ဝမ်သူ​​ကြီးသားနှင့်မြို့သားကိ...
By MIMOSA-85
208K 14.3K 835
အဟမ်း....ဟမ်း.....ဝမ်ရိပေါ်ကငါ့အပိုင် ဝမ်သူကြီးသားကိုရဖို့ ဝမ်သူကြီးကိုမဲပေးစို့ Sep 6to Oct 30 More
1(Unicode)
1(Zawgi)
2(Unicode)
2(Zawgi)
3(Unicode)
3(Zawgi )
Must Read
4(Unicode)
4(Zawgi)
5(Unicode)
5(Zawgi)
6(Unicode)
6(Zawgi)
7(Unicode)
7(Zawgi)
8(Unicode)
8(Zawgi)
9(Unicode)
9(Zawgi)
10(Unicode)
10(Zawgi)
11(Unicode)
11(Zawgi)
12(Unicode)
12(Zawgi)
13(Unicode)
13(Zawgi)
Hey;My love
14(Unicode)
14(Zawgi)
15(Unicode )
15(Zawgi)
16(Unicode)
16(Zawgi)
17(Unicode)
17(Zawgi)
Final(Unicode)
Final(Zawgi)
Bye
Extra(Unicode)
Extra(Zawgi)
My love
Hello
Hello
Hello
Extra (Unicode&Zawgi)
5.8K 487 12
By MIMOSA-85
"Daddyရေ... ​ပြန်မလာသေးဘူးလား....နောက်ကျနေပြီ....
ပါးပါးကညနေကတည်းနဲ့ငိုနေတာ...ခု ထိလည်းချော့လို့လည်းမရဘူး"
Company မှာ နွေရာသီထုတ်ကုန်အတွက် Reportတွေစစ်နေတုန်း ရိဟော်က Phဆက်လာသည်။ကားသော့ကို ဆွဲပြီး ချွတ်ထားတဲ့အပေါ် ကုတ်ကိုတောင် မဝတ်နိုင်တော့ဘဲ အတွင်းရေးမှူးနေရာ မရမကပြန်လုပ်ခိုင်းထားတဲ့ ယွီပင်းကို အလုပ်တွေလွဲပြီး အိမ်ကိုအမြန်သွားရသည်။
"Daddy"
ရိဟော်လေးက ရှောင်ကျန့်ကို မြင်တော့ အပြေးလာကြိုရင်း သူ့ပါးရှိရာကို လက်ညိုးထိုးပြသည်။မုန့်ခွံတွေပွယောင်းနေသော ဧည့်ခန်းအလယ် မှာ တရှုံ့ရှုံ့နဲ့ ငိုနေတဲ့ အချစ်က သူ့ကို မြင်တော့ ပြေးလာသည်။
"မောင်...အဟင့်"
ရင်ခွင်ထဲကို ဇွတ်ထိုးဝင်လာတဲ့ အချစ်ကျောကို ခပ်ဖွဖွဖက်ရင်း ရိကျန့်ကိုကြည့်တော့ နှာခေါင်းရှုံ့ပြသည်။ရိဟော်ကလည်း ဆိုဖာပေါ် ထိုင်နေသော ရိကျန့်ဘေးထိုင်ကာ မနိုင်ဘူးဆိုသည့်သဘောနှင့် ခေါင်းခါပြသည်။
ဘာလို့ငိုတာလဲ လို့ မျက်ခုံးပင့်ပြတဲ့အခါ ရိကျန့်က TVကို လက်ညိုးထိုးပြသည်။
K dramaတွေ ကြည့်ပြီး သားတွေချော့မရအောင်ငိုလို့ သူ Company ကနေ အိမ်ပြန်လာရတာ သုံးကြိမ်ရှိပြီ။
"အချစ်...K drama တွေမကြည့်ဖို့ မောင်ပြောထားတယ်မလား"
ဆိုဖာပေါ် တွဲခေါ်လာရင်း သူကစကားဆိုတော့ အချစ်က ငိုမဲ့မဲ့မျက်နှာပေးလေးဖြစ်သွားပြန်သည်။
