PETRICHOR || VMIN

By Yimmy95

86.9K 13K 836

မိုးရေနဲ့မြေပြင် ပနံသင့်စွာပေါင်းဖက်ပြီး ဖြစ်ပေါ်လာတဲ့ Petrichor. ကိုယ်မြတ်နိုးရတဲ့ Petrichor. မင်းဟာ ကိုယ့်ရ... More

နိဒါန်း
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
19
20(Final)
PETRICHOR
Extra
Extra (Bonus Chapter)
Hello!!!
🌨️🌿

18

2.6K 472 37
By Yimmy95

Unicode

လေပြည်တစ်ချက် ဝေ့ဝဲတိုက်ခတ်လာသည့်အခါ တစ်ချိန်က သူမြတ်နိုးဖူးသော ကိုယ်သင်းရနံ့လေးဟာ ခပ်သင်းသင်းပျံ့လွင့်လာတော့သည်။ ဤသည်မှာ ယခင်က နှစ်ဦးမရှိနိုင်ဟု ထယ်ယောင်း ထင်ခဲ့မိသော ရနံ့လေးပင်။

ကံကြမ္မာက သိပ်ကို ထူးဆန်းလွန်း၏။
သို့မှမဟုတ် သူတို့ နှလုံးသားတွေကပဲထူးဆန်းနေတာများလား။

ဆုတောင်းတို့ကတော့ မပြည့်ခဲ့ရိုးအမှန်ပါ။

"အကို"  "မီဆော..."


တစ်ပြိုင်နက်ထွက်လို့လာသည့် ခေါ်သံနှစ်ခုကြောင့် အနှီအမျိုးသမီးလေးရော ၊ ထယ်ယောင်းပါ နောက်သို့ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။

အိမ်ထဲမှ ထွက်လာဟန်ရှိသည့် လူသုံးယောက်က သူတို့နောက်တွင် ရပ်လျက်ရှိ၏။

နမ်ဂျွန်နှင့် အဘွား၊ ပြီးတော့ ဂျီမင်း။

"အသ်ိတွေများလား"

နမ်ဂျွန်၏ တည်ငြိမ်အေးဆေးသည့် အမေးစကားထဲ၌ စူးစမ်းလိုသည့် အရိပ်အယောင်တို့ ကပ်ပါလာသည်။ သည့်ထက်ပိုသည်က သူသည်လည်း တစ်စုံတစ်ခုအား ရိပ်မိနေသလိုပင်။

"ဂျွန် . . . ယောင်းက
မီဆောရဲ့ အရင်ခင်ပွန်းသည်"

ပွင့်ပွင့်လင်းလင်း ဖွင့်ပြောလိုက်သည့်ပုံမှာ ထိုအမျိုးသမီးလေးဟာ နမ်ဂျွန့်အား သူ့အတိတ်အကြောင်းများကို အတိုင်းအတာ တစ်ခုအထိ ပြောပြထားဟန်ရှိသည်။

ထိုအချိန် အဓိပ္ပာယ် တစ်မျိုးရိပ်သန်းသွားသည့် ဂျီမင်း၏ မျက်နှာလေးအား ထယ်ယောင်း အသေအချာတွေ့လိုက်ရသည်။ သူ့ စိတ်နှလုံးမှာလည်း နဂိုထက် နှစ်ဆ ပိုမွန်းကြပ်လာတော့၏။

ကလေးငယ်က သူ့အား တစ်ဖန်ပြန်လည် စိုက်ကြည့်လာသည့်အခါ ထယ်ယောင်း မနေနိုင်တော့စွာ မျက်နှာလွှဲလိုက်မိသည်။ သူ ထိုကောင်လေးနှင့် မည်သို့ရင်ဆိုင်ရမည်နည်း။ ထုံကျင်လာသော နှလုံးသားနှင့် ဗလာကျင်းလာသော စိတ်တို့ဟာ သူ့အား မောဟိုက် ပင်ပန်းလာစေတော့သည်။

"စကားပြောရအောင်"

နောက်ဆုံး၌မူ ထယ်ယောင်းက အမျိုးသမီးငယ်၏ လက်အား ဆွဲကိုင်ကာ ထိုနေရာမှ မြန်နိုင်သမျှ မြန်အောင် ထွက်လာခဲ့တော့၏။ ဤမျှ မွန်းကြပ်ဖွယ်ကောင်းသော အခြေအနေကြီးအား ဆောနှင့်သူ အရင်ဆုံးဖြေရှင်းရလိမ့်မည်မို့ ကလေးငယ်အား အနှီကိစ္စများကြား စိတ်မဆင်းရဲစေချင်ပါ။ ထို့ကြောင့် ကလေးငယ် ခေတ္တမျှ အထင်လွဲပါစေဦးတော့ အရင်ဆုံး ထိုနည်းလမ်းကိုသာ ရွေးချယ်ရပေဦးမည်။

ထယ်ယောင်းတို့ ထွက်သွားပြီး မျက်ခြေမပြတ်ခင်မှာတင် ဂျီမင်းဆီမှ စိုးရိမ်တကြီး ခေါ်သံလေးတစ်ခု ထွက်လို့လာသည်။

"ဖွား"


