Be Happy √ Completed √

By Zante7

101K 9.8K 716

ချစ်တဲ့သူတွေကို ပျော်ရွှင်စေချင်တယ် စိတ်ချမ်းသာစေချင်တယ် အဆင်ပြေစေချင်တာဟာ....... သိမ်မွေ့တဲ့အဖြူရောင်အတ္တလေး... More

ep 1 ⛄
ep 2 ⛄
ep 3 ⛄
ep 5 ⛄
ep 6 ⛄
ep 7 ⛄
hello
ep 8 ⛄
ep 9⛄
ep 10⛄
ep 11⛄
ep 12⛄
ep 13⛄
ep 14⛄
ep 15⛄
ep 16⛄
ep 17
ep 18
ep 19
ep 20
Final

ep 4 ⛄

4.2K 524 89
By Zante7

#Unicode
ဂျင်ဂူးတစ်ယောက်ကျောင်းဝန်းထဲမှာရပ်ကာသူ့သူငယ်ချင်းကိုအံ့ဩစွာကြည့်နေမိသည်။အခုမှသဘောပေါက်တာကဘူဆန်ခြံထဲကကောင်လေးဆိုတာထယ်ယောင်းဖြစ်နေတာပဲ။ဂျောင်ဂုစရောက်ထဲကသူတို့နှစ်ယောက်သူငယ်ချင်းတွေဖြစ်ခဲ့ကြသည်။ဂျောင်ဂုတို့အခုငှားနေတဲ့အိမ်ကဂျင်ဂူးတို့ပိုင်တဲ့အိမ်ဖြစ်သည်။

"ထယ် ဒါက ကိုကို့သူငယ်ချင်း
ဂျန်ဂျင်ဂူးတဲ့ ခြံကြီးထဲကအရင်ကြီးကြပ်ရေးမှူးရဲ့တူလေ"

"ဟုတ်ကဲ့ ကျွန်တော့်ကိုညီလေးတစ်ယောက်လို ခေါ်ပါခင်ပါ အကို"

"ထယ်ယောင်းက သဘောကောင်းလိုက်တာ အကိုတို့ကသိပေမယ့်
ထယ်ယောင်းကိုစကားမပြောရဲတာ"

ထယ်ယောင်းမှာကျောင်းသာတက်နေရပေမယ့် သူငယ်ချင်းများများမရှိ။ဟိုလူနဲ့မပေါင်းနဲ့ဒီလူတွေနဲ့သူငယ်ချင်းအနေနဲ့နေဆိုတဲ့စကားလုံးများနဲ့သာရင်းနှီးခဲ့ရတယ်။အခုလက်ရှိသူငယ်ချင်းများကအကုန်လုံးထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်အများစုကဆင်းသက်လာသောသူများသာ။ဘယ်စကားကအစစ်မှန်နွေးထွေးမှု့သူငယ်ချင်းသံယောဇဉ်လဲဆိုတာမသိရ။စီးပွားရေးအဆင်မပြေဖြစ်သွားရင်အဲ့တစ်ယောက်ကအလိုလိုအပယ်ခံဖြစ်သွားရတယ်။ဒါတွေကထယ်ယောင်းကြုံနေရတဲ့ပတ်ဝန်းကျင်အသိုင်းဝိုင်းဖြစ်သည်။တစ်ယောက်နဲ့တစ်ယောက်ဖြူစင်တဲ့သံယောဇဉ်တွေသာရှိသောသူငယ်ချင်းများကိုသာလိုအပ်သည်။

"ငါတို့ကျောင်းတက်တော့မယ်သွားရအောင် ဂျောင်ဂု"

"ကိုကို နေ့ခင်းထမင်းစားချိန်မှာထယ်လာခဲ့မယ် ကိုကို့အခန်းရှေ့ကို"

"ထယ်သိလို့လား ကိုကို့အခန်းကို"

"ထယ်ကဒီမှာကျွမ်းပါတယ် ကိုကိုရ
ဟီး...လမ်းမပျောက်ပါဘူး"