"ငါက ကြည့်ချင်လို့ဟာကို....ဒါနဲ့ သားတွေက မနက်ဖြန်ဆို ကျောင်းတက်ရပြီ....ငါက အိမ်မှာတစ်ယောက်တည်းနေရမှာလား...မောင်မင်းအလုပ်မသွားနဲ့တော့"
"ဒါမှမဟုတ်....ငါပါလိုက်ခဲ့ရမလား"
ရိပေါ် ပြောတာကို နားစိုက်ထောင်​နေတဲ့ မောင်က သူ့စကားအဆုံး မျက်မှောင်ကအနည်းငယ်ကျုံ့သွားသည်။
"မောင်....ပြောလေ....ငါလိုက်ရမလားလို့"
ပါးပါး ၏ တဂျီဂျီကောက်နိုင်မှုနှင့်Daddy၏ချော့မော့မှုတို့က မပြီးနိုင် မစီးနိုင်ဖြစ်မလာခင် ရိဟော်နှင့်ရိကျန့်က လစ်ထွက်ရန်ပြင်ရသည်။မဟုတ်ရင်....ပါးပါးရဲ့ စူးစူးဝါးဝါးအော်ငိုသံကြောင့် နှစ်ယောက်လုံးနားတွေအူရလိမ့်မည်။
"Daddy.... ရောက်လာပြီဆိုတော့....သားတို့သွားတော့မယ်....ညစာလည်းစားပြီးသွားပြီမို့...ရိ ကျန့်လေးကို သေချာသန့်ရှင်းပေးပြီး...အနားယူပါတော့မယ်"
"သားတို့အခန်းကို ဂျက်ချထားမှာနော်...Daddy...ပါးပါးကို နိုင်အောင်ထိန်းနော်...သားတို့အခန်းထဲ လာပြီး အော်မငိုစေနဲ့"
"အင်း....အင်းပါကွာ"
Company ကိုမလိုက်ရဘူးပြောတိုင်း ငိုပြီး သားတွေအိပ်နေတာကို မရမကနိုးပြီး တိုင်တန်းတတ်သည့်အချစ်ကြောင့် ရိကျန့်က မှာသွားခြင်းဖြစ်သည်။အချစ်က တစ်ခါငိုရင်တစ်နာရီလောက်ကြာပြီး မရပ်မနားချော့နေရသည်မို့ ရိကျန့်ရော ရိဟော်ပါ သူတို့ပါးပါးလာငိုမှာကို သေမလောက်ကြောက်နေပုံပေါ်သည်။
"အချစ်ကလည်းကွာ...အချစ်က အရင်ကထက် အများကြီးချစ်ဖို့ကောင်းလာတာကို....မောင်ကအချစ်ကို ဝှက်ထားချင်တာ"
"အဲ့တော့ ငါ့ကို ခေါ်မှာလား...မခေါ်ဘူးလား"
သူမေးသည်ကို အဖြေပြန်မလာတဲ့ မောင်ကြောင့် ရိပေါ်က အလိုမကျတော့။
"မောင်...မင်းငါ့ကို မခေါ်ဘူးမလား ရတယ်...မလိုက်ဘူး"
အချစ်ကပြောပြီး ထသွားတာမို့ ရှောင်ကျန့်က အိတ်တွေအမြန်ယူပြီး လိုက်သွားရသည်။အချစ်က ဘာမှမပြောဘဲ ကုတင်ပေါ် တက်အိပ်နေတာမို့ ရှောင်ကျန့်က ရေအမြန်ချိုးရသည်။သူရေချိုးပြီး ထွက်လာတော့ အချစ်က အိပ်တောင်ပျော်နေပြီ။လူကြီးဆိုးလေးက ငိုရတာပင်ပန်းသွားပြီထင်ပါရဲ့။
နဖူးပေါ် ခပ်ဖွဖွအနမ်း​ခြွေမိတော့ အချစ်က မျက်လုံးတောင် မဖွင့်ဘဲ စကားဆိုလာသည်။
"ငါ့ကိုလာမထိနဲ့...အိပ်ရင် ဖက်လုံးမကျော်နဲ့...
