ငွေမှိုင်းလင်းဝေ...(ငှမှေိုငျး...

By Han_Me7012

89.9K 7.4K 1.4K

(Zawgyi) နေရယ်...လရယ်....ကြယ်ရယ်... တစ်မိုးအောက်မှာ အတူရှိကြပေမယ့် မင်းတို့နှစ်ယောက်နဲ့ယှဉ်ရင် ပျောက်ကွယ်ပေးရ... More

Author's Note
Intro
Part 1(Zawgyi)
Part 1(Unicode)
Part 2(Zawgyi)
Part 2(Unicode)
Part 3(Zawgyi)
Part 3(Unicode)
Part 4(Zawgyi)
Part 4(Unicode)
Part 5(Zawgyi)
Part 5(Unicode)
Part 6(Zawgyi)
Part 6(Unicode)
Part 7(Zawgyi)
Part 7(Unicode)
Part 8(Zawgyi)
Part 8(Unicode)
AN
Part 9(Zawgyi)
Part 9(Unicode)
Part 10(Zawgyi)
Part 10(Unicode)
Part 11(Zawgyi)
Part 11(Unicode)
Part 12(Zawgyi)
Part 12(Unicode)
Part 13(Zawgyi)
Part 13(Unicode)
Part 14(Zawgyi)
Part 14(Unicode)
Part 15(Zawgyi)
Part 15(Unicode)
Part 16(Zawgyi)
Part 16(Unicode)
Part 17(Zawgyi)
Part 17(Unicode)
Part 18(Zawgyi)
Part 18(Unicode)
Part 19(Zawgyi)
Part 19(Unicode)
Part 20(Zawgyi)
Part 20(Unicode)
Part 21(Zawgyi)
Part 21(Unicode)
Part 22(Zawgyi)
Part 22(Unicode)
Part 23(Zawgyi)
Part 23(Unicode)
Part 24(Zawgyi)
Part 24(Unicode)
Part 25(Zawgyi)
Part 25(Unicode)
Part 26(Zawgyi)
Part 26(Unicode)
Part 27(Zawgyi)
Part 27(Unicode)
Part 28(Zawgyi)
Part 28(Unicode)
Part 29(Zawgyi)
Part 29(Unicode)
Part 30(Zawgyi)
Part 30(Unicode)
Part 31(Zawgyi)
Part 31(Unicode)
Part 32(Zawgyi)
Part 32(Unicode)
Part 33(Zawgyi)
Part 33(Unicode)
Part 34(Zawgyi)
Part 34(Unicode)
Part 35(Zawgyi)
Part 36(Zawgyi)
Part 36(Unicode)
Part 37(Zawgyi)
Part 37(Unicode)
Part 38(Zawgyi)
Part 38(Unicode)
Part 39(Zawgyi)
Part 39(Unicode)
Final (Part 1)(Zawgyi)
Final( part 1)(Unicode)
Final(Part 2)(Zawgyi)
Final(Part 2)(Unicode)
For My Readers❤(Z/U)

Part 35(Unicode)

739 77 10
By Han_Me7012

ညဆယ်နာရီထိုးနေပြီဖြစ်သည်။ ယခုအချိန်အထိ မှိုင်းခေါင်ဝေဦးတစ်ယောက် ပြန်မလာသေးသောကြောင့် ငွေရှိုင်းသည် ဧည့်ခန်းထဲတွင် ရုပ်ရှင်ကြည့်ရင်း ထိုင်စောင့်နေလေသည်။ သူဖုန်းခေါ်ကြည့်သော်လည်း လူကြီးမင်းနှင့်သာ တိုးနေသောကြောင့် ဆက်မခေါ်ဖြစ်။ မှိုင်းခေါင်ရဲ့ဒရိုင်ဘာကို ဖုန်းဆက်ကြည့်မယ်ဟု စဉ်းစားလိုက်သော်လည်း ကားမောင်းနေလျှင် အနှောင့်အယှက် ဖြစ်မည်စိုး၍ ဖုန်းမခေါ်ဖြစ်တော့ပေ။

ဆယ့်ငါးမိနစ်ခန့်ကြာသောအခါတွင် ခြံထဲသို့ ကားဝင်လာသောအသံကို ကြားလိုက်ရသည်။ ငွေရှိုင်းသည် အိမ်တံခါးအဝသို့ ထွက်လာသည်။ ဆင်ဝင်အောက်တွင် ကားရပ်လိုက်သည်နှင့် ဒရိုင်ဘာက အရင်ထွက်လာကာ ကားနောက်ခန်းတံခါးကိုဖွင့်၍ မှိုင်းခေါင်ကို တွဲထုတ်လာသည်။ မှိုင်းခေါင်သည် မတ်မတ်မရပ်နိုင်။ မျက်လုံးလည်း မဖွင့်နိုင်သည့်အပြင် သူ့ခန္ဓာကိုယ်မှာလည်း ယိမ်းထိုးနေသည်။

"ကိုကို သောက်လာတာလား..."