ဂျောင်ဂုတစ်ယောက်ခပ်ဟဟလေးရယ်မိသည်။ဒီမှာသူကလူတက်ကြီးပါလို့ထင်အောင်မျက်ခုံးပါပင့်ပြနေသောထယ်ယောင်းကိုမြင်နေရတာမယုံကြည်နိုင်သေး။

"Okထယ် နေ့ခင်းမှတွေ့ကြမယ်"

သူ့ကိုနှုတ်ဆက်ကာစာသင်ခန်းသို့ပြေးသွားသောထယ်ယောင်းကိုဂျောင်ဂုမှာပြုံးပြီးကြည့်နေမိသည်။အမေတို့သာသိရင်ဝမ်းသာနေတော့မှာမလွဲ။ဂျောင်ဂုလဲစာသင်ခန်းသို့သာလာလိုက်သည်။

"ဂျောင်ဂု မင်းကထယ်ယောင်းနဲ့သိတာကြာပြီလား"

"ငါဆိုးလ်ကိုမလာခင်ကသိတာ
25ရက် December 2005ခုနှစ်မှာသိတာကွ"

"ဟိုက်ရှားပါး...ငါ့သူငယ်ချင်းအလေးထားတက်မှန်းအခုမှသိတယ်
ငါနဲ့စတွေ့တာကရော"

"အားးးဂျန်ဂျင်ဂူး ဘာဖြစ်နေတာလည်းကြောက်စရာကောင်းတဲ့အမူအရာနဲ့"

"မင်းမပြောမချင်းငါကခြေလှမ်းမရွေ့ဘူးနော် ပြော "

"မမှတ်မိဘူး ရှင်းလား"

"မင်းရက်စက်တယ်ငါ့ကို"

ဟားဟားဟား.....

နှစ်ယောက်သားပြိုင်တူရယ်မိသည်။အစအနောက်အရမ်းသန်တဲ့ ဂျင်ဂူးကိုဂျောင်ဂုဘယ်တော့မှမနိုင်။အမြဲတမ်းသူ့ဘေးမှာရှိတဲ့သူတိုင်းကိုနောက်ပြောင်လိုက်ရမှ။ကျန်တဲ့သူငယ်ချင်းများက
ဂျွန်ဂျောင်ဂု နဲ့ ဂျန်ဂျင်ဂူး ဆိုတာညီကိုဝမ်းကွဲတော်လားနဲ့မေးကြသည်အထိ
ဂျန်ဂူးက ဂျောင်ဂုကိုခင်မင်သည်။အချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာကာ ဆိုးတူကောင်းဖက် ကျောင်းပြီးရင်အလုပ်သင်ဝင်ကာ စီးပွားရေးအတူလုပ်ကြဖို့ပါတိုင်ပင်ထားကြသည်။

"ဂျောင်ဂု နေ့ခင်းကြထယ်ယောင်းလာရင်မင်းပဲသွားတွေ့လိုက်ပါ ပြောစရာစကားတွေများနေမှာပေါ့"

"မင်းကရော"

"ငါကဟိုကောင်တွေနဲ့သွားစားလိုက်မယ် မင်းသိလား ဒီကျောင်းမှာ
ထယ်ယောင်းကဒိတ်ဒိတ်ကြဲစာရင်းဝင်
ဥစ္စာပေါရုပ်ချောကွာ မိန်းကလေး ယောက်ျားလေးတော်တော်များများကြွေနေတာနော် မင်းတော့ကျောင်း
canteen မှာနာမည်ကြီးတော့မှာပဲ
ဟားဟား"

"ဘာတွေလာပြောနေတာလဲ ကလေးကိုကွာ"

"အေးပါ ကလေးပါကလေးပါ ယူမီရှိတာပြောပြလိုက်လေ"

"ယူမီက ဒီတိုင်းသူငယ်ချင်းဆိုနေ
မင်းကတော့နော် ငါ့ကိုမစရရင်အိပ်မပျော်ဘူးလား"

