စေရာ(Complete)

By StarRia19

1.4M 101K 9.6K

Unicode သံစဥ်တွေဟာ တီးခတ်သူရဲ့ စေရာ ကိုလိုက်နာကြတယ်တဲ့။ ဒါဆို ချစ်မိသွားသူတွေကရော? ဘယ်သူ့ စေရာ ကို လိုက်နာကြမ... More

Intro
ခ်စ္ျခင္းႏွင့္ သံေယာစဥ္
အပိုင္း(၁)ေမ်ွာ္လင့္ခ်က္မ်ား ႐ိုက္ခ်ိဳးခံရျခင္း
အပိုင္း(၂)အိပ္မရေသာ နာက်င္ဖြယ္ညတစ္ည
အပိုင္း(၃)ေမာင္က သူ႔ကို အရမ္းမုန္းတယ္တဲ့
အပိုင္း(၄)ေမာင္ ဘာလို႔ ေျပာင္းလဲသြားရတာလဲ
အပိုင္း(၅)ကိုကို ျပန္လာၿပီ
အပိုင္း(၆)ကိုကိုႏွင့္ေမာင္၏ ကြာျခားမႈ
အပိုင္း(၇)နာက်င္သြားရေသာ ႏွလံုးသားတစ္စံု
အပိုင္း(၈)ေမာင့္လုပ္ရပ္ေတြ လြန
အပိုင္း(၉) ထပ္တူနာက်င္ခံစားရျခင္း
အပိုင္း(၁၀)တန္ျပန္မႈ၏ ေစရာ.....။
အပိုင္း(၁၁)ေၾကမြသြားေသာ ဆႏၵငယ္ေလး
အပိုင္း(၁၂)ေမ်ွာ္လင့္ခ်က္အလင္းေရာင္ေလး ႐ွင္သန္ခြင့္ေပးပါ....။
အပိုင္း(၁၃)အိပ္မက္လွလွေလး ဆက္မက္ခြင့္ျပဳပါ...။
အပိုင္း(၁၅)မထင္မွတ္ေသာ ဂ႐ုစိုက္မႈေလးမ်ားႏွင့္အတူ ျပန္လည္ ရ႐ွိလိုက္ေသာ ႏွလံုးသားဒ
အပိုင္း(၁၆)ေစတနာမွ ေဝဒနာဆီသို႔
အပိုင္း(၁၇)သံေယာဇဥ္ႏွင့္ ခ်စ္ျခင္းၾကားက ေျမစာပင္ေလး
အပိုင္း(၁၈) အမွတ္တရေလး
အပိုင္း(၁၉)ခံႏိုင္ရည္႐ွိသြားခဲ့ေသာ ႏွလံုးသားဒဏ္ရာ
အပိုင္း(၂၀)ဖုံးကြယ္ထားေသာ ခံစားခ်က္မ်ား
အပိုင္း(၂၁)လက္ေလ်ွာ့လိုက္ၿပီ
အပိုင္း(၂၂)အေမွာင္ထဲက ကာကြယ္မယ့္ သူ
Thadingyut Gift✨✨
အပိုင္း(၂၃)အမုန္းမွသည္ အခ်စ္ဆီသို႔
အပိုင္း(၂၄)မေမ်ွာ္လင့္ထားေသာ ျဖစ္ရပ္မ်ား
အပိုင္း(၂၅)သူ႔အတြက္ဆိုလ်ွင္
အပိုင္း(၂၆)ႏႈတ္ဆက္ျခင္း
အပိုင္း(၂၇)စြန္႔လႊတ္လိုက္ေသာ ႏွလံုးသား
အပိုင္း(၂၈) ခ်န္ရစ္ခဲ့သူ မင္းအဆင္ေျပရဲ႕လား
အပိုင္း(၂၉) ေရြးခ်ယ္ခြင့္
အပိုင္း(၃၀)ခ်စ္ျခင္းအၿပိဳင္
အပိုင္း(၃၁)မင္းေပးခဲ့ေသာ ဒဏ္ရာ
အပိုင္း(၃၂)ခြင့္မလႊတ္ႏိုင္ေသာ
အပိုင္း(၃၃)အတံု႔အလွည့္
အပိုင္း(၃၄)တစ္ေက်ာ့ျပန္
အပိုင္း(၃၅)အေရးအႀကီးဆံုးသူ
အပိုင္း(၃၆)စိတ္မခ်ေလေသာေၾကာင့္...ေမြးရပ္ေျမဆီသို႔
အပိုင္း(၃၇)ခ်စ္ျခင္းကိုယ္စီ၏ ဦးတည္ရာ တစ္ဖက္စြန္းဆီသို႔
အပိုင္း(၃၈)အျမဲ အတူ႐ွိေနေပးပါ
အပိုင်း(၃၉)အသစ်တဖန် စတင်ခြင်း
Next fiction
အပိုင်း(၄၀)မင်းနဲ့အတူ အဝေးဆုံးဆီသို့
အပိုင်း(၄၁)ဝမ်းနည်းမှု လွှမ်းခြုံနေသော မျက်ဝန်းများဖြင့် ပြုံးရယ်ခြင်း
အပိုင်း(၄၂)အမှတ်တရများပျောက်ဆုံးခြင်း
အပိုင်း(၄၃)အတိတ်နေ့ရက်များဆီသို့
အပိုင်း(၄၄)နာကျင်ရလွန်းသော စွန့်ပစ်ခြင်း
အပိုင်း(၄၅) မထင်မှတ်ထားခဲ့လေသော လွဲမှားခြင်းများ
အပိုင်း(၄၆) ပျော်ရွှင့စေရန် မျှော်လင့်လျက်
အပိုင်း(၄၇) ပျော်ရွှင်ခြင်းနှင့် နာကျင်ရခြင်း
Hello...
အပိုင်း(၄၈)ကိုယ့်ရဲ့မြတ်နိုးရာလေး
အပိုင်း(၄၉)Final 1+2 စေစားသူရဲ့ "စေရာ"
Book📙📙
Attention plz✨✨
New fiction💕
Announcement for book...🤍
For Book 🍁🍁

အပိုင္း(၁၄)ေမာင့္အေပၚ ယံုၾကည္မႈမ်ား ယိမ္းယိုင္လာၿပီ...။

24.6K 2.1K 159
By StarRia19

Unicode

အပိုင်း(၁၄)

မောင့်အပေါ် ယုံကြည်မှုများ ယိမ်းယိုင်လာပြီ

"ပါးပါး...ပါးပါး"

သူ့အား ခေါ်နေသည့်အသံတိုးတိုးလေးကြောင့် လေးလံနေသော မျက်ဝန်းများအား ကြိုးစား၍ ဖွင့်လိုက်သည်။ အလင်းရောင်နှင့်နေသားမကျသေးသောကြောင့် မျက်ဝန်းများအား မှိတ်လိုက်ဖွင့်လိုက် လုပ်ယူလိုက်၏။

သူ အိပ်မက်မှ နိုးထလာပြီပဲ။ တကယ်ကို ရှည်လျားတဲ့ အိပ်မက်တစ်ခု သူမက်ခဲ့တာပဲ။ အိပ်မက်ထဲကလို မောင်ရဲ့ ဂရုစိုက်မှုတွေကို သူအမြဲလိုချင်လိုက်တာ။

လွန်းငယ် သူ၏ လက်များအား လွှဲယမ်းကာ လှုပ်ခါနေသော ကောင်ငယ်လေးအား ကြည့်လိုက်သည်။ ကျောင်းဝတ်စုံနှင့် ကောင်ငယ်လေးက ဘယ်ချိန်ကြည့်ကြည့် ချစ်စရာလေးပင်။

"ကျောင်းကပြန်လာပြီလား ပေါက်စီလေး"

"ပါးပါး နေမကောင်းဘူးဆို"

"အင်း ပါးပါး နေမကောင်းဘူး"

"သား ဆေးထိုးပေးရမလား ပါးပါး...အဲဒါဆို ပါးပါး သက်သာသွားမှာ"

ကလေးငယ်၏ စကားကြောင့် လွန်းငယ် ပြုံးလိုက်မိသည်။ ကလေးတို့၏ စိတ်သည် လွန်စွာရိုးစင်းလွန်းလှသည်။

"ပေါက်စီလေး ဖေဖေရော"

"ဖေဖေ မရှိဘူး ပါးပါး...သားကို ကျောင်းကြို ပြီး ပြန်ထွက်သွားတယ်"

အိပ်မက်ထဲမှ ဂရုစိုက်မှုတို့ကြောင့် ခဏတာ သက်သာနေသော ရင်ထဲမှ နာကျင်မှုတို့ ရုတ်တရက်ပြန်ပေါ်လာလေသည်။

မောင်က သူ့ကို ဂရုမစိုက်ဘူးပဲ။ သူ အပြင်းဖျားတာတောင် မောင်က တစ်စက်လေးမှ လှည့်မကြည့်ဘူး။ သူ တကယ်ပဲ မဖြစ်နိုင်သောမျှော်လင့်ချက်တွေနဲ့ ဆက်ရှင်သန်နေမိတာလား။

"ပေါက်စီလေး သွားနားတော့လေ...ပါးပါးကို မစိုးရိမ်နဲ့ ပါးပါး ဘာမှမဖြစ်ဘူး"

"ပါးပါးက ဘာမှမဖြစ်ဘူးဆိုပြီး အမြဲညာတတ်တယ်"

ကလေးငယ်၏ စကားသည် သူ၏ ဝမ်းနည်းမှုတို့အား ပို၍ တိုးသွားစေခဲ့သည်။

သူ အမြဲ ကိုယ့်ကိုကိုယ် လိမ်ညာနေခဲ့တာပဲ။ ဘာမှမဖြစ်ပါဘူးဆိုတဲ့ စကားကို အမြဲသုံးကာ သူ ဟန်ဆောင်နေမိခဲ့တာပဲ။ ဒဏ်ရာဒဏ်ချက်တွေက သူ၏ရင်တစ်ခုလုံးနဲ့ မဆန့်စွာ များပြားလွန်းနေခဲ့ပြီ။

"ပါးပါး အခုသက်သာပါတယ်"

"သား ပါးပါးဘေး ဝင်အိပ်လို့ရလား"

"အင်း ရတယ် ပေါက်စီလေး"

သူ၏ခွင့်ပြုချက်ရသည်နှင့် ပေါက်စီလေးက အိပ်ရာပေါ်သို့ ကုပ်တွယ်တက်ကာ သူ့ဘေးဝင်အိပ်လာ၏။ သူ၏ ရင်ခွင်ထဲခေါင်းတိုးဝင်ကာ ခါးအား တင်းတင်းကျပ်ကျပ်ဖက်ထားလေသည်။

"ပါးပါး သားကိုထားပြီးထွက်မသွားပါနဲ့"

