ငွေမှိုင်းလင်းဝေ...(ငှမှေိုငျး...

Від Han_Me7012

89.9K 7.4K 1.4K

(Zawgyi) နေရယ်...လရယ်....ကြယ်ရယ်... တစ်မိုးအောက်မှာ အတူရှိကြပေမယ့် မင်းတို့နှစ်ယောက်နဲ့ယှဉ်ရင် ပျောက်ကွယ်ပေးရ... Більше

Author's Note
Intro
Part 1(Zawgyi)
Part 1(Unicode)
Part 2(Zawgyi)
Part 2(Unicode)
Part 3(Zawgyi)
Part 3(Unicode)
Part 4(Zawgyi)
Part 4(Unicode)
Part 5(Zawgyi)
Part 5(Unicode)
Part 6(Zawgyi)
Part 6(Unicode)
Part 7(Zawgyi)
Part 7(Unicode)
Part 8(Zawgyi)
Part 8(Unicode)
AN
Part 9(Zawgyi)
Part 9(Unicode)
Part 10(Zawgyi)
Part 10(Unicode)
Part 11(Zawgyi)
Part 11(Unicode)
Part 12(Zawgyi)
Part 12(Unicode)
Part 13(Zawgyi)
Part 13(Unicode)
Part 14(Zawgyi)
Part 14(Unicode)
Part 15(Zawgyi)
Part 15(Unicode)
Part 16(Zawgyi)
Part 16(Unicode)
Part 17(Zawgyi)
Part 17(Unicode)
Part 18(Zawgyi)
Part 18(Unicode)
Part 19(Zawgyi)
Part 19(Unicode)
Part 20(Zawgyi)
Part 20(Unicode)
Part 21(Zawgyi)
Part 21(Unicode)
Part 22(Zawgyi)
Part 22(Unicode)
Part 23(Zawgyi)
Part 23(Unicode)
Part 24(Zawgyi)
Part 24(Unicode)
Part 25(Zawgyi)
Part 25(Unicode)
Part 26(Zawgyi)
Part 26(Unicode)
Part 27(Zawgyi)
Part 27(Unicode)
Part 28(Zawgyi)
Part 28(Unicode)
Part 29(Zawgyi)
Part 29(Unicode)
Part 30(Zawgyi)
Part 30(Unicode)
Part 31(Zawgyi)
Part 31(Unicode)
Part 32(Zawgyi)
Part 32(Unicode)
Part 33(Zawgyi)
Part 33(Unicode)
Part 34(Zawgyi)
Part 34(Unicode)
Part 35(Zawgyi)
Part 35(Unicode)
Part 36(Zawgyi)
Part 36(Unicode)
Part 37(Zawgyi)
Part 37(Unicode)
Part 38(Zawgyi)
Part 38(Unicode)
Part 39(Zawgyi)
Part 39(Unicode)
Final (Part 1)(Zawgyi)
Final( part 1)(Unicode)
Final(Part 2)(Zawgyi)
For My Readers❤(Z/U)

Final(Part 2)(Unicode)

3.6K 122 27
Від Han_Me7012

မှိုင်းခေါင်၏ အမြင်အာရုံတွေမှာ ဝေဝါးနေသည်။
ကားပေါ်တွင် ပျော့ခွေစွာ ထိုင်လိုက်လာရင်း သူ့ရဲ့မျက်ခွံတို့က မှိတ်ချည်၊ ပွင့်ချည်ဖြစ်နေသည်။ မျက်လုံးပွင့်လာသောအခါ၌ ကောင်းကင်ကို သူငေးကြည့်မိပြန်သည်။ သူ့ရဲ့မြင်ကွင်းထဲတွင် ရှုပ်ထွေးနေသော လျှပ်စစ်မီးကြိုးများနှင့် မာကျူရီမီး အလင်းရောင်ကိုပါ ကောင်းကင်နှင့်အတူ ယှဉ်တွဲပြီး မြင်နေရသည်။ ထို့နောက် တစ်ဖန်ပြန်၍လေးလံလာသော မျက်ခွံများကြောင့် အမှောင်ထုထဲသို့ ပြန်ရောက်သွားရပြန်သည်။

နောက်ထပ်တစ်ကြိမ် မျက်လုံးပွင့်လာသောအခါတွင်
ပတ်ဝန်းကျင်အသစ်ကို သူမြင်ရပြန်သည်။ အုပ်ဆိုင်းနေသော သစ်ပင်တွေကို တရိပ်ရိပ်ဖြတ်ကျော်လာပြီးနောက် ကြက်သွေးနီရောင် ရဲတိုက်တစ်လုံးက သူ့ရဲ့အမြင်အာရုံထဲသို့ ရောက်လာသည်။ ထိုရဲတိုက်ကြီး၏ဆင်ဝင်အောက်သို့ ကားရပ်လိုက်ချိန်မှာတော့ မှိုင်းခေါင်ရဲ့မျက်ခွံနှစ်ဖက် ပြန်မှိတ်ကျသွားပြန်သည်။

တစ်ယောက်ယောက်က သူ့ကို ထမ်းသွားတာကို မှိုင်းခေါင်ခံစားမိနေသော်လည်း ဘယ်သူဘယ်ဝါမှန်း မသဲကွဲပေ။သူ့မျက်လုံးတွေသည် အပြင်လောကကို စူးစမ်းကြည့်ဖို့အတွက် အားလျော့နေပုံရသည်။ သူ့စိတ်က စေခိုင်းနေသော်လည်း သူ့ရဲ့ခန္ဓာကိုယ်ကတော့ သူ့စကားကိုနားမထောင်ပေ။

ထို့နောက် သူ့ကိုသယ်သွားသော
ကျောပြင်ပေါ်မှာပဲ ခဏမှိန်းနေလိုက်သည်။
မျက်လုံးတွေကို အားတင်းပြီး ဖွင့်ကြည့်လိုက်ချိန်မှာတော့ သူအခန်းတစ်ခုထဲသို့ ရောက်နေပြီဖြစ်ကြောင်း သတိထားမိသွားသည်။ထို့နောက် နံရံမှာချိတ်ထားသော ပန်းချီကားလေး တစ်ချပ်ကို စူးစိုက်ပြီးတော့ ကြည့်နေမိသည်။ ညကောင်းကင်ကို မော့ကြည့်နေသော ကောင်လေးဟာ သူနဲ့ သိပ်ကိုတူနေလေသည်။

"ရှိုင်းငယ်....ငါမင်းကို အရမ်းလွမ်းနေပြီ...."