မင်းကိုငါမခေါ်ဘူး"
အလယ်က ဖက်လုံးကို ခြားထားကာ လက်ညိုးထိုးပြလာသည့်အချစ်ကြောင့် ရှောင်ကျန့်ငိုချင်သွားရသည်။ အချစ်ကိုယ်နွေးနွေးအိအိလေးကို ပဲ သူကဖက်အိပ်ချင်တာမို့ ဖက်လုံးကိုအလိုမရှိပါဘူး။
"အချစ်ကလည်းကွာ...အချစ်က အရမ်းချစ်စရာကောင်းနေတော့ မောင်ကစိတ်မချလို့ မခေါ်ချင်တာလေကွာ...ဖက်လုံးကြီးတော့ မောင်တို့ကြားမခြားပါနဲ့လား"
"ခါးပေါ်ကလက်ကိုဖယ်လိုက်...မင်းနဲ့ငါ မခေါ်ဘူး"
ခါးထက်က လက်တစ်စုံကို ဖယ်ချလိုက်ပြီး စောင့်ကို ပခုံးစပ်နားထိ ဆွဲခြုံကာ မောင့်ကိုကျောပေးအိပ်ပစ်လိုက်သည်။တော်တော်ကြာငိုထားတာမို့ မျက်ခွံတွေက လေးလံလာကာ ခါး​ပေါ်ထပ်မံရောက်လာတဲ့ မောင့်လက်တွေကို လည်း ဖယ်မထုတ်ချင်တော့တာမို့ မသိသလို သာ အိပ်ပစ်လိုက်တော့သည်။
"အဟွန်း....အိပ်ပျော်နေတာများ...အပြစ်ကင်းနေရော...ဒီသေးသေးလေးက ဘယ်လိုများ ရစ်နိုင်ရတာလဲ"
အသက်ရှုသံမှန်မှန်နဲ့ အိပ်ပျော် သွားတဲ့ အချစ်ကို ရင််ခွဲထဲ ဆွဲထည့်လိုက်ပြီး အလယ်ကခြားနေတဲ့ဖက်လုံးကိုကုတင်ပေါ်က ကန်ချပစ်လိုက်သည်။ ပါးဖောင်းဖောင်းလေးတွေကို တတိတိကိုက်လိုက်တော့ မျက်နှာက အနည်းငယ်ရှုံ့မဲ့လာသည်။
"ချစ်ဖို့ကောင်းလွန်းလို့ မြိုချထားလိုက်ချင်တယ်"
.....
"ပါးပါးရေ သားတို့သွားတော့မယ် "
သူ့ပါးပါးရဲ့ ပါးတစ်ဖက်ကို တစ်ယောက်စီနမ်းပြီး လွယ်အိတ်လေးတွေယူပြီး သားတွေက သွားတော့ လူကြီးလေးက မျက်ရည်လေးတလည်လည် နှင့်ကျန်နေသည်။
"မောင်...ငါ့ကို တစ်ကယ်မခေါ်ဘူးလားဟင်"
သူ့ကိုကြည့်နေတဲ့ မောင့်ကို မျက်နှာငယ်လေးနဲ့ မေးလိုက်ပေမယ့် မောင်က အနည်းငယ်ပူနေတဲ့ သူ့ဗိုက်လေးကိုသာ တယုတယပွတ်သပ်နေသည်။
"အချစ်...မောင်အချစ်စားဖို့ အကုန်လုပ်ပေးထားပြီနော်....တစ်ခုခုဆို မောင့်ကိုPhဆက်နော်...မောင်က အချစ်ကို အရမ်းချစ်တာ..သိတယ်မလား"
"မသိဘူး"
မောင်က သူ့ကို ချစ်ရည်လဲ့နေတဲ့ မျက်ဝန်းတွေနဲ့ငေးပြီး နဖူးကို ခပ်ဖွဖွနမ်းပြီးသာ ထွက်သွားသည်။သားတွေနဲ့အတူ မောင်ပါ ထွက်သွားတော့ ရိပေါ် က အိမ်ကြီးထဲမှာ တစ်ယောက်တည်းကျန်ခဲ့သည်။
"မောင်....မင်းလူဆိုးကောင်"
.....
"ပါးပါး....သားတို့ကို ဖိုးအိမ်ပဲပို့ပေး....Daddyပဲ ပါးကိုချော့လိုက်တော့"
ရိကျန့်က ကားပေါ် တက်တက်ချင်း နားပင်မနားဘဲ ပြောသည်။ရိဟော်ကလည်း သူ့ညီ​ပြောတာကို လက်မတထောင်ထောင်။
"အင်း....Daddyပို့ပေးမယ်...နောက်ရက်ကျောင်းကို အဲဲ့ဒီကပဲ သွားမှာလား"
"ဟုတ်ကဲ့....Daddy"
.....
"အချစ်ရေ....အချစ်"
ပါးတို့နဲ့ စကားပြောပြီး ပြောလာတော့ အိမ်ကြီးက မည်းမှောင်နေသည်။ မီးခလုတ်တွေအကုန်ဖွင့်ကာ ထမင်းစားခန်းပါဝင်ရှာသည်အထိ အချစ်ကို မတွေ့။အုပ်ဆောင်းအောက်မှာ သူပြင်ဆင်ပေးထားသည့် မနက်စာကလည်း အရာတောင်မယွင်း။
"အချစ်ရေ....အချစ်..."
