Unicode
"ကျွန်တော် သွားမှရတော့မယ် ကိုကိုတို့ စောင့်နေလိမ့်မယ်"
"အွန်း"
ခါးဆီက ဖြေလျော့သွားသော လက်တစ်စုံသည် အားပျော့စွာ။
ရင်ခွင်နွေးနွေးဟာ သူ့ကိုယ်ငယ်နှင့် ဝေးကွာသွားပြီးနောက်တွင် ကသိကအောင့်နိုင်စွာသော အခြေအနေထဲက သူ ပြေးထွက်လာခဲ့တော့သည်။
သူ့ဘက်က ချစ်တယ်မပြောခဲ့သလို လူကြီးဘက်ကလည်း အနားမှာနေပေးပါလို့ပဲ ပြောခဲ့တာ။ အနားမှာနေတယ်ဆိုတာ ညီငယ်တစ်ယောက်လိုလား။ ဒါမှမဟုတ် ချစ်သူလိုလား။
ဘာပဲဖြစ်ဖြစ် နေပေးရမှာပေါ့ အနားမှာ။
လူကြီးအရင် လူကို မေ့နိုင်မဲ့အထိ။
သူ့ကိုချစ်လာမဲ့ အချိန်အထိ။
***
စက်တင်ဘာလသည် မိုး၏ အငွေ့အသက်တို့ အပြည့် လွှမ်းခြုံထားစဲ။ ဆောင်းဦးရာသီ၏ အအေးဓာတ်ပါ ဆင့်ကဲလာသည်မို့ နယ်မြို့လေးဟာ အအေးပိုလို့လာသည်။
သူတို့ငယ်ငယ်ကဆို ညရောက်တိုင်း အေးရသည့်ကြားမှ အစ်ကိုနမ်ဂျွန်က အိမ်ရှေ့က ခုံတန်းရှည်မှာ လှဲလျောင်းပြီး ကြယ်ကြည့်နေတတ်သည်။ မြို့ကြီးပြကြီးလိုမဟုတ်ပါဘဲ လျှပ်စစ်အလင်းရောင်နည်းသည့် နယ်ဒေသမို့ ညညဆိုလျှင် ကောင်းကင်တစ်ခွင်၌ ကြယ်များအပြည့် မြင်နေရသည်။
တလက်လက်နှင့် မှိတ်တုတ်မှိတ်တုတ် ကြယ်တွေကို ကိုကိုက သိပ်သဘောကျတာပဲတဲ့လေ။ သူကတော့ သည်လိုမဟုတ် ကြယ်ကင်းသည့် ကောင်းကင်ပြင်မှာ တစ်ပါးတည်းလင်းနေမဲ့ လရောင်ထိန်ထိန်ကိုသာ နှစ်သက်ခဲ့တာ။
ညစာစားသည့်အချိန် အစ်ကိုနမ်ဂျွန်က သူ့အား အရေးတကြီး စကားပြောစရာရှိသည်ဟု ဆိုခဲ့သဖြင့် အိမ်ရှေ့မှာထိုင်နေသော အစ်ကိုနမ်ဂျွန်ဆီ အဘွားကိုယ်တိုင် ယိုထိုးထားသော မက်မွန်ယိုပန်းကန်ကို ကိုင်ပြီး ထွက်ခဲ့သည်။
"ကိုကို"
"လာ . . ဂျီမင်းလေး"
သူက ဘေးမှာ ဝင်ထိုင်လိုက်သော်လည်း အစ်ကိုနမ်ဂျွန်ကတော့ ကောင်းကင်ပြင်ကို မျက်နှာမူထားမြဲ။
"ဂျီမင်း ငယ်ငယ်က ကြယ်တွေကိုအရမ်းကြိုက်တာလေ ဖေဖေ့ပေါင်ပေါ်ထိုင်ပြီး ဖေဖေက ဂျီမင်းလေးကို ကြယ်တွေတစ်လုံးစီရဲ့ အကြောင်းရှင်းပြတဲ့ အချိန်ဆို ကိုကိုက အမြဲမနာလိုဖြစ်ခဲ့ရတာ"
