ZAWGYI
"ခင္ဗ်ား ခဏထဦး...ဒါေလးေသာက္လိုက္..."
Taehyung ျပန္သြားမွ ကိုယ့္အေတြးနဲ႔ကိုယ္
ေမ်ာေနတဲ့ Seokjin ေလး Jungkook အသံၾကားမွ သတိဝင္လာသည္။
"ဘာႀကီးလဲ"
"ဆန္ျပဳတ္"
"မေသာက္ခ်င္ပါဘူး...ထမင္းပဲစားခ်င္တယ္"
"ထမင္းစားလို႔မရဘူး...Taehyung မွာသြားတယ္
ေလ ထမင္းစားလို႔မရေသးဘူးလို႔...."
"ဟင့္...လူမမာစာႀကီး မစားခ်င္ပါဘူးဆို"
ဂ်စ္တိုက္ေနတဲ့ Seokjin ေၾကာင့္ ဆန္ျပဳတ္ပန္းကန္
ေလးနဲ႔ ေဆးခြက္ေလးနဲ႔အတူ ေရခြက္ေလးပါ
ထည့္ထားတဲ့ ဗန္းေလးကို ေဘးစားပြဲပုေလးေပၚ ခ်လိုက္ၿပီး Jungkook ကုတင္ေပၚထိုင္လိုက္ရင္း....
"ခင္ဗ်ား မရစ္နဲ႔ေနာ္..ကၽြန္ေတာ္စိတ္မရွည္ဘူးဆိုတာ သိတယ္မလား....ေရာ့..ဆန္ျပဳတ္ပဲေသာက္....ၿပီးရင္ ေဆးေသာက္ရဦးမွာ"
ဟာ...အဲ့ Taehyung ႀကီးကေလ..သူ႔အလစ္မွာ ေဆးေတြေပးသြားေသးတယ္..
Jungkook ရဲ႕ခပ္ထန္ထန္တစ္ခ်က္လႊတ္
အမိန္႔ေၾကာင့္Seokjin ေၾကာက္ေၾကာက္နဲ႔ မ်က္ႏွာေလးရႈံ့တြရင္း ဆန္ျပဳတ္ပန္းကန္ေလးကို ယူလိုက္ရသည္။
ေနမေကာင္းျဖစ္ရင္ အိမ္ကအေဖနဲ႔အေမ ဒါမွမဟုတ္ ညီငယ္ႏွစ္ေယာက္ထဲက တစ္ေယာက္ေယာက္
ကိုခၽြဲတတ္တဲ့သူဟာ အခုေတာ့ခၽြဲစရာလူမရွိ..
Taehyung ကလဲ အေရးႀကီးကိစၥရွိေသးတာေၾကာင့္ ျပန္သြားခဲ့ၿပီ...
ဆန္ျပဳတ္စားၿပီးတဲ့အထိ Jungkook ေဘးမွာ ထိုင္ေစာင့္ေနလိုက္သည္။သူ႔ကိုယ္တိုင္လဲ ဘာေတြ
လုပ္ေနလဲမသိ...အလုပ္သမားတစ္ေယာက္ေယာက္ကို ေကၽြးခိုင္းလဲ ရရဲ႕သားနဲ႔ ကိုယ္တိုင္ကိုယ္က် ဆန္ျပဳတ္ပန္းကန္ယူလာၿပီး ေကၽြးသည္။
သူ႔ေၾကာင့္ျဖစ္တာမို႔လို႔ပါ...ဟုတ္တယ္ သူ႔ေၾကာင့္ Seokjin ဖ်ားသြားရတာမို႔လို႔..
ေတြးေတာရင္း အေရွ႕ကအေကာင္ေပါက္ေလးကို
ၾကည့္လိုက္ေတာ့ ဆန္ျပဳတ္ေလးကို တျမံဳျမံဳ
စားေနတာေၾကာင့္ ပါးေဖာင္းေဖာင္းေလးေတြက အရင္ကထက္ ပိုေဖာင္းေနၿပီး ႏႈတ္ခမ္းေထာင့္က ပါးခ်ိဳင့္ေရးေရးေလးက ထင္ေပၚလာသည္။
ခ်စ္ဖို႔ေကာင္းလိုက္တာ..
ၿပီးေတာ့ ဆန္ျပဳတ္ပူပူေလးကို မႈတ္ေနတာေၾကာင့္ ဆူူေထာ္လာတဲ့ ႏႈတ္ခမ္းလံုးလံုးေလး...
Jungkook ေသခ်ာစိုက္ၾကည့္ေနရင္းမွ ခ်က္ခ်င္းပင္ မ်က္ႏွာလႊဲလိုက္သည္။
မျဖစ္ဘူး Jeon Jungkook.....
Jungkook ေတြးေနရင္း ေဆးကိုမမွီတမွီနဲ႔ လွမ္းယူ
ေနေသာ Seokjin ေၾကာင့္ သူကပဲ ယူေပးလိုက္ၿပီး ေဆးကို လက္ထဲထည့္ေပးလိုက္သည္။
ေဆးေသာက္ၿပီး မဲ့ရြဲ႕ရႈံ့တြေနတဲ့ Seokjin မ်က္ႏွာ
ေလးကိုၾကည့္ၿပီး Jungkook ႀကိတ္ရယ္မိကာမွ အသံထြက္သြားသည္အထိ...
Jungkook အိပ္ကပ္ထဲက ဂ်ယ္လီထုပ္ေလးကို ထုတ္ရင္း..
"ေရာ့....ဒါစားလိုက္..."
Jungkook လက္ထဲက ဂ်ယ္လီထုပ္ေလးကို ျမင္တာနဲ႔ Seokjin မ်က္ႏွာေလး ဝင္းခနဲေတာက္ပလာၿပီး...
"ဝါး...ေက်းဇူးဘဲ...ဟီးဟီး..."
လက္ထဲက ဂ်ယ္လီထုပ္ေလးကို ဆက္ခနဲဆြဲယူၿပီး တျမံဳ႕ျမံဳ႕နဲ႔ ဝါးေနျပန္သည္။ခုနက ေဆးေသာက္တုန္းက မ်က္ႏွာနဲ႔မ်ား တျခားစီပင္..
"အမ်ားႀကီးမစားနဲ႔...သြား..သြားသြားတိုက္ေတာ့..."
"ဟြန္႔...နည္းနည္းပဲ စားရေသးတာကို..အခါးေတာင္
မေပ်ာက္ေသးဘူး..ဘာမွန္းလဲ မသိဘူး"
ပြစိပြစိရြတ္ရင္းနဲ႔ပဲ ေနာက္ဆံုး Seokjin ေရခ်ိဳးခန္းထဲ ေရာက္သြားရသည္။
"ေရာ့...ဒါေလး လဲဝတ္လိုက္...ခင္ဗ်ားဝတ္ထားတာ ပါးပါးေလး..ထူထူေလးဝတ္ၿပီး ေႏြးေႏြးေထြးေထြးေန.."
သြားတိုက္ၿပီးထြက္လာေတာ့ အက်ႌေလးေပးလာ
ေသာ Jungkook ေၾကာင့္ Seokjin ယူလိုက္ၿပီး အခန္းထဲက ထြက္သြားေတာ့မယ့္ Jungkook လက္ကိုလွမ္းဆြဲလိုက္ရင္း...
"ဟို...သြားေတာ့မွာလားဟင္..."
"သြားမွာေပါ့...ကၽြန္ေတာ္လဲပင္ပန္းေနၿပီ...နားခ်င္ေနၿပီ"
"အာ..အင္း...ေကာင္းေကာင္းအနားယူပါ....ေတာင္းပန္ပါတယ္...ငါ့ေၾကာင့္ မင္းပင္ပန္းသြားၿပီ"
ခ်က္ခ်င္းပင္ မ်က္ႏွာငယ္ေလးနဲ႔ ေလသံေျပာင္း
သြားတဲ့ Seokjin ပင္...
"ေျပာ ဘာတုန္း ေျပာစရာရွိတယ္မလား"
"ဘာမွမဟုတ္ပါဘူး...ဒီတိုင္း..."
"ေျပာ...မညာနဲ႔....ဘာလဲ..."
လက္ထဲက အက်ႌေလးကို တစ္စနဲ႔တစ္စ ပြတ္သပ္ေန
တဲ့ Seokjin ဟာ တစ္ခုခုကိုေျပာခ်င္ေနသလိုလို..
"ဟို....ငါအိပ္ေပ်ာ္တဲ့ အထိေစာင့္ေပးလို႔ရမလား
လို႔ ေျပာမလို႔ပါ..မင္းနားခ်င္ေနၿပီဆို ရပါတယ္..
