ZAWGYI
"ကို...Somi ျပန္လာၿပီ"
အိမ္ထဲဝင္ဝင္ခ်င္း Jungkook ကိုေခၚရွာေပမယ့္ သူမ မေတြ႕...သူ႔အခန္းထဲသူဝင္ၿပီးသာ ေအးေဆး
အနားယူေနလိုက္သည္။
ဘယ္ေလာက္မွမၾကာ ကားသံၾကားတာေၾကာင့္ ထြက္ၾကည့္လိုက္ေတာ့ Jungkook မဟုတ္ဘဲ သူ႔ေယာကၡမျဖစ္ေနေလသည္။
"အိုး..တို႔အိမ္ကအဖိုးတန္ေလးပါလား...ဘယ္လိုလဲ..တစ္လေတာင္မျပည့္ေသးဘဲနဲ႔..."
Company ကျပန္ျပန္လာခ်င္း အေပၚထပ္က သူမ
အခန္းေလးထဲလာေတာ့ မျမင္ခ်င္တဲ့ ေခၽြးမျဖစ္သူ
ကို ျမင္လိုက္ရတာေၾကာင့္ စိတ္ကေထာင္းခနဲပင္..
"ကၽြန္မကိုေတာ္ေတာ္ဂရုစိုက္ပံုပဲေနာ္..ထြက္သြားတာ တစ္လျပည့္မျပည့္ ဂရုတစိုက္မွတ္ထားေပးလို႔..."
တစ္ေယာက္နဲ႔တစ္ေယာက္ ခနဲ႔တဲ့တဲ့သာေျပာေနၾက
ေသာ ထိုအမ်ိဳးသမီးႏွစ္ေယာက္ၾကား Seokjin ဘာမွဝင္မေျပာမိဘဲ နံရံအေနာက္ေလးက
ေနသာ ခိုးနားေထာင္ေနမိသည္။
အခန္းထဲက ဟိုမိန္းမျပန္လာတဲ့ကားကို ျမင္လိုက္
ေပမယ့္ ျပႆနာမတက္ခ်င္တာေၾကာင့္ သူထြက္
မေတြ႕ခဲ့....
ေမေမႀကီးကားကိုျမင္မွ ေမေမႀကီးကိုႀကိဳဖို႔ဆိုၿပီး သူထြက္လာခဲ့သည္သာ..
အသံေတြက ခက္ထန္လြန္းေနၾကတာေရာ သူနဲ႔ေရာ ဘာမွမဆိုင္တာေရာေၾကာင့္ သူဘာမွဝင္မေျပာမိ...
Seokjin ေတြးေနမိသည္။
Jungkook အိမ္မွာရွိရင္ေတာ့ ထိုမိန္းမက ေမေမ
ႀကီးေရွ႕မွာ ဝပ္ျပားေနလိုက္တာ အသံေလးခၽြဲၿပီး အန္တီေလးဘာေလးနဲ႔..Jungkook သာမရွိ
ရင္ ေမေမႀကီးကို တစ္ခြန္းမက်န္ျပန္ခံေျပာၿပီး အသံကမာေၾကာလြန္းသည္။
လူေတြမ်ား ေျပာင္းလဲလြယ္လိုက္တာ...
"ဘယ္လိုလဲ...ေကာင္းေကာင္းေပ်ာ္ခဲ့ရဲ႕လား"
"သိပ္ေပ်ာ္ခဲ့တာေပါ့...အေမနဲ႔ေတြ႕ရတာဆိုေတာ့ သားသမီးတိုင္းက ေပ်ာ္မွာပဲေလ"
"အေမနဲ႔ေတြ႕ခဲ့တာ ??....ဟက္...."
သူမေလွာင္ျပံဳးျပံဳးၿပီးသာ ထိုမိန္းမေရွ႕ကထြက္ခဲ့
ေတာ့ အေနာက္က ရႉးရႉးရွဲရွဲနဲ႔ က်န္ခဲ့ေလသည္။
"ေတာက္..အဘြားႀကီး တစ္ခုခုသိေနတာလား..ငါ့
ေနာက္ကို လူလႊတ္ထားတာမ်ားလား...မျဖစ္ဘူး"
"Somi..."
တစ္ေယာက္ထဲ တက္ေခါက္ၿပီး ေျပာခ်င္တာေျပာ
ေနတုန္း Jungkook company ကျပန္လာၿပီး အိမ္ထဲဝင္လာျမင္ေတာ့ သူမ ျပံဳးရင္း Jungkook ကို ေျပးဖက္သည္။
"ကို...လြမ္းေနတာ.."
"ဘယ္တုန္းက ျပန္ေရာက္တာလဲ"
"သိပ္မၾကာေသးဘူး...Somi ကိုသတိရလား"
"အင္း...သတိရတာေပါ့....."
Jungkook ျပံဳးရင္းသာ လက္က Somi ကို အလိုက္သင့္ျပန္ဖက္ထားသည္။
ထူးဆန္းလိုက္တာ...အရင္တုန္းက company က
ျပန္လာတာနဲ႔ Somi ကိုေတြ႕ခ်င္ခဲ့တာ..Somi ကို
ေတြ႕တာနဲ႔ တစ္ေန႔တာပင္ပန္းသမၽွေတြ ေပ်ာက္ကုန္
သည္။
Somi ကိုေတြ႕ရင္ ရင္ေတြခုန္ေနေပမယ့္ ဒီေန႔ဘယ္
လို ျဖစ္တာပါလိမ့္...သူ႔ႏွလံုးသားေလး ၿငိမ္ေနသည္။
Somi ကိုေတြ႕ေပမယ့္ ပင္ပန္းသမၽွေတြ မေပ်ာက္ကုန္ေတာ့ဘူး..ပိုပင္ပန္းသလို ခံစားလာရသည္။
Somi ကိုဖက္ထားေပမယ့္ မ်က္လံုးက အိမ္ထဲ
ေဝ့ဝိုက္ရွာမိတာ အျခားတစ္ေယာက္ဆီ...ဘယ္ေတြ
ေလၽွာက္သြားေနတာပါလိမ့္ အခန္းထဲမွာမ်ားလား..
ဘာလို႔ ျပန္ေရာက္တာနဲ႔ သူ႔ကို ေတြ႕ခ်င္ေနရတာလဲ..