အဘွားဟာ ရုတ်တရက် ကြုံတွေ့လိုက်ရသော  အခြေအနေများကြောင့် သတ်ိလစ်သွား၏။

"ဖွား . . သတိထားပါဦး ဖွား
ဂျီမင်းဆေးရုံကို ဖုန်းဆက်လိုက်"

"ဟုတ် ကိုကို"

နှလုံးရောဂါရှိသည့် အဘွားက ယင်းအခြေအနေအား မည်သို့မလန့်ပဲနေလိမ့်မည်လဲ။ မြေးဖြစ်သူနှင့် လက်ထပ်မည့် မိန်းကလေးမှာ အိမ်ထောင်ကွဲဖူးသည့် သူဖြစ်ရုံသာမက အရင်အမျိုးသားမှာလည်း တူလို၊ သားလို သူချစ်ခင်ရသည့် သူဖြစ်နေပြန်သည်။ အစ်ကိုနမ်ဂျွန် ကြိုမပြောထားသော အကြောင်းအရာများဟာ ဂျီမင်းကိုရော၊ အဘွားကိုပါ ရှော့ရစေခဲ့သည်။

အဖြစ်အပျက်များကြောင့် အံ့သြဝမ်းနည်းမှုနှင့် တုန်လှုပ်နေရသော ဂျီမင်း၏ နှလုံးသားသည် အဘွားဖြစ်သူကြောင့် စိုးရိမ်စိတ်ကလေး တစ်ခုသာ ဖုံးလွှမ်းသွား၏။

"ဂျီမင်း ကိုကိုတို့ လမ်းထိပ်ထိ ဖွားကို ကုန်းပိုးသွားကြတာပေါ့"

"ဟုတ် ဟုတ်"

မြန်ဆန်လွန်းသည့် အဖြစ်အပျက်များနောက်
သူတို့၏ နှလုံးသားတွေဟာ မောဟိုက်စွာ အမှီလိုက်နေရတော့သည်။

ဆေးရုံရောက်ပြီး ခဏကြာတော့ အဘွား၏ အခြေအနေတွေဟာ ပြန်တည်ငြိမ်လာသည်။
အိပ်ဆေးကြောင့် အခန်းထဲ၌ ငြိမ်းချမ်းစွာ အိပ်ပျော်နေသည့် အဘွားဖြစ်သူနှင့် ဆန့်ကျင်စွာ အခန်းရှေ့က ညီအစ်ကိုနှစ်ယောက်မှာတော့။

ကိုယ်ယူမည့် မိန်းကလေး၏ အရင်ယောက်ျားဖြစ်သူ ပေါ်လာလို့ မဟုတ်ပါဘဲဆေးရုံရောက်သည့်တိုင် အငိုမရပ်သေးသည့် ညီလေးကြောင့် နမ်ဂျွန်တစ်ယောက် ပို၍ ရင်ပူနေရသည်။

အနှီကောင်လေးမှာ ဆေးရုံသွားသည့် လမ်းတစ်လျှောက် ကားပေါ်၌ရော၊ အဘွားအခြေအနေများ တည်ငြိမ်လာသည်အထိ တုံဏိဘာဝေ မျက်နှာသေဖြင့် နေနေရာ၊ နမ်ဂျွန်နှင့်အတူ အဘွား၏ ဆေးရုံခန်းလေးရှေ့ အတူထိုင်တော့မှ အစ်ကိုဖြစ်သူ ရင်ခွင်ထဲသို့ တိုးဝင်ကာ ရှိုက်ကြီးတငင်ဖြင့် တအင့်အင့် စငိုရှာတော့သည်။

"ဖွားက ဒီလိုဖြစ်နေကျပဲကို သိပ် စိတ်မပူပါနဲ့တော့ ဂျီမင်းရယ် ပြီးတော့ ကိုကိုလည်းရှိနေတယ်လေနော်"

ဂျီမင်းလေး ငိုနေသည်အား အဘွားကြောင့်သာဟု ထင်နေရှာသော နမ်ဂျွန်က သူ့ညီလေးအား တတ်နိုင်သမျှ နှစ်သိမ့်ပေးသော်လည်း နာရီဝက်ကျော်ကြာလာသည် အထိ အငိုမတိတ်သေး။ စိတ်ဓာတ်ကြံခိုင်ပြီး တော်ရုံ မျက်ရည်မထွက်တတ်သော ကလေးက ဤမျှ ငိုကြွေးနေသည်ကြောင့် နမ်ဂျွန် ပို၍ စိုးရိမ်မိနေတော့သည်။

ခဏအကြာ ရင်ခွင်ထဲမှ ညီငယ်လေးက မျက်နှာလေး မော့လို့လာသည်။ မျက်ရည်တွေရွှဲကာ၊ နှပ်တွေပါထွက်နေသည့် ကောင်လေး၏ မျက်နှာမှာ နီရဲလို့ပင်။

"အဲ့မိန်းမမှာ . . အင့် . . အရင်က ယောက်ျားရှိမှန်း ကိုကို . . ဟင့် . . အစထဲက သိတာလား"

နမ်ဂျွန် ခပ်ယဲ့ယဲ့လေးပြုံးလိုက်ပြီး ဂျီမင်း၏ မျက်ရည်များအား လက်ဗလာဖြင့် သုတ်ပေးလိုက်သည်။

