဲ့ချားအွန်ဝူးကြောင့် ဂျောင်ကု မဆိုစလောက်ပြုံးလိုက်မိသည်။

" အဲ့လောက်တောင် စီနီယာဂျီမင်းကိုကြိုက်တာလား ဟိုက မင်းကိုအဖတ်တောင်မလုပ်ဘူး အလယ်တန်းကတည်းကလိုက်နေရတာမမောဘူးလား ပြီးတော့ စီနီယာဂျီမင်းမှာလဲ ချစ်သူရှိတယ်လေ ငါ့ကောင်ရ "


" မမောဘူး ငါက ကိုကို့ကိုနောက်ကို မသေမချင်းလိုက်မှာ... ပြီးတော့ ငါ ကိုကို့နောက်လိုက်တာ ချစ်သူဖြစ်ချင်လို့မဟုတ်ဘူးနော် .... မင်းတို့အထင်လွဲနေပြီ "

မျက်စောင်းထိုးကာပြောတော့ အွန်ဝူးရော တခြားကောင်တွေပါ သူ့ကိုရယ်သည်။ ပြောချင်တဲ့အဓိပ္ပါယ်က မယုံဘူးဆိုတဲ့သဘော။


" တော်ပြီ ကိုကို့ကိုလိုက်ရှာမယ် မင်းတို့ဘာသာမင်းတို့သောက်ကြ "

" ဟိတ်ကောင် ရမလား !! အတူတူကဲချင်လို့ ခေါ်လာတာပါဆိုနေ ... မင်းဘဲဘဲနောက် မင်းလိုက်လာတာ အလယ်တန်းကတည်းက ...
ခုခဏလောက် ငါတို့နဲ့နေလိုက်ရင် ဘာဖြစ်မှာမို့လဲ ... "

ထထွက်မဲ့သူ့ကိုအတင်းဆွဲတော့ မင်သေသေနဲ့ထိုင်လိုက်ရပြန်သည်။

ကြည့်... သူတို့လုပ်လို့ပဲ ကိုကို့ကို ပေးချင်တာ မပေးရတော့ဘူး...

" ဒါပြီးရင် ဘာဆက်တက်ကြမှာလဲ မင်းတို့တွေ "

အပျော့စားဝိုင်တစ်ခွက်ကို မော့ကာမေးတော့ ပြန်ဖြေလာသူက ဆူဘင်း။

" မင်းကလဲကွာ ဒီနေ့ပဲ အထက်တန်းပြီးတာ ... တက္ကသိုလ်အကြောင်းလာပြောနေပြန်ပြီ... ခေါက်ထားစမ်းပါဦး စာဂျပိုးရဲ့ "

" အေ့လေ ‌ဂျောင်ကု မင်းဟာကလဲ လွန်ကိုလွန်တယ် စော်လေး ဘာလေး ထပ်ထားမှာပေါ့ ..."

တွေ့တိုင်းတွဲတဲ့ဆန်းဟာကလဲ ဝင်ထောက်တော့ သူ ဂျိုကြည့်ကြည့်မိသည်။ အွန်ဝူးကတော့ အသောက်အစားသမားမို့ တမြုံ့မြုံ့နဲ့သောက်သည်။

Dance Floorကအောက်ထပ်မှာမို့ သိပ်မဆူညံပေမဲ့ ပျော်ချင်စရာတော့ကောင်းသား။ ဒါပေမဲ့ တစ်ခုပဲ ကိုကို့ကို သူမတွေ့ရ။ အသက်၂၀ပြည့်မှဝင်လို့ရတဲ့ကလပ်ပေမဲ့ အရင်က ကိုကို့နောက်လိုက်ရင်း တစ်ခါခိုးဝင်ဖူးသည်မို့ သူသိပ်မစိမ်း။ ဝန်ထမ်းတွေပြောတာကြားဖူးသည်က ကိုကိုဟာ ဒုတိယထပ်မှာအမြဲရှိသည်တဲ့။
အခု သူထိုင်နေတာက ဒုတိယထပ်လေ။

" ချောလိုက်တာကွာ~~ မဟုတ်ဘူး .... လှတာလို့ ပြောရမလား ... တော်တော်ကြီး လှတာ Anime ထဲက ဇာတ်ကောင်တွေလိုပဲ ငါ့ကောင်ကြီးအွန်ဝူးထက်ကို ချောတာ "


သောက်နေရင်းနဲ့ စကားလမ်းကြောင်းလွဲကာ ထပြောတဲ့ဆန်းဟာကြောင့် သူမှအပ အကုန်လုံးက အပေါက်ဝဆီအကြည့်ရောက်ပေမဲ့ သူကတော့ အပေါက်ဝကိုကျောခိုင်းထားတာမို့ မမြင်ရ။ လှည့်လဲ မလှည့်ကြည့်မိ။


" တော်တော်မိုက်တာပဲ ဘော်ဒီကအစ .. "

" ယောင်္ကျားလေးတစ်ယောက်ကို အဲ့လို ပြောလို့ရလို့လား လှတယ်လို့လေ... "

" ရတာပေါ့ အွန်ဝူးကိုတောင် ကျောင်းကကောင်မလေးတွေ ချောတယ်ပြောနေကြတာပဲ "

" မတူဘူးလေ ဒါကချောတာ ဟိုဟာက လှတာ ... ကြည့် ... သူ့မျက်လုံး... သူ့နှုတ်ခမ်းတွေ... ပြီးတော့ ဟိုနေရာ ... မက်မွန်သီး.. "


ဆန်းဟာစကားကြောင့် အွန်ဝူး တစ်ချက်ပိတ်ဆော်လိုက်တော့ မှောင်ကုတ်ကုတ်နဲ့ အွန်ဝူးကိုဂျိုကြည့်ကြည့်သည်။

" သူများကို မြင်ရင်ပစ်မှားမယ်ဆိုတာကြီးပဲ ... အဲ့ဒါ မင်းအစ်ကိုအရွယ်လောက်ရှိတယ်မှတ် "

" ငါကအမှန်ပြောတာ မယုံရင် ဂျောင်ကုကိုမေး ... ဒီကောင်က အမှန်တိုင်းဖြေတယ် "

သူ့နာမည်ပါလာတော့ ဝိုင်တွေသောက်နေရင်း ခွက်ကိုချလိုက်မိသည်။

" ဘာလို့ ငါလဲ "

" အေး ဟျောင့် ဂျောင်ကု မင်းခဏလှည့်ကြည့်လိုက် မင်းဘဲဘဲကို မင်း ဆယ်ခါပြန်မေ့သွားမယ် "

ဆန်းဟာစကားကြောင့် ဟုတ်ရဲ့လား ပုံစံနဲ့ သူအနောက်ကိုလှည့်ကြည့်လိုက်သည်။ အပေါက်ဝကိုကြည့်မိတော့ ဘယ်သူမှမတွေ့။

" ငါ့စော်က ဘားဆီရောက်နေပြီဂျောင်ကု "

သူရှာမတွေ့တာသိတဲ့ ဆန်းဟာက စကားထောက်တော့ တစ်ယောက်တည်းအေးဆေးသောက်နိုင်တဲ့ဘားကို သူကြည့်လိုက်မိသည်။ ဘေးတစ်စောင်းအနေအထားမို့ မျက်နှာကိုရှင်းရှင်းလင်းလင်းမမြင်ရပေမဲ့ ဖြောင့်စင်းနေတဲ့နှာတံ... ပါးလျလျနှုတ်ခမ်းတွေရဲ့ ထီမထင်တဲ့အပြုံး... ကောက်နေသယောင်ရှိတဲ့ဆံစတွေ... ရှည်ညွန့်နေတဲ့ မျက်တောင်ကော့ကော့တွေ...

ရုတ်တရက် သူ့ကမ္ဘာကြီးရပ်တန့်ကာ သူ့ကိုယ်သူ နူးညံ့သွားသလို ခံစားလိုက်ရသည်။

" ဂျောင်ကုရေ မက်မွန်သီးကိုကြည့်လိုက် ငါပြောသလိုပဲမဟုတ်လား "


တွေးနေတုန်း ဆန်းဟာ့စကားကြောင့်အကြည့်တွေက အော်တိုမစ်တစ် ထိုနေရာကိုတန်းရောက်တော့ ဟုတ်ပါရဲ့ လှလိုက်တဲ့မက်မွန်သီးလေး။ သူ့တစ်သက်မှာ တစ်ခါမှတောင်မတွေ့ဖူးဘူး။


ဂျောင်ကု တော်စမ်း ဘာတွေကြည့်နေတာလဲ !!

သူ့ကိုယ်သူသတိပြန်ပေးရင်း ထိုခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မျက်ဝန်းလှလှဆီအကြည့်ရောက်တော့ ဖျတ်ကနဲ့ သူ့ကိုလှည့်ကြည့်သည်။ ညှို့ချက်ပြင်းလွန်းတဲ့ထိုမျက်ဝန်းအစုံကိုကြည့်နေရင်းမှတင် သူချက်ချင်းသတိရမိတာက မျက်မှန်လေးရဲ့ပိုင်ရှင်။ သူ့နှလုံးခုန်နှုန်းတွေ အရှိန်မြန်လာသလိုခံစားလိုက်ရသည်။ အဲ့ဒါထက် ပတ်ဝန်းကျင်တစ်ခုလုံးကိုမေ့သွားလောက်အောင် သူ့အသွေးအသားတွေက ဆူပွက်လာရသည်။

နေ့ရက်တိုင်းပြန်တွေ့ချင်လွန်းလို့ တက်နိုင်တဲ့အားလေးနဲ့ရှာခဲ့ရသူကြီး...
ကြယ်ကြွေသည်ဖြစ်စေ မကြွေသည်ဖြစ်စေ ပြန်ဆုံရပါစေဆိုပြီး အကြိမ်ကြိမ်အခါအခါဆုတောင်းခဲ့ရတဲ့အထိ သဘောကျရသူကြီး...
အခု တွေ့မဲ့တွေ့တော့ ဒီလိုအချိန်...

ပျော်ရွှင်မှုတို့ လှိုက်ကနဲ့တက်လာလေလျှင် ဂျောင်ကုမျက်ရည်‌ဝဲမိသည်။ အပျော်လွန်လို့ မျက်ရည်ကျလာတဲ့ပုံစံမျိုး။

" Hyung "

နှုတ်ဖျားကတော့ " Hyung " ဆိုပြီး တိုးတိုးလေးရေရွတ်မိလိုက်သည်။ထိုခဏမှာပဲ အကြည့်ချင်းဆုံနေရင်းနဲ့မှ ထိုလူကြီးကမျက်မှောင်ကြုတ်ကာ သူ့ကို လှလှပပကြီးအကြည့်လွှဲသွားတော့ သူမတ်တပ်ထရပ်လိုက်မိသည်။ ခြေလှမ်းတွေက နှလုံးသားခေါ်ဆောင်ရာနောက်ကို အသိမဲ့စွာလိုက်လေလျှင် လက်ကို လှမ်းဆွဲသူက ချားအွန်ဝူး။

" ဟိတ်ကောင် ဘယ်သွားဖို့လဲ ဂျောင်ကု "

လှမ်းဆွဲလာတဲ့ အွန်ဝူးလက်ကို သူဖြုတ်ချရင်း ကြည်လဲ့နေတဲ့မျက်ဝန်းတွေနဲ့လှည့်ကြည့်ကာ ပြောလိုက်မိသည်က

" ငါ သူ့ကိုရှာတွေ့ပြီ "

ပြေးထွက်သွားတဲ့ဂျောင်ကုကိုတော့ နားမလည်စွာကြည့်နေခဲ့တဲ့သူက ဆူဘင်းရယ် အွန်ဝူးရယ် ဆန်းဟာရယ်...

" ဒီကောင် ဘာဖြစ်သွားတာလဲ "

" မသိလေ ... ဟိုကောင်ရဲ့မက်မွန်သီးကိုကြည့်ပြီးရူးသွားတာလား "

" ‌သူ့ဘဲဘဲကိုမြင်သွားလို့‌ဖြစ်မှာပေါ့ "

အနောက်ကအသံတွေကို ဂရုမစိုက်နိုင်ဘဲ ဂျောင်ကု ထိုလူကြီးအနောက်ကိုလိုက်တော့သည်။ ဘားက စားပွဲထိုးကို မှာစရာရှိတာမှာပြီး လှစ်ကနဲ့ ပျောက်သွားတဲ့ထိုလူကြီးရဲ့ခြေလှမ်းကတော့ တတိယအထပ်မှာအဆုံးသတ်သည်။

" ကောင်လေး မင်းဝင်လို့မရဘူး ဒါအထူးတန်း "

" ဖယ် !! "

သူ့ရှေ့ကိုဝင်တားတဲ့ ဝန်ထမ်းတစ်ဦးကြောင့် Hyungကိုသူကြည့်တော့ ထောင့်ချိုးကာ ပျောက်ကွယ်သွားတဲ့ သူ့Hyung ။

" မင်း ဝင်လို့မရဘူး VIP cardပါမှ ရမယ် ပြီးတော့ ကြည့်ရတာ မင်းအသက်မပြည့်တဲ့ပုံပဲ "

" ဖယ်စမ်းပါ ခင်ဗျားမဖယ်ရင် ကိုကိုနဲ့တိုင်မှာနော် "

" ဘယ်က ကိုကိုလဲ တာဝန်အရ ဝင်မရဘူးလို့ပြောနေတာကို ပြသနာမရှာနဲ့နော် ဒါပေါက်ကရလူတန်းစားအတွက်ဖွင့်ထားတဲ့ကလပ်မဟုတ်ဘူး "

" မသိဘူး... ကိုကိုက ကျွန်တော့်ကိုဒီထဲခေါ်ဖူးတယ် .. ကိုကို့ရုံးခန်းဆီသွားမယ် ဖယ်ပေး ကျွန်တော်ရှာစရာရှိတယ် ဖယ် "

အရှေ့ကနေ ကာဆီးကာဆီးလုပ်နေတဲ့ ဝန်ထမ်းကို စိတ်မရှည်စွာ ဝင်တိုက်ပြီး အထဲဝင်ဖို့ကြိုးစားတော့ ထိုဝန်ထမ်းအစ်ကိုကြီးက သူ့ရှပ်အင်္ကျီနောက်ကော်လံကနေ ဆွဲကိုင်ကာ အရှေ့ကိုပြန်တွန်းထုတ်သည်။

" လုံခြုံရေးမခေါ်ချင်ဘူးကောင်လေး မင်းပြန်တော့ ငါတို့သူဌေးရောက်နေတယ် သူစိတ်အနှောင့်အယှက်ဖြစ်ရင် မင်းသေမှာ သူဌေးက Fighterအကြီးစား "

" သူ့ဟာသူ ဘာပဲဖြစ်ဖြစ်ပေါ့ ကိုကို့ဆီလာတာ ... မဟုတ်သေးဘူး... ပက်ဂျီမင်ဆီ ခေါ်သွားပေး .. "

" ... "

" ပက်ဂျီမင်ဆီခေါ်သွားပေး ကိုကို့ဆီခေါ်သွားပေးဆို "


သူပြောပေမဲ့ သူ့ကိုဒီအတိုင်းကြည့်နေတဲ့ဝန်ထမ်းကြောင့် စိတ်ကမရှည်ချင်တော့။ ထိုးခွဲရိုက်ပြီး အတင်းဝင်ရင်ရပေမဲ့ ခန္ဓာကိုယ်ထိခိုက်ရတဲ့အလုပ်တွေသူမကြိုက်။ အထူးသဖြင့် သူ့ခန္ဓာကိုယ် တခုခုဖြစ်မှာ သူအသေကြောက်ရပါသည်။


" JK? "


ရုတ်တရက် အနောက်နားက ဂျေခေ လို့ခေါ်တဲ့အသံကြားတော့ သူလှည့်ကြည့်လိုက်မိသည်။

" ဂျီဟွန်း Hyung "

ဂျီဟွန်းကိုတွေ့တော့ ကူကယ်ရာရသလို သူဝမ်းသာသွားရသည်။ အရှေ့ကဝိတ်တာလေးကတော့ ဂျီဟွန်းကို ဦးညွတ်နှုတ်ဆက်သည်။

" မင်္ဂလာပါမန်နေဂျာဟွတ် ဒီကောင်လေးက အတင်းအထဲဝင်... "

" အင်း သိပြီ သူ့ကိုငါနဲ့ထားခဲ့လိုက် မင်းလုပ်စရာရှိတာ သွားလုပ်တော့ "

ထိုအစ်ကိုကြီးထွက်သွားသည်ဆိုရင်ဖြင့် သူဂျီဟွန်းhyungကိုကြည့်လိုက်သည်။

" ပက်ဂျီမင်းကိုလာရှာတာပြန်လား ဂျေခေ "


" ဟုတ် "

" ဒါဆို လိုက်ခဲ့ သူ့ရုံးခန်းထိလိုက်ပို့ပေးမယ် ကိုယ်တော့မဝင်တော့ဘူး အလုပ်ရှိလို့ "

" အာ ရပါတယ် .. ကျွန်တော်တစ်ခေါက်ရောက်ဖူးတော့ ကျွန်တော်သွားတတ်တယ် ဂျီဟွန်းHyungသာ လုပ်စရာရှိတာသွားလုပ်တော့ "

သူပြောတော့ ဂျီဟွန်းhyungက ကောင်းသားပဲဆိုတာ ထွက်သွားတော့သည်။ ပထမတစ်ခါလာကတည်းက‌ ဂျီဟွန်းhyungနဲ့ဆုံဖူးသည်မို့ သူနဲ့ ဂျီဟွန်းhyungက ခင်ကြသည်။ အထူးသဖြင့် သူကကိုကို့နောက်ကိုတကောက်ကောက်မို့ ဂျီဟွန်းhyungက သူ့ကို ယုံကြည်နေတာလဲဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ကိုကို့နဲ့မဆုံတာ တစ်ပတ်ကျော်လောက်ရှိပြီပဲ ကိုကို့ဆီသွားပြီး ခုနက သူ‌ရဲ့hyungအကြောင်း စုံစမ်းပါမည်။ အနည်းဆုံး CCTVကနေတော့ တစ်ခုခုရမှာပေါ့။


ကိုကို့‌ရုံးခန်းရှေ့ရောက်တော့ သူပြုံးရင်း တံခါးလက်ကိုင်ကိုဆွဲလှည့်ကာ အခန်းထဲဝင်လိုက်သည်။ ထို့နောက် ကိုကိုထိုင်နေကျ စားပွဲနေရာကြည့်မိတော့ သူ့မျက်ဝန်းတွေပြူးသွားရသည်။

စားပွဲကိုကျောပေးကာ စားပွဲပေါ် တင်ပါးပစ်ကာထိုင်နေတဲ့လူတစ်ယောက် ။
ဂျာကင်တစ်ထည်က ကြမ်းခင်းပေါ်ခနေပြီး ထိုလူကြီးကတော့ ပခုံးသားနုနုတွေနဲ့ သိမ်းဖက်ချင်စရာကျောပြင်ကြီးပေါ်တဲ့အထိ အင်္ကျီကိုဆွဲချထားသည်။စားပွဲအနားသတ်ကို ဆုပ်ကိုင်ထားပုံအရ ထိုလူသည် တစ်ခုခုကို တင်းခံနေပုံပေါ်သည်။ မျက်နှာကို မမြင်ရပေမဲ့ ရင်းနှီးနေတဲ့ဒီဆံပင်ပုံစံ။

သူတစ်လှမ်းထပ်လှမ်းတဲ့အချိန်မှာပဲ ထွက်လာတဲ့ မပီမသ ညည်းညူသံကြောင့် သူ့အကြည့်တွေက ထိုကျောဖြူဖြူပေါ်ကို ဖျတ်ကနဲ့ရောက်သည်။ သူ‌သေချာပြန်ကြည့်မိတော့ ခရမ်းရင့်ရောင်အကွက်တွေက လည်တိုင်ကနေ ပခုံးသားအဆုံးထိရှိသည်။ ဖြူအုနေတဲ့ကျောပြင်ပေါ်မှာ‌တော့ သွားရာတွေက အကွင်းလိုက်...။ သူ ထိုမြင်ကွင်းကိုမျက်လုံးပြူးပြီးကြည့်မိသည်။

ထိုခဏ ထိုလူကြီးရဲ့ခါးကြားကနေ စားပွဲပေါ်ကို လှမ်းလာတဲ့ လက်တစ်ဖက် ။

" တော်ပြီ ဂျီမင် ဒါ.. ငါ့ဟာငါပဲလုပ်ယူမယ် "

ထိုလူကြီးဆီက ထွက်လာတဲ့နာမည်ပိုင်ရှင်ကြောင့် သူပိုပြီးလန့်သွားရသလို ထိုလက်ကိုသေချာကြည့်မိတော့ ကိုကို့လက်။

" ကိုကို !!! "

စိုးရိမ်တကြီး သူခေါ်မိတော့ ထိုလူကြီးအကွယ်ကနေ ထွက်လာတဲ့ ကိုကို့ခေါင်း။ သူ့ကိုမြင်တော့ သူခိုးလူမိသလို တုန်လှုပ်သွားတဲ့ကိုကို့မျက်ဝန်းတွေ။

" ဂျောင်ကု ... "

ကိုကို့ရဲ့တအံ့တဩခေါ်သံကြောင့် ကျောခိုင်းထားတဲ့လူကြီးပါ လှည့်ကြည့်တော့ သူ ထိုနေရာမှာတင် အသက်ရှူသံတွေရပ်တန့်သွားသည်။

Hyung!!!

