ဝမ်သူ​​ကြီးသားနှင့်မြို့သားကိ...

By MIMOSA-85

215K 14.4K 835

အဟမ်း....ဟမ်း.....ဝမ်ရိပေါ်ကငါ့အပိုင် ဝမ်သူကြီးသားကိုရဖို့ ဝမ်သူကြီးကိုမဲပေးစို့ Sep 6to Oct 30 More

1(Unicode)
1(Zawgi)
2(Unicode)
2(Zawgi)
3(Unicode)
3(Zawgi )
Must Read
4(Unicode)
4(Zawgi)
5(Unicode)
5(Zawgi)
6(Unicode)
6(Zawgi)
7(Unicode)
7(Zawgi)
8(Unicode)
8(Zawgi)
9(Unicode)
9(Zawgi)
10(Unicode)
10(Zawgi)
11(Unicode)
11(Zawgi)
12(Unicode)
12(Zawgi)
13(Unicode)
13(Zawgi)
Hey;My love
14(Unicode)
14(Zawgi)
15(Unicode )
15(Zawgi)
16(Unicode)
17(Unicode)
17(Zawgi)
Final(Unicode)
Final(Zawgi)
Bye
Extra(Unicode)
Extra(Zawgi)
My love
Extra (Unicode&Zawgi)
Hello
Hello
Hello

16(Zawgi)

2.8K 147 2
By MIMOSA-85

လွင့်မျောနေတဲ့တိမ်တွေကို
ငေးကြည့်ဖူးလား.....
ဒါမှမဟုတ် ဖမ်းဆုပ်ချင်ခဲ့ဖူးလား.....

.....
"အချစ် "

ချစ်တယ်လို့ ဝန်ခံပြီးတဲ့နေ့ကတည်းက အချစ်က သူ့ကို ရှောင်နေခဲ့တာဖြစ်သည်။သူကမရမကမျက်နှာချင်းဆိုင်ပြန်ရင်လည်း အချစ်က တစ်ကိုယ်လုံး နီစွေးလာကာ မျက်ရည်တွေတဝဲဝဲနှင့်မို့ ရှောင်ကျန့်ကလွတ်ပေးလိုက်ရတာချည်း။ နှစ်​ယောက်တည်းရှိသည့်အိမ်မှာ အချစ်က ရှောင်နေတာမို့ ရှောင်ကျန့်က သိပ်တော့ အဆင်မပြေလှ။သူအိပ်ပြီဆိုတာသေချာမှ အခန်းထဲ ဝင်ဝင်လာတတ်မို့ ညနက်မှာစိုးတဲ့သူကပဲ အိပ်ချင်ယောင်ဆောင်ပေးရတယ်။ ဒီနေ့တော့ မရတော့ဘူး။

"ဟမ်....မင်း မအိပ်သေးဘူးလား"

"မောင်ဆို....မောင့်ကိုချစ်တယ်ဆို ဘာလို့ရှောင်နေရတာလဲဟင်"

သူ့ပခုံးပေါ်ရောက်လာသည့်ပူနွေးနွေးအရည်တွေက မောင့်မျက်ရည်တွေလား။ချစ်တယ်လို့ မထင်မှတ်ဘဲ ပြောပြီးကတည်းက ရိပေါ်က မောင့်ကို ရှက်လွန်းလို့ ရှောင်နေခဲ့တာဖြစ်သည်။

"မင်း ငိုနေတာလား "

သူ့ကိုရင်ခွင်ထဲဆွဲထည့်ထားတာမို့ သူကထွက်ဖို့ ပြင်လိုက်ပေမယ့် မောင်က တင်းတင်းကြပ်ကြပ်ဖက်ထားခဲ့သည်။ရှိုက်သံတစ်ချို့ပါ မောင့်ထံက ထွက်လာရတာမို့ ရိပေါ်က မောင့်အက်ျီစကိုသာ ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။မောင်က သူ့အပြုအမူတွေကြောင့်ငိုတာလား။

"ချစ်တယ်....ချစ်တာမို့ မငိုနဲ့နော်...ငါက ရှက်လို့ရှောင်နေမိတာပါ..."

"မောင်လို့....မင်းငိုတော့ ငါပါငိုချင်လာပြီနော်"

ခါးက အက်ျီစကို ခပ်တင်းတင်းဆုပ်ကိုင်ထားပြီး ရှိုက်သံတွေပါ ပါလာတာကြောင့် ရှောင်ကျန့် အချစ်ခန္ဓာကိုယ်ကိုသာ ပိုပြီး ဖက်မိသည်။အချစ်က ရှောင်နေတာကြောင့် စိတ်မကောင်းတာရော အချစ်က မချစ်ပါဘူးလို့ တွေးမိတာရောပေါင်းကာ စိတ်တွေက အဆင်ပြေလှတာမို့ ရှောင်ကျန့်က အသံတိတ်ငိုကြွေးမိခြင်း။