အပေါ်ထပ်အိပ်ခန်းကို အပြေးအလွှားသွားကကြည့်တော့မှ ကုတင်ထက်မှာ ကားယားလေးအိပ်ပျော်နေသည်။ပြတင်းပေါက်ဘေးမှာ ခုံလေးရှိနေပုံအရ အချစ်က သူပြန်လာတာကို စောင့်နေခဲ့ပုံပေါ်သည်။ မျက်ရည်စီးကြောင်းလေးတွေနဲ့ အချစ်က အိပ်ပျော်နေတာတောင် တစ်ခါတစ်ခါ ရှိုက်နေသေးတာမို့ ရှောင်ကျန့်က ခေါ်သွားဖို့ပဲ ရွေးချယ်လိုက်သည်။
"အချစ်....အချစ်"
ပခုံးကို အနည်းငယ်လှုပ်နိုးလိုက်တော့ အချစ်က အင်းအဲနှင့်နိုးလာသည်။သူ့ကိုမြင်တော့ အချစ်က ကျောပေးကာအိပ်သွားပြန်သည်။
"အချစ်....ထမင်းမစားရသေးဘူးမလား..."
"ဟင်....အချစ်"
ပါးဖောင်းဖောင်းတွေကို တို့ထိရင်း မေးနေတဲ့မောင့်ကို ရိပေါ်မဖြေချင်ဘူး။ သို့သော် စိတ်ပူနေတဲ့မျက်ဝန်းတွေနဲ့ စိတ်မကောင်းဖြစ်နေဟန်တွေကြောင့်ရိပေါ်က လျစ်လျှူမရှုရက်ဘူး။
"အင်း... ဘာလို့နောက်ကျနေတာလဲ..သားတွေရော"
"သားတွေက ပါးတို့အိမ်နေခဲ့တယ်....ထ....မောင်တို့အပြင်မှာ သွားစားကြမယ်"
"အပြင်သွားမယ်....မင်းက...ငါ့ကိုအပြင်ရောခေါ်ချင်လို့လား"
မျက်ဝန်းညိုညိုလေးတွေက မျက်ရည်စက်တွေခိုတွဲလာကာ အသံက တိမ်သွားရတာမို့ ရှောင်ကျန့်က ပွေ့ချီလိုက်ပြီးပါးဖောင်းဖောင်းတွေကို ငုံ့နမ်းပစ်လိုက်သည်။
"မောင်က အချစ်ကိုဘာလို့မခေါ်ရဲရမှာလဲ...အချစ်တစ်ယောက်တည်းမထားတော့ဘူး...နောက်ရက်ကျ မောင်နဲ့အတူ ခေါ်သွားတော့မှာ"
"အင်း....သားတွေရောသွားခေါ်ရအောင်..."
"အချစ်ကလေးသဘောပါဗျာ"
.....
"မောင်ရေ....ငါနေလို့မကောင်းဘူး...ခါးကိုက်တယ်"
မီးဖွားချိန် နီးလာပြီမို့ အမ်းနေတဲ့ ခြေဖမိုးတွေက သူ့ရှေ့ရောက်လာပြီး အချစ်က သူ့ကိုပြောလာတာမို့ သူကပဲ အလိုက်တသိ နှိပ်ပေးရသည်။သားတွေရဲ့ ဝေယျာဝစ္စ တွေကို လုပ်ဖို့မလွယ်တာမို့ သားတွေကို ပါးနဲ့မားဆီ ပို့ထားလိုက်သည်။
"မောင်....ငါဗိုက်တွေကိုလဲ ကြည့်အုံး"
အရင်က ချပ်ရပ်နေတဲ့ ရိပေါ်ရဲ့ ဗိုက်ကလေးက အခုတော့ ပြတ်ရာတွေနဲ့။ နေ့တိုင်းမောင်က သံလွင်ဆီ လိမ်းပေးပေမယ့် အဆင်မပြေလှ။
"အချစ်ကို မောင်ကသိပ်ချစ်တာသိတယ်မလား....အချစ်ကောင်းကောင်းမွန်မွန် မီးဖွားနိုင်ရမယ်နော် "
"အင်းပါ...မောင်ရဲ့"
စိတ်ပူနေတဲ့ မောင့်ရင်ခွင်ထဲကို ရိပေါ်က ကလေးလေးလို တိုးဝေ့​လိုက်သည်။မောင်လက်တွေက သူ့ကိုသိုင်းဖက်လာတာမို့ သူကမောင့်ရဲ့ မှည့်နက်လေးကို လှမ်းနမ်းလိုက်တော့ မောင့်နှုတ်ခမ်းဖျားတွေက ကော့တက်သွားသည်။
"မောင်....ငါမင်းကိုချစ်တယ်"
.....