Seokjin သူ႔အခန္းေလးထဲေရာက္မွ ကုတင္ေပၚ
ထိုင္ခ်ရင္း ျပတင္းေပါက္ကို မ်က္ႏွာမူၿပီး ေကာင္းကင္ႀကီးကို ေမာ့ၾကည့္ေနလိုက္သည္။
ဘာလို႔ ဝမ္းနည္းေနရတာလဲ.....တစ္ခုခုကို ဝမ္းနည္း
ေနသလိုလို..မျဖစ္ဘူး...သူ Jungkook ဆီစိတ္ယိုင္
လို႔မျဖစ္ဘူးေလ...သူ Taehyung ကို သစၥာေဖာက္
လို႔မျဖစ္ဘူး..
ခဏတာေလးပါ.....ရုပ္ရည္ေခ်ာေမာလြန္းျပီး တည္
ၾကည္ခံ့ညားလြန္းတဲ့ Jungkook ကိုျမင္ပါမ်ားၿပီး အေနနီးသြားလို႔ ခဏတာ စိတ္ယိုင္တာျဖစ္မွာပါ...
ႏွစ္ေပါင္းမ်ားစြာ ခ်စ္လာတဲ့ Taehyung ကိုသူသစၥာေဖာက္မည္မဟုတ္..
ဒါဟာ သူ႔ရဲ႕ သစၥာစကား.......
.
.
.
.
.
.
"Hello...ေမာင္ လား...မ ပါ..."
သူမအခန္းဆီ ျဖတ္သြားေနတုန္း သားေတာ္ေမာင္
အခန္းထဲက အသံေၾကာင့္ ေျခလွမ္းေတြ တံု႔ဆိုင္းသြားၿပီး တံခါးနားကပ္ၿပီး နားေထာင္ေနမိသည္။
"ဒီရက္ပိုင္း လာေတြ႕လို႔မရဘူးေမာင္ရဲ႕..ဘြားေတာ္
ကမကိုအျမင္ၾကည္တာမဟုတ္ဘူး...ခဏခဏထြက္ေနရင္ သူသိသြားေတာ့မယ္"
ေညႇာင္နာနာအသံနဲ႔ ထိုမိန္းမဟာ ဘယ္ေလာက္
မာယာမ်ားလဲ မိန္းမခ်င္းျဖစ္တဲ့ သူမပဲသိႏိုင္သည္။
သားႏွစ္ေယာက္က company သြားၾကၿပီး သူမကေတာ့ ေခါင္းေလးနည္းနည္းထိုးကိုက္ေနလို႔ အိမ္မွာသာ က်န္ခဲ့သည္။
အကုန္လံုး company သြားၿပီဆိုၿပီး ျဖစ္ခ်င္တိုင္း
ျဖစ္ေနတဲ့ ထိုမိန္းမကို လုပ္သတ္ပစ္ခ်င္စိတ္ေတြက တဖြားဖြား...
"သူ႔ကိုမခ်စ္ပါဘူး...မခ်စ္ေသာ္လဲေအာင့္ကာနမ္းေနရတာေပါ့....အငွားကိုယ္ဝန္ေဆာင္ ေကာင္ေလး ကေလးေမြးေပးၿပီးတာနဲ႔ သူနဲ႔ကြာရွင္းမွာ...ဟိုေကာင္
ေလးကေလးေမြးဖို႔က မရဲ႕မ်ိဳးဥလို
ေသးတယ္ေလ.."
"သူ႔ကိုရဖို႔ကို ဘယ္ေလာက္ေတာင္ ႀကိဳးစားထားရ
လဲ ဒါေတာင္ ကိုယ္ဝန္ရွိေနၿပီဆိုၿပီး သူ႔ကိုလိမ္လိုက္လို႔ ဘြားေတာ္ကခြင့္ျပဳတာေနာ္...မဟုတ္ရင္ ရမွာမဟုတ္ဘူး"
"စိတ္ခ်ပါ...သူတို႔ဆီက စည္းစိမ္ေတြယူၿပီးတာနဲ႔ ေမာင္နဲ႔ပဲ အတူေနမွာ"
မ်ားသြားၿပီ...သည္းခံမႈအတိုင္းအတာကို ေက်ာ္လြန္
သြားခဲ့ၿပီ...ကိုယ္ဝန္ကိုအေၾကာင္းျပၿပီး သူ႔သားကို လိမ္လည္ယူခဲ့တာေပါ့..ဒီကိစၥကို ပြင့္ပြင့္လင္းလင္း
ေျဖရွင္းမွရေတာ့မည္။
ဒီလို မိန္းမယုတ္ကို သူ႔သားအနားကေနခြာထုတ္
ရမည္ဟု ေတြးၾကံလ်က္...
Somi ျပတင္းေပါက္ဘက္ကို မ်က္ႏွာမူေနရင္း ဖုန္းေျပာေနတာေၾကာင့္ တံခါးေပါက္ဝမွာရပ္ေနတဲ့ Jungkook အေမကို သူမ မျမင္..
ဖုန္းခ်ၿပီးတာနဲ႔ လွည့္လိုက္ေတာ့ ျပံဳးၿဖီးေနတဲ့ မ်က္ႏွာဟာ ခ်က္ခ်င္းပင္ တည္တံ့သြားသည္။
"အန္...အန္တီ.."
သူမေျခဖ်ားလက္ဖ်ားေတြေအးလာၿပီး တစ္ကိုယ္
လံုး တုန္ယင္လာသည္။မျဖစ္ဘူး...ဒီအဘြားႀကီး သိလို႔မျဖစ္ဘူး..သူသာသိရင္ Jungkook လဲ သိေတာ့မည္..
