"အချစ်.....ရိဟော်နဲ့ရိကျန့်ကို ဒီနေ့ သွားမခေါ်တော့ဘူးလေကွာ...နော်"
သူ့ပါးကို လက်ညိုးလေးနဲ့မထိတထိတို့နေပြီး မျက်နှာငယ်လေးနဲ့ ပြောနေတဲ့မောင့်အကြံကိုသိနေရတာမို့ ရိပေါ် အလိုမလိုက်ရဲဘူး။
"မောင်ကလည်း....ပါးနဲ့မားကို အားနာစရာကောင်းတယ်လေ...ပါးတို့ကအသက်ကြီးပြီလေမောင်ရယ်....အေးအေးဆေးဆေးနေပါစေ"
"အချစ်ကလည်း....မောင်တို့ကိုယ်ပိုင်အချိန်လေးမရတာ..ဘယ်လောက်ကြာသွားပြီလဲ...ကလေးတွေတောင် ငါးနှစ်ထဲရောက်နေပြီ"
ကလေးနှစ်ယောက်ရပြီးကတည်းက အချစ်နဲ့သူ နှစ်ခါပဲ အတူနေရသေးသည်။ကလေးနှစ်ယောက်ကို အကြောင်းပြ ပြီး အချစ်က သူ့ကို ရှောင်ဖယ်နေတာ တော်သင့်ပြီလေ။
"ဒီတစ်ညထဲလေ အချစ်ရာ....နောက်ရက်ညနေကျ ကျိရန်နဲ့ ဟောက်ရွှမ်းရဲ့Dinnerကနေပြန်ခေါ်လာခဲ့မယ်လေ....ဟောက်ရွှမ်းအိမ်က မားတို့နဲ့ ပိုနီးတယ်လေကွာနော်"
"မောင်ကလည်း....သွားခေါ်လိုက်ပါ....မားတို့ကို အားနာစရာကောင်းတယ်လေ"
"ဟင်း.......ပြီးရော သွားခေါ်လိုက်မယ်"
ပခုံးပေါ် မေးတင်ပြီး ခါးကိုဖက်ထားတဲ့မောင်က သက်ပြင်း ချပြီး ထွက်သွားတာမို့ ရိပေါ် စိတ်မကောင်းဘူး။
"တစ်ညပဲနော်...."
"တော်ပြီ... မောင်သွားခေါ်လိုက်မယ်...အချစ်ကမောင့်ထက် ကလေးတွေကို ပိုချစ်နေတာ"
သူ့ကလေးတွေနဲ့ယှဉ်နေတဲ့မောင်က တစ်ကယ်ကို မျက်နှာက စူပုတ်ပုတ်။တစ်ခါတစ်လေ ကလေးတွေနဲ့အပြိုင် ရိပေါ်ကိုလည်း လုတတ်သေးသည်။
"မောင်ကလည်း....ကလေးတွေက မောင့်ကိုချစ်လို့ ဖြစ်လာတာလေ....မောင့်သဘော...မောင်သွားခေါ်ချင်လည်း သဘော..."
"ဟီး....မားတို့ကို ဖုန်းဆက်လိုက်အုံးမယ်"
ဆက်ပြီး ဒရမ်မာခင်းနေရင် အချစ်က စိတ်ဆိုးတော့မှာသေချာနေပြီမို့ မားတို့ကို ဖုန်းဆက်ပြီး လာမကြိုတော့ကြောင်းပြောရသည်။သူ့အကြောင်းကိုသိတဲ့ပါးကတော့ တဟားဟားအော်ရယ်ပြီး မားကတော့ ညီမလေးရတော့မယ်လို့ သားတွေကို ပြောနေတာကို ဖုန်းထဲကနေ ကြားနေရသည်။
"မားက ဘာပြောလဲမောင်"
"မြေးမလေးရတော့မလားတဲ့"