"ချစ်တယ်အချစ်.... မောင်က အချစ်ကိုအရမ်းချစ်တာသိတယ်မလား"

"ငါသိတယ်"

မှဲ့နက်လေးကို မော့နမ်းမိတော့ မောင်က အံ့သြ သလို ငုံ့ကြည့်လာတာမို့ ရိပေါ်က မောင့်ရင်ခွင်ထဲသာ ပိုတိုးမိတော့သည်။သူ့မျက်နှာကို ပြန်မော့ယူပြီး ပြင်းရှတဲ့ အနမ်းတွေကို မောင်ကဖန်တီးတဲ့အခါ ရိပေါ်က အလိုက်သင့်မျောပါသွားရုံ။

မောင့်ကို ရူးသွပ်သလို
မောင့်အနမ်းတွေကိုလည်း
စွဲလမ်းပါတယ် .....

......

"Oppa "

မောင်နဲ့အတူ ဈေးဝယ်နေရင်း ကြားလိုက်ရသောအသံကြောင့် ရိပေါ်က မောင့်ကို အလန့်တကြားကြည့်မိသွားသည်။မောင်က သူ့ကိုစူးစမ်းသလို ကြည့်နေတာမို့ ရိပေါ်ရဲ့စိတ်တွေက မတည်ငြိမ်လှ။

"Oppa....ဟန်နာလေ....ချွဲဟန်နာ"

ဂုတ်ထောက်ဆံပင်ကို ပုံသွင်းထားပြီး လှပတဲ့မိန်းကလေးမို့ ရှောင်ကျန့်က လူမှားခေါ်တာလားလို့ အချစ်ကို ကြည့်မိတော့ အချစ်မျက်လုံးတွေက စိတ်လှုပ်ရှားနေဟန်။ဘာလို့များ အချစ်က စိတ်လှုပ်ရှားနေတဲ့ပုံဖြစ်နေရတာလဲ။

"ဟန်.....ဟန်နာ...ဘယ်လိုရောက်လာတာလဲ"

"ဟန်နာက အသိတစ်ယောက်နဲ့လာတာ...oppa သူကဘယ်သူလဲ"

"ကျွန်တော်က အချစ်အမျိုးသားပါ...Seanလို့ခေါ်ပါတယ်....သွားခွင့်ပြုပါအုံး"

အချစ်ဖြေတာကိုစောင့်မနေတော့ဘဲ သူဖြေလိုက်တော့ ကောင်မလေးရဲ့ မျက်နှာက သိသိသာသာဖြူဖျော့သွားသည်။တစ်ကယ်ပဲ ဒီကောင်မလေးနဲ့ အချစ်က ဘယ်လို ပတ်သက်နေတာလဲ။

"Oppa....သူပြောတာတစ်ကယ်ပဲလား"

ရိပေါ် ဟန်နာ့အမေးကိုခေါင်းသာညိတ်ပြလိုက်သည်။

"ဟန်နာ...ဆက်သွယ်လိုက်မယ်....ခုတော့ဟန်နာသွားလိုက်အုံးမယ်"

ဟန်နာက ဟန်ပင်မဆောင်နိုင်တော့လောက်အောင် မျက်ရည်တွေကျကာ ပြေးထွက်သွားတာမို့ ရိပေါ်စိတ်မကောင်း။

"အချစ်....အဲ့ကောင်မလေးက ဘယ်သူလဲ"

"သူက ငါ့ဂျူ နီယာပါ"

"ဘာပဲဖြစ်ဖြစ်မောင်သူ့ကိုသဘောမကျဘူး...အာ့မို့ နောက်မပတ်သက်နဲ့နော်"

"အင်းပါ....မင်းသဘော"

"ဘာမင်းလဲ! ! ဆွဲနမ်းပစ်ရမလား"

အချစ်မျက်နှာနား တိုးကပ်သွားမိတော့ အချစ်က သူ့မျက်နှာကို လက်နဲ့တွန်းရင်း

"လူ...လူတွေနဲ့လေ"

"လူတွေမရှိရင် လုပ်ချင်တာလုပ်လို့ရလား....အိမ်အမြန်ပြန်ရအောင် အချစ်"

သူက အချစ်လက်ကို ဆွဲကိုင်ရင်းခပ်သွက်သွက်သွားတော့ အချစ်က ရယ်ရင်းပဲ သူဆွဲခေါ်ရာနောက် ပါလာတယ်။သူ့ကိုအသည်းယားစေတဲ့အချစ်ကို အိမ်ရောက်မှ အပြစ်ပေးရမယ်။

....
"မောင်....ငါDinnerမလိုက်​တော့ဘူးနော်....နည်းနည်းနေမကောင်းချင်လို့"

"မောင်မသွားတော့ဘူးလေ...အချစ်နေမကောင်းရင် မောင်ဖျက်လိုက်မယ်"

