အခ်စ္ေလျပည္ တိုး၀င္လာခဲ့ေသာ္...

By god-dess11

352K 33.6K 1.1K

တစ္ေန႔တြင္ သူမေလးသည္ သူႏွင့္မေတာ္တဆ အိပ္မိသြားခဲ့သည္။ ႏွစ္လခန႔္ၾကာေသာ္... သူမေလးထံတြင္ ကိုယ္၀န္ရွိမွန္း သိလ... More

မိတ္ဆက္ျခင္း
စာစဥ္ ၁ ( ၁ - ၁၂ )
စာစဥ္ ၂ ( ၁၃ - ၂၄ )
စာစဥ္ ၁ ( ၂၅ - ၃၀ )
စာစဥ္ ၂ ( ၁ - ၁၀ )
စာစဥ္ ၂ ( ၁၁ - ၂၀ )
စာစဥ္ ၂ (၂၁-၃၀)
စာစဥ္ ၃ (၁-၁၄)
စာစဥ္ ၃ (၁၅-၂၀)
စာစဥ္ ၃ (၂၁-၂၆)
စာစဥ္ ၃ (၂၇-၃၀)
စာစဥ္ ၄ (၁-၈)
စာစဥ္ ၄ (၉-၁၆)
စာစဥ္ ၄ (၁၇-၂၀)
စာစဥ္ ၄ (၂၁-၂၆)
စာစဥ္ ၅ (၁-၁၀)
စာစဥ္ ၅ (၁၁-၁၆)
စာစဥ္ ၅ (၁၇-၂၄)
စာစဥ္ ၅ (၂၅-၃၀)
စာစဥ္ ၆ (၁-၈)
စာစဥ္ ၆ (၉-၁၄)
စာစဥ္ ၆ (၁၅-၃၀)
စာစဥ္ ၇ (၁-၁၀)
စာစဥ္ ၇ (၁၁-၂၀)
စာစဥ္ ၇ (၂၁-၃၀)
စာစဥ္ ၈ (၁-၁၀)
စာစဥ္ ၈ (၁၁-၃၀)
စာစဥ္ ၉ (၁-၁၀)
စာစဥ္ ၉ (၁၁-၂၀)
စာစဥ္ ၉ (၂၁-၃၀)
စာစဥ္ ၁၀ (၁-၁၆)
စာစဥ္ ၁၀ (၁၇-၃၀)
စာစဥ္ ၁၁ (၁-၁၄)
စာစဥ္ ၁၁ (၁၅-၃၀)
စာစဥ္ ၁၂ ( ၁ - ၁၈ )
စာစဥ္ ၁၂ ( ၁၉ - ၃၀ )
စာစဥ္ ၁၃ ( ၁ - ၁၆ )
စာစဥ် ၁၃ (၁၇ - ၃၀)
စာစဥ် ၁၄ ( ၁ - ၁၆)
စာစဥ် ၁၄ (၁၇-၃၀)
စာစဥ် ၁၅ (၁ - ၁၆)
စာစဥ် ၁၅ (၁၇ - ၃၀)
စာစဥ် ၁၆ (၁-၁၆)
စာစဥ် ၁၆ (၁၇-၃၀)
စာစဥ္ ၁၇ (၁ - ၁၆)
စာစဥ္ ၁၇ (၁၇-၃၀)
စာစဥ္ ၁၈ (၁-၁၀)
စာစဥ္ ၁၈ (၁၁-၃၀)
စာစဥ္ ၁၉ (၁ - ၃၀)
စာစဥ္ ၂၀ (၁-၃၀)
စာစဥ္ ၂၁ (၁-၁၀)
စာစဥ္ ၂၁ (၁၁-၃၀)
စာစဥ္ ၂၂ (၁-၃၀)
စာစဥ္ ၂၃ (၁-၃၀)
စာစဥ္ ၂၄ (၁-၁၆)
စာစဥ္ ၂၄ (၁၇-၃၀)
စာစဥ္ ၂၅ (၁-၁၄)
စာစဥ္ ၂၅ (၁၅-၃၀)
စာစဥ္ ၂၆ (၁-၁၆)
စာစဥ္ ၂၆ (၁၇-၃၀)
စာစဥ္ ၂၇ (၁-၁၆)
စာစဥ္ ၂၇ (၁၇-၃၀)
စာစဥ္ ၂၈ (၁-၁၀)
စာစဥ္ ၂၈ (၁၁-၂၀)
စာစဥ္ ၂၈ (၂၁-၃၀)
စာစဥ္ ၂၉ (၁-၁၀)
စာစဥ္ ၂၉ (၁၁-၂၀)
စာစဥ္ ၂၉ (၂၁-၃၀)
စာစဥ္ ၃၀ (၁-၁၀)
စာစဥ္ ၃၀ (၁၁-၂၀)
စာစဥ္ ၃၀ (၂၁-၃၀)
စာစဥ္ ၃၁ (၁-၁၀)
စာစဥ္ ၃၁ (၁၁-၂၀)

စာစဥ္ ၄ (၂၇-၃၀)

4.8K 633 22
By god-dess11

စာစဥ္ ၄၊ အခန္း ၂၇။ ေမ့ထားခံရျခင္းက အရက္စက္ဆုံးေသာ အရာ (7)

ကားအျပင္ဘက္မွာရွိတဲ့ ေနာက္ၾကည့္မွန္ကေနတစ္ဆင့္ ျမင္ေနရတဲ့ ဂူယူရွန္းပုံရိပ္ကို ခ်င္းက်ီအိုက္ ေငးၾကည့္မိသည္ ။

မေတြ႕ရတဲ့ ၃ရက္အတြင္း ဂူယူရွန္းသည္ ဆံပင္လည္း ညႇပ္ခဲ့သည္ထင္ ... ဆံပင္ေတြ တိုသြားၿပီး နဖူးျပင္ ပိုေပၚကာ မ်က္ႏွာေခ်ာေခ်ာက ပိုလို့ေပၚလြင္လာသည္။

မ်က္လုံးတို့ ပိတ္ထားတာေၾကာင့္ ေအးခ်မ္းေနပုံေပၚေနသည့္ ဂူယူရွန္းသည္ ေတာ္ေတာ္ေလးၾကည့္ေကာင္းလြန္းပါ၏...
ပုံျပင္ထဲက မင္းသားေလးတစ္ပါးလို ေခ်ာေမာလြန္းသည့္
ဂူယူရွန္းသည္ တန္ဖိုးႀကီးတဲ့ အ၀တ္အစားေတြနဲ႔လည္း လိုက္လိုက္ဖက္ဖက္ရွိလြန္းပါရဲ့ ....။

ဂူယူရွန္းမ်က္ခုံးတို့ အသာလွုပ္လာေတာ့မွ ခ်င္းက်ီအိုက္ ျပတင္းေပါက္အျပင္ဘက္ကို ၾကည့္လိုက္မိေတာ့သည္ ။