ရင်ခွင်ထဲမှနေ၍ အသံသေးသေးလေးဖြင့် ပြောလာသော ကလေးငယ်လေး။ လွန်းငယ် ကလေးငယ်၏ ခန္ဓာကိုယ်အား ပြန်၍ပွေ့ဖက်လိုက်မိသည်။

"ပါးပါး မရှိလည်း သားအဆင်မပြေဘူးလား"

စကားဆုံးသည်နှင့် လက်သေးသေးလေးနှစ်ဖက်က ပို၍တင်းကျပ်စွာ ဖက်လာလေသည်။

"ဟင့်အင်း သားအဆင်မပြေဘူး...သား ပါးပါးကိုချစ်တယ်...သားကို ထားမသွားပါနဲ့နော်"

ရင်ဘတ်မှ အင်္ကျီပေါ်စိုစွတ်လာသော အထိအတွေ့ကြောင့် လွန်းငယ် ပေါက်စီလေးအား ပြန်၍နှစ်သိမ့်လိုက်ရသည်။

"ပါးပါးက စတာပါ...မငိုရဘူးနော်...ပါးပါးကလည်း ပေါက်စီလေးကိုရော ဖေဖေ့ကိုရော အရမ်းချစ်တာမို့ ထားမသွားပါဘူး"

ကလေးငယ်၏ ကျောပြင်အား သူ၏လက်လေးများဖြင့် လွန်းငယ် ပွတ်သတ်ပေးနေမိသည်။

"ပါးပါး သား မငိုတော့ဘူး...ပါးပါးလည်း မြန်မြန်နေကောင်းပျောက်အောင် နေရမယ်"

"ဟုတ်ပါပြီ သားလေးရဲ့...ပါးပါး နေကောင်းပျောက်အောင် ကြိုးစားမယ် ဟုတ်ပြီလား"

"ဟုတ်"

သူ၏ ရင်ခွင်ထဲ တိုးဝှေ့နေသော ခေါင်းလေးမှ ဆံပင်များအား လွန်းငယ် အသာအယာ ပွတ်သပ်ကာ ချော့မြူပေးနေလိုက်၏။

သူ၏ရင်ထဲတွင် နွေးထွေးသော မေတ္တာတရားတို့အား တဖြည်းဖြည်း ခံစားလာရသည်။ မိသားစုဟူသော စိတ်လေးသည် တကယ် အေးမြလွန်းလှသည်။

ချစ်စရာကောင်းလွန်းလှသော သားအရင်းလေးတဖွယ် ချစ်ခင်ရသည့် ပေါက်စီလေးရယ်၊ မောင်ရယ်နှင့် ပျော်ရွှင်စရာမိသားစုဘဝလေးအား ပိုင်ဆိုင်ချင်သည်မှာ သူ၏ဆန္ဒပင်။

ထိုဆန္ဒလေးသာ အမှန်တကယ်ဖြစ်လာလျှင် သူ၏ ဘဝသည် ပြည့်စုံသွားလေပြီ။ ကျန်တာ ဘာမှထပ်မလိုတော့ပေ။

ရင်ခွင်ထဲတွင် အိပ်ပျော်သွားရှာသော ပေါက်စီလေး၏ နဖူးအား ခေါင်းငုံ့ကာ နမ်းရှိုက်လိုက်သည်။

ထို့နောက် ကလေးငယ်အား ချော့မြူနေခြင်းကိုရပ်တန့်၍ သူ၏ မျက်ဝန်းများအား ပိတ်လိုက်ကာ အိပ်စက်ခြင်းဆီသို့ ဦးတည်လိုက်လေတော့သည်။

******************

ခွန်းသုရှင် တိုက်အိမ်ထဲသို့ ဝင်လိုက်တော့ သန့်ရှင်းရေးလုပ်နေသော ကောင်မလေးအား တွေ့လိုက်ရသည်။

"မိုးဘယ်မှာလဲ"

ကောင်မလေးသည် သူ့အား ကြည့်ကာ ချက်ချင်းအဖြေပေးလာ၏။

"မမ အပေါ်ထပ်မှာ အကိုလေး"

"သွားခေါ်ပေးဦး"

"ဟုတ်ကဲ့"

ကောင်မလေး အပေါ်ထပ်တက်သွားပြီး တခဏအကြာ အောက်ထပ်သို့ မိုး ဆင်းလာသည်။

ဘယ်ချိန်ကြည့်ကြည့် မြန်မာဝတ်စုံ ဝမ်းဆက်အား ဝတ်ဆင်ကာ တင်ပါးအောက်ထိရှည်သော ပိတုန်းရောင်ဆံနွယ်ရှည်များအား ပိုင်ဆိုင်ထားသည့်မိုးသည် နန်းဆန်လွန်းလှသည်။ ဝင်းဝါသော အသားအရေ၊ တည်တည်တင်းတင်းနေတတ်သော လှပသည့်မျက်နှာတို့က မြင်ရတာ ကျက်သရေရှိစေ၏။

"ကို ဘာလို့ ဒီကို လာတာလဲ...ကို အိမ်မှာ လူနာပြုစုရဦးမယ်မလား"

"ဒီနေ့ မိုးအပေါ် လွန်းငယ် လုပ်မိတာအတွက် ကို တောင်းပန်ဖို့လာတာပါ...လွန်းငယ်လည်း မရည်ရွယ်ပါဘူး...သူ အဖျားကြီးနေလို့ပါ"

သူ၏စကားဆုံးသည်နှင့် မိုး၏ စူးရှသော မျက်ဝန်းနက်များဖြင့် သူ ရင်ဆိုင်လိုက်ရသည်။

"သူကတော့ မရည်ရွယ်ဘူး ဟုတ်တယ်...ဒါပေမဲ့ ကို့ရဲ့လုပ်ရပ်တွေကတော့ တမင်ရည်ရွယ်လုပ်တာ"

မိုး အပြောကြောင့် သူ့အံ့အားသင့်သွားရသည်။

"မိုး ဘာကို ပြောချင်တာလဲ"

"ကို ပြောတယ် ကို သူ့ကို မုန်းတယ်၊ နာကျည်းတယ်တဲ့...ပြီးတော့ ကို သူ့ကို ချစ်နေတယ်...ကို့ အစီအစဉ်တွေကို မိုးကို ပြောတုန်းက မိုး မတားမိခဲ့တာကို နောင်တရတယ်...မိုးက ကို့အတွက်ဆို ဘာမဆို လုပ်ပေးနိုင်တယ်ထင်ခဲ့ပေမဲ့ မိုး မလုပ်နိုင်ဘူး ကို...မိုး ဆက်မလုပ်နိုင်တော့ဘူး"

"မိုး အဲလိုမဟုတ်ဘူး...ကို ရှင်းပြပါရစေ"

"ဘာရှင်းပြချင်သေးတာလဲ ကိုရယ်...မိုး အကုန်မြင်တွေ့နေရတာပဲ...မိုး ကို့ကို ချစ်လွန်းလို့ အိမ်ကသဘောမတူတော့တဲ့ကြားထဲက အိမ်ပေါ်ကနေတောင် ဆင်းလာခဲ့တာပါ...ဆွေမျိုးအသိုင်းအဝိုင်းတွေကြားထဲ အိမ်ထောင်ရှိသူနဲ့ အရှက်မရှိ ဆက်တွေ့နေတယ်ပြောတိုင်း မိုး ဘယ်လောက်မျက်နှာငယ်ရလဲ...အဲဒီအချိန်တိုင်း အများအမြင်တွေ ဂရုစိုက်စရာမလိုဘူး...ကိုနဲ့ မိုးချစ်နေရင် ရပြီဆိုပြီး မိုး တောင့်ခံနေခဲ့တာ...ရှစ်နှစ်လောက် ကို့ဘေးမှာ မရှိအတူ ရှိအတူနေခဲ့တဲ့ မိုးထက် ကိုက မနေ့တနေ့ကမှ ကို့နားရောက်လာတဲ့ အဲဒီကောင်လေးကို ချစ်သွားတယ်....မိုး ဘယ်လောက်နာကျင်ရလဲ သိလား"

"မိုး သိရဲ့နဲ့...ကိုနဲ့လွန်းငယ်...ကို တို့က မဖြစ်နိုင်ဘူး"

"မဖြစ်နိုင်ဘူးဆို အစကတည်းက မပတ်သတ်နဲ့လေ ကို"

"ကျစ်...ကို ဘာလို့ သူနဲ့ပတ်သတ်နေရတာလဲဆိုတာ မိုးသိတာပဲ"

"မိုးသိတယ်...ယွန်းလေးအတွက် မတရားခဲ့ဖူးဆိုတာလည်း မိုးသိတယ်...ကို လက်စားချေချင်တာလည်း သိတယ်...ကို့စိတ်ကြိုက်လုပ်ဖို့ မိုးလွှတ်ထားခဲ့တာက ကို့ကိုချစ်လို့...ကို တခြားတစ်ယောက်ကို ချစ်သွားဖို့ လွှတ်ထားခဲ့တာ မဟုတ်ဘူး"

သူ့အား တစ်ခွန်းမကျန် ပြန်အော်နေသောမိုးကြောင့် ခွန်းသုရှင် စိတ်ညစ်သွားရသည်။ စိတ်ရှုပ်စွာ ဆံပင်များကြားထဲ လက်ချောင်းများထိုးကာ ဆွဲဖွလိုက်မိသည်။

"ကိုတို့ စကားဆက်ပြောလို့ အဆင်မပြေဘူး မိုး"

"မိုးလည်း ခုလိုတွေ မပြောချင်ပါဘူး...ကို့ကို မိုးထပ်ပြီးတော့ သတိပေးပါရစေ...မိုးကို ပေးထားတဲ့ ကို့ကတိတွေကို မမေ့ပါနဲ့...သူ့ကို ကွာရှင်းပြီးတာနဲ့ မိုးကို လက်ထပ်ပါ...မိုးလည်းအချစ်အတွက် အောက်တန်းကျတတ်တယ် ကို...မိုးရဲ့ အဆင့်အတန်းနဲ့ အကောင်းတကာ့အကောင်းဆုံးတွေ အများကြီး ရနိုင်ပေမဲ့ မိုးက အဟောင်းကိုပဲ မြတ်နိုးနေတာ...ဒါ မိုး ကို့ကို နောက်ဆုံးသတိပေးတာပဲ"

အိမ်ပေါ်ထက် ပြန်တက်သွားသော မိုး၏ ကျောပြင်အား ကြည့်ကာ ခွန်းသုရှင် တော်တော်လေး စိတ်ရှုပ်သွားရသည်။ သူ တိုက်အိမ်အပြင်သို့ထွက်လာကာ ကားပေါ်တက် စက်နှိုး၍ အရှိန်တင် မောင်းထွက်လာမိသည်။

