ZAWGYI
Jungkook တို႔ျခံေရွ႕ေရာက္တာနဲ႔ ကားဟြန္းတီး
လိုက္ၿပီး ျခံတံခါးလာအဖြင့္ကို ကားထဲမွာပဲ Taehyung ေစာင့္ေနရင္း company ကျပန္လာ
တဲ့ Jimin ကားနဲ႔တိုးသည္။
ျခံတံခါးလာဖြင့္ေပးေတာ့မွ ျခံထဲ Taehyung ကားအရင္ဝင္လိုက္ၿပီး Jimin ကားေနာက္က
လိုက္ဝင္လာသည္။
Taehyung ေဘးခံုက ေဆးအိတ္ကိုယူရင္း ကားေပၚကဆင္းၿပီး အိမ္ထဲမဝင္ေသးဘဲ Jimin ကားထဲကထြက္အလာကို ေစာင့္ေနရင္း...
"Taehyung အိမ္ကို ဘာကိစၥရွိလို႔လဲ.....
ေဆးအိတ္နဲ႔ဆိုေတာ့ ဘယ္သူဘာျဖစ္လို႔လဲ....."
"မသိဘူး...မင္းအိမ္က ငါ့ကို ဘယ္သူဘာျဖစ္တယ္ မေျပာဘူးကြ...ဘာပဲျဖစ္ျဖစ္ ငါလဲ လာခ်င္ေနတာနဲ႔
အေတာ္ပဲ...Jin Hyung ကိုေတြ႕ခ်င္လြန္းလို႔ ေသေတာ့မယ္...ကားကိုအျမန္ဆံုးႏႈန္းနဲ႔ ေမာင္းလာရတာ...ဟီး"
Taehyung စကားေၾကာင့္ Jimin ဝမ္းနည္းရိပ္
သန္းသြားတဲ့ မ်က္ႏွာကိုထိန္းရင္း ဟန္ေဆာင္အျပံဳး
ေလး ျပံဳးလိုက္သည္။
"ကဲပါကြာ...လာ အိမ္ထဲဝင္ရေအာင္"
Jimin ေခၚရာေနာက္ အိမ္ထဲကိုသာ Taehyung လိုက္ဝင္လာသည္။အထဲေရာက္တာနဲ႔ Seokjin ကိုမ်ား ေတြ႕မလားဆိုၿပီး Taehyung မ်က္လံုးအႏွံ႔ လိုက္ရွာရတာ အေမာ...
"အေမ...ေနမေကာင္းလို႔လား...ဘာျဖစ္လို႔လဲ....
Taehyung ကိုေခၚတယ္ဆိုေတာ့ အေမတစ္ခုခု
မ်ားျဖစ္လို႔လား..."
အေပၚထပ္ကဆင္းလာတဲ့ အေမကို Jimin စိုးရိမ္တႀကီးေမးသည္။
"အေမဘာမွမျဖစ္ပါဘူးကြယ္...ျဖစ္တာက Seokjin ေလးပါ"
Jungkook အေမရဲ႕စကားလဲၾကားေရာ Taehyung ေသြးတို႔ဆူပြက္လ်က္..အေလာတႀကီး Jungkook အေမနားေျပးသြားၿပီး..
"Seokjin ဘယ္မွာလဲ အန္တီ...
သူ...သူဘာျဖစ္လို႔လဲ..."
"စိတ္ေအးေအးထားပါ Taehyung...သား သူ႔ကို
Seokjin ေလးအခန္း လိုက္ပို႔ေပးလိုက္.."
"ဟုတ္ကဲ့အေမ..လာ Taehyung သြားရေအာင္.."
Seokjin အခန္းတံခါးေလးကို ဆြဲဖြင့္လိုက္ေတာ့ ကုတင္ေပၚမွာလွဲေနတဲ့ Seokjin နဲ႔ ကုတင္ေပၚ တင္ပလြဲထိုင္ၿပီး ေရပတ္တိုက္ေပးေနတဲ့ Jungkook ကိုျမင္လိုက္ရသည္။
Taehyung ကုတင္ဆီ အျမန္ေျပးသြားလိုက္ေတာ့ Seokjin နဖူးေပၚတင္ေပးထားတဲ့ ေရစိုသဘက္
ေလးကို ယူၿပီး Jungkook အလိုက္သတိ
ဖယ္ေပးလိုက္သည္။
Seokjin နဖူးေရာ ပါးေရာ မ်က္ႏွာအႏွံ႔ လက္ေလးနဲ႔ ဖြဖြေလး စမ္းသပ္ရင္း Jungkook ဆီ Taehyung အၾကည့္စူးစူးပို႔မိသည္။ဒီေလာက္ ဂရုစိုက္ေပးပါလို႔ ေတာင္းဆိုလိုက္တာေတာင္ Seokjin အခုလိုျဖစ္ရ
သည္ေလ..Jungkook ကိုေတာ့ Taehyung နည္းနည္းတင္းသြားသည္။
သူ႔ဆီ စူးစိုက္ၾကည့္လာေသာ Taehyung ေၾကာင့္ Jungkook လဲ ဘာလဲဆိုတဲ့သေဘာနဲ႔ မ်က္ခံုးပင့္ကာ ျပန္စိုက္ၾကည့္သည္။
"ဘယ္လိုျဖစ္တာလဲ Hyung က....မင္းကို ဂရုစိုက္
ေပးပါလို႔ ဒီေလာက္ေတာင္းဆိုလိုက္တာကို....."
"ေရကူးကန္ထဲ ျပဳတ္က်တာ..ေၾကာက္ၿပီး ဖ်ားသြား
တယ္လို႔ထင္တာပဲ..အခုထိ သတိျပန္မလည္လာ
ေသးဘူး"
"က်စ္...ရၿပီ....မင္းတို႔ ထြက္သြားလို႔ ရၿပီ"
"ေနပါဦး....ငါတို႔ဖာသာ ေနေနမေနေနေပါ့..
ေဆးကုတာ ေဘးလူရွိေတာ့ ဘာျဖစ္လို႔လဲ"
"ေနခ်င္တယ္ဆိုလဲ ေနပါ..ငါ Hyung အေၾကာင္း
ကိုအသိဆံုး...သူကဖ်ားရင္ အိပ္တာမို႔လို႔..ျပီးေတာ့ မင္း ေရပတ္တိုက္ေပးထားလို႔ အဖ်ားကသိပ္မ
ရွိေတာ့ဘူး...အဲ့ဒါေၾကာင့္ မင္းတို႔ကို စိတ္မပူဘဲ သြားခ်င္ရင္သြားလို႔ရၿပီလို႔ ေျပာတာ"
"အဲ့ဒါဆို ဘာမွမျဖစ္ေတာ့ရင္လဲ မင္းျပန္ရင္
ျပန္လို႔ရၿပီေလ..စိတ္မပူပါနဲ႔ သူ႔နားမွာငါရွိတယ္"
"ငါ သူႏိုးလာမွ ျပန္မွာ..."
"မင္း..."
အၾကည့္ေတြနဲ႔စစ္ထိုးရင္း စကားႏိုင္လုေနၾကေသာ သူတို႔ႏွစ္ေယာက္ၾကားကို Jimin ကပဲ ၾကားဝင္ျဖတ္ရင္း...
"ကဲပါ Jungkook ရယ္....လာပါ...ေဘးနား ဆရာဝန္တစ္ေယာက္ရွိေတာ့ ပိုမေကာင္းဘူးလား....
ဒီေန႔ မင္းမတက္လိုက္ရတဲ့ Meeting ငါေျပာျပရ
ဦးမွာမို႔ Taehyung ပဲအနားမွာ ေနပါေစေနာ္..
လာပါကြာ..Taehyung ah...Seokjin Hyung ကို စိတ္ခ်မယ္ေနာ္"
"စိတ္ခ်ပါ...ငါက Seokjin ကို အားလံုးထက္ ပိုဂရု
စိုက္ႏိုင္တယ္"
Jungkook မ်က္ႏွာတည့္တည့္ကို စိုက္ၾကည့္ရင္း Taehyung ခက္ထန္စြာေျပာသည္။
ဘာပဲျဖစ္ျဖစ္ Jungkook ကိုေတာင္းဆိုထားတဲ့
အတြက္ Seokjin ဒီလိုျဖစ္တာ Jungkook နဲ႔မဆိုင္ရင္ေတာင္ သူ Jungkook ကိုပဲ အျပစ္ေျပာႏိုင္သည္။
"ေအးပါ...ငါသိပါတယ္...လာ Jungkook..."