ဂူယူရွန္းသည္ မ်က္လုံးပိတ္႐ုံပိတ္ထားဖို့ လုပ္ခဲ့ေပမည့္ အိပ္ေပ်ာ္သြားခဲ့ရာကေန အခု သူ နိုးလာတဲ့အခ်ိန္
ခ်င္းက်ီအိုက္က ေဘးမွာ ထိုင္ေနသည္မို့
အံ့ၾသသြားရေသးသည္ ။ ခဏအၾကာမွ
ျပတင္းေပါက္အျပင္ဘက္ကို ၾကည့္လိုက္ၿပီး
ထိုင္လ်က္အေနအထားကို ေရႊ႕လိုက္ေတာ့သည္ ။

ဂူယူရွန္း ဖုန္းထုတ္ကာ ၾကည့္ေနလိုက္ရင္းက
မ်က္ခုံးကို အသာဖိႏွိပ္ေနရင္း မ်က္လုံးေထာင့္ကေန
တစ္ခုခုကို ေတြ႕လိုက္ရတာမို့ ခ်င္းက်ီအိုက္ရင္ဘတ္ကို
ဂူယူရွန္း လွမ္းၾကည့္လိုက္မိေတာ့သည္ ။

ပန္းေရာင္ ပြဲတက္၀တ္စုံကို ၀တ္ထားၿပီး
ရင္ဘတ္နားမွာ ႀကိဳးေလးတစ္ေခ်ာင္းသာ ရွိေနတာေၾကာင့္ ခ်င္းက်ီအိုက္ရင္သားကို ေသခ်ာမၾကည့္ရင္ေတာင္ ျမင္ေနရသည္ ။

ဂူယူရွန္းမ်က္ေမွာင္ၾကဳံ႕ကာ ၾကည့္ေနမိရင္းက
ေဒါသတို့ ထြက္လာရျပန္သည္ ။

ဘယ္လို၀တ္စုံမ်ိဳးကိုမ်ား ၀တ္လာရတာလဲ ။
ဒီ၀တ္စုံကို၀တ္တာထက္ ဘာမွမ၀တ္ပဲ လာသည္ကမွ
ေတာ္ေပဦးမည္ ။

သူမကို ဆူေငါက္ပစ္ခ်င္ေနသည့္ ဂူယူရွန္းစကားလုံးတို့က လၽွာေပၚမွာတင္ ေပ်ာက္ရွသြားရသည္ ....

သူမရဲ့ ၀တ္စားဆင္ယင္ပုံအထိ ဂူယူရွန္း လိုက္ဂ႐ုစိုက္ေနဖို့ရာ အေၾကာင္းမရွိဘူး မဟုတ္ပါလား ။
ဘာမွမ၀တ္ပဲ လာရင္ေတာင္ ဂူယူရွန္းနဲ႔ ဘာမွမသက္ဆိုင္သည္မို့ သူမကို ဆူလိုက္ရင္ ထူးဆန္းတဲ့လူ ျဖစ္သြားရေပလိမ့္မည္ ။ တီဗီအစီအစဥ္အတြက္ ဘီကနီ၀တ္ခဲ့ဖူးသည့္ သူမအေၾကာင္းကို လုဘန္ခ်န္းလာေျပာခဲ့တုန္းကပင္ ဂူယူရွန္း ဂ႐ုစိုက္ခဲ့တာ မဟုတ္ေပ ။

ဂူယူရွန္း သူမ ရင္ဘတ္ဆီကေန အၾကည့္လႊဲကာ ျပတင္းေပါက္အျပင္ဘက္ကို ေငးၾကည့္ေနလိုက္ေပမည့္
အျပင္ဘက္က ေကာင္းကင္ျပာျပာသည္
သူမ ေလာက္ပင္ စိတ္၀င္စားဖို့မေကာင္းေနတာမို့
သူမကိုသာ လွမ္းလွမ္းၾကည့္ေနမိသည္ ။

တစ္ႀကိမ္ ..ႏွစ္ႀကိမ္...သုံးႀကိမ္ ... ဆယ္ႀကိမ္ မကေအာင္ ဂူယူရွန္းအၾကည့္တို့က သူမဆီပဲ အလိုလို ေရာက္ေရာက္သြားတာမို့ စိတ္ရွုပ္လာရၿပီး ေဆးလိပ္တစ္လိပ္ထုတ္ကာ ေသာက္ေနမိသည္ ... သို့သည့္တိုင္ အၾကည့္တို့က ခ်င္းက်ီအိုက္ ရင္ဘတ္ဆီမွာပင္ ။

အၾကည့္ေတြကို လႊဲဖယ္နိုင္ဖို့ ႀကိဳးစားတိုင္း ပိုပိုစိတ္ရွုပ္လာရသည္မို့ သူမ အကၤ်ီတို့ကိုပင္ ဆြဲျဖဲပစ္ခ်င္ေနေလၿပီ …..

------------------------------------------------------------

စာစဥ္ ၄၊ အခန္း ၂၈။ ေမ့ထားခံရျခင္းက အရက္စက္ဆုံးေသာ အရာ (8)

ခ်င္းက်ီအိုက္ ၿငိမ္ၿငိမ္ေလး ထိုင္ေနၿပီး ဂူယူရွန္းကို ၾကည့္မေနဘူးဆိုေပမည့္ ဂူယူရွန္း တစ္ခုခုျဖစ္ေနသည္ကို ခံစားမိသည္မို့ တံခါးနား ပိုတိုးကပ္လိုက္မိေတာ့သည္ ။

သူမ လွုပ္ရွားလိုက္သည့္အခိုက္ ေျပေလ်ာ့ေနသည့္ ရင္ဘတ္ကႀကိဳးေၾကာင့္ ရင္သားတို့က ပိုၿပီးလစ္ဟလာသည္ ။

ပုခုံးေပ်ာက္အကၤ်ီအမ်ိဳးအစားျဖစ္တာေၾကာင့္ အတြင္းခံအစား တိတ္ေလးသာကပ္လာသည္မို့ ဂူယူရွန္းဘက္က ၾကည့္ရင္
ဘယ္ဘက္ ရင္သားတစ္ခုလုံးနီးပါး ျမင္ေနရေတာ့သည္ ။

ဒီလို အ၀တ္အစားမ်ိဳးနဲ႔ ပြဲတက္ရင္ လူတိုင္း
သူမရင္ဘတ္ေတြကို ျမင္သြားလိမ့္မည္မွာ အေသအခ်ာ ။

ခ်င္းက်ီအိုက္၏ရင္သားေတြဆီမွာ ခိုနားေနသည့္ ဂူယူရွန္းအၾကည့္တို့က ေဒါသရိပ္ေၾကာင့္ မီးဟုန္းဟုန္းပင္ ေတာက္လာေတာ့ၿပီး လူသတ္ခ်င္စိတ္ပါ ေပါက္လာရသည္ ။