"ထယ်ယောင်းက မင်းနဲ့ယူမီ ကိုသိလည်းဘာမှမဖြစ်ဘူး ကလေးကို"

"မင်း ထယ်ရှေ့မှာယူမီအကြောင်းမပြောနဲ့နော်"

"ပြောပါဘူး သူ့ပါသူသိရင်တော့တက်နိုင်ဘူး"

"အားးဂျန်ဂျင်ဂူး"

ဒီနေ့စာသင်ချိန်မှာဂျောင်ဂုကပြုံးပဲနေသည်။သူ့သူငယ်ချင်းရဲ့တောက်ပတဲ့အပြုံးကခုမှပိုပေါ်လွင်လာတယ်။
ဂျောင်ဂုကကြိုးစားမယ်အောင်မြင်ချင်တယ်လက်စားချေမယ်ပြောနေတာကိုအခုမှရိပ်မိတော့တယ်။ထယ်ယောင်းအကြောင်းကတော့ဂျင်ဂူးတစ်ခုမှမသိရအစထဲကဖွင့်ပြောပြရင် အရင်ထဲကတွေ့ရမှာကိုဒီကောင်ကတော့လေ။

နေ့ခင်းထမင်းစားဆင်းချိန်ရောက်တော့
ဂျောင်ဂုအခန်းထဲကထွက်တာနဲ့အခန်းရှေ့မှာရပ်နေသောထယ်ယောင်းကိုတွေ့လိုက်ရသည်။

"ကိုကို ထယ်နဲ့ကျောင်းရှေ့ကပန်းခြံကိုလိုက်ခဲ့နော်"

"ထယ် ထမင်းမစားဘူးလား
canteen သွားကြမယ်လေ"

"ဒီမှာထမင်းဘူးပါတယ်ကိုကို ထယ်နဲ့လိုက်ခဲ့"

ဂျောင်ဂုကိုထမင်းဘူးလေးမြှောက်ပြကာခေါ်နေသောထယ်ယောင်းကိုခေါင်းငြိမ့်ပြလိုက်တော့လက်ကိုဆွဲကာသွားတော့သည်။

"ကိုကို ထယ်ကထမင်းဘူးတစ်ခါတစ်လေယူလာတယ် canteenမှာလည်းတစ်ခါတစ်လေစားတယ် ဒီမှာကိုကိုစား"

"ထယ်စားပါ ကိုကို့ကိုဂျင်ဂူးက
ဘာဂါဝယ်လာခဲ့မယ်တဲ့"

"တစ်ယောက်တစ်ဇွန်းစားမယ်
အခုက canteen သွားရင်လူရှုပ်လို့လေစကားပြောရမှာမဟုတ်ဘူးအဲ့ဒါကြောင့်"

စကားပြောရင်းထမင်းဘူးကိုဖွင့်ကာ
သီးစုံထမင်းကြော်ကိုဇွန်းလေးနဲ့ထည့် ကြက်သားကြော်ခပ်စားလို့လွယ်မယ့်အရွယ်လေးတွေကိုတစ်တုံးယူထည့်ပြီးဂျောင်ဂုကိုခွံ့ကျွေးသည်။စားလိုက်တော့ပြုံးပြီးကြိုက်လားကောင်းလားနဲ့မေးသေးသည်။သူနဲ့စတွေ့တုန်းကသေးသေးလေးက အခုတော့သူ့ကိုထမင်းခွံ့ကျွေးနေသည်တဲ့လား။

"ထယ်စားအုံးလေ ကိုကို့ ကိုပဲကျွေးနေတာပဲ"

"ထယ်ကကိုကိုစားတာကြည့်ပြီးဗိုက်ပြည့်နေပါပြီ မေမေထယ့်ကိုထမင်းခွံ့တိုင်းပြောနေကြစကားကအခုမှလက်တွေ့သိတော့တယ် ငါ့ကလေးလေးများများစားနော်"

"အော်ဟော်...လူကြီးကိုနော်"