မှိုင်းခေါင်သည် သူ့ရဲ့ဗလုံးဗထွေးစကားသံနှင့်အတူ ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားသည်။ သူပြုတ်ကျသွားတော့ သူ့ကိုသယ်လာပေးသော ကျောပြင်ပိုင်ရှင်က ချက်ချင်း လာထူပေးသည်။

ပါးစပ်ကလည်း ခေါ်နေသေးတယ်...ကိုကို ...တဲ့။

မှိုင်းခေါင်ရဲ့ရင်ထဲတွင် လိပ်ပြာကလေးတွေ ထပြန်သွားသလို လှစ်ဟာသွားသော ခံစားချက်မျိုးကို ခံစားလိုက်ရသည်။

"ကိုကို...."

ထိုခေါ်သံလေးကို နောက်တစ်ကြိမ်ထပ်ကြားရပြန်သည်။ သူမတ်တပ်ရပ်နိုင်သွားသော်လည်း တစ်စုံတစ်ယောက်ရဲ့ ပခုံးပေါ်တွင်တော့ ခေါင်းမှီတင်ထားရသည်။ နွေးထွေးလှပါသော လက်ဖဝါးပြင်နှစ်ဖက်သည် မှိုင်းခေါင်ရဲ့ လက်မောင်းကို ဆုပ်ကိုင်ရင်း ကိုကိုဟုခေါ်ပြန်သည်။

ရှိုင်းငယ်လား.....။

မှိုင်းခေါင် ခေါင်းမော့ကြည့်လိုက်သည်။ သူနဲ့ လက်လေးလုံးစာသာ ခြားသောအကွာအဝေးတွင် သူရင်းနှီးနေသော မျက်နှာလေးတစ်ခု ရှိနေသည်။

ရှိုင်းငယ်က ငါ့ရှေ့မှာ....။ဒါက အိပ်မက်ပဲဖြစ်မှာပါနော်...။

ဝင်သက်၊ထွက်သက်တချို့ မှိုင်းခေါင်ရဲ့မျက်နှာထက်သို့ တိုက်ခတ်သွားချိန်မှာတော့ မှိုင်းခေါင်သည် သူ့ရဲ့စိတ်တွေကို မထိန်းချုပ်နိုင်တော့ပေ။ သူမြင်နေရသော မျက်နှာဆီသို့ တိုးကပ်သွားပြီး နှုတ်ခမ်းကို ဖိနမ်းလိုက်တော့သည်။ နုထွေးအိစက်နေသော နှုတ်ခမ်းငုံလေးသည် မှိုင်းခေါင်နမ်းလိုက်တော့မှ စေ့စေ့တင်းသွားလေသည်။ ပြီးတော့ သူ့ရဲ့မျက်နှာကို မှိုင်းခေါင်ရဲ့ လက်ဖဝါးနှစ်ဖက်ကြားမှ ရုန်းထွက်ဖို့်ကြိုးစားသည်။

အိပ်မက်မဟုတ်လား....။ အိပ်မက်ထဲက ရှိုင်းငယ်မဟုတ်လား...။ အိပ်မက်ထဲမှာတော့ ကိုကို့ဆီကနေ မရုန်းလိုက်ပါနဲ့ကွာ...။

မှိုင်းခေါင်သည် သူကြုံတွေ့နေရသောအဖြစ်အပျက်ကို အိပ်မက်ဟုပင် ယုံကြည်နေသည်။ အိပ်မက်ထဲရှိ ငွေရှိုင်းက ရုန်းလေသောအခါ သူပိုပြီးဒေါသထွက်လာသည်။ ထို့ကြောင့် သူ့ရဲ့အင်အားကို အသုံးပြု၍ ငွေရှိုင်းကို နံရံတွင် ဖိကပ်ထားလိုက်တော့သည်။

တကယ့် လက်တွေ့တွင် အသိစိတ်ကပ်နေသေးသော ငွေရှိုင်းကတော့ မှိုင်းခေါင်ရဲ့အပြုအမူကို မယုံကြည်နိုင် ဖြစ်နေသေးသည်။ ငွေရှိုင်းသည် မှိုင်းခေါင်တစ်ယောက် သူ့ကို တစ်ယောက်ယောက်နဲ့ မှားပြီး ဒီလိုမျိုးတွေလုပ်နေတာဟု သတ်မှတ်ချင်သော်လည်း မှိုင်းခေါင်ရေရွတ်နေသော နာမည်မှာ ရှိုင်းငယ်ဟူသော နာမည်ဖြစ်နေခဲ့သည်။

"ကိုကို....ဒီလိုမျိုးတွေမလုပ်ပါနဲ့ ကျွန်တော်မကြိုက်ဘူး..."