ေဒါသတို့ ေပါက္ကြဲပစ္ဖို့ရာ မသင့္ေတာ္သည္မို့
ဂူယူရွန္း အံႀကိတ္ရင္းသာ လက္ထဲက ေဆးလိပ္တိုကို ဖိေခ်ေနမိသည္ ....
ေဒါသစိတ္ေၾကာင့္ ဓားစာခံျဖစ္သြားရွာသည့္
ေဆးလိပ္ကေတာ့ ဂူယူရွန္း လက္ထဲ ေၾကမြလို့ ..။

ျပတင္းေပါက္အျပင္ဘက္ကို ၾကည့္လိုက္မိသည့္အခါ ပါတီက်င္းပမည့္ေနရာနားကိုေတာင္ ေရာက္လာေလၿပီ ။

ဒီအ၀တ္အစားနဲ႔ သူ႔ကို ပြဲတက္ခိုင္းလို့ သင့္ေတာ္ပါ့မလား ။

ဂူယူရွန္း နက္ခ္တိုင္ကို ေျဖေလ်ွာ့ပစ္လိုက္ၿပီး
ေလေကာင္းေလသန႔္ ရေစဖို့ရာ
ကားတံခါးဖြင့္ဖို့ လက္အလွမ္း
႐ုတ္တရက္ျမင္လိုက္ရသည့္ ဗူးေလးတစ္ဗူး ။

ထိုဗူးထဲမွာ ဓားတိုတစ္ေခ်ာင္းရွိေနတာျဖစ္ၿပီး ထိုဓားကို
ပါဆယ္ထုပ္ေတြ ေဖာက္ဖို့ ဂူယူရွန္းေဆာင္ထားျခင္းပင္ ။

ဓားကို အခ်ိန္အေတာ္ၾကာ ၾကည့္ေနမိၿပီး ေရွာင္၀မ္နဲ႔
ခ်င္းက်ီအိုက္တို့ သူ႔ကို သတိမထားမိခ်ိန္
ဂူယူရွန္း ဓားကို လွမ္းယူလိုက္ေတာ့သည္ ။

ထို့ေနာက္တြင္မွ ခ်င္းက်ီအိုက္၏ အ၀တ္အစားကို
ေသခ်ာၾကည့္လိုက္ၿပီး မ်က္လုံးတို့ ပိတ္ခ်လိုက္သည္ ။

၁၀မိနစ္ခန႔္အၾကာတြင္ ခ်င္းက်ီအိုက္၏ပုခုံးေပၚကို
ဂူယူရွန္း ေျဖးေျဖးခ်င္း ေခါင္းကို မွီခ်လိုက္ခ်ိန္
ခ်င္းက်ီအိုက္ လန႔္သြားၿပီး ဆတ္ခနဲတုန္သြားသည္ကို
ဂူယူရွန္း သတိျပဳမိလိုက္၏...

မ်က္လုံးတို့ ပိတ္ထားၿပီး အသက္ကို ပုံမွန္ရွုေနတာေၾကာင့္
သူ အိပ္ေပ်ာ္ေနသည္လို့ပဲ ခ်င္းက်ီအိုက္ ထင္ေပလိမ့္မည္ ။

ဂူယူရွန္း သူမကို မွီထားတာေၾကာင့္ ခ်င္းက်ီအိုက္မွာ
မလွုပ္မယွက္ ေနေနရၿပီး ဂူယူရွန္းဆီက ကိုယ္သင္းနံ့ခပ္သင္းသင္းနဲ႔ေဆးလိပ္နံ့တို့ ေရာကာ
သူမႏွာေခါင္းထဲ တိုး၀င္ေနသည္ ။

ခ်င္းက်ီအိုက္၏ပုခုံးေပၚ ေခါင္းမွီထားရင္းက
သူမကို မ်က္လုံးဖြင့္ကာ မသိမသာ ၾကည့္မိခ်ိန္ သူမေလးသည္ အေ၀းကို ၾကည့္ေနေလသည္ ။
သူလည္း ကိုင္ထားတဲ့ ဓားကို
သူမ ခါးနားထားလိုက္ၿပီး အကၤ်ီဇစ္ရွိတဲ့ေနရာကေန အပ္ခ်ည္ႀကိဳးကို ျဖတ္ခ်လိုက္ေတာ့သည္ .....

-------------------------------------------------------------

စာစဥ္ ၄၊ အခန္း ၂၉။ ေမ့ထားခံရျခင္းက အရက္စက္ဆုံးေသာ အရာ (9)

ဂူယူရွန္း ခပ္သြက္သြက္လုပ္လိုက္တာေၾကာင့္ ျပတ္သြားတဲ့ အပ္ခ်ည္ႀကိဳးေနရာကို ခ်င္းက်ီအိုက္ သတိထားမိပုံမေပၚပါ ။

သူ႔လုပ္ရပ္ကို မိသြားမည္စိုးတာေၾကာင့္ ဂူယူရွန္း
ခ်င္းက်ီအိုက္၏ပုခုံးေပၚကေန ဖယ္ခြာလိုက္ေတာ့သည္ ။
ခ်င္းက်ီအိုက္ အကၤ်ီ သိပ္မပ်က္စီးမည္စိုးတာေၾကာင့္
ဂူယူရွန္းသည္ အခြင့္အေရးထပ္ရသည္ႏွင့္
ခ်င္းက်ီအိုက္ပုခုံးေပၚ ျပန္မွီကာ သူမရဲ့ ပိုးထည္အကၤ်ီစကို
ဓားနဲ႔ ျပဲေအာင္ လုပ္ပစ္လိုက္ျပန္သည္ ။

ပါတီကို ေရာက္သည္အထိ ဂူယူရွန္း မ်က္လုံးတို့ ပိတ္ထားၿပီး ေရွာင္၀မ့္စကားသံ ထြက္မလာမခ်င္း ကားေပၚကမဆင္း ။

“ဆရာဂူ ေရာက္ပါၿပီ”

ဂူယူရွန္း ေျဖးေျဖးခ်င္း မ်က္လုံးဖြင့္လိုက္ၿပီးေနာက္ ခ်င္းက်ီအိုက္ပုခုံးေပၚကေန မဖယ္ေသးပဲ အခုမွ အိပ္ေပ်ာ္ရာက နိုးလာသလို ဟန္ေဆာင္ေနလိုက္သည္ ။ အိပ္ေနရင္းက
သူမ ပုခုံးေပၚ မွီလိုက္မိသလို ပုံစံျဖစ္ေအာင္ လုပ္လိုက္ၿပီးေနာက္မွ တစ္ခ်က္သမ္းျပကာ ...