"သူ ကိုကို့ကို ဝန်ခံဖူးပေမဲ့ ဒီနယ်က ဆရာဝန်လေးဖြစ်နေမယ်မှန်း ကိုကိုလည်း အခုမှသိရတာ"

"ဟင့် . . ကျွန်တော် လုံးဝသဘောမတူဘူးနော်"

ငိုထားသည်ကြောင့် ကွဲအက်ကာရှတနေသော အသံလေးဟာ တုန်ယင်နေစဲ။ ဤသည်မှာ

ဒေါသထွက်နေသည့် ခြင်္သေ့ပေါက်လေးတစ်ကောင် မာန်ဖီနေသလိုပါပဲ။

"ဂျီမင်းလေးသဘောပါ
ဂျီမင်းသဘောမတူရင် ကိုကို မယူဘူးလေနော် မငိုနဲ့တော့"

ဟင့် . . အီးဟီး . . . .

မငိုနဲ့တော့ ပြောမှ တစ်ဖန်ပြန်လည်လာသော မျက်ရည်များဖြင့် ကောင်လေးဟာ ရှိုက်ငိုလေတော့သည်။ နမ်ဂျွန်လည်း ညီလေးအား ခပ်တင်းတင်းလေး ဖက်ထားလိုက်ပြီး နောက်ကျောသို့ ခပ်ဖွဖွလေးသာ ပုတ်ပေးနေသည်။ နှုတ်မှလည်း အနှီကလေး စိတ်ကျေနပ်စေသည်အထိ တဖွဖွ ရွတ်နေရသည်။

"ကိုကို တောင်းပန်ပါတယ် ဂျီမင်းလေးရယ် ကိုကိုတောင်းပန်ပါတယ်နော်"

ပူလောင်နာကျင်လာသော နှလုံးသားနုနုလေးအား မျက်ရည်များဖြင့် ကုစားလိုက်သည့်တိုင် အပူမီးမှာ မငြိမ်းချမ်းနိုင်၊ မည်သို့မျှ သက်သာမလာ။

သူ့ခံစားရမည်ကို သိသည့်တိုင် မျက်နှာလွှဲသွားသော လူကြီး၏ ပုံရိပ်အား ပြန်မြင်ယောင်မိတိုင်း၊ သူ့ကို နည်းနည်းလေးတောင်မှ ဂရုမစိုက်နိုင်ပဲ ထိုအမျိုးသမီး၏ လက်အားဆွဲခေါ်သွားသော လူကြီး၏ နောက်ကျောပြင်ကို တွေးမိတိုင်း ခံစားရသည့် ဒဏ်ရာမှာ အဖြစ်မှန်အား သိရှိသွားရသည်ထက်ပင် နာကျင်ရ၏။

သူဟာ လူကြီးအား ထိုမျှ သဘောကျမိသွားသည်ပင်။

***

လေ​ပြည်ငယ်သွေးသည့် လယ်ကန်သင်းဘောင်ပေါ်၌ သေသွားပြီဟု တစ်နှစ်လောက်ထင်ထားမိခဲ့သည့် ကိုယ့် အရင်မိန်းမနှင့် စကားပြောရမည်ဟု သူ မတွေးမိခဲ့ရိုးအမှန်။

တဖွဖွချမိနေသော သက်ပြင်းများသည်လည်း ဘယ်နှကြိမ်၊ ဘယ်နှခါမှန်းပင် မသိရတော့။ မျက်ဝန်းထဲက မျက်ရည်များဟာတော့ ခမ်းခြောက်သွားခဲ့လေပြီ။

ခပ်ဆွေးဆွေး မျက်ဝန်းညိုတို့က ဒေါသရိပ်သန်း မနေသလို၊ ပြန်လည် ဖမ်းဆုပ်ထားချင် ဟန်လည်းမရှိ။ နောင်တ တရားတို့ဖြင့် နေထိုင်ခဲ့ရသည့် ကာလတွေကိုလည်း သူ မတရားသလို မခံစားချင်တော့။

ယခု သူ့ဘေးမှာ ဆောရှိနေပေသိ အရည်လဲ့သော မျက်ဝန်းလေးများဖြင့် သူ့အား နာနာကျင်ကျင် ငေးကြည့်နေခဲ့သော ဂျီမင်းဆီသို့သာ စိတ်ရောက်နေမိသည်။ ဤအခိုက် သူ့ နှလုံးသားဟာ မည်သည်သို့ စေလိုမှန်း ကောင်း​ကောင်းကြီး နားလည်လာတော့၏။

"ယောင်း ဘာတွေစဥ်းစားနေတာလဲ"

ထယ်ယောင်း စိမ်းမြမြ လယ်ကွင်းများအား နောက်ဆုံးအကြိမ် ကြည့်လိုက်ပြီး ဆောထံသို့ မျက်နှာမူလိုက်လေသည်။

"ဆောက်ို စိတ်ဆိုးတယ်မလား
သေသွားပြီဆိုပြီး ပြန်ပေါ်လာလို့"

"ကိုယ့်ကို အစအဆုံးရှင်းပြ"