ငွေရှိုင်းသည် မှိုင်းခေါင်ကို တွန်းဖယ်ပစ်၍ရသော်လည်း မတွန်းရက်သဖြင့် ရုန်းရုံသာရုန်းနေသည်။ သူပြောတာကို မှိုင်းခေါင် နားထောင်လိမ့်မည်ဟု ထင်နေသောကြောင့်ဖြစ်သည်။ သို့သော်လည်း မှိုင်းခေါင်သည် ရပ်တန့်မသွားဘဲ သူ့့မျက်နှာနှင့် လည်ပင်းအထိပါ နယ်ကျော်လာသည်။ မှိုင်းခေါင်ကိုက်လိုက်သောကြောင့် ငွေရှိုင်းရဲ့ အောက်နှုတ်ခမ်းပေါက်သွားပြီး သွေးထွက်သွားချိန်မှာတော့ ငွေရှိုင်းတစ်ယောက် သည်းမခံနိုင်တော့ပေ။

"ကိုကို....တော်လောက်ပြီ...." ဟု အကျယ်ကြီးအော်ကာ
မှိုင်းခေါင်ကို သူတွန်းပစ်လိုက်သည်။

ကြမ်းပြင်ပေါ်တွင် ဖင်ထိုင်လျှက်သား လဲကျသွားရသော မှိုင်းခေါင်သည် ငွေရှိုင်းကို မျက်လုံးအပြူးသားနှင့် ငေးကြည့်နေမိလေသည်။ ထို့နောက် အချိန်အကြာကြီး အိပ်မောကျနေရာမှ နိုးထလာရသူတစ်ယောက်ပမာ သူရောက်နေသောပတ်ဝန်းကျင်ဟာ အိပ်မက်လား၊လက်တွေ့လားဆိုတာကို စူးစမ်းနေရာမှ လက်တွေ့ဖြစ်နေတာကို သိလိုက်ရသောအခါတွင်တော့ မှိုင်းခေါင်တစ်ယောက် အကြီးအကျယ် တုန်လှုပ်သွားရပြီဖြစ်သည်။

သွားပြီ.....။ငါ...ငါဘာတွေလုပ်လိုက်တာလဲ...။

ငွေရှိုင်းသည် မှိုင်းခေါင်အရှေ့အထိ လျှောက်လာပြီး အနားရောက်တော့မှ ဒူးထောက်ထိုင်ချကာ မှိုင်းခေါင်ကိုပြောလိုက်သည်။

"ကိုကို...ကျွန်တော့ကို...ကျွန်တော်မှန်းသိရက်နဲ့ လုပ်လိုက်တာလား..."

ငွေရှိုင်းရဲ့စိတ်ထဲတွင် ပိုပြီးသေချာချင်သည်။ ထို့အပြင် မှိုင်းခေါင်ထံမှ "သူမှန်းသိရက်နဲ့ လုပ်လိုက်တာမဟုတ်ဘူး "ဆိုတဲ့စကားကိုသာ ကြားချင်နေမိသည်။

မှိုင်းခေါင်သည် ငွေရှိုင်းကိုခပ်တွေတွေကြီး ငေးနေရာမှ မျက်ရည်တွေ တလှိမ့်ချင်းကျလာပြီး ကယောင်ကတမ်းပြောလေသည်။

"မဟုတ်ဘူး...ငါ...ငါ ဒါကို အိပ်မက်လို့ထင်နေတာ...
ရှိုင်းငယ်က ငါ့အနားမှာမရှိဘူးလေ...ငါသူ့ကို စောင့်နေတာတောင် သူပြန်မလာဘူးလေ...

ငါမူးပြီး အိပ်ပျော်သွားမှ သူ့ကိုမြင်ရတာ...အခုကရော တကယ်ဖြစ်နေတာလား..ဒါပေမယ့်..ငါကအိပ်မက်လို့ထင်ပြီး...အိပ်မက်လို့ထင်ပြီး...."

ငွေရှိုင်းတစ်ယောက် အံ့သြချိန်ပင် မရလိုက်ပါ။ မှိုင်းခေါင်က ချက်ချင်း မတ်တပ်ထပြီး နံရံကို လက်သီးဖြင့် ပြေးထိုးလိုက်သောကြောင့် ဖြစ်သည်။

"ကိုကို....မလုပ်ပါနဲ့...ကျွန်တော်ပြောနေတယ်..
.မလုပ်ပါနဲ့တော့..."

မှိုင်းခေါင်သည် ငွေရှိုင်းရဲ့နှုတ်ခမ်းမှ သွေးစတွေကိုမြင်ပြီး
သူ့ကိုယ်သူ နာအောင် ထပ်လုပ်ပြန်သည်။ အိပ်မက်အထင်နဲ့ စိတ်ကိုလွှတ်ပေးလိုက်မိတာကိုက မှိုင်းခေါင်မှားတာ...။အခုဆိုရင် ရှိုင်းငယ်တစ်ယောက် မှိုင်းခေါင်ကို တစ်သက်လုံးမုန်းသွားတော့မှာပဲ။

မှိုင်းခေါင်ရဲ့ လက်ဆစ်တွေမှာ သွေးစို့လာသည်။ ငွေရှိုင်းသည် မှိုင်းခေါင်ရဲ့စိတ်ရင်းကို သိလိုက်ရသည့်အတွက် ဝမ်းနည်းနာကျင်ရသည်က တစ်မျိုး၊ မှိုင်းခေါင်က ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်နေသည့်အတွက် ရင်ထိတ်ရသည်က တစ်မျိုးဖြင့် သေချင်စိတ်ပါ ပေါက်လာသည်။ သူတားနေသော်လည်းမရသဖြင့် မှိုင်းခေါင်ကို သူ့ရှေ့သို့ဆွဲယူပြီး အတင်းအကြပ် ဖက်ထားလိုက်တော့သည်။

"ကိုကိုရူးသွားပြီလား...ဟမ်...ကျွန်တော်သိတဲ့ မှိုင်းခေါင်ဝေဦးဆိုတာ ခက်ထန်တယ်၊ဒေါသကြီးတယ် ဆိုပေမယ့် ဘယ်သူ့အတွက်နဲ့မှ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်မလုပ်ဘူး...."

