"ဖလော်ရာ....သူဘယ်မှာလဲ"
"ဟိုမှာ"
Dancing Floorမှာ ကနေတဲ့ကောင်မလေးကို လိုက်ထိန်းနေတဲ့အချစ်။ရှောင်ကျန့်ကြည့်နေဆဲမှာပင် အချစ်က ထိုကောင်မလေးကိုတွဲကာ ရှောင်ကျန်တို့ဘက် လှမ်းလာနေသည်။
"ဟန်နာ ....ကိုချစ်လား "
"Oppaက ဟန်နာ့ကိုမချစ်ဘူး.....အဲ့တော့ ဟန်နာပြန်မလိုက်ဘူး....ကမယ်....ကမယ်လို့"
သူတွဲထားတဲ့ကြားက ရုန်းထွက်နေတဲ့ ချွဲဟန်နာကြောင့် ရိပေါ် အခက်တွေ့နေရသည်။မောင်ပြန်မရောက်ခင် ရောက်မှ ဖြစ်မှာမို့
ပြီးစလွယ်ဖြေဖို့သာ ရိပေါ် တွေးလိုက်မိသည်။
"Oppaက ဟန်နာကိုချစ်တာမို့...ပြန်ရအောင်နော်"
"ဟီး....Oppaက ဟန်နာ့ကိုချစ်တယ်"
ပြောရင်းနဲ့ သူ့လည်ပင်းကို သိုင်းဖက်လာတဲ့ဟန်နာရဲ့လက်ကို သူတွန်းမဖယ်မိခင် သူ့ရဲ့လက်တစ်ဖက်က တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ခြင်းခံလိုက်ရသည်။
"သူ့ကို တစ်ကယ်ပဲ ချစ်လား....Dr.Wang
တစ်စစီကွဲကြေနေတဲ့ မျက်ဝန်းတွေနဲ့ မောင်က သူ့ကိုမယုံနိုင်သလို မျက်ဝန်းတွေနှင့်ကြည့်နေသည်။ရိပေါ် ဘာဖြေရှင်းချက်မှမပေးနိုင်ခင်မှာပင် မောင်က သူ့ကို ဆွဲခေါ်လာခဲ့ပြီးဖြစ်သည်။
....
"အေ့...Oppa"
"Oppaမဟုတ်ဘူး....ဖလော်ရာ....ဖလော်ရာ...တကတည်း အသဲကွဲလို့သောက်ပါမယ်ဆိုမှ အမူးသမားကို ထိန်းနေရတယ်.....သောက်ကလေးကလည်း ရော့အင့်ဆိုပြီးလက်ထဲထိုးထည့်ပေးသွားတယ်"
ဖလော်ရာ လေးသိပ်စိတ်ညစ်။
......
"မောင်....ငါကလေ....ငါက"
"အချစ်နေမကောင်းဘူးလား....ဆေးသောက်ပြီးအိပ်တော့နော်"
သူ့ကိုစကားဆုံးအောင်ပေးမပြောဘဲ ဆေးတွေလက်ထဲထည့်ပေးလာပြီး ရေခွက်ပါကမ်းပေးလာတဲ့ မောင်က ဘယ်လောက်ပဲအေးဆေးပေမယ့် မျက်ဝန်းတွေက မောင့်ရဲ့နာကျင်မှု အတိုင်းအဆကို ဖော်ပြနေသည်။
ရှင်းပြချင်ပေမယ့် ဘယ်က ဘယ်လိုစရှင်းရမည်ကို ရိပေါ် မသိတော့ဘူး။
"မောင်...ငါကလေ"
"ဆေးသောက်ပြီးအိပ်တော့လေအချစ်ရဲ့.....အချစ်တစ်ခုခုဖြစ်ရင် မောင်ရင်ကျိုးရမှာ....အချစ်ကိုမောင်က သိပ်ချစ်တာသိတယ်မလား"
