"ဖိုးရေ ကျန့်ကျန့် စျေးလိုက်သွားချင်တယ်"
နယ်မြို့လေးရဲ့စျေးကို လိုက်ဖို့ရာ တာစူနေတဲ့မြေးကိုကြည့်ရင်း အဘချန် ခေါင်းတခါခါ။
ရောက်သည့်နေ့ကတည်းက ရွာထဲက ကလေးတွေနှင့် မျောက်ရှုံးအောင် ပတ်မွှေနေသည့်မြေးက ဒီနေ့မနက် စျေးမှာရော ဘာတွေမွှေလာအုံးမလဲ ။ မလိုက်သွားနဲ့လို့ ပြောလို့ရသော်ညား တစ်ဦးတည်းသောမြေးမို့ မျက်နှာလေးတောင်အညိုမခံလို။လိုက်သွားလျှင်လည်း အမွှေစိန်က မွှေလာမည်မှာမြေကြီးလက်ခတ်မလွဲ။"ကျန့်ကျန့်ရေ သွားရအောင်"
စျေးခြင်းတွေကိုင်ကာ အပြတ်အသတ် ပြင်ဆင်လာသော အန်တီကြီးနဲ့ အန်တီငယ်က ဖိုးရှေ့မှာ ထိုင်နေသော သူ့ကို လှမ်းခေါ်လာသည်။
"ဖိုး ကျန့်ကျန့်ကို စိတ်ချပါ မမွှေလာပါဘူးနော်သွားပြီ ဖိုး"
စားပွဲပေါ်တင်ထားသည့် Gucci Brand အိတ်အနက်လေးကို ကောက်ယူပြီး ပြုံးပြုံးရွှင်ရွှင်ထွက်သွားသည့် လူချောလေးက သမီးနှစ်ယောက်ကြားဝင်ကာ လက်တစ်ဖက်စီ ခါရမ်းရင်းထွက်သွားသည်ကိုသာအဘချန် ကြည့်နေမိသည်။ တစ်ဦးတည်းသောမြေးမို့ အသိုင်းအဝိုင်းတစ်ခုလုံးက အချစ်ပိုရကာဘာလုပ်လုပ်အပြစ်မမြင်နိုင်တော့လည်း ဒီကလေးက ဆိုးနေတာသိပ်တော့မဆန်း။
မဆိုးလျှင်သာ ထူးဆန်းသည်ဟု ဆိုရမှာပင်။.....
"တီငယ် သားဟိုဘက်သွားကြည့်ချင်တယ်
ဒီထဲ မလိုက်ချင်ဘူး ညှီနံ့တွေကို သားမုန်းတယ်"သားငါးတန်းဘက်ရောက်လာသည့်အတွက် အသန့်ကြိုက်သော ရှောင်ကျန့်ကမလိုက်လိုတော့။ သွေးတွေ ညှီနံံ့တွေနှင့်အသားတွေငါးတွေကို သူမမြင်လို။ ချက်ပြီးကြော်ပြီးသားက
စားချင်စရာကောင်းပေမယ့် အစိမ်းတွေကျတော့ အော်ကလီဆန်ချင်စရာ။"သားသွားချင်သွားလေ တီငယ်လိုက်ခဲ့ရမလား "
"ရတယ် တီငယ် တီကြီးနဲ့ပဲ စျေးလိုက်ဝယ်ပေးလိုက်ပါ ပြီးရင်သာ ကျန့်ကျန့်ကို ph ဆက်ပေးနော်"
တီငယ်နဲ့တီကြီးကို ပြောပြီး ရှောင်ကျန့် အသီးတွေရောင်းနေသော စျေးတန်းဘက်ကို လျှောက်လာမိသည်။မမွှေပါဘူးလို့ ဆုံးဖြတ်ထားပေမယ့် ပြသနာက ရှောင်ကျန့်ကို လာရှာသည်။
YOU ARE READING
ဝမ်သူကြီးသားနှင့်မြို့သားကိုလူချော
Romanceအဟမ်း....ဟမ်း.....ဝမ်ရိပေါ်ကငါ့အပိုင် ဝမ်သူကြီးသားကိုရဖို့ ဝမ်သူကြီးကိုမဲပေးစို့ Sep 6to Oct 30