မေစာင့္ေပးပါနဲ႔..ငါက ဒီအတိုင္းပဲ..."
"သြား...အက်ႌလဲၿပီး ျမန္ျမန္ထြက္လာခဲ့"
"အင္း.."
ေစာင့္ေပးမယ္ မေစာင့္ေပးဘူးမေျပာဘဲ အက်ႌလဲ
ခိုင္းေနတာမို႔ ဒုတိယအႀကိမ္ ေရခ်ိဳးခန္းထဲ ျပန္ဝင္လာရျပန္သည္။
လဲၿပီး ထြက္လာေတာ့ Jungkook ရွိမေနေတာ့....
ေနမေကာင္းျဖစ္တဲ့အခ်ိန္ဆို တစ္ေယာက္ေယာက္
အနားမွာ ရွိမွ အိပ္ေပ်ာ္တတ္တာ သူ႔အက်င့္ပင္....
အဲ့ဒါေၾကာင့္ ဒါေလးတစ္ခုပဲ ေတာင္းဆိုမိတာကို
အခုေတာ့ သူအိပ္ေရးပ်က္ရေတာ့မည္..။
ကုတင္ေပၚတက္ေနတုန္းရွိေသး တံခါးဖြင့္သံၾကား
တာေၾကာင့္ ၾကည့္လိုက္ေတာ့ ေခါင္းအံုးတစ္လံုး
ကိုင္ၿပီး ဝင္လာေသာ Jungkook..
ဟင္...သူက ေစာင့္ေပးဖို႔ပဲ ေျပာတာေလ...
အတူအိပ္ေပးဖို႔ ေျပာတာမွမဟုတ္ဘဲ..။
"ဘာေၾကာင္ၾကည့္ေနတာလဲ....မအိပ္ဘူးလား"
"အ..အင္း...အိပ္မွာ..."
"ဟိုဘက္နည္းနည္းတိုး"
"အင္း"
ရုပ္တည္ႀကီးနဲ႔ မာတယ္လဲမဟုတ္ ေပ်ာ့တယ္လဲ
မဟုတ္တဲ့ ေလသံနဲ႔ေျပာေနတဲ့ Jungkook စကား
အတိုင္း Seokjin လိုက္လုပ္ေနမိသည္။
သူတို႔ႏွစ္ေယာက္လံုး ကုတင္စြန္းတစ္ဖက္ဆီမွာ ေက်ာေပးရင္း ေနရာယူလိုက္ၾကသည္။
"ကၽြန္ေတာ္ေဘးမွာရွိတာမို႔ အိပ္ေပ်ာ္ေအာင္အိပ္"
တစ္ေယာက္နဲ႔တစ္ေယာက္ လွည့္မၾကည့္ပဲ ေက်ာေပးရင္း သူတို႔စကားေတြေျပာေနမိသည္။
"အင္း..ေက်းဇူးဘဲ.."
"ဘာအတြက္လဲ"
"အကုန္လံုးအတြက္ပါ"
"အင္း..ဒါနဲ႔ ကၽြန္ေတာ္ ေတာင္းပန္ပါတယ္"
"ဟင္..ဘာအတြက္လဲ..."
Seokjin ျပဴးတူးေၾကာင္ေတာင္ေလးနဲ႔ Jungkook ဘက္ မ်က္ႏွာခ်င္းဆိုင္လွည့္ရင္း ေမးသည္။
"ဒီအတိုင္း...အရင္တုန္းက အကို႔ကို ကၽြန္ေတာ္
အႏိုင္က်င့္မိတာေတြအတြက္.."
"အကို ??.."
"ဘာလဲ မႀကိဳက္ဘူးလား...မႀကိဳက္ရင္လဲ.."
"ဟင့္အင္း ႀကိဳက္တယ္"
"အဲ့ဒါဆို ျမန္ျမန္အိပ္ေတာ့...ကၽြန္ေတာ္အိပ္ေတာ့
မွာမို႔..."
"အင္း...Good night Jungkook.."
Seokjin ေျပာၿပီး တစ္ဖက္လွည့္လာေပမယ့္ Jungkook ဆီမွ စကားျပန္မၾကားရေတာ့..
ေတာ္ေတာ္ၾကာမွ ထြက္လာသည္က..
"Good night အကို.."
Seokjin လဲ အျပံဳးတစ္ပြင့္နဲ႔ စကားဆက္မမ်ား
ေတာ့ဘဲ မ်က္လံုးစံုမွိတ္ၿပီးသူ႔လက္ဆြဲေတာ္
အျဖဴေရာင္အရုပ္ေလးအား ဖက္ရင္း အိပ္ေပ်ာ္ေအာင္ အိပ္လိုက္သည္။
အမွန္ဆို Jungkook တစ္ေန႔လံုးပင္ပန္းထားတာမို႔ Seokjin အိပ္ေပ်ာ္တဲ့အထိ သူတကယ္မေစာင့္ေပး
ႏိုင္ေတာ့...သို႔ေပမယ့္ မ်က္ႏွာငယ္ေလးျဖစ္သြားတဲ့ Seokjin ေၾကာင့္ သူ႔မွာဘာလုပ္ရမွန္းမသိ....
ေနာက္ဆံုးေတာ့ သူ႔အခန္းထဲက ေခါင္းအံုးသြားယူၿပီး ေဘးမွာ အိပ္ေပးဖို႔ ဆံုးျဖတ္လိုက္သည္။
ဘာရည္ရြယ္ခ်က္မွမပါဘဲ ေဘးမွာေစာင့္အိပ္ေပးရံု သက္သက္သာ...ေနမေကာင္းျဖစ္တဲ့သူအဖို႔ ေဘးမွာ တစ္ေယာက္ေယာက္ရွိမွ အဆင္ေျပမယ္ဆိုတာ သူသိသည္။
ျပတင္းေပါက္ကျဖာက်ေနတဲ့ လေရာင္ေရးေရးေလး
ေအာက္မွာ ညနက္လာသည္နဲ႔အမၽွ အေအးဒဏ္
ပိုလာသည္မို႔ ေစာင္တစ္ထည္ထဲကို ႏွစ္ေယာက္လု
ရင္း အိပ္မေပ်ာ္ခင္က ေဝးကြာေနတဲ့ ခနၱာကိုယ္ေလး
ႏွစ္ခုဟာ တျဖည္းျဖည္းနီးကပ္လာသည္။
Jungkook ေခါင္းေလးဟာ သူ႔ကိုယ္ပိုင္ ေခါင္းအံုး
ေပၚကေန Seokjin ေခါင္းအံုးေပၚ ေနရာယူလာေခ်ၿပီ။
အိပ္ေမာက်ေနၾကတာမို႔ သူတို႔ႏွစ္ေယာက္လံုး သတိမထားမိ...
မ်က္ႏွာခ်င္းဆိုင္ရင္း Seokjin ေျခေထာက္ေလး
တစ္ဖက္က Jungkook ခနၱာကိုယ္ေပၚ ခြလာၿပီး လက္ကလဲ Jungkook ခါးကိုဖက္ရင္း ရင္ခြင္ထဲ တျဖည္းျဖည္း တိုးဝင္လာသည္။Jungkook လဲ အိပ္ေပ်ာ္ေနရင္း လႈပ္လႈပ္ရြရြအေကာင္ေပါက္ေလး
ေၾကာင့္ လက္က အလိုလိုဖက္လ်က္သားနဲ႔ တစ္ေယာက္ဝင္ေလထြက္ေလကို တစ္ေယာက္ ရႉရိွုက္ေနမိသည္။
ဒီလိုနဲ႔ပဲ အစက ေက်ာေပးအိပ္ေနၾကတဲ့ ေကာင္ေလး
ႏွစ္ေယာက္ဟာ တျဖည္းျဖည္း တစ္ေယာက္ကို
တစ္ေယာက္ လြတ္ထြက္မတတ္ ဖက္တြယ္ရင္း အိပ္ေမာက်ေနခဲ့ၾကသည္။
.
.
.
.
.
Tee.....Tee.....💥💥
Seokjin ျခံထဲမွာ ပန္းပင္ေလးေတြၾကည့္ေနတုန္း ကားဟြန္းတီးသံၾကားတာေၾကာင့္ ၾကည့္လိုက္ေတာ့ အနက္ေရာင္ကားေလးတစ္စီး...
