Final(Unicode)

6.8K 436 34
                                    

"Sean....ကောက ဘာဖြစ်တာလဲ"

အိမ်တံခါးဖွင့်ထားလို့ဝင်လာတဲ့ကျိရန်နဲ့ဟောက်ရွှမ်းက ဝမ်ကောကို ပွေ့ချီလို့ ပျာယာခတ်နေတဲ့ ရှောင်ကျန့်ကြောင့် အထုပ်တွေလက်ကချရင်း အလျင်အမြန်​မေးရသည်။

"မသိဘူး....အချစ်ကို မြန်​မြန်ကြည့်ပေး"

ရှောင်ကျန့်က အခန်းထဲကို ခပ်သွက်သွက်သွားရင်းကနေ မေးနေတဲ့ ဆရာဝန်နှစ်ယောက်ကို ပြောရသည်။စိုးရိမ်ပူပန်မှုတွေကြောင့် သူ့အသံဟာ သေချာပေါက် ပျော့နေမှာမဟုတ်ဘူး။

ကုတင်ပေါ် အချစ်ကိုချလိုက်ရင်း လက်သည်းတို့ကို စိတ်လှုပ်ရှားမှုကြောင့်တတိတိကိုက်နေမိကာကျိရန် စမ်းသပ်နေတာကို မျက်တောင်မခတ်တမ်းကြည့်နေရသည်။

"အဟမ်း....ဟောက်ရွှမ်းမင်းစစ်ဆေးကြည့်....ငါ့အ​ဖြေမှားနေလားလို့"

Seanပခုံးကို ပုတ်ပြီး အားပေးနေတဲ့ ဟောက်ရွှမ်းကို ကျိရန်က ထပ်မံစမ်းခိုင်းရသည်။
မတော်ကာ သူ့အဖြေမှားနေရင် Seanကသတ်မှာ။

"ဟို....ကျိရန် အချစ်က အစာအိမ်ကင်ဆာတွေဘာတွေများ....ဖြစ်နေလား....ဒီရက်ပိုင်း...အချစ်က ထမင်းသိပ်မစားဘူး....ငါ....ငါကလည်း အလုပ်တွေရှုပ်နေလို့...အချစ်ကို....ပုံမှန်မကျွေးဖြစ်ဘူး"

ထစ်အစွာ ပြောလာတဲ့ရှောင်ကျန့်ကြောင့် ကျိရန်က ပခုံးကိုအသာပုတ်ပြီး အားပေးရသည်။
မျက်ရည်တွေပါ တလိမ့်လိမ့်ကျလာတာမို့

"Sean....အဲ့လိုမဟုတ်ဘူး....ကောဘာမှမဖြစ်ဘူး"

အချစ်ကို စမ်းနေတဲ့ ဟောက်ရွှမ်း မျက်နှာက အံ့အားသင့်ဟန်ပါလာကာ ကျိရန်ကို လှမ်းကြည့်ကာ ခေါင်းညိတ်ပြလာသည်။

"Sean....စိတ်ပူစရာမလိုဘူး.....ဒီလိုပဲ ဖြစ်တတ်ပါတယ်...သိပ်မကြာခင် ကောနိုးလာလိမ့်မယ်....ကောနိုးလာရင် သူထင်နေတာ မှန်တယ်လို့ပြောလိုက်.."

"မင်းတို့ နားကြတော့လေ....အခန်းလွတ်မှာ သွားနားလိုက်နော်....ငါမပြင်ပေးတော့ဘူး....အချစ်အနားရှိချင်လို့"

ခန္ဓာကိုယ်သေးသေးလေး ဘေး ဝင်လှဲလိုက်ပြီး ဖြူဖျော့နေတာကြောင့် စိတ်မကောင်း။
လက်ကလေးတစ်ဖက်ကို ​ဆုပ်ကိုင်ရင်း မြန်မြန်သတိရလာဖို့သာ ဆုတောင်းနေရသည်။
အချစ်ကို ဒီလိုမြင်ရတာ ရှောင်ကျန့်အတွက် ငရဲကျနေသလိုမျိုး။

ဝမ်သူ​​ကြီးသားနှင့်မြို့သားကိုလူချောWhere stories live. Discover now