နားနားကပ်ကာ ပြောတဲ့မောင့်စကားကြောင်လူကရှိန်းခနဲ။ နှုတ်ခမ်းသားတွေကို ထိကပ်လာတဲ့ မောင့်အနမ်းတွေကြားမှာ စီးမျောနေရင်း အေးခနဲ ဖြစ်သွားမှ အဝတ်တွေကင်းမဲ့သွားပြီဖြစ်ကြောင်း သိရသည်။
"အချစ်....အချစ်ကိုယ်လေးက တစ်ကယ်လှတယ်....လန်ဒန်မှာစမြင်ဖူးတုန်းကလိုပဲ....အချစ်ကတစ်ကယ်ဆွဲဆောင်နေတုန်း"
" ရှောင်ကျန့်...ဘာတွေ... ဘာတွေပြောနေတာလဲ"
အဖြူလုံးလေးကနေအရဲလုံးလေးအဖြစ်ပြောင်းသွားတဲ့အချစ်ကြောင့် ရှောင်ကျန့်သဘောတကျရယ်မိတော့ မျက်စောင်းလှလှလေးတစ်ခုကို လက်ဆောင်ရသည်။
"အင်း...ဟင်း...မောင်..မကိုက်နဲ့..အား... မြေးခွေးလိုကောင်....ဖြည်း...ဖြည်းဖြည်း"
ခန္ဓာကိုယ်တစ်ခုလုံးကို စုန်ချည်ဆန်ချည်ထိတွေ့နေတဲ့မောင်ကြောင့် ရိပေါ် မိန်းမောနေရသည်။ကြာကြာမိန်းမောနေချိန် မရပါဘဲ အနူးညံ့ဆုံးနယ်မြေကို အပြင်းထန်ဆုံးတိုးဝင်တဲ့အခါ ရိပေါ်လက်တွေက မောင့်ကျောပြင်ပေါ်ကို အလိုအလျောက် ရောက်သွားရသည်။
"အား...မောင်...အရမ်း..မကြမ်းနဲ့လေ..."
......
"အား...မောင် မင်း....မင်း"
နားကွဲမတတ်အော်လိုက်တဲ့အသံကြောင့် ရှောင်ကျန့်တဘက်တစ်ထည်ပတ်ပြီး ရေချိုးခန်းထဲက အမြန်ထွက်လာမိသည်။မှန်ရှေ့မှာ မျက်ဝန်းတွေနီစွေးနေတဲ့ အချစ်လက်ထဲမှာ မိုးပြာရောင် Suitလေး။ကိုက်ရာတွေကြောင့်စိတ်ဆိုးနေသည်ထင်ပါရဲ့။ကိစ္စတော့မရှိပါဘူး....အချစ်က ကလေးရှိကတည်းက ကိုက်ရာထင်ရင် စိတ်ဆိုးနေကျ။
"ဘာဖြစ်လို့လဲ အချစ်"
"ဘာကို ဘာဖြစ်ရမှာလဲ....မင်းကြည့်....ကြည့်လေ....ငါ့လည်ပင်းကိုကြည့်စမ်း"
ညိုနေတဲ့ကိုက်ရာတွေက အချစ်ရဲ့လည်ပင်းသားတွေထက်မှာ ဟိုတစ်ကွက် ဒီတစ်ကွက်။
"အချစ်ကလည်းကိုက်ရာတွေလေ....အချစ်က ကိုက်ရာတွေနဲ့မှ ပိုလှတာ...."
"လှစရာလား....Suitဝတ်ရင်တောင် အဲဒါတွေက ဖုံးမရဘူးလေ....ဘယ်လိုလုပ်ရမလဲ"
ငြူစူစူအသံလေးနဲ့ အလိုမကျသလို ပြောလာတဲ့အချစ်ကြောင့် ရှောင်ကျန့်ကပဲ ကိုက်ရာတွေကို မိတ်ကပ်နဲ့ အနည်းငယ်ဖုံးပေးလိုက်ပြီး Suitကို သေချာဝတ်ပေးလိုက်သည်။
ဒါတောင် အချစ်က မကျေနပ်သလို စူပုပ်ပုပ်နဲ့ပြောနေသေးတာမို့ ထပ်ကိုက်ရမလားလို့ ခြိမ်းခြောက်ရသေးသည်။
.....