"ရတယ္ ဦးေလး...ကၽြန္ေတာ္သြားဖြင့္ေပး
လိုက္ပါ့မယ္"
ပန္းပင္ေတြေရေလာင္းေနတဲ့ ျခံေစာင့္ေလးအား
ေျပာၿပီး ျခံတံခါးဖြင့္ေပးဖို႔ သူေျပးထြက္လာခဲ့သည္။
ျခံတံခါးဖြင့္ၿပီးမွ ဝင္လာေသာကားထဲက လူကိုတစ္
ခ်က္ၾကည့္လိုက္ေတာ့ သူ႔ကိုစူးစိုက္ၾကည့္ေနေလရဲ႕..
တစ္ခါမွမျမင္ဖူးတာေၾကာင့္ ဧည့္သည္ဆိုၿပီးသာ သူေတြးလိုက္သည္။
တစ္ကိုယ္လံုး All black နဲ႔အတူ ကားေပၚကဆင္း
လာေသာ ထိုလူဟာ သူ႔ထက္ အသက္နည္းနည္းသာ ႀကီးပံုပင္...သို႔ေပမယ့္ သူ႔လိုမဟုတ္ဘဲ တည္ၾကည္
ခံ့ညားလြန္းလွသည္။
ကားေပၚကဆင္းလာၿပီး သူ႔တစ္ကိုယ္လံုးကို ၾကက္သီးထဖြယ္ စိုက္ၾကည့္လာတာေၾကာင့္ Seokjin မေနတတ္ေတာ့ေပ...
"မင္းကဘယ္သူလဲ"
"ကၽြန္ေတာ္က ဒီအိမ္က အလုပ္သမားပါ"
"အလုပ္သမား ??...အလုပ္သမားတစ္ေယာက္ရဲ႕ ဒီဇိုင္းကာလာက ေတာက္ေျပာင္လွခ်ည္လား...
မင္းသိပ္လွလြန္းတယ္ ေဘဘီ"
သူ႔နားနားကပ္ေျပာရင္း ေလမႈတ္သြင္းၿပီး ေျပာလာ
ေသာ ထိုလူေၾကာင့္ Seokjin ၾကက္သီးေမြးညင္း
မ်ားပင္ ထရင္း ေၾကာက္လန္႔တၾကား ေနာက္ဆုတ္
သြားရသည္။ဘယ္လိုလူႀကီးလဲ....
"သခင္မႀကီးနဲ႔ေတြ႕ဖို႔လာတာလား..သခင္မႀကီး ျပန္မ
ေရာက္ေသးပါဘူး...သခင္ေလး Jungkook ေတာ့ ျပန္ေရာက္ေနပါၿပီ...Seokjin သြား...သခင္ေလးကို သြားေခၚခဲ့..."
"ဟုတ္ကဲ့ ဦးေလး"
Seokjin ေၾကာက္ေနတာကို သိေသာ အိမ္ေတာ္
ထိန္းဦးေလးႀကီးက Jungkook ကိုသြားေခၚခိုင္း
ဟန္နဲ႔ Seokjin ကို ပထုတ္ေပးသည္။
Seokjin ထြက္သြားဖို႔ျပင္ေပမယ့္ ထိုလူသည္ လက္
ကိုလွမ္းဆြဲလာတာေၾကာင့္ Seokjin ခနၱာကိုယ္ေလး တုန္တက္သြားရင္း ရုန္းမိသည္။
"လာတုန္းကေတာ့ ငါ့အစ္မေရာ ငါ့တူေတြေရာေတြ႕ဖို႔
လာေပမယ့္ အခုေတာ့ဦးတည္ခ်က္ေျပာင္းသြားျပီ...
အိမ္မွာ ဒီလို ေခ်ာေခ်ာလွလွေလးရွိမွန္းသာသိရင္ အေစာႀကီးထဲက လာပါတယ္"
သူ႔မ်က္ႏွာနားကပ္ၿပီး ေျပာလာတာေၾကာင့္ Seokjin တကယ္လန္႔လာသည္။
ေဘးက အိမ္ေတာ္ထိန္းႀကီးကလဲ ဝင္ေျပာေပးခ်င္
ေပမယ့္ အလုပ္သမားသာသာတစ္ေယာက္က ဘယ္လိုဝင္ေျပာႏိုင္မွာတဲ့လဲ...
"အကို..."
အိမ္ထဲကထြက္လာေသာ အသံေၾကာင့္ သူတို႔လွည့္
ၾကည့္လိုက္ေတာ့ မ်က္ေမွာင္ႀကီးက်ံဳ႕ရင္း ၾကည့္ေနေသာ Jungkook ပင္...
Seokjin တစ္ေယာက္ အားကိုးစရာေပၚလာသလို ေပ်ာ္သြားမိသည္။အိမ္ေတာ္ထိန္းႀကီးမွာလဲ Jungkook ကိုျမင္မွ Seokjin ကို
စိတ္ခ်သြားသလိုျဖင့္သာ..
"Jungkook..."
သူ႔လက္ကို ဆြဲထားတဲ့ ထိုလူႀကီးကို စူးစိုက္ၾကည့္
ရင္း Jungkook သူတို႔နားေလၽွာက္လာသည္။
အနားေရာက္မွ ထိုလူလက္ထဲက Seokjin လက္ကို ဆြဲျဖဳတ္လိုက္ၿပီး Jungkook ဆုပ္ကိုင္ထားရင္း..
"ဘာလာလုပ္တာလဲ ဦးေလး"
"ငါ့တူေတာင္ မေတြ႕ရတာၾကာလို႔လားမသိဘူး.....
ေတာ္ေတာ္ေခ်ာလာတာပဲ"
"အပိုေတြေျပာမေနပါနဲ႔....ဘာလာလုပ္တာလဲပဲ ေျပာပါ"
"ကိုယ့္အစ္မဆီကိုယ္လာတာ လာလို႔မရဘူးလား"
"အေမျပန္မေရာက္ေသးဘူး...အဲဒါေၾကာင့္ ျပန္လိုက္ေတာ့"
"ေအးေဆးေပါ့ မင္းကလဲ...ဒါနဲ႔ သူက ဘယ္သူလဲ..
ခ်စ္စရာေလး...ငါ့အႀကိဳက္ပဲ"
ဦးေလးျဖစ္သူရဲ႕စကားေၾကာင့္ သူဆုပ္ကိုင္ထားတဲ့ Seokjin လက္ေလး သူ႔လက္ကို တင္းေနေအာင္ ဆုပ္ကိုင္လာတာကို Jungkook ခံစားလိုက္ရသည္။
Seokjin ကိုယ္ေလးကို သူ႔ေနာက္ကိုပို႔ၿပီး သူ႔ခနၱာကိုယ္နဲ႔ကြယ္ရင္း..
"သူကဦးေလးတြဲေနက် one night stand ေတြလို
မဟုတ္ဘူး...သူ႔ကိုထိဖို႔ မႀကိဳးစားနဲ႔"
"ဟား...ဟား...မင္းကလဲ ငါကစတာပါ"
"အခုဘာလုပ္မွာလဲ..အိမ္ထဲဝင္မွာလား..ျပန္မွာလား"
"အခုေတာ့ျပန္ေတာ့မွာပါ...ေနာက္ေန႔မွ ထပ္လာ
ခဲ့မယ္ေနာ္ အလွေလး...Bye..."
ခ်ီးကို အလွေလး...Seokjin သူ႔အေတြးထဲမွာ ပစ္ပစ္ႏွစ္ႏွစ္ဆဲလိုက္သည္။
တူအရင္းေခါက္ေခါက္ကိုေတာင္ မႏႈတ္ဆက္ဘဲ သူ႔
အေနာက္က Seokjin ကို ရိသဲ့သဲ့လုပ္သြားတဲ့ ဦးေလးျဖစ္သူေၾကာင့္ Jungkook မ်က္ႏွာမွာ ပံုမွန္ထက္ ခက္ထန္ေနသည္။
ထိုလူႀကီးရဲ႕ကား ျခံထဲက ထြက္သြားေတာ့မွ Jungkook Seokjin ဘက္ကိုလွည့္ရင္း လက္ေလးကိုလႊတ္ေပးလိုက္သည္။
"အကို..ေနာက္တစ္ခါ အိမ္မွာကၽြန္ေတာ္တို႔မရွိ
တုန္း သူလာရင္အခန္းထဲကအျပင္ကိုမထြက္နဲ႔..
ကိုယ္ေျပာတာ ၾကားလား အကို..."
"အ..အင္း.."
Seokjin ဘာလို႔လဲ လို႔ေမးခ်င္ေပမယ့္ တကယ္
စိုးထိတ္ေနပံုရေသာ Jungkook ေၾကာင့္ Seokjin အထြန္႔မတက္မိေတာ့ေပ။
"ရၿပီ....သြားေတာ့"
Jungkook ဆီကေန Seokjin လွည့္ထြက္လာခဲ့
ရင္း တစ္ခုခုကို စဥ္းစားမိသည္။Jungkook တို႔စကားအသြားအလာေတြေၾကာင့္ ထိုလူ
ႀကီးဟာေမေမႀကီးရဲ႕ေမာင္မွန္း Seokjin သိလိုက္သည္။
တူျဖစ္သူက ဦးေလးျဖစ္သူကို ဘာလို႔အဲ့ေလာက္
ေတာင္ စကားေတြခက္ထန္ေနရတာလဲ...