"ဘယ္လိုလဲ လူယုတ္မာမရဲ႕...ရွင္းစမ္းပါဦး"
တံခါးဝမွာ လက္ပိုက္ၿပီး ခပ္တည္တည္မ်က္ႏွာထား
နဲ႔ ေမးေနတဲ့ Mrs.Jeon ဟာ သိပ္ေၾကာက္ဖို႔ေကာင္း
လွသည္။
Somi ပ်က္ယြင္းေနတဲ့ မ်က္ႏွာထားကို ခ်က္ခ်င္း
ျပင္လိုက္ၿပီး Mrs.Jeon ဆီ တိုးကပ္သြားသည္။
"ကၽြန္မက ဘာကိုရွင္းရမွာလဲ"
"ခုနက မင္းစကားေတြေလ"
"ကၽြန္မက ခုနက ဘာေျပာလို႔လဲ"
ေျဗာင္လိမ္ေျဗာင္စားလုပ္တဲ့ေနရာမွာ ဒီမိန္းမ
ထိပ္ဆံုးကေတာ္သည္။
မ်က္ႏွာေျပာင္တိုက္တဲ့ေနရာမွာေတာ့ သူ မတူေအာင္ ထူးခၽြန္လြန္းသည္။
"ေအာ္...ဘာမွမေျပာဘူးလား"
"ကၽြန္မအေမနဲ႔ ဖုန္းေျပာေနတာပါ"
"မင္းအေမေတာ့ ၾကားရင္ ရင္ထုမနာျဖစ္ေတာ့
မွာပဲ...အျမဲတမ္းၾကားထဲက cover ျဖစ္ေနလို႔...ဒါနဲ႔ မသိလို႔ေမးပါရေစ...မင္းတို႔အရြယ္ေတြက အေမကို ေမာင္လို႔ေခၚတာလား...ငါ့သားႏွစ္ေယာက္ကေတာ့ ငါ့ကို ေမာင္လို႔မေခၚပါလား"
"ဒီမွာ..ေနစမ္းပါဦး...ကၽြန္မဖာသာကၽြန္မ ဘယ္သူနဲ႔
ေျပာေျပာ ရွင္နဲ႔ ဘာဆိုင္လို႔လဲ"
ေနာက္ဆံုးေတာ့ Somi လိမ္လို႔မရတဲ့အဆံုး မ်က္ႏွာေျပာင္တိုက္ဖို႔သာ ဆံုးျဖတ္လိုက္သည္။
"မင္းက ငါနဲ႔မဆိုင္ေပမယ့္ ငါ့သားနဲ႔ ဆိုင္ေနလို႔ေလ"
"အဲ့ေတာ့ ရွင္ကဘာလုပ္မွာလဲ....ကၽြန္မအေၾကာင္း
ေတြ ရွင္သြားေျပာေတာ့ေရာ သူကယံုမွာလား...
ရွင့္သားကိုယ္တိုင္ကိုက ကၽြန္မကို ငမ္းငမ္းတက္ ျဖစ္ေနတာေလ"
"ဘာ....."
ေျဖာင္း....💢💢
Mts.Jeon ရဲ႕ အားပါပါလႊဲရိုက္ခ်က္ေၾကာင့္ Somi ေခါင္းပါလည္ထြက္သြားသည္အထိ...
"ငါ့သားကို နင္ေျပာစရာမလိုဘူး...ဘာတဲ့ ငမ္းငမ္း
တက္ဟုတ္လား....မင္းလို ပိုက္ဆံကိုငမ္းငမ္းတက္
ျဖစ္ေနတဲ့ေအာက္တန္းစားမဟုတ္ဘူး....နားလည္
လား...မင္းကိုတစ္ခုပဲေျပာမယ္...ဒီအိမ္ေပၚက မင္း
စိတ္ဓာတ္နဲ႔မင္း ဆင္းသြားမလား...ငါ့သားႏွင္ထုတ္
တာ ေစာင့္ေနမလား"
"မဆင္းႏိုင္ဘူးဆိုရင္ေရာ ဘာလုပ္ခ်င္ေသးလို႔လဲ"
"ေကာင္းၿပီေလ....သက္ေသနဲ႔တကြ ထိပ္တိုက္
ရွင္းၾကတာေပါ့ Yeon Somi-ssi"
သူမ ေျပာၿပီးတာနဲ႔ ဖုန္းထဲက contact ေလးတစ္ခုအား ႏွိပ္လိုက္သည္။
"Hello...သားငယ္လား....အခုခ်က္ခ်င္း အိမ္ကိုျပန္လာခဲ့...အေမတို႔ရွင္းစရာရွိတယ္..
အခုခ်က္ခ်င္းေနာ္..Company မွာဘာအေရးႀကီးကိစၥရွိရွိ ခ်က္ခ်င္းျပန္လာခဲ့"
Mrs.Jeon ဖုန္းခ်ၿပီးတာနဲ႔ လက္ထဲက ဖုန္းေလးကိုျပၿပီး အသံဖိုင္ခလုတ္ေလးကို ႏွိပ္လိုက္ေတာ့ ထြက္လာတဲ့ ခုနက သူမရဲ႕စကားသံေတြ..
"မင္းကို ကိုယ့္ဖာသာကိုယ္ ဆင္းလို႔ရေအာင္ အခြင့္
အေရးေပးတာ...ေအး..အရွက္ကြဲခ်င္ရင္ေတာ့ ငါ့သားကိုေစာင့္ေပါ့"
"အ..အန္တီမွားေနၿပီထင္တယ္"
Somi စကားေတြပါ ထစ္အလာသည္အထိ.။
Somi မ်က္လံုးေတြျပဴးက်ယ္သြားၿပီး ေၾကာက္ရြံ႕လာသည္။
မျဖစ္ဘူး...Jungkook သိလို႔မျဖစ္ဘူး..။
Jungkook သူမကိုခ်စ္တာ သိေပမယ့္ အခုေနာက္
ပိုင္း အခ်ိဳးေတြ ေျပာင္းလာတာ သူမသိသည္။
Jungkook သာသူ႔ကို ႏွင္ထုတ္ရင္ သူ႔ဘက္မွာ ဘယ္သူမွ မရွိေတာ့ဘဲ သူမဘဝပ်က္လိမ့္မည္။
"အဲ့ဖုန္းကို အခုေပး.."
သူမလက္ထဲက ဖုန္းကို လာလုေနတာေၾကာင့္ Mts.Jeon ခ်က္ခ်င္းပင္ လက္ကိုေနာက္ပစ္
လိုက္သည္။
"ဘာလဲ ေၾကာက္ေနတာလား အယုတ္တမာမရဲ႕...
လမ္းေဘးေခြးေလာက္ေတာင္ ေစာက္ဆင့္မရွိတဲ့ ေကာင္မ..."