"Daddyရေ....ပါးပါးအဆင်ပြေရဲ့လား"
"ပြေမှာပါ...သားရဲ့...ဦးဦးကျိရန်ရော ဦးဦးဟောက်ရွှမ်းရော ရှိတယ်နော်"
သူ့ပါးပါးကို စိတ်ပူနေတဲ့သားတွေကို နှစ်သိမ့်လိုက်ရပေမယ့် တစ်ကယ်တမ်းကျ ရှောင်ကျန့်ကိုယ်တိုင်ကလည်း စိတ်ပူနေရသည်။ မားကတော့ ဘုရားစာရွက်နေသလို ပါးက လည်းဝမ်ပါးတို့ကို အခြေအနေလှမ်းပြောနေသည်။
တစ်နာရီသာသာကြာပြီးသည့်နောက်မှာ ကျိရန်က မွေးခန်းထဲက ထွက်လာတာမို့ သားတွေရော သူပါ ကျိရန်နား ရောက်သွားရသည်။
"မိန်းကလေး Sean....အမွှာလေးတွေအတွက် ညီမလေးပါဗျာ"
"အချစ်ရောကျိရန်"
"Everything is ok"
.....
"ညီမလေးက သေးသေးလေးနော်"
"ညီမလေးက သားကိုတူတာ"
နီတာရဲကလေးငယ်ကို ကြည့်ကာ တစ်ယောက်တစ်မျိုးပြောနေတဲ့သားတွေကို ကြည့်ပြီး အဖေ နှစ်ယောက်က ပြုံးလို့ပျော်လို့။
အခန်းအတွင်းမှာလည်း ကလေးငယ်အသံတွေက ဆူလို့......။
.....
လက်ထပ်လက်စွပ်တွေအရောင်မှိန်စပြုပြီ။
နံရံမှာကပ်ထားတဲ့ သတို့သားဝတ်စုံနဲ့ ကောင်လေးနှစ်ဦးက ပါးရေနားရေတွေ တွန့်နေပြီ။
ကောင်လေးငယ်ငယ် နှစ်ဦး၊မိန်းမငယ်လေးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးပါဝင်တဲ့ ဓာတ်ပုံလေးက ချစ်စံအိမ်လေးရဲ့ နံရံမှာနေရာယူလို့....။
By...Mimosa
အကုန်လုံး အဆုံးထိ ဖတ်ပြီးကြပြီ ထင်ပါတယ်....
"Daddy"
"မောင်...အဟင့်"
"အင်း....အင်းပါကွာ"
မင်းကိုငါမခေါ်ဘူး"
.....
"မသိဘူး"
.....
"အင်း....Daddyပို့ပေးမယ်...နောက်ရက်ကျောင်းကို အဲ့ဒီကပဲ သွားမှာလား"
"ဟုတ်ကဲ့....Daddy"
.....
"အချစ်ရေ....အချစ်"
"အချစ်ရေ....အချစ်..."
"အချစ်....အချစ်"
"ဟင်....အချစ်"
"အချစ်ကလေးသဘောပါဗျာ"
.....
"အင်းပါ...မောင်ရဲ့"
.....
"အချစ်ရောကျိရန်"
"Everything is ok"
.....
"ညီမလေးက သားကိုတူတာ"
.....
By...Mimosa
Continue Reading
You'll Also Like
64K 5.3K 27
ဘုရင်ကြီးရဲ့လှပသောအမျိုးသားကြင်ယာတော်လေး👀 ကြင်ယာတော်အများကြီးထဲကမှတယောက်သောအမျိုးသားကြင်ယာတော်ကိုအချစ်ပိုမိသောဘုရင်ကြီး ဘုရင်ကြီးရဲ့အချစ်တွေကသူ့အတွက...
114K 5.8K 18
အစ မကောင်းခဲ့တဲ့ ဇာတ်လမ်းလေးက အဆုံးသတ်မှာရော လှပပါအုံးမလား...🌼🌼 အစ မကောင်းခဲ့တဲ့ ဇာတ်လမ်းလေးက အဆုံးသတ်မှာရော လှပပါအုံးမလား...🌼🌼
69.6K 10.1K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
54K 4.5K 42
ဝမ်ရိပေါ် ❤️ ရှောင်ကျန့်