ep 18

4K 398 15
                                    

#Unicode
ဆိုင်ခန်းကိုစာချုပ်ချုပ်ပြီးတာနဲ့
ဂျောင်ဂုတို့ညစာစားဖို့ဆိုင်တစ်ဆိုင်သွားဖို့ပြင်ကြသည်။

"ကျွန်တော်ကျွေးမယ်နော်dinnerကို"

"ကောင်းကောင်းစားပါမယ်
ထယ်ယောင်းရေ"

ဂျင်ဂူးကထယ်ယောင်းကိုလက်နှစ်ဖက်ရင်မှာအပ်ကာခေါင်းကိုငုံ့ပြီးအလေးပြုသလိုစလိုက်တော့ ထယ်ယောင်းကပါပုံစံတူလိုက်လုပ်နေတော့သည်။

"ထယ်ရဲ့အမြတ်ထဲကတစ်ဝက်က
ကိုကိုဆိုင်တယ်နော်"

ဂျောင်ဂုကဆိုင်ခန်းစာချုပ်ကိုဟန်ပါပါမြှောက်ပြရင်းပြုံးပြီးပြောလာသည်။

"အာ...ဆိုင်တာမဟုတ်ဘူး ကိုကိုပိုင်တာ"

ဂျင်ဂူးတွေးလိုက်မိသည်။
ငါ့ကောင်မလေးမခေါ်လာခဲ့မိတာနောင်တရတယ်ဆိုတဲ့အတွေး။
အရှေ့ကနှစ်ယောက်ကတော့
ပြုံးရွှင်နေတော့သည်။
စားသောက်ပြီးတာနဲ့လမ်းခွဲကာ
ပြန်လာခဲ့လိုက်ကြသည်။
ဂျောင်ဂုကတော့ ထယ်ယောင်းတိုက်ခန်းကိုသာလိုက်သွားတယ်။

"ထယ် ကိုကိုမနက်ကြရင် ယူမီနဲ့သွားတွေ့ရမယ် စကားပြောချင်လို့တဲ့"

"သွားလေ ကိုကို"

သွားပြီးမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချခဲ့....ကိုကိုကြင်နာတက်တာကိုလက်ခံတယ်။
အားနာပြီးတစ်ဖက်လူအပေါ်ကိုအဆုံးထိကာကွယ်ပေးဖို့မကြိုးစားနဲ့ကိုကို။
အဲ့ဒါကအခန့်မသင့်ခဲ့ရင် ကိုယ်တိုင်ဘဝကိုရိုက်ချိုးမိသလိုဖြစ်သွားလိမ့်မယ်။
စိတ်ပျော့ပြီးကြင်နာမပြနဲ့ တစ်ချို့သောဘဝတွေရဲ့မွန်းကျပ်ခြင်းကအဲ့ကနေစတာ။
အဲ့လိုကြင်နာရမယ့်လူကကျွန်တော်ဖြစ်နေခဲ့ရင်တောင်ကျော်သွားရမယ်။
ကျေးဇူးကကျေးဇူးသပ်သပ်
အမှန်တရားကအမှန်တရား
သူတို့ကိုရောထွေးလိုက်လို့မရဘူး။
သနားချစ်ကတစ်မျိုး ရင်ခုန်ပြီးချစ်သွားတာကတစ်မျိုး အားနာပြီးချစ်လိုက်လို့တော့မရဘူးကိုကိုရာ။

"ဘာတွေ အဲ့လောက်တွေးနေတာလဲထယ်လေးရ"

"ဘာမှမဟုတ်ပါဘူး မနက်သွားတွေ့ခဲ့ရင် ဆုံးဖြတ်ချက်တွေမှန်ကန်ပါစေ
ကိုကိုနောင်တမရစေနဲ့ ကိုကိုကတော့ပျော်ရွှင်ရမှဖြစ်မယ် .......
ဘာတွေပဲဖြစ်လာပါစေကျွန်တော်ကလက်ခံပေးမယ်.......
ကုန်ကုန်ပြောမယ်ဗျာ အလုပ်မရှိတော့ရင်လဲ ကျွန်တော်ရှာကျွေးနိုင်တယ်"

Be Happy  √ Completed √Where stories live. Discover now