11(Unicode)

5.9K 454 26
                                    

သူ့ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ အချစ်ကလေးက သူ့အတွက် အဖိုးတန်လေး။လည်ပင်းသားထက်မှာ နီရဲရဲအမှတ်တွေနဲ့ နှုတ်ခမ်းသားထောင့်စွန်းက ပေါက်ရာ တစ်ချို့ဟာသူကိုကိုလို့ခေါ်ဖူးတဲ့အချစ်ကို ပိုင်ဆိုင်ပြီးကြောင်းသက်သေတွေ။သူ့ရင်ခွင်ထဲကို ဆွဲထည့်ထားတဲ့ အချစ်ကို ခေါင်းအုံးနုနုလေးပေါ် ချလိုက်ပြီး သူရေချိုးသန့်စင်ရသည်။

သူရေချိုးခန်းကနေထွက်လာတဲ့အထိ အချစ်က မနိုးသေးတာမို့ အောက်ထပ်ကိုဆင်းကာ
အချစ်အတွက် မနက်စာကို ပြင်ပေးရသည်။ချစ်သူအတွက် မနက်စာပြင်ပေးရတဲ့ အခိုက်အတန့်က ရှောင်ကျန့်အတွက် ပျော်စရာကောင်းလွန်းနေတယ်။အချက်အပြုတ်ဝါသနာပါတာမို့ သင်တန်းတက်ထား​တာ ဒီတစ်ခါတော့ မှန်သွားသည်။

"အီး....နာလိုက်တာ....မြေခွေးလိုကောင်....ထလို့လည်း မရဘူး....လှုပ်လိုက်ရင်ကို နာနေပြီ....အီး..အဟင့်"

ရိပေါ်နိုးလာတော့ ခန္ဓာကိုယ်က ကိုင်ရိုက်ထားသလို နာကျင်နေသည်။ မနေ့က သူ့ကို ရှောင်ကျန့်က .....။မြေခွေးလိုကောင် လုပ်တုန်းကလုပ်ပြး အခုတော့ ဘယ်ရောက်သွားပြန်တာလဲ။သူ့မှာထချင်တာတောင် မထနိုင်ဘူး။နည်းနည်းလေးထလိုက်တာနဲ့ မျက်ရည်ကျရလောက်အောင် နာတယ်။

"အချစ်....အချစ်ဘာဖြစ်လို့လဲ"

အခန်းအပြင်ကပါ အချစ်ရဲ့ငိုသံတွေကို ကြားရတာမို့ ရှောင်ကျန့်က အခန်းတံခါးကို အလျင်အမြန်ဖွင့်ရင်း မေးမိတော့ မျက်စောင်းတစ်ခုကို လက်ဆောင်ပေးသည်။မျက်ရည်စီးကြောင်းတွေက ထင်ရှားနေတာမို့ ရှောင်ကျန့်က စိတ်ပူသွားသည်။ထူးဆန်းတာက မနေ့ညက အသားကုန်ထုရိုက်ရုန်းကန်နေတဲ့အချစ်က ဘာမှမလုပ်တာပဲ။

"အရမ်းနာနေလို့လား...ဟင်အချစ်...မောင်တောင်းပန်ပါတယ် ကွာ.."

"ဘောကိုတောင်းပန်လား! အီး...မြေခွေးလိုကောင်....မင်းကြောင့်..... ငါလက်လေးတောင်မမြောက်နိုင်ဘူး....အဟင့်....နည်းနည်းလေးလှုပ်လိုက်တာနဲ့ နာလွန်းလို့သေမတတ်ဘဲ"

ဟမ်....ဘယ်လိုဘယ်လို။ရိုးရိုးအေးအေးလို့ထင်ရတဲ့ အချစ်က ဒီလိုလည်း ဆဲတတ်သေးတာလား။နှာသီးထိပ်လေးတွေပါ ရဲနေအောင်တစ်ကယ်ကို အချစ်ကရှိုက်ကြီးတငင် ငိုနေတာမို့ ရှောင်ကျန့်က ထူပေးလိုက်ရင်း အပြစ်သားတစ်ယောက်လိုခံစား​နေရသည်။သူဆေးလိမ်းပေးထားပေမယ့် အချစ်ရဲ့ ပထမဦးဆုံးမို့ အချစ်က အရမ်းနာနေရှာမှာ။

ဝမ်သူ​​ကြီးသားနှင့်မြို့သားကိုလူချောWhere stories live. Discover now