ေနာက္ဆံုးေတာ့ Jungkook လဲ Taehyung ကိုစူးစိုက္ၾကည့္လ်က္နဲ႔သာ Jimin ေခၚရာေနာက္ကို ရုန္းကန္ရင္း ပါသြားသည္။
Jimin လဲ ေနာက္ကိုတလွည့္လွည့္ျဖင့္ Jungkook ကိုသာ ဆြဲေခၚသြားခဲ့သည္။
*မင္းေပ်ာ္ရင္ ေက်နပ္တာမို႔ မင္းကို Seokjin နဲ႔ ပိုနီးေအာင္ ငါကူညီမွာပါ Taehyung....ဒီတစ္ႏွစ္
ပါပဲ...ဒီတစ္ႏွစ္ၿပီးရင္ေတာ့ မင္းေပ်ာ္ေလာက္ၿပီေပါ့..
မင္းကိုခ်စ္တာေတာ့ မသိေစခ်င္ေတာ့ပါဘူးကြာ*
.
.
.
.
.
Jimin တို႔ထြက္သြားမွ Taehyung ကုတင္ေပၚ
တင္ပလြဲထိုင္လိုက္ၿပီး Seokjin ကိုအရင္ လိုရမယ္ရ အဖ်ားက်ေဆးတစ္လံုး ထိုးေပးလိုက္သည္။
"Hyung ႏိုးလာရင္ေတာ့ Hyung မႀကိဳက္တဲ့ ေဆးကိုထိုးလို႔ဆိုၿပီးေတာ့ ကၽြန္ေတာ္အထုခံရမွာ အေသအခ်ာပဲ...အၾကာႀကီးမအိပ္နဲ႔ေနာ္ Hyung...
ကၽြန္ေတာ္ Hyung ကို လြမ္းတဲ့အေၾကာင္းေတြ သတိရတဲ့အေၾကာင္းေတြအမ်ားႀကီး ေျပာခ်င္ေသး
တယ္..ျမန္ျမန္ထလာေတာ့"
Seokjin ႏိုးလာတဲ့အထိ Seokjin လက္ေလးကို ဆုပ္ကိုင္လ်က္ ကုတင္ေဘးခံုေလးမွာ Taehyung မလႈပ္မယွက္နဲ႔ ထိုင္ေစာင့္ေနသည္။
.
.
.
.
.
.
Seokjin အခန္းထဲက ဘာသံမွမၾကားရတာေၾကာင့္ Jimin ဝင္လာေတာ့ ျမင္လိုက္ရတာက Seokjin လက္ေလးကိုဆုပ္ကိုင္လ်က္ ကုတင္ေပၚေခါင္းေလး
တင္ၿပီး အိပ္ေပ်ာ္ေနေသာ Taehyung...
Jimin ေစာင္ပါးေလးတစ္ထည္ယူၿပီး Taehyung ကိုယ္ေလးေပၚ ျခံဳေပးလိုက္သည္။
ၿပီးမွ ကုတင္ေပၚ ဖြဖြေလးထိုင္ရင္း Taehyung မ်က္ႏွာေပၚ ဝဲက်ေနတဲ့ ဆံႏြယ္ေလးေတြကို လက္နဲ႔သပ္တင္ေပးေနမိသည္။
ထို႔ေနာက္ အၾကည့္တို႔က လြတ္ထြက္မတတ္ တင္းတင္းဆုပ္ကိုင္ထားတဲ့ လက္ေလးႏွစ္ဖက္ဆီ ေရာက္သြားရင္း မ်က္ရည္ၾကည္ေလးေတြက ပါးႏုႏုေပၚ မဖိတ္ေခၚဘဲ ေရာက္လာခဲ့ျပန္သည္။
အခန္းေရွ႕က ေျခသံေလးၾကားတာေၾကာင့္ ကုတင္
ေပၚက အျမန္ကုန္းရုန္းထလိုက္ၿပီး က်လာတဲ့ မ်က္ရည္ေလးေတြကို Jimin အျမန္ပင္ လက္နဲ႔ပြတ္သုတ္လိုက္သည္။
"Seokjin မႏိုး..."
"ရႉး....."
အခန္းထဲဝင္တာနဲ႔ အသံက်ယ္က်ယ္ေမးလာေသာ Jungkook ကို Taehyung တို႔ႏိုးမွာစိုးတာေၾကာင့္ Jimin တိတ္တိတ္ေနရန္ အသံေပးလိုက္သည္။
"ဘာလို႔လဲ..ဟိုေကာင္ကေရာ အခုထိမျပန္ေသး
ဘူးလား...အျပင္မွာေမွာင္ေနၿပီကို..."
"သူပင္ပန္းလို႔ အိပ္ေပ်ာ္ေနတာျဖစ္လိမ့္မယ္ Jungkook..လႊတ္ထားေပးလိုက္ပါ..Seokjin နားမွာ သူရွိေနေတာ့ ပိုစိတ္ခ်ရတယ္မလား"
"ဒီတိုင္းေလး ထိုင္ေစာင့္ေပးရံုပဲကို....ကၽြန္ေတာ္လဲ ေစာင့္ႏိုင္တာပဲ"
မ်က္ႏွာခပ္တည္တည္နဲ႔ လက္ပိုက္ရင္း Jungkook ပြစိပြစိေျပာသည္။
"မတူဘူးေလ Jungkook...သူက Seokjin ခ်စ္တဲ့သူ...မင္းက ဘာမို႔လို႔လဲ....သူခ်စ္တဲ့ Taehyung သူ႔အနားမွာရွိေတာ့ ပိုမေကာင္းဘူးလား"
Jimin စကားေၾကာင့္ Jungkook ခဏတာ ဆြံ႕အသြားခဲ့သည္။
"Yah...ကၽြန္ေတာ္က..."
"ဟင္....Jimin....."
သူတို႔ႏွစ္ေယာက္ရဲ႕ ပြစိပြစိစကားသံေတြေၾကာင့္ Taehyung ႏိုးလာခဲ့သည္။
"အာ....Taehyung ႏိုးၿပီလား....ႏိုးရင္လဲ ထမင္းထစားပါဦးလား...."
"ဘယ္အခ်ိန္ေတာင္ ရွိသြားၿပီလဲ"
"ည (၈) နာရီထိုးေနၿပီ"
"ဟင္....အဲ့ေလာက္ေတာင္ ျဖစ္သြားတာလား...
Seokjin လဲ ႏိုးမလာေသးဘူး"
"ဘာပဲျဖစ္ျဖစ္ ညစာဆင္းစားလိုက္ပါကြာ...
မင္းဘာမွမစားရေသးဘူးမလား..Seokjin နားမွာေနဖို႔ ငါတို႔ရွိပါတယ္"
စကားေျပာေနၾကေသာ ထိုႏွစ္ေယာက္ၾကား Jungkook ဝင္မပါဘဲ ေဘးမွာသာ ရပ္ေနသည္။
ထူးဆန္းေနသည္က Seokjin ကလြဲၿပီး ဘယ္သူမွ
အေရးတယူမလုပ္တတ္တဲ့ Jimin ဟာ Taehyung ကို တရင္းတႏွီးေျပာေနေလသည္။
Seokjin ကေတာ့ အိမ္မွာလာေနတာမို႔ ညီအစ္ကိုလို ရင္းႏွီးလို႔ထားလိုက္ပါေတာ့...Taehyung က အခုမွ ဒုတိယအႀကိမ္အိမ္ေရာက္ဖူးၿပီး မိသားစုဆရာဝန္
ျဖစ္တာလဲမၾကာေသးတာကို..
Jimin ထူးဆန္းေနတာေတာ့ ေသခ်ာသည္။
"ဒါေပမယ့္...."
"ကဲပါကြာ...သြားစားစမ္းပါ...စားၿပီးမွ ျပန္တက္
လာခဲ့...မင္းတစ္ေယာက္ထဲျဖစ္ေနမွာစိုးရင္
ငါပါလိုက္ခဲ့ေပးမယ္...Jungkook..Seokjin နားမွာ ခဏေနေပးေနာ္"
"Yah....Ji....."
ေျပာခ်င္တာေျပာၿပီး Taehyung ကိုအတင္းဆြဲ
ေခၚသြားေသာ Jimin ကို Jungkook လွမ္းေခၚဖို႔ပင္ မမွီလိုက္....
ၿပီးမွ ကုတင္နားကိုေလၽွာက္သြားလိုက္ၿပီး...
"ခင္ဗ်ားက အအိပ္ပုတ္ေလးဘဲ"
Jungkook ေျပာၿပီးတာနဲ႔ Seokjin အခန္းထဲရွိ စာၾကည့္စားပြဲေလးေပၚမွာ Company အလုပ္ေတြထိုင္လုပ္ေနလိုက္သည္။
.
.
.
.
.
.
"ေရာ့....ဒါလဲထည့္စား...."