ကိုကိုနဲ့ Hyungကဘာတွေလဲ

" ဂျွန်ဂျောင်ကု မင်း ဘာလာလုပ်တာလဲ "

စားပွဲအနောက်ကနေ ဒေါသတကြီးထွက်လာတဲ့ ကိုကိုကတော့ ထုံးစံအတိုင်း စကားစပေမဲ့ သူကတော့ Hyungရဲ့မျက်ဝန်းလှလှတွေကိုပဲ ငေးမိသည်။ Hyungက‌တော့ ထွေထွေထူးထူးမဟုတ်တဲ့ပုံနဲ့အကြည့်လွှဲကာ ပခုံးထိကျဆင်းနတဲ့ရှပ်အင်္ကျီကိုပြန်ဆွဲတင်ပြီး ကြယ်သီးတွေ ပြန်တပ်နေတာကို သူ့တွေ့လိုက်သည်။

သူစိမ်းယောင်္ကျားတစ်ယောက်က ဒီလိုပုံနဲ့Hyungကိုမြင်တာ တကယ် Hyungက ဘာမှမဖြစ်ဘူးလား ...။


" ငါမေးနေတယ်လေ ဂျွန်ဂျောင်ကု!!! မင်း ဒီကို မလာဖို့ ငါဘယ်နှစ်ခါပြောရမလဲ "

ခါတိုင်းလိုပဲ ဆူဆဲတော့တဲ့ကိုကို့စကားကို သူနားမဝင် ။ သူ့အရှေ့မှာ ပေါ့ပေါ့ပါးပါးလေးရှိနေတဲ့ အလှတရားကိုပဲ သူစိုက်ကြည့်မိသည်။

ကြယ်သီးတွေတပ်ပြီးသွားလို့နဲ့တူတယ် စားပွဲ‌နောက်ကနေအရှေ့ကို ထွက်ကာ ဆိုဖာပေါ်ဝင်ထိုင်ရင်း အရက်တစ်ခွက်ကို လှမ်းသောက်လိုက်တဲ့ Hyung!! သူနဲ့ကိုကို့ကိုတော့ မရှိတဲ့ပုံလိုသာ သတ်မှတ်ထားသည်။

" ကိုကို.. Hyungက.. မဟုတ်သေးဘူး ... သူက.. "

ထယ့်ကို မျက်တောင်ခတ်တမ်းစိုက်ကြည့်ပြီးမေးလာတဲ့ဂျောင်ကုကို ဂျီမင် ပြန်မဖြေချင်။ ဂျီမင် ဒီကောင်လေးဂျွန်ဂျောင်ကုကို သူ့ပြသနာတွေအားလုံးမသိစေချင်။ နဂိုကတည်းက နောက်ကတကောက်ကောက်လိုက်နေတာ ။အကြောင်းစုံသာသိလို့ကတော့ သူ့ရင်ခွင်ထဲမှာ ဂျီမင်ကို ဖွက်ထားမဲ့ပုံပင်။

" ငါနဲ့လိုက်ခဲ့ ဂျွန်ဂျောင်ကု "

" ဟအင်း ဒီမှာပဲ နေမှာ .. "

ဂျောင်ကုငြင်းပေမဲ့ လက်ကိုအတင်းဆွဲပြီးထွက်သွားတဲ့ဂျီမင်ကြောင့် အနောက်ကနေ ယက်ကန်ယက်ကန်လေးပါသွားရသည်။ဂျောင်ကုအကြည့်တွေကတော့ နားတွဲလှလှလေးနဲ့ ဆိုဖာပေါ်မှာထိုင်နေတဲ့ အရုပ်လေးဆီကနေ နည်းနည်းမှမခွာခဲ့။

ဝုန်းကနဲ့ ဆောင့်ပိတ်လိုက်တဲ့ တံခါးပိတ်သံအဆုံးမှာတော့ ကိုင်ထားတဲ့အရက်ခွက်ကို ထယ်ယောင်း စားပွဲအသေးလေးပေါ်ပြန်တင်လိုက်သည်။ ထို့နောက် တင်းခံထားသမျှ အရာတွေအကုန်လုံး ဖြေလျော့ဖို့အတွက် သက်ပြင်းချလိုက်သည်။ မျက်ဝန်းထဲမှာတော့ ထိုအမည်မသိကောင်လေးရဲ့ အကြည့်စူးစူးတွေက လုံးဝမထွက်။

" အဟက် !! ကင်‌ထယ်ယောင်း... မင်းက သောက်ရှက်တောင်မရှိတော့ဘူးပဲ... ဒီလိုပုံစံကြီးကိုမှ... မြင်သွားရတယ်လို့ ... အဟား..."

နာကျင်စွာရယ်လိုက်တဲ့ရယ်သံဖျော့ဖျော့တွေက
အခန်းလေးထဲ တလွင့်လွင့်။ သူ့ရဲ့ရွံစရာကောင်းတဲ့ပုံရိပ်ကို တတိယမြောက်မြင်သွားခဲ့တဲ့သူက အမည်မသိတဲ့ မျက်ဝန်းလှလှ ယုန်သွားလေးနဲ့ကောင်လေးတစ်ယောက်။

💠💠💠


" ကိုကို သူက... "

" ဘာကိစ္စ မင်းသဘောနဲ့မင်း သွားလာနေရတာလဲ ဂျောင်ကု "

" မဟုတ်ဘူး ကျွန်တော် ကိုကို့ဆီလာတာ... ပြီးတော့သူက ... "

" မင်း သိစရာမလိုဘူး ဂျောင်ကု "

" ဟအင်း သိချင်တယ် ကျွန်တော်ကိုကို့ဆီလာတာ သူ့အကြောင်းသိချင်လို့ ... ကျွန်တော် အဲ့Hyungကို သဘောကျတယ် "


ဂျောင်ကုစကားသံအဆုံး ဂျီမင် ရုတ်တရက်ကြောင်ပြီးကြည့်မိသည်။

ဘာပြောလိုက်တယ် ... ဂျောင်ကုက ဘာပြောလိုက်တယ?

" ဘာ!! သဘောကျတယ်? "

" ဟုတ်တယ် ကိုကို ကျွန်တော် သူ့ကို သဘောကျတယ် ကျွန်တော် သူ့ကိုရှာနေတာ တစ်နှစ်နီးပါးရှိပြီ ကိုကို အဲ့ဒါကြောင့် သူကဘယ်သူလဲ ကိုကို ကျွန်တော့်ကိုပြောပြ... "

ကလေးလေး သိချင်တာကို မေးနေတဲ့ပုံလို မျက်စိသူငယ်နားသူငယ်ပုံမျိုးလုပ်တော့ ဂျီမင်းအကြောတွေ ထောင်တဲ့အထိ စိတ်တိုသွားရသည်။ အစကတည်းက ‌ဂျွန်ဂျောင်ကုနဲ့ပတ်သတ်ရင် သူဟာ စိတ်အတိုဆုံးလူသားမို့။

" မရဘူး ဂျောင်ကု မင်း သူ့ကို ချစ်လို့မရဘူး ဂျောင်ကု သူက ငါ့ကောင်လေး ... ငါတွဲနေတဲ့ ငါ့ကောင်လေးကွ "

ခါးထောက်ကာပြောလာတဲ့ ကိုကိုဂျီမင်းကြောင့် ဂျောင်ကု မျက်မှောင်ကြုတ်လိုက်သည်။

" မဟုတ်ဘူး ကိုကိုလိမ်နေတာ ... ကိုကို့ဆီမှာ အစ်ကို ယွန်ဂီတစ်ယောက်ပဲရှိတာ... ကိုကို ကျွန်တော့်ကို လာမလိမ်နဲ့ ကိုကို မဖြေရင် ကျွန်တော့်ဘာသာ သွားမေး... "

" မမေးနဲ့ အမှန်ပဲကောင်လေး ... ဂျီမင်းက ငါ့ချစ်သူ "

ရုတ်တရက်ထွက်လာတဲ့ ဩရှရှအသံပိုင်ရှင်ကြောင့် ဂျီမင်းရော ဂျောင်ကုပါ အသံလာရာဆီလှည့်ကြည့်လိုက်သည်။ လှပလွန်းတဲ့အရုပ်လေးတစ်ရုပ်ကတော့ ဂျီမင်းခါးကို သူ့ကိုယ်နဲ့ဆွဲကပ်ကာ ဂျီမင်း နှုတ်ခမ်းထူထူတွေထက် ဖိကပ်ခြွေချလိုက်တဲ့ အနမ်းတစ်ပွင့်။ ဂျောင်ကုနေရာမှာပဲ ကြက်သေသေနေသလိုဖြစ်သွားရသည်။


" လိမ်နေတာ ကိုကိုက အစ်ကိုယွန်ဂီကိုပဲချစ်တာ ... ကျွန်တော်သိတယ် ကိုကိုက အစ်ကိုယွန်ဂီကို ချစ်ရဲ့သားနဲ့ ဘာလို့ ကျွန်တော် သဘောကျတဲ့ လူနဲ့မှလဲ "

အရှေ့က နို့နံ့မစင်သေးပုံရတဲ့ ချစ်စရာအကောင်သေးသေးလေးကို ထယ်ယောင်း‌မျက်မှောင်ကြုတ်ကာကြည့်လိုက်သည်။ ဂျီမင်းရဲ့ ဘာလဲ မသိပေမဲ့ ဒီကလေးဟာ ‌အလိုလိုက်ခံထားရပုံတော့ပေါ်ပါသည်။ ပြီးတော့ လူပုစိတ်တိုပတ်ဂျီမင်းဟာလဲ ဒီအကောင်ပေါက်ကို ခပ်ကြမ်းကြမ်းအော်ငေါက်ပေမဲ့ စကားပြောနေတဲ့လေသံတွေမှာ တစ်ခုခုကို သူခံစားမိသည်။ ပြီးတော့ သူ့ကို သဘောကျတယ်?? အခုလေးတင် ရွံစရာမြင်ကွင်းနဲ့ မြင်လိုက်တဲ့ လူတစ်ယောက်ကိုလေ... ရူးနေတာပဲနေမှာ....

" ဂျွန်ဂျောင်ကု !! တော်လိုက်တော့ အိမ်ပြန် ... မဟုတ်သေးဘူး... တခါတည်း ဂျပန်ပြန် !! "

" မပြန်ဘူး ကျွန်တော့်မှာအိမ်မရှိဘူး ကိုကို ... ကျွန်တော့်ကို သူတို့ပစ်သွားပြီ ... ကျွန်တော် ကိုကိုနဲ့ပဲ နေမှာ ... ကျွန်တော် ကိုကိုနဲ့နေချင်လို့ .. ကျွန်တော် အကုန်လုံး စွန့်လွှတ်ပြီး လိုက်လာတာ နှင်ထုတ်ဖို့မကြိုးစားနဲ့ "


ပြောရင်းဆိုရင်း ခါးထောက်ထားတဲ့ဂျီမင်းလက်ကိုဆွဲကာ နေခွင့်ပေးဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်သည်။ ဂျီမင်းကတော့ စိတ်ရှုပ်တာမို့ လက်ကိုခါချတော့ တင်းတင်းကျပ်ကျပ်ထပ်ဆုပ်ကိုင်လာတဲ့ကောင်လေး။

အရှေ့ကနှစ်ယောက်ကို ထယ်ယောင်းကြည့်ပြီးစိတ်ရှည်ချင်တော့တာမဟုတ် ။ ဂျီမင်းနဲ့သောက်ချင်လို့ လာပါတယ်ဆိုမှ ကလေးကလားတွေနဲ့လာတွေ့နေရတယ်။

" မင်း လက်ကို ဖယ်စမ်း "

ဂျီမင်းလက်ကို ဆုပ်ကိုင်ထားတဲ့ထိုကောင်လေးလက်ကို ဆွဲချတော့ သူ့ကို တအံ့တဩကြည့်ပြန်တဲ့ကောင်လေး။

" ဒါဆို Hyungလက်ကို ကျွန်တော်ကိုင်မယ် "

ပြောင်စပ်စပ်ရုပ်နဲ့ သူ့ဘေးနားရောက်ကာ သူ့လက်ကို လာကိုင်တဲ့ကောင်လေး။ စိတ်တိုပြီး ဆွဲထိုးလိုက်ချင်ပေမဲ့ သူ့လက်ရှည်ရှည်တွေကို လာကိုင်တဲ့ ထိုကောင်လေးရဲ့ လက်ဖျားအေးအေးတွေကြောင့် သူငြိမ်သက်သွားရသည်။

ဒါ ဘာကြီးလဲ ထူးဆန်းတဲ့ခံစားချက်!!!

ဂျီမင်းကတော့ ဂျောင်ကုကိုကြည့်ပြီး ထိန်းမနိုင်တော့ဘူးဆိုတာ သူအတပ်သိသည် ။ တခါတလေ ပြောရလွယ်သလောက် တစ်ခါတလေ နှစ်ပိုင်းချိုးပစ်ချင်လောက်အောင် စိတ်တိုရပါတဲ့ ဂျွန်ဂျောင်ကု ......


" ငါ မင်းကို လုံခြုံရေးခေါ်ပြီးဆွဲထုတ်မယ် "


အချဉ်ပေါက်လာတဲ့မျက်ဝန်းတွေနဲ့ဂျောင်ကုကိုကြည့်ကာ ဖုန်းဆက်ဖို့ပြင်တော့ အပြေးအလွှားအနားရောက်လာတဲ့ ဝန်ထမ်းတစ်ယောက်ကြောင့် ဂျီမင် လက်တွေရပ်တန့်သွားသည်။


" သူ... သူဌေး ... အောက်ထပ်မှာ လူတစ်ယောက်သောင်းကျန်းနေလို့ ... အဲ့ ဒါ ... "

" ဒီလောက်လေးတောင် မထိန်းနိုင်ဘူးလား . "

" သူက သူဌေးကို မခေါ်ပေးရင် အကုန်လုံးဖျက်ဆီးပစ်မယ်ပြောတယ် သူဌေး... မင် ယွန်ဂီ... မင်ယွန်ဂီလို့ပြောလိုက်ပါတဲ့ ... "


ထိုဝန်ထမ်းလေးစကားကြောင့် ဂျီမင်းမျက်ဝန်းတွေတုန်လှုပ်သွားသည်။ ထယ်ယောင်းက သိသည်မို့ ဂျီမင်းကိုကြည့်ကာ...

" မင်း မသွားနဲ့ ငါသွားမယ် ဂျီမင်း "

ဘေးနားက အကောင်ပေါက်စရဲ့လက်ကို ခါချပြီး သွားဖို့ကြိုးစားတော့ နောက်ကနေလိုက်လာတဲ့ဂျီမင်း။

" မဖြစ်ဘူး ထယ်ယောင်း ငါ့ကို တွေ့မှ သူရပ်မှာ ငါသွားမှဖြစ်မယ် မင်းနေခဲ့ "


" ကျွန်တော်ရော လိုက်မယ်လေ .. "

သူတို့နှစ်ယောက်အနောက်ကို ပြေးလိုက်လာတဲ့ ကောင်ငယ်လေးကိုတော့ ဂရုမစိုက်စွာ ထားခဲ့မိလိုက်တော့သည်။ သူတို့သုံးယောက်လုံး ပြေးဆင်းသွားမိတာက အောက်ဆုံးထပ်ဖြစ်တဲ့ Dance Floor ...

အောက်ထပ်ရောက်ရောက်ချင်း မြင်လိုက်ရတာက အလဲလဲအကွဲကွဲဖြစ်နေတဲ့ပစ္စည်းတစ်ချို့နဲ့ ဒဏ်ရာရထားတဲ့ ဝန်ထမ်းတစ်ချို့...။

ဒါတောင် တစ်ခြားတစ်ယောက်ကို ဆွဲထိုးဖို့ လက်လှမ်းနေတဲ့ ဖြူစုတ်စုတ်ကောင်။ ထိုအမြင်ကပ်စရာအကောင်ကို ထယ်ယောင်း ဆွဲ လှည့်ရင်း တစ်ချက် ပစ်ကျွေးလိုက်မိတော့ အနောက်ကနေလာဆွဲတာက ပက်ဂျီမင်း။ အရှေ့က ကောင်ကတော့ သွေးထွက်သွားတဲ့နှုတ်ခမ်းစကို သုတ်ပစ်ပြီး သူ့ကို ကြည့်ကာ သူ့အနောက်က ပက်ဂျီမင်းကို စူးစိုက်ပြီး ကြည့်သည်။

" ပက်ဂျီမင်း!! ဒီကိုလာ ... "

အထိုးခံထားရတာတောင် စိတ်လျော့လိုက်တဲ့ပုံနဲ့ ခါးထောက်ပြီး မျက်ဝန်းတွေနဲ့ လာခဲ့လိုက် လှမ်းခေါ်သည်။ သို့ပေမဲ့ ဂျီမင်းက နည်းနည်းလေးတောင် မလှုပ်။

" ငါအေးဆေးခေါ်နေတုန်းလာ... မဟုတ်ရင် မင်းအကောင်ကို ငါဆွဲထိုးမိမယ် ဂျီမင်း .. "


ထယ်ယောင်းကို ကြည့်ပြီးပြောတာမို့ ထယ်ယောင်း တစ်ချက်ရယ်ရင်း ရှေ့တစ်လှမ်းတိုးကာ အလစ်မှာ ဒုတိယအကြိမ်အဖြစ် ထပ်ထိုးပြန်သည်။

" ( ခွပ် ) "

ဒီတစ်ခါတော့ ငြိမ်မခံတော့ဘဲ ချက်ချင်း ထယ်ယောင်းဘက်ကိုလှည့်ကာ ဆွဲထိုးတော့ ...


" အ့ "

သေချာပေါက် မင်ယွန်ဂီရဲ့လက်သီး တစ်ချက်လောက် ထိမယ် ထင်ခဲ့ပေမဲ့ တကယ့်လက်တွေ့မှာတော့ အသားတစ်စက်မှမထိခဲ့။ ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိဘဲ သူ့အစား အရှေ့ကနေ ကာပြီး အထိုးခံလိုက်တဲ့ ကောင်ငယ်လေး... ။ ထိုကောင်လေးနာမည်ကို ထယ်ယောင်းမသိပေမဲ့ ဂျီမင်းနှုတ်ဖျားက နာမည်တစ်ခုကိုတော့ ကြားလိုက်ပါသည်။


" ဂျောင်ကု !!! "

အထိုးခံလိုက်ရတဲ့ကောင်လေးကြောင့် ဂျီမင် စိတ်ပူသွားပေမဲ့ ထယ်ယောင်းကတော့ စိတ်ရှုပ်သည်။

အစကတည်းက သုံးပွင့်ဆိုင် ရှင်းနေတာကို ဒီကောင်က ဘာလာဝင်ရှုပ်ရတာလဲ လူကိုကြည့်တော့ ပျော့တိပျော့ဖက်နဲ့...


" အဟက် ပက်ဂျီမင်း!!! မင်းက ဒီနှစ်ကောင်နဲ့ ပျော်ပါးနေလို့ ငါ့ဆီမလာနိုင်တာပေါ့လေ ဟုတ်လား ... ကင်ထယ်ယောင်းက ထားပါတော့ ... ဒီကလေးသာသာအကောင် ဂျွန်‌ဂျောင်ကုလောက်တောင် ငါကအဖြစ်မရှိလို့လား...

ဖြေစမ်း ဂျီမင် "

" မဟုတ်ဘူး အဂီHyung .. ကျွန်တော်က .. "

ထိုးခံထိထားတာတောင် အသံထွက်လာတဲ့ဂျောင်ကုကြောင့် ယွန်းဂီလက်တွေ ဂျောင်ကုရဲ့ရှပ်အင်္ကျီကော်လံပေါ်ကျရောက်သွားရတော့သည်။

" မင်းပါးစပ်ကိုပိတ်ထား ဂျွန်ဂျောင်ကု .... ကလေးဆိုပြီး အရင်ကလို ညှာနေမှာမဟုတ်တော့ဘူး "

ပြောရင်းဆိုရင်း ဂျောင်ကုမျက်နှာကို သူ့နဲ့နီးအောင်ဆွဲကပ်တော့ ချက်ချင်းအနားရောက်လာသူက ပက်ဂျီမင်း။ ဂျောင်ကုကိုဆွဲကိုင်ထားတဲ့ယွန်ဂီ့လက်တွေကို ဆွဲဖြုတ်ကာ ပူးကပ်နေတဲ့ခန္ဓာကိုယ်အနေအထားကို ဆွဲခွာပြီး ဂျောင်ကုရှေ့ဝင်ရပ်မိတော့ ယွန်ဂီ့ဒေါသတွေက ထောင်းကနဲ့...။


" မင်ယွန်ဂီ ... ဂျောင်ကုကိုမထိနဲ့ "

" မထိစေချင်ရင် ငါ့နဲ့လိုက်လာ ပက်ဂျီမင် "

ပြောပြောဆိုဆို ဂျီမင်းလက်ကောက်ဝတ်ကနေ ဆွဲပြီး ခြေလှမ်းကျဲတွေနဲ့ ထွက်သွားတဲ့ယွန်ဂီ။ ထယ်ယောင်းလိုက်ဖို့ ကြိုးစားလိုက်ပေမဲ့ အကောင်ပေါက်က အနောက်ကနေ လှမ်းဆွဲသည်။ ထို့အတူ ဂျီမင်းကလဲ သူ့ကို လိုက်မလာဖို့တားသည်။ အကယ်၍ သူသာ လိုက်သွားရင် မင်ယွန်းဂီနှင့် သတ်ပွဲဖြစ်နေမှာ...။


ရှုပ်ပွနေတဲ့ ထိုင်ခုံတွေကို ထယ်ယောင်း စိတ်တိုတိုနဲ့ကန်ကျောက်ရင်း ဘားမှာဝင်ထိုင်မိတော့ အနောက်ကကပ်ပါလာတဲ့ အကောင်ပေါက်။ ထယ်ယောင်း လှည့်မကြည့်မိသလို စကားလဲ မပြောဖြစ်။ နာမည် မမှတ်မိသော ထိုအကောင်ပေါက်က သူ့ဘေးမှာထိုင်ရင်း ဘာတစ်ခွန်းမှ မပြောဘဲ ငြိမ်ငြိမ်လေးနေသည်။ သူသောက်သမျှ လိုက်မှာကာ မသောက်ဘဲ သူ့ကိုသာကြည့်နေသည့်အကောင်ပေါက်စ။


ဒီလိုဆိုတော့လဲ မဆိုးဘူး... ဘေးနား ပူညံပူညံ လာမလုပ်တာပဲတော်တော် ဟုတ်နေပြီ။

ဒါနဲ့ နေပါဦး... ပက်ဂျီမင်းနဲ့ ဘာတော်တာလဲ


" ဟေ့... မင်း.... ဂျီမင်းနဲ့... မင်းက ဘာတွေလဲ "

တစ်ခွက်ပြီးတစ်ခွက်မော့နေတဲ့ အလှလေးက ရုတ်တရက် သူ့ကိုလှည့်ကြည့်ကာ မေးငေါ့လာသည်ဆိုရင်ဖြင့် မဆီမဆိုင် မျက်နှာက ရှိန်းကနဲ့ ...။

" ဟို... ကျွန်တော်... ကျွန်တော်က ကိုကို့နောက်ကို လိုက်နေတဲ့သူ ... "


သူ့အဖြေကြောင့် မျက်မှောင်ကြုတ်သွားတဲ့ သဘောကျရသူလူသား။ မယုံသလိုကြည့်လာတဲ့မျက်ဝန်း‌တွေကို မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့ပြန်ကြည့်မိတော့ ဖျော့တော့သွားတဲ့မျက်ဝန်းပိုင်ရှင်က သူ့ကိုအကြည့်လွှဲသွားသည်။

" Hyung ... Hyungကရော ကိုကို့နဲ့ဘာတော်လဲ "

ရုံးခန်းထဲကအနေအထားကို မြင်ထားတာတောင် ထပ်မေးလာတဲ့ အကောင်ပေါက်စနကြောင့် ထယ်ယောင်း ဝီစကီ တစ်ခွက်လုံးမော့ပစ်လိုက်သည်။

ဘာပြန်ဖြေရမလဲ ? ချစ်သူ ? သူငယ်ချင်း ? အချိန်ပိုင်းငှားထားတဲ့ကောင်လေး ? အတူတူနေတဲ့သူ ? မဟုတ်ပါဘူး သူ့ချစ်သူလို့ သူပြောထားပြီးပြီလေ...