အခြေအနေတွေက နောက်ပြန်ဆုတ်၍ မဖြစ်နိုင်တော့။ ဒီလောက်ထိ ရောက်လာပြီးမှ နောက်ပြန်ဆုတ်လျှင် ယွန်းလေးအတွက် တရားမျှတမှု ပျောက်ဆုံးသွားမည်။ ရှေ့ဆက်တိုးမည်ဆိုလျှင် သေချာပေါက် လွန်းငယ်ကို ချစ်စိတ်အား စွန့်လွှတ်ရမည်။

ရှုပ်ထွေးနောက်ကျိနေသော စိတ်နှင့် ကားထိုးရပ်ကာ ကားစက်နှိုးထားသည်ကို ပိတ်လိုက်ပြီး စတိီယာရင်အား အကြိမ်များစွာ ထုရိုက်လိုက်မိသည်။

အဖြူ ရောင်ကားလေးတစ်စီးသည် လူရှင်းသော လမ်းမထက်တွင် အချိန်တော်တော်ကြာ ရပ်တန့်နေခဲ့သည်။ ထို့နောက် မြန်ဆန်သော အရှိန်ဖြင့် လမ်းမထက်မှ မောင်းထွက်သွားလေတော့သည်။

******************

စေ့ပိတ်ထားသော အခန်းတံခါးအား ဖွင့်လိုက်တော့ မှောင်မဲနေသော အခန်းလေးက သူ့အား ဆီးကြိုနေသည်။ တံခါးဘေးနံရံအား စမ်းကာ မီးခလုတ်အား ဖွင့်လိုက်သည်။

စာအုပ်များ သေသေသပ်သပ် စီထားသော စာကြည့်စားပွဲလေး၊ ကျယ်ဝန်းသော တစ်ယောက်အိပ် အိပ်ရာထက် နေရာများစွာ ယူထားသော အရုပ်များနှင့် ပစ္စည်းများအားလုံးသည် အသုံးပြုသူမရှိတော့သော်လည်း စနစ်တကျ သပ်ရပ်စွာ ရှိနေသည်။

အိပ်ရာဆီသို့ ဦးတည် လျှောက်သွားလိုက်ပြီး အရုပ်များစွာထဲမှ စက်ရုပ်တစ်ခုအား ကောက်ယူလိုက်သည်။ စက်ရုပ်လေးအား ကိုင်လျက် အခန်းအား ဝေ့ဝဲကြည့်လိုက်စဉ် အခန်းထဲ ပြေးလွှားနေသော ကလေးငယ်နှစ်ယောက်ပုံရိပ်က အမြင်အာရုံထဲ ပေါ်လာလေသည်။

"ကိုကို ငယ့်စက်ရုပ်ပြန်ပေး...ငယ့် စက်ရုပ်ပြန်ပေးလို့"

ထူးခြားသော အညိုရောင်ဆံပင်လေးနဲ့ ပိန်ပါးသော ပိုးဟပ်ဖြူလေးကဲ့သို့ ကလေးငယ်တစ်ယောက်က သူ၏ ရှေ့ရှိ အရပ်မြင့်ကာ သူ့ထက်ကြီးသော ကလေးငယ်တစ်ယောက်လက်ဆန့်တန်းကာ ကိုင်မြှောက်ထားသည့် စက်ရုပ်အား မမှီမကန်းဖြင့် လိုက်လုနေသည်။

"ငယ် လိုချင် ရအောင် ယူလေ...ငယ် ရရင် ကိုကို ပြန်ပေးမယ်"

"ကိုကို ငယ့်ကို အနိုင်မကျင့်နဲ့...မေမေနဲ့ တိုင်မှာ...ငယ့် စက်ရုပ်ပြန်ပေးလို့"

လိုက်လုနေသော ကောင်လေးအား စနောက်ကာ စက်ရုပ်ကိုင်မြှောက်ထားသော ကောင်လေးသည် အခန်းထဲ ပတ်ပြေးနေသည်။

ရုတ်တရက် စက်ရုပ်လိုက်လုနေသော ကောင်လေး ခလုတ်တိုက်ကာ ကြမ်းပြင်ပေါ်လဲကျသွား၏။ အရှိန်ပြင်းသောကြောင့် ကလေးငယ်က ကျယ်လောင်စွာ အော်ငိုတော့သည်။

စနောက်နေသော ကလေးငယ်က ထိတ်လန့်ကာ သွားချော့ရန် ပြင်စဉ် ကြမ်းကြမ်းတမ်းတမ်း ပွင့်သွားသော အခန်းတံခါး။ အခန်းတံခါးရှေ့တွင် ရပ်နေသော အထက်တန်းကျ လှပသည့် အမျိုးသမီးတစ်ဦးပေါ်လာသည်။ ထိုအမျိုးသမီးက လဲကျသွားသော ကလေးငယ်ဆီ သွားကာ ဆွဲထူ၍ ပွေ့ဖက်လိုက်၏။

ထို့နောက် ထိတ်လန့်နေသော ကလေးအား ကြည့်ကာပြောလာသည်။

"သား ထားရာ...ဘယ်လိုလုပ်လိုက်တာလဲကွယ်...ငယ်လေးကိုယ်က တစ်ခုခုထိခိုက်မိရင် ဖျားတော့တာ သိရက်နဲ့"

စေထားရာပေါက်စလေးက သူ၏ အမှားကြောင့် ခေါင်းငုံ့ကာ မတ်တပ်ရပ်နေသည်။

"သား တောင်းပန်ပါတယ် မေမေ...သား မှားသွားတာပါ"

"သားက အကြီးလေ ငယ်လေးကို ဂရုစိုက်ရမှာ သားရဲ့တာဝန်...ငယ်လေး တစ်ခုခုမဖြစ်ဖို့ကလည်း သားရဲ့တာဝန်ပဲလေကွယ်...မေမေတို့ မရှိတော့ရင် သားပဲ ငယ်လေးကို စောင့်ရှောက်ရမှာ...ငယ်လေးရဲ့ ဘဝတစ်လျှောက်လုံး ဘာထိခိုက်မှုမှ မရှိစေဘဲ ပျော်အောင်ထားပေးမယ်လို့ မေမေ့ကို ကတိပေးပါ...မဟုတ်ရင် ကျန်းမာရေးချို့တဲ့လွန်းတဲ့ ငယ်လေးကြောင့် မေမေ စိတ်ဖြောင့်နိုင်မှာ မဟုတ်ဘူး"

စေထားရာ ခေါင်းငုံ့ကာ မေမေ့အား မော့ကြည့်၍ ခိုင်မာစွာ ပြောဆိုလိုက်သည်။

"စိတ်ချပါ မေမေ...သား ကတိပေးပါတယ်...သားရှိနေစဉ်တစ်လျှောက်လုံး ငယ်လေး ဘာတစ်ခုမှ မဖြစ်စေရဘူး...သား ရှေ့ကနေ ငယ်လေးအတွက် အန္တရာယ်ဖြစ်နိုင်တာတွေ အကုန်ကာကွယ်ပေးသွားမယ်"

"အင်း သား...ငယ်လေးလည်း မငိုနဲ့တော့နော် ဘယ်နားက နာသွားတာလဲ ဥုံ ဖွ...ဒီနားလေးကလား ငယ်လေး"

မေမေ့ရင်ခွင်ထဲရှိ ကလေးငယ်က ငိုနေသော မျက်ဝန်းနှစ်ဖက်အား မျက်ရည်များ မရှိတော့အောင် လက်ခုံဖြင့် ဖိပွတ်လိုက်သည်က တကယ့် ချစ်စဖွယ်။

"ငယ် ဘာမှမဖြစ်တော့ပါဘူး...မေမေသာ ကိုကို့ကို မဆူပါနဲ့...မေမေ ထပ်ဆူရင် ငယ်ထပ်ငိုမှာ"

ငယ်လေးစကားကြောင့် စေထားရာ ပျော်ရွှင်စွာ ပြုံးလိုက်မိသည်။

"မေမေက ကိုကို့ကို မဆူပါဘူး...ကိုကို့ဆီ လာပါဦး ငယ်လေး...ဘယ်နားထိခိုက်သွားလဲ ကိုကို ကြည့်ရအောင်"

ကလေးငယ်က မေမေ့ရင်ခွင်ထဲမှ ထွက်ကာ သူရှိရာဆီ လျှောက်လာသည်။

"ကိုကို ဒီနား...ဒီနား အရမ်းနာသွားတာ...ပြီးတော့ ဒီနားလေးရော...ဒီနားကလည်း နာတယ်"

ခြေထောက်နှင့် လက်ရှိ နေရာများအား လက်ညိုးထိုးကာ ပြနေသော ကလေးငယ်က လွန်စွာ ချစ်စရာကောင်းလွန်းနေ၏။

"ကိုကို ဆေးလိမ်းပေးမယ်နော် ငယ်လေး"

ကလေးငယ်က သူ့အား ခေါင်းညိတ်ပြသည်။ ကလေးငယ်၏ ခေါင်းအား လက်လေးဖြင့် ပွပွပုတ်လိုက်စဉ် ကလေးငယ် လုပ်လိုက်သည်က သူ့တခြားလက်တစ်ဖက်တွင် ကိုင်ထားသော စက်ရုပ်လေးအား ဆွဲလုလိုက်ခြင်းပင်။ သူ ရုတ်တရက်အံ့အားသင့်သွားရ၏။

"ယေးး ကိုကို့လက်ထဲက စက်ရုပ်ရအောင် ယူနိုင်ပြီ ယေးးး"

စက်ရုပ်အား အပေါ်မြှောက်ကာ အနိုင်ရသူတစ်ယောက်ကဲ့သို့ အခန်းထဲ အော်၍ ပတ်ပြေးနေသော ကလေးငယ်လေးအား ကြည့်ကာ သူ၏ ရင်ထဲ ကြည်နူးသွားရသည်။ မေမေ့အား ကြည့်လိုက်တော့ သူကဲ့သို့ ထပ်တူပြုံးပျော်ရွှင်နေသည်။ ငယ်လေးသည် သူတို့တစ်မိသားစုလုံး၏ အသည်းနှလုံးလေးပင်။

မျက်လုံးထဲ ပေါ်လာသော သူ၏လက်ထဲကိုင်ထားသည့် စက်ရုပ်လေးနှင့် သက်ဆိုင်သော ငယ်စဉ်ကအမှတ်တရများကြောင့် စေထားရာ ရင်ထဲဝမ်းနည်းမှုတို့ပေါ်ပေါက်လာရသည်။

"သား အခုချိန်ထိ ရှင်သန်နေရတဲ့ အကြောင်းရင်းက ငယ်လေးကြောင့်ပါ မေမေ...မေမေ စိတ်ချပါ...သားပေးခဲ့တဲ့ကတိကို သားတည်မှာပါ...တမလွန်က မေမေနဲ့ ဖေဖေ့ကို စိတ်မပျက်စေရပါဘူး"