ကိုယ္တိုင္ကိုယ္က် အေရွ႕မွာထိုင္ၿပီး ဟင္းေတြတစ္ခု
ၿပီးတစ္ခု ထည့္ေပးေနေသာ Jimin ေၾကာင့္ Taehyung တစ္ခ်က္ျပံဳးမိသည္။
"ဥကၠဌႀကီးေရာ ...."
"အေမက Hyung နဲ႔အတူ ညစာစားၿပီးထဲကအခန္း
ထဲဝင္နားေနၿပီ...လူႀကီးဆိုေတာ့ ပင္ပန္းတယ္ေလ...
ဒီအရြယ္မွာဒီလိုလုပ္ႏိုင္တာပဲက်န္းမာေရးေတာ္ေတာ္
ေကာင္းတယ္လို႔ ေျပာရမယ္...ဒါေတာင္ Seokjin Hyung အနားမွာေနေပးမယ္လုပ္ေနေသးတာ...
ငါတို႔ရွိတယ္ နားပါဆိုၿပီး မနည္းတားထားရလို႔...."
"ဒါဆိုမင္းကေရာ မစားဘူးလား...ငါနဲ႔တစ္ခါတည္း
ဝင္စားေလ"
"ဟင့္အင္း မစားခ်င္ေတာ့ဘူး....ဗိုက္ျပည့္သြားၿပီ"
"ငါလဲစားလို႔ၿပီးၿပီ...အေပၚျပန္တက္ရေအာင္"
စားၿပီးတာနဲ႔ ခံုေပၚက ခ်က္ခ်င္းထထြက္သြားေသာ Taehyung လက္ကို Jimin လွမ္းဆြဲလိုက္ရင္း...
"ေနပါဦး Taehyung ရာ အေလာတႀကီးနဲ႔....
ထမင္းစားၿပီး အစာေၾကေအာင္လို႔ လမ္းေလၽွာက္...."
"ငါအဲ့ဒါေတြ မလုပ္ႏိုင္ေသးဘူး Jimin....အခုခ်ိန္မွာ ငါ Jin Hyung အနားမွာေနရမွာ..."
ထေအာ္လာေသာ Taehyung ေၾကာင့္ ေဘးက
အလုပ္သမားေတြအျပင္ Jimin ပါလန္႔သြားရၿပီး ခနၱာကိုယ္ေလးပါ တုန္တက္သြားသည္အထိ...
ပ်က္ယြင္းသြားေသာ Jimin မ်က္ႏွာေၾကာင့္ Taehyung သူ႔စကားမွားသြားမွန္း သိလိုက္သည္။
"ငါ မင္းရဲ႕ေစတနာကို နားလည္ပါတယ္....ဒါေပမယ့္ ငါ...."
"ငါသိပါတယ္ Taehyung....သြားရေအာင္ေလ Seokjin Hyung ဆီ...."
Jimin က်လုဆဲဆဲ မ်က္ရည္ေတြကို ထိန္းရင္း အေရွ႕ကပဲ ဦးေဆာင္ထြက္လာခဲ့လိုက္သည္။
ခ်စ္သူရွိေနတဲ့လူတစ္ေယာက္ကို သေဘာက်မိေတာ့လဲ ဒီလိုပဲ နာက်င္ရတာေပါ့..။
.
.
.
.
.
"အင္းးးး......"
Jungkook စာရင္းေတြလုပ္ေနရင္း အသံရွည္ဆြဲ
သံေလးၾကားလိုက္ရတာေၾကာင့္ ကုတင္ဘက္
ၾကည့္လိုက္ေတာ့ ထင္သည့္အတိုင္း ဟိုအေကာင္ေပါက္ေလးပင္..
အိပ္ရာႏိုးတာနဲ႔ မ်က္ခြံမို႔မို႔ေလးေတြကို လက္သီးဆုပ္
ေသးေသးေလးေတြနဲ႔ ပြတ္သပ္ရင္း အပ်င္းေၾကာ
ဆန္႔ေနေတာ့ အဆီအပိုမရွိဗိုက္သားေဖြးေဖြးေလးေပၚ
မိုးျပာေရာင္အက်ႌစေလး လစ္ဟာသြားသည္။
အဖ်ားရွိန္နဲ႔ေရာ မ်က္ႏွာတစ္ခုလံုးကိုပြတ္သပ္
ေနေသာ လက္ႏုႏုေလးေတြေရာေၾကာင့္ ခ်က္ခ်င္း
ဆိုသလို ပါးျပင္မို႔မို႔ေလးနဲ႔ ႏွာေခါင္းထိပ္ေလးေတြ
ဟာ ပံုမွန္ထက္ ပိုၿပီး ရဲတြတ္ေနေလသည္။
သူသာကုတင္ေပၚတက္ၿပီး အသဲတယားယား ဖ်စ္
ညႇစ္လိုက္ရင္ေတာ့ဒီလူသားအရိုးေတြေက်ႏိုင္
ေလာက္သည္။
အား..Jeon Jungkook...
ဘ..ဘာေတြေတြးေနရတာလဲ..
Jungkook သူ႔ဘာသူ ေတြးၿပီးေတာ့မွ သူမဟုတ္သလို ေခ်ာင္းတစ္ခ်က္ ဟန္႔လိုက္ၿပီး..
"အဟမ္း......ႏိုးၿပီလား...."
ကုတင္ေဘးမွာ ခါးေလးကိုင္းၿပီး Seokjin နဖူး
ေျပေျပေလးေပၚ လက္ေလးတင္စမ္းရင္း Jungkook ေမးလိုက္သည္။
သူ႔နဖူးေပၚ လက္အထိအေတြ႕ေလးခံစားရေတာ့မွ Seokjin အလန္႔တၾကားနဲ႔ အိပ္ရာေပၚက ကုန္းရုန္းထသည္။
"ဟင္...ငါ..ငါဘာျဖစ္သြားတာလဲ"
"ခင္ဗ်ား.."
Jungkook ေျဖဖို႔ျပင္ေနတုန္းမွာပဲ ေခ်ာက္ခနဲဆိုတဲ့ တံခါးဖြင့္သံေလးနဲ႔အတူ Taehyung နဲ႔ Jimin ဝင္လာသည္။
"Jin Hyung..."
"Tae ah....ဘယ္လိုျဖစ္ၿပီး....."
Seokjin စကားေတာင္မဆံုးလိုက္....ကုတင္ေပၚ
ေျပးတက္ၿပီး တစ္ကိုယ္လံုးသိုင္းဖက္လာေသာ Taehyung ေၾကာင့္ ခနၱာကိုယ္ေလး အေနာက္ပင္ယိုင္သြားသည္အထိ....
"Hyung...ကၽြန္ေတာ္ဘယ္ေလာက္ေတာင္ စိတ္ပူ
ေနခဲ့ရလဲ...Hyung သာတစ္ခုခုျဖစ္ရင္ ကၽြန္ေတာ္ေသမွာ...."
"Tae ah......"
လြတ္ထြက္မတတ္ဖက္ထားၿပီး ေၾကာက္လန္႔တၾကား
ေျပာေနတဲ့ Taehyung ဟာ သူျမတ္ႏိုးလြန္းတဲ့ ပစၥည္းေလး ေပ်ာက္သြားမွာ စိုးရိမ္ေနသည့္အလား...
ဘာမွမျဖစ္ဘူး အဆင္ေျပတယ္ဆိုတဲ့ပံုစံေလးနဲ႔သာ Taehyung ေက်ာျပင္ေလးအား လက္ေလးနဲ႔ဖြဖြ
ပုတ္ေပးရင္း Seokjin ႏွစ္သိမ့္ေပးေနမိသည္။
သူတို႔ႏွစ္ေယာက္လြတ္လြတ္လပ္လပ္ျဖစ္ေအာင္ Jimin ကပဲ အလိုက္တသိနဲ႔ပင္ ကိုယ္တိုင္ေတာင္
မသိလိုက္ဘဲ မ်က္ေမွာင္ႀကီးက်ံဳ႕ေနတဲ့ Jungkook ကိုဆြဲေခၚသြားသည္။
*နာက်င္ရတယ္ Taehyung...နာက်င္ရေပမယ့္လဲ မင္းေပ်ာ္တာမို႔လို႔...."
Jimin တို႔ထြက္သြားမွ Seokjin ကိုလႊတ္ေပး
လိုက္ၿပီး လက္ေလးကိုဆုပ္ကိုင္ရင္း...