အစ်ကိုနမ်ဂျွန်က ကောင်းကင်ကို ကြည့်ကာ ပြုံးစစလေးပြော၏။ ယခု၌ပင်တော့ သူတို့၏ အဖေနှင့်အမေဟာ အနှီကောင်းကင်ယံရှိ ကြယ်လေးများထဲက တစ်လုံးလုံးများ ဖြစ်နေမလားဟု အကိုနမ်ဂျွန်က တွေးချင်တွေးနေလောက်သည်။
"ဖေဖေ စိတ်ချမ်းသာအောင် နားထောင်ခဲ့ရတာပါနော် . . အဲ့အချိန်ဆို ကျွန်တော် အမြဲအိပ်ငိုက်တာ ကိုကိုသိသားနဲ့"
"ကိုကိုကတော့ ကြယ်တွေဆီကိုသွားချင်တယ်"
"ကျွန်တော်ကတော့ auroraကြည့်ချင်တယ် မြောက်ဝန်ရိုးစွန်းကို ဖြစ်ဖြစ်ရအောင်သွားပြီး"
"ဒါဆို ကိုကိုလိုက်ပို့မှာပေါ့"
"ကိုကိုနဲ့ မသွားချင်ပါဘူးနော်
ကျွန်တော့်ရဲ့ လက်တွဲဖော်နဲ့ပဲသွားမှာ"
မျက်စောင်းလေးထိုးကာ ခပ်ချွဲချွဲပြောလိုက်တော့ အကိုနမ်ဂျွန်က သူ့နှာခေါင်းလေးအား အသာလေးလာညှစ်၏။
"ဂျီမင်း"
"ဟင်"
"ကိုကိုပြောတာကို သေချာနားထောင်နော်"
"အွန်း"
"ကိုကို့မှာ ချစ်သူရှိနေပြီ"
ရုတ်တရက်မို့ အနည်းငယ် လန့်လို့သွားပေသိ
အစ်ကိုနမ်ဂျွန်အရွယ်မှာ ချစ်သူရှိတာဟာ ဖြစ်သင့်တာပါပဲလေ။
တစ်ခုပါပဲ။ ဟိုဆော့ . . သူသာ သိရင်တော့ ဘယ်လိုများနေလိုက်မလဲ။
"ဘယ်လောက်ကြာပြီလဲ
ဟွန့် . . . တစ်ဦးတည်းသော ညီလေးကိုတောင် အခုမှဘာလို့ပြောတာလဲ"
"ဖွားသိတာတော့ကြာပြီ ဂျီမင်းလေးကိုပြောလိုက်ရင် စိတ်မကောင်းဖြစ်မှာစိုးလို့"
"ကျွန်တော်က နားလည်ပါတယ် ကိုကိုကလည်း"
ဤသို့ဆိုရင်း ဂျီမင်းက မက်မွန်ယိုပန်းကန်ထဲမှ တစ်လုံးအား ခရင်းဖြင့်ထိုးပြီး အစ်ကိုနမ်ဂျွန့်ထံ လှမ်းပေးသည်။
"သူလည်း အလုပ်ကိစ္စနဲ့ ဘူဆန်ရောက်နေတယ် မနက်ဖြန် သူဒီကိုလာမယ်တဲ့"
"ဟင် . . တကယ်ကြီး"
"အွန်း"
အစ်ကိုဖြစ်သူကို သူများလက်ထဲ လွှဲပေးလိုက်ရမှာ အနည်းငယ်တော့ စိတ်ထဲတစ်မျိုးကြီးဖြစ်နေသော်လည်း အစ်ကိုနမ်ဂျွန်က သူ့တို့ မိဘတွေဆုံးပြီးကတည်းက သူတို့ကိုရုန်းကန်ပြီး တာဝန်ယူပေးခဲ့သူမို့ အစ်ကိုနမ်ဂျွန်သာ စိတ်ချမ်းသာမယ်ဆို သူမတားရက်ပါ။
သူ့ သူငယ်ချင်း ဟိုဆော့ကိုတော့ သူနားဝင်အောင်ပြောပေးရလိမ့်မည်။
ကိုကိုရဲ့ စိတ်ကိုသိမ်းပိုက်သွားနိုင်တဲ့ မိန်းကလေးက ဘယ်လိုပုံလေးပါလိမ့် . . .