“ေရာက္ၿပီလား”

“ဟုတ္ကဲ့”

ေရွာင္၀မ္သည္ ျပန္ေျဖၿပီးေနာက္ ကားေပၚကေန ဆင္းကာ
ဂူယူရွန္းကို ကားတံခါး ဖြင့္ေပးလိုက္သည့္အခါ ဂူယူရွန္း
ဆင္းလာၿပီး နက္ခ္တိုင္ကို သပ္သပ္ရပ္ရပ္ျဖစ္ေအာင္
ျပန္လုပ္သည္ ။

ခ်င္းက်ီအိုက္သည္လည္း ကားေပၚက ဆင္းလာေလၿပီ ။
ဂူယူရွန္း လွမ္းၾကည့္မိေတာ့ သူ႔လက္ခ်က္နဲ႔ ေပါက္ျပဲေနသည့္ အကၤ်ီေအာက္က အသားအရည္သည္ အထင္းသား ။

ဂူယူရွန္း နက္ခ္တိုင္ ျပင္ေနတာကိုရပ္ၿပီး အကၤ်ီျပဲေနတဲ့ ခ်င္းက်ီအိုက္၏ခါးကို မ်က္ခုံးတို့ ပင့္ကာ ၾကည့္ေနလိုက္သည္။

ဂူယူရွန္းစိတ္၀င္တစား ၾကည့္ေနသည့္ ေနရာဆီ
ေရွာင္၀မ္လည္း လိုက္ၾကည့္လိုက္မိ၏  ...

“အဲ .. မိန္းကေလး လ်န္ ရဲ့ အကၤ်ီက...”

“ဟင္”

ေရွာင္၀မ့္စကားကို ခ်င္းက်ီအိုက္ နားမလည္နိုင္ျဖစ္ရတာမို့
ေရွာင္၀မ္ကို ၾကည့္လိုက္မိေတာ့ ေရွာင္၀မ္က
သူမခါးကို ထိုးျပလာသည္ ။

မ၀တ္ခင္ကလည္း သူမအကၤ်ီကို စစ္ၾကည့္ခဲ့သည့္အျပင္
ထိုအကၤ်ီက လ်န္ေဒါ့ကူဆိုဒ္ျဖစ္တာမို့ သူမနဲ႔ ေခ်ာင္ေနေသးသည္ကို ဘယ္လိုေၾကာင့္မ်ား ဇစ္ကျပဳတ္ေနရသနည္း ။

ခ်င္းက်ီအိုက္ မ်က္လုံးတို့ တြန႔္ခ်ိဳးသြားရေတာ့၏...

ပါတီကို ဂူယူရွန္း ေခၚလို့ လိုက္လာရျခင္းျဖစ္ၿပီး အခု
သူမ အ၀တ္အစားက ပ်က္ဆီးသြားၿပီမို့
ဂူယူရွန္းကို လွည့္ၾကည့္လိုက္မိေတာ့သည္ ။ ဂူယူရွန္းကို
ရွင္းျပဖို့ အေၾကာင္းအရင္းတစ္ခုခု စဥ္းစားေနတုန္းမွာပဲ
ဂူယူရွန္းက နက္ခ္တိုင္ကို ခပ္သြက္သြက္ခ်ည္ကာ ေရွာင္၀မ့္ကို စကားလွမ္းေျပာလိုက္ေတာ့သည္ ။

“သူ႔အတြက္ ၀တ္စုံတစ္စုံေလာက္ ၀ယ္ေပးၿပီး ဟိုတယ္အခန္းတစ္ခန္းပါ စီစဥ္ထားလိုက္ ။
သူ အဲ့ကေန ေစာင့္ေနလိမ့္မယ္”

“ဟုတ္ကဲ့ ဆရာဂူ”

ေရွာင္၀မ္ ထြက္သြားဖို့အလုပ္ ဂူယူရွန္း ေရွာင္၀မ့္နား
တိုးကပ္ကာ မွာလိုက္ရေသးသည္က....

“လုံလုံျခဳံျခဳံ အ၀တ္အစားမ်ိဳး ၀ယ္ခဲ့ ...
အသားအရမ္းေပၚတာမ်ိဳး ၀ယ္မလာနဲ႔”

------------------------------------------------------------

စာစဥ္ ၄၊ အခန္း ၃၀။ ေမ့ထားခံရျခင္းက အရက္စက္ဆုံးေသာ အရာ (10)

ေရွာင္၀မ့္ကို မွာၿပီးေနာက္ ဂူယူရွန္း ဓာတ္ေလွကားဆီ ေလၽွာက္သြားလိုက္သည္ ။

ခ်င္းက်ီအိုက္နဲ႔ ေရွာင္၀မ္လည္း
ဓာတ္ေလွကားေစာင့္ရမည္ဆိုေပမည့္ သူတို့ကို ထားခဲ့ၿပီး ဂူယူရွန္းတစ္ေယာက္တည္းပဲ အရင္တက္သြားလိုက္သည္ ..

ေရွာင္၀မ္ကေတာ့ ခ်င္းက်ီအိုက္ကို အေပၚထပ္ကို
လိုက္ပို့ေပးၿပီးေနာက္ ဂူယူရွန္းမွာထားသည့္ အ၀တ္အစားမ်ိဳး ၀ယ္ဖို့ ျပန္ဆင္းလာခဲ့ရသည္ ။

လုံလုံျခဳံျခဳံ အ၀တ္အစား လား ။

မိန္းကေလး လ်န္ ၀တ္ထားတဲ့အ၀တ္အစားကို အရမ္းေဖာ္လြန္းေနတယ္လို့မ်ား ဆရာဂူ ျမင္ေနတာလား ။

ျပဲေနတဲ့ အ၀တ္အစားကို ၀တ္ထားရတာ
ခ်င္းက်ီအိုက္အဖို့လည္း သက္ေသာင့္သက္သာမရွိလွ ။

ဟိုတယ္ခန္းထဲမွာလည္း သူမ တစ္ေယာက္တည္းသာ ရွိတာမို့ တိတ္ဆိတ္လြန္းလွတာေၾကာင့္ ျပတင္းေပါက္က
ေလတိုး၀င္သံကိုပင္ ျပတ္ျပတ္သားသား ၾကားေနရ၏ ။

ျပတင္းေပါက္ကေနတစ္ဆင့္ ေရာင္စုံအလင္းေရာင္တို့ကို ခ်င္းက်ီအိုက္ ေငးၾကည့္ေနၿပီးေနာက္ ဆိုဖာမွာ ထိုင္ကာ အခ်ိန္ကုန္ဖို့ရာ ဖုန္းၾကည့္ေနလိုက္သည္ ။

ခဏအၾကာမွာေတာ့ သန႔္စင္ခန္း သြားခ်င္လာတာမို့
ဖုန္းကို ခ်ကာ သန႔္စင္ခန္းသြားလိုက္ခ်ိန္ ေသြးေတြ စြန္းေနတာကို ေတြ႕လိုက္ရတာေၾကာင့္ ခ်င္းက်ီအိုက္ မ်က္ခုံးတို့ တြန႔္ခ်ိဳးသြားရျပန္သည္ ။