"ဟီးဟီး တကယ်ကိုခုလိုပြန်တွေ့ရတာဝမ်းသာပါတယ်ကိုကို"

ဂျောင်ဂုကိုထမင်းခွံ့ကျွေးလိုက် ရေတိုက်လိုက်နဲ့ပြုံးပျော်နေသောကောင်လေး။သူကအနည်းငယ်သာစားပြီးနောက်နေ့ကြကိုကို့အတွက်ပါထည့်ခဲ့မယ်ကပြောနေသေး။

"ကိုကို အခုဆိုးလ်မှာနေတာအဆင်ပြေလား အန်တီရောနေကောင်းလား"

"မေမေ့ရောဂါကသက်သာနေပါပြီ
အဖေကတော့ JGသူဌေးရဲ့ကားကိုမောင်းနေတယ် မေမေကကိုကိုတို့နေတဲ့နားကကျောင်းမှာပေါင်မုန့်ဆိုင်လေးဖွင့်ထားတယ် ဒီကျောင်းမှာတက်ရဖို့ကိုJGသူဌေးကထားပေးတာ"

"အဆင်ပြေလို့တော်သေးတယ် ကိုကိုရာ"

"ထယ် ဒီမှာကိုကိုနဲ့စကားပြောလို့ရရဲ့လား ထယ်ဖွားဖွားသိရင်အဆူခံနေရမယ်"

"ဆူပစေဗျာ သူနဲ့မတည့်တဲ့အချိန်ကများများ စကားတောင်သိပ်မပြောဖြစ်တော့ဘူး သူကအဲ့လိုတွေလုပ်လေ ထယ်သူ့ကိုစကားမပြောချင်လာလေ"

လူငယ်အရွယ်ရောက်လာပြီဆိုတော့ကလေးတုန်းကလိုငြိမ်ခံမနေတော့ပေ။ဒါမလုပ်နဲ့ဆိုလုပ်ပြလိုက်တယ် မသွားနဲ့ဆိုခိုးထွက်တက်နေပြီ။အရာရာကိုသူပဲဆုံးဖြတ်ချက်ချနေတာကိုအဖိုးကအစပြန်မပြောကြ။

"ထယ်ကလူဆိုးလေးဖြစ်နေပြီပေါ့"

"လူဆိုးတော့မဟုတ်ပါဘူး ကိုကိုရာ
ဒါပေမယ့် အရွဲ့တိုက်ချင်စိတ်ကရှိလာပြီ အမြဲခေါင်းငုံ့ခံနေရတဲ့မေမေ မေမေ့ကိုဆိုအိမ်အကူလိုဆက်ဆံနေတာ ဖေဖေကလည်းဝင်မပြောရဲဘူးသူ့ကိုအမွေပြတ်စွန့်လွှတ်မှာလန့်နေတာ
အဖိုးကလည်းငယ်ငယ်ထဲကအနိုင်ပေးထားတော့ ဖွားဖွားကအိမ်မှာဘုရင်မပဲ"

"သူ့ဝန်ထမ်းတွေကိုဆက်ဆံတာလည်းတကယ်ဆိုးရွားတယ် အလုပ်သမားနဲ့အလုပ်ရှင်ဆိုတာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီလေ ထယ်ရ"

ကိုကိုပြောတာကြားပြီးအံ့ဩသွားသည်။ကိုကိုပြောနေတဲ့ပုံကဘူဆန်ကအဖြစ်အပျက်ကိုပြောနေဟန်မတူ။
ဆိုးလ်ကအကြောင်းကိုပြောနေတာဖြစ်သည်။ဘူဆန်ကအကြောင်းကိုစကားမစသောကိုကိုကကျွန်တော့အပြစ်ဟုထင်နေမှာမလိုလားပါဘူးတဲ့။

"ကိုကိုကဘယ်လိုသိ"