"အခုေပးလို႔ ေျပာေနတယ္ေနာ္...ကၽြန္မ လူသတ္ဖို႔လဲ ဝန္မေလးဘူး"
"ဘာ...လူသတ္ဦးမယ္....ဟား...ဟား...မင္းက လာစိန္ေခၚတာပဲ"
သူမလက္ထဲက ဖုန္းကို လိုက္လုေနတဲ့ Somi ေၾကာင့္ တျဖည္းျဖည္းေနာက္ဆုတ္လာမိသည္။
ေခါင္းကိုက္ေနတဲ့အခံရွိတာေၾကာင့္ မ်က္ရိုးေတြထိုး
ကိုက္လာၿပီး အျမင္ေတြေဝဝါးလာသည္။
ေနာက္ဆုတ္ရင္း ဆုတ္ရင္းနဲ႔ ေလွကားထိပ္ကို ေရာက္လာသည္။
ေနာက္ကို လွည့္ၾကည့္လိုက္တဲ့ အခ်ိန္မွာ ဖုန္းရွိေနတဲ့ သူ႔လက္ကိုဖမ္းမိသြားတာေၾကာင့္ သူမ လႊတ္မေပးဘဲ ဖုန္းကိုျပန္လုသည္။
အား !!!
ႏွစ္ေယာက္သား ဖုန္းကို အသဲအသန္လုေနတဲ့ အခ်ိန္
မွာပဲေလွကားကို ေက်ာေပးထားတဲ့ Mrs.Jeon ေလွကားေပၚကေန ေလွကားလက္ရန္းေတြကို ေခါင္းနဲ႔ေစာင့္မိရင္း ဒလိမ့္ေခါက္ေကြး ျပဳတ္က်၏။
ေအာက္ကိုေရာက္မွ သူမလက္ထဲက ဖုန္းဟာေလွ
ကားေဘးမွာထားထားတဲ့ စားပြဲေအာက္ကို
ေရာက္သြားသည္။
Somi လက္ကေန Mrs.Jeon လက္အား ကိုင္ထား
ေပးလို႔ ရေပမယ့္ တမင္သက္သက္ လႊတ္ခ်လိုက္ျခင္းပင္...
ဒီအဘြားႀကီး ျမန္ျမန္ေသမွ ေအးမွာ....
သူ႔ဘဝကိုေႏွာင္ယွက္တာ မ်ားၿပီ..။
အလုပ္သမားေတြကလဲ ေစ်းသြားတဲ့သူကသြား မီးဖိုခန္းထဲအလုပ္လုပ္တဲ့သူကလုပ္ အလုပ္ကိုယ္
စီနဲ႔မို႔ သူတို႔ႏွစ္ေယာက္ အျဖစ္အပ်က္ကို ဘယ္သူမွ မသိလိုက္ၾက....
Seokjin တစ္ေယာက္ အခန္းထဲမွာ ေရမိုးခ်ိဳး အဝတ္အစားဝတ္ေနတုန္း အျပင္ကေအာ္သံ
ၾကားတာေၾကာင့္ ေျပးထြက္လာခဲ့သည္။
ေလွကားနားေရာက္မွ ျမင္လိုက္ရတဲ့ ျမင္ကြင္းက ေသြးပ်က္စရာ...ေၾကာင္ေတာင္ေတာင္ ရပ္
ၾကည့္ေနတဲ့ Somi ကို တြန္းဖယ္ၿပီး ေလွကား
ေအာက္ကို ေျပးဆင္းလာၿပီး ေသြးအိုင္ထဲ လဲေနတဲ့ ေမေမႀကီးကို ေပြ႕ထူသည္။
"ေမေမႀကီး..ေမေမႀကီး သတိထားပါဦး"
အထပ္ေပါင္းမ်ားစြာရွိတဲ့ ေလွကားမို႔ အရွိန္နဲ႔ က်
တာေၾကာင့္ ေခါင္းကေသြးေတြက ျမင္မေကာင္းစြာ..
အလုပ္သမားေတြလဲ အသံၾကားလို႔ ေျပးထြက္
လာေတာ့ Seokjin လက္ထဲက ေသြးေတြနဲ႔ သူတို႔သခင္မႀကီးကို ျမင္လိုက္ရတာေၾကာင့္ ထိတ္လန္႔သြားၾကသည္။
"Seokjin..သခင္မႀကီးက ဘယ္လိုျဖစ္တာလဲ"
"မသိဘူး ဦးေလး....ေလွကားေပၚက ျပဳတ္က်တာ
ထင္တယ္...ျမန္ျမန္ ေဆးရံုကားေခၚေပးပါ"
သူ႔နားကပ္ၿပီး စိုးရိမ္တႀကီး ေမးလာတဲ့ အိမ္ေတာ္
ထိန္းႀကီးအား Seokjin ျပန္ေျပာလိုက္သည္။
"အေမ...အကို...ဘာေတြျဖစ္ေနၾကတာလဲ"
အသံလာရာ အိမ္ေပါက္ဝကို ၾကည့္လိုက္ေတာ့ Jungkook ျဖစ္ေနတာေၾကာင့္ Seokjin အားကိုးတႀကီး ေခၚလိုက္ရင္း....
"Jung...Jungkook...ကယ္....ကယ္ပါဦး....ေမ...
ေမေမႀကီးကို ကယ္ပါဦး"
Seokjin မ်က္ရည္ေတြစီးက်ရင္း ေျပာသည္။
အေမနဲ႔ ေဝးကြာေနတဲ့ တေလၽွာက္ ေမေမႀကီးဟာ သူ႔ရဲ႕အေမလိုပင္ မဟုတ္လား..။
Jungkook ကိုျမင္မွ အေပၚထပ္ကေန မဲ့ရြဲ႕ၿပီး ရပ္ၾကည့္ေနတဲ့ Somi တစ္ေယာက္ ေျပးဆင္းလာၿပီး..
"အန္တီ...အန္တီ ဘယ္လိုျဖစ္တာလဲ.....Kim Seokjin ..နင္..နင္ အန္တီ့ကို ဘာလုပ္လိုက္တာလဲ ဟမ္...."
Somi စကားေၾကာင့္ Seokjin နားမလည္သလို ျဖစ္သြားရသည္။
တစ္ဘက္ Jungkook ကို ၾကည့္လိုက္ေတာ့ တရားခံတစ္ေယာက္လို စိုက္ၾကည့္ေနတဲ့ မ်က္ဝန္းတစ္စံု...
မဟုတ္ဘူးေလ ...မင္းမွားေနၿပီ Jungkook...
အလုပ္သမားေတြဘက္ကိုၾကည့္ေတာ့လဲ ထိုနည္းအတိုင္းသာ..
"ငါမသိဘူး...ေမေမႀကီးအသံၾကားလို႔ ငါအခန္းထဲက ထြက္လာတာ...."