ညဥ့်လေအေးက ဆောင်ကြဥ်းလာသော ညမွှေးပန်းငယ်တို့ ရနံ့ကြောင့် ဆောင်းဦးညလေးဟာ အေးချမ်းနေသော်ငြား ဂျီမင်း၏ ရင်တွင်းဝယ် တစ်ခုခုအား စိတ်ထင့်နေသလို။
လူကြီးကြောင့် မဟုတ်သလို။
အစ်ကိုနမ်ဂျွန်ကြောင့်လည်း မဟုတ်။
ကောင်းကင်ဆီ မော့ကြည့်တော့ စောစောကတိမ်ကွယ်နေသော လမင်းငယ်ဟာ ပုန်းကွယ်ခြင်းအလျဥ်းမရှိဘဲ သူ့တို့ပေါ်ကို ဖြာကျပေးလာ၏။ ထိုအကြည်ဓာတ်လေးကြောင့်ပဲ သူ့ရင်ထဲအေးရလေသည်။
ထို့အခိုက် တောင်ပေါ်အိမ်ငယ်လေး၏ ပြတင်းကနေ လမင်းငယ်ဆီသို့ မျက်နှာမူထားသော လူတစ်ဦးလည်းရှိ၏။
လက်ထဲက စီးကရက်တစ်လိပ်ဟာ သူ့စိတ်ရှုပ်ထွေးမှုများအား ဖော်ပြနေသယောင်။
သူ ကလေးငယ်ကို ချစ်မိနေပြီဆိုတာ သေချာသည်။ သို့သည့်တိုင် ဆော မည်သော သူ၏တစ်ဦးတည်းသော မိန်းကလေးကိုလည်း မေ့ဖျောက်မရ။ ကလေးငယ်ထံသို့ သူ၏ မပျက်သားသော စိတ်ကြီးဖြင့်လည်း အရောက်မသွားချင်သေး။
ဂျီမင်းကို သူ့အနားနေပေးရန် တောင်းဆိုခဲ့မိသည်မှာ တစ်ကိုယ်ကောင်းဆန်လွန်းမှန်း သူ သိပါသည်။ သို့သည့်တိုင် ကလေးငယ်အား သူနှင့် ခပ်ဝေးဝေးမှာ မထားချင်တာဟာ တစ်ခုတည်းသော အတ္တလေးရယ်ပါ။
ကုန်ခါနီးသော စီးကရက်တိုအား ပြတင်းပေါက်ဘောင်ဖြင့် ဖိကာ မီးသက်လိုက်၏။ အနားက စားပွဲဆီ လျှောက်သွားပြီးနောက် ထိုစားပွဲပေါ်က အပြစ်မရှိလေသော ဓာတ်ပုံငယ်အား မှောက်ချလိုက်တော့သည်။
***
သောကြာနေ့လေး၏ မနက်ခင်းယံဟာ မိုးအုံ့နေသည်။ သည်ပုံစံအတိုင်းသာဆို တစ်နေကုန် မိုးသဲတော့မှာ အသေအချာပင်။
ညနေရောက်မှ မိုးမစဲလျှင် ထယ်ယောင်းဆေးရုံ၌ပဲ အိပ်စက်လိုက်ရလိမ့်မည်။
ကလေးငယ်အနားမှာမရှိသည့် ကြားရက်တွေဟာ သူ့အတွက် ပြဿဒါးတွေသာ။
တောင်ပေါ်မှာတွေ့ခဲ့သည့် အချိန်ဟာ ကလေးငယ်နှင့် နောက်ဆုံးအကြိမ်ဖြစ်ပြီး မနက်တိုင်းအိမ်လေးသို့လာပြီး စက်ဘီးလာယူတိုင်း မျက်နှာလေးပင်မတွေ့ရ။ ညနေ အပြန်စက်ဘီးလာထားတော့လည်း ကျောင်းက ပြန်မလာသေးဟုသာ အစ်ကိုဖြစ်သူက ပြောသည်။
ဒီနေ့ မနက်တော့ တွေ့ခွင့်ရရင် ဘယ်လောက်ကောင်းမလဲ . .