"Daddy....ပါးပါး"
"ဖြေးဖြေးလာလေ....လဲမယ်"
"ပါးပါးကို သားက လွမ်းနေတာ....ဟုတ်တယ်မလားကိုကိုရိဟော်"
မိုးပြာရောင် Suitလေးတွေ ကိုယ်စီဝတ်ပြီးလုံးတစ်တစ်ကလေးပြေးလာတဲ့ ရိဟော်နဲ့ရိကျန့်။
"မြေးတို့များ....သူ့Daddy နဲ့ပါးပါးကို တွေ့တာနဲ့.....ဖွားတို့ကို ပလစ်တော့တာပဲ"
"ဟာ....အဲ့လိုမဟုတ်ပါဘူး....ဖွားကလည်း....ချစ်ပါတယ်....ဖွားတို့ကို အရမ်းချစ်"
"မြေးတို့ပြောတဲ့ ဆိုင်ကယ်ဝယ်ပေးရင်ပေါ့"
ရိဟော်ရဲ့ စကားနောက်မှာ ကပ်ပါလာတဲ့ ရိကျန့်လေးရဲ့ စကားကြောင့် ရိပေါ် အပါအဝင် အားလုံးက ရယ်မိတော့သည်။ဒါတောင် ရိဟော်လေးက ဟုတ်တာပေါ့ ညီညီဆိုပြီး ထောက်ခံလိုက်သေးသည်။
"အမွှာလေး....တီကိုလ်းက လွမ်းနေတာ"
ဟောက်ရွှမ်းရဲ့ တစ်နှစ်ပြည့် မဂ်လာနှစ်ပတ်လည်မို့ ရောက်နေတဲ့ ကိုလ်းက ရိကျန့်လေးကို ပွေ့ပြီး Jadeက ရိဟော်လေးကိုချီသည်။ရိပေါ်နဲ့ တူတဲ့ပါးဖောင်းဖောင်းလေးတွေပိုင်ဆိုင်ထားတဲ့ အမွှာနှစ်ယောက်က အားလုံးရဲ့ အသဲကျော်လေး။
"သားတို့အတွက်....ဦးဦးကလက်ဆောင်ယူလာတယ်"
ဘောင်းဘီအိတ်ထဲက Handchain နှစ်ခုကိုJadeထုတ်ယူကာ ကိုလ်းကို တစ်ခု လှမ်းပေးလိုက်သည်။
"Wow....လှလိုက်တာ....ဒါပေမယ့် အရမ်းတန်ဖိုးကြီးနေတယ်....သားတို့မယူတော့ဘူး....ဟုတ်တယ်မလား ညီညီ"
ပလက်တီနမ်ကြိုးမျှင်မျှင်လေးမှာ အရည်လဲ့နေတဲ့ ကျောက်စိမ်းတစ်ခု ပါဝင်နေတဲ့ လက်ပတ်ကလေးက ကြည့်ရုံနဲ့တင် တန်ဖိုးကြီးလွန်းတာမို့ ရှောင်ကျန့်ကိုယ်တိုင်လည်း မယူစေချင်ဘူး။
"ဟုတ်သားပဲ Jadeရာ....တန်ဖိုးကြီးလွန်းတယ်မလား...ကောသားတွေကို ချစ်ပေးရုံတင် ကျေနပ်ပါပြီ"
"ကောကလည်း လက်ခံပေးပါ....ကိုလ်းတို့က ပေးချင်လို့ဟာကို"
ကိုလ်း ရဲ့စကားအဆုံးမှာ ရိကျန့်ရဲ့လက်လေးမှာ လက်ပတ်လေးက နေရာယူသွားရသလို ရိဟော်ရဲ့လက်လေးမှာလည်း ကျောက်စိမ်းလေးက အရည်တလဲ့လဲ့။
"ပါးပါး....ညီမလေးက ဘယ်တော့ရမှာလဲ"
မိသားစုတွေ ထိုင်နေတဲ့ အချိန်မှာ ရိကျန့်လေးက မေးလာတာမို့ ရိပေါ် ရှက်ရှက်နှင့်လှမ်းတားရသည်။ရိဟော်လေးကလည်း ရိကျန့်ရဲ့စကားကို ထောက်ခံသလို နားလေးစွင့်လို့။
"Daddy...ထပ်ကြိုးစားလိုက်အုံးမယ်"
"အား....အချစ်...အချစ်... နာတယ်လို့"
အချစ်ရဲ့ လက်တစ်ဖက် က ဗိုက်ခေါက်ကို လိမ်ဆွဲလိုက်တာမို့ ရှောင်ကျန့်မျက်နှာက ရှုံ့မဲ့နေသည်။
"ပေါက်ကရတွေပြောချင်အုံး"
"Mr.Sean"
ဝိုင်ခွက်တစ်ခွက်ကိုင်ကာ သူ့တို့ဝိုင်းကိုရောက်လာသည့် အမျိုးသမီးတစ်ဦး။