" မင်း ဘယ်လိုထင်လဲ "

သူ့အမေးကြောင့် အကောင်ပေါက်က သူ့ဘက်ကိုတစ်ကိုယ်လုံးလှည့်လာကာ ထိုင်နေတဲ့ခုံပေါ်လက်ထောက်ပြီး သူ့အနားကပ်လာသည် ။ ထို့နောက် ဝတ်ထားတဲ့ အပေါ်ထပ်ကိုချွတ်ကာ ရုတ်တရက် ချိုင်းအောက်ကနေ သူ့ခါးကို သိုင်းဖက်ရင်း ထိုအပေါ်ဝတ်ကို သူ့ခါးထက် ချည်နှောင်တော့ နားမလည်စွာနဲ့ ထယ်ယောင်းကြည့်လိုက်မိသည်။ ထိုကောင်လေးရဲ့ မျက်ဝန်းတွေကတော့ သူ့ဆီမှာမဟုတ်။ သူ့နောက်က တစ်နေရာရာဆီ အကြည့်ရောက်နေတာဖြစ်သည်။ သူလဲ လိုက်ပြီးလှည့်ကြည့်မိတော့ မလှမ်းမကမ်းမှာရှိနေတဲ့ဝိုင်းက ပြုံးစိစိ ပြီတီတီလုပ်နေတဲ့ ကောင်လေးသုံးယောက်။ ပေါက်စနကိုကြည့်ကာ ပြုံးစိ ပြုံးစိနဲ့စနေတာမို့ ပေါက်စနရဲ့အသိတွေထင်သည်။

" ဆောရီး Hyung.. မကြည့်သင့်တဲ့နေရာ ဒီကောင်တွေကြည့်နေလို့ ... "


" အသိတွေလား "

" အဲ့တာထက်ပိုတယ် Hyung "

ထို့နောက် ဘာမှ ထပ်မပြောဖြစ်သလို သူကိုယ်တိုင်လဲ သောက်စရာရှိတာကို ဆက်သောက်သည် ။ ဘေးနားက အကောင်ပေါက်ကလဲ ပုံမှန်အတိုင်း အနားမှာတိတ်တိတ်လေးပဲ ထိုင်သည်။ ဘာကြောင့်ရယ်တော့မသိ ထယ်ယောင်း ဒီကောင်လေးကို စိတ်မရှုပ်မိ... ဘေးမှာ ဂျီမင်းရှိတဲ့နေ့မှသာ စိတ်ချလက်ချသောက်ပစ်မိပေမဲ့ အခုတော့ ထိုကောင်လေးကို ဂျီမင်းလို စိတ်ချနေမိသည်။ အဓိကက ဂျီမင်းအထိမခံတဲ့ကောင်လေးမို့လို့လဲ ဖြစ်သည်။

ဂျီမင်းနဲ့ ဒီကောင်လေးက ဘာမှန်းမသိပေမဲ့ ထိုကောင်လေး မင်ယွန်းဂီ လက်နဲ့ထိတုန်းက ဂျီမင်းမျက်ဝန်းတွေစိုးရိမ်သွားတာ သူအသိ။

" တော်လောက်ပြီ ထင်တယ် Hyung များနေပြီ ... ကျွန်တော်ပြန်ပို့ပေးမယ်လေ "

နောက်တစ်ပုလင်းလှမ်းနေတဲ့သူ့လက်တွေ လက်ကောက်ဝတ်ကနေ အသာအယာအကိုင်ခံလိုက်ရသည်။ သူကြည့်လိုက်မိတော့ ဂျောင်!!!
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ... ဂျောင်က သူ့အနားမှာ ဘယ်တော့မှမရှိဘူး ... အမြင်မှားနေတာ ...
ဂျီမင်းကို ဂျောင်လို့ ထင်နေတာပဲနေမှာ .... ဒါပေမဲ့လဲ .. အထင်မှားချင်တယ် ...

မဟုတ်ဘူး .... ထယ်ယောင်း ဘာတွေးနေတာလဲ ဂျောင်က အရင်ကလို မင်းချစ်ရတဲ့ဂျောင် မဟုတ်တော့ဘူး....

" ဂျောင်... ငါမင်းကို ဂျောင်လို့ မြင်နေတယ် ဂျီမင်းရေ "

သူ့လက်ကို ကိုင်ထားတဲ့ဂျောင့်လက်တွေကိုမရုန်းဘဲ မြင်နေရတဲ့ မျက်နှာကို လက်ဖျားလေးနဲ့
ထိတွေ့မိတော့

" အွန်း ကျွန်တော်က ဂျောင်ပဲလေ ... ပြန်ကြရအောင် ဘယ်မှာနေလဲ ကျွန်တော်လိုက်ပို့ပေးမယ် အိမ်ခေါ်သွားချင်ပေမဲ့ ကျွန်တော့်မှာ အိမ်မရှိဘူး ကိုကိုနဲ့ကပ်နေမလို့.. ဒါပေမဲ့ ကိုကိုက အဂီHyungနဲ့ လိုက်သွားပြီ "

စကားများနေတဲ့ဂျောင်ကို ထယ်ယောင်းကြည့်ပြီး လွတ်လပ်စွာ လေးထောင့်ဆန်ဆန်လေးပြုံးမိသည်။ သူ ဒီလိုမပြုံးရတာ မမလက်ထပ်ပြီးကတည်းက .... ။

ရုတ်တရက် သူ့မျက်နှာကိုလက်ဖျားလေးနဲ့ကိုင်နေရင်း ပြုံးပြလာတဲ့ Hyungကြောင့် သူ့မျက်လုံးတွေ ဝိုင်းစက်သွားသည်။ တလောကလုံးမှာ Hyungတစ်ယောက်တည်းရှိသလို ထွန်းလင်းနေတဲ့ အပြုံးတွေကြောင့် မြန်နှုန်းမြင့်လာတဲ့နှလုံးသားလေးနဲ့ ပူရှိန်းလာတဲ့မျက်နှာ...။ တစ်ဖက်ကကြည့်မယ်ဆိုရင် နီရဲနေမှာအမှန်။

" ကဲ.... ပြန်မယ် ... ဂျီမင်းရေ ... ပြန်မယ် ... ငါပင်ပန်းနေပြီ ... ဘယ်သူ့ကိုမှမသောင်းကျန်းနိုင်တော့ဘူး ... "


ပြောပြီးတာနဲ့ မတ်တပ်ထရပ်တဲ့ Hyungကြောင့် သူပါ လိုက်ရပ်မိပြီး ယိုင်တိ ယိုင်တိုင် ဖြစ်နေတဲ့Hyungကို တွဲထူလိုက်သည်။ ထို့နောက် Hyungက သူ့ပခုံးပေါ်လက်တင်ကာ ခေါင်းလေးစောင်းရင်း သူခေါ်ရာကို လိုက်ခဲ့သည်။

" ဘယ်ကိုပို့ပေးရမလဲ Hyung !! "

သူမေးတော့ မပွင့်တပွင့်မျက်လုံးတွေနဲ့အတူ စိတ်ရှုပ်နေပုံရတဲ့ လေသံနဲ့ပြန်ဖြေလာသည်။

" ဂျီမင်းရာ... မင်း အိမ်လိပ်စာကိုတောင် မင်းမေ့နေတာလား "

" ဟမ် ဂျီမင်းနဲ့တစ်အိမ်တည်းနေတာလား... Hyung က... "


သူမေးနေပေမဲ့ ထပ်မဖြေလာတော့သော Hyungကြောင့် သူခဏစဉ်းစားလိုက်မိသည်။ ဒါဆို ကိုကို့အိမ်ကို သူပို့ပေးရမယ်ပေါ့။ သူလဲ ကိုကို့အိမ်မှာ နေမလို့ မားမားဆီတောင် မပြန်ဘဲ ဟန်းဂုမှာနေခဲ့တာလေ...။


ဂျောင်ကု ဘာမှရှည်ရှည်ဝေးဝေးမစဉ်းစားတော့ဘဲ တက္ကစီတစ်စီးကိုလှမ်းတားလိုက်သည်။ အိမ်ပေါ်က ဆင်းလာကတည်းက အဝတ်အစားရယ် ပိုက်ဆံအနည်းငယ်သာ ယူလာသည်။ ကိုကို့နားမှာနေမယ်ဆိုတဲ့စိတ်တစ်ခုနဲ့ ကိုကိုလုပ်တာ လိုက်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပင်။

Hyungကို သယ်ရင်း ကိုကို့တိုက်ခန်း‌ေရှ့ဆီရောက်တော့ သူPasswordမသိပါ။ ထို့ကြောင့် Hyungကို မထိတထိ သူနှိုးတော့ခေါင်းထောင်လာသည်။

" ဘာလဲ ရောက်ပြီလား .. အာ့ဆို ဖွင့်လေကွာ .. "

" Passwordက ဘာလဲ Hyung ... "

" Pas...sss word?? .... ငါလဲ မသိဘူး ဂျီမင်း "

မျက်လုံးတွေမပွင့်တပွင့်နဲ့ သူ့ကိုယ်ပေါ်ကို တကိုယ်လုံးမှီချကာ မသိဘူး ပြောလာတော့ သူ ဘာဆက်လုပ်ရမယ် မသိ။

" Cardမရှိဘူးလား Hyung ကိုကိုကပြန်လာမှာမဟုတ်တော့ဘူး .. ကဒ်လိုတယ် တံခါးဖွင့်ဖို့... အပိုလေးတောင် မဆောင်ထားဘူးလား ... "

သူမေးမိတော့ တအင်း တအဲအဲနဲ့ လက်ညှိုးထိုးပြသည်။

" ဒီ.. မှာ ... "

Hyungလက်ညှိုးထိုးပြတဲ့နေရာကိုကြည့်မိတော့ အနောက်ဘက်တင်ပါးနားက ဘောင်းဘီအိတ်။ ဂျောင်ကု ထိုအတိုင်း ဘောင်းဘီအိတ်ထဲ နှိုက်လိုက်တော့ Hyungက ငြိမ်ငြိမ်မနေ .... ကြမ်းခင်းပေါ်လှဲချဖို့သာ ကြိုးစားနေသည်မို့ မနိုင့်တနိုင်အားလေးနဲ့ Hyungကို နံရံနား ကပ်လိုက်မိသည်။ Hyungမျက်နှာက နံရံနဲ့အပ်နေတာသိပေမဲ့ သူတစ်ယောက်တည်း ရုန်းကန်နေတဲ့Hyungကို မထိန်းနိုင်ပါ။

Hyungကလူကြီးမို့လေ ... သူ တကယ်မနိုင်။ Hyung ခါးမှာပတ်ထားတဲ့ သူ့အင်္ကျီကို မတင်ကာ ဘောင်းဘီအိတ်ထဲ သူလိုက်စမ်းမိတော့ ရင်ထဲ ထူးဆန်းတဲ့ခံစားချက်ကြီးဝင်လာခဲ့ပေမဲ့ သူ နားမလည်နိုင်။

Cardကိုတွေ့တာနဲ့ သူတံခါးဖွင့်လိုက်ပြီး Hyungကို အထဲရောက်အောင် သယ်လာခဲ့လိုက်သည်။ ဒီတိုက်ခန်းဟာ ကိုကို့အပိုင်ဆိုတာသိပေမဲ့ ဒီလူကြီးနဲ့ အတူတူနေမှန်း ဂျောင်ကု မသိပါ။ ထို့အတူ ဒီတိုက်ခန်းကို သူပထမဆုံးအကြိမ်ရောက်ဖူးခြင်းလဲ ဖြစ်သည်။

ဘယ်ဟာက ဘယ်အခန်းမှန်းသူမသိတာမို့ Hyungကို သူ ဧည့်ခန်းက ဆိုဖာပေါ်တင်လိုက်မိသည်။


" ငါ ရေချိုးရဦးမယ်.. အင်္ကျီလဲ ရဦးမယ်.... ဆေးထည့်ရဦးမယ် ဆေးသောက်ရဦးမယ် ဂျီမင်း "

လက်တွေကို ဟိုပွတ်ဒီပွတ်ကာ မျက်လုံးမဖွင့်ဘဲပြောလာသည်မို့ ဂျောင်ကု ငြိမ်ပြီး နားထောင်နေမိသည်။ သဘောကျရတဲ့လူမှာ သက်ဆိုင်သူရှိနေမှန်း သူသိပေမဲ့ သူ ဝမ်းမနည်းမိ။ အဲ့ဒီ့သက်ဆိုင်သူဟာ ကိုကို ဖြစ်နေလို့ကို ဝမ်းမနည်းတာဆိုရင် မှန်လိမ့်မည်။ ဂျောင်ကု ငယ်သေးပေမဲ့ ဂျောင်ကု သိပါသည်။ ကိုကိုဟာ အဂီHyungတစ်ယောက်ကိုပဲချစ်တယ်ဆိုတာ...။ ဘာကြောင့် Hyungနဲ့အတူတူနေလဲမသိပေမဲ့ ကိုကို့နှလုံးသားဟာ အဂီHyungဆီမှာတော့ သူသိသည်။

သူကတော့ ဘာမှမစဉ်းစားဘဲနဲ့ လွတ်လွတ်လပ်လပ် သဘောကျချင်သည်။ လွတ်လွတ်လပ်လပ်ချစ်ချင်သည်။ ဒါကြောင့်မို့ သူသဘောကျရတဲ့ Hyungကို ဘယ်သူ့မျက်နှာမှမကြည့်ဘဲ သူဂရုစိုက်မည်။ သူချစ်မည်။ နောက်ဆုံးမှာ Hyungက သူ့ကိုပဲ ရွေးချယ်စေရမည်။

ဂျောင်ကု တစ်ယောက် ထယ်ယောင်းဘေးမှာပုံ့ပုံ့လေးထိုင်ရင်း ပြုံးလိုက်မိသည်။ နှာထိပ်ပေါ်ကမှဲ့လေး.. ပါးလျလျနှုတ်ခမ်းပါး... မျက်ခုံးနက်နက်... မျက်တောင်နက်နက်.... ယောင်္ကျားပီသတဲ့မေးရိုးတွေ... ။

" အာ ~~~ Hyungနာမည်က ဘာပါလိမ့် ... ကျွန်တော် လိုက်သာလိုက်ရှာနေတာ Hyungကို နာမည်လဲမသိဘူး အခုတွေ့ပြီး တစ်ညလုံးနေခဲ့တာတောင် Hyungနာမည်ကို အခုထိမသိသေးဘူး .... ကိုကို ခေါ်လိုက်တာတော့ကြားမိတယ်... ယောင်း... ဘာယောင်းလဲတော့မသိ... "


လက်ထိပ်တွေနဲ့ Hyungနှာခေါင်းထိပ်ကို ထိလိုက်ကပ်လိုက်ဆော့နေရင်း သူရေရွတ်မိသည်။ Hyungကတော့ သူ့အပြုအမူကြောင့်စိတ်ရှုပ်စွာ
မျက်မှောင်ကြုတ်ရင်း အင်္ကျီတွေကို ဆွဲဖြုတ်လာသည်။

" ရေချိုးရဦးမယ် .... ငါအရမ်းညစ်ပတ်နေပြီ ဂျီမင်း... ရေချိုးရမယ် .... ငါ မသန့်ရှင်းတော့ဘူး ... ငါ့ကိုယ်က မသန့်ရှင်းတော့ဘူး... "


တကယ်တော့ ထိုစကားကို ထယ်ယောင်းက တစ်ခုခုကိုရည်ရွယ်ပြီးပြောနေပေမဲ့ ဂျောင်ကုကတော့ ဆိုလိုတဲ့အဓိပ္ပါယ်ကိုမရောက်။ ဂျောင်ကုစိတ်ထင်က အပြင်ကပြန်လာတာနဲ့ရေချိုးတတ်တဲ့အကျင့်ရှိတဲ့သူလို့ မှတ်ယူမိပြီး ရယ်နေလိုက်သေးသည်။

" အွန်း.. ကိုကိုမရှိတော့ ဟော့ဒီက ကျွန်တော်က ဂရုစိုက်ပေးရမှာပေါ့ ... ခဏစောင့် အိမ်အခန်းထဲဝင်ကြည့်ကြည့်ဦးမယ် ကျွန်တော်က ဘယ်မှာ ဘာရှိမယ်မှန်းမသိလို့ .. "


သူ့စကားအတိုင်း သူပြောရင်း အိမ်ခန်းထဲဝင်ကာ ကြည့်မိတော့ ရေချိုးခန်းတစ်ခန်း နဲ့ အခန်းနှစ်ခန်းတွေ့သည်။ ပထမတစ်ခန်းကို ဝင်ကြည့်မိတော့ လူမနေတဲ့အခန်းလို့ထင်ရလောက်အောင်ဘာပစ္စည်းမှသိပ်မရှိ။ ရှိသင့်တဲ့ဟာလောက်သာရှိပြီး ထွေထွေထူးထူးအလှဆင်ထားတာတော့မရှိ။ သို့ပေမဲ့ စားပွဲပေါ်က ဓာတ်ပုံလေးကြောင့် သူသိလိုက်သည်။ ဒါကိုကိုဂျီမင်းအခန်းဆိုတာကို....။ ထိုဓာတ်ပုံကို သူယူရင်းကြည့်မိတော့ ကိုကိုအထက်တန်းပြီးတဲ့နေ့ ဘွဲ့ယူတုန်းက ရိုက်ထားတဲ့ပုံလေး... ။ ကိုကို့အဖေရယ် ကိုကိုရယ် အဂီHyungရယ်... ။ ပုံထဲမှာ ကိုကိုပြုံးနေတာများ သိပ်ကိုချစ်ဖို့ကောင်းလွန်းသည်။ ကိုကိုဟာ သူ့ကိုဆို တစ်ခါမှကောင်းကောင်းမဆက်ဆံသလို တစ်ခါမှ ပြုံးပြတာမျိုးလဲ မရှိ။

" ကိုကို မတရားဘူး .. နှစ်တွေအကြာကြီး ကျွန်တော့်ကို တစ်ခါလေးတောင်မပြုံးပြခဲ့ဘူး "

သူ့ဘာသာသူရေရွတ်ရင်း ဓာတ်ပုံကို စားပွဲပေါ်ပြန်ထားတော့ သူထပ်မြင်မိသည်က မှောက်ထားတဲ့ ဓာတ်ပုံအသေးလေး။ ဘောင်နဲ့တော့မဟုတ်ပေမဲ့ ထိုဓာတ်ပုံက စိတ်ဝင်စားစရာမို့ သူဆွဲယူကြည့်မိတော့ သူ့မျက်ဝန်းတွေ ဝိုင်းစက်သွားရသည်။

တခြားတော့မဟုတ်။ ထိုဓာတ်ပုံက ကိုကိုအထက်တန်းပြီးတဲ့နေ့မှာ ကိုကို့ကိုပန်းစည်းပေးရင်း သူထည့်ပေးလိုက်တဲ့ သူ့ပုံနဲ့ သူ့ရဲ့အစ်ကိုရင်းပုံ။ သူ့အရှေ့မှာတော့ ကိုကိုဟာ ထိုပန်းစည်းကို လက်မခံဘဲ စိတ်ဆိုးဆိုးနဲ့ပစ်လွှင့်ခဲ့တာလေ။ အခု ဒီပုံက ဒီကိုရောက်နေတယ်ဆို‌တော့ ... ကိုကို ပြန်ကောက်သိမ်းခဲ့တာများလား။

တွေးမိရင်း ဂျောင်ကု ပျော်လာသည်မို့ အသံတိတ် ရယ်မိရင်း ကိုကိုဂျီမင်းကိုကျေးဇူးတင်မိသည်။

ကျွန်တော့်ကို ချစ်လျက်နဲ့များ စိတ်ဆိုးပြီးမုန်းဟန်ဆောင်နေသေးတယ် ကိုကိုရယ်...