"ေတာ္ေတာ့ အကို..ကၽြန္ေတာ္ အကို႔ ကိုမထင္ထားဘူး...အကိုမို႔လို႔ လုပ္ရက္တယ္...
အကို ကၽြန္ေတာ့အေမကို ေလွကား
ေပၚက တြန္းခ်လိုက္တာလား"
"မဟုတ္ဘူး....ငါ မဟုတ္ဘူးလို႔..."
သူျငင္းေနတုန္းမွာပဲ ေဆးရံုကားက အိမ္ေရွ႕ထိ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာသည္။
"ၿပီးမွ ဒီျပႆနာကို ရွင္းမယ္"
ထို႔ေနာက္ ေမေမႀကီးကိုယ္ေလးအား လူနာတင္
လွည္းေပၚ တင္ေပးၿပီး ေဆးရံုကားေလးက ထြက္သြားခဲ့သည္။
သူ႔စိတ္ထဲမွာ ဆုုေတာင္းမိတာ တစ္ခုထဲပါ....
ေမေမႀကီး ဘာမွမျဖစ္ပါေစနဲ႔လို႔သာ...
◇ My Beloved ◇
To be continued.....
Thank you for reading and voting
Love you all💜💜
_________________________________________
UNICODE
"ကို...Somi ပြန်လာပြီ"
အိမ်ထဲဝင်ဝင်ချင်း Jungkook ကိုခေါ်ရှာပေမယ့် သူမ မတွေ့...သူ့အခန်းထဲသူဝင်ပြီးသာ အေးဆေး
အနားယူနေလိုက်သည်။
ဘယ်လောက်မှမကြာ ကားသံကြားတာကြောင့် ထွက်ကြည့်လိုက်တော့ Jungkook မဟုတ်ဘဲ သူ့ယောက္ခမဖြစ်နေလေသည်။
"အိုး..တို့အိမ်ကအဖိုးတန်လေးပါလား...ဘယ်လိုလဲ..တစ်လတောင်မပြည့်သေးဘဲနဲ့..."
Company ကပြန်ပြန်လာချင်း အပေါ်ထပ်က သူမ
အခန်းလေးထဲလာတော့ မမြင်ချင်တဲ့ ချွေးမဖြစ်သူ
ကို မြင်လိုက်ရတာကြောင့် စိတ်ကထောင်းခနဲပင်..
"ကျွန်မကိုတော်တော်ဂရုစိုက်ပုံပဲနော်..ထွက်သွားတာ တစ်လပြည့်မပြည့် ဂရုတစိုက်မှတ်ထားပေးလို့..."
တစ်ယောက်နဲ့တစ်ယောက် ခနဲ့တဲ့တဲ့သာပြောနေကြ
သော ထိုအမျိုးသမီးနှစ်ယောက်ကြား Seokjin ဘာမှဝင်မပြောမိဘဲ နံရံအနောက်လေးက
နေသာ ခိုးနားထောင်နေမိသည်။
အခန်းထဲက ဟိုမိန်းမပြန်လာတဲ့ကားကို မြင်လိုက်
ပေမယ့် ပြဿနာမတက်ချင်တာကြောင့် သူထွက်
မတွေ့ခဲ့....
မေမေကြီးကားကိုမြင်မှ မေမေကြီးကိုကြိုဖို့ဆိုပြီး သူထွက်လာခဲ့သည်သာ..
အသံတွေက ခက်ထန်လွန်းနေကြတာရော သူနဲ့ရော ဘာမှမဆိုင်တာရောကြောင့် သူဘာမှဝင်မပြောမိ...
Seokjin တွေးနေမိသည်။
Jungkook အိမ်မှာရှိရင်တော့ ထိုမိန်းမက မေမေ
ကြီးရှေ့မှာ ဝပ်ပြားနေလိုက်တာ အသံလေးချွဲပြီး အန်တီလေးဘာလေးနဲ့..Jungkook သာမရှိ
ရင် မေမေကြီးကို တစ်ခွန်းမကျန်ပြန်ခံပြောပြီး အသံကမာကြောလွန်းသည်။
လူတွေများ ပြောင်းလဲလွယ်လိုက်တာ...
"ဘယ်လိုလဲ...ကောင်းကောင်းပျော်ခဲ့ရဲ့လား"
"သိပ်ပျော်ခဲ့တာပေါ့...အမေနဲ့တွေ့ရတာဆိုတော့ သားသမီးတိုင်းက ပျော်မှာပဲလေ"
"အမေနဲ့တွေ့ခဲ့တာ ??....ဟက်...."
သူမလှောင်ပြုံးပြုံးပြီးသာ ထိုမိန်းမရှေ့ကထွက်ခဲ့
တော့ အနောက်က ရှူးရှူးရှဲရှဲနဲ့ ကျန်ခဲ့လေသည်။
"တောက်..အဘွားကြီး တစ်ခုခုသိနေတာလား..ငါ့
နောက်ကို လူလွှတ်ထားတာများလား...မဖြစ်ဘူး"
"Somi..."
တစ်ယောက်ထဲ တက်ခေါက်ပြီး ပြောချင်တာပြော
နေတုန်း Jungkook company ကပြန်လာပြီး အိမ်ထဲဝင်လာမြင်တော့ သူမ ပြုံးရင်း Jungkook ကို ပြေးဖက်သည်။
"ကို...လွမ်းနေတာ.."
"ဘယ်တုန်းက ပြန်ရောက်တာလဲ"
"သိပ်မကြာသေးဘူး...Somi ကိုသတိရလား"
"အင်း...သတိရတာပေါ့....."
Jungkook ပြုံးရင်းသာ လက်က Somi ကို အလိုက်သင့်ပြန်ဖက်ထားသည်။
ထူးဆန်းလိုက်တာ...အရင်တုန်းက company က
ပြန်လာတာနဲ့ Somi ကိုတွေ့ချင်ခဲ့တာ..Somi ကို
တွေ့တာနဲ့ တစ်နေ့တာပင်ပန်းသမျှတွေ ပျောက်ကုန်
သည်။
Somi ကိုတွေ့ရင် ရင်တွေခုန်နေပေမယ့် ဒီနေ့ဘယ်
လို ဖြစ်တာပါလိမ့်...သူ့နှလုံးသားလေး ငြိမ်နေသည်။
Somi ကိုတွေ့ပေမယ့် ပင်ပန်းသမျှတွေ မပျောက်ကုန်တော့ဘူး..ပိုပင်ပန်းသလို ခံစားလာရသည်။
Somi ကိုဖက်ထားပေမယ့် မျက်လုံးက အိမ်ထဲ
ဝေ့ဝိုက်ရှာမိတာ အခြားတစ်ယောက်ဆီ...ဘယ်တွေ
လျှောက်သွားနေတာပါလိမ့် အခန်းထဲမှာများလား..