တုန်လှုပ်နေတဲ့ မျက်ဝန်းတွေကို မမြင်လိုတာမို့ ရှောင်ကျန့်အချစ်ရဲ့ကိုယ်သေးသေးလေးကို ရင်ခွင်ထဲထည့်လိုက်သည်။ အချစ်က သူ့ရဲ့ကိုယ်ငွေ့နဲ့မှ အိပ်တတ်တာမို့ အချစ်မအိပ်မချင်း သူထသွားဖို့ မစဉ်းစားရဲဘူး။အချစ်က သူ့ဆီကနေ ဟန်နာဆီ ထွက်သွားမယ့်ရက်တွေရောက်မလာခင်တော့ ရှောင်ကျန့်က အချစ်ကို ချစ်ပေးနိုင်သလောက် ချစ်ပေးလိုက်ပါမည်။
အချစ်သာ သူ့ထံပါးမှာ မနေလိုခဲ့ရင်
အချစ်ပျော်မယ့်ရင်ခွင်ကို
သူက ရင်အကွဲခံပြီး ထည့်ပေးလိုက်မှာ....။
ဆေးရှိန်ကြောင့်အချစ်အိပ်ပျော်သွားတာသေချာမှ ပြိုကျနေတဲ့စိတ်အစုံကို ရှောင်ကျန့်က ဖွင့်ပြရသည်။နံရံကို လက်သီးနဲ့ထိုးပြီး နာကျင်သမျှကို သက်သာချင်ပေမယ့် အချစ်မကြိုက်မှာစိုးလို့ သူမလုပ်ဖြစ်ဘူး။ဟန်နာကိုအချစ်က ချစ်နေတယ်လို့ တွေးမိတဲ့အခါ ရှောင်ကျန့်က ချုံးပွဲချ ငိုရုံပဲတတ်နိုင်သည်။ အချစ်သာ သူနားမရှိတော့ရင် ရှင်လျှက်နဲ့သေတဲ့ဘဝမျိုးကို ရှောင်ကျန့်က ပိုင်ဆိုင်တော့မှာ။
မသောက်ဖြစ်တာ ကြာတဲ့စီးကရက်ကို မီးညှိဖွာရှိုက်လိုက်ပြီး အချစ်က သူ့ကိုပဲ ချစ်တာပါလို့ ခပ်ရူးရူးတွေးလိုက်သေးသည်။နာတယ်....တစ်ကယ်ရင်ထဲက နာတယ်။
.....
အနားမှာ အမြဲရှိခဲ့တဲ့ ကိုယ်ငွေ့နွေးနွေးမရှိတဲ့အခါ ရိပေါ်က တစ်ရေးနိုးလာသည်။နှာခေါင်းထဲ ဝင်လာတဲ့ဆေးလိပ်ငွေ့နံ့နဲ့ နားထဲကြားနေရတဲ့ ရှိုက်သံကြောင့် ရိပေါ်က ငုတ်တုတ်ထထိုင်ပြီးသားဖြစ်သွားသည်။ကုတင်ပေါ်က ဆင်းလိုက်ရင်း ဝေ့ဝဲရှာမိတော့ Laptop ကို ရှေ့ချပြီး အလုပ်စားပွဲမှာ ထိုင်ငိုနေတဲ့ မောင့်ကိုတွေ့ရသည်။ဒီကလေးရဲ့မျက်ရည်တွေက သူ့ကြောင့်ဆိုတာသေချာတဲ့အခါ ရိပေါ် နာကျင်ရသည်။
"မောင် "
"အင့်"