"Sean....တူလေးတွေနဲ့လာတာလား....ကျွန်မတူလေးတွေ ဖြစ်ရင် သိပ်ကောင်းမှာပဲ....ဟုတ်တယ်မလား Sean"
အိမ်ထောင်ရှိမှန်း သိရက်နဲ့ ဝင်ရောနေသည့် ထိုအမျိုးသမီးက ဘယ်လိုရည်ရွယ်ချက်ရှိလဲမသိပေမယ့် ရှောင်ကျန့်ကတော့ အချစ်ရဲ့ မျက်နှာကိုသာ အကဲခတ်သလို ကြည့်လိုက်သည်။အချစ်က သူ့အဖြေကို စောင့်နေဟန်မို့ ဖြေမလို့ ပြင်လိုက်ပေမယ့် သွက်လွန်းတဲ့ သားနှစ်ယောက်က ဖြေပြီးနေပြီ။
"ဟာ.....ဖွားကလည်း....Daddyက သားတို့ Daddyပါ....ဒီ မှာ...ဒါက Daddyရဲ့ အသဲအသက် အချစ် အနှစ်ကလေး သားတို့ရဲ့ပါးပါး ဝမ်ရိပေါ်....ဖွားက အသက်ကြီးလို့ ထင်တယ်နော်....Daddyဘေးမှာ ထိုင်နေတဲ့ ပါးကို တော့မမြင်ဘူး"
ရိဟော်လေးရဲ့ စကားကြောင့် ရိပေါ် ရယ်ချင်တာကို ထိန်းလိုက်ရသည်။ဖွားခေါ်ခံလိုက်ရသည့် ထိုအမျိုးသမီး မျက်နှာက မချင့်မရဲဟန်နဲ့။
"ကိုကိုပြောတာမှန်တယ်....ဖွားသိလား....Daddyက ပါးပါးကို အရမ်းချစ်တာ...
ပါးပါးကို မရမှာစိုးလို့လေ...Daddyက ကားတင်ပြီး ခိုးပြေးထားတာ သိလား....ပါးကလေ...Daddyကို တစ်ချို့လူတွေလို...အထာတောင်မပေးရဘူး...တစ်ချို့တွေကလေ...Daddyကို အတင်းရောပြီး....အထာတွေပေးနေကြတာ...အာ...ဖွားကလည်း မျက်နှာကြီးမဲမသွားပါနဲ့...."
ရိ ကျန့်လေးရဲ့ စကားအဆုံးမှာ ထိုအမျိုးသမီး မျက်နှာက ထိန်းမရအောင် ပျက်ယွင်းနေသည်။သားတွေက တစ်ကယ်အတတ်လေး။
"ဖွား...သားတို့ကို အိမ်လိပ်စာပေးလို့ရလား...ဖွားတွက် လက်ဆောင်ပို့ပေးချင်လို့ "
"မျက်မှန်လေ...ဖွားလိုအပ်တယ်ထင်လို့...."
သားနှစ်ယောက်ရဲ့ စကားအဆုံးမှာ ထိုအမျိုးသမီးက ဝိုင်ခွက်ကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး ခြေလှမ်းကျဲ ကြီးတွေနှင့် သူတို့ဝိုင်းမှ ထွက်သွားသည်။
"ဟား...ဟား....သွားပြီ"
လက်ဖဝါးချင်းရိုက်ကာ သဘောတကျရယ်မောနေသည့် သားနှစ်ယောက်က သားတို့တော်တယ်မလားလို့ မေးနေသေးသည်။
"Daddyသားတွေက....သိပ်တော်"
.....
"ရိဟော်....ရိ ကျန့်....ကိုယ့်အမှားကိုသိလား"
"ပါးပါး....သားတို့မမှားဘူး"
Company ပြန်ရောက်လာသည့် ရှောင်ကျန့်က ဧည့်ခန်းထဲ က မြင်ကွင်းကြောင့် အံ့သြ သွားရသည်။သားနှစ်ယောက်က ဒူးထောက်နေကာ အချစ်က ဆိုဖားပေါ် လက်ထောက်ပြီး မျက် ဝန်းတို့ကို မှတ်ထားသည်။
"အချစ်....ဘာဖြစ်နေတာလဲ"
"ဘာဖြစ်ရမလဲ... မောင့်သားတွေလေ...ရန်ဖြစ်လို့ မူကြိုက တိုင်စာရတယ်"
"ဟမ်....ဘယ်လို ဘယ်လို...ဟုတ်လားသားတို့."