စက်ရုပ်လေးအား ကိုင်လျက် အခန်းထောင့်ဆီသွားကာ နံရံအား ကျောမှီထိုင်ချလိုက်သည်။ ထို့နောက် လက်ထဲရှိ စက်ရုပ်လေးအား မျက်တောင်မခတ်ကြည့်ကာ ပြောလိုက်မိ၏။

"ငယ်လေး အရမ်းသတိရတယ်"

ထွက်ပေါ်လာသော တီးတိုးအသံလေးသည် အိပ်ခန်းအနှံ့ပျံ့လွင့်သွားလေတော့သည်။

*******************

လွန်းငယ် အိပ်ပျော်နေသော ကလေးငယ်အား အနေအထားမှန်အောင် ပြင်ပေးပြီး စောင်သေချာခြုံပေးကာ အောက်ထပ်ဆင်းလာလိုက်သည်။

လှေကားတစ်ဝက်လောက်အရောက် အိမ်ထဲသို့ ဝင်လာသော မောင်က သူ့အား တွေ့သွား၏။ အောက်ထပ်မှ နေ၍ သူ့အား လှမ်းအော်လေတော့သည်။

"လွန်းငယ် နေမကောင်းတာကို အိပ်ရာပေါ်မနေဘဲ ဘာကိစ္စဆင်းလာတာလဲ...ခဏလေးတောင် ငြိမ်ငြိမ် မနေနိုင်ဘူးလား မင်းက"

မောင်၏ အော်ဟစ်သံကြောင့် လွန်းငယ် ဝမ်းနည်းသွားရသည်။ မောင်ကရော သူဖျားနေသည်ကိုပင် ဂရုမစိုက် အပြင်ရောက်နေခဲ့ပြီး လွန်းငယ်ကိုကျ ဂရုမစိုက်၍ အော်သည်တဲ့။

မောင် တကယ် တစ်ကိုယ်ကောင်းဆန်လွန်းသည်။

"လွန်းငယ် အိပ်ရာပေါ်ပဲ မနေချင်လို့ မောင်"

မောင်က ချက်ချင်းသူရှိရာ လှေကားပေါ်သို့ တက်လာသည်။

သူ့နားရောက်သည်နှင့် မျက်မှောင်ကြုတ်ကြည့်ကာ သူ့အား ပြောလာ၏။

"မနေချင်လည်း နေလိုက် လွန်းငယ်...မင်း ကိုယ့်ဘာသာ ဒုက္ခရှာနေတာတွေကြောင့် ငါဘယ်လောက်စိတ်တွေရှုပ်နေရလဲ သိလား...မင်းသာ ကိုယ့်ဒုက္ခကိုယ်မရှာရင် ဘာမှမဖြစ်ဘူး"

ခုချိန်ထိ မောင်က သူ့အား အနည်းအကျဉ်းလေးမျှပင် ဂရုမစိုက်။ သူ ထပ်ပြီး မောင့် ဂရုစိုက်မှုအား ရအောင်လုပ်ခဲ့ခြင်းသည် ကျရှုံးသွားပြန်လေပြီ။ မောင့်နှလုံးသားသည် ကျောက်တုံးဖြင့် ထုဆစ်ထားခြင်းပေလား။ မောင်ဘာလို့ အရမ်းပြောင်းလဲလွယ်ရတာလဲ။

"မောင် ဘယ်သွားနေတာလဲ"

မောင့် မျက်လုံးများအား ကြည့်ကာ မေးမိတော့ မောင် ပြန်ဖြေလာသည်က

"မိုးဆီ သွားနေတာ" တဲ့။

သူ ဒီလောက် အပြင်းဖျားသည်ကိုတောင် မောင်ကသူ့ချစ်သူဆီ သွားနိုင်သေးသည်။ လွန်းငယ်ရဲ့ သေရေးရှင်ရေးက မောင်နှင့်သက်ဆိုင်ပုံမပေါ်။ လွန်းငယ်က မောင့်အတွက် အဲလောက် တန်ဖိုးမဲ့နေသည်လား။

စကားလုံးများစွာ မောင့်အား ပြောချင်မိသော်လည်း နှုတ်ခမ်းထက်မှ တစ်လုံးတစ်ပါဒမျှ ထွက်မလာခဲ့။ မောင် ရက်စက်မှန်း လွန်းငယ် သိသည်။ ထိုမျှ ရက်စက်မည်ဟု မထင်ထားမိခဲ့ပေ။

"မောင် လွန်းငယ်ဆီ ရောက်လာခဲ့တယ်မလား...လွန်းငယ် သတိလစ်မသွားခင် မောင်ရောက်လာတာသိလိုက်တယ်...လွန်းငယ်ကို ဂရုစိုက်ပေးတာ မောင် မလား"

သူ၏ အမေးအား မဖြေခင် မောင်က စူးရဲသော မျက်ဝန်းများဖြင့် သူ့အားစိုက်ကြည့်လာ၏။

"ငါက မင်းကို ဘာလို့ ဂရုစိုက်ရမှာလဲ...ကိုယ့်ဘာသာ ဖျားအောင်လုပ်တဲ့ မင်းကို ဂရုစိုက်စရာလား...ဒီတစ်ခေါက် မင်းလုပ်ရပ်ကြောင့် ငါမင်းကိုတော်တော်လေး အထင်သေးမိတယ်...မင်းက အရမ်းရူးတာပဲ"

မောင်၏စကားက လွန်းငယ်အား နာကျင်ဖွယ်။ နေမကောင်းသည့် လူတစ်ယောက်အား ထိုမျှပြောရန် လိုအပ်လို့လား။ တစ်ခါတစ်လေလေး လွန်းငယ်အပေါ် စကားချိုသာစွာ ပြောမိရင် မောင် သေသွားမည်စိုးသောကြောင့်လား။

"မောင် လွန်းငယ် ဘာလို့ ခုလိုလုပ်လဲဆိုတာ မောင် တကယ် မသိတာလား...မသိချင်ယောင် ဆောင်တာလား မောင်...လွန်းငယ်ရဲ့ လုပ်ရပ်က အထင်သေးစရာကောင်းတယ်ဆို မောင့်ရဲ့လုပ်ရပ်ကရော...လက်ထပ်ထားတဲ့သူက အိမ်မှာနေမကောင်းနေတာကို အပြင်မှာ တိတ်တိတ်ပုန်းသွားတွေ့တဲ့ မောင်ကရော အထင်ကြီးစရာလား"

"လွန်းငယ် မင်းဘယ်လို ပြောလိုက်တာလဲ"

"လွန်းငယ် အမှားပြောမိလို့လား မောင်...လွန်းငယ်နဲ့ မောင် မကွာရှင်းရသေးဘူး...အခုချိန် မောင်ဘယ်သူနဲ့ တွေ့တွေ့ အရှက်မရှိ တိတ်တိတ်ပုန်းတွေ့တယ်ပဲ နာမည်တပ်ခံရမှာ"

"မင်းက ငါနဲ့ ကွာရှင်းချင်တာလား"

ထွက်လာသော မောင်၏ စကားတွင်လွန်းငယ် တွေဝေသွားရသည်။ ဟင့်အင်း သူ မကွာရှင်းနိုင်ပါ။ သူ မောင့်အား တခြားသူလက်ထဲ လိုက်လိုက်လျောလျော ထည့်မပေးနိုင်ပါ။

ဒေါသဖြင့်သာ ပြောလိုက်မိခြင်းဖြစ်သော်လည်း "မောင်၏ ကွာရှင်းစေချင်တာလား" ဟူသော စကားကိုတော့လွန်းငယ် ကြောက်ရွံ့သွားမိသည်။ ဖြစ်နိုင်လျှင် အချိန်အား နောက်အနည်းငယ်ဆုတ်၍ သူ ဘာမှ ပြန်မပြောဘဲ နေလိုက်လိမ့်မည်။ ဒါဆို အခုကဲ့သို့ ကြောက်မက်ဖွယ် မေးခွန်းမျိုး အမေးခံရလိမ့်မည်မဟုတ်။ ချစ်မိသော လွန်းငယ်က မောင့်အပေါ်တွင်တော့ အမြဲရှုံးနိမ့်ရသည်။

"ကွာရှင်းချင်ရင် အချိန်မရွေးပြော...ငါ့ဆီ ကွာရှင်းစာချုပ်အသင့်ရှိတယ်"

မောင်၏ ခနဲ့တဲ့တဲ့ စကားတွင် လွန်းငယ် ခြေထောက်များပင် မခိုင်ချင်တော့။ လွန်းငယ် ဆွံ့အကာ ငြိမ်နေမိသည်။

"ခုတော့ မင်းအခန်း မင်းပြန်နေလိုက်သာ အကောင်းဆုံးပဲ...ငါ့ကို အရမ်းစိတ်ရှုပ်စေရင် ငါဘယ်ချိန် ကွာရှင်းမိမလဲ မသိလို့...အခန်းထဲ အေးဆေးမနေဘဲ အပြင်ထွက်ခဲ့ရင် ငါ့အဆိုးမဆိုနဲ့"

ကျောခိုင်းကာ လှေကားပေါ်မှ ဆင်းသွားသော မောင်ကြောင့် လွန်းငယ် လှေကားလက်ရန်းအား ကိုင်ကာ ထိုင်ချလိုက်မိသည်။

မောင် ဘာလို့ပြောင်းသွားလဲ လွန်းငယ်မသိ။ မောင်ဘာလို့ လွန်းငယ်အပေါ် ရက်ရက်စက်စက်ဆက်ဆံနေမှန်းလည်း လွန်းငယ်မသိပါ။ မောင် လွန်းငယ်အပေါ် ချစ်သေးသည်ဆိုသော ယုံကြည်ချက်တို့သည်လည်း တဖြေးဖြေးယိမ်းယိုင်လာရသည်။

လွန်းငယ် ဘာတွေများမှားခဲ့လို့လဲမောင်။ ဘာမှမသိဘဲ မောင့်ရဲ့အမုန်းတွေခံနေရတာ လွန်းငယ်အဆင်မပြေဘူး။ မောင့်ကြောင့် လွန်းငယ် တစ်ရက်မှ မငိုရတဲ့နေ့မရှိပါဘူး မောင်ရယ်။ မောင်က လွန်းငယ်ရဲ့ မျှော်လင့်ချက်တွေအကုန် ရိုက်ချိုးဖျက်ဆီးခဲ့သူပါ။

အောက်ထပ်သို့ ဆင်းသွားသူကတော့ လှေကားလက်ရန်းအား ကိုင်ကာ စူးအောင့်နေသော ရင်ဘတ်အား ဖိ၍ နာကျင်နေသော ကောင်လေးအား တစ်ချက်လေးမျှ ဂရုစိုက်လှည့်ကြည့်ခြင်း အလျဉ်းမရှိခဲ့ပေ။