ငွေရှိုင်းရဲ့မေးခွန်းကို ဖြေမည့်သူမရှိသော်လည်း အပြင်အထိပင် လျှံထွက်နေသော အရက်နံ့များကြောင့် လူမှန်းသူမှန်းမသိအောင် မူးလာသည်အထိ သောက်ခဲ့ကြောင်း သိလိုက်သည်။

"လာ..လာ..ကျွန်တော့ကျောပေါ်ကို တင်ပေးလိုက်..."

မှိုင်းခေါင်ရဲ့ သန်မာသော ကိုယ်ခန္ဓာသည် ငွေရှိုင်းရဲ့ကျောကုန်းပေါ်သို့ ရောက်လာသည်။ ကိုယ်လုံးမှာ ပျော့ခွေနေသည်ဖြစ်၍ သယ်ပိုးရခြင်းမှာ နှစ်ဆပိုလေးသော်လည်း ငွေရှိုင်းကတော့ မှိုင်းခေါင်ကိုထမ်းလျှက် အပေါ်ထပ်အထိ ရောက်အောင် တက်ခဲ့သည်။

မှိုင်းခေါင်သည် သူ့ရဲ့မျက်လုံးကို အားကုန်သုံး၍ ဖွင့်ကြည့်လာသည်။ ပထမဆုံးမြင်လိုက်ရသည်မှာ ရွေ့လျားနေသော လှေကားထစ်တွေကို ဖြစ်သည်။ သူကတော့ တစ်စုံတစ်ယောက်ရဲ့ ကျောပြင်ပေါ်တွင် ရှိနေသည်။ နွေးထွေးတယ်လို့ ခံစားရသော ကျောပြင်သည် ရှိုင်းငယ်ရဲ့ကျောပြင်ဖြစ်နေသည်။

*ဒီကောင်လေးက မငယ်တော့ဘူးဘဲ...။ မှိုင်းခေါင်ရဲ့
ကိုယ်ခန္ဓာကို ထမ်းနိုင်တဲ့ အင်အားတွေ သူ့မှာရှိနေပြီ...။

အရင်ကလို သေးသေးညှက်ညှက်နဲ့ ကလေးလေး
မဟုတ်တော့ဘူး။ သူဟာ အရွယ်ရောက်သူ တစ်ယောက် ဖြစ်နေပြီလေ။ ဒီတော့ သူ့နှလုံးသားကလည်း ပိုပြီး ကြီးပြင်းနေခဲ့ပြီပေါ့..။*

ထို့နောက် မှိုင်းခေါင်ရဲ့မျက်လုံးတွေ ပြန်မှိတ်သွားပြန်သည်။ သူ့ခေါင်းထဲမှာ ချာချာလည်အောင် မူးနောက်နေပေမယ့် သူဘာလို့အရက်တွေ သောက်ခဲ့တာလဲ ဆိုတာကိုတော့ မှတ်မိနေသေးသည်။ ဝီစကီက သူ့ရဲ့နာကျင်မှုကို မပျောက်သွားစေဘူး..။ ဒါကို အခုတစ်ခေါက်မှ သူသေချာသိလိုက်ရခြင်းဖြစ်သည်။

ငွေရှိုင်းသည် မှိုင်းခေါင်၏ အခန်းတံခါးကို ခြေထောက်ဖြင့် တွန်းထုတ်ကာ အထဲသို့ ခက်ခက်ခဲခဲဝင်လာရသည်။ မှိုင်းခေါင်နဲ့သူက ခန္ဓာကိုယ်ချင်း သိပ်မကွာဘူး ဆိုပေမယ့်လည်း မှိုင်းခေါင်မှာ အရပ်ပိုရှည်သောကြောင့် တကယ်ကို ခက်ခက်ခဲခဲ သယ်လာရခြင်းဖြစ်သည်။ လှေကားထစ်တွေကို တက်ခဲ့ရသည့် အတွက် သူ့ခြေထောက်တွေလည်း ညောင်းနေသည်။

မှိုင်းခေါင်ကို ကုတင်ပေါ်သို့ တင်ပေးပြီးသောအခါမှ သူအသက်ရှူနိုင်တော့သည်။ ကုတင်ပေါ်တွင်ထိုင်ချကာ အမောဖြေရင်း မှိုင်းခေါင်ကို သူကြည့်နေမိသည်။

"စိတ်ညစ်စရာတွေ ရှိလို့များလား..."