ဒူးထောက်နေသည့် သားနှစ်ယောက်ကို ရှောင်ကျန့်မေးတော့ ခေါင်းညိတ်ပြလာသည်။
"သားတို့ မမှားဘူး Daddy....သူ တို့က ကလေးတစ်ယောက်ကို အနိုင်ကျင့်နေလို့... သားတို့က ဝင်ပါတာ"
"မင်းတို့က ဘယ်လောက်ကြီးနေလို့လဲ"
ကလေးတွေရဲ့စကားအဆုံးမှာ ဝင်ပြောလာတဲ့ အချစ်ကြောင့် ရှောင်ကျန့်ကပဲ အခြေအနေကို ဝင်ထိန်းပေးရသည်။
"ပါးပါးပဲ ပြောတော့ မတရားတာမြင်ရင် ကူညီရမယ်ဆို "
"ရိ.ကျန့်...ငါက ရန်ဖြစ်ခိုင်းလား...ဟမ်....ရန်ဖြစ်ခိုင်းလားလို့"
"ပါးကလည်း....ညီညီကို မအော်ပါနဲ့....သားကိုပဲ ဆူပါ"
ဖြတ်ပြောလာတဲ့ သားကြီးစကားကြောင့် ရိပေါ် ပြောမည့်စကားများပင် မထွက်တတ်တော့။
"သားတို့ကလည်း နောက်တစ်ခါ ရန်မဖြစ်ကြနဲ့ "
"ဟင်...Daddyပြောတော့ ရန်ဖြစ်ရင် နိုင်အောင်ချဆို....ဘာပြသနာဖြစ်ဖြစ်...Daddyရှင်းပေးမယ်ဆို"
သေ ပြီ ရိကျန့်ရေ။မင်းDaddyတော့ မင်းပါးလက်ချက်နဲ့သေတော့မှာပဲ။ သူ့ဆီကို ရောက်လာသည့် အချစ်ရဲ့ အကြည့်စူးစူးတွေကြောင့် ရှောင်ကျန့်က ဆင်ခြေဆင်လက်ဆင်နားရွက်ကို အပြေးအလွှားစဉ်းစားရသည်။
"ဟို....အချစ်...မောင်ကလေ"
"ဟုတ်လား....မင်းက အဲ့လိုပြောခဲ့တာလား"
"ပါးကလည်း Daddyနဲ့မဆိုင်ဘူးလေ"
ရိ ကျန့်ရဲ့ စကားအဆုံးမှာ ရိပေါ်က တစ်ကယ်ကို ပြောစရာတွေ ကုန်ဆုံးသွားခဲ့ရသည်။
ဒီကလေးတွေ...ဒီကလေးတွေက...သူဆုံးမတာ နားမထောင်တာအပြင်....။
"အင်း....အင်း....ကောင်းတယ်...လုပ်ချင်သလိုသာ လုပ်ကြ....ငါဘာမှမပြောတော့ဘူး...တစ်ကယ်ပဲ...မင်းတို့က ငါ့စကားကို နားထောင်မှာမဟုတ်ဘူး...အမွှာနှစ်ယောက်လည်း ကြိုက်သလိုနေ...မင်းလည်းကြိုက်သလိုနေ"
နီရဲနေတဲ့ မျက်လုံးတွေနဲ့ လက်သီးကို ကျစ်နေအောင် ဆုပ်ထားတဲ့ အချစ်ပုံစံက ငိုချင်တာကို ထိန်းချုပ်ထားဟန်။
"မင်းတို့က....ရှင်းပေးမယ့် သူရှိတော့ ငါ့စကားကို နားမထောင်ဘူးပေါ့...မင်းလည်း ဝင်ငွေရှိနေတော့ ဘာပြသနာဖြစ်ဖြစ် ရှင်းပေးမယ်ပေါ့...ငါက...ငါ့စကားတွေက....အရာမဝင်ဘူး...မင်းတို့သဘော.... ကြိုက်တာသာလုပ်တော့"
အချစ်က ပြောပြီးတာနဲ့ အပေါ် ထပ် တက်သွားတာမို့ ကလေး နှစ်ယောက်က ဒူးထောက်ရက်ကနေ မျက်နှာငယ်လေးတွေနှင့် လှမ်းကြည့်နေသည်။
"Daddy... ပါးပါးက သားတို့ကို စိတ်ဆိုးသွားတာလားဟင်"