Shareရှင်တစ်ဦးရဲ့ မဂ်လာနှစ်ပတ်လည်မို့မသွား၍ မကောင်းသော်လည်း အချစ်နေမကောင်းတာမို့ မသွားလိုဘူး။ နှုတ်ခမ်းလေးတွေပါ ဖြူ ဖျော့နေတာမို့ နည်းနည်းမဟုတ်မှန်း သူသိသည်။

"ငါ အဆင်ပြေပါတယ်.... သွားလိုက်ပါမောင်ရယ်...မောင့်ယောက်ျားက ဆရာဝန်ပါနော်"

သူ့ကို နက်စ်တိုင် ချည်ပေးရင်း ခပ်ချွဲချွဲပြောလာတာမို့ရှောင်ကျန့်က မလွန်ဆန်နိုင်ဘူး။ အနည်းငယ်ပူနွေးနေတဲ့ အချစ်ကိုယ်လေးကို စွေ့ခနဲပွေ့ပြီး ကုတင်ပေါ်တင်ကာ စောင်ခြုံ​ပေးလိုက်သည်။

"ဒီတိုင်းလေးဘဲနေ....မောင်အမြန်ဆုံးပြန်လာခဲ့မယ်"

နဖူး​လေးကို ခပ်ဖွဖွနမ်းပြီး ပြောတော့ အချစ်က သူ့မှဲနက်လေးကို နမ်းပြီး ခေါင်းညိတ်သည်။

"Ring....Ring..."

မောင်ထွက်သွားပြီး တစ်နာရီသာသာမှာ ရိပေါ်ရဲ့ဖုန်းသံက ကျယ်ကျယ်လောင်လောင်ပေါ်ထွက်လာတာမို့ စောင်ပုံထဲကထွက်ရင်း လှမ်းကိုင်ရသည်။

"Hello "

"Oppa....အေ့....ဟန်နာပါ...အေ့ ..."

တီးလုံးသံ တညံညံနဲ့ မူးနေပုံရတာမို့ ရိပေါ်က သက်ပြင်းချရသည်။ညီမလေးလို ခင်ခဲ့ရသူမို့လူစုံတဲ့Clubမှာမူးရူးနေမှာကိုမလိုလားဘူး။

"ဟန်နာဘယ်မှာလဲ....ဘယ်သူနဲ့လာတာလဲ"

"တစ်​ယောက်တည်း....(....)Clubမှာ"

"ငါအခုလာကြိုမယ်"

ရိပေါ်ကားသော့ဆွဲပြီး ဟန်နာရှိနေတဲ့Clubကိုသွားရသည်။မောင့်ကိုတော့ စိတ်ပူမှာစိုးလို့phမဆက်မိ။မောင်ပြန်မရောင်ခင်ဘဲ ရိပေါ်က ပြန်ရောက်အောင်ကြိုးစားရမယ်လို့ တွေးသည်။

.....
ဖလော်ရာ အသဲကွဲလို့ လာသောက်ခါမှဘယ်နေရာကြည့်ကြည့် ဝမ်ရိပေါ်ရဲ့မျက်နှာပဲ မြင်နေရသည်။ကြည့်ပါအုံး....ဝမ်ရိပေါ်က ကောင်မလေးတစ်ယောက်ကိုလာတွေ့တာလား။မူးနေတဲ့မျက်လုံးတွေကို ပွတ်သပ်ပြီး ပြန်ကြည့်တော့လည်းဝမ်ရိပေါ်က ကောင်မလေးတစ်ယောက်နဲ့။ငါ့ကလေးကို သူက သစ္စာဖောက်ချင်တာလား။
.....

*Ring....Ring*

Dinner ကနေ ပြန်မရလို့ စိတ်မကြည်နေတဲ့ရှောင်ကျန့်က ဝင်လာတဲ့Phကြောင့် ပိုပြီးစိတ်ပျက်။ယွီပင်းကလည်း ဘေးနားမှာငိုင်လို့။

"Hel..."

"မHelloနေနဲ့....ပုံပို့လိုက်မယ်ကြည့်လိုက်....ပြီးရင်.. (...)လာခဲ့"

By.....Mimosa

ဒီအပိုင်းတိုလို့ မနက်ဖြန်updateတစ်ခုလာပါမယ်....

Continue Reading

You'll Also Like

205K 16K 24
မောင့် နောက်မှာ ကျွန်တော် အမြဲတမ်းရှိနေခဲ့တာပါ ဒါပေမဲ့ မောင် ကတော့ ဘယ်တော့မှမမြင်နိုင်ခဲ့ပါဘူး တစ်ချက်လောက်များစောင့်ငဲ့ကြည့်ပါဦးလား မောင် ရယ်...
3.2M 151K 62
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
537K 48.1K 143
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
631K 50.1K 43
Zawgyi 🍁 Unicode ပုံပြင်လေးတစ်ပုဒ်ကိုမောင်နဲ့ပဲစတင်ကြည့်ကြပါစို့ ❤ ပုံပြင်လေးတစ်ပုဒ်ကိုမောင်နဲ့ပဲစတင်ကြည့်ကြပါစို့ ❤