ငွေရှိုင်းက အော်ပြောလိုက်သောအခါတွင်
မှိုင်းခေါင်ငြိမ်ကျသွားသည်။ ထို့နောက် မှိုင်းခေါင်ထံမှ လှောင်ပြောင်သော ရယ်သံထွက်လာပြီး သူပြောလိုက်တဲ့ စကားတွေကတော့ ငွေရှ်ိင်းကို ပြောစရာစကားမရှိ ဖြစ်သွားစေပါသည်။

"ငါအမြဲတမ်း ငါ့ကိုယ်ငါ နာကျင်အောင်
လုပ်ဖူးတာ...မင်းမှမသိတာ...

ကိုယ့်ကိုယ်ကိုယ် ချော်လဲအောင်
လုပ်လိုက်တာကိုလည်း မင်းမသိဘူး...

တစ်ညလုံးရေပန်းအောက်မှာထိုင်ပြီး
နေမကောင်းဖြစ်အောင် လုပ်လိုက်တာကိုလည်း
မင်းမသိဘူး....

ပြီးတော့ ငါမင်းကို ဘယ်လောက်တောင်ချစ်ပြီး
ဘယ်လောက်တောင် အဆုံးရှုံးမခံနိုင်လဲ ဆိုတာကိုလည်း မင်းမသိဘူးလေ...."

ငွေရှိုင်းသည် မှိုင်းခေါင်ကို တင်းကြပ်စွာ ဖက်ထားရာမှ တဖြည်းဖြည်းချင်းဖြေလျော့ပေးလိုက်သည်။ သို့သော်လည်း သူ့ခြေလှမ်းတို့က အနောက်ဘက်သို့သာ ဆုတ်ဆုတ်သွားသည်။ မှိုင်းခေါင်ပြောနေတဲ့စကားတွေကို သူဘယ်လိုမှ လက်ခံလို့မရနိုင်ဘူးလေ။

အနောက်သို့ဆုတ်ရင်း တစ်ခုခုနဲ့တိုက်မိသွားတဲ့အချိန်ကျမှ ငွေရှိုင်းရဲ့ခြေလှမ်းတွေ ရပ်တန့်တော့သည်။ သူသည် အသက်ကိုပြင်းပြင်းရှူရင်း၊ သူ့ရဲ့မျက်လုံးအိမ်ထဲမှ မျက်ရည်စတွေကို ခပ်ကြမ်းကြမ်းသုတ်ပစ်ရင်း မှိုင်းခေါင်ကိုပြောလိုက်သည်။

"ကိုကိုမူးနေပြီ...အိပ်လိုက်ပါတော့...မူးနေတဲ့အချိန်မှာ ပြောတဲ့စကားတွေမို့လို့ ကျွန်တော်မကြားလိုက်ဘူးလို့ဘဲ သဘောထားလိုက်မယ်..."

ငွေရှိုင်းရဲ့စကါးကြောင့် မှိုင်းခေါင်ရဲ့နှလုံးသားတွင် နောက်ထပ် အက်ကွဲရာတစ်ခု ထပ်ပေါ်လာရပြန်သည်။
"မူးနေတဲ့အချိန်မှာ ပြောတဲ့စကားတွေမို့လို့..."တဲ့လား...။ မှိုင်းခေါင်အတွက်ကတော့ မူးနေတဲ့အချိန်မှာမှ ရင်ထဲရှိရာတွေကို အတားအဆီးမရှိ ထုတ်ပြောနိုင်တာလေ။

"မင်းနားထောင်ရမယ်...ရှိုင်းငယ်..။.ငါမင်းနဲ့ပတ်သတ်ပြီး မြိုသိပ်လာတာ ဆယ်စုနှစ်တစ်စုရှိသွားပြီ...။ ငါ့ရဲ့ခံစားချက်တွေ ကိုတော့ မင်းသိသင့်တယ်မလား...။အလင်းဝေကြောင့် မင်း ငါ့ကို လက်မခံချင်ဘူးဆိုရင်တောင် ငါပြောတဲ့စကားတွေကိုတော့ နားထောင်ပေးသင့်တယ် မဟုတ်ဘူးလား...

ပြီးတော့ ကျွန်တော် ကိုကို့အနားမှာပဲ အမြဲရှိနေပေးမယ်ဆိုပြီး မငး်ပြောခဲ့တယ်လေ..။.ဒါပေမယ့် မင်းငါ့ကိုထားသွားခဲ့တယ်..။ မင်းမရှိရင် ငါသေသွားနိုင်တယ် ရှိုင်းငယ်...။အဲ့တာကိုလည်း မင်းမသိဘူးမလား..."

"အခု ကျွန်တော်ပြန်လာတယ်လေ...ကိုကို"

ငွေရှိုင်းသည် ခံပြင်းစွာဖြင့် ပြန်ပြောမိသည်။ သူလည်း မှိုင်းခေါင်ကိုချစ်ပါသည်။ ဒါပေမယ့် သူချစ်သောပုံစံက မှိုင်းခေါင် သူ့ကိုချစ်သောပုံစံနှင့် မတူရုံသာရှိသည်။

"ကျွန်တော့အစ်ကိုအနားမှာ ကျွန်တော်ရှိမှဖြစ်တော့မယ်ထင်လို့ု ပြန်လာခဲ့တာ...။ ကိုကိုက ကျွန်တော့အတွက်တော့ သိပ်ကိုအရေးကြီးတဲ့သူ တစ်ယောက်ပါ...။ ဒါပေမယ့် ကိုကိုဖြစ်စေချင်တဲ့ပုံစံမျိုးတော့ ဘယ်တော့မှမဖြစ်နိုင်ဘူး..."