ထိုအတွေးလေးဖြင့် ထယ်ယောင်းဟာ ဂျီမင်းတို့ အိမ်လေးနားသို့ နီးလာလေလေ တွေ့ရပါ့မလားဆိုသည့် စိတ်လေးဖြင့် စိတ်ပူလာလေပင်။ အိမ်ရှေ့ရောက်သည်ထိ အရိပ်အယောင်လေးတောင် မတွေ့ရသေး။
တံခါးမရှိပါသော ခြံငယ်လေးအား ကျူးကျော်ဝင်လာခဲ့သည်။ ခြံထောင့် တံစက်မြိတ်အောက်၌ သော့ခတ်ထားသည့် စက်ဘီးငယ်လေးဆီ ခြေလှမ်းတို့ကို ဦးတည်လိုက်သည်။ သို့သော် ထိုခြေလှမ်းတို့ဟာ ခြံထောင့်က ညမွှေးပန်းရုံနားတွင် ရပ်လို့နေသော အမျိုးသမီးတစ်ယောက်ကြောင့် တုန့်ဆိုင်းသွားရသည်။
အနောက်မှ မြင်ရသည့်တိုင် ရင်းနှီးနေသည့် ကိုယ်ဟန် အနေအထားကြောင့် ထယ်ယောင်းရင်ထဲ ထိတ်ခနဲဖြစ်သွားရသည်။ ထို့ကြောင့် ခေါင်းထဲသို့ ဝင်ရောက်လာသော ရူးကြောင်ကြောင် အတွေးများအား အမြန်ဖယ်ထုတ်လိုက်၏။
သို့သော် သူနှင့် မျက်နှာချင်းဆိုင်သို့ လှည့်လို့လာသော အမျိုးသမီး၏မျက်နှာကြောင့် ထိုတဒင်္ဂ ထယ်ယောင်း နှလုံးအိမ်အတွင်းသို့ ရေခဲမြစ်တစ်စင်း ဖြတ်သန်းသွားသလို ကျင်အေးတောင့်ခဲလာရတော့သည်။
မဟုတ်တာ။ မဖြစ်နိုင်တာ။
မဟုတ်သေးဘူး . . . လုံးဝမဖြစ်သင့်တာ။
ရှေ့က အမျိုးသမီးသည်လည်း ထယ်ယောင်းအား မြင်မြင်ချင်းပင် မျက်နှာပေါ်၌ အံသြသွားဟန်နှင့်အတူ တစ်စုံတစ်ရာသော ခံစားချက်တို့ ရိပ်သန်းလာ၏။
ထယ်ယောင်း နှုတ်ခမ်းလေး လှုပ်ရုံမျှ ခေါ်လိုက်မိသည်။
"ဆော"
တိုးတိုးလေးရယ်။
တကယ့်ကိုမှ တိုးတိုးလေးရယ်သာ။
YIMMY
***
လူကြီးရဲ့သက်ဆိုင်သူကြီးပေါ်လာပါပြီ။🤧
yimmyစောစောupလိုက်ပါတယ် ယော်တောဘွန်းတို့ on:e day2ကိုအေးဆေးကြည့်ရအောင် yimmyလည်း ညနေသင်တန်းတွေရှိတာလည်းပါတယ်။
ဗုဒ္ဓဟူးနေ့ပြန်တွေ့ကြမယ်။
Zawgyi
"ကြၽန္ေတာ္ သြားမွရေတာ့မယ္ ကိုကိုတို႔ ေစာင့္ေနလိမ့္မယ္"
"အြန္း"
ခါးဆီက ေျဖေလ်ာ့သြားေသာ လက္တစ္စုံသည္ အားေပ်ာ့စြာ။
ရင္ခြင္ေႏြးေႏြးဟာ သူ႕ကိုယ္ငယ္ႏွင့္ ေဝးကြာသြားၿပီးေနာက္တြင္ ကသိကေအာင့္နိုင္စြာေသာ အေျခအေနထဲက သူ ေျပးထြက္လာခဲ့ေတာ့သည္။