ဂျောင်ကုတစ်ယောက် အတွေးထဲနစ်မွန်းနေတုန်း ရုတ်တရက် တံခါးပိတ်သံကိုကြားလိုက်ရတာမို့ ကိုကို့အခန်းထဲကနေ အပြေးထွက်လာမိသည်။ ဧည့်ခန်းနေရာ ဆိုဖာကိုကြည့်တော့ ပုံလျက်သားကျနေတဲ့သူ့အပေါ်ဝတ်ရယ် Hyungဝတ်ထားတဲ့ရှပ်အင်္ကျီတစ်ထည်ရယ်...။ Hyungကတော့မရှိ။

" Hyung???? "

" .... "

ပြန်ဖြေသံလဲ မကြားသလို အရိပ်အယောင်တစ်စက်လေးတောင်မတွေ့...။ အိမ်ထဲမှာပဲမို့ အန္တရာယ်မရှိလောက်ဘူးဆိုတာ သိပေမဲ့ သူ့မြင်ကွင်းမှာ Hyungကိုမတွေ့တော့ စိုးရိမ်ပူပန်မှုတွေက ဆောင့်တက်လာသည်။

" Hyung !! ဘယ်မှာလဲ ... အင်္ကျီချွတ်ပြီး ဘယ်သွားတာလဲ Hyung !! "


Hyungအင်္ကျီအနက်ကိုကိုင်ရင်း သူ ခုနကလမ်းအတိုင်းပြန်လှည့်လာတော့ ရေသံကြားလိုက်ရသည်။ ထို့ကြောင့်ရေချိူးခန်းကိုအလျင်အမြန်သွားကာ တံခါးကိုဆွဲဖွင့်လိုက်‌တော့ တွေ့လိုက်ရသည်က ....


ရေပန်းအောက်မှာ နံရံကိုမှီပြီး ငြိမ်သက်နေတဲ့ Hyung ... အဲ့တာထက် Hyungကျောပြင်တစ်လျှောက် သွားရာလိုလို မြင်မကောင်းတဲ့အကွက်တွေ...

ကြည့်ရတာ ရေလာချိုးတယ်ထင်ပါ့...

သူ ရေပန်းကို ပိတ်ချလိုက်သည် ။ ထို့နောက်
နံရံကို မျက်နှာချင်းဆိုင်ပြီး ငြိမ်သက်နေသည်မို့
သူ ဆွဲလှည့်မိတော့ သူ့ရင်ခွင်ထဲ ပြိုကျလာတဲ့ Hyung!!

Hyungက သူ့ထက် နည်းနည်းသာကြီးပေမဲ့ လေးသည်မို့ သူပါယိုင်မလိုဖြစ်သွားရသည် ။ စိုစွတ်နေတဲ့ ဆံပင်တွေက သူ့ကိုပါစို‌သွားစေတော့ သူ Hyungကို လှုပ်နိုးမိသည်။

" Hyung !! Hyung !!! "

" အင်း ~~~~ ငါ အိပ်ချင်ပြီ ဂျီမင်း ... အမာရွတ်မဖြစ်အောင်လုပ်ပေးနော် ..."

ပင်ပန်းနေပုံပေါ်တဲ့ Hyungရဲ့လေသံအဆုံး သူ Hyungကို ငုံ့ကြည့်မိတော့ ကျောပြင်ကအကွက်တွေလို ရှေ့ရင်ဘတ်မှာလဲ ဟိုတကွက် ဒီတကွက် ။ သူ ဘာမှမစဉ်းစားပဲ Hyungကို ပွေ့ချီဖို့ကြိုးစားလိုက်သည်။ သို့ပေမဲ့ Hyungကို သူမချီနိုင်။

" Hyungကသေးသေးလေးဆိုတော့ ပေါ့ပေါ့လေးထင်တာ ... ကျွန်တော်တောင် မနိုင်တော့ဘူး တကယ်...!! "


ပွေ့ချီလို့မရတဲ့အဆုံး အိပ်ရေးမကျဘဲ မူးနေတဲ့ Hyungကို သူ လှုပ်နှိုးရင်း သူ ကိုကို့အခန်းဆီ ခေါ်သွားမိတော့...

" ဒါ ငါ့အခန်းမဟုတ်ဘူး "

မပွင့်တပွင့်ဖြစ်လာတဲ့မျက်ဝန်းတွေက ကိုကို့အခန်းထဲဝင်ဖို့ငြင်းဆန်လေလျှင် ဂျောင်ကုသိလိုက်သည်။ ကိုကိုနဲ့ Hyungတစ်ခန်းထဲမနေဘူးဆိုတာ...။
ထို့ကြောင့် သူ ဝင်ဖို့ကျန်ခဲ့တဲ့ နောက်တစ်ခန်းဆီ Hyungကို ခေါ်သွားမိသည်။ အခန်းထဲရောက်ရောက်ချင်း မီးဖွင့်ကာ Hyungကို ကုတင်ပေါ်တင်ပေးလိုက်မိသည်။ ကုတင်ပေါ်ရောက်တာနဲ့ Hyungက ခေါင်းအုံးကိုဆွဲယူကာ မှောက်ယက်လေး ငြိမ်သက်သွားတော့သည်။ သူကတော့ ထုံးစံအတိုင်း အခန်းထဲဝေ့ဝိုက်ကြည့်တော့ ကိုကို့အခန်းနဲ့မတူစွာ ရှုပ်ပွနေတဲ့အခန်းကို သူမြင်လိုက်ရသည်။ ဝင်လာတုန်းကမတွေ့ခဲ့ရသလောက် အခုမှ မြင်မိသည်က ကြမ်းပြင်ပေါ်ပြန့်ကျဲနေတဲ့ဆေးလိပ်ဘူးခွံတွေ ... ဝီစကီပြားတွေ... ပြီးတော့ accessoriesတွေ... နံရံပေါ်မှာတော့ ပန်းချီကားချပ်လေးတစ်ခုက ထင်းကနဲ့...။ သူကြည့်လိုက်မိတော့ ညကောင်းကင်မှာ ထွန်းလင်းနေတဲ့ လမင်းကြီး...။

ပန်းချီမေဂျာကို ယူမဲ့သူ့အတွက် ထိုကားချပ်လေးဟာ ရင်ထဲနေရာယူမိသည်။ ကြည့်နေရင်းနဲ့မှ လမင်းကြီးရဲ့ ဖျာကျနေတဲ့အလင်းရောင်တွေက ညကောင်းကင်ပေါ် ဘယ်လောက်တောင် မေတ္တာသက်ဝင်စေလိုက်လဲ ဆိုတာ သူတွေးလိုက်မိသည်။

" Hyung !! သိလား... Hyungရဲ့အခန်းက ဒီပန်းချီကားနဲ့ မလိုက်ဖက်ဘူး .... Hyungရဲ့ ပုံစံကလဲ ဒီပန်းချီကားနဲ့ အပ်စပ်မှုမရှိဘူး... "

ပန်းချီကားကိုကြည့်နေရင်းနဲ့မှ သူHyungဘက်ကိုပြန်လှည့်ကြည့်မိတော့ ..

" အာ ~~ Hyungကို အင်္ကျီလဲပေးမလို့ကို ... ကျွန်တော်မေ့သွားတယ် Hyungဖျားတော့မှာပဲ .... "

ပြောပြီးတာနဲ့ ထယ်ယောင်းအခန်းထဲက အဝတ်ဗီရိုကြား ဂျောင်ကုမွှေနှောက်မိတော့... ညအိပ်ဝတ်လေးတစ်စုံထွက်လာသည်။ ထို့နောက် ရေစိုနေတဲ့ဆံပင်တွေကိုသုတ်ပေးဖို့အတွက် သဘက်တစ်ထည်ကိုပါ ယူလိုက်မိသည်။


အိပ်ပျော်နေပြီဖြစ်တဲ့ Hyungဘေးနားကပ်ရင်း ရေစိုနေတဲ့ ဘောင်းဘီကို ဆွဲချွတ်တော့ သေးသေးသွယ်သွယ်ပေါင်တံတွေက အဖွေးသား။ သူ့လောက်မဖြူပေမဲ့ ညက်ပြီးချောနေတဲ့Hyungရဲ့ခြေထောက်ပေါ်မှာတော့ သူထပ်မမြင်ချင်တဲ့ဟာတွေက ထင်းကနဲ့။ အဲ့ဒါထက် တင်လုံးလုံးမှာ မြင်ရတဲ့လက်ဝါးရာတွေက နီရဲလွန်းနေသည်။

အရွယ်ရောက်ပြီးသားမို့ ဒီဟာတွေ ဘယ်ပုံဘယ်နည်းနဲ့ဖြစ်တည်လာလဲဆိုတာ သူသိပါသည်။ သို့ပေမဲ့ သူမစဉ်းစားချင်ပါ။ သူသိသည်က သူHyungကို ဒီထက်စောစောပိုရှာတွေ့ခဲ့ရမှာ ဆိုတာကိုပါပဲ။

ဆို့တက်လာတဲ့စိတ်မကောင်းဖြစ်မှုကြောင့် တခဏတာတွေဝေနေရာက ဂျောင်ကုအသိပြန်ဝင်လာသည်။

Hyungကတော့ အိပ်မောကျနေပြီထင်ပါ့... အဝတ်အစားတွေချွတ်ပစ်ခံရတာတောင် နိုးမလာတဲ့Hyung!!


" အရင်က ကိုကိုနဲ့နေရင်ရော ဒီလိုပဲလား Hyung ... ကိုကို တစ်ခုခုလုပ်သွားမှာမကြောက်ဘူးလား ... Hyungရယ် ... ကိုကိုမဟုတ်ဘဲ တခြားသူဆိုရင် ဘယ်လိုလုပ်မလဲ "

ဂျောင်ကု ခေါင်းခါရင်း ဆေးလိမ်းပေးဖို့အတွက် သူ ကုတင်ဘေးနားက အံဆွဲတွေကို လှန်လှောရှာကြည့်တော့ လိမ်းဆေးလေးတွေတွေ့သည်။

ဘာပဲပြောပြော ရေထိရင်တော့ စပ်ဖျင်းဖျင်းဖြစ်နေမှာ ... နောက်တစ်ခါရေချိုးရင် Hyungနာကျင်မှာကို သူမလိုလား။ ဒီနေ့မှတွေ့တဲ့လူအတွက် အကဲပိုတယ်ပဲပြောပြော သူ လုပ်စရာရှိတာကို လုပ်မှာပင်။ နဂိုကတည်းက သူက စိတ်ပျော့ပြီး စိတ်ကောင်းရှိတဲ့ကောင်လေးတစ်ယောက်လေ။

ဂျောင်ကု လိမ်းဆေးဘူးကိုဖွင့်ရင်း လက်ဖျားတွေနဲ့ ဆေးကိုယူလိုက်သည်။ ထို့နောက် မြင်မကောင်းတဲ့Hyungပေါင်တံပေါ်က သွေးထွက်နေတဲ့ကိုက်ရာတစ်ချို့ကို ထိတွေ့ရင်းဆေးလိမ်းပေးမိသည်။ ‌ဆေးလိမ်းပြီးတာနဲ့ ညဝတ်ဘောင်းဘီကို ဝတ်ပေးမိတော့ Hyungက မှောက်ယက်နေရာကနေ ပက်လက်လေးလှန်လာသည်။ အတူတူပေမဲ့ မမြင်သင့်ဘူးထင်တဲ့အရာတစ်ချို့အတွက် သူမှန်းဆကာ ခပ်သွက်သွက်လေး ဘောင်းဘီဆွဲတင်ပေးလိုက်သည်။ ထို့‌နောက် အဝတ်မဲ့နေတဲ့Hyungရဲ့အပေါ်ပိုင်းခန္ဓာကိုယ်ကို သူကြည့်မိတော့ ချက်ချင်းမြင့်တက်သွားတဲ့သူ့ခန္ဓာကိုယ်အပူချိန်...။ သူချက်ချင်း‌ Hyungကို ကျောခိုင်းလိုက်မိသည်။

" အားး ဂျွန်ဂျောင်ကုရေ ... မင်း ရူးနေပြီလား ... Hyungအပေါ်ကို ဘယ်လိုတောင် တွေးနေတာလဲ ... ကောင်လေး .. စိတ်ထိန်း... "


နှာခေါင်းသွေးလျှံနေပြီလို့ထင်ရတဲ့သူ့ခံစားချက်တွေကြောင့် စိတ်ကို တည်ငြိမ်အောင်လုပ်ပြီး Hyungကိုအင်္ကျီပြန်ဝတ်ပေးမိသည်။ အသက် ၂၀ လုံးလုံး ဒီလို ခံစားချက်ကြီးကို သူတစ်ခါမှမခံစားဖူးသည်က အမှန်။ ကျောင်းတက်တုန်းက Swimming Classတိုင်း အွန်ဝူးတို့ ဆန်းဟာတို့ရဲ့ ခန္ဓာကိုယ်ကိုမြင်ဖူးပေမဲ့ Hyungကျမှ ဘာလို့ သူ့ခန္ဓာကိုယ်တွေပါ ပူလာရလဲသူမတွေးတက်။


အဲ့ဒီ့အပြင် ဘာကြောင့် သူ လိုလိုလားလားနဲ့ Hyungကို အဝတ်အစားလဲပေးသည်အထိ ဂရုစိုက်နေမိလဲ သူ မသိ။ အိမ်တော်မှာဆိုရင် သူ့ကိုအဝတ်အစားလဲပေးရသူက အိမ်တော်ထိန်းဘွားဘွားဖြစ်သည်။ သူ Hyungဘေးနားထိုင်ရင်း Hyung ဆံပင်တွေကြားလက်ထိုးထည့်မိတော့

" စိုနေတယ်??.... ဟုတ်သားပဲ ကျွန်တော်သုတ်ပေးရမှာကို .... ဆောရီး Hyung!! ကျွန်တော့်ကိုယ်ကျွန်တော်တောင် ဒါမျိုးတွေ ကိုယ်တိုင်မလုပ်ဖူးလို့.... ကျွန်တော် သေချာမသိ‌ပေမဲ့ Hyungကိုတော့ လုပ်ပေးမှာ .... "

အိပ်နေပြီဖြစ်တဲ့ထယ်ယောင်းကိုကြည့်ကာ ဂျောင်ကုပြောရင်း ယူလာတဲ့တဘက်နဲ့ ရေစိုနေတဲ့ ဆံပင်တွေကို ခပ်ဖွဖွ သုတ်ပေးမိသည်။ ဆံပင်တွေကို သုတ်ပေးနေရင်းမှ သူသတိထားမိတာက ဆံပင်တွေနဲ့ဖုံးနေတဲ့Hyungရဲ့နားရွက် ..။

" နားတွဲကြီး တပ်ထားတာ.... ခိုက်မိကုန်တော့မှာပဲ ... "

သူ ထိုနားတွဲကိုပါချွတ်ပစ်ပြီး စားပွဲပေါ်လှမ်းတင်သည် ။ အဲ့ဒီ့တော့မှ တွေ့ရတာက သွေးစို့နေတဲ့ Hyungရဲ့နားနုနုလေးတွေ..။

" ... ဘယ်သူက... မဟုတ်သေးဘူး ... ကိုကိုလုပ်ထားတာလား... ဘာလို့ ... ဒီလောက်ထိတောင်!! "

စကားကိုဆုံးအောင်မပြောနိုင်တော့ဘဲ ရင်ထဲတင်းကျပ်သွားရသည်။

ရတယ် Hyung.... အခုမှပြန်တွေ့တာ ... ကျွန်တော် ဘာနာကျင်မှုမှမခံစားချင်ဘူး Hyung... ဒီတိုင်းလေးပဲ ဆက်ပြီးသဘောကျမယ် ...

သွေးစတွေ ခြောက်နေပြီဖြစ်တဲ့Hyungနားရွက်လေးကို သူ သန့်စင်ပေးပြီး အမာရွတ်မကျန်စေဖို့ ဆေးထည့်ပေးမိသည်။ ထို့နောက် အိပ်မောကျနေပြီဖြစ်တဲ့ Hyungရဲ့ မျက်နှာနုနုကို လက်ဖျထိပ်လေးနဲ့ ထိကြည့်ရင်း သူပြုံးလိုက်မိသည်။

" ပြန်တွေ့တာကိုပဲ ကျေနပ်နေပါပြီHyung "


💠💠💠


Oct 30 Friday 2020
@Epiphany_Jinah


________________________________________

* Zawgyi *
* လေရာင္လႊမ္းတဲ့အခ်စ္အိပ္မက္ *
* အပိုင္း ၀၅ *


" IDေလးစစ္ခ်င္ပါတယ္ ID cardေလးျပလို႔ရမလား "


အေရွ႕ကလူႀကီးရဲ႕စကားေၾကာင့္ သူမ်က္ေမွာင္ၾကဳတ္မိေတာ့ ဝင္ခြင့္ရတဲ့သူငယ္ခ်င္းေတြက ဟားတိုက္သည္။

" ငါေျပာသားပဲ မင္းIDစစ္ခံရမွာလို႔ ဟား ...ဟား... "


" ကြၽန္ေတာ္အသက္ျပည့္ၿပီးပါၿပီ ID cardပါမလာေပမဲ့ ေက်ာင္းသားကဒ္အေဟာင္းေတာ့ပါလာတယ္ ရတယ္မလား "

" ရတယ္ ေကာင္ေလး "


အေပါက္ဝကလုံၿခဳံေရးေစာင့္တဲ့အစ္ကိုႀကီးကို သူ ေက်ာင္းသားကဒ္အေဟာင္းထုတ္ေပးလိုက္ေတာ့ ယုံသြားတဲ့ပုံနဲ႔ အထဲကိုဝင္ခြင့္ျပဳသည္။

" ေဂ်ာင္ကု စီနီယာဂ်ီမင္းက ဒီမွာအလုပ္လုပ္တာဆို ဟုတ္လား "

" အင္း "

" ဒါေၾကာင့္ မင္းႂကြတက္ေနတာေပါ့ "

ဝိုင္းတဝိုင္းေ႐ြးရင္း ဝင္ထိုင္ကာေျပာတဲ့ခ်ားအြန္ဝူးေၾကာင့္ ေဂ်ာင္ကု မဆိုစေလာက္ၿပဳံးလိုက္မိသည္။

" အဲ့ေလာက္ေတာင္ စီနီယာဂ်ီမင္းကိုႀကိဳက္တာလား ဟိုက မင္းကိုအဖတ္ေတာင္မလုပ္ဘူး အလယ္တန္းကတည္းကလိုက္ေနရတာမေမာဘူးလား ၿပီးေတာ့ စီနီယာဂ်ီမင္းမွာလဲ ခ်စ္သူရွိတယ္ေလ ငါ့ေကာင္ရ "


" မေမာဘူး ငါက ကိုကို႔ကိုေနာက္ကို မေသမခ်င္းလိုက္မွာ... ၿပီးေတာ့ ငါ ကိုကို႔ေနာက္လိုက္တာ ခ်စ္သူျဖစ္ခ်င္လို႔မဟုတ္ဘူးေနာ္ .... မင္းတို႔အထင္လြဲေနၿပီ "

မ်က္ေစာင္းထိုးကာေျပာေတာ့ အြန္ဝူးေရာ တျခားေကာင္ေတြပါ သူ႔ကိုရယ္သည္။ ေျပာခ်င္တဲ့အဓိပၸါယ္က မယုံဘူးဆိုတဲ့သေဘာ။


" ေတာ္ၿပီ ကိုကို႔ကိုလိုက္ရွာမယ္ မင္းတို႔ဘာသာမင္းတို႔ေသာက္ၾက "

" ဟိတ္ေကာင္ ရမလား !! အတူတူကဲခ်င္လို႔ ေခၚလာတာပါဆိုေန ... မင္းဘဲဘဲေနာက္ မင္းလိုက္လာတာ အလယ္တန္းကတည္းက ...
ခုခဏေလာက္ ငါတို႔နဲ႔ေနလိုက္ရင္ ဘာျဖစ္မွာမို႔လဲ ... "

ထထြက္မဲ့သူ႔ကိုအတင္းဆြဲေတာ့ မင္ေသေသနဲ႔ထိုင္လိုက္ရျပန္သည္။

ၾကည့္... သူတို႔လုပ္လို႔ပဲ ကိုကို႔ကို ေပးခ်င္တာ မေပးရေတာ့ဘူး...

" ဒါၿပီးရင္ ဘာဆက္တက္ၾကမွာလဲ မင္းတို႔ေတြ "

အေပ်ာ့စားဝိုင္တစ္ခြက္ကို ေမာ့ကာေမးေတာ့ ျပန္ေျဖလာသူက ဆူဘင္း။

" မင္းကလဲကြာ ဒီေန႔ပဲ အထက္တန္းၿပီးတာ ... တကၠသိုလ္အေၾကာင္းလာေျပာေနျပန္ၿပီ... ေခါက္ထားစမ္းပါဦး စာဂ်ပိုးရဲ႕ "

" ေအ့ေလ ‌ေဂ်ာင္ကု မင္းဟာကလဲ လြန္ကိုလြန္တယ္ ေစာ္ေလး ဘာေလး ထပ္ထားမွာေပါ့ ..."