ငွေရှိုင်းအနေနှင့် မှိုင်းခေါင် အရက်သောက်တာကို ယခုမှ ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ ထို့ကြောင့် ငွေရှိုင်းသည် မှိုင်းခေါင်ကို ပို၍စိတ်ပူနေမိသည်။

သူအမောပြေသွားမှ မှိုင်းခေါင်ရဲ့ဖိနပ်တွေ၊ခြေအိတ်တွေကို ချွတ်ပေးလိုက်သည်။ အသက်ရှူချောင်စေရန် အကျႌကြယ်သီး ဖြုတ်ပေးလိုက်သည်။ အဝတ်လဲပေးချင်သော်လည်း သူလုပ်မပေးရဲ...။ လည်ပင်းနှင့် ရင်ဘတ်က ချွေးတွေကိုသာ တဘတ်တစ်ထည်နှင့် သုတ်ပေးလိုက်သည်။ ထို့နောက် မျက်နှာပေါ်ကျနေသော ဆံပင်တွေကို သပ်တင်ပေးပြီး စောင်လေးခြုံပေးလိုက်သည်။

ငွေရှိုင်းထွက်သွားမယ်လုပ်တော့ မှိုင်းခေါင်က ငွေရှိုင်းရဲ့လက်ကို ဆွဲထားသည်။ အားနှင့် ဆွဲလိုက်သောကြောင့် ငွေရှိုင်းရဲ့ခန္ဓာကိုယ်မှာ မှိုင်းခေါင်ကိုယ်ပေါ်သို့ ပြိုကျသွားသည်။ မှိုင်းခေါင်သည် ငွေရှိုင်းရဲ့ ကိုယ်လုံးကို တင်းကြပ်စွာ ဖက်ထားရင်း ဗလုံးဗထွေးပြောလာသည်။

"ရှိုင်း...ရှိုင်းငယ်...ကိုကို့ကို ထားမသွားပါနဲ့...
ကိုကို့ကို တစ်ယောက်တည်း ထားမသွားပါနဲ့..." ဟူ၍...။

ငွေရှိုင်းသည် အလိုက်သင့်လေးနေပေးရင်း
မှိုင်းခေါင်ရဲ့စကားကို ပြန်ဖြေနေမိသည်။

"ကျွန်တော်ရှိတယ်လေ ကိုကို...။
ထားမသွားဘူးနော်...ရှိတယ်နော်"

သူပြောလည်းပြော ၊မှိုင်းခေါင်ရဲ့လက်မောင်းကိုလည်း ခပ်ဖွဖွပုတ်ပေးနေမိသည်။ ထိုအချိန်တွင် မှိုင်းခေါင်တစ်ယောက် လုံးဝ ငြိမ်ကျသွားတော့သည်။ ငွေရှိုင်းသည် သူ့ကိုသိုင်းဖက်ထားသော လက်များပြေလျော့သွားသွားခြင်း မှိုင်းခေါင်ရဲ့ကိုယ်ပေါ်မှ ပြန်ခွာလိုက်သည်။ ထို့နောက် သူသက်ပြင်းချမိသည်။ မှိုင်းခေါင်အိပ်ပျော်သွားပြီဖြစ်၍ သူလည်းအခန်းထဲမှ ပြန်ထွက်လာတော့သည်။

သူ့စိတ်ထဲတွင် လေးလံသွားရသည်မှာ ဘာကြောင့်မှန်းမသိ....။

>>>>>>>

မနေ့ညက သောက်လာတာ များသွားသော်လည်း ပုံမှန်အချိန်မှာပင် မှိုင်းခေါင်နိုးလာရသည်။ သူ့ရဲ့မသိစိတ်က သူ့ကိုနှိုးလိုက်ခြင်းဖြစ်မည်။ကုမ္ပဏီမှာ သူမရှိလို့မဖြစ်ဘူးလေ...။ သူ့ကို စောင့်ကြည့်နေကြသော လူပေါင်းများစွာအတွက် သူ့ဘက်က လုပ်ရမည့်တာဝန်တွေကို တစ်ရက်မှ ပျက်ကွက်လို့မရပါ..။