"စုံစမ်းထားတာလေ ကိုကိုကမကြာခင်အောင်မြင်လာမှာ လက်စားချေမလို့
ထယ့်အဖွားကို သူ့ထက်သာနေရမယ်စီးပွားရေးမှာ ထယ်သဘောတူလား"

"ကိုကို့ ကိုမယုံကြည်တာတော့မဟုတ်ပေမယ့် ဖွားဖွားက ငယ်ငယ်ထဲကချမ်းသာလာတာ အင်အားကြီးတယ်
အခြေခိုင်တယ်ပေါ့ဗျာ တော်ရုံနဲ့လဲမသွားလောက်ဘူး ထယ်ပြောချင်တာက
ကိုကိုသူ့ကိုပြိုင်ဖို့မလွယ်လောက်ဘူး"

"မလွယ်မှန်းသိတယ် ကိုကိုကြိုးစားမယ်တစ်ညမှာ၅နာရီပဲအိပ်တယ်
အလုပ်နဲ့ပတ်သတ်တာတွေလေ့လာနေပြီအထက်တန်းအောင်တာနဲ့အလုပ်သင်ဝင်ရင်းကျောင်းတက်မှာ ထယ်စောင့်ကြည့်နေ ကိုကိုက၅နှစ်အတွင်းမှာစီးပွားရေးစလုပ်နိုင်ရမယ်"

"ဒါပေါ့ ယုံတယ်ကိုကို ဖိုက်တင်း"

"ကိုကို ချမ်းသာလာရင်ထယ်ကိုလက်ဆောင်ပေးမယ် အခုထဲကလိုချင်တာစဉ်းစားထား"

"တစ်ခါထဲပြောလိုက်မယ်လိုချင်တာကို ဖွားဖွားရှေ့မှာခေါင်းမော့ပြီး ထယ်လေးကို ကိုကိုလာခေါ်တာလို့ဆိုပြီး ပြောပေးမလားဟင်"

ဂျောင်ဂုကိုဒီစကားပြောချိန်မှာ
ထယ်ယောင်းအတွက်တော့သေမိန့်ချခံရတော့မယ့်သူလိုစိုးရိမ်စိတ်ကြီးမားစွာနဲ့။ကိုကိုပါးစပ်ကထွက်လာမယ့်စကားလုံးတွေကထယ်အတွက်တော့ညအလယ်မှာလမ်းပျောက်နေတဲ့ကလေးလေးကသူ့ကိုလာကယ်ပေးမယ့်သူကိုတမ်းတနေမိတဲ့ခံစားချက်မျိုးပဲလမ်းမပျောက်ခင်လာပေးပါကိုကို။

"ကျိန်းသေပေါက် ကိုကိုလာခေါ်မယ် ထယ်သာယုံယုံကြည်ကြည်နဲ့ကိုကို့ရဲ့လက်ကိုဆွဲပြီးလိုက်ခဲ့"

"လိုက်ခဲ့မယ် ကိုကို့လက်ကိုဆွဲပြီးသွားရင်းနဲ့နွေးထွေးတဲ့အိမ်ကိုရောက်လိမ့်မယ်လို့ယုံကြည်တယ် ထယ်ကိုဘူဆန်မှာအိမ်ရှာပေးသလိုပေါ့ ကြိုးစားကိုကို
အခုကနွေဦးမလို့ပါ ဆောင်းဦးရောက်ရင်အလှပဆုံးရှင်သန်နိုင်မှာပါ ဖြူဖြူစင်စင်အေးအေးချမ်းချမ်းလေးနဲ့ပေါ့"

သူ့ကိုလာခေါ်ပါပြောပြီးဂျောင်ဂုပြောမယ့်စကားကိုစိုးရိမ်စိတ်အပြည့်ပါသောမျက်ဝန်းတွေဖြင့်စောင့်စားနေသောထယ်ယောင်းကိုကြည့်ကာဂျောင်ဂုပိုသေချာသွားသည်။သေချာတာပေါ့ထယ်ရယ်ကိုကိုအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်တာ မင်းကိုကာကွယ်ပေးချင်တာကအရေးအပါဆုံးဖြစ်နေပြီထင်တယ်။