ဘာလို့ ပြန်ရောက်တာနဲ့ သူ့ကို တွေ့ချင်နေရတာလဲ..
Seokjin သူ့အခန်းလေးထဲရောက်မှ ကုတင်ပေါ်
ထိုင်ချရင်း ပြတင်းပေါက်ကို မျက်နှာမူပြီး ကောင်းကင်ကြီးကို မော့ကြည့်နေလိုက်သည်။
ဘာလို့ ဝမ်းနည်းနေရတာလဲ.....တစ်ခုခုကို ဝမ်းနည်း
နေသလိုလို..မဖြစ်ဘူး...သူ Jungkook ဆီစိတ်ယိုင်
လို့မဖြစ်ဘူးလေ...သူ Taehyung ကို သစ္စာဖောက်
လို့မဖြစ်ဘူး..
ခဏတာလေးပါ.....ရုပ်ရည်ချောမောလွန်းပြီး တည်
ကြည်ခံ့ညားလွန်းတဲ့ Jungkook ကိုမြင်ပါများပြီး အနေနီးသွားလို့ ခဏတာ စိတ်ယိုင်တာဖြစ်မှာပါ...
နှစ်ပေါင်းများစွာ ချစ်လာတဲ့ Taehyung ကိုသူသစ္စာဖောက်မည်မဟုတ်..
ဒါဟာ သူ့ရဲ့ သစ္စာစကား.......
.
.
.
.
.
.
"Hello...မောင် လား...မ ပါ..."
သူမအခန်းဆီ ဖြတ်သွားနေတုန်း သားတော်မောင်
အခန်းထဲက အသံကြောင့် ခြေလှမ်းတွေ တုံ့ဆိုင်းသွားပြီး တံခါးနားကပ်ပြီး နားထောင်နေမိသည်။
"ဒီရက်ပိုင်း လာတွေ့လို့မရဘူးမောင်ရဲ့..ဘွားတော်
ကမကိုအမြင်ကြည်တာမဟုတ်ဘူး...ခဏခဏထွက်နေရင် သူသိသွားတော့မယ်"
ညှောင်နာနာအသံနဲ့ ထိုမိန်းမဟာ ဘယ်လောက်
မာယာများလဲ မိန်းမချင်းဖြစ်တဲ့ သူမပဲသိနိုင်သည်။
သားနှစ်ယောက်က company သွားကြပြီး သူမကတော့ ခေါင်းလေးနည်းနည်းထိုးကိုက်နေလို့ အိမ်မှာသာ ကျန်ခဲ့သည်။
အကုန်လုံး company သွားပြီဆိုပြီး ဖြစ်ချင်တိုင်း
ဖြစ်နေတဲ့ ထိုမိန်းမကို လုပ်သတ်ပစ်ချင်စိတ်တွေက တဖွားဖွား...
"သူ့ကိုမချစ်ပါဘူး...မချစ်သော်လဲအောင့်ကာနမ်းနေရတာပေါ့....အငှားကိုယ်ဝန်ဆောင် ကောင်လေး ကလေးမွေးပေးပြီးတာနဲ့ သူနဲ့ကွာရှင်းမှာ...ဟိုကောင်
လေးကလေးမွေးဖို့က မရဲ့မျိုးဥလို
သေးတယ်လေ.."
"သူ့ကိုရဖို့ကို ဘယ်လောက်တောင် ကြိုးစားထားရ
လဲ ဒါတောင် ကိုယ်ဝန်ရှိနေပြီဆိုပြီး သူ့ကိုလိမ်လိုက်လို့ ဘွားတော်ကခွင့်ပြုတာနော်...မဟုတ်ရင် ရမှာမဟုတ်ဘူး"
"စိတ်ချပါ...သူတို့ဆီက စည်းစိမ်တွေယူပြီးတာနဲ့ မောင်နဲ့ပဲ အတူနေမှာ"
များသွားပြီ...သည်းခံမှုအတိုင်းအတာကို ကျော်လွန်
သွားခဲ့ပြီ...ကိုယ်ဝန်ကိုအကြောင်းပြပြီး သူ့သားကို လိမ်လည်ယူခဲ့တာပေါ့..ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း
ဖြေရှင်းမှရတော့မည်။
ဒီလို မိန်းမယုတ်ကို သူ့သားအနားကနေခွာထုတ်
ရမည်ဟု တွေးကြံလျက်...
Somi ပြတင်းပေါက်ဘက်ကို မျက်နှာမူနေရင်း ဖုန်းပြောနေတာကြောင့် တံခါးပေါက်ဝမှာရပ်နေတဲ့ Jungkook အမေကို သူမ မမြင်..
ဖုန်းချပြီးတာနဲ့ လှည့်လိုက်တော့ ပြုံးဖြီးနေတဲ့ မျက်နှာဟာ ချက်ချင်းပင် တည်တံ့သွားသည်။
"အန်...အန်တီ.."
သူမခြေဖျားလက်ဖျားတွေအေးလာပြီး တစ်ကိုယ်
လုံး တုန်ယင်လာသည်။မဖြစ်ဘူး...ဒီအဘွားကြီး သိလို့မဖြစ်ဘူး..သူသာသိရင် Jungkook လဲ သိတော့မည်..