ဓမၼတာလာဖို့ရာ ၂ရက္ေလာက္ လိုေနေသးေသာ္လည္း
လြန္ခဲ့တဲ့ရက္က သူမ မိုးေရထဲမွာ အၾကာႀကီး မိုးမိေနခဲ့တာေၾကာင့္ ေစာလာျခင္းေလလား ။

ဟိုတယ္မွာ လစဥ္သုံးအထုပ္ေတြ ထားေပးထားတာမို့
ခ်င္းက်ီအိုက္ တစ္ထုပ္ယူလိုက္ၿပီး စိုးရိမ္စြာပဲ
သန႔္စင္ခန္းထဲက ထြက္လာလိုက္ေတာ့သည္ ။

လတိုင္း ဓမၼတာလာခ်ိန္ဆို နာက်င္ကိုက္ခဲတတ္တာမို့ ဒီတစ္ႀကိမ္အတြက္လည္း သူမ စိုးရိမ္မိသည္ ။ အဆိုးဆုံးအေျခအေနက အန္သည္အထိပါ ျဖစ္ခဲ့ဖူးသည္မို့ ဆရာ၀◌န္နဲ႔ အႀကိမ္ႀကိမ္ျပခဲ့ဖူးေသာ္လည္း
မထူးခဲ့တာေၾကာင့္ လတိုင္း
အကိုက္အခဲေပ်ာက္ေဆးေတြသာ ေသာက္ခဲ့ရသည္ ။

သူမသည္ အိတ္ထဲမွာ အကိုက္အခဲေပ်ာက္ေဆးကို အျမဲေဆာင္ထားေလ့ရွိေသာ္လည္း ဒီေန႔မွာေတာ့ ပါတီတက္ရမွာျဖစ္တာေၾကာင့္ အိတ္ေသးေသးေလးသာ ယူလာခဲ့မိသည္ ။ လက္ကိုင္အိတ္က ေသးလြန္းတာေၾကာင့္ ေနရာသိပ္မဆံ့တာမို့ ေဆးမထည့္လာခဲ့မိပါေခ် ။

ဗိုက္ထဲကေန လိႈက္ခနဲ နာက်င္တက္လာမႈေၾကာင့္ ေရေႏြးတည္လိုက္ၿပီး ဆိုဖာေပၚမွာ ထိုင္ကာ ေရေႏြးေသာက္ေနလိုက္သည္ ။

ေရေႏြးက နာက်င္မွုကို ေပ်ာက္တန္ေကာင္းပါရဲ့ ....

သူမ ဂူယူရွန္းအိမ္ကို ေရာက္သည့္အခ်ိန္မွာလည္း
နာက်င္မွုကို တစ္ေယာက္တည္း က်ိတ္ခံစားျဖစ္စျမဲ ။

နာက်င္မႈသည္ ဘယ္ေလာက္ပဲဆိုးေနပါေစ ၊
ဂူယူရွန္းေရွ႕မွာ အားနည္းေနတဲ့ပုံစံကို သူမ မျပခ်င္ပါေခ် ... ဂူယူရွန္းသည္လည္း သူ႔ကို မေႏွာင့္ယွက္ဖို့ မွာထားသည္
မဟုတ္ပါလား ။ ထို့ေၾကာင့္ သူ႔အိမ္ကို ေျပာင္းလာခဲ့ခ်ိန္က စလို့ ဘယ္ေလာက္ခက္ခဲတဲ့ျပႆနာရွိေနပါေစ ၊ သူမ  ဂူယူရွန္းကို တစ္ခါမွ မေျပာျပခဲ့ပါေခ် ....။

------------------------------------------------------------
စာစဥ္ ၄ ၿပီးပါၿပီ ။ ေသာၾကာေန႔ ေတြ႕ၾကမယ္ေနာ္ 😍

.......

Unicode

စာစဉ် ၄၊ အခန်း ၂၇။ မေ့ထားခံရခြင်းက အရက်စက်ဆုံးသော အရာ (7)

ကားအပြင်ဘက်မှာရှိတဲ့ နောက်ကြည့်မှန်ကနေတစ်ဆင့် မြင်နေရတဲ့ ဂူယူရှန်းပုံရိပ်ကို ချင်းကျီအိုက် ငေးကြည့်မိသည် ။

မတွေ့ရတဲ့ ၃ရက်အတွင်း ဂူယူရှန်းသည် ဆံပင်လည်း ညှပ်ခဲ့သည်ထင် ... ဆံပင်တွေ တိုသွားပြီး နဖူးပြင် ပိုပေါ်ကာ မျက်နှာချောချောက ပိုလို့ပေါ်လွင်လာသည်။

မျက်လုံးတို့ ပိတ်ထားတာကြောင့် အေးချမ်းနေပုံပေါ်နေသည့် ဂူယူရှန်းသည် တော်တော်လေးကြည့်ကောင်းလွန်းပါ၏...
ပုံပြင်ထဲက မင်းသားလေးတစ်ပါးလို ချောမောလွန်းသည့်
ဂူယူရှန်းသည် တန်ဖိုးကြီးတဲ့ အဝတ်အစားတွေနဲ့လည်း လိုက်လိုက်ဖက်ဖက်ရှိလွန်းပါရဲ့ ....။

ဂူယူရှန်းမျက်ခုံးတို့ အသာလှုပ်လာတော့မှ ချင်းကျီအိုက် ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်မိတော့သည် ။

ဂူယူရှန်းသည် မျက်လုံးပိတ်ရုံပိတ်ထားဖို့ လုပ်ခဲ့ပေမည့် အိပ်ပျော်သွားခဲ့ရာကနေ အခု သူ နိုးလာတဲ့အချိန်
ချင်းကျီအိုက်က ဘေးမှာ ထိုင်နေသည်မို့
အံ့သြသွားရသေးသည် ။ ခဏအကြာမှ
ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်ပြီး
ထိုင်လျက်အနေအထားကို ရွှေ့လိုက်တော့သည် ။

ဂူယူရှန်း ဖုန်းထုတ်ကာ ကြည့်နေလိုက်ရင်းက
မျက်ခုံးကို အသာဖိနှိပ်နေရင်း မျက်လုံးထောင့်ကနေ
တစ်ခုခုကို တွေ့လိုက်ရတာမို့ ချင်းကျီအိုက်ရင်ဘတ်ကို
ဂူယူရှန်း လှမ်းကြည့်လိုက်မိတော့သည် ။

ပန်းရောင် ပွဲတက်ဝတ်စုံကို ဝတ်ထားပြီး
ရင်ဘတ်နားမှာ ကြိုးလေးတစ်ချောင်းသာ ရှိနေတာကြောင့် ချင်းကျီအိုက်ရင်သားကို သေချာမကြည့်ရင်တောင် မြင်နေရသည် ။

ဂူယူရှန်းမျက်မှောင်ကြုံ့ကာ ကြည့်နေမိရင်းက
ဒေါသတို့ ထွက်လာရပြန်သည် ။

ဘယ်လိုဝတ်စုံမျိုးကိုများ ဝတ်လာရတာလဲ ။
ဒီဝတ်စုံကိုဝတ်တာထက် ဘာမှမဝတ်ပဲ လာသည်ကမှ
တော်ပေဦးမည် ။

သူမကို ဆူငေါက်ပစ်ချင်နေသည့် ဂူယူရှန်းစကားလုံးတို့က လျှာပေါ်မှာတင် ပျောက်ရှသွားရသည် ....