"ကိုကိုတို့ စာသင်ခန်းထဲပြန်သွားရအောင်"

"ဟုတ်"

လမ်းလျှောက်နေရင်းနဲ့ထယ်ယောင်းကိုဂျောင်ဂုကြည့်နေမိသည်။အရွယ်ရောက်လာပြီကိုယ့်ရဲ့ကလေးလေး။

"ထယ် မနက်ကိုပဲပေါင်မုန့်ယူခဲ့မယ်ကြိုက်သေးလား စားချင်လား"

"စားချင်တာပေါ့ကိုကိုရာ ဒီမှာဝယ်စားလဲအန်တီအရသာကိုမမှီဘူး အဲ့အရသာကလေ မေ့မရဘူး"

"မနက်ကြ ကိုကို ကိုယ်တိုင်လုပ်ပြီးယူခဲ့မယ် သင်ထားတယ်"

"ကိုကိုအရင်ကလဲလုပ်နေတယ်ပေါ့ အဲ့မုန့်ကိုဘယ်သူအရင်စားတာလဲ ပြောထယ်ကိုလုပ်ကျွေးဖို့သင်မှာဆိုပြီးတော့"

"အာ...မိန်းမချောလေးအရင်စားတာပေါ့ ထယ်ကမှမရှိတာ"

"မရှိလဲထယ်ကိုပဲအရင်ကျွေးရမှာလေ ကိုကို့စကားတွေစာအုပ်ထဲမှာရှိတယ်နော် ဘယ်ကမိန်းမချောလဲ"

ဂျောင်ဂုကိုစူပုတ်ကောက်ချိတ်နေတဲ့မျက်နှာနဲ့ရစ်နေသောထယ်ယောင်း။ဂျောင်ဂုဆက်စနေရင်ငိုနိုင်ဖွယ်အရိပ်အယောင်တွေ့ရတာမလို့ရပ်လိုက်ရသည်။

"စတာပါထယ်ကလဲ မိန်းမချောလေးဆိုတာမေမေလေ သူမြည်းပေးမှအရသာကိုကိုထိန်းနိုင်မှာပေါ့ အဲ့ဒါကြောင့်ပါ
ဘယ်သူမှလုပ်မကျွေးပါဘူး ထယ်အတွက်ပဲ"

"ပြီးရော ကိုကိုမစနဲ့နော် ထယ်ကမောတယ် နှလုံးအားနည်းတော့လေ နောက်မစနဲ့နော် ဟီး"

"ထယ်အဲ့ဒါသက်သာရဲ့လား ကိုကိုကမမေးမိဘူးထယ်နေကောင်းတယ်ပဲထင်တာ"

"မဟုတ်တာကိုကို သက်သာတယ်ဆေးလည်းအမြဲစစ်တယ် ခုနကသက်သက်စတာပါ စိတ်မပူနဲ့နော်"

နှစ်ယောက်သားစကားပြောရင်းနဲ့နှုတ်ဆက်ကာအတန်းထဲသို့သွားဖို့ပြင်ရင်း ဖုန်းနံပါတ်ကိုမပေးဘူးဘာညာပြောကာ ဖုန်းကိုအိပ်ကပ်ထဲကသူပဲထုတ်ယူကာနံပါတ်တွေအပြန်အလှန်ရိုက်နေလေတော့တယ်။သူ့နံပါတ်ကိုထည့်ပေးပြီး
နာမည်နေရာမှာရေးထားတာ
ထယ်လေးဆိုပြောပြီးပေးသွားတယ်။
ဂျောင်ဂုမှာဘာမှမပြောနိုင်ပဲအသည်းယားကဆံပင်အုပ်အုပ်လေးကိုသာလက်နဲ့ဖွပေးလိုက်တော့တယ်။

"မေမေရေ မေမေ"