သူ႕ဘက္က ခ်စ္တယ္မေျပာခဲ့သလို လူႀကီးဘက္ကလည္း အနားမွာေနေပးပါလို႔ပဲ ေျပာခဲ့တာ။ အနားမွာေနတယ္ဆိုတာ ညီငယ္တစ္ေယာက္လိုလား။ ဒါမွမဟုတ္ ခ်စ္သူလိုလား။
ဘာပဲျဖစ္ျဖစ္ ေနေပးရမွာေပါ့ အနားမွာ။
လူႀကီးအရင္ လူကို ေမ့နိုင္မဲ့အထိ။
သူ႕ကိုခ်စ္လာမဲ့ အခ်ိန္အထိ။
***
စက္တင္ဘာလသည္ မိုး၏ အေငြ႕အသက္တို႔ အျပည့္ လႊမ္းၿခဳံထားစဲ။ ေဆာင္းဦးရာသီ၏ အေအးဓာတ္ပါ ဆင့္ကဲလာသည္မို႔ နယ္ၿမိဳ႕ေလးဟာ အေအးပိုလို႔လာသည္။
သူတို႔ငယ္ငယ္ကဆို ညေရာက္တိုင္း ေအးရသည့္ၾကားမွ အစ္ကိုနမ္ဂြၽန္က အိမ္ေရွ႕က ခုံတန္းရွည္မွာ လွဲေလ်ာင္းၿပီး ၾကယ္ၾကည့္ေနတတ္သည္။ ၿမိဳ႕ႀကီးျပႀကီးလိုမဟုတ္ပါဘဲ လွ်ပ္စစ္အလင္းေရာင္နည္းသည့္ နယ္ေဒသမို႔ ညညဆိုလွ်င္ ေကာင္းကင္တစ္ခြင္၌ ၾကယ္မ်ားအျပည့္ ျမင္ေနရသည္။
တလက္လက္ႏွင့္ မွိတ္တုတ္မွိတ္တုတ္ ၾကယ္ေတြကို ကိုကိုက သိပ္သေဘာက်တာပဲတဲ့ေလ။ သူကေတာ့ သည္လိုမဟုတ္ ၾကယ္ကင္းသည့္ ေကာင္းကင္ျပင္မွာ တစ္ပါးတည္းလင္းေနမဲ့ လေရာင္ထိန္ထိန္ကိုသာ ႏွစ္သက္ခဲ့တာ။
ညစာစားသည့္အခ်ိန္ အစ္ကိုနမ္ဂြၽန္က သူ႕အား အေရးတႀကီး စကားေျပာစရာရွိသည္ဟု ဆိုခဲ့သျဖင့္ အိမ္ေရွ႕မွာထိုင္ေနေသာ အစ္ကိုနမ္ဂြၽန္ဆီ အဘြားကိုယ္တိုင္ ယိုထိုးထားေသာ မက္မြန္ယိုပန္းကန္ကို ကိုင္ၿပီး ထြက္ခဲ့သည္။
"ကိုကို"
"လာ . . ဂ်ီမင္းေလး"
သူက ေဘးမွာ ဝင္ထိုင္လိုက္ေသာ္လည္း အစ္ကိုနမ္ဂြၽန္ကေတာ့ ေကာင္းကင္ျပင္ကို မ်က္ႏွာမူထားၿမဲ။
"ဂ်ီမင္း ငယ္ငယ္က ၾကယ္ေတြကိုအရမ္းႀကိဳက္တာေလ ေဖေဖ့ေပါင္ေပၚထိုင္ၿပီး ေဖေဖက ဂ်ီမင္းေလးကို ၾကယ္ေတြတစ္လုံးစီရဲ႕ အေၾကာင္းရွင္းျပတဲ့ အခ်ိန္ဆို ကိုကိုက အၿမဲမနာလိုျဖစ္ခဲ့ရတာ"
အစ္ကိုနမ္ဂြၽန္က ေကာင္းကင္ကို ၾကည့္ကာ ၿပဳံးစစေလးေျပာ၏။ ယခု၌ပင္ေတာ့ သူတို႔၏ အေဖႏွင့္အေမဟာ အႏွီေကာင္းကင္ယံရွိ ၾကယ္ေလးမ်ားထဲက တစ္လုံးလုံးမ်ား ျဖစ္ေနမလားဟု အကိုနမ္ဂြၽန္က ေတြးခ်င္ေတြးေနေလာက္သည္။