သူ့အမေးကြောင့် ဆောဟာ မျက်လွှာအား အသာချကာ စကားစ၏။

"ယောင်း ကိုမာဖြစ်နေတုန်း ယောင်းရဲ့ မိဘတွေက ဆောကိုငွေပေးပြီး တစ်နေရာရာမှာဇာတ်မြှုပ်နေခိုင်းခဲ့တယ် . . ၊
ယောင်းရှေ့ ဘယ်တော့မှ ပြန်ပေါ်မလာတော့ဘဲ သေသူတစ်ယောက်လို နေလိုက်တော့တဲ့"

"ဆောက အဲ့ငွေတွေကိုယူ . . "

"ဟင့်အင်း ယောင်း . .
ဆော မယူခဲ့ပါဘူး အရာအားလုံးက ဆော အပြစ်တွေမှန်းသိပါတယ် . .
ဆော ဖောက်ပြန်ခဲ့မိတယ်
အဲ့တာမို့ ဆော ငွေတွေကိုမယူပဲ ယောင်းရှေ့ကနေပျောက်ကွယ်သွားတာ"

အကြောင်းစုံ သိပြီးသွားသည့်နောက် ထယ်ယောင်း ကျိန်းစပ်လာသော မျက်ဝန်းများအား ခေတ္တဖိမှိတ်လိုက်သည်။

"ဆောတို့က လိမ်တာသိပ်ပိရိတာပဲ
ဆောရဲ့ အုပ်ဂူတောင်ရှိသေးတယ် . .
ဆိုးလ်မှာလေ"

ထိုစကားအား ထယ်ယောင်းသည် ရယ်သွမ်းသွမ်းဖြင့်သာ တည်တည်ငြိမ်ငြိမ် ပြောထွက်ခဲ့၏။ သို့သည့်တိုင် အရာအားလုံးဟာ ထင်သလောက် လွယ်ကူမနေ။ သူ နောင်တတို့ဖြင့်ပြိုလဲခဲ့ရသည့် အချိန်များဟာ ဟာသတစ်ခုမှမဟုတ်ဘဲ။

နယ်မြို့လေးကိုသာ ပြောင်းမလဲခဲ့ရင်။
ဂျီမင်းသာ သူ့ဘဝထဲဝင်မလာခဲ့ရင် သူဆက်ပြီး ပြိုလဲနေဦးမှာပါပဲ။

"ဆော တောင်းပန်ပါတယ်"

"မတောင်းပန်ပါနဲ့
ကိုယ် ခွင့်မလွှတ်ချင်လို့"

သူအရင်က တွေးခဲ့ဖူး၏။ သူ့ကိုယ်သူ သက်သေဖြစ်ခဲ့လို့ တမလွန်မှာသာ ဆောနဲ့တွေ့ရင် သက်သောင့်သက်သာလေး ပြုံးပြပြီး ဆောရဲ့ အပြစ်တွေရော၊ သူ့ အပြစ်တွေပါ ​ကျေအေးကြမယ်လို့လေ။


ထယ်ယောင်း နောက်ဆုံး အနေနှင့် ဖျော့တော့စွာ ပြုံးလိုက်၏။

"ဆောလည်း ကိုယ့်ဘဝနဲ့ကိုယ်နေပါတော့ ကိုယ်လည်း ဆောကို သေသူလို့ ဆက်သတ်မှတ်ပြီး အရင်အတိုင်းပဲ နေသွားကြတာပေါ့"

"ယောင်း သဘောပါ
ဆောမှာ ဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူး"

"ဆော ကိုယ့်ရှေ့မှာ ထပ်ပေါ်မလာတော့ရင်ကောင်းမယ်"

ဤမျှဆိုကာ ထယ်ယောင်း လှည့်ထွက်ခဲ့တော့၏။

သည်တစ်ခါတော့ ကိုယ်ဟာ အရင်ထွက်သွားသူ ဖြစ်ပါရစေ။ ဂျီမင်းအတွက် ဆောက ကိုယ့်ဘဝထဲကနေ ထာဝရ ပျောက်ကွယ်သွားမှဖြစ်မယ်။

ကလေးငယ်အတွက်ပေါ့ . . ။

Zawgyi

ေလျပည္တစ္ခ်က္ ေဝ့ဝဲတိုက္ခတ္လာသည့္အခါ တစ္ခ်ိန္က သူျမတ္နိုးဖူးေသာ ကိုယ္သင္းရနံ႕ေလးဟာ ခပ္သင္းသင္းပ်ံ့လြင့္လာေတာ့သည္။ ဤသည္မွာ ယခင္က ႏွစ္ဦးမရွိနိုင္ဟု ထယ္ေယာင္း ထင္ခဲ့မိေသာ ရနံ႕ေလးပင္။

ကံၾကမၼာက သိပ္ကို ထူးဆန္းလြန္း၏။
သို႔မွမဟုတ္ သူတို႔ ႏွလုံးသားေတြကပဲထူးဆန္းတာမ်ားလား။

ဆုေတာင္းတို႔ကေတာ့ မျပည့္ခဲ့ရိုးအမွန္ပါ။

"အကို"  "မီေဆာ..."