ရိဟော်နဲ့ ရိကျန့်ကို ပေါင်ပေါ် တစ်ဖက်စီ တင်လိုက်ရင်းရှောင်ကျန့်က ငိုမဲ့မဲ့ကလေးတွေကို အရင်ချော့ရသည်။ ငိုနေမယ့် ကလေးကြီးကိုလည်း ရှောင်ကျန့် ဘယ်လိုချော့ရမလဲ မသိဘူး။ ယူကြုံးမရဖြစ်သွားတဲ့ အချစ်မျက်လုံးတွေက ဘယ်လောက်တောင် အချစ်ခံစားသွားရလဲဆိုတာ သိသာစေသည်။
"ပါးပါးက ပင်ပန်းလို့ အိပ်ချင်တော့တာနေမှာပါ...ညစာစားပြီးပြီမလား...Daddy အလုပ်က ပြန်တာနောက်ကျလို့ ပါးက ကျွေးထားတယ်မလား"
"ဟုတ်ကဲ့ Daddy....ပါးက ထမင်းကျွေးပြီးမှ ဆူတာပါ"
"ရိဟော်....ညီလေးကို အဝတ်အစားလဲပြီး
သိပ်လိုက်နော်....9နာရီတောင် ရှိနေပြီ....သားတို့သွားအိပ်ကြတော့"
ကလေးတွေကို သွားအိပ်ကြဖို့ ပြောပြီး ရှောင်ကျန့်က ကောက်နေတဲ့ ကလေးကြီးကို ချော့ဖို့ပြင်ရသည်။ ကလေးတွေပေမယ့် ကလေးကြီးက ငိုနေမှာ သေချာတာမို့ ရှောင်ကျန့်က ကလေးနှစ်ယောက်ကို သိပ်မနေနိုင်ဘူး။
"အချစ်...မောင်တောင်းပန်ပါတယ်"
စောင်ကို ခေါင်းထိ ခြုံထားပြီး တသိမ့်သိမ့်တုန်နေတဲ့ ခန္ဓာကိုယ်သေးသေးလေးကို သိုင်းဖက်လိုက်ရင်း တောင်းပန်စကားဆိုမိသည်။အချစ်က သူ့ကို တွန်းဖယ်တာမျိုး မလုပ်ဘဲ ငြိမ်နေတာမို့ ရှောင်ကျန့် စိတ်ထဲစိုးထိတ်မှုတွေက ဝင်ရောက်လာသည်။စောင်ကို ဖယ်ချလိုက်ပြီး ကိုယ်သေးသေးလေးကို ပွေ့ချီလိုက်တော့ သူ့ရင်ခွင်ထဲ ရောက်လာသည်။
"အချစ်...မောင့်ကို တစ်ခုခု ပြောလေ...ဒီလိုကြီးမနေနဲ့ကွာ...မောင့်ကိုရိုက်ချင်လည်း ရိုက်လေ"
"အဟင့်...ဖယ်....ဖယ်...ရေ သွားချိုး...ညနက်နေလိမ့်မယ်...အဟင့်"
"အင်း...အင်း...မောင် ရေသွားချိုးမယ်...အချစ်ငိုမနေနဲ့တော့နော်...ခေါင်းကိုက်လိမ့်မယ်"
သူ့ကို မကြည့်ဘဲ ပြောလာပေမယ့်သူက အချစ်အလိုကျ ရေချိုးရသည်။သူရေချိုးခန်းကနေ ထွက်လာတဲ့ အထိ အချစ်က မျက်ရည်တွေ တလိမ့်လိမ့်ကျနေတုန်း။
"အချစ်....မငိုနဲ့တော့လေ....မောင် သားတွေကို နောက်အဲ့လို မပြောတော့ဘူးကွာနော်"
"အခုက ပြောပြီးသွားပြီ....သားတွေက... သားတွေက ငါ့စကားကို နားမထောင်တော့ဘူး"
လှဲနေရာကနေထထိုင်ပြီး ရှိုက်ကြီးတငင်ငိုနေတဲ့အချစ်ကို ရင်ခွင်ထဲ ဆွဲထည့်လိုက်ရင်း နှစ်သိမ့်ဖို့ စကားလုံးကို ရွေးရှာနေရသည်။သူ့ရင်ခွင်ထဲက နေ အချစ်က တွန်းထိုးရုန်းထွက်နေတာမို့ အလိုက်တသိ ထုတ်ပေးလိုက်တော့ အချစ်က သူ့ကို မျက်နှာချင်းဆိုင်လာသည်။
"သားတွေကို...ငါက လမ်းမှားရောက်သွားမှာ
ငါဘယ်လောက်ကြောက်လဲသိလား....ငါ့အသက်နဲ့ရင်းပြီး မွေးထားတဲ့ ငါ့ကလေးတွေကို...ငါက နည်းနည်းလေးတောင် ဆုံးမလို့မရဘူး...ပိုဆိုးတာက သူတို့ Daddyမင်းကပါ..."