"ေဖေဖ စိတ္ခ်မ္းသာေအာင္ နားေထာင္ခဲ့ရတာပါေနာ္ . . အဲ့အခ်ိန္ဆို ကြၽန္ေတာ္ အၿမဲအိပ္ငိုက္တာ ကိုကိုသိသားနဲ႕"
"ကိုကိုကေတာ့ ၾကယ္ေတြဆီကိုသြားခ်င္တယ္"
"ကြၽန္ေတာ္ကေတာ့ auroraၾကည့္ခ်င္တယ္ ေျမာက္ဝန္ရိုးစြန္းကို ျဖစ္ျဖစ္ရေအာင္သြားၿပီး"
"ဒါဆို ကိုကိုလိုက္ပို႔မွာေပါ့"
"ကိုကိုနဲ႕ မသြားခ်င္ပါဘူးေနာ္
ကြၽန္ေတာ့္ရဲ႕ လက္တြဲေဖာ္နဲ႕ပဲသြားမွာ"
မ်က္ေစာင္းေလးထိုးကာ ခပ္ခြၽဲခြၽဲေျပာလိုက္ေတာ့ အကိုနမ္ဂြၽန္က သူ႕ႏွာေခါင္းေလးအား အသာေလးလာညွစ္၏။
"ဂ်ီမင္း"
"ဟင္"
"ကိုကိုေျပာတာကို ေသခ်ာနားေထာင္ေနာ္"
"အြန္း"
"ကိုကို႔မွာ ခ်စ္သူရွိေနၿပီ"
႐ုတ္တရက္မို႔ အနည္းငယ္ လန့္လို႔သြားေပသိ
အစ္ကိုနမ္ဂြၽန္အ႐ြယ္မွာ ခ်စ္သူရွိတာဟာ ျဖစ္သင့္တာပါပဲေလ။
တစ္ခုပါပဲ။ ဟိုေဆာ့ . . သူသာ သိရင္ေတာ့ ဘယ္လိုမ်ားေနလိုက္မလဲ။
"ဘယ္ေလာက္ၾကာၿပီလဲ
ဟြန့္ . . . တစ္ဦးတည္းေသာ ညီေလးကိုေတာင္ အခုမွဘာလို႔ေျပာတာလဲ"
"ဖြားသိတာေတာ့ၾကာၿပီ ဂ်ီမင္းေလးကိုေျပာလိုက္ရင္ စိတ္မေကာင္းျဖစ္မွာစိုးလို႔"
"ကြၽန္ေတာ္က နားလည္ပါတယ္ ကိုကိုကလည္း"
ဤသို႔ဆိုရင္း ဂ်ီမင္းက မက္မြန္ယိုပန္းကန္ထဲမွ တစ္လုံးအား ခရင္းျဖင့္ထိုးၿပီး အစ္ကိုနမ္ဂြၽန့္ထံ လွမ္းေပးသည္။
"သူလည္း အလုပ္ကိစၥနဲ႕ ဘူဆန္ေရာက္ေနတယ္ မနက္ျဖန္ သူဒီကိုလာမယ္တဲ့"
"ဟင္ . . တကယ္ႀကီး"
"အြန္း"
အစ္ကိုျဖစ္သူကို သူမ်ားလက္ထဲ လႊဲေပးလိုက္ရမွာ အနည္းငယ္ေတာ့ စိတ္ထဲတစ္မ်ိဳးႀကီးျဖစ္ေနေသာ္လည္း အစ္ကိုနမ္ဂြၽန္က သူ႕တို႔ မိဘေတြဆုံးၿပီးကတည္းက သူတို႔ကို႐ုန္းကန္ၿပီး တာဝန္ယူေပးခဲ့သူမို႔ အစ္ကိုနမ္ဂြၽန္သာ စိတ္ခ်မ္းသာမယ္ဆို သူမတားရက္ပါ။
သူ႕ သူငယ္ခ်င္း ဟိုေဆာ့ကိုေတာ့ သူနားဝင္ေအာင္ေျပာေပးရလိမ့္မည္။
ကိုကိုရဲ႕ စိတ္ကိုသိမ္းပိုက္သြားနိုင္တဲ့ မိန္းကေလးက ဘယ္လိုပုံေလးပါလိမ့္ . . .