ေတြ႕တိုင္းတြဲတဲ့ဆန္းဟာကလဲ ဝင္ေထာက္ေတာ့ သူ ဂ်ိဳၾကည့္ၾကည့္မိသည္။ အြန္ဝူးကေတာ့ အေသာက္အစားသမားမို႔ တၿမဳံ႕ၿမဳံ႕နဲ႔ေသာက္သည္။

Dance Floorကေအာက္ထပ္မွာမို႔ သိပ္မဆူညံေပမဲ့ ေပ်ာ္ခ်င္စရာေတာ့ေကာင္းသား။ ဒါေပမဲ့ တစ္ခုပဲ ကိုကို႔ကို သူမေတြ႕ရ။ အသက္၂၀ျပည့္မွဝင္လို႔ရတဲ့ကလပ္ေပမဲ့ အရင္က ကိုကို႔ေနာက္လိုက္ရင္း တစ္ခါခိုးဝင္ဖူးသည္မို႔ သူသိပ္မစိမ္း။ ဝန္ထမ္းေတြေျပာတာၾကားဖူးသည္က ကိုကိုဟာ ဒုတိယထပ္မွာအၿမဲရွိသည္တဲ့။
အခု သူထိုင္ေနတာက ဒုတိယထပ္ေလ။

" ေခ်ာလိုက္တာကြာ~~ မဟုတ္ဘူး .... လွတာလို႔ ေျပာရမလား ... ေတာ္ေတာ္ႀကီး လွတာ Anime ထဲက ဇာတ္ေကာင္ေတြလိုပဲ ငါ့ေကာင္ႀကီးအြန္ဝူးထက္ကို ေခ်ာတာ "


ေသာက္ေနရင္းနဲ႔ စကားလမ္းေၾကာင္းလြဲကာ ထေျပာတဲ့ဆန္းဟာေၾကာင့္ သူမွအပ အကုန္လုံးက အေပါက္ဝဆီအၾကည့္ေရာက္ေပမဲ့ သူကေတာ့ အေပါက္ဝကိုေက်ာခိုင္းထားတာမို႔ မျမင္ရ။ လွည့္လဲ မလွည့္ၾကည့္မိ။


" ေတာ္ေတာ္မိုက္တာပဲ ေဘာ္ဒီကအစ .. "

" ေယာက်ၤားေလးတစ္ေယာက္ကို အဲ့လို ေျပာလို႔ရလို႔လား လွတယ္လို႔ေလ... "

" ရတာေပါ့ အြန္ဝူးကိုေတာင္ ေက်ာင္းကေကာင္မေလးေတြ ေခ်ာတယ္ေျပာေနၾကတာပဲ "

" မတူဘူးေလ ဒါကေခ်ာတာ ဟိုဟာက လွတာ ... ၾကည့္ ... သူ႔မ်က္လုံး... သူ႔ႏႈတ္ခမ္းေတြ... ၿပီးေတာ့ ဟိုေနရာ ... မက္မြန္သီး.. "


ဆန္းဟာစကားေၾကာင့္ အြန္ဝူး တစ္ခ်က္ပိတ္ေဆာ္လိုက္ေတာ့ ေမွာင္ကုတ္ကုတ္နဲ႔ အြန္ဝူးကိုဂ်ိဳၾကည့္ၾကည့္သည္။

" သူမ်ားကို ျမင္ရင္ပစ္မွားမယ္ဆိုတာႀကီးပဲ ... အဲ့ဒါ မင္းအစ္ကိုအ႐ြယ္ေလာက္ရွိတယ္မွတ္ "

" ငါကအမွန္ေျပာတာ မယုံရင္ ေဂ်ာင္ကုကိုေမး ... ဒီေကာင္က အမွန္တိုင္းေျဖတယ္ "

သူ႔နာမည္ပါလာေတာ့ ဝိုင္ေတြေသာက္ေနရင္း ခြက္ကိုခ်လိုက္မိသည္။

" ဘာလို႔ ငါလဲ "

" ေအး ေဟ်ာင့္ ေဂ်ာင္ကု မင္းခဏလွည့္ၾကည့္လိုက္ မင္းဘဲဘဲကို မင္း ဆယ္ခါျပန္ေမ့သြားမယ္ "

ဆန္းဟာစကားေၾကာင့္ ဟုတ္ရဲ႕လား ပုံစံနဲ႔ သူအေနာက္ကိုလွည့္ၾကည့္လိုက္သည္။ အေပါက္ဝကိုၾကည့္မိေတာ့ ဘယ္သူမွမေတြ႕။

" ငါ့ေစာ္က ဘားဆီေရာက္ေနၿပီေဂ်ာင္ကု "

သူရွာမေတြ႕တာသိတဲ့ ဆန္းဟာက စကားေထာက္ေတာ့ တစ္ေယာက္တည္းေအးေဆးေသာက္ႏိုင္တဲ့ဘားကို သူၾကည့္လိုက္မိသည္။ ေဘးတစ္ေစာင္းအေနအထားမို႔ မ်က္ႏွာကိုရွင္းရွင္းလင္းလင္းမျမင္ရေပမဲ့ ေျဖာင့္စင္းေနတဲ့ႏွာတံ... ပါးလ်လ်ႏႈတ္ခမ္းေတြရဲ႕ ထီမထင္တဲ့အၿပဳံး... ေကာက္ေနသေယာင္ရွိတဲ့ဆံစေတြ... ရွည္ၫြန႔္ေနတဲ့ မ်က္ေတာင္ေကာ့ေကာ့ေတြ...

႐ုတ္တရက္ သူ႔ကမာၻႀကီးရပ္တန႔္ကာ သူ႔ကိုယ္သူ ႏူးညံ့သြားသလို ခံစားလိုက္ရသည္။

" ေဂ်ာင္ကုေရ မက္မြန္သီးကိုၾကည့္လိုက္ ငါေျပာသလိုပဲမဟုတ္လား "


ေတြးေနတုန္း ဆန္းဟာ့စကားေၾကာင့္အၾကည့္ေတြက ေအာ္တိုမစ္တစ္ ထိုေနရာကိုတန္းေရာက္ေတာ့ ဟုတ္ပါရဲ႕ လွလိုက္တဲ့မက္မြန္သီးေလး။ သူ႔တစ္သက္မွာ တစ္ခါမွေတာင္မေတြ႕ဖူးဘူး။


ေဂ်ာင္ကု ေတာ္စမ္း ဘာေတြၾကည့္ေနတာလဲ !!

သူ႔ကိုယ္သူသတိျပန္ေပးရင္း ထိုခႏၶာကိုယ္ပိုင္ရွင္ရဲ႕ မ်က္ဝန္းလွလွဆီအၾကည့္ေရာက္ေတာ့ ဖ်တ္ကနဲ႔ သူ႔ကိုလွည့္ၾကည့္သည္။ ညႇိဳ႕ခ်က္ျပင္းလြန္းတဲ့ထိုမ်က္ဝန္းအစုံကိုၾကည့္ေနရင္းမွတင္ သူခ်က္ခ်င္းသတိရမိတာက မ်က္မွန္ေလးရဲ႕ပိုင္ရွင္။ သူ႔ႏွလုံးခုန္ႏႈန္းေတြ အရွိန္ျမန္လာသလိုခံစားလိုက္ရသည္။ အဲ့ဒါထက္ ပတ္ဝန္းက်င္တစ္ခုလုံးကိုေမ့သြားေလာက္ေအာင္ သူ႔အေသြးအသားေတြက ဆူပြက္လာရသည္။

ေန႔ရက္တိုင္းျပန္ေတြ႕ခ်င္လြန္းလို႔ တက္ႏိုင္တဲ့အားေလးနဲ႔ရွာခဲ့ရသူႀကီး...
ၾကယ္ေႂကြသည္ျဖစ္ေစ မေႂကြသည္ျဖစ္ေစ ျပန္ဆုံရပါေစဆိုၿပီး အႀကိမ္ႀကိမ္အခါအခါဆုေတာင္းခဲ့ရတဲ့အထိ သေဘာက်ရသူႀကီး...
အခု ေတြ႕မဲ့ေတြ႕ေတာ့ ဒီလိုအခ်ိန္...

ေပ်ာ္႐ႊင္မႈတို႔ လႈိက္ကနဲ႔တက္လာေလလွ်င္ ေဂ်ာင္ကုမ်က္ရည္‌ဝဲမိသည္။ အေပ်ာ္လြန္လို႔ မ်က္ရည္က်လာတဲ့ပုံစံမ်ိဳး။

" Hyung "

ႏႈတ္ဖ်ားကေတာ့ " Hyung " ဆိုၿပီး တိုးတိုးေလးေရ႐ြတ္မိလိုက္သည္။ထိုခဏမွာပဲ အၾကည့္ခ်င္းဆုံေနရင္းနဲ႔မွ ထိုလူႀကီးကမ်က္ေမွာင္ၾကဳတ္ကာ သူ႔ကို လွလွပပႀကီးအၾကည့္လႊဲသြားေတာ့ သူမတ္တပ္ထရပ္လိုက္မိသည္။ ေျခလွမ္းေတြက ႏွလုံးသားေခၚေဆာင္ရာေနာက္ကို အသိမဲ့စြာလိုက္ေလလွ်င္ လက္ကို လွမ္းဆြဲသူက ခ်ားအြန္ဝူး။

" ဟိတ္ေကာင္ ဘယ္သြားဖို႔လဲ ေဂ်ာင္ကု "

လွမ္းဆြဲလာတဲ့ အြန္ဝူးလက္ကို သူျဖဳတ္ခ်ရင္း ၾကည္လဲ့ေနတဲ့မ်က္ဝန္းေတြနဲ႔လွည့္ၾကည့္ကာ ေျပာလိုက္မိသည္က

" ငါ သူ႔ကိုရွာေတြ႕ၿပီ "

ေျပးထြက္သြားတဲ့ေဂ်ာင္ကုကိုေတာ့ နားမလည္စြာၾကည့္ေနခဲ့တဲ့သူက ဆူဘင္းရယ္ အြန္ဝူးရယ္ ဆန္းဟာရယ္...

" ဒီေကာင္ ဘာျဖစ္သြားတာလဲ "

" မသိေလ ... ဟိုေကာင္ရဲ႕မက္မြန္သီးကိုၾကည့္ၿပီး႐ူးသြားတာလား "

" ‌သူ႔ဘဲဘဲကိုျမင္သြားလို႔‌ျဖစ္မွာေပါ့ "

အေနာက္ကအသံေတြကို ဂ႐ုမစိုက္ႏိုင္ဘဲ ေဂ်ာင္ကု ထိုလူႀကီးအေနာက္ကိုလိုက္ေတာ့သည္။ ဘားက စားပြဲထိုးကို မွာစရာရွိတာမွာၿပီး လွစ္ကနဲ႔ ေပ်ာက္သြားတဲ့ထိုလူႀကီးရဲ႕ေျခလွမ္းကေတာ့ တတိယအထပ္မွာအဆုံးသတ္သည္။

" ေကာင္ေလး မင္းဝင္လို႔မရဘူး ဒါအထူးတန္း "

" ဖယ္ !! "

သူ႔ေရွ႕ကိုဝင္တားတဲ့ ဝန္ထမ္းတစ္ဦးေၾကာင့္ Hyungကိုသူၾကည့္ေတာ့ ေထာင့္ခ်ိဳးကာ ေပ်ာက္ကြယ္သြားတဲ့ သူ႔Hyung ။

" မင္း ဝင္လို႔မရဘူး VIP cardပါမွ ရမယ္ ၿပီးေတာ့ ၾကည့္ရတာ မင္းအသက္မျပည့္တဲ့ပုံပဲ "

" ဖယ္စမ္းပါ ခင္ဗ်ားမဖယ္ရင္ ကိုကိုနဲ႔တိုင္မွာေနာ္ "

" ဘယ္က ကိုကိုလဲ တာဝန္အရ ဝင္မရဘူးလို႔ေျပာေနတာကို ျပသနာမရွာနဲ႔ေနာ္ ဒါေပါက္ကရလူတန္းစားအတြက္ဖြင့္ထားတဲ့ကလပ္မဟုတ္ဘူး "

" မသိဘူး... ကိုကိုက ကြၽန္ေတာ့္ကိုဒီထဲေခၚဖူးတယ္ .. ကိုကို႔႐ုံးခန္းဆီသြားမယ္ ဖယ္ေပး ကြၽန္ေတာ္ရွာစရာရွိတယ္ ဖယ္ "

အေရွ႕ကေန ကာဆီးကာဆီးလုပ္ေနတဲ့ ဝန္ထမ္းကို စိတ္မရွည္စြာ ဝင္တိုက္ၿပီး အထဲဝင္ဖို႔ႀကိဳးစားေတာ့ ထိုဝန္ထမ္းအစ္ကိုႀကီးက သူ႔ရွပ္အက်ႌေနာက္ေကာ္လံကေန ဆြဲကိုင္ကာ အေရွ႕ကိုျပန္တြန္းထုတ္သည္။

" လုံၿခဳံေရးမေခၚခ်င္ဘူးေကာင္ေလး မင္းျပန္ေတာ့ ငါတို႔သူေဌးေရာက္ေနတယ္ သူစိတ္အေႏွာင့္အယွက္ျဖစ္ရင္ မင္းေသမွာ သူေဌးက Fighterအႀကီးစား "

" သူ႔ဟာသူ ဘာပဲျဖစ္ျဖစ္ေပါ့ ကိုကို႔ဆီလာတာ ... မဟုတ္ေသးဘူး... ပက္ဂ်ီမင္ဆီ ေခၚသြားေပး .. "

" ... "

" ပက္ဂ်ီမင္ဆီေခၚသြားေပး ကိုကို႔ဆီေခၚသြားေပးဆို "


သူေျပာေပမဲ့ သူ႔ကိုဒီအတိုင္းၾကည့္ေနတဲ့ဝန္ထမ္းေၾကာင့္ စိတ္ကမရွည္ခ်င္ေတာ့။ ထိုးခြဲ႐ိုက္ၿပီး အတင္းဝင္ရင္ရေပမဲ့ ခႏၶာကိုယ္ထိခိုက္ရတဲ့အလုပ္ေတြသူမႀကိဳက္။ အထူးသျဖင့္ သူ႔ခႏၶာကိုယ္ တခုခုျဖစ္မွာ သူအေသေၾကာက္ရပါသည္။


" JK? "


႐ုတ္တရက္ အေနာက္နားက ေဂ်ေခ လို႔ေခၚတဲ့အသံၾကားေတာ့ သူလွည့္ၾကည့္လိုက္မိသည္။

" ဂ်ီဟြန္း Hyung "

ဂ်ီဟြန္းကိုေတြ႕ေတာ့ ကူကယ္ရာရသလို သူဝမ္းသာသြားရသည္။ အေရွ႕ကဝိတ္တာေလးကေတာ့ ဂ်ီဟြန္းကို ဦးၫြတ္ႏႈတ္ဆက္သည္။

" မဂၤလာပါမန္ေနဂ်ာဟြတ္ ဒီေကာင္ေလးက အတင္းအထဲဝင္... "

" အင္း သိၿပီ သူ႔ကိုငါနဲ႔ထားခဲ့လိုက္ မင္းလုပ္စရာရွိတာ သြားလုပ္ေတာ့ "

ထိုအစ္ကိုႀကီးထြက္သြားသည္ဆိုရင္ျဖင့္ သူဂ်ီဟြန္းhyungကိုၾကည့္လိုက္သည္။

" ပက္ဂ်ီမင္းကိုလာရွာတာျပန္လား ေဂ်ေခ "


" ဟုတ္ "

" ဒါဆို လိုက္ခဲ့ သူ႔႐ုံးခန္းထိလိုက္ပို႔ေပးမယ္ ကိုယ္ေတာ့မဝင္ေတာ့ဘူး အလုပ္ရွိလို႔ "

" အာ ရပါတယ္ .. ကြၽန္ေတာ္တစ္ေခါက္ေရာက္ဖူးေတာ့ ကြၽန္ေတာ္သြားတတ္တယ္ ဂ်ီဟြန္းHyungသာ လုပ္စရာရွိတာသြားလုပ္ေတာ့ "

သူေျပာေတာ့ ဂ်ီဟြန္းhyungက ေကာင္းသားပဲဆိုတာ ထြက္သြားေတာ့သည္။ ပထမတစ္ခါလာကတည္းက‌ ဂ်ီဟြန္းhyungနဲ႔ဆုံဖူးသည္မို႔ သူနဲ႔ ဂ်ီဟြန္းhyungက ခင္ၾကသည္။ အထူးသျဖင့္ သူကကိုကို႔ေနာက္ကိုတေကာက္ေကာက္မို႔ ဂ်ီဟြန္းhyungက သူ႔ကို ယုံၾကည္ေနတာလဲျဖစ္သည္။ ဘာပဲျဖစ္ျဖစ္ ကိုကို႔နဲ႔မဆုံတာ တစ္ပတ္ေက်ာ္ေလာက္ရွိၿပီပဲ ကိုကို႔ဆီသြားၿပီး ခုနက သူ‌ရဲ႕hyungအေၾကာင္း စုံစမ္းပါမည္။ အနည္းဆုံး CCTVကေနေတာ့ တစ္ခုခုရမွာေပါ့။


ကိုကို႔‌႐ုံးခန္းေရွ႕ေရာက္ေတာ့ သူၿပဳံးရင္း တံခါးလက္ကိုင္ကိုဆြဲလွည့္ကာ အခန္းထဲဝင္လိုက္သည္။ ထို႔ေနာက္ ကိုကိုထိုင္ေနက် စားပြဲေနရာၾကည့္မိေတာ့ သူ႔မ်က္ဝန္းေတြျပဴးသြားရသည္။

စားပြဲကိုေက်ာေပးကာ စားပြဲေပၚ တင္ပါးပစ္ကာထိုင္ေနတဲ့လူတစ္ေယာက္ ။
ဂ်ာကင္တစ္ထည္က ၾကမ္းခင္းေပၚခေနၿပီး ထိုလူႀကီးကေတာ့ ပခုံးသားႏုႏုေတြနဲ႔ သိမ္းဖက္ခ်င္စရာေက်ာျပင္ႀကီးေပၚတဲ့အထိ အက်ႌကိုဆြဲခ်ထားသည္။စားပြဲအနားသတ္ကို ဆုပ္ကိုင္ထားပုံအရ ထိုလူသည္ တစ္ခုခုကို တင္းခံေနပုံေပၚသည္။ မ်က္ႏွာကို မျမင္ရေပမဲ့ ရင္းႏွီးေနတဲ့ဒီဆံပင္ပုံစံ။

သူတစ္လွမ္းထပ္လွမ္းတဲ့အခ်ိန္မွာပဲ ထြက္လာတဲ့ မပီမသ ညည္းညဴသံေၾကာင့္ သူ႔အၾကည့္ေတြက ထိုေက်ာျဖဴျဖဴေပၚကို ဖ်တ္ကနဲ႔ေရာက္သည္။ သူ‌ေသခ်ာျပန္ၾကည့္မိေတာ့ ခရမ္းရင့္ေရာင္အကြက္ေတြက လည္တိုင္ကေန ပခုံးသားအဆုံးထိရွိသည္။ ျဖဴအုေနတဲ့ေက်ာျပင္ေပၚမွာ‌ေတာ့ သြားရာေတြက အကြင္းလိုက္...။ သူ ထိုျမင္ကြင္းကိုမ်က္လုံးျပဴးၿပီးၾကည့္မိသည္။

ထိုခဏ ထိုလူႀကီးရဲ႕ခါးၾကားကေန စားပြဲေပၚကို လွမ္းလာတဲ့ လက္တစ္ဖက္ ။

" ေတာ္ၿပီ ဂ်ီမင္ ဒါ.. ငါ့ဟာငါပဲလုပ္ယူမယ္ "

ထိုလူႀကီးဆီက ထြက္လာတဲ့နာမည္ပိုင္ရွင္ေၾကာင့္ သူပိုၿပီးလန႔္သြားရသလို ထိုလက္ကိုေသခ်ာၾကည့္မိေတာ့ ကိုကို႔လက္။

" ကိုကို !!! "

စိုးရိမ္တႀကီး သူေခၚမိေတာ့ ထိုလူႀကီးအကြယ္ကေန ထြက္လာတဲ့ ကိုကို႔ေခါင္း။ သူ႔ကိုျမင္ေတာ့ သူခိုးလူမိသလို တုန္လႈပ္သြားတဲ့ကိုကို႔မ်က္ဝန္းေတြ။

" ေဂ်ာင္ကု ... "

ကိုကို႔ရဲ႕တအံ့တဩေခၚသံေၾကာင့္ ေက်ာခိုင္းထားတဲ့လူႀကီးပါ လွည့္ၾကည့္ေတာ့ သူ ထိုေနရာမွာတင္ အသက္ရႉသံေတြရပ္တန႔္သြားသည္။

Hyung!!!