ထယ်အိမ်သို့ပြန်ရောက်တော့မေမေ့ကိုအော်ခေါ်နေမိတယ်။ကိုကိုနဲ့အကြောင်းကိုပြောပြရမယ် အမေရော အဒေါ်ကြီးရောဝမ်းသာနေမှာ။

"ထယ်လေး ဘာလို့အော်နေတာလဲ ဖွားဖွားဆီလာအုံး"

"ဖွားဖွားပြန်ရောက်တာစောသားပဲ သားကအခုဗိုက်ဆာနေလို့ပြီးမှလာခဲ့မယ်"

ဧည့်ခန်းထဲမှာခြေချိတ်ထိုင်ကာဖျော်ရည်သောက်နေသောဖွားဖွားကိုမဟုတ်တဲ့စကားကိုလုပ်ပြောကာမီးဖိုခန်းထဲသို့ဝင်လာလိုက်သည်။

"သားလေး ဗိုက်ဆာလို့လား"

"ဟုတ်သားကိုမုန့်ကျွေးမေမေ"

ထယ်ယောင်းကအဖွားကြားအောင်အော်ပြောနေပေမယ့်လက်ကတော့ကာပြကာမဆာဘူးဟုအရိပ်အယောင်ပြလိုက်သည်။သူ့အနားကိုမေမေရောအဒေါ်ကြီးပါရောက်လာသည်။ကိုကိုနဲ့တွေ့တဲ့အကြောင်းကိုပြောပြလိုက်သည်။နောက်နေ့မေမေကထမင်းပိုထည့်ပေးလိုက်မယ်ပြောသည်။အဒေါ်ကြီးကတော့သိုသိုသိပ်သိပ်နေဖို့သတိပေးသည်။ထယ်ယောင်းလဲပြောပြီးအပေါ်တက်ဖို့အပြင်ထွက်လာတော့ဖွားဖွားကဧည့်ခန်းမှာရှိနေတုန်း။

"ထယ်လေး ဒီနေ့ပျော်ရွှင်နေတာပဲမျက်နှာလေးလန်းနေတယ်"

"ဖွားဖွားကသားကိုအရမ်းချစ်ပြီးတော့မျက်နှာအမူအရာပါသိတယ် သားလဲဖွားဖွားကိုချစ်တယ် ဒါပေမယ့်ချစ်တဲ့စိတ်တွေကိုအရောင်စုံနာမည်တပ်ပြီးမလုပ်ပါနဲ့ဖွားဖွား"

"ဘာတွေပြောနေတာလဲ ထယ်လေးကအရွယ်ရောက်လာတာနဲ့ဖွားဖွားကိုမကျေနပ်ချက်တွေထုတ်ဖော်နေတာပဲ
ကြာခဲ့ပြီလေ ဖွားဖွားတမင်မလုပ်ဘူးနော်ထယ်အပြစ်ပဲလေ"

"သားမှာဘာအပြစ်မှမရှိဘူးလို့ခံယူထားတယ် အခုဘာအပြစ်မှမရှိတာသေချာသွားပြီ သားကကြာပေမယ့် မေ့မရဘူးလေ မှတ်ဉာဏ်ကအရမ်းကောင်းနေတယ် ကင်မ်မီရီရဲ့မြေးဆိုတော့"

ဒါထယ်ယောင်းမကျေနပ်တာလုပ်တိုင်း
သူမမြေးမလို့ဒါတွေတက်နေတာလုပ်တာနဲ့ပြောနေကြ။ဂျွန်ဂျောင်ဂုနဲ့ဖြစ်ပြီး
ထဲကသူမနဲ့ထယ်ယောင်းကြားဆက်ဆံရေးကဆိုးလာသည်။ကလေးကအရွယ်ပါရောက်လာတော့သူ့စကားနားမထောင်တော့။သူ့အမေလိုစိတ်ဓာတ်က အောက်တန်းစားသူတွေထဲကကိုဆွဲထုတ်လို့မရဘူး။