အချစ်ရဲ့ အသံကြောင့် စီးကရက်ကို ဖိချေ မှးငြိမ်းလိုက်ပြီး ကျနေတဲ့မျက်ရည်တွေကို ပယကမန်းကတမ်းသုတ်ပစ်လိုက်သည်။သူငိုနေတာကို အချစ်မြင်သွားလို့မရဘူး။သူ့ကိုအားနာနေပြီး ချစ်တဲ့သူရဲ့လက်ကိုတွဲတဲ့အခါ အပြစ်ရှိသလို အချစ်ကို မခံစားစေချင်ဘူး။
သူ့ပေါင်ပေါ် အချစ်က ခွထိုင်လိုက်တာမို့ သူက အချစ်ခါးကိုသာ ဖက်ထားပြီး အချစ်ပခုံးပေါ် ခေါင်းမှောက်ချထားလိုက်သည်။
ဒီလောက်ဆို သူ့ရဲ့ နာကျင်နေတဲ့ပုံစံကို အချစ်မမြင်တော့ဘူး။
"မောင်.....ငါကမောင့်ကိုပဲချစ်တာ....သူက မူးနေလို့ ငါက ပြောလိုက်တာပါ....နော်...ငါ့ကိုယုံတယ်မလားဟင်....ယုံတယ်မလား"
ပေါင်ပေါ် တက်ထိုင်ပြီး တရစပ် ပြောနေတဲ့အချစ်ကြောင့်ရှောင်ကျန့်က ခေါင်းကိုသာညိတ်လိုက်သည်။
"မောင်....ငါ့ကိုမယုံဘူးလားဟင်....ငါ့ကို ထွက်သွားဖို့ ပြောမှာလား....အီး....ငါက မင်းနဲ့...အဟင့်... မခွဲနိုင်ဘူး....မင်းသာထားသွားရင် ငါသေလိမ့်မယ်....အဟင့်....မခွဲနိုင်ဘူး"
မောင်က သူ့ကို နှင်ထုတ်တော့မှာလားဆိုပြီးတွေးမိတဲ့အခါ ရိပေါ်က ငိုချမိတော့သည်။စကားနည်းတဲ့သူက မောင့်ကိုသေချာလည်း မရှင်းပြတတ်တာမို့ မောင်က သူ့ကိုယုံပါ့မလားဆိုတာ မသေချာဘူး ။သူမျက်ရည်ကျတာကို မမြင်နိုင်တဲ့မောင်က အခုသူငိုနေတာကို မချော့တော့ဘူး။မောင်က သူ့ကိုမလိုချင်တော့ဘူးလား။
"မောင်....ငါ့ကိုမလိုချင်တော့ဘူးလားဟင်....ငါ့ကိုရိုးသွားတာမလား.... မောင်....မင်းလူဆိုးကောင်....မြေခွေးလိုကောင်.... အဟင့်...ငါ့ကို မချစ်တော့ဘူးမလား...မင်းနဲ့မခွဲနိုင်ဘူးနော်...ငါကွာရှင်းမပေးဘူး... "
အချစ်ပြောနေတဲ့စကားတွေကိုလိုက်မှီဖို့ သူ့ဦးနှောက်ကိုအလုပ်ပေးနေရသည်။သူကအချစ်ကို ဆုံးရှုံးရမှာကြောက်လို့ ငိုမိတာကို အချစ်က အခုသူ့ကို စိတ်ဆိုးနေပြန်သည်။
စိတ်ဆိုးတာထက် မျက်ရည်တွေပေါက်ပေါက်ကျအောင် ငိုနေပြီးကွာရှင်းတာတွေပါ ပါလာပြန်သည်။
"အချစ်....တိတ်.. တိတ်တော့နော်. ...မောင်က အချစ်ကို ဘာလို့ကွာရှင်းရမှာလဲ....အချစ်ကိုမောင်က သိပ်ချစ်တာကို...."