"အခုေရာအဆင္ေျပရဲ႕လား...ဘယ္ေနရာ နာက်င္ေန
လဲ...အဖ်ားေရာေပ်ာက္သြားၿပီလား....ေခါင္းေတြ
ဘာေတြေရာ ကိုက္ေနေသးလား"
"ငါဘာမွမျဖစ္ပါဘူး...ဒါနဲ႔ မင္းဘယ္လိုလုပ္ၿပီး ေရာက္လာတာလဲ"
"ကၽြန္ေတာ္က ဒီအိမ္ရဲ႕မိသားစုဆရာဝန္ေလ"
"ဟင္....ငါလဲမသိရပါလား"
"Hyung ကိုမေျပာရေသးခင္မွာပဲ Hyung ဒီအိမ္ေရာက္ခဲ့တယ္ေလ..."
Seokjin တစ္ခုခုကို သတိရသြားဟန္နဲ႔ Taehyung လက္ထဲက သူ႔လက္ေလးကို ရုန္းလိုက္သည္။
"ငါမင္းကို ေျပာစရာရွိတယ္ Taehyung..."
အရင္ကလို Tae မဟုတ္ဘဲ Taehyung လို႔ေခၚ
လာတာေၾကာင့္ သူေၾကာက္ေနမိသည္။
Seokjin အသံဟာ တည္ၿငိမ္ေလးနက္ေနတဲ့အသံ..
မဟုတ္ေလာက္ဘူးမလား...သူမၾကားခ်င္တဲ့ စကားေျပာမွာေတာ့ မဟုတ္ေလာက္ဘူးမလား..
"အ...အင္း ...ေျပာေလ"
တုန္ယင္ေနတဲ့ အသံကိုထိန္းရင္း Taehyung ေမးသည္။
Seokjin လက္သူႂကြယ္ထက္က လက္စြပ္ေလးကို ခၽြတ္လိုက္ၿပီး...
"ငါေတာင္းပန္ပါတယ္ Taehyung...ဒီလက္စြပ္
ေလးက ပိုင္ရွင္အသစ္ကိုေမၽွာ္ေနေရာေပါ့..ပိုင္ရွင္
အေဟာင္းက သူနဲ႔ထိုက္မွမထိုက္တန္တာ"
"Hyung..."
Taehyung ပါးေပၚ မ်က္ရည္ေတြစီးက်လာသည္။
ေနာက္ဆံုးေတာ့ သူထင္တဲ့အတိုင္း...သူ႔ကမၻာႀကီး ပ်က္စီးသြားခဲ့ၿပီ...
"မင္းတျခားတစ္ေယာက္ကို ေျပာင္းခ်စ္လိုက္ပါ Taehyung.....င...ငါ မင္းကိုဆက္ခ်စ္ဖို႔ ခြန္အားမရွိေတာ့ဘူး....မင္းကိုျမင္တိုင္း ငါ့ကိုယ္ငါ သတ္ပစ္ခ်င္ေလာက္ေအာင္ မုန္းမိတယ္..
ငါ့ကိုယ္ငါအျပစ္ရွိသလို ခံစားရတယ္...မင္းကို ငါမဆြဲထားပါဘူး...မင္းသြားခ်င္သြားလို႔ရတာမို႔ ငါခြင့္ျပဳတယ္...ငါ့ကိုဆက္မခ်စ္ပါနဲ႔ေတာ့
ငါ့ထက္သာတဲ့သူေတြ အမ်ားႀကီးပါ Taehyung..
ငါ့ထက္ပိုခ်စ္ရတဲ့သူကို တစ္ေန႔မင္းေတြ႕ႏိုင္မွာပါ"
"ေတာ္ပါေတာ့ Hyung ရယ္...ေက်းဇူးျပဳၿပီးမေျပာ
ပါနဲ႔ေတာ့...ကၽြန္ေတာ္ေတာင္းပန္ပါတယ္..ကၽြန္ေတာ္
Hyung ကို မစြန္႔လႊတ္သလို Hyung လဲ ကၽြန္
ေတာ့ကိုမစြန္႔လႊတ္ရဘူး...ကၽြန္ေတာ္ Hyung ကို ေစာင့္ႏိုင္တယ္..ဒီတစ္ႏွစ္ၿပီးတာနဲ႔ Hyungကိုျပန္
ေခၚၿပီး လက္ထက္မွာ...ကၽြန္ေတာ္ အဆင္ေျပတာမို႔ ေနာက္တစ္ခါ ဒီစကားမေျပာပါနဲ႔ကြာ...
ကၽြန္ေတာ္ေသလိမ့္မယ္"
"Taehyung ah....."
Taehyung မ်က္ရည္စီးက်ေနသလို Seokjin လဲ ထိုနည္းတူ မ်က္ရည္ေတြ တာက်ိဳးကုန္သည္။
Taehyung စကားေတြေၾကာင့္ Seokjin စိတ္ထဲမွာ ၾကည္ႏူးမိသလို ေပ်ာ္လဲေပ်ာ္မိသည္။
"Hyung ထက္ခ်စ္ရတဲ့သူ ကၽြန္ေတာ္ ထပ္မေတြ႕
ႏိုင္ေတာ့ဘူး Hyung...ဒီလက္စြပ္ေလးကို Hyung မဝတ္ခ်င္ေသးရင္ ကၽြန္ေတာ္သိမ္းထားလို႔ရတယ္..
ဒါေပမယ့္ တစ္ေန႔က်ရင္ ကၽြန္ေတာ္ျပန္ဝတ္ေပးမွာ..
ပထမအႀကိမ္လို ႏွစ္ေယာက္ထဲရွိတဲ့ အခ်ိန္ မဟုတ္ဘူး..လူေတြအမ်ားႀကီးေရွ႕မွာ ကတိသစၥာ
ျပဳရင္း Hyung လက္ေလးေပၚ ကၽြန္ေတာ္ဆင္ျမန္းေပးမွာ..."
"Tae ah......"
ခ်က္ခ်င္းဆိုသလို Taehyung ကိုယ္ေလးအား Seokjin ေပြ႕ဖက္မိသည္။သူေပ်ာ္ေနသည္။အခုခ်ိန္ ဘာနဲ႔မွလဲလို႔မရေအာင္ သူေပ်ာ္ေနခဲ့သည္။
Taehyung လဲ သူ႔ရင္ခြင္ထဲတိုးဝင္လာေသာ Seokjin ကိုယ္ေလးအား ျပန္ေပြ႕ဖက္ထားရင္း..
"ခ်စ္တယ္ Hyung...ကၽြန္ေတာ္ Hyung ကို အသက္ေလာက္ ခ်စ္တာမို႔ ေက်းဇူးျပဳၿပီး ေနာက္တစ္ခါ ဒီလိုမေျပာပါနဲ႔ေနာ္"
"အင္း...မေျပာေတာ့ဘူး ငါလဲခ်စ္တယ္ Taehyung..."
"အခ်ိန္ေတြ ဘယ္ေလာက္ၾကာၾကာ Hyung ကိုပဲေစာင့္ေနမွာ...ကၽြန္ေတာ့ကို ယံုတယ္မလား"
"အင္း....ယံုတယ္...."
ရင္ခြင္ထဲက ခနၱာကိုယ္ေလးကို ဆြဲထုတ္ရင္း Seokjin ပါးေပၚက မ်က္ရည္စေလးေတြအား အနမ္းနဲ႔ ေျခာက္ေသြ႕ေစသည္။
"မ်က္ႏွာေလးက ေခ်ာင္ခ်သြားလိုက္တာ...အစထဲက ေသးေသးေလးပါဆိုမွ..."
သူ႔စကားေၾကာင့္ သြားေလးၿဖီးရယ္ျပလာတဲ့ Seokjin ပါးရိုးေလးကေန ထိန္းကိုင္ရင္းနဖူး
ေျပေျပေလးကို အျမတ္တႏိုး နမ္းရိွုက္သည္။
ထို႔ေနာက္ မ်က္ခြံမို႔မို႔ေလးကေန ရဲေနတဲ့ ႏွာသီးဖ်ားေလးကို ဖိကပ္နမ္းရိွုက္သည္။
သူ႔လက္ထဲမွာ မရုန္းဘဲၿငိမ္ေနေသာ Seokjin ဟာ ပါပီေပါက္ေလး တစ္ေကာင္လို...
ႏွင္းဆီဖူး ႏႈတ္ခမ္းလံုးလံုးေလးဆီ စိုက္ၾကည့္ရင္း အေရွ႕ကိုတျဖည္းျဖည္းတိုးကပ္သြားေတာ့ Seokjin မ်က္လံုးေလးေတြ မွိတ္ဆင္းလာသည္။
Seokjin ခါးကေနဆြဲၿပီး သူနဲ႔ပိုနီးကပ္ေစရင္း ေအာက္ႏႈတ္ခမ္းထူထူေလးကို Taehyung တျဖည္းျဖည္းစုပ္ယူနမ္းရိွုက္သည္။
သူလြမ္းေနခဲ့တာ...သူ႔အေပၚ Seokjin ရဲ႕ခၽြဲ႕ႏြဲ႕ပံု
ေလးေတြ...တီတီတာတာေျပာတာေလးေတြ..