သူမရဲ့ ဝတ်စားဆင်ယင်ပုံအထိ ဂူယူရှန်း လိုက်ဂရုစိုက်နေဖို့ရာ အကြောင်းမရှိဘူး မဟုတ်ပါလား ။
ဘာမှမဝတ်ပဲ လာရင်တောင် ဂူယူရှန်းနဲ့ ဘာမှမသက်ဆိုင်သည်မို့ သူမကို ဆူလိုက်ရင် ထူးဆန်းတဲ့လူ ဖြစ်သွားရပေလိမ့်မည် ။ တီဗီအစီအစဉ်အတွက် ဘီကနီဝတ်ခဲ့ဖူးသည့် သူမအကြောင်းကို လုဘန်ချန်းလာပြောခဲ့တုန်းကပင် ဂူယူရှန်း ဂရုစိုက်ခဲ့တာ မဟုတ်ပေ ။

ဂူယူရှန်း သူမ ရင်ဘတ်ဆီကနေ အကြည့်လွှဲကာ ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေလိုက်ပေမည့်
အပြင်ဘက်က ကောင်းကင်ပြာပြာသည်
သူမ လောက်ပင် စိတ်ဝင်စားဖို့မကောင်းနေတာမို့
သူမကိုသာ လှမ်းလှမ်းကြည့်နေမိသည် ။

တစ်ကြိမ် ..နှစ်ကြိမ်...သုံးကြိမ် ... ဆယ်ကြိမ် မကအောင် ဂူယူရှန်းအကြည့်တို့က သူမဆီပဲ အလိုလို ရောက်ရောက်သွားတာမို့ စိတ်ရှုပ်လာရပြီး ဆေးလိပ်တစ်လိပ်ထုတ်ကာ သောက်နေမိသည် ... သို့သည့်တိုင် အကြည့်တို့က ချင်းကျီအိုက် ရင်ဘတ်ဆီမှာပင် ။

အကြည့်တွေကို လွှဲဖယ်နိုင်ဖို့ ကြိုးစားတိုင်း ပိုပိုစိတ်ရှုပ်လာရသည်မို့ သူမ အင်္ကျီတို့ကိုပင် ဆွဲဖြဲပစ်ချင်နေလေပြီ …..

------------------------------------------------------------

စာစဉ် ၄၊ အခန်း ၂၈။ မေ့ထားခံရခြင်းက အရက်စက်ဆုံးသော အရာ (8)

ချင်းကျီအိုက် ငြိမ်ငြိမ်လေး ထိုင်နေပြီး ဂူယူရှန်းကို ကြည့်မနေဘူးဆိုပေမည့် ဂူယူရှန်း တစ်ခုခုဖြစ်နေသည်ကို ခံစားမိသည်မို့ တံခါးနား ပိုတိုးကပ်လိုက်မိတော့သည် ။

သူမ လှုပ်ရှားလိုက်သည့်အခိုက် ပြေလျော့နေသည့် ရင်ဘတ်ကကြိုးကြောင့် ရင်သားတို့က ပိုပြီးလစ်ဟလာသည် ။

ပုခုံးပျောက်အင်္ကျီအမျိုးအစားဖြစ်တာကြောင့် အတွင်းခံအစား တိတ်လေးသာကပ်လာသည်မို့ ဂူယူရှန်းဘက်က ကြည့်ရင်
ဘယ်ဘက် ရင်သားတစ်ခုလုံးနီးပါး မြင်နေရတော့သည် ။

ဒီလို အဝတ်အစားမျိုးနဲ့ ပွဲတက်ရင် လူတိုင်း
သူမရင်ဘတ်တွေကို မြင်သွားလိမ့်မည်မှာ အသေအချာ ။

ချင်းကျီအိုက်၏ရင်သားတွေဆီမှာ ခိုနားနေသည့် ဂူယူရှန်းအကြည့်တို့က ဒေါသရိပ်ကြောင့် မီးဟုန်းဟုန်းပင် တောက်လာတော့ပြီး လူသတ်ချင်စိတ်ပါ ပေါက်လာရသည် ။

ဒေါသတို့ ပေါက်ကွဲပစ်ဖို့ရာ မသင့်တော်သည်မို့
ဂူယူရှန်း အံကြိတ်ရင်းသာ လက်ထဲက ဆေးလိပ်တိုကို ဖိချေနေမိသည် ....
ဒေါသစိတ်ကြောင့် ဓားစာခံဖြစ်သွားရှာသည့်
ဆေးလိပ်ကတော့ ဂူယူရှန်း လက်ထဲ ကြေမွလို့ ..။

ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်မိသည့်အခါ ပါတီကျင်းပမည့်နေရာနားကိုတောင် ရောက်လာလေပြီ ။

ဒီအဝတ်အစားနဲ့ သူ့ကို ပွဲတက်ခိုင်းလို့ သင့်တော်ပါ့မလား ။

ဂူယူရှန်း နက်ခ်တိုင်ကို ဖြေလျှော့ပစ်လိုက်ပြီး
လေကောင်းလေသန့် ရစေဖို့ရာ
ကားတံခါးဖွင့်ဖို့ လက်အလှမ်း
ရုတ်တရက်မြင်လိုက်ရသည့် ဗူးလေးတစ်ဗူး ။

ထိုဗူးထဲမှာ ဓားတိုတစ်ချောင်းရှိနေတာဖြစ်ပြီး ထိုဓားကို
ပါဆယ်ထုပ်တွေ ဖောက်ဖို့ ဂူယူရှန်းဆောင်ထားခြင်းပင် ။

ဓားကို အချိန်အတော်ကြာ ကြည့်နေမိပြီး ရှောင်ဝမ်နဲ့
ချင်းကျီအိုက်တို့ သူ့ကို သတိမထားမိချိန်
ဂူယူရှန်း ဓားကို လှမ်းယူလိုက်တော့သည် ။

ထို့နောက်တွင်မှ ချင်းကျီအိုက်၏ အဝတ်အစားကို
သေချာကြည့်လိုက်ပြီး မျက်လုံးတို့ ပိတ်ချလိုက်သည် ။

၁၀မိနစ်ခန့်အကြာတွင် ချင်းကျီအိုက်၏ပုခုံးပေါ်ကို
ဂူယူရှန်း ဖြေးဖြေးချင်း ခေါင်းကို မှီချလိုက်ချိန်
ချင်းကျီအိုက် လန့်သွားပြီး ဆတ်ခနဲတုန်သွားသည်ကို
ဂူယူရှန်း သတိပြုမိလိုက်၏...