တစ္ၿပိဳင္နက္ထြက္လို႔လာသည့္ ေခၚသံႏွစ္ခုေၾကာင့္ အႏွီအမ်ိဳးသမီးေလးေရာ ၊ ထယ္ေယာင္းပါ ေနာက္သို႔ ခ်က္ခ်င္း လွည့္ၾကည့္လိုက္ၾကသည္။

အိမ္ထဲမွ ထြက္လာဟန္ရွိသည့္ လူသုံးေယာက္က သူတို႔ေနာက္တြင္ ရပ္လ်က္ရွိ၏။

နမ္ဂြၽန္ႏွင့္ အဘြား၊ ၿပီးေတာ့ ဂ်ီမင္း။

"အသ္ိေတြမ်ားလား"

နမ္ဂြၽန္၏ တည္ၿငိမ္ေအးေဆးသည့္ အေမးစကားထဲ၌ စူးစမ္းလိုသည့္ အရိပ္အေယာင္တို႔ ကပ္ပါလာသည္။ သည့္ထက္ပိုသည္က သူသည္လည္း တစ္စုံတစ္ခုအား ရိပ္မိေနသလိုပင္။

"ဂြၽန္ . . . ေယာင္းက
မီေဆာရဲ႕ အရင္ခင္ပြန္းသည္"

ပြင့္ပြင့္လင္းလင္း ဖြင့္ေျပာလိုက္သည့္ပုံမွာ ထိုအမ်ိဳးသမီးေလးဟာ နမ္ဂြၽန့္အား သူ႕အတိတ္အေၾကာင္းမ်ားကို အတိုင္းအတာ တစ္ခုအထိ ေျပာျပထားဟန္ရွိသည္။

ထိုအခ်ိန္ အဓိပၸာယ္ တစ္မ်ိဳးရိပ္သန္းသြားသည့္ ဂ်ီမင္း၏ မ်က္ႏွာေလးအား ထယ္ေယာင္း အေသအခ်ာေတြ႕လိုက္ရသည္။ သူ႕ စိတ္ႏွလုံးမွာလည္း နဂိုထက္ ႏွစ္ဆ ပိုမြန္းၾကပ္လာေတာ့၏။

ကေလးငယ္က သူ႕အား တစ္ဖန္ျပန္လည္ စိုက္ၾကည့္လာသည့္အခါ ထယ္ေယာင္း မေနနိုင္ေတာ့စြာ မ်က္ႏွာလႊဲလိုက္မိသည္။ သူ ထိုေကာင္ေလးႏွင့္ မည္သို႔ရင္ဆိုင္ရမည္နည္း။ ထုံက်င္လာေသာ ႏွလုံးသားႏွင့္ ဗလာက်င္းလာေသာ စိတ္တို႔ဟာ သူ႕အား ေမာဟိုက္ ပင္ပန္းလာေစေတာ့သည္။

"စကားေျပာရေအာင္"

ေနာက္ဆုံး၌မူ ထယ္ေယာင္းက အမ်ိဳးသမီးငယ္၏ လက္အား ဆြဲကိုင္ကာ ထိုေနရာမွ ျမန္နိုင္သမွ် ျမန္ေအာင္ ထြက္လာခဲ့ေတာ့၏။ ဤမွ် မြန္းၾကပ္ဖြယ္ေကာင္းေသာ အေျခအေနႀကီးအား ေဆာႏွင့္သူ အရင္ဆုံးေျဖရွင္းရလိမ့္မည္မို႔ ကေလးငယ္အား အႏွီကိစၥမ်ားၾကား စိတ္မဆင္းရဲေစခ်င္ပါ။ ထို႔ေၾကာင့္ ကေလးငယ္ ေခတၱမွ် အထင္လြဲပါေစဦးေတာ့ အရင္ဆုံး ထိုနည္းလမ္းကိုသာ ေ႐ြးခ်ယ္ရေပဦးမည္။

ထယ္ေယာင္းတို႔ ထြက္သြားၿပီး မ်က္ေျခမျပတ္ခင္မွာတင္ ဂ်ီမင္းဆီမွ စိုးရိမ္တႀကီး ေခၚသံေလးတစ္ခု ထြက္လို႔လာသည္။

"ဖြား"

အဘြားဟာ ႐ုတ္တရက္ ႀကဳံေတြ႕လိုက္ရေသာ  အေျခအေနမ်ားေၾကာင့္ သတ္ိလစ္သြား၏။

"ဖြား . . သတိထားပါဦး ဖြား
ဂ်ီမင္းေဆး႐ုံကို ဖုန္းဆက္လိုက္"

"ဟုတ္ ကိုကို"

ႏွလုံးေရာဂါရွိသည့္ အဘြားက ယင္းအေျခအေနအား မည္သို႔မလန့္ပဲေနလိမ့္မည္လဲ။ ေျမးျဖစ္သူႏွင့္ လက္ထပ္မည့္ မိန္းကေလးမွာ အိမ္ေထာင္ကြဲဖူးသည့္ သူျဖစ္႐ုံသာမက အရင္အမ်ိဳးသားမွာလည္း တူလို၊ သားလို သူခ်စ္ခင္ရသည့္ သူျဖစ္ေနျပန္သည္။ အစ္ကိုနမ္ဂြၽန္ ႀကိဳမေျပာထားေသာ အေၾကာင္းအရာမ်ားဟာ ဂ်ီမင္းကိုေရာ၊ အဘြားကိုပါ ေရွာ့ရေစခဲ့သည္။