ၿပီးေတာ့ ဒီႏႈတ္ခမ္းဖူးဖူးေလး.....အရင္ကဆို မထိရက္မကိုင္ရက္ ျမတ္ႏိုးလြန္းလို႔ နဖူးနဲ႔ပါးရဲရဲေလးေတြသာ နမ္းရိွုက္ျဖစ္တဲ့ သူဟာ အခုေတာ့ အလြမ္းဓာတ္ခံေၾကာင့္ ႏႈတ္ခမ္းထူထူ
ေလးကို ပထမဆံုးအႀကိမ္ အတိုးခ်နမ္းရိွုက္
ေနမိသည္။
Taehyung ေခၚေဆာင္သြားတဲ့ အနမ္းစည္းခ်က္
ေလးအတိုင္း Seokjin လဲ အလိုက္သင့္ေလး လိုက္ပါစီးေမ်ာေနသည္။
*ငါမင္းကိုယံုသလို ငါ့ကိုယ္ငါလဲ ယံုတယ္...
ဒါေပမယ့္ ကံၾကမၼာႀကီးကိုေတာ့ မယံုရဲဘူး..*
◇ My Beloved ◇
To be continued...
အားလံုးဘဲ ဂရုစိုက္ၾကပါေနာ္ ❤
Thank you for reading and voting
Love you all💜💜
_________________________________________
UNICODE
Jungkook တို့ခြံရှေ့ရောက်တာနဲ့ ကားဟွန်းတီး
လိုက်ပြီး ခြံတံခါးလာအဖွင့်ကို ကားထဲမှာပဲ Taehyung စောင့်နေရင်း company ကပြန်လာ
တဲ့ Jimin ကားနဲ့တိုးသည်။
ခြံတံခါးလာဖွင့်ပေးတော့မှ ခြံထဲ Taehyung ကားအရင်ဝင်လိုက်ပြီး Jimin ကားနောက်က
လိုက်ဝင်လာသည်။
Taehyung ဘေးခုံက ဆေးအိတ်ကိုယူရင်း ကားပေါ်ကဆင်းပြီး အိမ်ထဲမဝင်သေးဘဲ Jimin ကားထဲကထွက်အလာကို စောင့်နေရင်း...
"Taehyung အိမ်ကို ဘာကိစ္စရှိလို့လဲ.....
ဆေးအိတ်နဲ့ဆိုတော့ ဘယ်သူဘာဖြစ်လို့လဲ....."
"မသိဘူး...မင်းအိမ်က ငါ့ကို ဘယ်သူဘာဖြစ်တယ် မပြောဘူးကွ...ဘာပဲဖြစ်ဖြစ် ငါလဲ လာချင်နေတာနဲ့
အတော်ပဲ...Jin Hyung ကိုတွေ့ချင်လွန်းလို့ သေတော့မယ်...ကားကိုအမြန်ဆုံးနှုန်းနဲ့ မောင်းလာရတာ...ဟီး"
Taehyung စကားကြောင့် Jimin ဝမ်းနည်းရိပ်
သန်းသွားတဲ့ မျက်နှာကိုထိန်းရင်း ဟန်ဆောင်အပြုံး
လေး ပြုံးလိုက်သည်။
"ကဲပါကွာ...လာ အိမ်ထဲဝင်ရအောင်"
Jimin ခေါ်ရာနောက် အိမ်ထဲကိုသာ Taehyung လိုက်ဝင်လာသည်။အထဲရောက်တာနဲ့ Seokjin ကိုများ တွေ့မလားဆိုပြီး Taehyung မျက်လုံးအနှံ့ လိုက်ရှာရတာ အမော...
"အမေ...နေမကောင်းလို့လား...ဘာဖြစ်လို့လဲ....
Taehyung ကိုခေါ်တယ်ဆိုတော့ အမေတစ်ခုခု
များဖြစ်လို့လား..."
အပေါ်ထပ်ကဆင်းလာတဲ့ အမေကို Jimin စိုးရိမ်တကြီးမေးသည်။
"အမေဘာမှမဖြစ်ပါဘူးကွယ်...ဖြစ်တာက Seokjin လေးပါ"
Jungkook အမေရဲ့စကားလဲကြားရော Taehyung သွေးတို့ဆူပွက်လျက်..အလောတကြီး Jungkook အမေနားပြေးသွားပြီး..
"Seokjin ဘယ်မှာလဲ အန်တီ...
သူ...သူဘာဖြစ်လို့လဲ..."
"စိတ်အေးအေးထားပါ Taehyung...သား သူ့ကို
Seokjin လေးအခန်း လိုက်ပို့ပေးလိုက်.."
"ဟုတ်ကဲ့အမေ..လာ Taehyung သွားရအောင်.."
Seokjin အခန်းတံခါးလေးကို ဆွဲဖွင့်လိုက်တော့ ကုတင်ပေါ်မှာလှဲနေတဲ့ Seokjin နဲ့ ကုတင်ပေါ် တင်ပလွဲထိုင်ပြီး ရေပတ်တိုက်ပေးနေတဲ့ Jungkook ကိုမြင်လိုက်ရသည်။
Taehyung ကုတင်ဆီ အမြန်ပြေးသွားလိုက်တော့ Seokjin နဖူးပေါ်တင်ပေးထားတဲ့ ရေစိုသဘက်
လေးကို ယူပြီး Jungkook အလိုက်သတိ
ဖယ်ပေးလိုက်သည်။
Seokjin နဖူးရော ပါးရော မျက်နှာအနှံ့ လက်လေးနဲ့ ဖွဖွလေး စမ်းသပ်ရင်း Jungkook ဆီ Taehyung အကြည့်စူးစူးပို့မိသည်။ဒီလောက် ဂရုစိုက်ပေးပါလို့ တောင်းဆိုလိုက်တာတောင် Seokjin အခုလိုဖြစ်ရ
သည်လေ..Jungkook ကိုတော့ Taehyung နည်းနည်းတင်းသွားသည်။
သူ့ဆီ စူးစိုက်ကြည့်လာသော Taehyung ကြောင့် Jungkook လဲ ဘာလဲဆိုတဲ့သဘောနဲ့ မျက်ခုံးပင့်ကာ ပြန်စိုက်ကြည့်သည်။
"ဘယ်လိုဖြစ်တာလဲ Hyung က....မင်းကို ဂရုစိုက်
ပေးပါလို့ ဒီလောက်တောင်းဆိုလိုက်တာကို....."
"ရေကူးကန်ထဲ ပြုတ်ကျတာ..ကြောက်ပြီး ဖျားသွား
တယ်လို့ထင်တာပဲ..အခုထိ သတိပြန်မလည်လာ
သေးဘူး"
"ကျစ်...ရပြီ....မင်းတို့ ထွက်သွားလို့ ရပြီ"
"နေပါဦး....ငါတို့ဖာသာ နေနေမနေနေပေါ့..
ဆေးကုတာ ဘေးလူရှိတော့ ဘာဖြစ်လို့လဲ"
"နေချင်တယ်ဆိုလဲ နေပါ..ငါ Hyung အကြောင်း
ကိုအသိဆုံး...သူကဖျားရင် အိပ်တာမို့လို့..ပြီးတော့ မင်း ရေပတ်တိုက်ပေးထားလို့ အဖျားကသိပ်မ
ရှိတော့ဘူး...အဲ့ဒါကြောင့် မင်းတို့ကို စိတ်မပူဘဲ သွားချင်ရင်သွားလို့ရပြီလို့ ပြောတာ"
"အဲ့ဒါဆို ဘာမှမဖြစ်တော့ရင်လဲ မင်းပြန်ရင်
ပြန်လို့ရပြီလေ..စိတ်မပူပါနဲ့ သူ့နားမှာငါရှိတယ်"
"ငါ သူနိုးလာမှ ပြန်မှာ..."
"မင်း..."
အကြည့်တွေနဲ့စစ်ထိုးရင်း စကားနိုင်လုနေကြသော သူတို့နှစ်ယောက်ကြားကို Jimin ကပဲ ကြားဝင်ဖြတ်ရင်း...
"ကဲပါ Jungkook ရယ်....လာပါ...ဘေးနား ဆရာဝန်တစ်ယောက်ရှိတော့ ပိုမကောင်းဘူးလား....
ဒီနေ့ မင်းမတက်လိုက်ရတဲ့ Meeting ငါပြောပြရ
ဦးမှာမို့ Taehyung ပဲအနားမှာ နေပါစေနော်..