နားလည်မှု မရှိတော့တဲ့
အိမ်ထောင်ရေးဟာ
ပြိုကွဲပျက်ဆီးခြင်းကို
ဦးတည်နေတယ်တဲ့။
ချစ်နေရုံနဲ့ အိမ်ထောင်ရေး
မသာယာနိုင်ဘူးဆိုတာ
မင်းသိစေချင်မိတယ်။

*****************

အပိုင္း(၁၄)

ေမာင့္အေပၚ ယုံၾကည္မႈမ်ား ယိမ္းယိုင္လာၿပီ

"ပါးပါး...ပါးပါး"

သူ႕အား ေခၚေနသည့္အသံတိုးတိုးေလးေၾကာင့္ ေလးလံေနေသာ မ်က္ဝန္းမ်ားအား ႀကိဳးစား၍ ဖြင့္လိုက္သည္။ အလင္းေရာင္ႏွင့္ေနသားမက်ေသးေသာေၾကာင့္ မ်က္ဝန္းမ်ားအား မွိတ္လိုက္ဖြင့္လိုက္ လုပ္ယူလိုက္၏။

သူ အိပ္မက္မွ နိုးထလာၿပီပဲ။ တကယ္ကို ရွည္လ်ားတဲ့ အိပ္မက္တစ္ခု သူမက္ခဲ့တာပဲ။ အိပ္မက္ထဲကလို ေမာင္ရဲ႕ ဂ႐ုစိုက္မႈေတြကို သူအၿမဲလိုခ်င္လိုက္တာ။

လြန္းငယ္ သူ၏ လက္မ်ားအား လႊဲယမ္းကာ လႈပ္ခါေနေသာ ေကာင္ငယ္ေလးအား ၾကည့္လိုက္သည္။ ေက်ာင္းဝတ္စုံႏွင့္ ေကာင္ငယ္ေလးက ဘယ္ခ်ိန္ၾကည့္ၾကည့္ ခ်စ္စရာေလးပင္။

"ေက်ာင္းကျပန္လာၿပီလား ေပါက္စီေလး"

"ပါးပါး ေနမေကာင္းဘူးဆို"

"အင္း ပါးပါး ေနမေကာင္းဘူး"

"သား ေဆးထိုးေပးရမလား ပါးပါး...အဲဒါဆို ပါးပါး သက္သာသြားမွာ"

ကေလးငယ္၏ စကားေၾကာင့္ လြန္းငယ္ ၿပဳံးလိုက္မိသည္။ ကေလးတို႔၏ စိတ္သည္ လြန္စြာရိုးစင္းလြန္းလွသည္။

"ေပါက္စီေလး ေဖေဖေရာ"

"ေဖေဖ မရွိဘူး ပါးပါး...သားကို ေက်ာင္းႀကိဳ ၿပီး ျပန္ထြက္သြားတယ္"

အိပ္မက္ထဲမွ ဂ႐ုစိုက္မႈတို႔ေၾကာင့္ ခဏတာ သက္သာေနေသာ ရင္ထဲမွ နာက်င္မႈတို႔ ႐ုတ္တရက္ျပန္ေပၚလာေလသည္။

ေမာင္က သူ႕ကို ဂ႐ုမစိုက္ဘူးပဲ။ သူ အျပင္းဖ်ားတာေတာင္ ေမာင္က တစ္စက္ေလးမွ လွည့္မၾကည့္ဘူး။ သူ တကယ္ပဲ မျဖစ္နိုင္ေသာေမွ်ာ္လင့္ခ်က္ေတြနဲ႕ ဆက္ရွင္သန္ေနမိတာလား။

"ေပါက္စီေလး သြားနားေတာ့ေလ...ပါးပါးကို မစိုးရိမ္နဲ႕ ပါးပါး ဘာမွမျဖစ္ဘူး"

"ပါးပါးက ဘာမွမျဖစ္ဘူးဆိုၿပီး အၿမဲညာတတ္တယ္"

ကေလးငယ္၏ စကားသည္ သူ၏ ဝမ္းနည္းမႈတို႔အား ပို၍ တိုးသြားေစခဲ့သည္။

သူ အၿမဲ ကိုယ့္ကိုကိုယ္ လိမ္ညာေနခဲ့တာပဲ။ ဘာမွမျဖစ္ပါဘူးဆိုတဲ့ စကားကို အၿမဲသုံးကာ သူ ဟန္ေဆာင္ေနမိခဲ့တာပဲ။ ဒဏ္ရာဒဏ္ခ်က္ေတြက သူ၏ရင္တစ္ခုလုံးနဲ႕ မဆန႔္စြာ မ်ားျပားလြန္းေနခဲ့ၿပီ။

"ပါးပါး အခုသက္သာပါတယ္"

"သား ပါးပါးေဘး ဝင္အိပ္လို႔ရလား"

"အင္း ရတယ္ ေပါက္စီေလး"

သူ၏ခြင့္ျပဳခ်က္ရသည္ႏွင့္ ေပါက္စီေလးက အိပ္ရာေပၚသို႔ ကုပ္တြယ္တက္ကာ သူ႕ေဘးဝင္အိပ္လာ၏။ သူ၏ ရင္ခြင္ထဲေခါင္းတိုးဝင္ကာ ခါးအား တင္းတင္းက်ပ္က်ပ္ဖက္ထားေလသည္။

"ပါးပါး သားကိုထားၿပီးထြက္မသြားပါနဲ႕"

ရင္ခြင္ထဲမွေန၍ အသံေသးေသးေလးျဖင့္ ေျပာလာေသာ ကေလးငယ္ေလး။ လြန္းငယ္ ကေလးငယ္၏ ခႏၶာကိုယ္အား ျပန္၍ေပြ႕ဖက္လိုက္မိသည္။

"ပါးပါး မရွိလည္း သားအဆင္မေျပဘူးလား"

စကားဆုံးသည္ႏွင့္ လက္ေသးေသးေလးႏွစ္ဖက္က ပို၍တင္းက်ပ္စြာ ဖက္လာေလသည္။

"ဟင့္အင္း သားအဆင္မေျပဘူး...သား ပါးပါးကိုခ်စ္တယ္...သားကို ထားမသြားပါနဲ႕ေနာ္"

ရင္ဘတ္မွ အကၤ်ီေပၚစိုစြတ္လာေသာ အထိအေတြ႕ေၾကာင့္ လြန္းငယ္ ေပါက္စီေလးအား ျပန္၍ႏွစ္သိမ့္လိုက္ရသည္။

"ပါးပါးက စတာပါ...မငိုရဘူးေနာ္...ပါးပါးကလည္း ေပါက္စီေလးကိုေရာ ေဖေဖ့ကိုေရာ အရမ္းခ်စ္တာမို႔ ထားမသြားပါဘူး"

ကေလးငယ္၏ ေက်ာျပင္အား သူ၏လက္ေလးမ်ားျဖင့္ လြန္းငယ္ ပြတ္သတ္ေပးေနမိသည္။

"ပါးပါး သား မငိုေတာ့ဘူး...ပါးပါးလည္း ျမန္ျမန္ေနေကာင္းေပ်ာက္ေအာင္ ေနရမယ္"

"ဟုတ္ပါၿပီ သားေလးရဲ႕...ပါးပါး ေနေကာင္းေပ်ာက္ေအာင္ ႀကိဳးစားမယ္ ဟုတ္ၿပီလား"

"ဟုတ္"

သူ၏ ရင္ခြင္ထဲ တိုးေဝွ႕ေနေသာ ေခါင္းေလးမွ ဆံပင္မ်ားအား လြန္းငယ္ အသာအယာ ပြတ္သပ္ကာ ေခ်ာ့ျမဴေပးေနလိုက္၏။

သူ၏ရင္ထဲတြင္ ေႏြးေထြးေသာ ေမတၱာတရားတို႔အား တျဖည္းျဖည္း ခံစားလာရသည္။ မိသားစုဟူေသာ စိတ္ေလးသည္ တကယ္ ေအးျမလြန္းလွသည္။

ခ်စ္စရာေကာင္းလြန္းလွေသာ သားအရင္းေလးတဖြယ္ ခ်စ္ခင္ရသည့္ ေပါက္စီေလးရယ္၊ ေမာင္ရယ္ႏွင့္ ေပ်ာ္႐ႊင္စရာမိသားစုဘဝေလးအား ပိုင္ဆိုင္ခ်င္သည္မွာ သူ၏ဆႏၵပင္။

ထိုဆႏၵေလးသာ အမွန္တကယ္ျဖစ္လာလွ်င္ သူ၏ ဘဝသည္ ျပည့္စုံသြားေလၿပီ။ က်န္တာ ဘာမွထပ္မလိုေတာ့ေပ။

ရင္ခြင္ထဲတြင္ အိပ္ေပ်ာ္သြားရွာေသာ ေပါက္စီေလး၏ နဖူးအား ေခါင္းငုံ႕ကာ နမ္းရွိုက္လိုက္သည္။

ထို႔ေနာက္ ကေလးငယ္အား ေခ်ာ့ျမဴေနျခင္းကိုရပ္တန့္၍ သူ၏ မ်က္ဝန္းမ်ားအား ပိတ္လိုက္ကာ အိပ္စက္ျခင္းဆီသို႔ ဦးတည္လိုက္ေလေတာ့သည္။

******************

ခြန္းသုရွင္ တိုက္အိမ္ထဲသို႔ ဝင္လိုက္ေတာ့ သန႔္ရွင္းေရးလုပ္ေနေသာ ေကာင္မေလးအား ေတြ႕လိုက္ရသည္။

"မိုးဘယ္မွာလဲ"

ေကာင္မေလးသည္ သူ႕အား ၾကည့္ကာ ခ်က္ခ်င္းအေျဖေပးလာ၏။

"မမ အေပၚထပ္မွာ အကိုေလး"

"သြားေခၚေပးဦး"

"ဟုတ္ကဲ့"

ေကာင္မေလး အေပၚထပ္တက္သြားၿပီး တခဏအၾကာ ေအာက္ထပ္သို႔ မိုး ဆင္းလာသည္။

ဘယ္ခ်ိန္ၾကည့္ၾကည့္ ျမန္မာဝတ္စုံ ဝမ္းဆက္အား ဝတ္ဆင္ကာ တင္ပါးေအာက္ထိရွည္ေသာ ပိတုန္းေရာင္ဆံႏြယ္ရွည္မ်ားအား ပိုင္ဆိုင္ထားသည့္မိုးသည္ နန္းဆန္လြန္းလွသည္။ ဝင္းဝါေသာ အသားအေရ၊ တည္တည္တင္းတင္းေနတတ္ေသာ လွပသည့္မ်က္ႏွာတို႔က ျမင္ရတာ က်က္သေရရွိေစ၏။