မှိုင်းခေါင်သည် အရွဲ့တိုက်ရယ်ရင်း ကုတင်ပေါ်တွင် ထိုင်ချလိုက်သည်။ ထို့နောက် ငွေရှိုင်းကို သူ့ရဲ့အခန်းထဲမှ ထွက်သွားခိုင်းလိုက်တော့သည်။ မှိုင်းခေါင်မှာ ငွေရှိုင်းနဲ့ဆက်ပြီး ငြင်းခုန်ရန် အင်အားမရှိတော့ပေ...။ ထို်အပြင် အချိန်ကြာလေလေ သူ့ရဲ့ရင်ထဲတွင် ပိုပြီးနာကျင်လေလေဖြစ်ရတော့မည်။

အဲ့ဒီနေ့တစ်ညလုံး မှိုင်းခေါင်အိပ်လို့မရခဲ့ပေ။ မိုးလင်းခါနီး ခဏအိပ်ပျော်သွားရသော်လည်း နိုးထချိန်တန်တော့ ပြန်လည်နိုးထလာရသည်။ ထမင်းစားခန်းထဲတွင် ငွေရှိုင်းရှိနေမည်အထင်နှင့် အောက်ထပ်သို့ ခပ်မြန်မြန် ဆင်းသွားလိုက်သော်လည်း မှိုင်းခေါင်ထိုင်နေကျနေရာတွင် ကြက်ဥနဲ့ပျားရည်ရောထားသော ဖန်ခွက်ကလေး တစ်ခွက်ကိုသာ တွေ့လိုက်ရသည်။

ရှိုင်းငယ်က သူ့ကို မျက်နှာချင်းမဆိုင်ချင်တော့ဘူးပေါ့....။

ထိုကဲ့သို့သော အတွေးနင့်အတူ မှိုင်းခေါင်တစ်ယောက်တည်း သက်ပြင်းမောများ ရှိုက်ချခဲ့ရသည်။ ကုမ္ပဏီသွားရန် စိတ်မပါသောကြောင့် ဦးထက်လင်းကို ဖုန်းဆက်ပြီး
အလုပ်တွေ လွှဲထားခဲ့သည်။ ထို့နောက် နွေရီရီနွယ်ဆီသို့ ဖုန်းဆက်လိုက်သည်။
.
.
.
နွေရီရီနွယ်နှင့် မှိုင်းခေါင်တို့
ကော်ဖီဆိုင်တစ်ဆိုင်တွင် တွေ့ဖြစ်ကြသည်။ သူငယ်ချင်းနှစ်ယောက်တည်း တစ်ခါတလေမှ မျက်နှာချင်းဆိုင် တွေ့ဖြစ်ကြခြင်းဖြစ်သော်လည်း အပြန်အလှန် စကားပြောကြခြင်းထက် သူသက်ပြင်းချတာကို ထိုင်ကြည့်နေရသည်က ပိုသည်။

"နင်သက်ပြင်းချတာကို ထိုင်ကြည့်ချင်လို့ အတန်းဖျက်လာတာမဟုတ်ဘူးနော် ခေါင်ဝေ..."

နွေရီရီနွယ်က စိတ်မရှည်စွာပြောလိုက်တော့မှ မှိုင်းခေါင်က ခပ်ဟဟရယ်လေသည်။ သူ့ရဲ့ရယ်သံမှာ အသက်မပါသောကြောင့် နွေရီရီနွယ်ပါ သက်ပြင်းချမိလေသည်။ သူမ သိနေသည်။ မှိုင်းခေါင်ရဲ့
အသည်းကွဲဝေဒနာကို သူမ ခံစားလို့ ရနေသည်။

"ရှိုင်းငယ်လည်း ပြန်လာပြီ မဟုတ်လား...
နင့်ကိုယ်နင် ဒုက္ခပေးနေတာတွေ ရပ်သင့်ပြီနော်..."

မှိုင်းခေါင်သည် သစ်ရွက်ပုံဖော်ထားသော
Cappuccinoကော်ဖီကို ငေးစိုက်ကြည့်နေရာမှ ထိုသစ်ရွက်ပုံကို ဇွန်းဖြင့် မွှေနှောက်ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် ပုံစံပျက်သွားသော ကော်ဖီကို ပျက်သထက်ပျက်အောင် မွှေရင်း ခပ်တိုးတိုးပြောလေသည်။

"သူပြန်လာပေမယ့် သူ့စိတ်က ငါ့ဆီမှာ မဟုတ်တော့ဘူး...။သူ့ရဲ့စိတ်ကို ငါမပိုင်တော့ဘူး..နွေရီ.။ ပြီးတော့ ရှိုင်းငယ်ပြောင်းလဲသွားပြီ..."

"နင်ကရော...ဒီပြောင်းလဲမှုအပေါ်ကိုလိုက်ပြီး ပြောင်းလဲနိုင်ပြီလား..."

နွေရီရီနွယ်ကို မျက်လုံးလှန်ကြည့်မိသည်။ သူမရဲ့မေးခွန်းကို မှိုင်းခေါင်တစ်ယောက် နားလည်မယောင်နှင့် နားမလည်သလိုဖြစ်နေသည်။

"ငါမေးနေတာက အခု ဘာဆက်လုပ်မှာလဲ...
ရှိုင်းငယ်ရဲ့စိတ်ကို နင်မပိုင်တော့ဘူးဆို။ မပိုင်နိုင်တဲ့အရာကို အတင်းအကြပ်သိမ်းထားပြီးတော့ နင့်ကိုယ်နင် ပင်ပန်းအောင်လုပ်နေဦးမှာလား...

ငါကတော့ နင့်ကို ဒီလိုပုံစံနဲ့မမြင်ချင်တော့ဘူး...
လက်လွှတ်ပေးသင့်တဲ့အချိန်မှာ လက်လွှတ်ပေးလိုက်မှ နင့်စိတ်တွေအေးချမ်းရမှာ...