ထယ်ယောင်းပြောချင်တာပြောလိုက်ရတော့ရင်ထဲပေါ့သွားသည်။ကိုကိုတောင်ကြိုးစားပြီးနေထိုင်နေတာပဲ ဒီလောက်ကိုကြောက်မနေတော့ဘူး။
ဒိုင်ယာရီလေးကိုဖွင့်ကာရေးရမယ့်အကြောင်းတွေကအများကြီးရှိခဲ့ပြီ။စာအုပ်လေးနဲ့ပဲအဖော်ပြုခဲ့တဲ့နေ့ရက်များကအခုတော့လှပစွာပွင့်လန်းလာခဲ့ပြီ။တစ်နေ့တစ်ခါဖွင့်ကြည့်နေကြစာအုပ်လေးကတော်တော်ကြာကြာအနားယူပြီးပြီမလား။ဒီနေ့ကစပြီးအလုပ်များရတော့မယ်
စာအုပ်လေးရေ......
အမှတ်တရများစွာရှိနေတဲ့မင်းကအနားမှာငါနဲ့အတူအကြာကြီးနေပေးကွာ......
နွေးထွေးတဲ့နယ်မြေနဲ့ပျော်ရွှင်ခြင်းလွင်ပြင်ရှိတဲ့နေရာကိုသွားတဲ့အခါ.....
မင်းကိုပါခေါ်သွားမှာမလို့ငါတို့အတူကြိုးစားကြမယ် မင်းရယ် ငါရယ်
ကိုကိုရယ်ပေါ့.......

Be Happy⛄
Zante💜

ရေးတာဘယ်တွေရောက်ကုန်ပြီမှန်းမသိတော့ဘူးနဲနဲချာနေသလိုပဲဘေဘီတို့ရေ😥....

ဖတ်ပေးသူသဲလေးတစ်ယောက်ချင်းစီတိုင်းကိုချစ်ခင်လေးစားလျှက်.......

#Zawgyi








ဟီး...လမ်းမပျောက်ပါဘူး"






ငါနဲ့စတွေ့တာကရော"



"မမှတ်မိဘူး ရှင်းလား"

"မင်းရက်စက်တယ်ငါ့ကို"

ဟားဟားဟား.....



"မင်းကရော"

ဟားဟား"







"အားးဂျန်ဂျင်ဂူး"




"ထယ် ထမင်းမစားဘူးလား
canteen သွားကြမယ်လေ"




ဘာဂါဝယ်လာခဲ့မယ်တဲ့"


















"ကိုကိုကဘယ်လိုသိ"












"ဟုတ်"














"မေမေရေ မေမေ"













စာအုပ်လေးရေ......
ကိုကိုရယ်ပေါ့.......

Be Happy⛄
Zante💜



Continue Reading

You'll Also Like

6.7K 709 18
"ငါတို့တွေမှားနေတယ်လို့..မထင်ဘူးလားဂျောင်ကု" "အင်း..အဲ့တာကြာင့်မှားလက်စနဲ့ဆက်မှားကြရအောင်" ⚠️ဝါးနင်း!! By_Kim Mari
41.4K 2.5K 15
𝐍𝐨𝐭𝐡𝐢𝐧𝐠 𝐠𝐨𝐧𝐧𝐚 𝐜𝐡𝐠 𝐦𝐲 𝐥𝐨𝐯𝐞 𝐟𝐨𝐫 𝐲𝐨𝐮 𝐘𝐎𝐔 𝐨𝐮𝐠𝐡𝐭𝐚 𝐤𝐧𝐨𝐰 𝐡𝐨𝐰 𝐦𝐮𝐜𝐡 𝐢 𝐋𝐎𝐕𝐄 𝐲𝐨𝐮 𝐭𝐡𝐞 𝐰𝐨𝐫𝐥𝐝 𝐦𝐚𝐲...
423K 16.1K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
75.3K 5.8K 20
သူငယ်ချင်း....ဒါပေမဲ့ ပြိုင်ဖက်... Taekook(Unicode+Zawgi) Start date-26.6.2021 End date-12.10.2021