"ကို ဘာလို႔ ဒီကို လာတာလဲ...ကို အိမ္မွာ လူနာျပဳစုရဦးမယ္မလား"

"ဒီေန႕ မိုးအေပၚ လြန္းငယ္ လုပ္မိတာအတြက္ ကို ေတာင္းပန္ဖို႔လာတာပါ...လြန္းငယ္လည္း မရည္႐ြယ္ပါဘူး...သူ အဖ်ားႀကီးေနလို႔ပါ"

သူ၏စကားဆုံးသည္ႏွင့္ မိုး၏ စူးရွေသာ မ်က္ဝန္းနက္မ်ားျဖင့္ သူ ရင္ဆိုင္လိုက္ရသည္။

"သူကေတာ့ မရည္႐ြယ္ဘူး ဟုတ္တယ္...ဒါေပမဲ့ ကို႔ရဲ႕လုပ္ရပ္ေတြကေတာ့ တမင္ရည္႐ြယ္လုပ္တာ"

မိုး အေျပာေၾကာင့္ သူ႕အံ့အားသင့္သြားရသည္။

"မိုး ဘာကို ေျပာခ်င္တာလဲ"

"ကို ေျပာတယ္ ကို သူ႕ကို မုန္းတယ္၊ နာက်ည္းတယ္တဲ့...ၿပီးေတာ့ ကို သူ႕ကို ခ်စ္ေနတယ္...ကို႔ အစီအစဥ္ေတြကို မိုးကို ေျပာတုန္းက မိုး မတားမိခဲ့တာကို ေနာင္တရတယ္...မိုးက ကို႔အတြက္ဆို ဘာမဆို လုပ္ေပးနိုင္တယ္ထင္ခဲ့ေပမဲ့ မိုး မလုပ္နိုင္ဘူး ကို...မိုး ဆက္မလုပ္နိုင္ေတာ့ဘူး"

"မိုး အဲလိုမဟုတ္ဘူး...ကို ရွင္းျပပါရေစ"

"ဘာရွင္းျပခ်င္ေသးတာလဲ ကိုရယ္...မိုး အကုန္ျမင္ေတြ႕ေနရတာပဲ...မိုး ကို႔ကို ခ်စ္လြန္းလို႔ အိမ္ကသေဘာမတူေတာ့တဲ့ၾကားထဲက အိမ္ေပၚကေနေတာင္ ဆင္းလာခဲ့တာပါ...ေဆြမ်ိဳးအသိုင္းအဝိုင္းေတြၾကားထဲ အိမ္ေထာင္ရွိသူနဲ႕ အရွက္မရွိ ဆက္ေတြ႕ေနတယ္ေျပာတိုင္း မိုး ဘယ္ေလာက္မ်က္ႏွာငယ္ရလဲ...အဲဒီအခ်ိန္တိုင္း အမ်ားအျမင္ေတြ ဂ႐ုစိုက္စရာမလိုဘူး...ကိုနဲ႕ မိုးခ်စ္ေနရင္ ရၿပီဆိုၿပီး မိုး ေတာင့္ခံေနခဲ့တာ...ရွစ္ႏွစ္ေလာက္ ကို႔ေဘးမွာ မရွိအတူ ရွိအတူေနခဲ့တဲ့ မိုးထက္ ကိုက မေန႕တေန႕ကမွ ကို႔နားေရာက္လာတဲ့ အဲဒီေကာင္ေလးကို ခ်စ္သြားတယ္....မိုး ဘယ္ေလာက္နာက်င္ရလဲ သိလား"

"မိုး သိရဲ႕နဲ႕...ကိုနဲ႕လြန္းငယ္...ကို တို႔က မျဖစ္နိုင္ဘူး"

"မျဖစ္နိုင္ဘူးဆို အစကတည္းက မပတ္သတ္နဲ႕ေလ ကို"

"က်စ္...ကို ဘာလို႔ သူနဲ႕ပတ္သတ္ေနရတာလဲဆိုတာ မိုးသိတာပဲ"

"မိုးသိတယ္...ယြန္းေလးအတြက္ မတရားခဲ့ဖူးဆိုတာလည္း မိုးသိတယ္...ကို လက္စားေခ်ခ်င္တာလည္း သိတယ္...ကို႔စိတ္ႀကိဳက္လုပ္ဖို႔ မိုးလႊတ္ထားခဲ့တာက ကို႔ကိုခ်စ္လို႔...ကို တျခားတစ္ေယာက္ကို ခ်စ္သြားဖို႔ လႊတ္ထားခဲ့တာ မဟုတ္ဘူး"

သူ႕အား တစ္ခြန္းမက်န္ ျပန္ေအာ္ေနေသာမိုးေၾကာင့္ ခြန္းသုရွင္ စိတ္ညစ္သြားရသည္။ စိတ္ရႈပ္စြာ ဆံပင္မ်ားၾကားထဲ လက္ေခ်ာင္းမ်ားထိုးကာ ဆြဲဖြလိုက္မိသည္။

"ကိုတို႔ စကားဆက္ေျပာလို႔ အဆင္မေျပဘူး မိုး"

"မိုးလည္း ခုလိုေတြ မေျပာခ်င္ပါဘူး...ကို႔ကို မိုးထပ္ၿပီးေတာ့ သတိေပးပါရေစ...မိုးကို ေပးထားတဲ့ ကို႔ကတိေတြကို မေမ့ပါနဲ႕...သူ႕ကို ကြာရွင္းၿပီးတာနဲ႕ မိုးကို လက္ထပ္ပါ...မိုးလည္းအခ်စ္အတြက္ ေအာက္တန္းက်တတ္တယ္ ကို...မိုးရဲ႕ အဆင့္အတန္းနဲ႕ အေကာင္းတကာ့အေကာင္းဆုံးေတြ အမ်ားႀကီး ရနိုင္ေပမဲ့ မိုးက အေဟာင္းကိုပဲ ျမတ္နိုးေနတာ...ဒါ မိုး ကို႔ကို ေနာက္ဆုံးသတိေပးတာပဲ"

အိမ္ေပၚထက္ ျပန္တက္သြားေသာ မိုး၏ ေက်ာျပင္အား ၾကည့္ကာ ခြန္းသုရွင္ ေတာ္ေတာ္ေလး စိတ္ရႈပ္သြားရသည္။ သူ တိုက္အိမ္အျပင္သို႔ထြက္လာကာ ကားေပၚတက္ စက္ႏွိုး၍ အရွိန္တင္ ေမာင္းထြက္လာမိသည္။

အေျခအေနေတြက ေနာက္ျပန္ဆုတ္၍ မျဖစ္နိုင္ေတာ့။ ဒီေလာက္ထိ ေရာက္လာၿပီးမွ ေနာက္ျပန္ဆုတ္လွ်င္ ယြန္းေလးအတြက္ တရားမွ်တမႈ ေပ်ာက္ဆုံးသြားမည္။ ေရွ႕ဆက္တိုးမည္ဆိုလွ်င္ ေသခ်ာေပါက္ လြန္းငယ္ကို ခ်စ္စိတ္အား စြန႔္လႊတ္ရမည္။

ရႈပ္ေထြးေနာက္က်ိေနေသာ စိတ္ႏွင့္ ကားထိုးရပ္ကာ ကားစက္ႏွိုးထားသည္ကို ပိတ္လိုက္ၿပီး စတိီယာရင္အား အႀကိမ္မ်ားစြာ ထုရိုက္လိုက္မိသည္။

အျဖဴ ေရာင္ကားေလးတစ္စီးသည္ လူရွင္းေသာ လမ္းမထက္တြင္ အခ်ိန္ေတာ္ေတာ္ၾကာ ရပ္တန႔္ေနခဲ့သည္။ ထို႔ေနာက္ ျမန္ဆန္ေသာ အရွိန္ျဖင့္ လမ္းမထက္မွ ေမာင္းထြက္သြားေလေတာ့သည္။

******************

ေစ့ပိတ္ထားေသာ အခန္းတံခါးအား ဖြင့္လိုက္ေတာ့ ေမွာင္မဲေနေသာ အခန္းေလးက သူ႕အား ဆီးႀကိဳေနသည္။ တံခါးေဘးနံရံအား စမ္းကာ မီးခလုတ္အား ဖြင့္လိုက္သည္။

စာအုပ္မ်ား ေသေသသပ္သပ္ စီထားေသာ စာၾကည့္စားပြဲေလး၊ က်ယ္ဝန္းေသာ တစ္ေယာက္အိပ္ အိပ္ရာထက္ ေနရာမ်ားစြာ ယူထားေသာ အ႐ုပ္မ်ားႏွင့္ ပစၥည္းမ်ားအားလုံးသည္ အသုံးျပဳသူမရွိေတာ့ေသာ္လည္း စနစ္တက် သပ္ရပ္စြာ ရွိေနသည္။

အိပ္ရာဆီသို႔ ဦးတည္ ေလွ်ာက္သြားလိုက္ၿပီး အ႐ုပ္မ်ားစြာထဲမွ စက္႐ုပ္တစ္ခုအား ေကာက္ယူလိုက္သည္။ စက္႐ုပ္ေလးအား ကိုင္လ်က္ အခန္းအား ေဝ့ဝဲၾကည့္လိုက္စဥ္ အခန္းထဲ ေျပးလႊားေနေသာ ကေလးငယ္ႏွစ္ေယာက္ပုံရိပ္က အျမင္အာ႐ုံထဲ ေပၚလာေလသည္။

"ကိုကို ငယ့္စက္႐ုပ္ျပန္ေပး...ငယ့္ စက္႐ုပ္ျပန္ေပးလို႔"

ထူးျခားေသာ အညိုေရာင္ဆံပင္ေလးနဲ႕ ပိန္ပါးေသာ ပိုးဟပ္ျဖဴေလးကဲ့သို႔ ကေလးငယ္တစ္ေယာက္က သူ၏ ေရွ႕ရွိ အရပ္ျမင့္ကာ သူ႕ထက္ႀကီးေသာ ကေလးငယ္တစ္ေယာက္လက္ဆန႔္တန္းကာ ကိုင္ျမႇောက္ထားသည့္ စက္႐ုပ္အား မမွီမကန္းျဖင့္ လိုက္လုေနသည္။

"ငယ္ လိုခ်င္ ရေအာင္ ယူေလ...ငယ္ ရရင္ ကိုကို ျပန္ေပးမယ္"

"ကိုကို ငယ့္ကို အနိုင္မက်င့္နဲ႕...ေမေမနဲ႕ တိုင္မွာ...ငယ့္ စက္႐ုပ္ျပန္ေပးလို႔"

လိုက္လုေနေသာ ေကာင္ေလးအား စေနာက္ကာ စက္႐ုပ္ကိုင္ျမႇောက္ထားေသာ ေကာင္ေလးသည္ အခန္းထဲ ပတ္ေျပးေနသည္။