သူ့ရဲ့လွတ်လပ်မှုကိုမြင်ရင် နင်လည်းပျော်နိုင်မှာပါ...ကိုယ့်ဘက်က ဆွဲထားရင်ဆွဲထားသလောက် နာကျင်ရတဲ့သူက ကိုယ်ပဲ ဖြစ်နေတာကို နင်လည်းသိတာပဲလေ ခေါင်ဝေရယ်..."

သူမကတော့ မှိုင်းခေါင်ကို အစောကြီးကတည်းက လက်လွှတ်ပေးနိုင်ခဲ့သူမို့ မှိုင်းခေါင်အပေါ်မှာရှိနေတဲ့ ခံစားချက်တွေက သူမရဲ့ နှလုံးသားအောက်ခြေမှာ အနည်ထိုင်နေပြီဖြစ်သည်။ သို့သော်လည်း မှိုင်းခေါင်ခံစားနေရတာကို မြင်ရချိန်မှာတော့ သူမလည်း နာကျင်နေမိသည်။

မှိုင်းခေါင်ကိုလည်း သူမလို မခံစားရစေချင်၍ ဘာမှမပြောဘဲ ဘေးကနေသာ စောင့်ကြည့်နေခဲ့သော်လည်း ပိုင်ဆိုင်ဖို့် ကြိုးစားရခြင်းမှာ လက်လွှတ်ဖို့ကြိုးစားရခြင်းထက် ပိုခက်ကြောင်း သူမကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့လိုက်ရသည့်အတွက် ဤကဲ့သို့ ပြောပေးနေရခြင်းဖြစ်သည်။

"ငါဘယ်လိုလုပ်ရမှာလဲ...သူငါ့အနားမှာမရှိရင် ငါတကယ်ပဲသေသွားမှာ..."

သူမရဲ့သူငယ်ချင်းက အတ္တကြီးသူတစ်ယောက်ဖြစ်ပြီး ၊
ဆုံးရှုံးရသော ခံစားချက်ကို မနှစ်မြို့သူတစ်ယောက်လည်း ဖြစ်နေပြန်သည်။ သူ့စိတ်က လက်မခံနိုင်တာကို လက်ခံသွားအောင် အတင်းဖျောင်းဖျ၍မရသော်လည်း သူငယ်ချင်းတစ်ယောက်အနေနှင့် ပြောစရာရှိတာတော့ပြောရမည်ဟု တွေးကာ အသက်ပြင်းပြင်းရှူရင်း အားတင်းလိုက်သည်။

"ရှိုင်းငယ်က နင့်ကိုချစ်ပါတယ်...။ဒါပေမယ့်နင်လိုချင်တဲ့ အချစ်မျိုးနဲ့တော့မဟုတ်ဘူးပေါ့...။ နှင်းဆီပန်းပွင့် တစ်ပွင့်တည်းမှာတောင်မှ ပွင့်ဖတ်တွေ အရွယ်မတူကြသေးတာပဲ။ လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့နှလုံးသားချင်း ထပ်တူကျဖို့ကို ငါတို့ဘယ်လိုလုပ်ပြီးမျှော်လင့်လို့ရမှာလဲ..။

ကံကောင်းတာတစ်ခုကလေ...။ ရှိုင်းငယ်က နင့်အနားကနေ ခဏပဲထွက်သွားနိုင်မယ်..။အချိန်တန်တော့ နင့်ဆီကိုပြန်လာတာပဲ မဟုတ်လား။ အဲ့တာက ဘာဖြစ်လို့လဲဆိုတော့ နင်က သူ့ရဲ့မိသားစုဝင် တစ်ယောက်ဖြစ်နေလို့ပေါ့ဟာ။

နင့်ရဲ့အရိပ်အောက်မှာဆို သူ့ရဲ့စိတ်တွေ အေးချမ်းတယ်လို့ သူခံစားရလိမ့်မယ်..။ ၁၅ဝဝအချစ်ဆိုတာက ပူလောင်ပြီးတော့ မတည်မြဲဘူး ခေါင်ဝေရဲ့...။နင်ဘာလို့ ရှိုင်းငယ်ကို ၅၂၈မေတ္တာနဲ့ မချစ်ကြည့်ရတာလဲဟင်..."

နွေရီရီနွယ်သည် မှိုင်းခေါင်တစ်ယောက် သူမကို ဘာများ ထပ်ပြောလာဦးမလဲ ဟူ၍ စောင့်ဆိုင်းနေမိသော်လည်း မှိုင်းခေါင်သည် သူမစကားကို နားထောင်ရုံသာနားထောင်ခဲ့ပြီး စကားတစ်ခွန်းမှမပြောတော့ပေ။ မှိုင်းခေါင်ရဲ့တိတ်ဆိတ် ငြိမ်သက်နေပုံသည် နွေရီရီနွယ်ကို အတွေးများစေလေသည်။

သူမဘက်က မှိုင်းခေါင်ကို နားလည်သဘောပေါက်အောင် ပြောပြနိုင်လိုက်ရဲ့လားဟုတွေးရင်း အေးစက်သွားသော ကော်ဖီကို တစ်ကျိုက်တည်း မော့သောက်ကာ အမောဖြေရလေသည်။