"အချစ်ကလည်း...သားတွေက ငယ်သေးလို့ပါ....လမ်းမှားမရောက်စေရပါဘူး"
"ဘာငယ်သေးတာလဲ....ခုပဲ ရန်ဖြစ်တတ်နေပြီလေ...ဟိုဘက်က ကလေး ဘာဖြစ်သွားလဲသိလား...အဟင့်... လက်ကျိုးပြီး ဆေးရုံရောက်သွားတယ်..အဟင့်... ငါဘယ်လောက်တောင် တောင်းပန်ခဲ့ရတယ်ထင်လဲ....အဟင့်...ငါ့ကလေးတွေကို အရိုင်းအစိုင်းဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်လာတာ...ငါဘယ်လောက်ရင်နာရလဲ သိရဲ့လား"
ပြောရင်းနဲ့ပဲ အချစ်က ရှိုက်ရှိုက်ငိုလာရတာမို့ သူက အချစ်ပခုံးကို ဆုပ်ကိုင်လိုက်တော့ ပုတ်ထုတ်ခြင်းခံလိုက်ရသည်။ရှပ်ထိလေး ထိမိတာတောင် အချစ်အသားတွေက ပူနွေးနွေး ဖြစ်နေတာကို ခံစားလို့ရသည်။
"ငါ...အလုပ်လုပ်မယ်...အပြင်ထွက်ပြီး"
"ဟမ်...ဘာဆိုင်လို့လဲ.... အချစ်ကလည်း...မလုပ်ရဘူး"
သူ့စကားကြောင့် အလန့်တကြားဖြစ်လာသည့် ရှောင်ကျန့်ကြောင့် ရိပေါ် ရင်ထဲ ဒိန်းခနဲ။သားတွေကို အချိန်ပေးထားသည့် သူက Company ကို မရောက်ဖြစ်တာ ကြာပြီမို့ ယွီပင်းနေရာ အစားထိုးဝင်နေတဲ့ အတွင်းရေးမှူးအသစ်ကို မတွေ့ရသေးဘူး။
"လုပ်မှာ....ဘာလို့လာတားနေတာလဲ...ဘာတွေမဟုတ်တာ လုပ်ထားတာလဲ ရှောင်ကျန့်...ဟိုနေ့က Dinnerမှာ လာပြောတဲ့ အမျိုးသမီးကရော....မင်းမသိတာ...ဟုတ်ရဲ့လား...ငါမသိအောင် ဘာတွေလုပ်ထားလို့လဲ....ဟမ်.."
"ကျစ်!!တော်တော့! ထင်ရာမြင်ရာတွေ စွတ်မပြောနေနဲ့...ဘယ်သူနဲ့ ဘာလုပ်ထားရအုံးမှာလဲ...."
"အခု...မင်း....မင်းက....ငါ့ကိုအော်လိုက်တာလား...မင်းကို စိတ်မချလို့ သဝန်တိုပြီး...ပြောနေမိတဲ့ ငါ့ကိုလေ"
ကုန်ခမ်းသွားပြီးထင်တဲ့ အချစ်မျက်ဝန်းတွေက သူ့ကြောင့် ငွေ့ရည်တွေ ပြန်ဖွဲ့လာသည်။
အချစ်က သူ့ကိုသဝန်တိုလို့ပြောပေမယ့် ကိုယ်ကျင့်တရားနဲ့သက်ဆိုင်လာတာမို့ထွက်လာတဲ့ဒေါသတွေအရ အော်မိလိုက်တာကို နောင်တရသည်။
"အချစ်...မောင်.."
"တောင်းပန်ပါတယ်.... ငါအရမ်းပင်ပန်းနေပြီ....နားချင်ပြီ"
အချစ်လက်တွေကို အုပ်ကိုင်လိုက်တဲ့သူ့လက်တွေကို ဖယ်ချကာ အချစ်က သူ့ကို ကျောပေးပြီးအိပ်သွားသည်။ သေချာပေါက် အချစ်ဟာ အသံတိတ် မျက်ရည်ကျနေမှာပါပဲ။
"အချစ်..."