႐ုတ္တရက္ စက္႐ုပ္လိုက္လုေနေသာ ေကာင္ေလး ခလုတ္တိုက္ကာ ၾကမ္းျပင္ေပၚလဲက်သြား၏။ အရွိန္ျပင္းေသာေၾကာင့္ ကေလးငယ္က က်ယ္ေလာင္စြာ ေအာ္ငိုေတာ့သည္။

စေနာက္ေနေသာ ကေလးငယ္က ထိတ္လန႔္ကာ သြားေခ်ာ့ရန္ ျပင္စဥ္ ၾကမ္းၾကမ္းတမ္းတမ္း ပြင့္သြားေသာ အခန္းတံခါး။ အခန္းတံခါးေရွ႕တြင္ ရပ္ေနေသာ အထက္တန္းက် လွပသည့္ အမ်ိဳးသမီးတစ္ဦးေပၚလာသည္။ ထိုအမ်ိဳးသမီးက လဲက်သြားေသာ ကေလးငယ္ဆီ သြားကာ ဆြဲထူ၍ ေပြ႕ဖက္လိုက္၏။

ထို႔ေနာက္ ထိတ္လန႔္ေနေသာ ကေလးအား ၾကည့္ကာေျပာလာသည္။

"သား ထားရာ...ဘယ္လိုလုပ္လိုက္တာလဲကြယ္...ငယ္ေလးကိုယ္က တစ္ခုခုထိခိုက္မိရင္ ဖ်ားေတာ့တာ သိရက္နဲ႕"

ေစထားရာေပါက္စေလးက သူ၏ အမွားေၾကာင့္ ေခါင္းငုံ႕ကာ မတ္တပ္ရပ္ေနသည္။

"သား ေတာင္းပန္ပါတယ္ ေမေမ...သား မွားသြားတာပါ"

"သားက အႀကီးေလ ငယ္ေလးကို ဂ႐ုစိုက္ရမွာ သားရဲ႕တာဝန္...ငယ္ေလး တစ္ခုခုမျဖစ္ဖို႔ကလည္း သားရဲ႕တာဝန္ပဲေလကြယ္...ေမေမတို႔ မရွိေတာ့ရင္ သားပဲ ငယ္ေလးကို ေစာင့္ေရွာက္ရမွာ...ငယ္ေလးရဲ႕ ဘဝတစ္ေလွ်ာက္လုံး ဘာထိခိုက္မႈမွ မရွိေစဘဲ ေပ်ာ္ေအာင္ထားေပးမယ္လို႔ ေမေမ့ကို ကတိေပးပါ...မဟုတ္ရင္ က်န္းမာေရးခ်ိဳ႕တဲ့လြန္းတဲ့ ငယ္ေလးေၾကာင့္ ေမေမ စိတ္ေျဖာင့္နိုင္မွာ မဟုတ္ဘူး"

ေစထားရာ ေခါင္းငုံ႕ကာ ေမေမ့အား ေမာ့ၾကည့္၍ ခိုင္မာစြာ ေျပာဆိုလိုက္သည္။

"စိတ္ခ်ပါ ေမေမ...သား ကတိေပးပါတယ္...သားရွိေနစဥ္တစ္ေလွ်ာက္လုံး ငယ္ေလး ဘာတစ္ခုမွ မျဖစ္ေစရဘူး...သား ေရွ႕ကေန ငယ္ေလးအတြက္ အႏၲရာယ္ျဖစ္နိုင္တာေတြ အကုန္ကာကြယ္ေပးသြားမယ္"

"အင္း သား...ငယ္ေလးလည္း မငိုနဲ႕ေတာ့ေနာ္ ဘယ္နားက နာသြားတာလဲ ၪုံ ဖြ...ဒီနားေလးကလား ငယ္ေလး"

ေမေမ့ရင္ခြင္ထဲရွိ ကေလးငယ္က ငိုေနေသာ မ်က္ဝန္းႏွစ္ဖက္အား မ်က္ရည္မ်ား မရွိေတာ့ေအာင္ လက္ခုံျဖင့္ ဖိပြတ္လိုက္သည္က တကယ့္ ခ်စ္စဖြယ္။

"ငယ္ ဘာမွမျဖစ္ေတာ့ပါဘူး...ေမေမသာ ကိုကို႔ကို မဆူပါနဲ႕...ေမေမ ထပ္ဆူရင္ ငယ္ထပ္ငိုမွာ"

ငယ္ေလးစကားေၾကာင့္ ေစထားရာ ေပ်ာ္႐ႊင္စြာ ၿပဳံးလိုက္မိသည္။

"ေမေမက ကိုကို႔ကို မဆူပါဘူး...ကိုကို႔ဆီ လာပါဦး ငယ္ေလး...ဘယ္နားထိခိုက္သြားလဲ ကိုကို ၾကည့္ရေအာင္"

ကေလးငယ္က ေမေမ့ရင္ခြင္ထဲမွ ထြက္ကာ သူရွိရာဆီ ေလွ်ာက္လာသည္။

"ကိုကို ဒီနား...ဒီနား အရမ္းနာသြားတာ...ၿပီးေတာ့ ဒီနားေလးေရာ...ဒီနားကလည္း နာတယ္"

ေျခေထာက္ႏွင့္ လက္ရွိ ေနရာမ်ားအား လက္ညိုးထိုးကာ ျပေနေသာ ကေလးငယ္က လြန္စြာ ခ်စ္စရာေကာင္းလြန္းေန၏။

"ကိုကို ေဆးလိမ္းေပးမယ္ေနာ္ ငယ္ေလး"

ကေလးငယ္က သူ႕အား ေခါင္းညိတ္ျပသည္။ ကေလးငယ္၏ ေခါင္းအား လက္ေလးျဖင့္ ပြပြပုတ္လိုက္စဥ္ ကေလးငယ္ လုပ္လိုက္သည္က သူ႕တျခားလက္တစ္ဖက္တြင္ ကိုင္ထားေသာ စက္႐ုပ္ေလးအား ဆြဲလုလိုက္ျခင္းပင္။ သူ ႐ုတ္တရက္အံ့အားသင့္သြားရ၏။

"ေယးး ကိုကို႔လက္ထဲက စက္႐ုပ္ရေအာင္ ယူနိုင္ၿပီ ေယးးး"

စက္႐ုပ္အား အေပၚျမႇောက္ကာ အနိုင္ရသူတစ္ေယာက္ကဲ့သို႔ အခန္းထဲ ေအာ္၍ ပတ္ေျပးေနေသာ ကေလးငယ္ေလးအား ၾကည့္ကာ သူ၏ ရင္ထဲ ၾကည္ႏူးသြားရသည္။ ေမေမ့အား ၾကည့္လိုက္ေတာ့ သူကဲ့သို႔ ထပ္တူၿပဳံးေပ်ာ္႐ႊင္ေနသည္။ ငယ္ေလးသည္ သူတို႔တစ္မိသားစုလုံး၏ အသည္းႏွလုံးေလးပင္။

မ်က္လုံးထဲ ေပၚလာေသာ သူ၏လက္ထဲကိုင္ထားသည့္ စက္႐ုပ္ေလးႏွင့္ သက္ဆိုင္ေသာ ငယ္စဥ္ကအမွတ္တရမ်ားေၾကာင့္ ေစထားရာ ရင္ထဲဝမ္းနည္းမႈတို႔ေပၚေပါက္လာရသည္။

"သား အခုခ်ိန္ထိ ရွင္သန္ေနရတဲ့ အေၾကာင္းရင္းက ငယ္ေလးေၾကာင့္ပါ ေမေမ...ေမေမ စိတ္ခ်ပါ...သားေပးခဲ့တဲ့ကတိကို သားတည္မွာပါ...တမလြန္က ေမေမနဲ႕ ေဖေဖ့ကို စိတ္မပ်က္ေစရပါဘူး"

စက္႐ုပ္ေလးအား ကိုင္လ်က္ အခန္းေထာင့္ဆီသြားကာ နံရံအား ေက်ာမွီထိုင္ခ်လိဳက္သည္။ ထို႔ေနာက္ လက္ထဲရွိ စက္႐ုပ္ေလးအား မ်က္ေတာင္မခတ္ၾကည့္ကာ ေျပာလိုက္မိ၏။

"ငယ္ေလး အရမ္းသတိရတယ္"

ထြက္ေပၚလာေသာ တီးတိုးအသံေလးသည္ အိပ္ခန္းအႏွံ႕ပ်ံ့လြင့္သြားေလေတာ့သည္။

*******************

လြန္းငယ္ အိပ္ေပ်ာ္ေနေသာ ကေလးငယ္အား အေနအထားမွန္ေအာင္ ျပင္ေပးၿပီး ေစာင္ေသခ်ာၿခဳံေပးကာ ေအာက္ထပ္ဆင္းလာလိုက္သည္။

ေလွကားတစ္ဝက္ေလာက္အေရာက္ အိမ္ထဲသို႔ ဝင္လာေသာ ေမာင္က သူ႕အား ေတြ႕သြား၏။ ေအာက္ထပ္မွ ေန၍ သူ႕အား လွမ္းေအာ္ေလေတာ့သည္။

"လြန္းငယ္ ေနမေကာင္းတာကို အိပ္ရာေပၚမေနဘဲ ဘာကိစၥဆင္းလာတာလဲ...ခဏေလးေတာင္ ၿငိမ္ၿငိမ္ မေနနိုင္ဘူးလား မင္းက"

ေမာင္၏ ေအာ္ဟစ္သံေၾကာင့္ လြန္းငယ္ ဝမ္းနည္းသြားရသည္။ ေမာင္ကေရာ သူဖ်ားေနသည္ကိုပင္ ဂ႐ုမစိုက္ အျပင္ေရာက္ေနခဲ့ၿပီး လြန္းငယ္ကိုက် ဂ႐ုမစိုက္၍ ေအာ္သည္တဲ့။

ေမာင္ တကယ္ တစ္ကိုယ္ေကာင္းဆန္လြန္းသည္။

"လြန္းငယ္ အိပ္ရာေပၚပဲ မေနခ်င္လို႔ ေမာင္"

ေမာင္က ခ်က္ခ်င္းသူရွိရာ ေလွကားေပၚသို႔ တက္လာသည္။

သူ႕နားေရာက္သည္ႏွင့္ မ်က္ေမွာင္ၾကဳတ္ၾကည့္ကာ သူ႕အား ေျပာလာ၏။

"မေနခ်င္လည္း ေနလိုက္ လြန္းငယ္...မင္း ကိုယ့္ဘာသာ ဒုကၡရွာေနတာေတြေၾကာင့္ ငါဘယ္ေလာက္စိတ္ေတြရႈပ္ေနရလဲ သိလား...မင္းသာ ကိုယ့္ဒုကၡကိုယ္မရွာရင္ ဘာမွမျဖစ္ဘူး"