Seokjin သူ႔နားကထြက္သြားမွ Jungkook အိမ္ေတာ္ထိန္းဘက္ကို လွည့္ရင္း...
"ဦးေလး..ေနာက္တစ္ခါ အဲ့လူလာရင္ Seokjin ကို ထြက္မေတြ႕ေစနဲ႔...ကၽြန္
ေတာ္အိမ္မွာမရွိရင္ကၽြန္ေတာ့ကိုဖုန္းဆက္ေခၚ...
ကၽြန္ေတာ္ေျပာတာ ၾကားတယ္ေနာ္...အဲ့လူအ
ေၾကာင္း ဦးေလးေကာင္းေကာင္း
သိတယ္မလား"
"ဟုတ္....သိပါတယ္ သခင္ေလး"
"ရၿပီ ဦးေလး...လုပ္စရာရွိတာ သြားလုပ္ေတာ့"
အိမ္ေတာ္ထိန္းႀကီးထြက္သြားမွ Jungkook ေတြးေနမိသည္။
Choi Dong Jae သည္ သူ႔ဦးေလးဆိုေပမယ့္ အသက္က သူနဲ႔ (၈) ႏွစ္ေလာက္သာ ကြာသည္။
သူတို႔နဲ႔အမ်ိဳးေတာ္တယ္ဆိုေပမယ့္ စိတ္ဓာတ္ခ်င္း
ကေတာ့ တျခားဆီ....ဦးေလးရဲ႕စိတ္ထဲမွာ ေပ်ာ္မယ္ ပါးမယ္ စားမယ္ေသာက္မယ္သာ ရွိသည္။
တစ္အိမ္ထဲေနတုန္းက ညတိုင္းမိန္းကေလးေတြ
အျပင္ တစ္ေန႔တစ္မ်ိဳးမရိုးရေအာင္ ေကာင္ေလး
ေတြပါ ေခၚေခၚလာေနက်မို႔ စိတ္ပ်က္ရတာေၾကာင့္ အိမ္ေပၚကေန အေမကိုယ္တိုင္ ေမာင္းထုတ္ခဲ့ျခင္းပင္..။
အဘိုးအဘြားေတြထားခဲ့တဲ့ စည္းစိမ္ေတြေၾကာင့္ အေမသည္ဦးေလးကို အေမြတစ္ဝက္ခြဲေပးခဲ့တာမို႔ သူ႔မွာလဲ ဩဇာအာဏာ ရွိသင့္သေလာက္ရွိသည္။
ႏိုင္ငံျခားထြက္သြားတာမို႔ သူတို႔နဲ႔ အဆက္အသြယ္
ပ်က္ေနခဲ့တာၾကာၿပီ...အခုမွ ျပန္ေပၚလာျခင္း...
ဘယ္ေလာက္ေတာင္ တဏွာရာဂ ႀကီးမားတဲ့လူလဲ...
အေပ်ာ္အပါးတစ္ခုသာ စိတ္ဝင္စားေသာဒီလိုလူ
မ်ိဳးက Seokjin လို ခပ္ေခ်ာေခ်ာ ေကာင္ေလး
မ်ိဳးကိုျမင္ရင္ ဒီအတိုင္းထိုင္ၾကည့္ေနမွာတဲ့လား...
သူ Seokjin ကို စိတ္ပူမိသည္။သူ ဘာလုပ္သင့္လဲ...
Seokjin ကို အတတ္ႏိုင္ဆံုး သူကာကြယ္ေပးရမည္။
.
.
.
.
.
.
"ညေနက ဦးေလး ေရာက္လာတယ္ အေမ"
"ဘာ !!"
"ဦးေလးေရာက္လာတယ္ ဟုတ္လား Jungkook "
Company က ျပန္လာတဲ့ အေမနဲ႔ Jimin ကို အိမ္ထဲေရာက္ေရာက္ခ်င္း Jungkook ဆီးႀကိဳေျပာသည္။
"ဟုတ္တယ္....ဒီေန႔မွ အေမရိက က ျပန္လာတာထင္တယ္"
"ဟက္...အဲ့ေကာင္ ျပန္ေရာက္ေနတာ ၾကာေပါ့"
ခနဲ႔တဲ့တဲ့ေျပာလာတဲ့ အေမေၾကာင့္ Jungkook အံ့ဩမိသည္။
"အေမသိေနတာလား"
"သိတာေပါ့....အဲ့ေကာင္ဘာလာလုပ္တာလဲ"
"အေမ့ကို လာေတြ႕တာတဲ့"
"အဲ့ေကာင္ကို ေတြ႕စရာအေၾကာင္းမရွိဘူး"
"Seokjin ကို ဒီ့ထက္ပိုဂရုစိုက္ရမယ္ အေမ...သူ႔
လိုလူမ်ိဳးက အကို႔ကိုအလြတ္ေပးမွာမဟုတ္
ဘူး..ကၽြန္ေတာ္တစ္ေယာက္လံုးရွိေနတာေတာင္ ရိသဲ့သဲ့နဲ႔ ေျပာသြားေသးတာ"
"ဟုတ္လား...မင္းတို႔ေတြ ေနာက္တစ္ခါ သူ႔ကို အိမ္ထဲေပးမဝင္နဲ႔ ၾကားတယ္ေနာ္"
ေဘးမွာရပ္ေနတဲ့ အလုပ္သမားေတြအား Jungkook အေမေျပာသည္။
"ဟုတ္ကဲ့ သခင္မႀကီး"
"ဒါဆို ကၽြန္ေတာ္ အေပၚတက္နားေတာ့မယ္"
Jungkook ထြက္သြားမွ Jimin အေမျဖစ္သူကို ၾကည့္ရင္း...
"ဘယ္လိုလုပ္မလဲ အေမ....Jungkook သာသိရင္ ေတာ္ေတာ္ခံစားသြားရမွာ"
"အဲ့လိုမိန္းမအတြက္ ဘာခံစားစရာလိုလို႔လဲ..ၾကည့္
ေန...သူတို႔ႏွစ္ေယာက္လံုးရဲ႕ယုတ္မာမႈေတြကို အေမကိုယ္တိုင္ေဖာ္ထုတ္ျပမွာ...ေမာင္အရင္းလဲ မခ်န္ဘူး...သူ႔လိုလူယုတ္မာက ငါ့ေမာင္မဟုတ္သလို မင္းတို႔ဦးေလးလဲ မဟုတ္ဘူး..."
Jungkook အေမ ဖုန္းထဲက ဓာတ္ပံုေလးတစ္ပံုကို ၾကည့္ရင္း ေဒါသနဲ႔အတူ ေျပာသည္။
ထိုပံုေလးဟာ ေကာင္ေလးတစ္ေယာက္နဲ႔ေကာင္
မေလးတစ္ေယာက္ ဖက္လွဲတကင္း အတူရွိေနၾက
တဲ့ပံု...ထိုႏွစ္ေယာက္မွာ တျခားသူမဟုတ္...
သူ႔ရဲ႕ေမာင္ျဖစ္သူနဲ႔ ေခၽြးမျဖစ္သူတို႔သာ...
ေခၽြးမျဖစ္သူေဖာက္ျပန္ေနတာ သိေပမယ့္ ေမာင္
ျဖစ္သူနဲ႔ေတာ့ သူမ မထင္မိလိုက္..ဟိုတေလာကမွ ခရီးထြက္သြားတဲ့ ေခၽြးမျဖစ္သူေနာက္ကို လူလႊတ္
ထားရင္း ေမာင္ျဖစ္သူနဲ႔ေတြ႕လိုက္ရတာေၾကာင့္ သူ႔ေမာင္ အေမရိက က ျပန္လာၿပီမွန္းသူမ သိလိုက္
ရသည္။
ဟိုမိန္းမ အေမေနမေကာင္းလို႔ ခရီးထြက္သြားတယ္
ဆိုတာလဲ နာမည္ခံသက္သက္သာ....သူတို႔မိသားစုရဲ႕ ပိုက္ဆံနဲ႔ အျပင္မွာ ေကာင္ေလးငယ္ငယ္ေခ်ာေခ်ာ
ေလးေတြကို စပြန္ဆာသြားလုပ္ေနတာ သူမအကုန္သိသည္။
ထို႔ေနာက္ သူမ သိလိုက္ရတာက ေမာင္ျဖစ္သူ သူတို႔အိမ္မွာ ေနထဲက သူတို႔အိမ္မွာမရွိခ်ိန္ဆို ထိုမိန္းမနဲ႔ ေဖာက္ျပန္ေနၾကသည္တဲ့..။
ထိုမိန္းမအိမ္ကအလုပ္သမားေတြကို ေငြေပးၿပီး ႏႈတ္ပိတ္ထားေပမယ့္ သူမအေပၚသစၥာရွိမႈေတြ
ေၾကာင့္ ေျပာျပခ်က္အရ သူမ သိလိုက္ရသည္။
ေမာင္ျဖစ္သူကိုေရာ ထိုမိန္းမကိုေရာ နာက်ည္းသလို ရြံမုန္းမိသည္။
သူတို႔ႏွစ္ေယာက္ရဲ႕လုပ္ရပ္ေတြကို သားျဖစ္သူ Jungkook ကို သူမဘယ္လိုေျပာျပရမည္လဲ...