"တစ်ကယ်လား....အာ့ဆို ငါအခု မောင့်ကိုလိုချင်တယ်"
အဖျားရှိန်ကြောင့်ရော ငိုထားတာကြောင့်ပါ နီရဲနေတဲ့ အချစ်က သူ့လည်ပင်းကို သိုင်းဖက်ပြီး သူ့နားကို တိုးတိုးလေးကပ်ပြောလာသည်။အပူငွေ့နည်းနည်းရှိနေတာမို့ သူကြမ်းလိုက်ရင် ပိုဆိုးမှာစိုးရသည်။
"အချစ်က အခုနေမကောင်းသေးဘူးလေ....မောင်ကအရမ်းကြမ်းတော့....အချစ်မခံနိုင်လောက်ဘူး.....နောက်ရက်....နောက်ရက်"
သူ့ကို အမြဲထိကိုင်ချင်နေတဲ့ မောင်က အခုသူ့ကို ငြင်းလိုက်တာလား။သေချာနေပါပြီ။မောင်က သူ့ကိုကွာရှင်းတော့မှာ။
"ဟာ....အချစ် မငိုရဘူးလေကွာ.....မောင်ကအချစ်ကို မကွာရှင်းပါဘူး....အချစ်နေမကောင်းလို့ "
သူ့စကားကြောင့် ငိုင်သွားတဲ့ အချစ်က အတွေးလွန်ပြီး ငိုမဲ့မဲ့လေးဖြစ်လာရတာမို့ ရှောင်ကျန့်က ပါးဖောင်းလေးကို နမ်းရင်းပြောရသည်။
"ဟင့်အင်း....အခုငါမောင်ချစ်ပေးတာလိုချင်တယ်"
အပြောနဲ့အတူ နှုတ်ခမ်းသားကိုပါ လှမ်းနမ်းလိုက်တာကြောင့် ရှောင်ကျန့်က အလွတ်မပေးတော့ဘူး။မြေခွေးကိုလာနိုးတဲ့ ယုန်ဖြူလေးရဲ့ နှုတ်ခမ်းသားတွေကို အငမ်းမရ နမ်းရှိုက်ရင်း ခွထိုင်ထားတဲ့အချစ်ကို ပြုတ်မကျအောင် ထိန်းကိုင်လို့ ကုတင်ဆီသွားသည်။ အဖျားရှိန်ကြောင့် ကိုယ်ပူနေတဲ့ယုန်ဖြူလေးကို မြေခွေးလေးက ကြမ်းတစ်လှည့်နုတစ်လှည့်နဲ့ အဖျားကျအောင် ကူညီပေးသည်။ယုန်ဖြူလေးကလည်း မြေခွေးလေးအောက်မှာ မလူးသာမလွန့်သာ။
.....
"မောင်....ဧည့်သည်ရောက်နေတာလား"
ရိပေါ်က အပေါ်က ဆင်းလာရင်း စကားပြောသံတစ်ချို့ကြောင့် လှမ်းမေးသည်။မောင်က ထလာကာ သူ့လက်ကိုဆွဲရင်း ဧည့်သည်တွေရှိရာကို မေးဆတ်ပြသည်။ ဘုရားရေ....လက်ချင်းတွဲထားကြတဲ့ဟန်နာနဲ့ဖလော်ရာ။
"ဟန်နာနဲ့ဖလော်ရာ"
"ဟုတ်တယ်.... Oppaကိုမူးပြီးရစ်မိလို့ လာတောင်းပန်တာ....Mr.Seanကိုရောပဲ.... ဟန်နာကတောင်းပန်ပါတယ်...."
"ဟန်နာက တောင်းပန်နေတာကို Seanက ငုတ်တုန်မေ့နေတာလား"
"ဟာ....မကလည်း Mr.Seanကိုအားနာစရာ"
ရှေ့က မိန်းကလေးနှစ်ယောက်ရဲ့ အသုံးအနှုန်းအပြုအမူတွေကြောင့် ရိပေါ်နဲ့ ရှောင်ကျန့် အံ့သြနေရသည်။
"ဟုတ်တယ်....မျက်လုံးတွေလာမှန်ကုန်အုံးမယ်....ဟန်နာက ငါ့ရဲ့အသစ်စက်စက်ရည်းစား...ငါ့ကောင်မလေးတောင်းပန်နေတာကို မင်းတို့က ခွင့်မလွှတ်တာလား"
ဖလော်ရာက ခပ်သွက်သွက်ပြောလာတာမို့ ရိပေါ်နှင့် ရှောင်ကျန့်က ခေါင်းခါပြရသည်။
"ဘာမှမဖြစ်ပါဘူး....ဟန်နာ နောက်ဆို အာ့လိုနေရာတွေမသွားနဲ့လေ....မင်းက ဆရာဝန်ဆိုတာသတိရအုံး"
မင်းကောင်းမှုနဲ့ တစ်ညလုံး အစားခံလိုက်ရတာလွဲရင် ဘာမှမဖြစ်ပါဘူး။
"အာ့ဆို ငါတို့ပြန်တော့မယ်....သွားDateမလို့....ဟန်နာလေးက လာချင်တယ်ဆိုလို့သာ....Seanလည်း Dr.Wangကို ဆက်ငေးလိုက်ပါအုံး"
"အာ..."
