ep 15⛄

3.9K 423 21
                                    

#Unicode
ဂျောင်ဂု ကုမ္ပဏီမှာအစည်းအဝေးလုပ်ပြီးရုံးခန်းထဲပြန်ရောက်တော့ ယူမီထိုင်နေတာတွေ့လိုက်ရသည်။

"အချိန်ရရင် နေ့လည်စာအတူသွားစားကြရအောင်လေ ပန်းအလှပြင်မယ့်သူနဲ့လည်းတွေ့ဖို့ချိန်းထားလို့ ကိုအားရင်လိုက်ခဲ့ပေးပါလား"

"ယူမီ ကိုယ်အဲ့မတိုင်ခင်ပြောစရာရှိတယ် အားလုံးမလွန်ခင်ပြောမှရတော့မယ်"

"မပြောနဲ့ကို ဘာမှမပြောပါနဲ့အချိန်တန်ရင်အရာအားလုံးနေသားကျသွားမှာပါ"

ယူမီပြောလိုက်တဲ့စကားကြောင့်
ဂျောင်ဂုခဏတာတော့အံ့အားသင့်သလိုဖြစ်သွားမိသည်။အရာအားလုံးကအချိန်တန်ရင်နေသားကျသွားမှာပါဆိုတော့ ယူမီကသိနေတာလား။

"ယူမီ ကိုယ်တို့ကိုသိနေတာလား"

"မထင်မှတ်ပဲ အနည်းငယ်သိခဲ့ရတာပါ
ကိုယ်တို့အကြောင်းမဟုတ်ဘူး ယူမီသိတာကို့ရဲ့အတိတ်ကအကြောင်းပါ အတိတ်ကိုအတိတ်မှာပဲထားလိုက်ပါကိုအသစ်တဖန်မနိုးထပါနဲ့"

"ယူမီသိတာအကုန်မဟုတ်ဘူး အားလုံးကို ကိုယ်ရှင်းပြမယ် ထယ်အသက်အန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရတာက ကိုယ်နဲ့တွေ့ဖို့ထွက်လာလို့ ငယ်ငယ်ထဲကစိတ်ဆင်းရဲပြီးသူ့အဘွားနဲ့မတည့်တာ ကိုယ့်ကို ကိုကိုဆိုပြီးရင်းရင်းနှီးနှီး ခေါ်ပြီးချစ်ခင်ပေးခဲ့လို့ အမြဲကိုယ့်ကြောင့်တစ်ခါမှမပျော်ရွှင်ရသေးတဲ့ ကလေးလေးပါ"

"ကို့ကြောင့်မပျော်ရွှင်ရတဲ့သူက
ထယ်ယောင်းတစ်ယောက်နဲ့တင်လုံလောက်နေပြီမဟုတ်လား ကိုစိတ်ထင်ရာလုပ်မယ်ဆိုရင် ယူမီကရောပျော်ရွှင်ရပါ့မလား မိသားစုတွေရဲ့ပျော်ရွှင်မှု့ကရော"

ယူမီမရ ရတဲ့နည်းနဲ့အဆုံးထိစွဲထားမှာကို။ညီကိုတစ်ယောက်လိုချစ်ခင်ရင်နှီးနေတာကို အထင်မှားတဲ့အဆင့်ထိတိုးသွားစရာမှမလိုတာပဲ။ထယ်ယောင်းကိုတွေ့တဲ့သူတိုင်းကချစ်ကြတာအဆန်းမှမဟုတ်တာ။မင်းကိုချစ်တာမှန်ပေမဲ့
မမချစ်ရသူကိုပေးခဲ့ရလောက်အောင်အထိမချစ်ပေးနိုင်ဘူးထယ်ယောင်းရယ်။လမ်းမှန်ကိုထယ်ယောင်းရွေးနိုင်ဖို့ကိုဆုတောင်းနေမိသည်။

Be Happy  √ Completed √Tahanan ng mga kuwento. Tumuklas ngayon