သူ႔သားခံစားသြားရမွာကိုသူမစိုးရိမ္သည္။သို႔ေပမယ့္ မေျပာျပလို႔လဲ မျဖစ္..
လူယုတ္မာေတြကိုလဲ သတ္ပစ္ခ်င္ေလာက္ေအာင္ သူမရြံမုန္းမိသည္။ သူမ ဘာလုပ္သင့္လဲ.....
◇ My Beloved ◇
To be continued..
အားလံုး ဂရုစိုက္ၾကပါေနာ္ ❤
Thank you for reading and voting
Love you all💜💜
_________________________________________
UNICODE
"ခင်ဗျား ခဏထဦး...ဒါလေးသောက်လိုက်..."
Taehyung ပြန်သွားမှ ကိုယ့်အတွေးနဲ့ကိုယ်
မျောနေတဲ့ Seokjin လေး Jungkook အသံကြားမှ သတိဝင်လာသည်။
"ဘာကြီးလဲ"
"ဆန်ပြုတ်"
"မသောက်ချင်ပါဘူး...ထမင်းပဲစားချင်တယ်"
"ထမင်းစားလို့မရဘူး...Taehyung မှာသွားတယ်
လေ ထမင်းစားလို့မရသေးဘူးလို့...."
"ဟင့်...လူမမာစာကြီး မစားချင်ပါဘူးဆို"
ဂျစ်တိုက်နေတဲ့ Seokjin ကြောင့် ဆန်ပြုတ်ပန်းကန်
လေးနဲ့ ဆေးခွက်လေးနဲ့အတူ ရေခွက်လေးပါ
ထည့်ထားတဲ့ ဗန်းလေးကို ဘေးစားပွဲပုလေးပေါ် ချလိုက်ပြီး Jungkook ကုတင်ပေါ်ထိုင်လိုက်ရင်း....
"ခင်ဗျား မရစ်နဲ့နော်..ကျွန်တော်စိတ်မရှည်ဘူးဆိုတာ သိတယ်မလား....ရော့..ဆန်ပြုတ်ပဲသောက်....ပြီးရင် ဆေးသောက်ရဦးမှာ"
ဟာ...အဲ့ Taehyung ကြီးကလေ..သူ့အလစ်မှာ ဆေးတွေပေးသွားသေးတယ်..
Jungkook ရဲ့ခပ်ထန်ထန်တစ်ချက်လွှတ်
အမိန့်ကြောင့်Seokjin ကြောက်ကြောက်နဲ့ မျက်နှာလေးရှုံ့တွရင်း ဆန်ပြုတ်ပန်းကန်လေးကို ယူလိုက်ရသည်။
နေမကောင်းဖြစ်ရင် အိမ်ကအဖေနဲ့အမေ ဒါမှမဟုတ် ညီငယ်နှစ်ယောက်ထဲက တစ်ယောက်ယောက်
ကိုချွဲတတ်တဲ့သူဟာ အခုတော့ချွဲစရာလူမရှိ..
Taehyung ကလဲ အရေးကြီးကိစ္စရှိသေးတာကြောင့် ပြန်သွားခဲ့ပြီ...
ဆန်ပြုတ်စားပြီးတဲ့အထိ Jungkook ဘေးမှာ ထိုင်စောင့်နေလိုက်သည်။သူ့ကိုယ်တိုင်လဲ ဘာတွေ
လုပ်နေလဲမသိ...အလုပ်သမားတစ်ယောက်ယောက်ကို ကျွေးခိုင်းလဲ ရရဲ့သားနဲ့ ကိုယ်တိုင်ကိုယ်ကျ ဆန်ပြုတ်ပန်းကန်ယူလာပြီး ကျွေးသည်။
သူ့ကြောင့်ဖြစ်တာမို့လို့ပါ...ဟုတ်တယ် သူ့ကြောင့် Seokjin ဖျားသွားရတာမို့လို့..
တွေးတောရင်း အရှေ့ကအကောင်ပေါက်လေးကို
ကြည့်လိုက်တော့ ဆန်ပြုတ်လေးကို တမြုံမြုံ
စားနေတာကြောင့် ပါးဖောင်းဖောင်းလေးတွေက အရင်ကထက် ပိုဖောင်းနေပြီး နှုတ်ခမ်းထောင့်က ပါးချိုင့်ရေးရေးလေးက ထင်ပေါ်လာသည်။
ချစ်ဖို့ကောင်းလိုက်တာ..
ပြီးတော့ ဆန်ပြုတ်ပူပူလေးကို မှုတ်နေတာကြောင့် ဆူူထော်လာတဲ့ နှုတ်ခမ်းလုံးလုံးလေး...
Jungkook သေချာစိုက်ကြည့်နေရင်းမှ ချက်ချင်းပင် မျက်နှာလွှဲလိုက်သည်။
မဖြစ်ဘူး Jeon Jungkook.....
Jungkook တွေးနေရင်း ဆေးကိုမမှီတမှီနဲ့ လှမ်းယူ
နေသော Seokjin ကြောင့် သူကပဲ ယူပေးလိုက်ပြီး ဆေးကို လက်ထဲထည့်ပေးလိုက်သည်။
ဆေးသောက်ပြီး မဲ့ရွဲ့ရှုံ့တွနေတဲ့ Seokjin မျက်နှာ
လေးကိုကြည့်ပြီး Jungkook ကြိတ်ရယ်မိကာမှ အသံထွက်သွားသည်အထိ...
Jungkook အိပ်ကပ်ထဲက ဂျယ်လီထုပ်လေးကို ထုတ်ရင်း..
"ရော့....ဒါစားလိုက်..."
Jungkook လက်ထဲက ဂျယ်လီထုပ်လေးကို မြင်တာနဲ့ Seokjin မျက်နှာလေး ဝင်းခနဲတောက်ပလာပြီး...
"ဝါး...ကျေးဇူးဘဲ...ဟီးဟီး..."
လက်ထဲက ဂျယ်လီထုပ်လေးကို ဆက်ခနဲဆွဲယူပြီး တမြုံ့မြုံ့နဲ့ ဝါးနေပြန်သည်။ခုနက ဆေးသောက်တုန်းက မျက်နှာနဲ့များ တခြားစီပင်..
"အများကြီးမစားနဲ့...သွား..သွားသွားတိုက်တော့..."
"ဟွန့်...နည်းနည်းပဲ စားရသေးတာကို..အခါးတောင်
မပျောက်သေးဘူး..ဘာမှန်းလဲ မသိဘူး"
ပွစိပွစိရွတ်ရင်းနဲ့ပဲ နောက်ဆုံး Seokjin ရေချိုးခန်းထဲ ရောက်သွားရသည်။
"ရော့...ဒါလေး လဲဝတ်လိုက်...ခင်ဗျားဝတ်ထားတာ ပါးပါးလေး..ထူထူလေးဝတ်ပြီး နွေးနွေးထွေးထွေးနေ.."
သွားတိုက်ပြီးထွက်လာတော့ အကျႌလေးပေးလာ
သော Jungkook ကြောင့် Seokjin ယူလိုက်ပြီး အခန်းထဲက ထွက်သွားတော့မယ့် Jungkook လက်ကိုလှမ်းဆွဲလိုက်ရင်း...
"ဟို...သွားတော့မှာလားဟင်..."
"သွားမှာပေါ့...ကျွန်တော်လဲပင်ပန်းနေပြီ...နားချင်နေပြီ"
"အာ..အင်း...ကောင်းကောင်းအနားယူပါ....တောင်းပန်ပါတယ်...ငါ့ကြောင့် မင်းပင်ပန်းသွားပြီ"
ချက်ချင်းပင် မျက်နှာငယ်လေးနဲ့ လေသံပြောင်း
သွားတဲ့ Seokjin ပင်...