လာပါကွာ..Taehyung ah...Seokjin Hyung ကို စိတ်ချမယ်နော်"
"စိတ်ချပါ...ငါက Seokjin ကို အားလုံးထက် ပိုဂရု
စိုက်နိုင်တယ်"
Jungkook မျက်နှာတည့်တည့်ကို စိုက်ကြည့်ရင်း Taehyung ခက်ထန်စွာပြောသည်။
ဘာပဲဖြစ်ဖြစ် Jungkook ကိုတောင်းဆိုထားတဲ့
အတွက် Seokjin ဒီလိုဖြစ်တာ Jungkook နဲ့မဆိုင်ရင်တောင် သူ Jungkook ကိုပဲ အပြစ်ပြောနိုင်သည်။
"အေးပါ...ငါသိပါတယ်...လာ Jungkook..."
နောက်ဆုံးတော့ Jungkook လဲ Taehyung ကိုစူးစိုက်ကြည့်လျက်နဲ့သာ Jimin ခေါ်ရာနောက်ကို ရုန်းကန်ရင်း ပါသွားသည်။
Jimin လဲ နောက်ကိုတလှည့်လှည့်ဖြင့် Jungkook ကိုသာ ဆွဲခေါ်သွားခဲ့သည်။
*မင်းပျော်ရင် ကျေနပ်တာမို့ မင်းကို Seokjin နဲ့ ပိုနီးအောင် ငါကူညီမှာပါ Taehyung....ဒီတစ်နှစ်
ပါပဲ...ဒီတစ်နှစ်ပြီးရင်တော့ မင်းပျော်လောက်ပြီပေါ့..
မင်းကိုချစ်တာတော့ မသိစေချင်တော့ပါဘူးကွာ*
.
.
.
.
.
Jimin တို့ထွက်သွားမှ Taehyung ကုတင်ပေါ်
တင်ပလွဲထိုင်လိုက်ပြီး Seokjin ကိုအရင် လိုရမယ်ရ အဖျားကျဆေးတစ်လုံး ထိုးပေးလိုက်သည်။
"Hyung နိုးလာရင်တော့ Hyung မကြိုက်တဲ့ ဆေးကိုထိုးလို့ဆိုပြီးတော့ ကျွန်တော်အထုခံရမှာ အသေအချာပဲ...အကြာကြီးမအိပ်နဲ့နော် Hyung...
ကျွန်တော် Hyung ကို လွမ်းတဲ့အကြောင်းတွေ သတိရတဲ့အကြောင်းတွေအများကြီး ပြောချင်သေး
တယ်..မြန်မြန်ထလာတော့"
Seokjin နိုးလာတဲ့အထိ Seokjin လက်လေးကို ဆုပ်ကိုင်လျက် ကုတင်ဘေးခုံလေးမှာ Taehyung မလှုပ်မယှက်နဲ့ ထိုင်စောင့်နေသည်။
.
.
.
.
.
.
Seokjin အခန်းထဲက ဘာသံမှမကြားရတာကြောင့် Jimin ဝင်လာတော့ မြင်လိုက်ရတာက Seokjin လက်လေးကိုဆုပ်ကိုင်လျက် ကုတင်ပေါ်ခေါင်းလေး
တင်ပြီး အိပ်ပျော်နေသော Taehyung...
Jimin စောင်ပါးလေးတစ်ထည်ယူပြီး Taehyung ကိုယ်လေးပေါ် ခြုံပေးလိုက်သည်။
ပြီးမှ ကုတင်ပေါ် ဖွဖွလေးထိုင်ရင်း Taehyung မျက်နှာပေါ် ဝဲကျနေတဲ့ ဆံနွယ်လေးတွေကို လက်နဲ့သပ်တင်ပေးနေမိသည်။
ထို့နောက် အကြည့်တို့က လွတ်ထွက်မတတ် တင်းတင်းဆုပ်ကိုင်ထားတဲ့ လက်လေးနှစ်ဖက်ဆီ ရောက်သွားရင်း မျက်ရည်ကြည်လေးတွေက ပါးနုနုပေါ် မဖိတ်ခေါ်ဘဲ ရောက်လာခဲ့ပြန်သည်။
အခန်းရှေ့က ခြေသံလေးကြားတာကြောင့် ကုတင်
ပေါ်က အမြန်ကုန်းရုန်းထလိုက်ပြီး ကျလာတဲ့ မျက်ရည်လေးတွေကို Jimin အမြန်ပင် လက်နဲ့ပွတ်သုတ်လိုက်သည်။
"Seokjin မနိုး..."
"ရှူး....."
အခန်းထဲဝင်တာနဲ့ အသံကျယ်ကျယ်မေးလာသော Jungkook ကို Taehyung တို့နိုးမှာစိုးတာကြောင့် Jimin တိတ်တိတ်နေရန် အသံပေးလိုက်သည်။
"ဘာလို့လဲ..ဟိုကောင်ကရော အခုထိမပြန်သေး
ဘူးလား...အပြင်မှာမှောင်နေပြီကို..."
"သူပင်ပန်းလို့ အိပ်ပျော်နေတာဖြစ်လိမ့်မယ် Jungkook..လွှတ်ထားပေးလိုက်ပါ..Seokjin နားမှာ သူရှိနေတော့ ပိုစိတ်ချရတယ်မလား"
"ဒီတိုင်းလေး ထိုင်စောင့်ပေးရုံပဲကို....ကျွန်တော်လဲ စောင့်နိုင်တာပဲ"
မျက်နှာခပ်တည်တည်နဲ့ လက်ပိုက်ရင်း Jungkook ပွစိပွစိပြောသည်။
"မတူဘူးလေ Jungkook...သူက Seokjin ချစ်တဲ့သူ...မင်းက ဘာမို့လို့လဲ....သူချစ်တဲ့ Taehyung သူ့အနားမှာရှိတော့ ပိုမကောင်းဘူးလား"
Jimin စကားကြောင့် Jungkook ခဏတာ ဆွံ့အသွားခဲ့သည်။
"Yah...ကျွန်တော်က..."
"ဟင်....Jimin....."
သူတို့နှစ်ယောက်ရဲ့ ပွစိပွစိစကားသံတွေကြောင့် Taehyung နိုးလာခဲ့သည်။
"အာ....Taehyung နိုးပြီလား....နိုးရင်လဲ ထမင်းထစားပါဦးလား...."
"ဘယ်အချိန်တောင် ရှိသွားပြီလဲ"
"ည (၈) နာရီထိုးနေပြီ"
"ဟင်....အဲ့လောက်တောင် ဖြစ်သွားတာလား...
Seokjin လဲ နိုးမလာသေးဘူး"
"ဘာပဲဖြစ်ဖြစ် ညစာဆင်းစားလိုက်ပါကွာ...
မင်းဘာမှမစားရသေးဘူးမလား..Seokjin နားမှာနေဖို့ ငါတို့ရှိပါတယ်"
စကားပြောနေကြသော ထိုနှစ်ယောက်ကြား Jungkook ဝင်မပါဘဲ ဘေးမှာသာ ရပ်နေသည်။
ထူးဆန်းနေသည်က Seokjin ကလွဲပြီး ဘယ်သူမှ
အရေးတယူမလုပ်တတ်တဲ့ Jimin ဟာ Taehyung ကို တရင်းတနှီးပြောနေလေသည်။
Seokjin ကတော့ အိမ်မှာလာနေတာမို့ ညီအစ်ကိုလို ရင်းနှီးလို့ထားလိုက်ပါတော့...Taehyung က အခုမှ ဒုတိယအကြိမ်အိမ်ရောက်ဖူးပြီး မိသားစုဆရာဝန်
ဖြစ်တာလဲမကြာသေးတာကို..
Jimin ထူးဆန်းနေတာတော့ သေချာသည်။
"ဒါပေမယ့်...."
"ကဲပါကွာ...သွားစားစမ်းပါ...စားပြီးမှ ပြန်တက်
လာခဲ့...မင်းတစ်ယောက်ထဲဖြစ်နေမှာစိုးရင်
ငါပါလိုက်ခဲ့ပေးမယ်...Jungkook..Seokjin နားမှာ ခဏနေပေးနော်"
"Yah....Ji....."
ပြောချင်တာပြောပြီး Taehyung ကိုအတင်းဆွဲ
ခေါ်သွားသော Jimin ကို Jungkook လှမ်းခေါ်ဖို့ပင် မမှီလိုက်....
ပြီးမှ ကုတင်နားကိုလျှောက်သွားလိုက်ပြီး...
"ခင်ဗျားက အအိပ်ပုတ်လေးဘဲ"
Jungkook ပြောပြီးတာနဲ့ Seokjin အခန်းထဲရှိ စာကြည့်စားပွဲလေးပေါ်မှာ Company အလုပ်တွေထိုင်လုပ်နေလိုက်သည်။
.