မျက်လုံးတို့ ပိတ်ထားပြီး အသက်ကို ပုံမှန်ရှုနေတာကြောင့်
သူ အိပ်ပျော်နေသည်လို့ပဲ ချင်းကျီအိုက် ထင်ပေလိမ့်မည် ။

ဂူယူရှန်း သူမကို မှီထားတာကြောင့် ချင်းကျီအိုက်မှာ
မလှုပ်မယှက် နေနေရပြီး ဂူယူရှန်းဆီက ကိုယ်သင်းနံ့ခပ်သင်းသင်းနဲ့ဆေးလိပ်နံ့တို့ ရောကာ
သူမနှာခေါင်းထဲ တိုးဝင်နေသည် ။

ချင်းကျီအိုက်၏ပုခုံးပေါ် ခေါင်းမှီထားရင်းက
သူမကို မျက်လုံးဖွင့်ကာ မသိမသာ ကြည့်မိချိန် သူမလေးသည် အဝေးကို ကြည့်နေလေသည် ။
သူလည်း ကိုင်ထားတဲ့ ဓားကို
သူမ ခါးနားထားလိုက်ပြီး အင်္ကျီဇစ်ရှိတဲ့နေရာကနေ အပ်ချည်ကြိုးကို ဖြတ်ချလိုက်တော့သည် .....

-------------------------------------------------------------

စာစဉ် ၄၊ အခန်း ၂၉။ မေ့ထားခံရခြင်းက အရက်စက်ဆုံးသော အရာ (9)

ဂူယူရှန်း ခပ်သွက်သွက်လုပ်လိုက်တာကြောင့် ပြတ်သွားတဲ့ အပ်ချည်ကြိုးနေရာကို ချင်းကျီအိုက် သတိထားမိပုံမပေါ်ပါ ။

သူ့လုပ်ရပ်ကို မိသွားမည်စိုးတာကြောင့် ဂူယူရှန်း
ချင်းကျီအိုက်၏ပုခုံးပေါ်ကနေ ဖယ်ခွာလိုက်တော့သည် ။
ချင်းကျီအိုက် အင်္ကျီ သိပ်မပျက်စီးမည်စိုးတာကြောင့်
ဂူယူရှန်းသည် အခွင့်အရေးထပ်ရသည်နှင့်
ချင်းကျီအိုက်ပုခုံးပေါ် ပြန်မှီကာ သူမရဲ့ ပိုးထည်အင်္ကျီစကို
ဓားနဲ့ ပြဲအောင် လုပ်ပစ်လိုက်ပြန်သည် ။

ပါတီကို ရောက်သည်အထိ ဂူယူရှန်း မျက်လုံးတို့ ပိတ်ထားပြီး ရှောင်ဝမ့်စကားသံ ထွက်မလာမချင်း ကားပေါ်ကမဆင်း ။

“ဆရာဂူ ရောက်ပါပြီ”

ဂူယူရှန်း ဖြေးဖြေးချင်း မျက်လုံးဖွင့်လိုက်ပြီးနောက် ချင်းကျီအိုက်ပုခုံးပေါ်ကနေ မဖယ်သေးပဲ အခုမှ အိပ်ပျော်ရာက နိုးလာသလို ဟန်ဆောင်နေလိုက်သည် ။ အိပ်နေရင်းက
သူမ ပုခုံးပေါ် မှီလိုက်မိသလို ပုံစံဖြစ်အောင် လုပ်လိုက်ပြီးနောက်မှ တစ်ချက်သမ်းပြကာ ...

“ရောက်ပြီလား”

“ဟုတ်ကဲ့”

ရှောင်ဝမ်သည် ပြန်ဖြေပြီးနောက် ကားပေါ်ကနေ ဆင်းကာ
ဂူယူရှန်းကို ကားတံခါး ဖွင့်ပေးလိုက်သည့်အခါ ဂူယူရှန်း
ဆင်းလာပြီး နက်ခ်တိုင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင်
ပြန်လုပ်သည် ။

ချင်းကျီအိုက်သည်လည်း ကားပေါ်က ဆင်းလာလေပြီ ။
ဂူယူရှန်း လှမ်းကြည့်မိတော့ သူ့လက်ချက်နဲ့ ပေါက်ပြဲနေသည့် အင်္ကျီအောက်က အသားအရည်သည် အထင်းသား ။

ဂူယူရှန်း နက်ခ်တိုင် ပြင်နေတာကိုရပ်ပြီး အင်္ကျီပြဲနေတဲ့ ချင်းကျီအိုက်၏ခါးကို မျက်ခုံးတို့ ပင့်ကာ ကြည့်နေလိုက်သည်။

ဂူယူရှန်းစိတ်ဝင်တစား ကြည့်နေသည့် နေရာဆီ
ရှောင်ဝမ်လည်း လိုက်ကြည့်လိုက်မိ၏  ...

“အဲ .. မိန်းကလေး လျန် ရဲ့ အင်္ကျီက...”

“ဟင်”

ရှောင်ဝမ့်စကားကို ချင်းကျီအိုက် နားမလည်နိုင်ဖြစ်ရတာမို့
ရှောင်ဝမ်ကို ကြည့်လိုက်မိတော့ ရှောင်ဝမ်က
သူမခါးကို ထိုးပြလာသည် ။

မဝတ်ခင်ကလည်း သူမအင်္ကျီကို စစ်ကြည့်ခဲ့သည့်အပြင်
ထိုအင်္ကျီက လျန်ဒေါ့ကူဆိုဒ်ဖြစ်တာမို့ သူမနဲ့ ချောင်နေသေးသည်ကို ဘယ်လိုကြောင့်များ ဇစ်ကပြုတ်နေရသနည်း ။

ချင်းကျီအိုက် မျက်လုံးတို့ တွန့်ချိုးသွားရတော့၏...

ပါတီကို ဂူယူရှန်း ခေါ်လို့ လိုက်လာရခြင်းဖြစ်ပြီး အခု
သူမ အဝတ်အစားက ပျက်ဆီးသွားပြီမို့
ဂူယူရှန်းကို လှည့်ကြည့်လိုက်မိတော့သည် ။ ဂူယူရှန်းကို
ရှင်းပြဖို့ အကြောင်းအရင်းတစ်ခုခု စဉ်းစားနေတုန်းမှာပဲ
ဂူယူရှန်းက နက်ခ်တိုင်ကို ခပ်သွက်သွက်ချည်ကာ ရှောင်ဝမ့်ကို စကားလှမ်းပြောလိုက်တော့သည် ။

“သူ့အတွက် ဝတ်စုံတစ်စုံလောက် ဝယ်ပေးပြီး ဟိုတယ်အခန်းတစ်ခန်းပါ စီစဉ်ထားလိုက် ။
သူ အဲ့ကနေ စောင့်နေလိမ့်မယ်”

“ဟုတ်ကဲ့ ဆရာဂူ”

ရှောင်ဝမ် ထွက်သွားဖို့အလုပ် ဂူယူရှန်း ရှောင်ဝမ့်နား
တိုးကပ်ကာ မှာလိုက်ရသေးသည်က....