"ပြော ဘာတုန်း ပြောစရာရှိတယ်မလား"
"ဘာမှမဟုတ်ပါဘူး...ဒီတိုင်း..."
"ပြော...မညာနဲ့....ဘာလဲ..."
လက်ထဲက အကျႌလေးကို တစ်စနဲ့တစ်စ ပွတ်သပ်နေ
တဲ့ Seokjin ဟာ တစ်ခုခုကိုပြောချင်နေသလိုလို..
"ဟို....ငါအိပ်ပျော်တဲ့ အထိစောင့်ပေးလို့ရမလား
လို့ ပြောမလို့ပါ..မင်းနားချင်နေပြီဆို ရပါတယ်..
မစောင့်ပေးပါနဲ့..ငါက ဒီအတိုင်းပဲ..."
"သွား...အကျႌလဲပြီး မြန်မြန်ထွက်လာခဲ့"
"အင်း.."
စောင့်ပေးမယ် မစောင့်ပေးဘူးမပြောဘဲ အကျႌလဲ
ခိုင်းနေတာမို့ ဒုတိယအကြိမ် ရေချိုးခန်းထဲ ပြန်ဝင်လာရပြန်သည်။
လဲပြီး ထွက်လာတော့ Jungkook ရှိမနေတော့....
နေမကောင်းဖြစ်တဲ့အချိန်ဆို တစ်ယောက်ယောက်
အနားမှာ ရှိမှ အိပ်ပျော်တတ်တာ သူ့အကျင့်ပင်....
အဲ့ဒါကြောင့် ဒါလေးတစ်ခုပဲ တောင်းဆိုမိတာကို
အခုတော့ သူအိပ်ရေးပျက်ရတော့မည်..။
ကုတင်ပေါ်တက်နေတုန်းရှိသေး တံခါးဖွင့်သံကြား
တာကြောင့် ကြည့်လိုက်တော့ ခေါင်းအုံးတစ်လုံး
ကိုင်ပြီး ဝင်လာသော Jungkook..
ဟင်...သူက စောင့်ပေးဖို့ပဲ ပြောတာလေ...
အတူအိပ်ပေးဖို့ ပြောတာမှမဟုတ်ဘဲ..။
"ဘာကြောင်ကြည့်နေတာလဲ....မအိပ်ဘူးလား"
"အ..အင်း...အိပ်မှာ..."
"ဟိုဘက်နည်းနည်းတိုး"
"အင်း"
ရုပ်တည်ကြီးနဲ့ မာတယ်လဲမဟုတ် ပျော့တယ်လဲ
မဟုတ်တဲ့ လေသံနဲ့ပြောနေတဲ့ Jungkook စကား
အတိုင်း Seokjin လိုက်လုပ်နေမိသည်။
သူတို့နှစ်ယောက်လုံး ကုတင်စွန်းတစ်ဖက်ဆီမှာ ကျောပေးရင်း နေရာယူလိုက်ကြသည်။
"ကျွန်တော်ဘေးမှာရှိတာမို့ အိပ်ပျော်အောင်အိပ်"
တစ်ယောက်နဲ့တစ်ယောက် လှည့်မကြည့်ပဲ ကျောပေးရင်း သူတို့စကားတွေပြောနေမိသည်။
"အင်း..ကျေးဇူးဘဲ.."
"ဘာအတွက်လဲ"
"အကုန်လုံးအတွက်ပါ"
"အင်း..ဒါနဲ့ ကျွန်တော် တောင်းပန်ပါတယ်"
"ဟင်..ဘာအတွက်လဲ..."
Seokjin ပြူးတူးကြောင်တောင်လေးနဲ့ Jungkook ဘက် မျက်နှာချင်းဆိုင်လှည့်ရင်း မေးသည်။
"ဒီအတိုင်း...အရင်တုန်းက အကို့ကို ကျွန်တော်
အနိုင်ကျင့်မိတာတွေအတွက်.."
"အကို ??.."
"ဘာလဲ မကြိုက်ဘူးလား...မကြိုက်ရင်လဲ.."
"ဟင့်အင်း ကြိုက်တယ်"
"အဲ့ဒါဆို မြန်မြန်အိပ်တော့...ကျွန်တော်အိပ်တော့
မှာမို့..."
"အင်း...Good night Jungkook.."
Seokjin ပြောပြီး တစ်ဖက်လှည့်လာပေမယ့် Jungkook ဆီမှ စကားပြန်မကြားရတော့..
တော်တော်ကြာမှ ထွက်လာသည်က..
"Good night အကို.."
Seokjin လဲ အပြုံးတစ်ပွင့်နဲ့ စကားဆက်မများ
တော့ဘဲ မျက်လုံးစုံမှိတ်ပြီးသူ့လက်ဆွဲတော်
အဖြူရောင်အရုပ်လေးအား ဖက်ရင်း အိပ်ပျော်အောင် အိပ်လိုက်သည်။
အမှန်ဆို Jungkook တစ်နေ့လုံးပင်ပန်းထားတာမို့ Seokjin အိပ်ပျော်တဲ့အထိ သူတကယ်မစောင့်ပေး
နိုင်တော့...သို့ပေမယ့် မျက်နှာငယ်လေးဖြစ်သွားတဲ့ Seokjin ကြောင့် သူ့မှာဘာလုပ်ရမှန်းမသိ....
နောက်ဆုံးတော့ သူ့အခန်းထဲက ခေါင်းအုံးသွားယူပြီး ဘေးမှာ အိပ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။
ဘာရည်ရွယ်ချက်မှမပါဘဲ ဘေးမှာစောင့်အိပ်ပေးရုံ သက်သက်သာ...နေမကောင်းဖြစ်တဲ့သူအဖို့ ဘေးမှာ တစ်ယောက်ယောက်ရှိမှ အဆင်ပြေမယ်ဆိုတာ သူသိသည်။
ပြတင်းပေါက်ကဖြာကျနေတဲ့ လရောင်ရေးရေးလေး
အောက်မှာ ညနက်လာသည်နဲ့အမျှ အအေးဒဏ်
ပိုလာသည်မို့ စောင်တစ်ထည်ထဲကို နှစ်ယောက်လု
ရင်း အိပ်မပျော်ခင်က ဝေးကွာနေတဲ့ ခန္တာကိုယ်လေး
နှစ်ခုဟာ တဖြည်းဖြည်းနီးကပ်လာသည်။
Jungkook ခေါင်းလေးဟာ သူ့ကိုယ်ပိုင် ခေါင်းအုံး
ပေါ်ကနေ Seokjin ခေါင်းအုံးပေါ် နေရာယူလာချေပြီ။
အိပ်မောကျနေကြတာမို့ သူတို့နှစ်ယောက်လုံး သတိမထားမိ...
မျက်နှာချင်းဆိုင်ရင်း Seokjin ခြေထောက်လေး
တစ်ဖက်က Jungkook ခန္တာကိုယ်ပေါ် ခွလာပြီး လက်ကလဲ Jungkook ခါးကိုဖက်ရင်း ရင်ခွင်ထဲ တဖြည်းဖြည်း တိုးဝင်လာသည်။Jungkook လဲ အိပ်ပျော်နေရင်း လှုပ်လှုပ်ရွရွအကောင်ပေါက်လေး
ကြောင့် လက်က အလိုလိုဖက်လျက်သားနဲ့ တစ်ယောက်ဝင်လေထွက်လေကို တစ်ယောက် ရှူရှိုက်နေမိသည်။
ဒီလိုနဲ့ပဲ အစက ကျောပေးအိပ်နေကြတဲ့ ကောင်လေး
နှစ်ယောက်ဟာ တဖြည်းဖြည်း တစ်ယောက်ကို
တစ်ယောက် လွတ်ထွက်မတတ် ဖက်တွယ်ရင်း အိပ်မောကျနေခဲ့ကြသည်။
.
.
.
.
.
Tee.....Tee.....💥💥
Seokjin ခြံထဲမှာ ပန်းပင်လေးတွေကြည့်နေတုန်း ကားဟွန်းတီးသံကြားတာကြောင့် ကြည့်လိုက်တော့ အနက်ရောင်ကားလေးတစ်စီး...
"ရတယ် ဦးလေး...ကျွန်တော်သွားဖွင့်ပေး
လိုက်ပါ့မယ်"
ပန်းပင်တွေရေလောင်းနေတဲ့ ခြံစောင့်လေးအား
ပြောပြီး ခြံတံခါးဖွင့်ပေးဖို့ သူပြေးထွက်လာခဲ့သည်။
ခြံတံခါးဖွင့်ပြီးမှ ဝင်လာသောကားထဲက လူကိုတစ်
ချက်ကြည့်လိုက်တော့ သူ့ကိုစူးစိုက်ကြည့်နေလေရဲ့..