ကိုကိုနဲ႔ Hyungကဘာေတြလဲ

" ဂြၽန္ေဂ်ာင္ကု မင္း ဘာလာလုပ္တာလဲ "

စားပြဲအေနာက္ကေန ေဒါသတႀကီးထြက္လာတဲ့ ကိုကိုကေတာ့ ထုံးစံအတိုင္း စကားစေပမဲ့ သူကေတာ့ Hyungရဲ႕မ်က္ဝန္းလွလွေတြကိုပဲ ေငးမိသည္။ Hyungက‌ေတာ့ ေထြေထြထူးထူးမဟုတ္တဲ့ပုံနဲ႔အၾကည့္လႊဲကာ ပခုံးထိက်ဆင္းနတဲ့ရွပ္အက်ႌကိုျပန္ဆြဲတင္ၿပီး ၾကယ္သီးေတြ ျပန္တပ္ေနတာကို သူ႔ေတြ႕လိုက္သည္။

သူစိမ္းေယာက်ၤားတစ္ေယာက္က ဒီလိုပုံနဲ႔Hyungကိုျမင္တာ တကယ္ Hyungက ဘာမွမျဖစ္ဘူးလား ...။


" ငါေမးေနတယ္ေလ ဂြၽန္ေဂ်ာင္ကု!!! မင္း ဒီကို မလာဖို႔ ငါဘယ္ႏွစ္ခါေျပာရမလဲ "

ခါတိုင္းလိုပဲ ဆူဆဲေတာ့တဲ့ကိုကို႔စကားကို သူနားမဝင္ ။ သူ႔အေရွ႕မွာ ေပါ့ေပါ့ပါးပါးေလးရွိေနတဲ့ အလွတရားကိုပဲ သူစိုက္ၾကည့္မိသည္။

ၾကယ္သီးေတြတပ္ၿပီးသြားလို႔နဲ႔တူတယ္ စားပြဲ‌ေနာက္ကေနအေရွ႕ကို ထြက္ကာ ဆိုဖာေပၚဝင္ထိုင္ရင္း အရက္တစ္ခြက္ကို လွမ္းေသာက္လိုက္တဲ့ Hyung!! သူနဲ႔ကိုကို႔ကိုေတာ့ မရွိတဲ့ပုံလိုသာ သတ္မွတ္ထားသည္။

" ကိုကို.. Hyungက.. မဟုတ္ေသးဘူး ... သူက.. "

ထယ့္ကို မ်က္ေတာင္ခတ္တမ္းစိုက္ၾကည့္ၿပီးေမးလာတဲ့ေဂ်ာင္ကုကို ဂ်ီမင္ ျပန္မေျဖခ်င္။ ဂ်ီမင္ ဒီေကာင္ေလးဂြၽန္ေဂ်ာင္ကုကို သူ႔ျပသနာေတြအားလုံးမသိေစခ်င္။ နဂိုကတည္းက ေနာက္ကတေကာက္ေကာက္လိုက္ေနတာ ။အေၾကာင္းစုံသာသိလို႔ကေတာ့ သူ႔ရင္ခြင္ထဲမွာ ဂ်ီမင္ကို ဖြက္ထားမဲ့ပုံပင္။

" ငါနဲ႔လိုက္ခဲ့ ဂြၽန္ေဂ်ာင္ကု "

" ဟအင္း ဒီမွာပဲ ေနမွာ .. "

ေဂ်ာင္ကုျငင္းေပမဲ့ လက္ကိုအတင္းဆြဲၿပီးထြက္သြားတဲ့ဂ်ီမင္ေၾကာင့္ အေနာက္ကေန ယက္ကန္ယက္ကန္ေလးပါသြားရသည္။ေဂ်ာင္ကုအၾကည့္ေတြကေတာ့ နားတြဲလွလွေလးနဲ႔ ဆိုဖာေပၚမွာထိုင္ေနတဲ့ အ႐ုပ္ေလးဆီကေန နည္းနည္းမွမခြာခဲ့။

ဝုန္းကနဲ႔ ေဆာင့္ပိတ္လိုက္တဲ့ တံခါးပိတ္သံအဆုံးမွာေတာ့ ကိုင္ထားတဲ့အရက္ခြက္ကို ထယ္ေယာင္း စားပြဲအေသးေလးေပၚျပန္တင္လိုက္သည္။ ထို႔ေနာက္ တင္းခံထားသမွ် အရာေတြအကုန္လုံး ေျဖေလ်ာ့ဖို႔အတြက္ သက္ျပင္းခ်လိုက္သည္။ မ်က္ဝန္းထဲမွာေတာ့ ထိုအမည္မသိေကာင္ေလးရဲ႕ အၾကည့္စူးစူးေတြက လုံးဝမထြက္။

" အဟက္ !! ကင္‌ထယ္ေယာင္း... မင္းက ေသာက္ရွက္ေတာင္မရွိေတာ့ဘူးပဲ... ဒီလိုပုံစံႀကီးကိုမွ... ျမင္သြားရတယ္လို႔ ... အဟား..."

နာက်င္စြာရယ္လိုက္တဲ့ရယ္သံေဖ်ာ့ေဖ်ာ့ေတြက
အခန္းေလးထဲ တလြင့္လြင့္။ သူ႔ရဲ႕႐ြံစရာေကာင္းတဲ့ပုံရိပ္ကို တတိယေျမာက္ျမင္သြားခဲ့တဲ့သူက အမည္မသိတဲ့ မ်က္ဝန္းလွလွ ယုန္သြားေလးနဲ႔ေကာင္ေလးတစ္ေယာက္။

💠💠💠


" ကိုကို သူက... "

" ဘာကိစၥ မင္းသေဘာနဲ႔မင္း သြားလာေနရတာလဲ ေဂ်ာင္ကု "

" မဟုတ္ဘူး ကြၽန္ေတာ္ ကိုကို႔ဆီလာတာ... ၿပီးေတာ့သူက ... "

" မင္း သိစရာမလိုဘူး ေဂ်ာင္ကု "

" ဟအင္း သိခ်င္တယ္ ကြၽန္ေတာ္ကိုကို႔ဆီလာတာ သူ႔အေၾကာင္းသိခ်င္လို႔ ... ကြၽန္ေတာ္ အဲ့Hyungကို သေဘာက်တယ္ "


ေဂ်ာင္ကုစကားသံအဆုံး ဂ်ီမင္ ႐ုတ္တရက္ေၾကာင္ၿပီးၾကည့္မိသည္။

ဘာေျပာလိုက္တယ္ ... ေဂ်ာင္ကုက ဘာေျပာလိုက္တယ?

" ဘာ!! သေဘာက်တယ္? "

" ဟုတ္တယ္ ကိုကို ကြၽန္ေတာ္ သူ႔ကို သေဘာက်တယ္ ကြၽန္ေတာ္ သူ႔ကိုရွာေနတာ တစ္ႏွစ္နီးပါးရွိၿပီ ကိုကို အဲ့ဒါေၾကာင့္ သူကဘယ္သူလဲ ကိုကို ကြၽန္ေတာ့္ကိုေျပာျပ... "

ကေလးေလး သိခ်င္တာကို ေမးေနတဲ့ပုံလို မ်က္စိသူငယ္နားသူငယ္ပုံမ်ိဳးလုပ္ေတာ့ ဂ်ီမင္းအေၾကာေတြ ေထာင္တဲ့အထိ စိတ္တိုသြားရသည္။ အစကတည္းက ‌ဂြၽန္ေဂ်ာင္ကုနဲ႔ပတ္သတ္ရင္ သူဟာ စိတ္အတိုဆုံးလူသားမို႔။

" မရဘူး ေဂ်ာင္ကု မင္း သူ႔ကို ခ်စ္လို႔မရဘူး ေဂ်ာင္ကု သူက ငါ့ေကာင္ေလး ... ငါတြဲေနတဲ့ ငါ့ေကာင္ေလးကြ "

ခါးေထာက္ကာေျပာလာတဲ့ ကိုကိုဂ်ီမင္းေၾကာင့္ ေဂ်ာင္ကု မ်က္ေမွာင္ၾကဳတ္လိုက္သည္။

" မဟုတ္ဘူး ကိုကိုလိမ္ေနတာ ... ကိုကို႔ဆီမွာ အစ္ကို ယြန္ဂီတစ္ေယာက္ပဲရွိတာ... ကိုကို ကြၽန္ေတာ့္ကို လာမလိမ္နဲ႔ ကိုကို မေျဖရင္ ကြၽန္ေတာ့္ဘာသာ သြားေမး... "

" မေမးနဲ႔ အမွန္ပဲေကာင္ေလး ... ဂ်ီမင္းက ငါ့ခ်စ္သူ "

႐ုတ္တရက္ထြက္လာတဲ့ ဩရွရွအသံပိုင္ရွင္ေၾကာင့္ ဂ်ီမင္းေရာ ေဂ်ာင္ကုပါ အသံလာရာဆီလွည့္ၾကည့္လိုက္သည္။ လွပလြန္းတဲ့အ႐ုပ္ေလးတစ္႐ုပ္ကေတာ့ ဂ်ီမင္းခါးကို သူ႔ကိုယ္နဲ႔ဆြဲကပ္ကာ ဂ်ီမင္း ႏႈတ္ခမ္းထူထူေတြထက္ ဖိကပ္ေႁခြခ်လိုက္တဲ့ အနမ္းတစ္ပြင့္။ ေဂ်ာင္ကုေနရာမွာပဲ ၾကက္ေသေသေနသလိုျဖစ္သြားရသည္။


" လိမ္ေနတာ ကိုကိုက အစ္ကိုယြန္ဂီကိုပဲခ်စ္တာ ... ကြၽန္ေတာ္သိတယ္ ကိုကိုက အစ္ကိုယြန္ဂီကို ခ်စ္ရဲ႕သားနဲ႔ ဘာလို႔ ကြၽန္ေတာ္ သေဘာက်တဲ့ လူနဲ႔မွလဲ "

အေရွ႕က ႏို႔နံ႔မစင္ေသးပုံရတဲ့ ခ်စ္စရာအေကာင္ေသးေသးေလးကို ထယ္ေယာင္း‌မ်က္ေမွာင္ၾကဳတ္ကာၾကည့္လိုက္သည္။ ဂ်ီမင္းရဲ႕ ဘာလဲ မသိေပမဲ့ ဒီကေလးဟာ ‌အလိုလိုက္ခံထားရပုံေတာ့ေပၚပါသည္။ ၿပီးေတာ့ လူပုစိတ္တိုပတ္ဂ်ီမင္းဟာလဲ ဒီအေကာင္ေပါက္ကို ခပ္ၾကမ္းၾကမ္းေအာ္ေငါက္ေပမဲ့ စကားေျပာေနတဲ့ေလသံေတြမွာ တစ္ခုခုကို သူခံစားမိသည္။ ၿပီးေတာ့ သူ႔ကို သေဘာက်တယ္?? အခုေလးတင္ ႐ြံစရာျမင္ကြင္းနဲ႔ ျမင္လိုက္တဲ့ လူတစ္ေယာက္ကိုေလ... ႐ူးေနတာပဲေနမွာ....

" ဂြၽန္ေဂ်ာင္ကု !! ေတာ္လိုက္ေတာ့ အိမ္ျပန္ ... မဟုတ္ေသးဘူး... တခါတည္း ဂ်ပန္ျပန္ !! "

" မျပန္ဘူး ကြၽန္ေတာ့္မွာအိမ္မရွိဘူး ကိုကို ... ကြၽန္ေတာ့္ကို သူတို႔ပစ္သြားၿပီ ... ကြၽန္ေတာ္ ကိုကိုနဲ႔ပဲ ေနမွာ ... ကြၽန္ေတာ္ ကိုကိုနဲ႔ေနခ်င္လို႔ .. ကြၽန္ေတာ္ အကုန္လုံး စြန႔္လႊတ္ၿပီး လိုက္လာတာ ႏွင္ထုတ္ဖို႔မႀကိဳးစားနဲ႔ "


ေျပာရင္းဆိုရင္း ခါးေထာက္ထားတဲ့ဂ်ီမင္းလက္ကိုဆြဲကာ ေနခြင့္ေပးဆိုတဲ့ အၾကည့္မ်ိဳးနဲ႔ ၾကည့္သည္။ ဂ်ီမင္းကေတာ့ စိတ္ရႈပ္တာမို႔ လက္ကိုခါခ်ေတာ့ တင္းတင္းက်ပ္က်ပ္ထပ္ဆုပ္ကိုင္လာတဲ့ေကာင္ေလး။

အေရွ႕ကႏွစ္ေယာက္ကို ထယ္ေယာင္းၾကည့္ၿပီးစိတ္ရွည္ခ်င္ေတာ့တာမဟုတ္ ။ ဂ်ီမင္းနဲ႔ေသာက္ခ်င္လို႔ လာပါတယ္ဆိုမွ ကေလးကလားေတြနဲ႔လာေတြ႕ေနရတယ္။

" မင္း လက္ကို ဖယ္စမ္း "

ဂ်ီမင္းလက္ကို ဆုပ္ကိုင္ထားတဲ့ထိုေကာင္ေလးလက္ကို ဆြဲခ်ေတာ့ သူ႔ကို တအံ့တဩၾကည့္ျပန္တဲ့ေကာင္ေလး။

" ဒါဆို Hyungလက္ကို ကြၽန္ေတာ္ကိုင္မယ္ "

ေျပာင္စပ္စပ္႐ုပ္နဲ႔ သူ႔ေဘးနားေရာက္ကာ သူ႔လက္ကို လာကိုင္တဲ့ေကာင္ေလး။ စိတ္တိုၿပီး ဆြဲထိုးလိုက္ခ်င္ေပမဲ့ သူ႔လက္ရွည္ရွည္ေတြကို လာကိုင္တဲ့ ထိုေကာင္ေလးရဲ႕ လက္ဖ်ားေအးေအးေတြေၾကာင့္ သူၿငိမ္သက္သြားရသည္။

ဒါ ဘာႀကီးလဲ ထူးဆန္းတဲ့ခံစားခ်က္!!!

ဂ်ီမင္းကေတာ့ ေဂ်ာင္ကုကိုၾကည့္ၿပီး ထိန္းမႏိုင္ေတာ့ဘူးဆိုတာ သူအတပ္သိသည္ ။ တခါတေလ ေျပာရလြယ္သေလာက္ တစ္ခါတေလ ႏွစ္ပိုင္းခ်ိဳးပစ္ခ်င္ေလာက္ေအာင္ စိတ္တိုရပါတဲ့ ဂြၽန္ေဂ်ာင္ကု ......


" ငါ မင္းကို လုံၿခဳံေရးေခၚၿပီးဆြဲထုတ္မယ္ "


အခ်ဥ္ေပါက္လာတဲ့မ်က္ဝန္းေတြနဲ႔ေဂ်ာင္ကုကိုၾကည့္ကာ ဖုန္းဆက္ဖို႔ျပင္ေတာ့ အေျပးအလႊားအနားေရာက္လာတဲ့ ဝန္ထမ္းတစ္ေယာက္ေၾကာင့္ ဂ်ီမင္ လက္ေတြရပ္တန႔္သြားသည္။


" သူ... သူေဌး ... ေအာက္ထပ္မွာ လူတစ္ေယာက္ေသာင္းက်န္းေနလို႔ ... အဲ့ ဒါ ... "

" ဒီေလာက္ေလးေတာင္ မထိန္းႏိုင္ဘူးလား . "

" သူက သူေဌးကို မေခၚေပးရင္ အကုန္လုံးဖ်က္ဆီးပစ္မယ္ေျပာတယ္ သူေဌး... မင္ ယြန္ဂီ... မင္ယြန္ဂီလို႔ေျပာလိုက္ပါတဲ့ ... "


ထိုဝန္ထမ္းေလးစကားေၾကာင့္ ဂ်ီမင္းမ်က္ဝန္းေတြတုန္လႈပ္သြားသည္။ ထယ္ေယာင္းက သိသည္မို႔ ဂ်ီမင္းကိုၾကည့္ကာ...

" မင္း မသြားနဲ႔ ငါသြားမယ္ ဂ်ီမင္း "

ေဘးနားက အေကာင္ေပါက္စရဲ႕လက္ကို ခါခ်ၿပီး သြားဖို႔ႀကိဳးစားေတာ့ ေနာက္ကေနလိုက္လာတဲ့ဂ်ီမင္း။

" မျဖစ္ဘူး ထယ္ေယာင္း ငါ့ကို ေတြ႕မွ သူရပ္မွာ ငါသြားမွျဖစ္မယ္ မင္းေနခဲ့ "


" ကြၽန္ေတာ္ေရာ လိုက္မယ္ေလ .. "

သူတို႔ႏွစ္ေယာက္အေနာက္ကို ေျပးလိုက္လာတဲ့ ေကာင္ငယ္ေလးကိုေတာ့ ဂ႐ုမစိုက္စြာ ထားခဲ့မိလိုက္ေတာ့သည္။ သူတို႔သုံးေယာက္လုံး ေျပးဆင္းသြားမိတာက ေအာက္ဆုံးထပ္ျဖစ္တဲ့ Dance Floor ...

ေအာက္ထပ္ေရာက္ေရာက္ခ်င္း ျမင္လိုက္ရတာက အလဲလဲအကြဲကြဲျဖစ္ေနတဲ့ပစၥည္းတစ္ခ်ိဳ႕နဲ႔ ဒဏ္ရာရထားတဲ့ ဝန္ထမ္းတစ္ခ်ိဳ႕...။

ဒါေတာင္ တစ္ျခားတစ္ေယာက္ကို ဆြဲထိုးဖို႔ လက္လွမ္းေနတဲ့ ျဖဴစုတ္စုတ္ေကာင္။ ထိုအျမင္ကပ္စရာအေကာင္ကို ထယ္ေယာင္း ဆြဲ လွည့္ရင္း တစ္ခ်က္ ပစ္ေကြၽးလိုက္မိေတာ့ အေနာက္ကေနလာဆြဲတာက ပက္ဂ်ီမင္း။ အေရွ႕က ေကာင္ကေတာ့ ေသြးထြက္သြားတဲ့ႏႈတ္ခမ္းစကို သုတ္ပစ္ၿပီး သူ႔ကို ၾကည့္ကာ သူ႔အေနာက္က ပက္ဂ်ီမင္းကို စူးစိုက္ၿပီး ၾကည့္သည္။

" ပက္ဂ်ီမင္း!! ဒီကိုလာ ... "

အထိုးခံထားရတာေတာင္ စိတ္ေလ်ာ့လိုက္တဲ့ပုံနဲ႔ ခါးေထာက္ၿပီး မ်က္ဝန္းေတြနဲ႔ လာခဲ့လိုက္ လွမ္းေခၚသည္။ သို႔ေပမဲ့ ဂ်ီမင္းက နည္းနည္းေလးေတာင္ မလႈပ္။

" ငါေအးေဆးေခၚေနတုန္းလာ... မဟုတ္ရင္ မင္းအေကာင္ကို ငါဆြဲထိုးမိမယ္ ဂ်ီမင္း .. "


ထယ္ေယာင္းကို ၾကည့္ၿပီးေျပာတာမို႔ ထယ္ေယာင္း တစ္ခ်က္ရယ္ရင္း ေရွ႕တစ္လွမ္းတိုးကာ အလစ္မွာ ဒုတိယအႀကိမ္အျဖစ္ ထပ္ထိုးျပန္သည္။

" ( ခြပ္ ) "

ဒီတစ္ခါေတာ့ ၿငိမ္မခံေတာ့ဘဲ ခ်က္ခ်င္း ထယ္ေယာင္းဘက္ကိုလွည့္ကာ ဆြဲထိုးေတာ့ ...


" အ့ "

ေသခ်ာေပါက္ မင္ယြန္ဂီရဲ႕လက္သီး တစ္ခ်က္ေလာက္ ထိမယ္ ထင္ခဲ့ေပမဲ့ တကယ့္လက္ေတြ႕မွာေတာ့ အသားတစ္စက္မွမထိခဲ့။ ဘယ္ကေန ဘယ္လိုေရာက္လာမွန္းမသိဘဲ သူ႔အစား အေရွ႕ကေန ကာၿပီး အထိုးခံလိုက္တဲ့ ေကာင္ငယ္ေလး... ။ ထိုေကာင္ေလးနာမည္ကို ထယ္ေယာင္းမသိေပမဲ့ ဂ်ီမင္းႏႈတ္ဖ်ားက နာမည္တစ္ခုကိုေတာ့ ၾကားလိုက္ပါသည္။


" ေဂ်ာင္ကု !!! "

အထိုးခံလိုက္ရတဲ့ေကာင္ေလးေၾကာင့္ ဂ်ီမင္ စိတ္ပူသြားေပမဲ့ ထယ္ေယာင္းကေတာ့ စိတ္ရႈပ္သည္။

အစကတည္းက သုံးပြင့္ဆိုင္ ရွင္းေနတာကို ဒီေကာင္က ဘာလာဝင္ရႈပ္ရတာလဲ လူကိုၾကည့္ေတာ့ ေပ်ာ့တိေပ်ာ့ဖက္နဲ႔...


" အဟက္ ပက္ဂ်ီမင္း!!! မင္းက ဒီႏွစ္ေကာင္နဲ႔ ေပ်ာ္ပါးေနလို႔ ငါ့ဆီမလာႏိုင္တာေပါ့ေလ ဟုတ္လား ... ကင္ထယ္ေယာင္းက ထားပါေတာ့ ... ဒီကေလးသာသာအေကာင္ ဂြၽန္‌ေဂ်ာင္ကုေလာက္ေတာင္ ငါကအျဖစ္မရွိလို႔လား...