.
.
.
.
.
"ရော့....ဒါလဲထည့်စား...."
ကိုယ်တိုင်ကိုယ်ကျ အရှေ့မှာထိုင်ပြီး ဟင်းတွေတစ်ခု
ပြီးတစ်ခု ထည့်ပေးနေသော Jimin ကြောင့် Taehyung တစ်ချက်ပြုံးမိသည်။
"ဥက္ကဌကြီးရော ...."
"အမေက Hyung နဲ့အတူ ညစာစားပြီးထဲကအခန်း
ထဲဝင်နားနေပြီ...လူကြီးဆိုတော့ ပင်ပန်းတယ်လေ...
ဒီအရွယ်မှာဒီလိုလုပ်နိုင်တာပဲကျန်းမာရေးတော်တော်
ကောင်းတယ်လို့ ပြောရမယ်...ဒါတောင် Seokjin Hyung အနားမှာနေပေးမယ်လုပ်နေသေးတာ...
ငါတို့ရှိတယ် နားပါဆိုပြီး မနည်းတားထားရလို့...."
"ဒါဆိုမင်းကရော မစားဘူးလား...ငါနဲ့တစ်ခါတည်း
ဝင်စားလေ"
"ဟင့်အင်း မစားချင်တော့ဘူး....ဗိုက်ပြည့်သွားပြီ"
"ငါလဲစားလို့ပြီးပြီ...အပေါ်ပြန်တက်ရအောင်"
စားပြီးတာနဲ့ ခုံပေါ်က ချက်ချင်းထထွက်သွားသော Taehyung လက်ကို Jimin လှမ်းဆွဲလိုက်ရင်း...
"နေပါဦး Taehyung ရာ အလောတကြီးနဲ့....
ထမင်းစားပြီး အစာကြေအောင်လို့ လမ်းလျှောက်...."
"ငါအဲ့ဒါတွေ မလုပ်နိုင်သေးဘူး Jimin....အခုချိန်မှာ ငါ Jin Hyung အနားမှာနေရမှာ..."
ထအော်လာသော Taehyung ကြောင့် ဘေးက
အလုပ်သမားတွေအပြင် Jimin ပါလန့်သွားရပြီး ခန္တာကိုယ်လေးပါ တုန်တက်သွားသည်အထိ...
ပျက်ယွင်းသွားသော Jimin မျက်နှာကြောင့် Taehyung သူ့စကားမှားသွားမှန်း သိလိုက်သည်။
"ငါ မင်းရဲ့စေတနာကို နားလည်ပါတယ်....ဒါပေမယ့် ငါ...."
"ငါသိပါတယ် Taehyung....သွားရအောင်လေ Seokjin Hyung ဆီ...."
Jimin ကျလုဆဲဆဲ မျက်ရည်တွေကို ထိန်းရင်း အရှေ့ကပဲ ဦးဆောင်ထွက်လာခဲ့လိုက်သည်။
ချစ်သူရှိနေတဲ့လူတစ်ယောက်ကို သဘောကျမိတော့လဲ ဒီလိုပဲ နာကျင်ရတာပေါ့..။
.
.
.
.
.
"အင်းးးး......"
Jungkook စာရင်းတွေလုပ်နေရင်း အသံရှည်ဆွဲ
သံလေးကြားလိုက်ရတာကြောင့် ကုတင်ဘက်
ကြည့်လိုက်တော့ ထင်သည့်အတိုင်း ဟိုအကောင်ပေါက်လေးပင်..
အိပ်ရာနိုးတာနဲ့ မျက်ခွံမို့မို့လေးတွေကို လက်သီးဆုပ်
သေးသေးလေးတွေနဲ့ ပွတ်သပ်ရင်း အပျင်းကြော
ဆန့်နေတော့ အဆီအပိုမရှိဗိုက်သားဖွေးဖွေးလေးပေါ်
မိုးပြာရောင်အကျႌစလေး လစ်ဟာသွားသည်။
အဖျားရှိန်နဲ့ရော မျက်နှာတစ်ခုလုံးကိုပွတ်သပ်
နေသော လက်နုနုလေးတွေရောကြောင့် ချက်ချင်း
ဆိုသလို ပါးပြင်မို့မို့လေးနဲ့ နှာခေါင်းထိပ်လေးတွေ
ဟာ ပုံမှန်ထက် ပိုပြီး ရဲတွတ်နေလေသည်။
သူသာကုတင်ပေါ်တက်ပြီး အသဲတယားယား ဖျစ်
ညှစ်လိုက်ရင်တော့ဒီလူသားအရိုးတွေကျေနိုင်
လောက်သည်။
အား..Jeon Jungkook...
ဘ..ဘာတွေတွေးနေရတာလဲ..
Jungkook သူ့ဘာသူ တွေးပြီးတော့မှ သူမဟုတ်သလို ချောင်းတစ်ချက် ဟန့်လိုက်ပြီး..
"အဟမ်း......နိုးပြီလား...."
ကုတင်ဘေးမှာ ခါးလေးကိုင်းပြီး Seokjin နဖူး
ပြေပြေလေးပေါ် လက်လေးတင်စမ်းရင်း Jungkook မေးလိုက်သည်။
သူ့နဖူးပေါ် လက်အထိအတွေ့လေးခံစားရတော့မှ Seokjin အလန့်တကြားနဲ့ အိပ်ရာပေါ်က ကုန်းရုန်းထသည်။
"ဟင်...ငါ..ငါဘာဖြစ်သွားတာလဲ"
"ခင်ဗျား.."
Jungkook ဖြေဖို့ပြင်နေတုန်းမှာပဲ ချောက်ခနဲဆိုတဲ့ တံခါးဖွင့်သံလေးနဲ့အတူ Taehyung နဲ့ Jimin ဝင်လာသည်။
"Jin Hyung..."
"Tae ah....ဘယ်လိုဖြစ်ပြီး....."
Seokjin စကားတောင်မဆုံးလိုက်....ကုတင်ပေါ်
ပြေးတက်ပြီး တစ်ကိုယ်လုံးသိုင်းဖက်လာသော Taehyung ကြောင့် ခန္တာကိုယ်လေး အနောက်ပင်ယိုင်သွားသည်အထိ....
"Hyung...ကျွန်တော်ဘယ်လောက်တောင် စိတ်ပူ
နေခဲ့ရလဲ...Hyung သာတစ်ခုခုဖြစ်ရင် ကျွန်တော်သေမှာ...."
"Tae ah......"
လွတ်ထွက်မတတ်ဖက်ထားပြီး ကြောက်လန့်တကြား
ပြောနေတဲ့ Taehyung ဟာ သူမြတ်နိုးလွန်းတဲ့ ပစ္စည်းလေး ပျောက်သွားမှာ စိုးရိမ်နေသည့်အလား...
ဘာမှမဖြစ်ဘူး အဆင်ပြေတယ်ဆိုတဲ့ပုံစံလေးနဲ့သာ Taehyung ကျောပြင်လေးအား လက်လေးနဲ့ဖွဖွ
ပုတ်ပေးရင်း Seokjin နှစ်သိမ့်ပေးနေမိသည်။
သူတို့နှစ်ယောက်လွတ်လွတ်လပ်လပ်ဖြစ်အောင် Jimin ကပဲ အလိုက်တသိနဲ့ပင် ကိုယ်တိုင်တောင်
မသိလိုက်ဘဲ မျက်မှောင်ကြီးကျုံ့နေတဲ့ Jungkook ကိုဆွဲခေါ်သွားသည်။
*နာကျင်ရတယ် Taehyung...နာကျင်ရပေမယ့်လဲ မင်းပျော်တာမို့လို့...."
Jimin တို့ထွက်သွားမှ Seokjin ကိုလွှတ်ပေး
လိုက်ပြီး လက်လေးကိုဆုပ်ကိုင်ရင်း...
"အခုရောအဆင်ပြေရဲ့လား...ဘယ်နေရာ နာကျင်နေ
လဲ...အဖျားရောပျောက်သွားပြီလား....ခေါင်းတွေ
ဘာတွေရော ကိုက်နေသေးလား"
"ငါဘာမှမဖြစ်ပါဘူး...ဒါနဲ့ မင်းဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"
"ကျွန်တော်က ဒီအိမ်ရဲ့မိသားစုဆရာဝန်လေ"
"ဟင်....ငါလဲမသိရပါလား"
"Hyung ကိုမပြောရသေးခင်မှာပဲ Hyung ဒီအိမ်ရောက်ခဲ့တယ်လေ..."