ဖလော်ရာနဲ့ ဟန်နာထွက်သွားပြီးတဲ့အထိ အချစ်ကခေါင်းမော့မလာတော့ဘူး။ နားရွက်တွေပါနီစွေးနေတာမို့ တော်တော်ကြီးရှက်နေပုံပါပဲ။
....
"အချစ်....စားလေ"
ထမင်းကို တို့ကနန်း ဆိတ်ကနန်းသာ စားနေတာမို့ ရှောင်ကျန့်က အချစ်ပန်းကန်ထဲကို ဟင်းတွေထပ်ထည့်ပေးလိုက်သည်။
"မောင်...ငါမစားချင်ဘူး"
ဒီရက်ပိုင်းအတွင်း သူက တစ်ခုခုဆိုအရင်ကထက်အားငယ်တတ်လာသည်။အစားအသောက်လည်း စားချင်စိတ်မရှိဘဲ မောင့်ရင်ခွင်ထဲသာ ခွေနေချင်သည်။တစ်ကိုယ်လုံး အားမရှိသလို ခံစားနေရကာ စားသမျှလည်း အန်ထွက်ချင်သည်။ရိပေါ် စိတ်ထင်နေတာ ရှိပေမယ့် သူက ယောကျာ်းလေးမို့ မဖြစ်နိုင်။
"နည်းနည်းလောက် ထပ်စားအုံးနော်....အချစ်က လိမ္မာပါတယ်"
မောင်က သူ့ကို ချော့ပြောလာတာမို့ ရိပေါ်က ခေါင်းညိတ်ပြပြီး စားမလို့ ပြင်ပေမယ့် အန်ချင်စိတ်က ထိန်းမရဘူး။
"ဝေါ့.. ခနနော်မောင်....အရမ်းအန်ချင်နေလို့ "
သူ့ကို စိတ်ပူသလို ကြည့်နေတဲ့မောင့်ကို ထားပြီး ရေချိုးခန်းထဲ အမြန်ပြေးရသည်။ မောင်က နောက်ကပါလာပြီး သူ့ကျောကုန်းကို ခပ်ဖွဖွ ပုတ်ပေးနေသည်။
"ဝေါ့...ဝေါ့"
တဝေါ့ဝေါ့ နှင့် ထိုးအန်နေပေမယ့် ဘာမှ ပါမလာဘဲရင်တလှပ်လှပ်ဖြစ်ကာ အားမရှိတော့သလို ခံစားရသည်။မောင့်ရင်ခွင်ထဲကို မှီချလိုက်ပြီး လူက ဘာမှပင် မလုပ်ချင်ပဲ အန်ချင်စိတ်ပဲ ဖြစ်နေရသည်။
"အချစ်ဘာဖြစ်တာလဲ....မောင်အရမ်းစိတ်ပူနေပြီ...မောင်ဆရာဝန်ခေါ်လိုက်အုံးမယ်....အခု အခန်းထဲသွားရအောင်"
ရင်ခွင်ထဲကို ပြိုကျလာတဲ့ မောပန်းနေဟန်မို့ ရှောင်ကျန့်က စိတ်တွေ အစိုးမရအောင် ပူပန်လာရသည်။ အချစ်ကို ပွေ့ချီမလို့ ပြင်လိုက်ပေမယ့် အချစ်က သူ့ကို တွန်းဖယ်ပြီး တဝေါ့ဝေါ့နှင့် ဆက်အန်နေပြန်သည်။
"ဝေါ့....ဝေါ့ "
စိုးရိမ်နေတဲ့မောင့်ကို မစိုးရိမ်ဖို့ ပြောချင်ပေမယ့် ရိပေါ် ကိုယ်တိုင်က အဆင်မပြေခဲ့ဘူး။
ခေါင်းတွေက တရိပ်ရိပ်မူးလာပြီး မောင်ပြောတဲ့စကားတွေက မကြားတစ်ချက် ကြားတစ်ချက်။
"အချစ်....အချစ် သတိထားအုံးလေ"
By....Mimosa