ခုခ်ိန္ထိ ေမာင္က သူ႕အား အနည္းအက်ဥ္းေလးမွ်ပင္ ဂ႐ုမစိုက္။ သူ ထပ္ၿပီး ေမာင့္ ဂ႐ုစိုက္မႈအား ရေအာင္လုပ္ခဲ့ျခင္းသည္ က်ရႈံးသြားျပန္ေလၿပီ။ ေမာင့္ႏွလုံးသားသည္ ေက်ာက္တုံးျဖင့္ ထုဆစ္ထားျခင္းေပလား။ ေမာင္ဘာလို႔ အရမ္းေျပာင္းလဲလြယ္ရတာလဲ။

"ေမာင္ ဘယ္သြားေနတာလဲ"

ေမာင့္ မ်က္လုံးမ်ားအား ၾကည့္ကာ ေမးမိေတာ့ ေမာင္ ျပန္ေျဖလာသည္က

"မိုးဆီ သြားေနတာ" တဲ့။

သူ ဒီေလာက္ အျပင္းဖ်ားသည္ကိုေတာင္ ေမာင္ကသူ႕ခ်စ္သူဆီ သြားနိုင္ေသးသည္။ လြန္းငယ္ရဲ႕ ေသေရးရွင္ေရးက ေမာင္ႏွင့္သက္ဆိုင္ပုံမေပၚ။ လြန္းငယ္က ေမာင့္အတြက္ အဲေလာက္ တန္ဖိုးမဲ့ေနသည္လား။

စကားလုံးမ်ားစြာ ေမာင့္အား ေျပာခ်င္မိေသာ္လည္း ႏႈတ္ခမ္းထက္မွ တစ္လုံးတစ္ပါဒမွ် ထြက္မလာခဲ့။ ေမာင္ ရက္စက္မွန္း လြန္းငယ္ သိသည္။ ထိုမွ် ရက္စက္မည္ဟု မထင္ထားမိခဲ့ေပ။

"ေမာင္ လြန္းငယ္ဆီ ေရာက္လာခဲ့တယ္မလား...လြန္းငယ္ သတိလစ္မသြားခင္ ေမာင္ေရာက္လာတာသိလိုက္တယ္...လြန္းငယ္ကို ဂ႐ုစိုက္ေပးတာ ေမာင္ မလား"

သူ၏ အေမးအား မေျဖခင္ ေမာင္က စူးရဲေသာ မ်က္ဝန္းမ်ားျဖင့္ သူ႕အားစိုက္ၾကည့္လာ၏။

"ငါက မင္းကို ဘာလို႔ ဂ႐ုစိုက္ရမွာလဲ...ကိုယ့္ဘာသာ ဖ်ားေအာင္လုပ္တဲ့ မင္းကို ဂ႐ုစိုက္စရာလား...ဒီတစ္ေခါက္ မင္းလုပ္ရပ္ေၾကာင့္ ငါမင္းကိုေတာ္ေတာ္ေလး အထင္ေသးမိတယ္...မင္းက အရမ္း႐ူးတာပဲ"

ေမာင္၏စကားက လြန္းငယ္အား နာက်င္ဖြယ္။ ေနမေကာင္းသည့္ လူတစ္ေယာက္အား ထိုမွ်ေျပာရန္ လိုအပ္လို႔လား။ တစ္ခါတစ္ေလေလး လြန္းငယ္အေပၚ စကားခ်ိဳသာစြာ ေျပာမိရင္ ေမာင္ ေသသြားမည္စိုးေသာေၾကာင့္လား။

"ေမာင္ လြန္းငယ္ ဘာလို႔ ခုလိုလုပ္လဲဆိုတာ ေမာင္ တကယ္ မသိတာလား...မသိခ်င္ေယာင္ ေဆာင္တာလား ေမာင္...လြန္းငယ္ရဲ႕ လုပ္ရပ္က အထင္ေသးစရာေကာင္းတယ္ဆို ေမာင့္ရဲ႕လုပ္ရပ္ကေရာ...လက္ထပ္ထားတဲ့သူက အိမ္မွာေနမေကာင္းေနတာကို အျပင္မွာ တိတ္တိတ္ပုန္းသြားေတြ႕တဲ့ ေမာင္ကေရာ အထင္ႀကီးစရာလား"

"လြန္းငယ္ မင္းဘယ္လို ေျပာလိုက္တာလဲ"

"လြန္းငယ္ အမွားေျပာမိလို႔လား ေမာင္...လြန္းငယ္နဲ႕ ေမာင္ မကြာရွင္းရေသးဘူး...အခုခ်ိန္ ေမာင္ဘယ္သူနဲ႕ ေတြ႕ေတြ႕ အရွက္မရွိ တိတ္တိတ္ပုန္းေတြ႕တယ္ပဲ နာမည္တပ္ခံရမွာ"

"မင္းက ငါနဲ႕ ကြာရွင္းခ်င္တာလား"

ထြက္လာေသာ ေမာင္၏ စကားတြင္လြန္းငယ္ ေတြေဝသြားရသည္။ ဟင့္အင္း သူ မကြာရွင္းနိုင္ပါ။ သူ ေမာင့္အား တျခားသူလက္ထဲ လိုက္လိုက္ေလ်ာေလ်ာ ထည့္မေပးနိုင္ပါ။

ေဒါသျဖင့္သာ ေျပာလိုက္မိျခင္းျဖစ္ေသာ္လည္း "ေမာင္၏ ကြာရွင္းေစခ်င္တာလား" ဟူေသာ စကားကိုေတာ့လြန္းငယ္ ေၾကာက္႐ြံ႕သြားမိသည္။ ျဖစ္နိုင္လွ်င္ အခ်ိန္အား ေနာက္အနည္းငယ္ဆုတ္၍ သူ ဘာမွ ျပန္မေျပာဘဲ ေနလိုက္လိမ့္မည္။ ဒါဆို အခုကဲ့သို႔ ေၾကာက္မက္ဖြယ္ ေမးခြန္းမ်ိဳး အေမးခံရလိမ့္မည္မဟုတ္။ ခ်စ္မိေသာ လြန္းငယ္က ေမာင့္အေပၚတြင္ေတာ့ အၿမဲရႈံးနိမ့္ရသည္။

"ကြာရွင္းခ်င္ရင္ အခ်ိန္မေ႐ြးေျပာ...ငါ့ဆီ ကြာရွင္းစာခ်ဳပ္အသင့္ရွိတယ္"

ေမာင္၏ ခနဲ႕တဲ့တဲ့ စကားတြင္ လြန္းငယ္ ေျခေထာက္မ်ားပင္ မခိုင္ခ်င္ေတာ့။ လြန္းငယ္ ဆြံ႕အကာ ၿငိမ္ေနမိသည္။

"ခုေတာ့ မင္းအခန္း မင္းျပန္ေနလိုက္သာ အေကာင္းဆုံးပဲ...ငါ့ကို အရမ္းစိတ္ရႈပ္ေစရင္ ငါဘယ္ခ်ိန္ ကြာရွင္းမိမလဲ မသိလို႔...အခန္းထဲ ေအးေဆးမေနဘဲ အျပင္ထြက္ခဲ့ရင္ ငါ့အဆိုးမဆိုနဲ႕"

ေက်ာခိုင္းကာ ေလွကားေပၚမွ ဆင္းသြားေသာ ေမာင္ေၾကာင့္ လြန္းငယ္ ေလွကားလက္ရန္းအား ကိုင္ကာ ထိုင္ခ်လိဳက္မိသည္။

ေမာင္ ဘာလို႔ေျပာင္းသြားလဲ လြန္းငယ္မသိ။ ေမာင္ဘာလို႔ လြန္းငယ္အေပၚ ရက္ရက္စက္စက္ဆက္ဆံေနမွန္းလည္း လြန္းငယ္မသိပါ။ ေမာင္ လြန္းငယ္အေပၚ ခ်စ္ေသးသည္ဆိုေသာ ယုံၾကည္ခ်က္တို႔သည္လည္း တေျဖးေျဖးယိမ္းယိုင္လာရသည္။

လြန္းငယ္ ဘာေတြမ်ားမွားခဲ့လို႔လဲေမာင္။ ဘာမွမသိဘဲ ေမာင့္ရဲ႕အမုန္းေတြခံေနရတာ လြန္းငယ္အဆင္မေျပဘူး။ ေမာင့္ေၾကာင့္ လြန္းငယ္ တစ္ရက္မွ မငိုရတဲ့ေန႕မရွိပါဘူး ေမာင္ရယ္။ ေမာင္က လြန္းငယ္ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြအကုန္ ရိုက္ခ်ိဳးဖ်က္ဆီးခဲ့သူပါ။

ေအာက္ထပ္သို႔ ဆင္းသြားသူကေတာ့ ေလွကားလက္ရန္းအား ကိုင္ကာ စူးေအာင့္ေနေသာ ရင္ဘတ္အား ဖိ၍ နာက်င္ေနေသာ ေကာင္ေလးအား တစ္ခ်က္ေလးမွ် ဂ႐ုစိုက္လွည့္ၾကည့္ျခင္း အလ်ဥ္းမရွိခဲ့ေပ။

နားလည္မႈ မရွိေတာ့တဲ့
အိမ္ေထာင္ေရးဟာ
ၿပိဳကြဲပ်က္ဆီးျခင္းကို
ဦးတည္ေနတယ္တဲ့။
ခ်စ္ေန႐ုံနဲ႕ အိမ္ေထာင္ေရး
မသာယာနိုင္ဘူးဆိုတာ
မင္းသိေစခ်င္မိတယ္။

*****************

Continue Reading

You'll Also Like

3M 263K 48
!အမွန္ေတာ့ မင္းက က္ုိယ္အၿမဲတမ္း အမွတ္တရ သိမ္းထားခ်င္မိတဲ့ အစိမ္းေရာင္ ေပ်ာ္႐ႊင္ျခင္းေလးပါ... Oct9.2021 !အ...
829K 62.7K 49
စဝ်နောင့်ခွန်း :: ကောင်လေး~~~ ဒီချယ်ရီပန်းခက်လေးနဲ့အတူ ကိုယ့်အချစ်တွေပါ မင်းအတွက်ထည့်ပေးလိုက်တယ် ခွန်းစေကိုး :: ဘဲကြီး ~~~ ခင်ဗျားက ချယ်ရီပန်းခက်နဲ...
1M 107K 41
သူ့နာမည်က လမင်းခကြွေ.... king အင်ပါယာရဲ့ တစ်ဦးတည်းသော အမွေဆက်ခံမယ့်သူ.. ကျောက်မျတ်ရတနာလောကမှာတော့ဘုရင်တစ်ပါးလိုပဲ... အားလုံးက တင်စားကြတာတော့ သူကငယ်င...
144K 18.8K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