ညဥ့္ေလေအးက ေဆာင္ၾကဥ္းလာေသာ ညေမႊးပန္းငယ္တို႔ ရနံ႕ေၾကာင့္ ေဆာင္းဦးညေလးဟာ ေအးခ်မ္းေနေသာ္ျငား ဂ်ီမင္း၏ ရင္တြင္းဝယ္ တစ္ခုခုအား စိတ္ထင့္ေနသလို။
လူႀကီးေၾကာင့္ မဟုတ္သလို။
အစ္ကိုနမ္ဂြၽန္ေၾကာင့္လည္း မဟုတ္။
ေကာင္းကင္ဆီ ေမာ့ၾကည့္ေတာ့ ေစာေစာကတိမ္ကြယ္ေနေသာ လမင္းငယ္ဟာ ပုန္းကြယ္ျခင္းအလ်ဥ္းမရွိဘဲ သူ႕တို႔ေပၚကို ျဖာက်ေပးလာ၏။ ထိုအၾကည္ဓာတ္ေလးေၾကာင့္ပဲ သူ႕ရင္ထဲေအးရေလသည္။
ထို႔အခိုက္ ေတာင္ေပၚအိမ္ငယ္ေလး၏ ျပတင္းကေန လမင္းငယ္ဆီသို႔ မ်က္ႏွာမူထားေသာ လူတစ္ဦးလည္းရွိ၏။
လက္ထဲက စီးကရက္တစ္လိပ္ဟာ သူ႕စိတ္ရႈပ္ေထြးမႈမ်ားအား ေဖာ္ျပေနသေယာင္။
သူ ကေလးငယ္ကို ခ်စ္မိေနၿပီဆိုတာ ေသခ်ာသည္။ သို႔သည့္တိုင္ ေဆာ မည္ေသာ သူ၏တစ္ဦးတည္းေသာ မိန္းကေလးကိုလည္း ေမ့ေဖ်ာက္မရ။ ကေလးငယ္ထံသို႔ သူ၏ မပ်က္သားေသာ စိတ္ႀကီးျဖင့္လည္း အေရာက္မသြားခ်င္ေသး။
ဂ်ီမင္းကို သူ႕အနားေနေပးရန္ ေတာင္းဆိုခဲ့မိသည္မွာ တစ္ကိုယ္ေကာင္းဆန္လြန္းမွန္း သူ သိပါသည္။ သို႔သည့္တိုင္ ကေလးငယ္အား သူႏွင့္ ခပ္ေဝးေဝးမွာ မထားခ်င္တာဟာ တစ္ခုတည္းေသာ အတၱေလးရယ္ပါ။
ကုန္ခါနီးေသာ စီးကရက္တိုအား ျပတင္းေပါက္ေဘာင္ျဖင့္ ဖိကာ မီးသက္လိုက္၏။ အနားက စားပြဲဆီ ေလွ်ာက္သြားၿပီးေနာက္ ထိုစားပြဲေပၚက အျပစ္မရွိေလေသာ ဓာတ္ပုံငယ္အား ေမွာက္ခ်လိဳက္ေတာ့သည္။
***
ေသာၾကာေန႕ေလး၏ မနက္ခင္းယံဟာ မိုးအုံ႕ေနသည္။ သည္ပုံစံအတိုင္းသာဆို တစ္ေနကုန္ မိုးသဲေတာ့မွာ အေသအခ်ာပင္။
ညေနေရာက္မွ မိုးမစဲလွ်င္ ထယ္ေယာင္းေဆး႐ုံ၌ပဲ အိပ္စက္လိုက္ရလိမ့္မည္။
ကေလးငယ္အနားမွာမရွိသည့္ ၾကားရက္ေတြဟာ သူ႕အတြက္ ျပႆဒါးေတြသာ။
ေတာင္ေပၚမွာေတြ႕ခဲ့သည့္ အခ်ိန္ဟာ ကေလးငယ္ႏွင့္ ေနာက္ဆုံးအႀကိမ္ျဖစ္ၿပီး မနက္တိုင္းအိမ္ေလးသို႔လာၿပီး စက္ဘီးလာယူတိုင္း မ်က္ႏွာေလးပင္မေတြ႕ရ။ ညေန အျပန္စက္ဘီးလာထားေတာ့လည္း ေက်ာင္းက ျပန္မလာေသးဟုသာ အစ္ကိုျဖစ္သူက ေျပာသည္။
ဒီေန႕ မနက္ေတာ့ ေတြ႕ခြင့္ရရင္ ဘယ္ေလာက္ေကာင္းမလဲ . .