အျဖစ္အပ်က္မ်ားေၾကာင့္ အံ့ၾသဝမ္းနည္းမႈႏွင့္ တုန္လႈပ္ေနရေသာ ဂ်ီမင္း၏ ႏွလုံးသားသည္ အဘြားျဖစ္သူေၾကာင့္ စိုးရိမ္စိတ္ကေလး တစ္ခုသာ ဖုံးလႊမ္းသြား၏။

"ဂ်ီမင္း ကိုကိုတို႔ လမ္းထိပ္ထိ အဖြားကို ကုန္းပိုးသြားၾကတာေပါ့"

"ဟုတ္ ဟုတ္"

ျမန္ဆန္လြန္းသည့္ အျဖစ္အပ်က္ေတြေနာက္
သူတို႔ရဲ႕ႏွလုံးသားေတြဟာ ေမာဟိုက္စြာ အမွီလိုက္ေနရတယ္။

ေဆး႐ုံေရာက္ၿပီး ခဏၾကာေတာ့ အဘြား၏ အေျခအေနေတြဟာ ျပန္တည္ၿငိမ္လာသည္။
အိပ္ေဆးေၾကာင့္ အခန္းထဲ၌ ၿငိမ္းခ်မ္းစြာ အိပ္ေပ်ာ္ေနသည့္ အဘြားျဖစ္သူႏွင့္ ဆန့္က်င္စြာ အခန္းေရွ႕က ညီအစ္ကိုႏွစ္ေယာက္မွာေတာ့။

ကိုယ္ယူမည့္ မိန္းကေလး၏ အရင္ေယာက္်ားျဖစ္သူ ေပၚလာလို႔ မဟုတ္ပါဘဲေဆး႐ုံေရာက္သည့္တိုင္ အငိုမရပ္ေသးသည့္ ညီေလးေၾကာင့္ နမ္ဂြၽန္တစ္ေယာက္ ပို၍ ရင္ပူေနရသည္။

အႏွီေကာင္ေလးမွာ ေဆး႐ုံသြားသည့္ လမ္းတစ္ေလွ်ာက္ ကားေပၚ၌ေရာ၊ အဘြားအေျခအေနမ်ား တည္ၿငိမ္လာသည္အထိ တုံဏိဘာေဝ မ်က္ႏွာေသျဖင့္ ေနေနရာ၊ နမ္ဂြၽန္ႏွင့္အတူ အဘြား၏ ေဆး႐ုံခန္းေလးေရွ႕ အတူထိုင္ေတာ့မွ အစ္ကိုျဖစ္သူ ရင္ခြင္ထဲသို႔ တိုးဝင္ကာ ရွိုက္ႀကီးတငင္ျဖင့္ တအင့္အင့္ ငိုရွာေတာ့သည္။

"ဖြားက ဒီလိုျဖစ္ေနၾကပဲကို သိပ္ စိတ္မပူပါနဲ႕ေတာ့ ဂ်ီမင္းရယ္ ၿပီးေတာ့ ကိုကိုလည္းရွိေနတယ္ေလေနာ္"

ဂ်ီမင္းေလး ငိုေနသည္အား အဘြားေၾကာင့္သာဟု ထင္ေနရွာေသာ နမ္ဂြၽန္က သူ႕ညီေလးအား တတ္နိုင္သမွ် ႏွစ္သိမ့္ေပးေသာ္လည္း နာရီဝက္ေက်ာ္ၾကာလာသည္ အထိ အငိုမတိတ္ေသး။ စိတ္ဓာတ္ႀကံခိုင္ၿပီး ေတာ္႐ုံ မ်က္ရည္မထြက္တတ္ေသာ ကေလးက ဤမွ် ငိုေႂကြးေနသည္ေၾကာင့္ နမ္ဂြၽန္ ပိုရင္ပူရေလသည္။

ခဏအၾကာ ရင္ခြင္ထဲမွ ညီငယ္ေလးက မ်က္ႏွာေလး ေမာ့လို႔လာသည္။ မ်က္ရည္ေတြ႐ႊဲကာ၊ ႏွပ္ေတြပါထြက္ေနသည့္ ေကာင္ေလး၏ မ်က္ႏွာမွာ နီရဲလို႔ပင္။

"အဲ့မိန္းမမွာ . . အင့္ . . အရင္က ေယာက္်ားရွိမွန္း ကိုကို . . ဟင့္ . . အစထဲက သိတာလား"

နမ္ဂြၽန္ ခပ္ယဲ့ယဲ့ေလးၿပဳံးလိုက္ၿပီး ဂ်ီမင္း၏ မ်က္ရည္မ်ားအား လက္ဗလာျဖင့္ သုတ္ေပးလိုက္သည္။

"သူ ကိုကို႔ကို ဝန္ခံဖူးေပမဲ့ ဒီနယ္က ဆရာဝန္ေလးျဖစ္ေနမယ္မွန္း ကိုကိုလည္း အခုမွသိရတာ"

"ဟင့္ . . ကြၽန္ေတာ္ လုံးဝသေဘာမတူဘူးေနာ္"

ငိုထားသည္ေၾကာင့္ ကြဲအက္ကာရွတေနေသာ အသံေလးဟာ တုန္ယင္ေနစဲ။ ဤသည္မွာ
ေဒါသထြက္ေနသည့္ ျခေသၤ့ေပါက္ေလးတစ္ေကာင္ မာန္ဖီေနသလိုပါပဲ။

"ဂ်ီမင္းေလးသေဘာပါ
ဂ်ီမင္းသေဘာမတူရင္ ကိုကို မယူဘူးေလေနာ္ မငိုနဲ႕ေတာ့"

ဟင့္ . . အီးဟီး . . . .