Seokjin တစ်ခုခုကို သတိရသွားဟန်နဲ့ Taehyung လက်ထဲက သူ့လက်လေးကို ရုန်းလိုက်သည်။
"ငါမင်းကို ပြောစရာရှိတယ် Taehyung..."
အရင်ကလို Tae မဟုတ်ဘဲ Taehyung လို့ခေါ်
လာတာကြောင့် သူကြောက်နေမိသည်။
Seokjin အသံဟာ တည်ငြိမ်လေးနက်နေတဲ့အသံ..
မဟုတ်လောက်ဘူးမလား...သူမကြားချင်တဲ့ စကားပြောမှာတော့ မဟုတ်လောက်ဘူးမလား..
"အ...အင်း ...ပြောလေ"
တုန်ယင်နေတဲ့ အသံကိုထိန်းရင်း Taehyung မေးသည်။
Seokjin လက်သူကြွယ်ထက်က လက်စွပ်လေးကို ချွတ်လိုက်ပြီး...
"ငါတောင်းပန်ပါတယ် Taehyung...ဒီလက်စွပ်
လေးက ပိုင်ရှင်အသစ်ကိုမျှော်နေရောပေါ့..ပိုင်ရှင်
အဟောင်းက သူနဲ့ထိုက်မှမထိုက်တန်တာ"
"Hyung..."
Taehyung ပါးပေါ် မျက်ရည်တွေစီးကျလာသည်။
နောက်ဆုံးတော့ သူထင်တဲ့အတိုင်း...သူ့ကမ္ဘာကြီး ပျက်စီးသွားခဲ့ပြီ...
"မင်းတခြားတစ်ယောက်ကို ပြောင်းချစ်လိုက်ပါ Taehyung.....င...ငါ မင်းကိုဆက်ချစ်ဖို့ ခွန်အားမရှိတော့ဘူး....မင်းကိုမြင်တိုင်း ငါ့ကိုယ်ငါ သတ်ပစ်ချင်လောက်အောင် မုန်းမိတယ်..
ငါ့ကိုယ်ငါအပြစ်ရှိသလို ခံစားရတယ်...မင်းကို ငါမဆွဲထားပါဘူး...မင်းသွားချင်သွားလို့ရတာမို့ ငါခွင့်ပြုတယ်...ငါ့ကိုဆက်မချစ်ပါနဲ့တော့
ငါ့ထက်သာတဲ့သူတွေ အများကြီးပါ Taehyung..
ငါ့ထက်ပိုချစ်ရတဲ့သူကို တစ်နေ့မင်းတွေ့နိုင်မှာပါ"
"တော်ပါတော့ Hyung ရယ်...ကျေးဇူးပြုပြီးမပြော
ပါနဲ့တော့...ကျွန်တော်တောင်းပန်ပါတယ်..ကျွန်တော်
Hyung ကို မစွန့်လွှတ်သလို Hyung လဲ ကျွန်
တော့ကိုမစွန့်လွှတ်ရဘူး...ကျွန်တော် Hyung ကို စောင့်နိုင်တယ်..ဒီတစ်နှစ်ပြီးတာနဲ့ Hyungကိုပြန်
ခေါ်ပြီး လက်ထက်မှာ...ကျွန်တော် အဆင်ပြေတာမို့ နောက်တစ်ခါ ဒီစကားမပြောပါနဲ့ကွာ...
ကျွန်တော်သေလိမ့်မယ်"
"Taehyung ah....."
Taehyung မျက်ရည်စီးကျနေသလို Seokjin လဲ ထိုနည်းတူ မျက်ရည်တွေ တာကျိုးကုန်သည်။
Taehyung စကားတွေကြောင့် Seokjin စိတ်ထဲမှာ ကြည်နူးမိသလို ပျော်လဲပျော်မိသည်။
"Hyung ထက်ချစ်ရတဲ့သူ ကျွန်တော် ထပ်မတွေ့
နိုင်တော့ဘူး Hyung...ဒီလက်စွပ်လေးကို Hyung မဝတ်ချင်သေးရင် ကျွန်တော်သိမ်းထားလို့ရတယ်..
ဒါပေမယ့် တစ်နေ့ကျရင် ကျွန်တော်ပြန်ဝတ်ပေးမှာ..
ပထမအကြိမ်လို နှစ်ယောက်ထဲရှိတဲ့ အချိန် မဟုတ်ဘူး..လူတွေအများကြီးရှေ့မှာ ကတိသစ္စာ
ပြုရင်း Hyung လက်လေးပေါ် ကျွန်တော်ဆင်မြန်းပေးမှာ..."
"Tae ah......"
ချက်ချင်းဆိုသလို Taehyung ကိုယ်လေးအား Seokjin ပွေ့ဖက်မိသည်။သူပျော်နေသည်။အခုချိန် ဘာနဲ့မှလဲလို့မရအောင် သူပျော်နေခဲ့သည်။
Taehyung လဲ သူ့ရင်ခွင်ထဲတိုးဝင်လာသော Seokjin ကိုယ်လေးအား ပြန်ပွေ့ဖက်ထားရင်း..
"ချစ်တယ် Hyung...ကျွန်တော် Hyung ကို အသက်လောက် ချစ်တာမို့ ကျေးဇူးပြုပြီး နောက်တစ်ခါ ဒီလိုမပြောပါနဲ့နော်"
"အင်း...မပြောတော့ဘူး ငါလဲချစ်တယ် Taehyung..."
"အချိန်တွေ ဘယ်လောက်ကြာကြာ Hyung ကိုပဲစောင့်နေမှာ...ကျွန်တော့ကို ယုံတယ်မလား"
"အင်း....ယုံတယ်...."
ရင်ခွင်ထဲက ခန္တာကိုယ်လေးကို ဆွဲထုတ်ရင်း Seokjin ပါးပေါ်က မျက်ရည်စလေးတွေအား အနမ်းနဲ့ ခြောက်သွေ့စေသည်။
"မျက်နှာလေးက ချောင်ချသွားလိုက်တာ...အစထဲက သေးသေးလေးပါဆိုမှ..."
သူ့စကားကြောင့် သွားလေးဖြီးရယ်ပြလာတဲ့ Seokjin ပါးရိုးလေးကနေ ထိန်းကိုင်ရင်းနဖူး
ပြေပြေလေးကို အမြတ်တနိုး နမ်းရှိုက်သည်။
ထို့နောက် မျက်ခွံမို့မို့လေးကနေ ရဲနေတဲ့ နှာသီးဖျားလေးကို ဖိကပ်နမ်းရှိုက်သည်။
သူ့လက်ထဲမှာ မရုန်းဘဲငြိမ်နေသော Seokjin ဟာ ပါပီပေါက်လေး တစ်ကောင်လို...
နှင်းဆီဖူး နှုတ်ခမ်းလုံးလုံးလေးဆီ စိုက်ကြည့်ရင်း အရှေ့ကိုတဖြည်းဖြည်းတိုးကပ်သွားတော့ Seokjin မျက်လုံးလေးတွေ မှိတ်ဆင်းလာသည်။
Seokjin ခါးကနေဆွဲပြီး သူနဲ့ပိုနီးကပ်စေရင်း အောက်နှုတ်ခမ်းထူထူလေးကို Taehyung တဖြည်းဖြည်းစုပ်ယူနမ်းရှိုက်သည်။
သူလွမ်းနေခဲ့တာ...သူ့အပေါ် Seokjin ရဲ့ချွဲ့နွဲ့ပုံ
လေးတွေ...တီတီတာတာပြောတာလေးတွေ..
ပြီးတော့ ဒီနှုတ်ခမ်းဖူးဖူးလေး.....အရင်ကဆို မထိရက်မကိုင်ရက် မြတ်နိုးလွန်းလို့ နဖူးနဲ့ပါးရဲရဲလေးတွေသာ နမ်းရှိုက်ဖြစ်တဲ့ သူဟာ အခုတော့ အလွမ်းဓာတ်ခံကြောင့် နှုတ်ခမ်းထူထူ
လေးကို ပထမဆုံးအကြိမ် အတိုးချနမ်းရှိုက်
နေမိသည်။
Taehyung ခေါ်ဆောင်သွားတဲ့ အနမ်းစည်းချက်
လေးအတိုင်း Seokjin လဲ အလိုက်သင့်လေး လိုက်ပါစီးမျောနေသည်။
*ငါမင်းကိုယုံသလို ငါ့ကိုယ်ငါလဲ ယုံတယ်...
ဒါပေမယ့် ကံကြမ္မာကြီးကိုတော့ မယုံရဲဘူး..*
◇ My Beloved ◇
To be continued...
အားလုံးဘဲ ဂရုစိုက်ကြပါနော် ❤
Thank you for reading and voting
Love you all💜💜