တစ်ခါမှမမြင်ဖူးတာကြောင့် ဧည့်သည်ဆိုပြီးသာ သူတွေးလိုက်သည်။
တစ်ကိုယ်လုံး All black နဲ့အတူ ကားပေါ်ကဆင်း
လာသော ထိုလူဟာ သူ့ထက် အသက်နည်းနည်းသာ ကြီးပုံပင်...သို့ပေမယ့် သူ့လိုမဟုတ်ဘဲ တည်ကြည်
ခံ့ညားလွန်းလှသည်။
ကားပေါ်ကဆင်းလာပြီး သူ့တစ်ကိုယ်လုံးကို ကြက်သီးထဖွယ် စိုက်ကြည့်လာတာကြောင့် Seokjin မနေတတ်တော့ပေ...
"မင်းကဘယ်သူလဲ"
"ကျွန်တော်က ဒီအိမ်က အလုပ်သမားပါ"
"အလုပ်သမား ??...အလုပ်သမားတစ်ယောက်ရဲ့ ဒီဇိုင်းကာလာက တောက်ပြောင်လှချည်လား...
မင်းသိပ်လှလွန်းတယ် ဘေဘီ"
သူ့နားနားကပ်ပြောရင်း လေမှုတ်သွင်းပြီး ပြောလာ
သော ထိုလူကြောင့် Seokjin ကြက်သီးမွေးညင်း
များပင် ထရင်း ကြောက်လန့်တကြား နောက်ဆုတ်
သွားရသည်။ဘယ်လိုလူကြီးလဲ....
"သခင်မကြီးနဲ့တွေ့ဖို့လာတာလား..သခင်မကြီး ပြန်မ
ရောက်သေးပါဘူး...သခင်လေး Jungkook တော့ ပြန်ရောက်နေပါပြီ...Seokjin သွား...သခင်လေးကို သွားခေါ်ခဲ့..."
"ဟုတ်ကဲ့ ဦးလေး"
Seokjin ကြောက်နေတာကို သိသော အိမ်တော်
ထိန်းဦးလေးကြီးက Jungkook ကိုသွားခေါ်ခိုင်း
ဟန်နဲ့ Seokjin ကို ပထုတ်ပေးသည်။
Seokjin ထွက်သွားဖို့ပြင်ပေမယ့် ထိုလူသည် လက်
ကိုလှမ်းဆွဲလာတာကြောင့် Seokjin ခန္တာကိုယ်လေး တုန်တက်သွားရင်း ရုန်းမိသည်။
"လာတုန်းကတော့ ငါ့အစ်မရော ငါ့တူတွေရောတွေ့ဖို့
လာပေမယ့် အခုတော့ဦးတည်ချက်ပြောင်းသွားပြီ...
အိမ်မှာ ဒီလို ချောချောလှလှလေးရှိမှန်းသာသိရင် အစောကြီးထဲက လာပါတယ်"
သူ့မျက်နှာနားကပ်ပြီး ပြောလာတာကြောင့် Seokjin တကယ်လန့်လာသည်။
ဘေးက အိမ်တော်ထိန်းကြီးကလဲ ဝင်ပြောပေးချင်
ပေမယ့် အလုပ်သမားသာသာတစ်ယောက်က ဘယ်လိုဝင်ပြောနိုင်မှာတဲ့လဲ...
"အကို..."
အိမ်ထဲကထွက်လာသော အသံကြောင့် သူတို့လှည့်
ကြည့်လိုက်တော့ မျက်မှောင်ကြီးကျုံ့ရင်း ကြည့်နေသော Jungkook ပင်...
Seokjin တစ်ယောက် အားကိုးစရာပေါ်လာသလို ပျော်သွားမိသည်။အိမ်တော်ထိန်းကြီးမှာလဲ Jungkook ကိုမြင်မှ Seokjin ကို
စိတ်ချသွားသလိုဖြင့်သာ..
"Jungkook..."
သူ့လက်ကို ဆွဲထားတဲ့ ထိုလူကြီးကို စူးစိုက်ကြည့်
ရင်း Jungkook သူတို့နားလျှောက်လာသည်။
အနားရောက်မှ ထိုလူလက်ထဲက Seokjin လက်ကို ဆွဲဖြုတ်လိုက်ပြီး Jungkook ဆုပ်ကိုင်ထားရင်း..
"ဘာလာလုပ်တာလဲ ဦးလေး"
"ငါ့တူတောင် မတွေ့ရတာကြာလို့လားမသိဘူး.....
တော်တော်ချောလာတာပဲ"
"အပိုတွေပြောမနေပါနဲ့....ဘာလာလုပ်တာလဲပဲ ပြောပါ"
"ကိုယ့်အစ်မဆီကိုယ်လာတာ လာလို့မရဘူးလား"
"အမေပြန်မရောက်သေးဘူး...အဲဒါကြောင့် ပြန်လိုက်တော့"
"အေးဆေးပေါ့ မင်းကလဲ...ဒါနဲ့ သူက ဘယ်သူလဲ..
ချစ်စရာလေး...ငါ့အကြိုက်ပဲ"
ဦးလေးဖြစ်သူရဲ့စကားကြောင့် သူဆုပ်ကိုင်ထားတဲ့ Seokjin လက်လေး သူ့လက်ကို တင်းနေအောင် ဆုပ်ကိုင်လာတာကို Jungkook ခံစားလိုက်ရသည်။
Seokjin ကိုယ်လေးကို သူ့နောက်ကိုပို့ပြီး သူ့ခန္တာကိုယ်နဲ့ကွယ်ရင်း..
"သူကဦးလေးတွဲနေကျ one night stand တွေလို
မဟုတ်ဘူး...သူ့ကိုထိဖို့ မကြိုးစားနဲ့"
"ဟား...ဟား...မင်းကလဲ ငါကစတာပါ"
"အခုဘာလုပ်မှာလဲ..အိမ်ထဲဝင်မှာလား..ပြန်မှာလား"
"အခုတော့ပြန်တော့မှာပါ...နောက်နေ့မှ ထပ်လာ
ခဲ့မယ်နော် အလှလေး...Bye..."
ချီးကို အလှလေး...Seokjin သူ့အတွေးထဲမှာ ပစ်ပစ်နှစ်နှစ်ဆဲလိုက်သည်။
တူအရင်းခေါက်ခေါက်ကိုတောင် မနှုတ်ဆက်ဘဲ သူ့
အနောက်က Seokjin ကို ရိသဲ့သဲ့လုပ်သွားတဲ့ ဦးလေးဖြစ်သူကြောင့် Jungkook မျက်နှာမှာ ပုံမှန်ထက် ခက်ထန်နေသည်။
ထိုလူကြီးရဲ့ကား ခြံထဲက ထွက်သွားတော့မှ Jungkook Seokjin ဘက်ကိုလှည့်ရင်း လက်လေးကိုလွှတ်ပေးလိုက်သည်။
"အကို..နောက်တစ်ခါ အိမ်မှာကျွန်တော်တို့မရှိ
တုန်း သူလာရင်အခန်းထဲကအပြင်ကိုမထွက်နဲ့..
ကိုယ်ပြောတာ ကြားလား အကို.."
"အ..အင်း.."
Seokjin ဘာလို့လဲ လို့မေးချင်ပေမယ့် တကယ်
စိုးထိတ်နေပုံရသော Jungkook ကြောင့် Seokjin အထွန့်မတက်မိတော့ပေ။
"ရပြီ....သွားတော့"
Jungkook ဆီကနေ Seokjin လှည့်ထွက်လာခဲ့
ရင်း တစ်ခုခုကို စဉ်းစားမိသည်။Jungkook တို့စကားအသွားအလာတွေကြောင့် ထိုလူ
ကြီးဟာမေမေကြီးရဲ့မောင်မှန်း Seokjin သိလိုက်သည်။
တူဖြစ်သူက ဦးလေးဖြစ်သူကို ဘာလို့အဲ့လောက်
တောင် စကားတွေခက်ထန်နေရတာလဲ...
Seokjin သူ့နားကထွက်သွားမှ Jungkook အိမ်တော်ထိန်းဘက်ကို လှည့်ရင်း...
"ဦးလေး..နောက်တစ်ခါ အဲ့လူလာရင် Seokjin ကို ထွက်မတွေ့စေနဲ့...ကျွန်
တော်အိမ်မှာမရှိရင်ကျွန်တော့ကိုဖုန်းဆက်ခေါ်...