မငိုနဲ႕ေတာ့ ေျပာမွ တစ္ဖန္ျပန္လည္လာေသာ မ်က္ရည္မ်ားျဖင့္ ေကာင္ေလးဟာ ရွိုက္ငိုေလေတာ့သည္။ နမ္ဂြၽန္လည္း ညီေလးအား ခပ္တင္းတင္းေလး ဖက္ထားလိုက္ၿပီး ေနာက္ေက်ာသို႔ ခပ္ဖြဖြေလးသာ ပုတ္ေပးေနသည္။ ႏႈတ္မွလည္း အႏွီကေလး စိတ္ေက်နပ္ေစသည္အထိ တဖြဖြ ႐ြတ္ေနရသည္။

"ကိုကို ေတာင္းပန္ပါတယ္ ဂ်ီမင္းေလးရယ္ ကိုကိုေတာင္းပန္ပါတယ္ေနာ္"

ပူေလာင္နာက်င္လာေသာ ႏွလုံးသားႏုႏုေလးအား မ်က္ရည္မ်ားျဖင့္ ကုစားလိုက္သည့္တိုင္ အပူမီးမွာ မၿငိမ္းခ်မ္းနိုင္၊ မည္သို႔မွ် သက္သာမလာ။

သူ႕ခံစားရမည္ကို သိသည့္တိုင္ မ်က္ႏွာလႊဲသြားေသာ လူႀကီး၏ ပုံရိပ္အား ျပန္ျမင္ေယာင္မိတိုင္း၊ သူ႕ကို နည္းနည္းေလးေတာင္မွ ဂ႐ုမစိုက္နိုင္ပဲ ထိုအမ်ိဳးသမီး၏ လက္အားဆြဲေခၚသြားေသာ လူႀကီး၏ ေနာက္ေက်ာျပင္ကို ေတြးမိတိုင္း ခံစားရသည့္ ဒဏ္ရာမွာ အျဖစ္မွန္အား သိရွိသြားရသည္ထက္ပင္ နာက်င္ရ၏။

သူဟာ လူႀကီးအား ထိုမွ် သေဘာက်မိသြားသည္ပင္။

***

ေလ​ျပည္ငယ္ေသြးသည့္ လယ္ကန္သင္းေဘာင္ေပၚ၌ ေသသြားၿပီဟု တစ္ႏွစ္ေလာက္ထင္ထားမိခဲ့သည့္ ကိုယ့္ အရင္မိန္းမႏွင့္ စကားေျပာရမည္ဟု သူ မေတြးမိခဲ့ရိုးအမွန္။

တဖြဖြခ်မိေနေသာ သက္ျပင္းမ်ားသည္လည္း ဘယ္ႏွႀကိမ္၊ ဘယ္ႏွခါမွန္းပင္ မသိရေတာ့။ မ်က္ဝန္းထဲက မ်က္ရည္မ်ားဟာေတာ့ ခမ္းေျခာက္သြားခဲ့ေလၿပီ။

ခပ္ေဆြးေဆြး မ်က္ဝန္းညိုတို႔က ေဒါသရိပ္သန္း မေနသလို၊ ျပန္လည္ ဖမ္းဆုပ္ထားခ်င္ ဟန္လည္းမရွိ။ ေနာင္တ တရားတို႔ျဖင့္ ေနထိုင္ခဲ့ရသည့္ ကာလေတြကိုလည္း သူ မတရားသလို မခံစားခ်င္ေတာ့။

ယခု သူ႕ေဘးမွာ ေဆာရွိေနေပသိ အရည္လဲ့ေသာ မ်က္ဝန္းေလးမ်ားျဖင့္ သူ႕အား နာနာက်င္က်င္ ေငးၾကည့္ေနခဲ့ေသာ ဂ်ီမင္းဆီသို႔သာ စိတ္ေရာက္ေနမိသည္။ ဤအခိုက္ သူ႕ ႏွလုံးသားဟာ မည္သည္သို႔ ေစလိုမွန္း ေကာင္း​ေကာင္းႀကီး နားလည္လာေတာ့၏။

"ေယာင္း ဘာေတြစဥ္းစားေနတာလဲ"

ထယ္ေယာင္း စိမ္းျမျမ လယ္ကြင္းမ်ားအား ေနာက္ဆုံးအႀကိမ္ ၾကည့္လိုက္ၿပီး ေဆာထံသို႔ မ်က္ႏွာမူလိုက္ေလသည္။

"ေဆာက္ို စိတ္ဆိုးတယ္မလား
ေသသြားၿပီဆိုၿပီး ျပန္ေပၚလာလို႔"

"ကိုယ့္ကို အစအဆုံးရွင္းျပ"