“လုံလုံခြုံခြုံ အဝတ်အစားမျိုး ဝယ်ခဲ့ ...
အသားအရမ်းပေါ်တာမျိုး ဝယ်မလာနဲ့”

------------------------------------------------------------

စာစဉ် ၄၊ အခန်း ၃၀။ မေ့ထားခံရခြင်းက အရက်စက်ဆုံးသော အရာ (10)

ရှောင်ဝမ့်ကို မှာပြီးနောက် ဂူယူရှန်း ဓာတ်လှေကားဆီ လျှောက်သွားလိုက်သည် ။

ချင်းကျီအိုက်နဲ့ ရှောင်ဝမ်လည်း
ဓာတ်လှေကားစောင့်ရမည်ဆိုပေမည့် သူတို့ကို ထားခဲ့ပြီး ဂူယူရှန်းတစ်ယောက်တည်းပဲ အရင်တက်သွားလိုက်သည် ..

ရှောင်ဝမ်ကတော့ ချင်းကျီအိုက်ကို အပေါ်ထပ်ကို
လိုက်ပို့ပေးပြီးနောက် ဂူယူရှန်းမှာထားသည့် အဝတ်အစားမျိုး ဝယ်ဖို့ ပြန်ဆင်းလာခဲ့ရသည် ။

လုံလုံခြုံခြုံ အဝတ်အစား လား ။

မိန်းကလေး လျန် ဝတ်ထားတဲ့အဝတ်အစားကို အရမ်းဖော်လွန်းနေတယ်လို့များ ဆရာဂူ မြင်နေတာလား ။

ပြဲနေတဲ့ အဝတ်အစားကို ဝတ်ထားရတာ
ချင်းကျီအိုက်အဖို့လည်း သက်သောင့်သက်သာမရှိလှ ။

ဟိုတယ်ခန်းထဲမှာလည်း သူမ တစ်ယောက်တည်းသာ ရှိတာမို့ တိတ်ဆိတ်လွန်းလှတာကြောင့် ပြတင်းပေါက်က
လေတိုးဝင်သံကိုပင် ပြတ်ပြတ်သားသား ကြားနေရ၏ ။

ပြတင်းပေါက်ကနေတစ်ဆင့် ရောင်စုံအလင်းရောင်တို့ကို ချင်းကျီအိုက် ငေးကြည့်နေပြီးနောက် ဆိုဖာမှာ ထိုင်ကာ အချိန်ကုန်ဖို့ရာ ဖုန်းကြည့်နေလိုက်သည် ။

ခဏအကြာမှာတော့ သန့်စင်ခန်း သွားချင်လာတာမို့
ဖုန်းကို ချကာ သန့်စင်ခန်းသွားလိုက်ချိန် သွေးတွေ စွန်းနေတာကို တွေ့လိုက်ရတာကြောင့် ချင်းကျီအိုက် မျက်ခုံးတို့ တွန့်ချိုးသွားရပြန်သည် ။

ဓမ္မတာလာဖို့ရာ ၂ရက်လောက် လိုနေသေးသော်လည်း
လွန်ခဲ့တဲ့ရက်က သူမ မိုးရေထဲမှာ အကြာကြီး မိုးမိနေခဲ့တာကြောင့် စောလာခြင်းလေလား ။

ဟိုတယ်မှာ လစဉ်သုံးအထုပ်တွေ ထားပေးထားတာမို့
ချင်းကျီအိုက် တစ်ထုပ်ယူလိုက်ပြီး စိုးရိမ်စွာပဲ
သန့်စင်ခန်းထဲက ထွက်လာလိုက်တော့သည် ။

လတိုင်း ဓမ္မတာလာချိန်ဆို နာကျင်ကိုက်ခဲတတ်တာမို့ ဒီတစ်ကြိမ်အတွက်လည်း သူမ စိုးရိမ်မိသည် ။ အဆိုးဆုံးအခြေအနေက အန်သည်အထိပါ ဖြစ်ခဲ့ဖူးသည်မို့ ဆရာဝ◌န်နဲ့ အကြိမ်ကြိမ်ပြခဲ့ဖူးသော်လည်း
မထူးခဲ့တာကြောင့် လတိုင်း
အကိုက်အခဲပျောက်ဆေးတွေသာ သောက်ခဲ့ရသည် ။

သူမသည် အိတ်ထဲမှာ အကိုက်အခဲပျောက်ဆေးကို အမြဲဆောင်ထားလေ့ရှိသော်လည်း ဒီနေ့မှာတော့ ပါတီတက်ရမှာဖြစ်တာကြောင့် အိတ်သေးသေးလေးသာ ယူလာခဲ့မိသည် ။ လက်ကိုင်အိတ်က သေးလွန်းတာကြောင့် နေရာသိပ်မဆံ့တာမို့ ဆေးမထည့်လာခဲ့မိပါချေ ။

ဗိုက်ထဲကနေ လှိုက်ခနဲ နာကျင်တက်လာမှုကြောင့် ရေနွေးတည်လိုက်ပြီး ဆိုဖာပေါ်မှာ ထိုင်ကာ ရေနွေးသောက်နေလိုက်သည် ။

ရေနွေးက နာကျင်မှုကို ပျောက်တန်ကောင်းပါရဲ့ ....

သူမ ဂူယူရှန်းအိမ်ကို ရောက်သည့်အချိန်မှာလည်း
နာကျင်မှုကို တစ်ယောက်တည်း ကျိတ်ခံစားဖြစ်စမြဲ ။

နာကျင်မှုသည် ဘယ်လောက်ပဲဆိုးနေပါစေ ၊
ဂူယူရှန်းရှေ့မှာ အားနည်းနေတဲ့ပုံစံကို သူမ မပြချင်ပါချေ ... ဂူယူရှန်းသည်လည်း သူ့ကို မနှောင့်ယှက်ဖို့ မှာထားသည်
မဟုတ်ပါလား ။ ထို့ကြောင့် သူ့အိမ်ကို ပြောင်းလာခဲ့ချိန်က စလို့ ဘယ်လောက်ခက်ခဲတဲ့ပြဿနာရှိနေပါစေ ၊ သူမ  ဂူယူရှန်းကို တစ်ခါမှ မပြောပြခဲ့ပါချေ ....။

------------------------------------------------------------
စာစဉ် ၄ ပြီးပါပြီ ။ သောကြာနေ့ တွေ့ကြမယ်နော် 😍

Continue Reading

You'll Also Like

736K 77.2K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
187K 13.9K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
133K 19.7K 111
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်...
694K 7.3K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...