ခါးကိုသိုင်းဖက်လာတဲ့ ကလေးရဲ့လက်တွေကို သူခံစားမိပေမယ့် ဘာမှ မတုန့်ပြန်ချင်တော့ဘူး။ အော်တယ်....သူ့ကိုမောင်က အော်လိုက်တယ်။ အိမ်ထောင်သက် ခြောက်နှစ် အတွင်းမှာ မောင်က သူ့ကို အော်တာ ပထမဆုံးအကြိမ်မို့ ရိပေါ် ရင်နာလို့မဆုံးဘူး။မငိုပါဘဲနဲ့ ရင်ထဲမှာ တင်းကြပ်မှုနှင့်အတူ မျက်ရည်တွေက တားမနိုင်စီးမရ။
"အင်း....ဟင်း...မောင်...မောင်"
ညည်းသံသဲ့သဲ့ ကြောင့် ရှောင်ကျန့်နိုးလာတော့ အချစ်က အဖျားတက်ပြီး တစ်ကိုယ်လုံးပူကျစ်နေသည်။ မျက်ဝန်းအိမ်က မျက်ရည်တွေက တလိမ့်လိမ့်ကျနေဆဲ။
"မောင်...အဟင့်....ငါ့ကို မထားခဲ့ပါနဲ့...မောင်...ပြန်လာခဲ့"
မိန်းကလေး လှလှတစ်ဦးကို လက်ဆွဲ ပြီး ထွက်သွားတဲ့ မောင့်ကို သူခေါ်ပေမယ့်မောင်က သူ့ကို လှည့်တောင်မကြည့်ဘူး။ သားတွေရော...သားတွေက ထိုအမျိုးသမီးရဲ့လက်ကို ဆုပ်ကိုင်လို့ ရိပေါ် ဆီကနေ ထွက်သွားနေကြသည်။
"ရိဟော်...ရိ ကျန့်....မသွားပါနဲ့....ပါးဆီ ပြန်လာခဲ့...မောင်...ပြန်လာခဲ့"
"အချစ်....အချစ်"
မျက်ရည်တွေ ကျနေကာ ကယောင်ကတမ်းတွေအော်နေသည့် အချစ်ကို လှုပ်နိုးလိုက်တော့ အချစ်ကို သူ့ရင်ခွင်ထဲ ပစ်ဝင်လာသည်။
"မောင်...ငါ့ကို မထားခဲ့ပါနဲ့နော်...အဟင့်...ငါကြောက်တယ်"
"အချစ်...စိတ်အေးအေးထား... မောင်ရှိတယ်...မောင်ရှိနေတယ်နော်"
အချစ်ကို ပြန်သိပ်လိုက်ပြီး နဖူးကို ရေခဲအုပ်ပေးပြီး အဖျားကျသွားမှသာ အချစ်ဘေးနားလှဲအိပ်ပြီး ရင်ခွင်ထဲ ထည့်ရသည်။အဖျားကူးမှာတွေ ရှောင်ကျန့်မကြောက်ဘူး။
.....
"အဖျားက ကျသွားပါပြီ....ဒါနဲ့ Congratulations"
"ရိဟော် နဲ့ ရိကျန့်အတွက် ကလေးသေးသေးလေးတစ်ယောက်ရတော့မယ်....ကဲ..ကျွန်တော်ပြန်ပြီ"
အဖျား ရှိန်ကြောင့် နီရဲနေတဲ့ အချစ်က ဟောက်ရွှမ်းရဲ့စကားအဆုံးမှာ အနီလုံးလေးအသွင်ပြောင်းသွားသည်။ခရုဆန်ပြုတ်ကို ရိပေါ် အတွက် မှုတ်ပေးနေတဲ့ကလေးနှစ်ယောက်ကလည်း ဘေးနားစွေ့ခနဲရောက်လာသည်။ ရှောင်ကျန့်ကတော့ ပြုံးဖြီးလို့။
"ပါးပါး...ဒီဗိုက်ထဲမှာ ကလေးသေးသေးလေးလား"
"ညီမလေးယူမယ်နော်....ညီမလေး"
ရိပေါ်ရဲ့ ပြားချပ်ချပ်ဗိုက်ကလေးနားမှာ ကလေးတွေ အလုပ်ရှုပ်နေတုန်း ရှောင်ကျန့်ကတော့မြေးခွေးလေးပီပီ အလစ်မှာ အနမ်းတွေခြွေလို့။အဖြူလုံးလေးက အနီလုံးလေးအသွင်ပြောင်းလို့.....။
End....
ဖျစ်ညှစ်ပြီး ရေးထားရတာမို့သဘောမကျရင် လူကိုသာ သဘောကျလိုက်ပါ။