သူ႕အေမးေၾကာင့္ ေဆာဟာ မ်က္လႊာအား အသာခ်ကာ စကားစ၏။

"ေယာင္း ကိုမာျဖစ္ေနတုန္း ေယာင္းရဲ႕ မိဘေတြက ေဆာကိုေငြေပးၿပီး တစ္ေနရာရာမွာဇာတ္ျမႇပ္ေနခိုင္းခဲ့တယ္ . . ၊
ေယာင္းေရွ႕ ဘယ္ေတာ့မွ ျပန္ေပၚမလာေတာ့ဘဲ ေသသူတစ္ေယာက္လို ေနလိုက္ေတာ့တဲ့"

"ေဆာက အဲ့ေငြေတြကိုယူ . . "

"ဟင့္အင္း ေယာင္း . .
ေဆာ မယူခဲ့ပါဘူး အရာအားလုံးက ေဆာ အျပစ္ေတြမွန္းသိပါတယ္ . .
ေဆာ ေဖာက္ျပန္ခဲ့မိတယ္
အဲ့တာမို႔ ေဆာ ေငြေတြကိုမယူပဲ ေယာင္းေရွ႕ကေနေပ်ာက္ကြယ္သြားတာ"

အေၾကာင္းစုံ သိၿပီးသြားသည့္ေနာက္ ထယ္ေယာင္း က်ိန္းစပ္လာေသာ မ်က္ဝန္းမ်ားအား ေခတၱဖိမွိတ္လိုက္သည္။

"ေဆာတို႔က လိမ္တာသိပ္ပိရိတာပဲ
ေဆာရဲ႕ အုပ္ဂူေတာင္ရွိေသးတယ္ . .
ဆိုးလ္မွာေလ"

ထိုစကားအား ထယ္ေယာင္းသည္ ရယ္သြမ္းသြမ္းျဖင့္သာ တည္တည္ၿငိမ္ၿငိမ္ ေျပာထြက္ခဲ့၏။ သို႔သည့္တိုင္ အရာအားလုံးဟာ ထင္သေလာက္ လြယ္ကူမေန။ သူ ေနာင္တတို႔ျဖင့္ၿပိဳလဲခဲ့ရသည့္ အခ်ိန္မ်ားဟာ ဟာသတစ္ခုမွမဟုတ္ဘဲ။

နယ္ၿမိဳ႕ေလးကိုသာ ေျပာင္းမလဲခဲ့ရင္။
ဂ်ီမင္းသာ သူ႕ဘဝထဲဝင္မလာခဲ့ရင္ သူဆက္ၿပီး ၿပိဳလဲေနဦးမွာပါပဲ။

"ေဆာ ေတာင္းပန္ပါတယ္"

"မေတာင္းပန္ပါနဲ႕
ကိုယ္ ခြင့္မလႊတ္ခ်င္လို႔"

သူအရင္က ေတြးခဲ့ဖူး၏။ သူ႕ကိုယ္သူ သက္ေသျဖစ္ခဲ့လို႔ တမလြန္မွာသာ ေဆာနဲ႕ေတြ႕ရင္ သက္ေသာင့္သက္သာေလး ၿပဳံးျပၿပီး ေဆာရဲ႕ အျပစ္ေတြေရာ၊ သူ႕ အျပစ္ေတြပါ ​ေက်ေအးၾကမယ္လို႔ေလ။

ထယ္ေယာင္း ေနာက္ဆုံး အေနႏွင့္ ေဖ်ာ့ေတာ့စြာ ၿပဳံးလိုက္၏။

"ေဆာလည္း ကိုယ့္ဘဝနဲ႕ကိုယ္ေနပါေတာ့ ကိုယ္လည္း ေဆာကို ေသသူလို႔ ဆက္သတ္မွတ္ၿပီး အရင္အတိုင္းပဲ ေနသြားၾကတာေပါ့"

"ေယာင္း သေဘာပါ
ေဆာမွာ ဆုံးျဖတ္ပိုင္ခြင့္မရွိပါဘူး"

"ေဆာ ကိုယ့္ေရွ႕မွာ ထပ္ေပၚမလာေတာ့ရင္ေကာင္းမယ္"

ဤမွ်ဆိုကာ ထယ္ေယာင္း လွည့္ထြက္ခဲ့ေတာ့၏။

သည္တစ္ခါေတာ့ ကိုယ္ဟာ အရင္ထြက္သြားသူ ျဖစ္ပါရေစ။ ဂ်ီမင္းအတြက္ ေဆာက ကိုယ့္ဘဝထဲကေန ထာဝရ ေပ်ာက္ကြယ္သြားမွျဖစ္မယ္။

ကေလးငယ္အတြက္ေပါ့ . . ။

Continue Reading

You'll Also Like

1M 54.8K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
242K 7.6K 29
Yuri wakes one morning in the bed of one Victor Nikiforov after getting drunk at a club the evening before. However, their one-night stand would not...
5.2K 865 7
ဟိုးရှေးရှေးတုန်းက အစချီ ဒ​ဏ္ဍာရီထဲက ပုံပြင်လေးဟာ ထာဝရတည်ရှိနေမှာဖြစ်ကြောင်း.....
642K 39.3K 103
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...