ကျွန်တော်ပြောတာ ကြားတယ်နော်...အဲ့လူအ
ကြောင်း ဦးလေးကောင်းကောင်း
သိတယ်မလား"
"ဟုတ်....သိပါတယ် သခင်လေး"
"ရပြီ ဦးလေး...လုပ်စရာရှိတာ သွားလုပ်တော့"
အိမ်တော်ထိန်းကြီးထွက်သွားမှ Jungkook တွေးနေမိသည်။
Choi Dong Jae သည် သူ့ဦးလေးဆိုပေမယ့် အသက်က သူနဲ့ (၈) နှစ်လောက်သာ ကွာသည်။
သူတို့နဲ့အမျိုးတော်တယ်ဆိုပေမယ့် စိတ်ဓာတ်ချင်း
ကတော့ တခြားဆီ....ဦးလေးရဲ့စိတ်ထဲမှာ ပျော်မယ် ပါးမယ် စားမယ်သောက်မယ်သာ ရှိသည်။
တစ်အိမ်ထဲနေတုန်းက ညတိုင်းမိန်းကလေးတွေ
အပြင် တစ်နေ့တစ်မျိုးမရိုးရအောင် ကောင်လေး
တွေပါ ခေါ်ခေါ်လာနေကျမို့ စိတ်ပျက်ရတာကြောင့် အိမ်ပေါ်ကနေ အမေကိုယ်တိုင် မောင်းထုတ်ခဲ့ခြင်းပင်..။
အဘိုးအဘွားတွေထားခဲ့တဲ့ စည်းစိမ်တွေကြောင့် အမေသည်ဦးလေးကို အမွေတစ်ဝက်ခွဲပေးခဲ့တာမို့ သူ့မှာလဲ ဩဇာအာဏာ ရှိသင့်သလောက်ရှိသည်။
နိုင်ငံခြားထွက်သွားတာမို့ သူတို့နဲ့ အဆက်အသွယ်
ပျက်နေခဲ့တာကြာပြီ...အခုမှ ပြန်ပေါ်လာခြင်း...
ဘယ်လောက်တောင် တဏှာရာဂ ကြီးမားတဲ့လူလဲ...
အပျော်အပါးတစ်ခုသာ စိတ်ဝင်စားသောဒီလိုလူ
မျိုးက Seokjin လို ခပ်ချောချော ကောင်လေး
မျိုးကိုမြင်ရင် ဒီအတိုင်းထိုင်ကြည့်နေမှာတဲ့လား...
သူ Seokjin ကို စိတ်ပူမိသည်။သူ ဘာလုပ်သင့်လဲ...
Seokjin ကို အတတ်နိုင်ဆုံး သူကာကွယ်ပေးရမည်။
.
.
.
.
.
.
"ညနေက ဦးလေး ရောက်လာတယ် အမေ"
"ဘာ !!"
"ဦးလေးရောက်လာတယ် ဟုတ်လား Jungkook "
Company က ပြန်လာတဲ့ အမေနဲ့ Jimin ကို အိမ်ထဲရောက်ရောက်ချင်း Jungkook ဆီးကြိုပြောသည်။
"ဟုတ်တယ်....ဒီနေ့မှ အမေရိက က ပြန်လာတာထင်တယ်"
"ဟက်...အဲ့ကောင် ပြန်ရောက်နေတာ ကြာပေါ့"
ခနဲ့တဲ့တဲ့ပြောလာတဲ့ အမေကြောင့် Jungkook အံ့ဩမိသည်။
"အမေသိနေတာလား"
"သိတာပေါ့....အဲ့ကောင်ဘာလာလုပ်တာလဲ"
"အမေ့ကို လာတွေ့တာတဲ့"
"အဲ့ကောင်ကို တွေ့စရာအကြောင်းမရှိဘူး"
"Seokjin ကို ဒီ့ထက်ပိုဂရုစိုက်ရမယ် အမေ...သူ့
လိုလူမျိုးက အကို့ကိုအလွတ်ပေးမှာမဟုတ်
ဘူး..ကျွန်တော်တစ်ယောက်လုံးရှိနေတာတောင် ရိသဲ့သဲ့နဲ့ ပြောသွားသေးတာ"
"ဟုတ်လား...မင်းတို့တွေ နောက်တစ်ခါ သူ့ကို အိမ်ထဲပေးမဝင်နဲ့ ကြားတယ်နော်"
ဘေးမှာရပ်နေတဲ့ အလုပ်သမားတွေအား Jungkook အမေပြောသည်။
"ဟုတ်ကဲ့ သခင်မကြီး"
"ဒါဆို ကျွန်တော် အပေါ်တက်နားတော့မယ်"
Jungkook ထွက်သွားမှ Jimin အမေဖြစ်သူကို ကြည့်ရင်း...
"ဘယ်လိုလုပ်မလဲ အမေ....Jungkook သာသိရင် တော်တော်ခံစားသွားရမှာ"
"အဲ့လိုမိန်းမအတွက် ဘာခံစားစရာလိုလို့လဲ..ကြည့်
နေ...သူတို့နှစ်ယောက်လုံးရဲ့ယုတ်မာမှုတွေကို အမေကိုယ်တိုင်ဖော်ထုတ်ပြမှာ...မောင်အရင်းလဲ မချန်ဘူး...သူ့လိုလူယုတ်မာက ငါ့မောင်မဟုတ်သလို မင်းတို့ဦးလေးလဲ မဟုတ်ဘူး..."
Jungkook အမေ ဖုန်းထဲက ဓာတ်ပုံလေးတစ်ပုံကို ကြည့်ရင်း ဒေါသနဲ့အတူ ပြောသည်။
ထိုပုံလေးဟာ ကောင်လေးတစ်ယောက်နဲ့ကောင်
မလေးတစ်ယောက် ဖက်လှဲတကင်း အတူရှိနေကြ
တဲ့ပုံ...ထိုနှစ်ယောက်မှာ တခြားသူမဟုတ်...
သူ့ရဲ့မောင်ဖြစ်သူနဲ့ ချွေးမဖြစ်သူတို့သာ...
ချွေးမဖြစ်သူဖောက်ပြန်နေတာ သိပေမယ့် မောင်
ဖြစ်သူနဲ့တော့ သူမ မထင်မိလိုက်..ဟိုတလောကမှ ခရီးထွက်သွားတဲ့ ချွေးမဖြစ်သူနောက်ကို လူလွှတ်
ထားရင်း မောင်ဖြစ်သူနဲ့တွေ့လိုက်ရတာကြောင့် သူ့မောင် အမေရိက က ပြန်လာပြီမှန်းသူမ သိလိုက်
ရသည်။
ဟိုမိန်းမ အမေနေမကောင်းလို့ ခရီးထွက်သွားတယ်
ဆိုတာလဲ နာမည်ခံသက်သက်သာ....သူတို့မိသားစုရဲ့ ပိုက်ဆံနဲ့ အပြင်မှာ ကောင်လေးငယ်ငယ်ချောချော
လေးတွေကို စပွန်ဆာသွားလုပ်နေတာ သူမအကုန်သိသည်။
ထို့နောက် သူမ သိလိုက်ရတာက မောင်ဖြစ်သူ သူတို့အိမ်မှာ နေထဲက သူတို့အိမ်မှာမရှိချိန်ဆို ထိုမိန်းမနဲ့ ဖောက်ပြန်နေကြသည်တဲ့..။
ထိုမိန်းမအိမ်ကအလုပ်သမားတွေကို ငွေပေးပြီး နှုတ်ပိတ်ထားပေမယ့် သူမအပေါ်သစ္စာရှိမှုတွေ
ကြောင့် ပြောပြချက်အရ သူမ သိလိုက်ရသည်။
မောင်ဖြစ်သူကိုရော ထိုမိန်းမကိုရော နာကျည်းသလို ရွံမုန်းမိသည်။
သူတို့နှစ်ယောက်ရဲ့လုပ်ရပ်တွေကို သားဖြစ်သူ Jungkook ကို သူမဘယ်လိုပြောပြရမည်လဲ...
သူ့သားခံစားသွားရမှာကိုသူမစိုးရိမ်သည်။သို့ပေမယ့် မပြောပြလို့လဲ မဖြစ်..
လူယုတ်မာတွေကိုလဲ သတ်ပစ်ချင်လောက်အောင် သူမရွံမုန်းမိသည်။ သူမ ဘာလုပ်သင့်လဲ.....
◇ My Beloved ◇
To be continued..
အားလုံး ဂရုစိုက်ကြပါနော် ❤
Thank you for reading and voting
Love you all💜💜