မှိုင်းခေါင်ကတော့ သူမှာထားသော cappuccinoကို တစ်စက်ကလေးမှ မသောက်သွားခဲ့ပေ...။

>>>>>>>>>

ရေချိုးနေတုန်း ဖုန်း ringtoneသံကို
သဲ့သဲ့ကြားလိုက်ရသောကြောင့် အလင်းဝေတစ်ယောက် တဘတ်ဆွဲပတ်ကာ ရေချိုးခန်းထဲမှ အမြန်ပြေးထွက်လာရသည်။ သူမျှော်နေသော ဖုန်းများ ဖြစ်နေမလားဟု ထင်ခဲ့သော်လည်း ဖုန်းနံပါတ်အစိမ်း ဖြစ်နေသောကြောင့် စိတ်ပျက်လက်ပျက်ဖြင့် ကိုင်လိုက်ရသည်။ သူ ဖုန်းတွေဆက်သော်လည်း ငွေရှိုင်းဘက်က တစ်ခါလေးမှ ပြန်ဆက်သွယ်မလာခဲ့ဘူးလေ...။

ဖုန်းနံပါတ်အစိမ်းဖြစ်သော်လည်း တစ်ဖက်မှ အသံကတော့ အလင်းဝေကြားဖူးနေသော ခပ်သြသြ အသံဖြစ်နေသည်။ ငွေရှိုင်းထံမှ လာသောဖုန်းမဟုတ်ဘဲ မှိုင်းခေါင်ဝေဦးထံမှ လာသောဖုန်း ဖြစ်နေသဖြင့် သူအံ့သြသွားရသည်။

မှိုင်းခေါင်က သူ့ကို သူတို့ကုမ္ပဏီအနားက
ကော်ဖီဆိုင်တစ်ဆိုင်တွင် ချိန်းလိုက်ခြင်းဖြစ်သည်။ ဘာကြောင့် ချိန်းသည်ဟူ၍လည်း မပြောခဲ့သောကြောင့် အလင်းဝေရဲ့စိတ်ထဲတွင် သွားလိုစိတ်နှင့် မသွားလိုစိတ်မှာ ငါးဆယ်ရာခိုင်နှုန်းစီဖြစ်နေသည်။ နောက်ဆုံးတွင်တော့ သူဆုံးဖြတ်နိုင်ခဲ့သည်။ သူ မှိုင်းခေါင်နှင့် သွားတွေ့ပြီး ငွေရှိုင်းကို လက်လွှတ်ပေးဖို့အတွက် ပြောရမည်ဟူ၍ တေးထားလိုက်ကာ ကော်ဖီဆိုင်တွင် ကြိုစောင့်နေလိုက်တော့သည်။

မှိုင်းခေါင်မှာ ချိန်းထားသောအချိန်ထက် နာရီဝက်နောက်ကျသည်အထိ ပေါ်မလာသောကြောင့် အလင်းဝေသည် မှိုင်းခေါင် သူ့ကိုပုံပြောသွားတာပဲဟု ထင်ပြီး ထပြန်ရန် ပြင်လိုက်ချိန်တွင် ဆိုင်ထဲသို့ တစ်ယောက်ယောက် ဝင်လာတိုင်း အသံမြည်သွားတတ်သော ခေါင်းလောင်းသံလေး ထွက်ပေါ်လာသည်။ အလင်းဝေတစ်ယောက် တံခါးဝသို့ လှမ်းကြည့်လိုက်သောအခါတွင် ဝင်လာသူမှာ မှိုင်းခေါင်ဝေဦးမဟုတ်ဘဲ ငွေရှိုင်းဖြစ်နေကြောင်း သိလိုက်ရတော့သည်။

ငွေရှိုင်းသည် အလင်းဝေကိုမမြင်သေးဘဲ ဆိုင်ထဲသို့ဝင်လာပြီး ဟိုဟိုဒီဒီလိုက်ကြည့်နေသည်။ သူလျှောက်ကြည့်နေရင်း အလင်းဝေနှင့် အကြည့်ချင်း ဆုံသွားချိန်ကျမှ  သူတွေ့နေရတဲ့ ပုဂ္ဂိုလ်ကို အလင်းဝေမှန်း မယုံကြည်နိုင်ပုံမျိုးဖြင့် အနားသို့ ခပ်ဖြည်းဖြည်း လျှောက်လာခဲ့သည်။

"မင်းဒီမှာ ဘာလုပ်နေတာလဲ..."

ငွေရှိုင်းသည် အလင်းဝေကို မြင်လိုက်ရသော်လည်း ဝမ်းမသာနိုင်သေးဘဲ မှိုင်းခေါင်ရောက်လာပြီး သူတို့ကိုတွေ့သွားမှာကို ကြောက်နေမိသည်။ သို့သော်လည်း သူ့ရဲ့ ကြောက်စိတ်ကို ခဏဘေးဖယ်ကာ အလင်းဝေကို ဆွဲဖက်လိုက်သည်။ ထို့နောက် ချက်ချင်းပြန်လွှတ်ပေး လိုက်သည်။ ခဏလေးဖက်လိုက်ရရုံနှင့် အလွမ်းမပြေသေးသော်လည်း ငွေရှိုင်းရဲ့စိတ်ထဲတွင်တော့ အနည်းငယ်မျှ ပေါ့ပါးသွားရသည်။

*တိုက်တိုက်ဆိုင်ဆိုင် ကော်ဖီဆိုင်မှာ လာဆုံနေရတယ်လို့။အလင်းဝေကလည်း ဘာလို့ ကုမ္ပဏီနားက ဆိုင်ကိုမှ လာရတာလဲမသိဘူး..*.ဟူ၍လည်း သူတွေးနေမိသည်။

ငွေရှိုင်းသည် သူ့ရဲ့အတွေးကို ခဏရပ်ပြီး စိတ်နဲ့ကိုယ် တခြားစီဖြစ်သွားသကဲ့သို့ မလှုပ်မယှက်ဖြစ်နေသော အလင်းဝေရဲ့ပခုံးကိုဆွဲလှုပ်ကာ

"အိမ်ပြန်တော့မလို့မှတ်လား...ပြန်ရင်လည်းမြန်မြန်ပြန်တော့
ကိုကို ခဏနေရင် လိုက်လာတော့မှာ...ငါတို့ကို
တွေ့သွားရင် ဒေါသထွက်နေတော့မယ်..." ဟူ၍ ခပ်သွက်သွက်ပြောကာ နှင်လွှတ်တော့သည်။

"မပြန်ဘူး....ငါက မှိုင်းခေါင်ဝေဦးကိုစောင့်နေတာလေ..."

