Final

7.7K 476 36
                                    

#Unicode

ဂျောင်ဂုတို့ ကားလေးကဘူဆန်ကိုဦးတည်နေတော့သည်။လေယာဉ်နဲ့သွားရတာထက် ကားနဲ့သွားရတာကိုသဘောကျတယ်ဆိုတဲ့ထယ်လေးကြောင့် ကားနဲ့သာသွားဖြစ်ကြသည်။
လမ်းမှာရှု့ခင်းတွေကြည့်မယ်လို့ပြောလာခဲ့တဲ့ကောင်လေးက တကယ်တမ်းကြတော့ အိပ်မောကြနေခဲ့ပြီ။
ခြုံစောင်အပါးလေးကိုရင်ဘက်အပေါ်အထိရောက်အောင်ဆွဲတင်ပေးလိုက်ပြီး
Air con ကိုလျှော့ချပေးထားလိုက်ရသည်။ဘူဆန်မြို့ကိုဝင်ခါနီးမှာ ထယ်ကနိုးလာခဲ့သည်။

"အာ...ကိုကို.... ရောက်တော့မှာဘဲ"

"အင်း ကားစီးရတာသက်တောင့်သက်သာရှိရဲ့လား"

"ရှိတယ်ကိုကို ကျွန်တော်ကားစီးရတာသဘောကျတယ်...အာ ဒါနဲ့ကိုကိုတစ်လမ်းလုံးမောင်းလာရတော့ပင်ပန်းနေမှာပေါ့ ကျွန်တော်ကူမောင်းပေးရမလား"

"ရပါတယ်ဗျာ ကိုကိုကမပင်ပန်းပါဘူး"

ထယ်ယောင်းမှာ ကိုကို့ကိုပြောဖို့ကိုတွန့်ဆုတ်နေမိသည်။တကယ်ကဘူဆန်ခြံကအိမ်ကြီးကို ဖွားဖွားကသူ့နာမည်နဲ့ပြောင်းပေးလိုက်ပြီ ဖြစ်ပေမယ့်
ကိုကိုမနေချင်မှာစိုးရိမ်နေမိသည်။
သူတို့လာတယ်ဆိုထဲက အဲ့အိမ်မှာတည်းဖို့ ဖွားဖွားက အကုန်စီစဉ်ခိုင်းထားသည်။
ကိုကိုကလဲသူ့hotelမှာတည်းဖို့စီစဉ်ထားတာတဲ့။

"ကိုကို ဟိုဟာလေ အိမ်မှာသွားတည်းကြမလား ကိုကိုတည်းချင်မှပါ အဲ့ခြံထဲကိုပြန်မသွားချင်လဲရပါတယ်"

ကိုကိုကဘာမှပြန်မပြောလာခဲ့။
သက်ပြင်းချပြီးထယ်ယောင်းကိုလှည့်ကြည့်လာခဲ့သည်။

"အင်း....ထယ်လေး ငယ်ငယ်ကနေခဲ့တဲ့အခန်းကို ကိုကိုလဲကြည့်ချင်ပါတယ်
ခြံထဲလည်းသွားချင်ပါတယ်.....
ဒါပေမယ့် ကိုကိုတို့အခုညနေhotelကိုဘဲသွားကြရအောင် နောက်နေ့ကြမှအဲ့အိမ်ကိုသွားမယ်လေ"

"ဟုတ်.... ကိုကို"

ထယ်ယောင်းကဘာမှစောဒကတက်စရာမရှိပါ။သူ့နားကိုကိုရှိရင်ရပြီ။
သူ့ကြောင့် ကိုကိုစိတ်ဒုက္ခရောက်မှာ
မလိုလား။သူတို့မိသားစုကငွေကြေးပြည့်စုံကြပေမယ့် နွေးထွေးမှု့မရှိခဲ့ဘူး။
ကိုကိုတို့မိသားစုကနွေးနွေးထွေးထွေးရှိတယ်။ပြီးတော့ သူနဲ့ကိုကိုလည်း
နွေးထွေးမှု့အပြည့်ရှိတဲ့ဘဝလေးကိုသာပုံဖော်ချင်တယ်။အဲ့ဒါကြောင့်သူက
ကိုကို့အပေါ်မှာဇွတ်တိုးပြီးပြောတောတွေကိုဘယ်တော့မှမလုပ်ဘူး။
ကိုကိုကလဲအတက်နိုင်ဆုံးသူ့ကိုလိုက်လျောပေးသည်။
သူတို့ကားလေးhotelရောက်တော့
မှောင်ရီပျိုးနေခဲ့ပြီ။မီးရောင်လှလှပပလေးတွေ လင်းစပြုနေခဲ့ပြီ။
ဝန်ထမ်းတွေကအိတ်တွေသယ်သွားပေးကြသည်။ကိုကိုကတော့ ထယ်ယောင်းကို ရေကူးကန်ကိုအရင်လိုက်ပြနေသည်။

Be Happy  √ Completed √Where stories live. Discover now