"ဘယ်လိုလဲ လူယုတ်မာမရဲ့...ရှင်းစမ်းပါဦး"
တံခါးဝမှာ လက်ပိုက်ပြီး ခပ်တည်တည်မျက်နှာထား
နဲ့ မေးနေတဲ့ Mrs.Jeon ဟာ သိပ်ကြောက်ဖို့ကောင်း
လှသည်။
Somi ပျက်ယွင်းနေတဲ့ မျက်နှာထားကို ချက်ချင်း
ပြင်လိုက်ပြီး Mrs.Jeon ဆီ တိုးကပ်သွားသည်။
"ကျွန်မက ဘာကိုရှင်းရမှာလဲ"
"ခုနက မင်းစကားတွေလေ"
"ကျွန်မက ခုနက ဘာပြောလို့လဲ"
ဗြောင်လိမ်ဗြောင်စားလုပ်တဲ့နေရာမှာ ဒီမိန်းမ
ထိပ်ဆုံးကတော်သည်။
မျက်နှာပြောင်တိုက်တဲ့နေရာမှာတော့ သူ မတူအောင် ထူးချွန်လွန်းသည်။
"အော်...ဘာမှမပြောဘူးလား"
"ကျွန်မအမေနဲ့ ဖုန်းပြောနေတာပါ"
"မင်းအမေတော့ ကြားရင် ရင်ထုမနာဖြစ်တော့
မှာပဲ...အမြဲတမ်းကြားထဲက cover ဖြစ်နေလို့...ဒါနဲ့ မသိလို့မေးပါရစေ...မင်းတို့အရွယ်တွေက အမေကို မောင်လို့ခေါ်တာလား...ငါ့သားနှစ်ယောက်ကတော့ ငါ့ကို မောင်လို့မခေါ်ပါလား"
"ဒီမှာ..နေစမ်းပါဦး...ကျွန်မဖာသာကျွန်မ ဘယ်သူနဲ့
ပြောပြော ရှင်နဲ့ ဘာဆိုင်လို့လဲ"
နောက်ဆုံးတော့ Somi လိမ်လို့မရတဲ့အဆုံး မျက်နှာပြောင်တိုက်ဖို့သာ ဆုံးဖြတ်လိုက်သည်။
"မင်းက ငါနဲ့မဆိုင်ပေမယ့် ငါ့သားနဲ့ ဆိုင်နေလို့လေ"
"အဲ့တော့ ရှင်ကဘာလုပ်မှာလဲ....ကျွန်မအကြောင်း
တွေ ရှင်သွားပြောတော့ရော သူကယုံမှာလား...
ရှင့်သားကိုယ်တိုင်ကိုက ကျွန်မကို ငမ်းငမ်းတက် ဖြစ်နေတာလေ"
"ဘာ....."
ဖြောင်း....💢💢
Mts.Jeon ရဲ့ အားပါပါလွှဲရိုက်ချက်ကြောင့် Somi ခေါင်းပါလည်ထွက်သွားသည်အထိ...
"ငါ့သားကို နင်ပြောစရာမလိုဘူး...ဘာတဲ့ ငမ်းငမ်း
တက်ဟုတ်လား....မင်းလို ပိုက်ဆံကိုငမ်းငမ်းတက်
ဖြစ်နေတဲ့အောက်တန်းစားမဟုတ်ဘူး....နားလည်
လား...မင်းကိုတစ်ခုပဲပြောမယ်...ဒီအိမ်ပေါ်က မင်း
စိတ်ဓာတ်နဲ့မင်း ဆင်းသွားမလား...ငါ့သားနှင်ထုတ်
တာ စောင့်နေမလား"
"မဆင်းနိုင်ဘူးဆိုရင်ရော ဘာလုပ်ချင်သေးလို့လဲ"
"ကောင်းပြီလေ....သက်သေနဲ့တကွ ထိပ်တိုက်
ရှင်းကြတာပေါ့ Yeon Somi-ssi"
သူမ ပြောပြီးတာနဲ့ ဖုန်းထဲက contact လေးတစ်ခုအား နှိပ်လိုက်သည်။
"Hello...သားငယ်လား....အခုချက်ချင်း အိမ်ကိုပြန်လာခဲ့...အမေတို့ရှင်းစရာရှိတယ်..
အခုချက်ချင်းနော်..Company မှာဘာအရေးကြီးကိစ္စရှိရှိ ချက်ချင်းပြန်လာခဲ့"
Mrs.Jeon ဖုန်းချပြီးတာနဲ့ လက်ထဲက ဖုန်းလေးကိုပြပြီး အသံဖိုင်ခလုတ်လေးကို နှိပ်လိုက်တော့ ထွက်လာတဲ့ ခုနက သူမရဲ့စကားသံတွေ..
"မင်းကို ကိုယ့်ဖာသာကိုယ် ဆင်းလို့ရအောင် အခွင့်
အရေးပေးတာ...အေး..အရှက်ကွဲချင်ရင်တော့ ငါ့သားကိုစောင့်ပေါ့"
"အ..အန်တီမှားနေပြီထင်တယ်"
Somi စကားတွေပါ ထစ်အလာသည်အထိ.။
Somi မျက်လုံးတွေပြူးကျယ်သွားပြီး ကြောက်ရွံ့လာသည်။
မဖြစ်ဘူး...Jungkook သိလို့မဖြစ်ဘူး..။
Jungkook သူမကိုချစ်တာ သိပေမယ့် အခုနောက်
ပိုင်း အချိုးတွေ ပြောင်းလာတာ သူမသိသည်။
Jungkook သာသူ့ကို နှင်ထုတ်ရင် သူ့ဘက်မှာ ဘယ်သူမှ မရှိတော့ဘဲ သူမဘဝပျက်လိမ့်မည်။
"အဲ့ဖုန်းကို အခုပေး.."
သူမလက်ထဲက ဖုန်းကို လာလုနေတာကြောင့် Mts.Jeon ချက်ချင်းပင် လက်ကိုနောက်ပစ်
လိုက်သည်။
"ဘာလဲ ကြောက်နေတာလား အယုတ်တမာမရဲ့...
လမ်းဘေးခွေးလောက်တောင် စောက်ဆင့်မရှိတဲ့ ကောင်မ..."
"အခုပေးလို့ ပြောနေတယ်နော်...ကျွန်မ လူသတ်ဖို့လဲ ဝန်မလေးဘူး"
"ဘာ...လူသတ်ဦးမယ်....ဟား...ဟား...မင်းက လာစိန်ခေါ်တာပဲ"
သူမလက်ထဲက ဖုန်းကို လိုက်လုနေတဲ့ Somi ကြောင့် တဖြည်းဖြည်းနောက်ဆုတ်လာမိသည်။
ခေါင်းကိုက်နေတဲ့အခံရှိတာကြောင့် မျက်ရိုးတွေထိုး
ကိုက်လာပြီး အမြင်တွေဝေဝါးလာသည်။
နောက်ဆုတ်ရင်း ဆုတ်ရင်းနဲ့ လှေကားထိပ်ကို ရောက်လာသည်။
နောက်ကို လှည့်ကြည့်လိုက်တဲ့ အချိန်မှာ ဖုန်းရှိနေတဲ့ သူ့လက်ကိုဖမ်းမိသွားတာကြောင့် သူမ လွှတ်မပေးဘဲ ဖုန်းကိုပြန်လုသည်။
အား !!!