ေျဖစမ္း ဂ်ီမင္ "

" မဟုတ္ဘူး အဂီHyung .. ကြၽန္ေတာ္က .. "

ထိုးခံထိထားတာေတာင္ အသံထြက္လာတဲ့ေဂ်ာင္ကုေၾကာင့္ ယြန္းဂီလက္ေတြ ေဂ်ာင္ကုရဲ႕ရွပ္အက်ႌေကာ္လံေပၚက်ေရာက္သြားရေတာ့သည္။

" မင္းပါးစပ္ကိုပိတ္ထား ဂြၽန္ေဂ်ာင္ကု .... ကေလးဆိုၿပီး အရင္ကလို ညႇာေနမွာမဟုတ္ေတာ့ဘူး "

ေျပာရင္းဆိုရင္း ေဂ်ာင္ကုမ်က္ႏွာကို သူ႔နဲ႔နီးေအာင္ဆြဲကပ္ေတာ့ ခ်က္ခ်င္းအနားေရာက္လာသူက ပက္ဂ်ီမင္း။ ေဂ်ာင္ကုကိုဆြဲကိုင္ထားတဲ့ယြန္ဂီ့လက္ေတြကို ဆြဲျဖဳတ္ကာ ပူးကပ္ေနတဲ့ခႏၶာကိုယ္အေနအထားကို ဆြဲခြာၿပီး ေဂ်ာင္ကုေရွ႕ဝင္ရပ္မိေတာ့ ယြန္ဂီ့ေဒါသေတြက ေထာင္းကနဲ႔...။


" မင္ယြန္ဂီ ... ေဂ်ာင္ကုကိုမထိနဲ႔ "

" မထိေစခ်င္ရင္ ငါ့နဲ႔လိုက္လာ ပက္ဂ်ီမင္ "

ေျပာေျပာဆိုဆို ဂ်ီမင္းလက္ေကာက္ဝတ္ကေန ဆြဲၿပီး ေျခလွမ္းက်ဲေတြနဲ႔ ထြက္သြားတဲ့ယြန္ဂီ။ ထယ္ေယာင္းလိုက္ဖို႔ ႀကိဳးစားလိုက္ေပမဲ့ အေကာင္ေပါက္က အေနာက္ကေန လွမ္းဆြဲသည္။ ထို႔အတူ ဂ်ီမင္းကလဲ သူ႔ကို လိုက္မလာဖို႔တားသည္။ အကယ္၍ သူသာ လိုက္သြားရင္ မင္ယြန္းဂီႏွင့္ သတ္ပြဲျဖစ္ေနမွာ...။


ရႈပ္ပြေနတဲ့ ထိုင္ခုံေတြကို ထယ္ေယာင္း စိတ္တိုတိုနဲ႔ကန္ေက်ာက္ရင္း ဘားမွာဝင္ထိုင္မိေတာ့ အေနာက္ကကပ္ပါလာတဲ့ အေကာင္ေပါက္။ ထယ္ေယာင္း လွည့္မၾကည့္မိသလို စကားလဲ မေျပာျဖစ္။ နာမည္ မမွတ္မိေသာ ထိုအေကာင္ေပါက္က သူ႔ေဘးမွာထိုင္ရင္း ဘာတစ္ခြန္းမွ မေျပာဘဲ ၿငိမ္ၿငိမ္ေလးေနသည္။ သူေသာက္သမွ် လိုက္မွာကာ မေသာက္ဘဲ သူ႔ကိုသာၾကည့္ေနသည့္အေကာင္ေပါက္စ။


ဒီလိုဆိုေတာ့လဲ မဆိုးဘူး... ေဘးနား ပူညံပူညံ လာမလုပ္တာပဲေတာ္ေတာ္ ဟုတ္ေနၿပီ။

ဒါနဲ႔ ေနပါဦး... ပက္ဂ်ီမင္းနဲ႔ ဘာေတာ္တာလဲ


" ေဟ့... မင္း.... ဂ်ီမင္းနဲ႔... မင္းက ဘာေတြလဲ "

တစ္ခြက္ၿပီးတစ္ခြက္ေမာ့ေနတဲ့ အလွေလးက ႐ုတ္တရက္ သူ႔ကိုလွည့္ၾကည့္ကာ ေမးေငါ့လာသည္ဆိုရင္ျဖင့္ မဆီမဆိုင္ မ်က္ႏွာက ရွိန္းကနဲ႔ ...။

" ဟို... ကြၽန္ေတာ္... ကြၽန္ေတာ္က ကိုကို႔ေနာက္ကို လိုက္ေနတဲ့သူ ... "


သူ႔အေျဖေၾကာင့္ မ်က္ေမွာင္ၾကဳတ္သြားတဲ့ သေဘာက်ရသူလူသား။ မယုံသလိုၾကည့္လာတဲ့မ်က္ဝန္း‌ေတြကို မ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္နဲ႔ျပန္ၾကည့္မိေတာ့ ေဖ်ာ့ေတာ့သြားတဲ့မ်က္ဝန္းပိုင္ရွင္က သူ႔ကိုအၾကည့္လႊဲသြားသည္။

" Hyung ... Hyungကေရာ ကိုကို႔နဲ႔ဘာေတာ္လဲ "

႐ုံးခန္းထဲကအေနအထားကို ျမင္ထားတာေတာင္ ထပ္ေမးလာတဲ့ အေကာင္ေပါက္စနေၾကာင့္ ထယ္ေယာင္း ဝီစကီ တစ္ခြက္လုံးေမာ့ပစ္လိုက္သည္။

ဘာျပန္ေျဖရမလဲ ? ခ်စ္သူ ? သူငယ္ခ်င္း ? အခ်ိန္ပိုင္းငွားထားတဲ့ေကာင္ေလး ? အတူတူေနတဲ့သူ ? မဟုတ္ပါဘူး သူ႔ခ်စ္သူလို႔ သူေျပာထားၿပီးၿပီေလ...

" မင္း ဘယ္လိုထင္လဲ "

သူ႔အေမးေၾကာင့္ အေကာင္ေပါက္က သူ႔ဘက္ကိုတစ္ကိုယ္လုံးလွည့္လာကာ ထိုင္ေနတဲ့ခုံေပၚလက္ေထာက္ၿပီး သူ႔အနားကပ္လာသည္ ။ ထို႔ေနာက္ ဝတ္ထားတဲ့ အေပၚထပ္ကိုခြၽတ္ကာ ႐ုတ္တရက္ ခ်ိဳင္းေအာက္ကေန သူ႔ခါးကို သိုင္းဖက္ရင္း ထိုအေပၚဝတ္ကို သူ႔ခါးထက္ ခ်ည္ေႏွာင္ေတာ့ နားမလည္စြာနဲ႔ ထယ္ေယာင္းၾကည့္လိုက္မိသည္။ ထိုေကာင္ေလးရဲ႕ မ်က္ဝန္းေတြကေတာ့ သူ႔ဆီမွာမဟုတ္။ သူ႔ေနာက္က တစ္ေနရာရာဆီ အၾကည့္ေရာက္ေနတာျဖစ္သည္။ သူလဲ လိုက္ၿပီးလွည့္ၾကည့္မိေတာ့ မလွမ္းမကမ္းမွာရွိေနတဲ့ဝိုင္းက ၿပဳံးစိစိ ၿပီတီတီလုပ္ေနတဲ့ ေကာင္ေလးသုံးေယာက္။ ေပါက္စနကိုၾကည့္ကာ ၿပဳံးစိ ၿပဳံးစိနဲ႔စေနတာမို႔ ေပါက္စနရဲ႕အသိေတြထင္သည္။

" ေဆာရီး Hyung.. မၾကည့္သင့္တဲ့ေနရာ ဒီေကာင္ေတြၾကည့္ေနလို႔ ... "


" အသိေတြလား "

" အဲ့တာထက္ပိုတယ္ Hyung "

ထို႔ေနာက္ ဘာမွ ထပ္မေျပာျဖစ္သလို သူကိုယ္တိုင္လဲ ေသာက္စရာရွိတာကို ဆက္ေသာက္သည္ ။ ေဘးနားက အေကာင္ေပါက္ကလဲ ပုံမွန္အတိုင္း အနားမွာတိတ္တိတ္ေလးပဲ ထိုင္သည္။ ဘာေၾကာင့္ရယ္ေတာ့မသိ ထယ္ေယာင္း ဒီေကာင္ေလးကို စိတ္မရႈပ္မိ... ေဘးမွာ ဂ်ီမင္းရွိတဲ့ေန႔မွသာ စိတ္ခ်လက္ခ်ေသာက္ပစ္မိေပမဲ့ အခုေတာ့ ထိုေကာင္ေလးကို ဂ်ီမင္းလို စိတ္ခ်ေနမိသည္။ အဓိကက ဂ်ီမင္းအထိမခံတဲ့ေကာင္ေလးမို႔လို႔လဲ ျဖစ္သည္။

ဂ်ီမင္းနဲ႔ ဒီေကာင္ေလးက ဘာမွန္းမသိေပမဲ့ ထိုေကာင္ေလး မင္ယြန္းဂီ လက္နဲ႔ထိတုန္းက ဂ်ီမင္းမ်က္ဝန္းေတြစိုးရိမ္သြားတာ သူအသိ။

" ေတာ္ေလာက္ၿပီ ထင္တယ္ Hyung မ်ားေနၿပီ ... ကြၽန္ေတာ္ျပန္ပို႔ေပးမယ္ေလ "

ေနာက္တစ္ပုလင္းလွမ္းေနတဲ့သူ႔လက္ေတြ လက္ေကာက္ဝတ္ကေန အသာအယာအကိုင္ခံလိုက္ရသည္။ သူၾကည့္လိုက္မိေတာ့ ေဂ်ာင္!!!
ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ ... ေဂ်ာင္က သူ႔အနားမွာ ဘယ္ေတာ့မွမရွိဘူး ... အျမင္မွားေနတာ ...
ဂ်ီမင္းကို ေဂ်ာင္လို႔ ထင္ေနတာပဲေနမွာ .... ဒါေပမဲ့လဲ .. အထင္မွားခ်င္တယ္ ...

မဟုတ္ဘူး .... ထယ္ေယာင္း ဘာေတြးေနတာလဲ ေဂ်ာင္က အရင္ကလို မင္းခ်စ္ရတဲ့ေဂ်ာင္ မဟုတ္ေတာ့ဘူး....

" ေဂ်ာင္... ငါမင္းကို ေဂ်ာင္လို႔ ျမင္ေနတယ္ ဂ်ီမင္းေရ "

သူ႔လက္ကို ကိုင္ထားတဲ့ေဂ်ာင့္လက္ေတြကိုမ႐ုန္းဘဲ ျမင္ေနရတဲ့ မ်က္ႏွာကို လက္ဖ်ားေလးနဲ႔
ထိေတြ႕မိေတာ့

" အြန္း ကြၽန္ေတာ္က ေဂ်ာင္ပဲေလ ... ျပန္ၾကရေအာင္ ဘယ္မွာေနလဲ ကြၽန္ေတာ္လိုက္ပို႔ေပးမယ္ အိမ္ေခၚသြားခ်င္ေပမဲ့ ကြၽန္ေတာ့္မွာ အိမ္မရွိဘူး ကိုကိုနဲ႔ကပ္ေနမလို႔.. ဒါေပမဲ့ ကိုကိုက အဂီHyungနဲ႔ လိုက္သြားၿပီ "

စကားမ်ားေနတဲ့ေဂ်ာင္ကို ထယ္ေယာင္းၾကည့္ၿပီး လြတ္လပ္စြာ ေလးေထာင့္ဆန္ဆန္ေလးၿပဳံးမိသည္။ သူ ဒီလိုမၿပဳံးရတာ မမလက္ထပ္ၿပီးကတည္းက .... ။

႐ုတ္တရက္ သူ႔မ်က္ႏွာကိုလက္ဖ်ားေလးနဲ႔ကိုင္ေနရင္း ၿပဳံးျပလာတဲ့ Hyungေၾကာင့္ သူ႔မ်က္လုံးေတြ ဝိုင္းစက္သြားသည္။ တေလာကလုံးမွာ Hyungတစ္ေယာက္တည္းရွိသလို ထြန္းလင္းေနတဲ့ အၿပဳံးေတြေၾကာင့္ ျမန္ႏႈန္းျမင့္လာတဲ့ႏွလုံးသားေလးနဲ႔ ပူရွိန္းလာတဲ့မ်က္ႏွာ...။ တစ္ဖက္ကၾကည့္မယ္ဆိုရင္ နီရဲေနမွာအမွန္။

" ကဲ.... ျပန္မယ္ ... ဂ်ီမင္းေရ ... ျပန္မယ္ ... ငါပင္ပန္းေနၿပီ ... ဘယ္သူ႔ကိုမွမေသာင္းက်န္းႏိုင္ေတာ့ဘူး ... "


ေျပာၿပီးတာနဲ႔ မတ္တပ္ထရပ္တဲ့ Hyungေၾကာင့္ သူပါ လိုက္ရပ္မိၿပီး ယိုင္တိ ယိုင္တိုင္ ျဖစ္ေနတဲ့Hyungကို တြဲထူလိုက္သည္။ ထို႔ေနာက္ Hyungက သူ႔ပခုံးေပၚလက္တင္ကာ ေခါင္းေလးေစာင္းရင္း သူေခၚရာကို လိုက္ခဲ့သည္။

" ဘယ္ကိုပို႔ေပးရမလဲ Hyung !! "

သူေမးေတာ့ မပြင့္တပြင့္မ်က္လုံးေတြနဲ႔အတူ စိတ္ရႈပ္ေနပုံရတဲ့ ေလသံနဲ႔ျပန္ေျဖလာသည္။

" ဂ်ီမင္းရာ... မင္း အိမ္လိပ္စာကိုေတာင္ မင္းေမ့ေနတာလား "

" ဟမ္ ဂ်ီမင္းနဲ႔တစ္အိမ္တည္းေနတာလား... Hyung က... "


သူေမးေနေပမဲ့ ထပ္မေျဖလာေတာ့ေသာ Hyungေၾကာင့္ သူခဏစဥ္းစားလိုက္မိသည္။ ဒါဆို ကိုကို႔အိမ္ကို သူပို႔ေပးရမယ္ေပါ့။ သူလဲ ကိုကို႔အိမ္မွာ ေနမလို႔ မားမားဆီေတာင္ မျပန္ဘဲ ဟန္းဂုမွာေနခဲ့တာေလ...။


ေဂ်ာင္ကု ဘာမွရွည္ရွည္ေဝးေဝးမစဥ္းစားေတာ့ဘဲ တကၠစီတစ္စီးကိုလွမ္းတားလိုက္သည္။ အိမ္ေပၚက ဆင္းလာကတည္းက အဝတ္အစားရယ္ ပိုက္ဆံအနည္းငယ္သာ ယူလာသည္။ ကိုကို႔နားမွာေနမယ္ဆိုတဲ့စိတ္တစ္ခုနဲ႔ ကိုကိုလုပ္တာ လိုက္လုပ္ဖို႔ ဆုံးျဖတ္ခဲ့တာပင္။

Hyungကို သယ္ရင္း ကိုကို႔တိုက္ခန္း‌ေရွ႕ဆီေရာက္ေတာ့ သူPasswordမသိပါ။ ထို႔ေၾကာင့္ Hyungကို မထိတထိ သူႏႈိးေတာ့ေခါင္းေထာင္လာသည္။

" ဘာလဲ ေရာက္ၿပီလား .. အာ့ဆို ဖြင့္ေလကြာ .. "

" Passwordက ဘာလဲ Hyung ... "

" Pas...sss word?? .... ငါလဲ မသိဘူး ဂ်ီမင္း "

မ်က္လုံးေတြမပြင့္တပြင့္နဲ႔ သူ႔ကိုယ္ေပၚကို တကိုယ္လုံးမွီခ်ကာ မသိဘူး ေျပာလာေတာ့ သူ ဘာဆက္လုပ္ရမယ္ မသိ။

" Cardမရွိဘူးလား Hyung ကိုကိုကျပန္လာမွာမဟုတ္ေတာ့ဘူး .. ကဒ္လိုတယ္ တံခါးဖြင့္ဖို႔... အပိုေလးေတာင္ မေဆာင္ထားဘူးလား ... "

သူေမးမိေတာ့ တအင္း တအဲအဲနဲ႔ လက္ညႇိဳးထိုးျပသည္။

" ဒီ.. မွာ ... "

Hyungလက္ညႇိဳးထိုးျပတဲ့ေနရာကိုၾကည့္မိေတာ့ အေနာက္ဘက္တင္ပါးနားက ေဘာင္းဘီအိတ္။ ေဂ်ာင္ကု ထိုအတိုင္း ေဘာင္းဘီအိတ္ထဲ ႏႈိက္လိုက္ေတာ့ Hyungက ၿငိမ္ၿငိမ္မေန .... ၾကမ္းခင္းေပၚလွဲခ်ဖို႔သာ ႀကိဳးစားေနသည္မို႔ မႏိုင့္တႏိုင္အားေလးနဲ႔ Hyungကို နံရံနား ကပ္လိုက္မိသည္။ Hyungမ်က္ႏွာက နံရံနဲ႔အပ္ေနတာသိေပမဲ့ သူတစ္ေယာက္တည္း ႐ုန္းကန္ေနတဲ့Hyungကို မထိန္းႏိုင္ပါ။

Hyungကလူႀကီးမို႔ေလ ... သူ တကယ္မႏိုင္။ Hyung ခါးမွာပတ္ထားတဲ့ သူ႔အက်ႌကို မတင္ကာ ေဘာင္းဘီအိတ္ထဲ သူလိုက္စမ္းမိေတာ့ ရင္ထဲ ထူးဆန္းတဲ့ခံစားခ်က္ႀကီးဝင္လာခဲ့ေပမဲ့ သူ နားမလည္ႏိုင္။

Cardကိုေတြ႕တာနဲ႔ သူတံခါးဖြင့္လိုက္ၿပီး Hyungကို အထဲေရာက္ေအာင္ သယ္လာခဲ့လိုက္သည္။ ဒီတိုက္ခန္းဟာ ကိုကို႔အပိုင္ဆိုတာသိေပမဲ့ ဒီလူႀကီးနဲ႔ အတူတူေနမွန္း ေဂ်ာင္ကု မသိပါ။ ထို႔အတူ ဒီတိုက္ခန္းကို သူပထမဆုံးအႀကိမ္ေရာက္ဖူးျခင္းလဲ ျဖစ္သည္။

ဘယ္ဟာက ဘယ္အခန္းမွန္းသူမသိတာမို႔ Hyungကို သူ ဧည့္ခန္းက ဆိုဖာေပၚတင္လိုက္မိသည္။


" ငါ ေရခ်ိဳးရဦးမယ္.. အက်ႌလဲ ရဦးမယ္.... ေဆးထည့္ရဦးမယ္ ေဆးေသာက္ရဦးမယ္ ဂ်ီမင္း "

လက္ေတြကို ဟိုပြတ္ဒီပြတ္ကာ မ်က္လုံးမဖြင့္ဘဲေျပာလာသည္မို႔ ေဂ်ာင္ကု ၿငိမ္ၿပီး နားေထာင္ေနမိသည္။ သေဘာက်ရတဲ့လူမွာ သက္ဆိုင္သူရွိေနမွန္း သူသိေပမဲ့ သူ ဝမ္းမနည္းမိ။ အဲ့ဒီ့သက္ဆိုင္သူဟာ ကိုကို ျဖစ္ေနလို႔ကို ဝမ္းမနည္းတာဆိုရင္ မွန္လိမ့္မည္။ ေဂ်ာင္ကု ငယ္ေသးေပမဲ့ ေဂ်ာင္ကု သိပါသည္။ ကိုကိုဟာ အဂီHyungတစ္ေယာက္ကိုပဲခ်စ္တယ္ဆိုတာ...။ ဘာေၾကာင့္ Hyungနဲ႔အတူတူေနလဲမသိေပမဲ့ ကိုကို႔ႏွလုံးသားဟာ အဂီHyungဆီမွာေတာ့ သူသိသည္။

သူကေတာ့ ဘာမွမစဥ္းစားဘဲနဲ႔ လြတ္လြတ္လပ္လပ္ သေဘာက်ခ်င္သည္။ လြတ္လြတ္လပ္လပ္ခ်စ္ခ်င္သည္။ ဒါေၾကာင့္မို႔ သူသေဘာက်ရတဲ့ Hyungကို ဘယ္သူ႔မ်က္ႏွာမွမၾကည့္ဘဲ သူဂ႐ုစိုက္မည္။ သူခ်စ္မည္။ ေနာက္ဆုံးမွာ Hyungက သူ႔ကိုပဲ ေ႐ြးခ်ယ္ေစရမည္။

ေဂ်ာင္ကု တစ္ေယာက္ ထယ္ေယာင္းေဘးမွာပုံ႔ပုံ႔ေလးထိုင္ရင္း ၿပဳံးလိုက္မိသည္။ ႏွာထိပ္ေပၚကမွဲ႔ေလး.. ပါးလ်လ်ႏႈတ္ခမ္းပါး... မ်က္ခုံးနက္နက္... မ်က္ေတာင္နက္နက္.... ေယာက်ၤားပီသတဲ့ေမး႐ိုးေတြ... ။

" အာ ~~~ Hyungနာမည္က ဘာပါလိမ့္ ... ကြၽန္ေတာ္ လိုက္သာလိုက္ရွာေနတာ Hyungကို နာမည္လဲမသိဘူး အခုေတြ႕ၿပီး တစ္ညလုံးေနခဲ့တာေတာင္ Hyungနာမည္ကို အခုထိမသိေသးဘူး .... ကိုကို ေခၚလိုက္တာေတာ့ၾကားမိတယ္... ေယာင္း... ဘာေယာင္းလဲေတာ့မသိ... "


လက္ထိပ္ေတြနဲ႔ Hyungႏွာေခါင္းထိပ္ကို ထိလိုက္ကပ္လိုက္ေဆာ့ေနရင္း သူေရ႐ြတ္မိသည္။ Hyungကေတာ့ သူ႔အျပဳအမူေၾကာင့္စိတ္ရႈပ္စြာ
မ်က္ေမွာင္ၾကဳတ္ရင္း အက်ႌေတြကို ဆြဲျဖဳတ္လာသည္။

" ေရခ်ိဳးရဦးမယ္ .... ငါအရမ္းညစ္ပတ္ေနၿပီ ဂ်ီမင္း... ေရခ်ိဳးရမယ္ .... ငါ မသန႔္ရွင္းေတာ့ဘူး ... ငါ့ကိုယ္က မသန႔္ရွင္းေတာ့ဘူး... "


တကယ္ေတာ့ ထိုစကားကို ထယ္ေယာင္းက တစ္ခုခုကိုရည္႐ြယ္ၿပီးေျပာေနေပမဲ့ ေဂ်ာင္ကုကေတာ့ ဆိုလိုတဲ့အဓိပၸါယ္ကိုမေရာက္။ ေဂ်ာင္ကုစိတ္ထင္က အျပင္ကျပန္လာတာနဲ႔ေရခ်ိဳးတတ္တဲ့အက်င့္ရွိတဲ့သူလို႔ မွတ္ယူမိၿပီး ရယ္ေနလိုက္ေသးသည္။

" အြန္း.. ကိုကိုမရွိေတာ့ ေဟာ့ဒီက ကြၽန္ေတာ္က ဂ႐ုစိုက္ေပးရမွာေပါ့ ... ခဏေစာင့္ အိမ္အခန္းထဲဝင္ၾကည့္ၾကည့္ဦးမယ္ ကြၽန္ေတာ္က ဘယ္မွာ ဘာရွိမယ္မွန္းမသိလို႔ .. "