ထိုအေတြးေလးျဖင့္ ထယ္ေယာင္းဟာ ဂ်ီမင္းတို႔ အိမ္ေလးနားသို႔ နီးလာေလေလ ေတြ႕ရပါ့မလားဆိုသည့္ စိတ္ေလးျဖင့္ စိတ္ပူလာေလပင္။ အိမ္ေရွ႕ေရာက္သည္ထိ အရိပ္အေယာင္ေလးေတာင္ မေတြ႕ရေသး။
တံခါးမရွိပါေသာ ၿခံငယ္ေလးအား က်ဴးေက်ာ္ဝင္လာခဲ့သည္။ ၿခံေထာင့္ တံစက္ၿမိတ္ေအာက္၌ ေသာ့ခတ္ထားသည့္ စက္ဘီးငယ္ေလးဆီ ေျခလွမ္းတို႔ကို ဦးတည္လိုက္သည္။ သို႔ေသာ္ ထိုေျခလွမ္းတို႔ဟာ ၿခံေထာင့္က ညေမႊးပန္း႐ုံနားတြင္ ရပ္လို႔ေနေသာ အမ်ိဳးသမီးတစ္ေယာက္ေၾကာင့္ တုန့္ဆိုင္းသြားရသည္။
အေနာက္မွ ျမင္ရသည့္တိုင္ ရင္းႏွီးေနသည့္ ကိုယ္ဟန္ အေနအထားေၾကာင့္ ထယ္ေယာင္းရင္ထဲ ထိတ္ခနဲျဖစ္သြားရသည္။ ထို႔ေၾကာင့္ ေခါင္းထဲသို႔ ဝင္ေရာက္လာေသာ ႐ူးေၾကာင္ေၾကာင္ အေတြးမ်ားအား အျမန္ဖယ္ထုတ္လိုက္၏။
သို႔ေသာ္ သူႏွင့္ မ်က္ႏွာခ်င္းဆိုင္သို႔ လွည့္လို႔လာေသာ အမ်ိဳးသမီး၏မ်က္ႏွာေၾကာင့္ ထိုတဒဂၤ ထယ္ေယာင္း ႏွလုံးအိမ္အတြင္းသို႔ ေရခဲျမစ္တစ္စင္း ျဖတ္သန္းသြားသလို က်င္ေအးေတာင့္ခဲလာရေတာ့သည္။
မဟုတ္တာ။ မျဖစ္နိုင္တာ။
မဟုတ္ေသးဘူး . . . လုံးဝမျဖစ္သင့္တာ။
ေရွ႕က အမ်ိဳးသမီးသည္လည္း ထယ္ေယာင္းအား ျမင္ျမင္ခ်င္းပင္ မ်က္ႏွာေပၚ၌ အံၾသသြားဟန္ႏွင့္အတူ တစ္စုံတစ္ရာေသာ ခံစားခ်က္တို႔ ရိပ္သန္းလာ၏။
ထယ္ေယာင္း ႏႈတ္ခမ္းေလး လႈပ္႐ုံမွ် ေခၚလိုက္မိသည္။
"ေဆာ"
တိုးတိုးေလးရယ္။
တကယ့္ကိုမွ တိုးတိုးေလးရယ္သာ။
YIMMY
***
လူႀကီးရဲ႕သက္ဆိုင္သူႀကီးေပၚလာပါၿပီ။🤧
yimmyေစာေစာupလိုက္ပါတယ္ ေယာ္ေတာဘြန္းတို႔ on:e day2ကိုေအးေဆးၾကည့္ရေအာင္ yimmyလည္း ညေနသင္တန္းေတြရွိတာလည္းပါတယ္။
ဗုဒၶဟူးေန႕ျပန္ေတြ႕ၾကမယ္။