နှစ်ယောက်သား ဖုန်းကို အသဲအသန်လုနေတဲ့ အချိန်
မှာပဲလှေကားကို ကျောပေးထားတဲ့ Mrs.Jeon လှေကားပေါ်ကနေ လှေကားလက်ရန်းတွေကို ခေါင်းနဲ့စောင့်မိရင်း ဒလိမ့်ခေါက်ကွေး ပြုတ်ကျ၏။
အောက်ကိုရောက်မှ သူမလက်ထဲက ဖုန်းဟာလှေ
ကားဘေးမှာထားထားတဲ့ စားပွဲအောက်ကို
ရောက်သွားသည်။
Somi လက်ကနေ Mrs.Jeon လက်အား ကိုင်ထား
ပေးလို့ ရပေမယ့် တမင်သက်သက် လွှတ်ချလိုက်ခြင်းပင်...
ဒီအဘွားကြီး မြန်မြန်သေမှ အေးမှာ....
သူ့ဘဝကိုနှောင်ယှက်တာ များပြီ..။
အလုပ်သမားတွေကလဲ ဈေးသွားတဲ့သူကသွား မီးဖိုခန်းထဲအလုပ်လုပ်တဲ့သူကလုပ် အလုပ်ကိုယ်
စီနဲ့မို့ သူတို့နှစ်ယောက် အဖြစ်အပျက်ကို ဘယ်သူမှ မသိလိုက်ကြ....
Seokjin တစ်ယောက် အခန်းထဲမှာ ရေမိုးချိုး အဝတ်အစားဝတ်နေတုန်း အပြင်ကအော်သံ
ကြားတာကြောင့် ပြေးထွက်လာခဲ့သည်။
လှေကားနားရောက်မှ မြင်လိုက်ရတဲ့ မြင်ကွင်းက သွေးပျက်စရာ...ကြောင်တောင်တောင် ရပ်
ကြည့်နေတဲ့ Somi ကို တွန်းဖယ်ပြီး လှေကား
အောက်ကို ပြေးဆင်းလာပြီး သွေးအိုင်ထဲ လဲနေတဲ့ မေမေကြီးကို ပွေ့ထူသည်။
"မေမေကြီး..မေမေကြီး သတိထားပါဦး"
အထပ်ပေါင်းများစွာရှိတဲ့ လှေကားမို့ အရှိန်နဲ့ ကျ
တာကြောင့် ခေါင်းကသွေးတွေက မြင်မကောင်းစွာ..
အလုပ်သမားတွေလဲ အသံကြားလို့ ပြေးထွက်
လာတော့ Seokjin လက်ထဲက သွေးတွေနဲ့ သူတို့သခင်မကြီးကို မြင်လိုက်ရတာကြောင့် ထိတ်လန့်သွားကြသည်။
"Seokjin..သခင်မကြီးက ဘယ်လိုဖြစ်တာလဲ"
"မသိဘူး ဦးလေး....လှေကားပေါ်က ပြုတ်ကျတာ
ထင်တယ်...မြန်မြန် ဆေးရုံကားခေါ်ပေးပါ"
သူ့နားကပ်ပြီး စိုးရိမ်တကြီး မေးလာတဲ့ အိမ်တော်
ထိန်းကြီးအား Seokjin ပြန်ပြောလိုက်သည်။
"အမေ...အကို..ဘာတွေဖြစ်နေကြတာလဲ"
အသံလာရာ အိမ်ပေါက်ဝကို ကြည့်လိုက်တော့ Jungkook ဖြစ်နေတာကြောင့် Seokjin အားကိုးတကြီး ခေါ်လိုက်ရင်း....
"Jung...Jungkook...ကယ်....ကယ်ပါဦး....မေ...
မေမေကြီးကို ကယ်ပါဦး"
Seokjin မျက်ရည်တွေစီးကျရင်း ပြောသည်။
အမေနဲ့ ဝေးကွာနေတဲ့ တလျှောက် မေမေကြီးဟာ သူ့ရဲ့အမေလိုပင် မဟုတ်လား..။
Jungkook ကိုမြင်မှ အပေါ်ထပ်ကနေ မဲ့ရွဲ့ပြီး ရပ်ကြည့်နေတဲ့ Somi တစ်ယောက် ပြေးဆင်းလာပြီး..
"အန်တီ...အန်တီ ဘယ်လိုဖြစ်တာလဲ.....Kim Seokjin ..နင်..နင် အန်တီ့ကို ဘာလုပ်လိုက်တာလဲ ဟမ်...."
Somi စကားကြောင့် Seokjin နားမလည်သလို ဖြစ်သွားရသည်။
တစ်ဘက် Jungkook ကို ကြည့်လိုက်တော့ တရားခံတစ်ယောက်လို စိုက်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံ...
မဟုတ်ဘူးလေ ...မင်းမှားနေပြီ Jungkook...
အလုပ်သမားတွေဘက်ကိုကြည့်တော့လဲ ထိုနည်းအတိုင်းသာ..
"ငါမသိဘူး...မေမေကြီးအသံကြားလို့ ငါအခန်းထဲက ထွက်လာတာ...."
"တော်တော့ အကို...ကျွန်တော် အကို့ ကိုမထင်ထားဘူး...အကို မို့လို့ လုပ်ရက်တယ်...
အကို ကျွန်တော့အမေကို လှေကား
ပေါ်က တွန်းချလိုက်တာလား"
"မဟုတ်ဘူး....ငါ မဟုတ်ဘူးလို့..."
သူငြင်းနေတုန်းမှာပဲ ဆေးရုံကားက အိမ်ရှေ့ထိ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်။
"ပြီးမှ ဒီပြဿနာကို ရှင်းမယ်"
ထို့နောက် မေမေကြီးကိုယ်လေးအား လူနာတင်
လှည်းပေါ် တင်ပေးပြီး ဆေးရုံကားလေးက ထွက်သွားခဲ့သည်။
သူ့စိတ်ထဲမှာ ဆုုတောင်းမိတာ တစ်ခုထဲပါ....
မေမေကြီး ဘာမှမဖြစ်ပါစေနဲ့လို့သာ...
◇ My Beloved ◇
To be continued.....
Thank you for reading and voting
Love you all💜💜