အလင်းဝေရဲ့စကားကိုုကြားတော့ ငွေရှိုင်းပါ ကြောင်သွားလေသည်။ အလင်းဝေသည် အခြေအနေတွေကို တွေးတောနေရာမှ ချက်ချင်းသတိပြန်ဝင်လာပြီး မှိုင်းခေါင် သူ့ကို ဖုန်းဆက်သည့်အကြောင်းကို ငွေရှိုင်းသိအောင်ပြောပြလိုက်သည်။

ငွေရှိုင်းကလည်း ပြန်ပြောပြသည်။ မှိုင်းခေါင်သည် အလုပ်ကိစ္စစကားပြောစရာရှိသေးလို့ သူ့ကို ကော်ဖီဆိုင်မှာ အရင်လာစောင့်ခိုင်းတဲ့အကြောင်း၊ မှိုင်းခေါင်ကတော့ နောက်မှ ကော်ဖီဆိုင်သို့ လိုက်လာခဲ့မည် ဆိုတဲ့အကြောင်း အစရှိသဖြင့် ကြားရပြီးချိန်မှာတော့ အလင်းဝေတစ်ယောက် ဖြစ်စဉ်တွေကို သဘောပေါက်သွားပြီဖြစ်သည်။

တကယ်တော့ မှိုင်းခေါင်ဝေဦးက သူနဲ့ငွေရှိုင်းကို
တွေ့ပေးဖို့အတွက် စီစဉ်ပေးခဲ့တာပဲ....။

"မင်းအစ်ကိုလာမှာမဟုတ်တော့ဘူး...ငွေရှိုင်း...
ကြည့်ရတာ သူငါတို့နှစ်ယောက်ကို ထပ်ပြီး မတားချင်တော့ဘူးနဲ့တူတယ်..."

အလင်းဝေရဲ့စကားကို ငွေရှိုင်းကတော့ မယုံနိုင်သေးသလိုဖြစ်နေသည်။ သို့ပေမယ့်လည်း သူယုံရတော့မည်။ ကော်ဖီဆိုင်တံခါးဝသို့ လှည့်လှည့်ကြည့်မိသော်လည်း မှိုင်းခေါင်ရဲ့ အရိပ်အယောင်ကို လုံးဝမမြင်ရသောကြောင့်ဖြစ်သည်။ အလင်းဝေရဲ့မျက်နှာက ပြုံးလာသောအခါ ငွေရှိုင်းသည်လည်း အလင်းဝေကိုကြည့်ရင်း ပြုံးရပါသည်။

ကော်ဖီဆိုင်လေး၏အပြင်ဘက်တွင် မှိုင်းခေါင်ဝေဦးတစ်ယောက်တည်း မတ်တပ်ရပ်နေသည်။ သူချစ်ခင်မြတ်နိုးရသော ကောင်လေး၏ မျက်နှာကို ဘေးတစောင်းသာမြင်နေရသော်လည်း ကြည်နူးရွှင်ပျခြင်းဟူသော အငွေ့အသက်ကိုတော့ အပြည့်အဝ မြင်နေရပေသည်။

ပိုင်ဆိုင်ဖို့ကြိုးစားစဉ်က ငွေရှိုင်းရဲ့ပျော်ရွှင်မှုတွေကို မမြင်ခဲ့ရသည့်အပြင် သူလည်း ငွွေရှိုင်းကိုကြည့်ပြီး
နာကျင်ခဲ့ရသည်။ လက်လွှတ်ပေးဖို့ကြိုးစားလိုက်ချိန်မှာတော့
သူတစ်ယောက်တည်းသာ နာကျင်ရတော့သည်။

ဒီလိုဆိုတော့လည်း လက်လွှတ်ပေးလိုက်ရတာက
မှိုင်းခေါင်အတွက် ပိုပြီးခံသာနိုင်သေးသည်။

အနည်းဆုံးတော့ သူချစ်ရသော ကောင်လေးရဲ့ ပျော်ရွှင်မှုကို တိတ်တိတ်ကလေး ငေးကြည့်နေနိုင်သေးတာမို့လေ...။

>>>>>>>>>>>>The End<<<<<<<<<<<<

AN/

Reply မပြန်ရသေးတဲ့feedbackတွေကို တစ်ခုမကျန်ပြန်ပေးမယ်နော်။ နောက်တစ်ပိုင်းက မင်းတို့ကိုနှုတ်ဆက်တဲ့စာပါ ...ဖတ်ပေးကြပါနော်❤

Love you all❤
Han_Me
(19.10.2020)

































Продовжити читання

Вам також сподобається

201K 3.7K 26
"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"
37.2K 1.8K 40
Title - The Loudest Silence [တိတ်ဆိတ်ခြင်းရဲ့ ပဲ့တင်သံ] Type - Own Creation, Myanmar BL ကြွေကျလာတဲ့ ဆာကူရာ ပွင့်ဖတ်လေးကို ဖမ်းမိခဲ့ရင် မင်းရ...
880K 15.9K 56
" ဒယ်ဒီဘာပြောပြောဖြူဖြူတို့လက်ထပ်စရာမလိုပါဘူးကိုကို.." " ဒါပေါ့.. မင်းကမိဘကိုလည်းဂရုမစိုက်၊ပတ်၀န်း ကျင်ကိုလည်းဂရုမစိုက်ပဲနေနိုင်ပေမယ့်.. ငါကတော့ဆရာသ...
5.4M 719K 198
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...