သူ႔စကားအတိုင္း သူေျပာရင္း အိမ္ခန္းထဲဝင္ကာ ၾကည့္မိေတာ့ ေရခ်ိဳးခန္းတစ္ခန္း နဲ႔ အခန္းႏွစ္ခန္းေတြ႕သည္။ ပထမတစ္ခန္းကို ဝင္ၾကည့္မိေတာ့ လူမေနတဲ့အခန္းလို႔ထင္ရေလာက္ေအာင္ဘာပစၥည္းမွသိပ္မရွိ။ ရွိသင့္တဲ့ဟာေလာက္သာရွိၿပီး ေထြေထြထူးထူးအလွဆင္ထားတာေတာ့မရွိ။ သို႔ေပမဲ့ စားပြဲေပၚက ဓာတ္ပုံေလးေၾကာင့္ သူသိလိုက္သည္။ ဒါကိုကိုဂ်ီမင္းအခန္းဆိုတာကို....။ ထိုဓာတ္ပုံကို သူယူရင္းၾကည့္မိေတာ့ ကိုကိုအထက္တန္းၿပီးတဲ့ေန႔ ဘြဲ႕ယူတုန္းက ႐ိုက္ထားတဲ့ပုံေလး... ။ ကိုကို႔အေဖရယ္ ကိုကိုရယ္ အဂီHyungရယ္... ။ ပုံထဲမွာ ကိုကိုၿပဳံးေနတာမ်ား သိပ္ကိုခ်စ္ဖို႔ေကာင္းလြန္းသည္။ ကိုကိုဟာ သူ႔ကိုဆို တစ္ခါမွေကာင္းေကာင္းမဆက္ဆံသလို တစ္ခါမွ ၿပဳံးျပတာမ်ိဳးလဲ မရွိ။

" ကိုကို မတရားဘူး .. ႏွစ္ေတြအၾကာႀကီး ကြၽန္ေတာ့္ကို တစ္ခါေလးေတာင္မၿပဳံးျပခဲ့ဘူး "

သူ႔ဘာသာသူေရ႐ြတ္ရင္း ဓာတ္ပုံကို စားပြဲေပၚျပန္ထားေတာ့ သူထပ္ျမင္မိသည္က ေမွာက္ထားတဲ့ ဓာတ္ပုံအေသးေလး။ ေဘာင္နဲ႔ေတာ့မဟုတ္ေပမဲ့ ထိုဓာတ္ပုံက စိတ္ဝင္စားစရာမို႔ သူဆြဲယူၾကည့္မိေတာ့ သူ႔မ်က္ဝန္းေတြ ဝိုင္းစက္သြားရသည္။

တျခားေတာ့မဟုတ္။ ထိုဓာတ္ပုံက ကိုကိုအထက္တန္းၿပီးတဲ့ေန႔မွာ ကိုကို႔ကိုပန္းစည္းေပးရင္း သူထည့္ေပးလိုက္တဲ့ သူ႔ပုံနဲ႔ သူ႔ရဲ႕အစ္ကိုရင္းပုံ။ သူ႔အေရွ႕မွာေတာ့ ကိုကိုဟာ ထိုပန္းစည္းကို လက္မခံဘဲ စိတ္ဆိုးဆိုးနဲ႔ပစ္လႊင့္ခဲ့တာေလ။ အခု ဒီပုံက ဒီကိုေရာက္ေနတယ္ဆို‌ေတာ့ ... ကိုကို ျပန္ေကာက္သိမ္းခဲ့တာမ်ားလား။

ေတြးမိရင္း ေဂ်ာင္ကု ေပ်ာ္လာသည္မို႔ အသံတိတ္ ရယ္မိရင္း ကိုကိုဂ်ီမင္းကိုေက်းဇူးတင္မိသည္။

ကြၽန္ေတာ့္ကို ခ်စ္လ်က္နဲ႔မ်ား စိတ္ဆိုးၿပီးမုန္းဟန္ေဆာင္ေနေသးတယ္ ကိုကိုရယ္...


ေဂ်ာင္ကုတစ္ေယာက္ အေတြးထဲနစ္မြန္းေနတုန္း ႐ုတ္တရက္ တံခါးပိတ္သံကိုၾကားလိုက္ရတာမို႔ ကိုကို႔အခန္းထဲကေန အေျပးထြက္လာမိသည္။ ဧည့္ခန္းေနရာ ဆိုဖာကိုၾကည့္ေတာ့ ပုံလ်က္သားက်ေနတဲ့သူ႔အေပၚဝတ္ရယ္ Hyungဝတ္ထားတဲ့ရွပ္အက်ႌတစ္ထည္ရယ္...။ Hyungကေတာ့မရွိ။

" Hyung???? "

" .... "

ျပန္ေျဖသံလဲ မၾကားသလို အရိပ္အေယာင္တစ္စက္ေလးေတာင္မေတြ႕...။ အိမ္ထဲမွာပဲမို႔ အႏၲရာယ္မရွိေလာက္ဘူးဆိုတာ သိေပမဲ့ သူ႔ျမင္ကြင္းမွာ Hyungကိုမေတြ႕ေတာ့ စိုးရိမ္ပူပန္မႈေတြက ေဆာင့္တက္လာသည္။

" Hyung !! ဘယ္မွာလဲ ... အက်ႌခြၽတ္ၿပီး ဘယ္သြားတာလဲ Hyung !! "


Hyungအက်ႌအနက္ကိုကိုင္ရင္း သူ ခုနကလမ္းအတိုင္းျပန္လွည့္လာေတာ့ ေရသံၾကားလိုက္ရသည္။ ထို႔ေၾကာင့္ေရခ်ိဴးခန္းကိုအလ်င္အျမန္သြားကာ တံခါးကိုဆြဲဖြင့္လိုက္‌ေတာ့ ေတြ႕လိုက္ရသည္က ....


ေရပန္းေအာက္မွာ နံရံကိုမွီၿပီး ၿငိမ္သက္ေနတဲ့ Hyung ... အဲ့တာထက္ Hyungေက်ာျပင္တစ္ေလွ်ာက္ သြားရာလိုလို ျမင္မေကာင္းတဲ့အကြက္ေတြ...

ၾကည့္ရတာ ေရလာခ်ိဳးတယ္ထင္ပါ့...

သူ ေရပန္းကို ပိတ္ခ်လိုက္သည္ ။ ထို႔ေနာက္
နံရံကို မ်က္ႏွာခ်င္းဆိုင္ၿပီး ၿငိမ္သက္ေနသည္မို႔
သူ ဆြဲလွည့္မိေတာ့ သူ႔ရင္ခြင္ထဲ ၿပိဳက်လာတဲ့ Hyung!!

Hyungက သူ႔ထက္ နည္းနည္းသာႀကီးေပမဲ့ ေလးသည္မို႔ သူပါယိုင္မလိုျဖစ္သြားရသည္ ။ စိုစြတ္ေနတဲ့ ဆံပင္ေတြက သူ႔ကိုပါစို‌သြားေစေတာ့ သူ Hyungကို လႈပ္ႏိုးမိသည္။

" Hyung !! Hyung !!! "

" အင္း ~~~~ ငါ အိပ္ခ်င္ၿပီ ဂ်ီမင္း ... အမာ႐ြတ္မျဖစ္ေအာင္လုပ္ေပးေနာ္ ..."

ပင္ပန္းေနပုံေပၚတဲ့ Hyungရဲ႕ေလသံအဆုံး သူ Hyungကို ငုံ႔ၾကည့္မိေတာ့ ေက်ာျပင္ကအကြက္ေတြလို ေရွ႕ရင္ဘတ္မွာလဲ ဟိုတကြက္ ဒီတကြက္ ။ သူ ဘာမွမစဥ္းစားပဲ Hyungကို ေပြ႕ခ်ီဖို႔ႀကိဳးစားလိုက္သည္။ သို႔ေပမဲ့ Hyungကို သူမခ်ီႏိုင္။

" Hyungကေသးေသးေလးဆိုေတာ့ ေပါ့ေပါ့ေလးထင္တာ ... ကြၽန္ေတာ္ေတာင္ မႏိုင္ေတာ့ဘူး တကယ္...!! "


ေပြ႕ခ်ီလို႔မရတဲ့အဆုံး အိပ္ေရးမက်ဘဲ မူးေနတဲ့ Hyungကို သူ လႈပ္ႏႈိးရင္း သူ ကိုကို႔အခန္းဆီ ေခၚသြားမိေတာ့...

" ဒါ ငါ့အခန္းမဟုတ္ဘူး "

မပြင့္တပြင့္ျဖစ္လာတဲ့မ်က္ဝန္းေတြက ကိုကို႔အခန္းထဲဝင္ဖို႔ျငင္းဆန္ေလလွ်င္ ေဂ်ာင္ကုသိလိုက္သည္။ ကိုကိုနဲ႔ Hyungတစ္ခန္းထဲမေနဘူးဆိုတာ...။
ထို႔ေၾကာင့္ သူ ဝင္ဖို႔က်န္ခဲ့တဲ့ ေနာက္တစ္ခန္းဆီ Hyungကို ေခၚသြားမိသည္။ အခန္းထဲေရာက္ေရာက္ခ်င္း မီးဖြင့္ကာ Hyungကို ကုတင္ေပၚတင္ေပးလိုက္မိသည္။ ကုတင္ေပၚေရာက္တာနဲ႔ Hyungက ေခါင္းအုံးကိုဆြဲယူကာ ေမွာက္ယက္ေလး ၿငိမ္သက္သြားေတာ့သည္။ သူကေတာ့ ထုံးစံအတိုင္း အခန္းထဲေဝ့ဝိုက္ၾကည့္ေတာ့ ကိုကို႔အခန္းနဲ႔မတူစြာ ရႈပ္ပြေနတဲ့အခန္းကို သူျမင္လိုက္ရသည္။ ဝင္လာတုန္းကမေတြ႕ခဲ့ရသေလာက္ အခုမွ ျမင္မိသည္က ၾကမ္းျပင္ေပၚျပန႔္က်ဲေနတဲ့ေဆးလိပ္ဘူးခြံေတြ ... ဝီစကီျပားေတြ... ၿပီးေတာ့ accessoriesေတြ... နံရံေပၚမွာေတာ့ ပန္းခ်ီကားခ်ပ္ေလးတစ္ခုက ထင္းကနဲ႔...။ သူၾကည့္လိုက္မိေတာ့ ညေကာင္းကင္မွာ ထြန္းလင္းေနတဲ့ လမင္းႀကီး...။

ပန္းခ်ီေမဂ်ာကို ယူမဲ့သူ႔အတြက္ ထိုကားခ်ပ္ေလးဟာ ရင္ထဲေနရာယူမိသည္။ ၾကည့္ေနရင္းနဲ႔မွ လမင္းႀကီးရဲ႕ ဖ်ာက်ေနတဲ့အလင္းေရာင္ေတြက ညေကာင္းကင္ေပၚ ဘယ္ေလာက္ေတာင္ ေမတၱာသက္ဝင္ေစလိုက္လဲ ဆိုတာ သူေတြးလိုက္မိသည္။

" Hyung !! သိလား... Hyungရဲ႕အခန္းက ဒီပန္းခ်ီကားနဲ႔ မလိုက္ဖက္ဘူး .... Hyungရဲ႕ ပုံစံကလဲ ဒီပန္းခ်ီကားနဲ႔ အပ္စပ္မႈမရွိဘူး... "

ပန္းခ်ီကားကိုၾကည့္ေနရင္းနဲ႔မွ သူHyungဘက္ကိုျပန္လွည့္ၾကည့္မိေတာ့ ..

" အာ ~~ Hyungကို အက်ႌလဲေပးမလို႔ကို ... ကြၽန္ေတာ္ေမ့သြားတယ္ Hyungဖ်ားေတာ့မွာပဲ .... "

ေျပာၿပီးတာနဲ႔ ထယ္ေယာင္းအခန္းထဲက အဝတ္ဗီ႐ိုၾကား ေဂ်ာင္ကုေမႊေႏွာက္မိေတာ့... ညအိပ္ဝတ္ေလးတစ္စုံထြက္လာသည္။ ထို႔ေနာက္ ေရစိုေနတဲ့ဆံပင္ေတြကိုသုတ္ေပးဖို႔အတြက္ သဘက္တစ္ထည္ကိုပါ ယူလိုက္မိသည္။


အိပ္ေပ်ာ္ေနၿပီျဖစ္တဲ့ Hyungေဘးနားကပ္ရင္း ေရစိုေနတဲ့ ေဘာင္းဘီကို ဆြဲခြၽတ္ေတာ့ ေသးေသးသြယ္သြယ္ေပါင္တံေတြက အေဖြးသား။ သူ႔ေလာက္မျဖဴေပမဲ့ ညက္ၿပီးေခ်ာေနတဲ့Hyungရဲ႕ေျခေထာက္ေပၚမွာေတာ့ သူထပ္မျမင္ခ်င္တဲ့ဟာေတြက ထင္းကနဲ႔။ အဲ့ဒါထက္ တင္လုံးလုံးမွာ ျမင္ရတဲ့လက္ဝါးရာေတြက နီရဲလြန္းေနသည္။

အ႐ြယ္ေရာက္ၿပီးသားမို႔ ဒီဟာေတြ ဘယ္ပုံဘယ္နည္းနဲ႔ျဖစ္တည္လာလဲဆိုတာ သူသိပါသည္။ သို႔ေပမဲ့ သူမစဥ္းစားခ်င္ပါ။ သူသိသည္က သူHyungကို ဒီထက္ေစာေစာပိုရွာေတြ႕ခဲ့ရမွာ ဆိုတာကိုပါပဲ။

ဆို႔တက္လာတဲ့စိတ္မေကာင္းျဖစ္မႈေၾကာင့္ တခဏတာေတြေဝေနရာက ေဂ်ာင္ကုအသိျပန္ဝင္လာသည္။

Hyungကေတာ့ အိပ္ေမာက်ေနၿပီထင္ပါ့... အဝတ္အစားေတြခြၽတ္ပစ္ခံရတာေတာင္ ႏိုးမလာတဲ့Hyung!!


" အရင္က ကိုကိုနဲ႔ေနရင္ေရာ ဒီလိုပဲလား Hyung ... ကိုကို တစ္ခုခုလုပ္သြားမွာမေၾကာက္ဘူးလား ... Hyungရယ္ ... ကိုကိုမဟုတ္ဘဲ တျခားသူဆိုရင္ ဘယ္လိုလုပ္မလဲ "

ေဂ်ာင္ကု ေခါင္းခါရင္း ေဆးလိမ္းေပးဖို႔အတြက္ သူ ကုတင္ေဘးနားက အံဆြဲေတြကို လွန္ေလွာရွာၾကည့္ေတာ့ လိမ္းေဆးေလးေတြေတြ႕သည္။

ဘာပဲေျပာေျပာ ေရထိရင္ေတာ့ စပ္ဖ်င္းဖ်င္းျဖစ္ေနမွာ ... ေနာက္တစ္ခါေရခ်ိဳးရင္ Hyungနာက်င္မွာကို သူမလိုလား။ ဒီေန႔မွေတြ႕တဲ့လူအတြက္ အကဲပိုတယ္ပဲေျပာေျပာ သူ လုပ္စရာရွိတာကို လုပ္မွာပင္။ နဂိုကတည္းက သူက စိတ္ေပ်ာ့ၿပီး စိတ္ေကာင္းရွိတဲ့ေကာင္ေလးတစ္ေယာက္ေလ။

ေဂ်ာင္ကု လိမ္းေဆးဘူးကိုဖြင့္ရင္း လက္ဖ်ားေတြနဲ႔ ေဆးကိုယူလိုက္သည္။ ထို႔ေနာက္ ျမင္မေကာင္းတဲ့Hyungေပါင္တံေပၚက ေသြးထြက္ေနတဲ့ကိုက္ရာတစ္ခ်ိဳ႕ကို ထိေတြ႕ရင္းေဆးလိမ္းေပးမိသည္။ ‌ေဆးလိမ္းၿပီးတာနဲ႔ ညဝတ္ေဘာင္းဘီကို ဝတ္ေပးမိေတာ့ Hyungက ေမွာက္ယက္ေနရာကေန ပက္လက္ေလးလွန္လာသည္။ အတူတူေပမဲ့ မျမင္သင့္ဘူးထင္တဲ့အရာတစ္ခ်ိဳ႕အတြက္ သူမွန္းဆကာ ခပ္သြက္သြက္ေလး ေဘာင္းဘီဆြဲတင္ေပးလိုက္သည္။ ထို႔‌ေနာက္ အဝတ္မဲ့ေနတဲ့Hyungရဲ႕အေပၚပိုင္းခႏၶာကိုယ္ကို သူၾကည့္မိေတာ့ ခ်က္ခ်င္းျမင့္တက္သြားတဲ့သူ႔ခႏၶာကိုယ္အပူခ်ိန္...။ သူခ်က္ခ်င္း‌ Hyungကို ေက်ာခိုင္းလိုက္မိသည္။

" အားး ဂြၽန္ေဂ်ာင္ကုေရ ... မင္း ႐ူးေနၿပီလား ... Hyungအေပၚကို ဘယ္လိုေတာင္ ေတြးေနတာလဲ ... ေကာင္ေလး .. စိတ္ထိန္း... "


ႏွာေခါင္းေသြးလွ်ံေနၿပီလို႔ထင္ရတဲ့သူ႔ခံစားခ်က္ေတြေၾကာင့္ စိတ္ကို တည္ၿငိမ္ေအာင္လုပ္ၿပီး Hyungကိုအက်ႌျပန္ဝတ္ေပးမိသည္။ အသက္ ၂၀ လုံးလုံး ဒီလို ခံစားခ်က္ႀကီးကို သူတစ္ခါမွမခံစားဖူးသည္က အမွန္။ ေက်ာင္းတက္တုန္းက Swimming Classတိုင္း အြန္ဝူးတို႔ ဆန္းဟာတို႔ရဲ႕ ခႏၶာကိုယ္ကိုျမင္ဖူးေပမဲ့ Hyungက်မွ ဘာလို႔ သူ႔ခႏၶာကိုယ္ေတြပါ ပူလာရလဲသူမေတြးတက္။


အဲ့ဒီ့အျပင္ ဘာေၾကာင့္ သူ လိုလိုလားလားနဲ႔ Hyungကို အဝတ္အစားလဲေပးသည္အထိ ဂ႐ုစိုက္ေနမိလဲ သူ မသိ။ အိမ္ေတာ္မွာဆိုရင္ သူ႔ကိုအဝတ္အစားလဲေပးရသူက အိမ္ေတာ္ထိန္းဘြားဘြားျဖစ္သည္။ သူ Hyungေဘးနားထိုင္ရင္း Hyung ဆံပင္ေတြၾကားလက္ထိုးထည့္မိေတာ့

" စိုေနတယ္??.... ဟုတ္သားပဲ ကြၽန္ေတာ္သုတ္ေပးရမွာကို .... ေဆာရီး Hyung!! ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ေတာင္ ဒါမ်ိဳးေတြ ကိုယ္တိုင္မလုပ္ဖူးလို႔.... ကြၽန္ေတာ္ ေသခ်ာမသိ‌ေပမဲ့ Hyungကိုေတာ့ လုပ္ေပးမွာ .... "

အိပ္ေနၿပီျဖစ္တဲ့ထယ္ေယာင္းကိုၾကည့္ကာ ေဂ်ာင္ကုေျပာရင္း ယူလာတဲ့တဘက္နဲ႔ ေရစိုေနတဲ့ ဆံပင္ေတြကို ခပ္ဖြဖြ သုတ္ေပးမိသည္။ ဆံပင္ေတြကို သုတ္ေပးေနရင္းမွ သူသတိထားမိတာက ဆံပင္ေတြနဲ႔ဖုံးေနတဲ့Hyungရဲ႕နား႐ြက္ ..။

" နားတြဲႀကီး တပ္ထားတာ.... ခိုက္မိကုန္ေတာ့မွာပဲ ... "

သူ ထိုနားတြဲကိုပါခြၽတ္ပစ္ၿပီး စားပြဲေပၚလွမ္းတင္သည္ ။ အဲ့ဒီ့ေတာ့မွ ေတြ႕ရတာက ေသြးစို႔ေနတဲ့ Hyungရဲ႕နားႏုႏုေလးေတြ..။

" ... ဘယ္သူက... မဟုတ္ေသးဘူး ... ကိုကိုလုပ္ထားတာလား... ဘာလို႔ ... ဒီေလာက္ထိေတာင္!! "

စကားကိုဆုံးေအာင္မေျပာႏိုင္ေတာ့ဘဲ ရင္ထဲတင္းက်ပ္သြားရသည္။

ရတယ္ Hyung.... အခုမွျပန္ေတြ႕တာ ... ကြၽန္ေတာ္ ဘာနာက်င္မႈမွမခံစားခ်င္ဘူး Hyung... ဒီတိုင္းေလးပဲ ဆက္ၿပီးသေဘာက်မယ္ ...

ေသြးစေတြ ေျခာက္ေနၿပီျဖစ္တဲ့Hyungနား႐ြက္ေလးကို သူ သန႔္စင္ေပးၿပီး အမာ႐ြတ္မက်န္ေစဖို႔ ေဆးထည့္ေပးမိသည္။ ထို႔ေနာက္ အိပ္ေမာက်ေနၿပီျဖစ္တဲ့ Hyungရဲ႕ မ်က္ႏွာႏုႏုကို လက္ဖ်ထိပ္ေလးနဲ႔ ထိၾကည့္ရင္း သူၿပဳံးလိုက္မိသည္။

" ျပန္ေတြ႕တာကိုပဲ ေက်နပ္ေနပါၿပီHyung "


💠💠💠


Oct 30 Friday 2020
@Epiphany_Jinah

Continue Reading

You'll Also Like

175K 12.6K 29
Both ZAWGYI & UNICODE are available |Taekook| |Yoonmin| my very first creation โ™ก
280K 13.4K 92
Riven Dixon, the youngest of the Dixon brothers, the half brother of Merle and Daryl dixon was a troubled young teen with lots of anger in his body...
121K 9.7K 26
ใ€ COMPLETED ใ€‘Season 02 of Under The Moonlight Dream A completed Vkook Story NOTE :: Firstly Read " Under The Moonlight Dream" before this book. VOTร—K...