ခေါင်းထဲတွင် ခပ်ထွေထွေဖြစ်နေသောကြောင့် ကြည်လင်သွားအောင် ရေပါချိုးချလိုက်သည်။ အကုန်လုံးပြင်ဆင်ပြီးသွားသည်နှင့် အောက်ထပ်သို့ဆင်းလာခဲ့သည်။ ရှိုင်းငယ်က ထမင်းစားခန်းထဲတွင် ကြိုရောက်နေသည်။ ကျောက်စားပွဲမှာ မှိုင်းခေါင်ဝင်ထိုင်လိုက်တော့ မှိုင်းခေါင်ရှေ့တွင် ဖန်ခွက်တစ်ခွက်ကို ချပေးလာသည်။

"ကြက်ဥအကာနဲ့ ပျားရည်ရောထားတာ...
hangover အတွက် ကောင်းတယ်ကြားဖူးလို့..
.သောက်လိုက်ပါဦးကိုကို..."

သူတစ်ခါတည်း မော့ချလိုက်သည်။ ရှိုင်းငယ်သည် ပြောင်တလင်းခါသွားသော ဖန်ခွက်ကို ယူပြီး ဘေစင်ထဲတွင် သွားထည့်သည်။ပြီးတော့မှ မှိုင်းခေါင်အရှေ့တွင် ဝင်ထိုင်သည်။

"ကိုကို့မှာ ဘာပြဿနာတွေရှိလို့လဲဟင်...
ကျွန်တော့ကိုပြောပြလို့ရရင် ပြောပြပါလား..။ မနေ့ကလို မူးလာတာမျိုးကိုတော့ ကျွန်တော် သဘောမကျဘူး..
ဒီလိုပြောလို့ စိတ်မဆိုးပါနဲ့...ကျွန်တော်က ကိုကို့ကို စိတ်ပူလို့ပါ..."

မှိုင်းခေါင်သည် ငွေရှိုင်းကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ ဘယ်သူ့ကြောင့် ဒီလိုဖြစ်ရတာလဲလို့လည်း သူ့စိတ်ထဲမှ တိတ်တဆိတ်မေးနေမိသည်။

ပြီးတော့ ပြန်ပြောလိုက်သည်။
ဘာမှမဖြစ်ဘူးဆိုတဲ့ အကြောင်းကို...။

"ဘာမှမဖြစ်ဘူး...ဒီအတိုင်းပဲ
အရမ်းပင်ပန်းလို့ သောက်မိတာ..."

"အလုပ်တွေကို တခြားသူဆီ နည်းနည်းပါးပါး လွှဲထားလို့မရဘူးလား...အဲ့လိုဆိုရင် ကိိုကိုလည်း
သက်သာတာပေါ့..."

ငွေရှိုင်းကတော့ အရိုးခံစိတ်ဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ မှိုင်းခေါင်သည် ဘာမှပြန်မပြောဘဲ သူ့ကိုသာ စိုက်ကြည့်နေသည့် အတွက် သူ့စကား မှားသွားသလားဟုပင် ငွွေရှိုင်းတစ်ယောက် ထင်လိုက်မိသည်။ သူလည်း မှိုင်းခေါင်ကို ပြန်ကြည့်နေမိသော်လည်း အချိန်ခဏ ကြာတော့ အလိုလို အကြည့်လွှဲသွားမိသည်။

*ကိုကို...တစ်ခုခုဖြစ်နေသလိုပဲ...*

မှိုင်းခေါင်ရဲ့နှုတ်မှ ထုတ်မပြောသော်လည်း တစ်ခုခုတော့ ဖြစ်နေသည်ဆိုတာကို သူသိနေခဲ့သည်။ သို့ပေမယ့်လည်း ထပ်ပြီးမမေးရဲပေ။ မဟုတ်တာလုပ်ထားသူ တစ်ယောက်ကဲ့သို့ မလုံမလဲ စိတ်ခံစားချက်မျိုးသာ ဝင်လာနေသည်။

မှိုင်းခေါင်သည် ငွေရှိုင်း သူ့ကို သေချာမကြည့်ရဲသည်ကို မြင်တော့ အပြုံးဖျော့တစ်ခု သူ့မျက်နှာထက်တွင် ထင်ဟပ်လာသည်။

ရှိုင်းငယ်ဟာ တကယ်ကို မလိမ်တတ်သေးဘူး။ မှိုင်းခေါင် သူ့ကို ဘာမှမမေးတာတောင်မှ သူ့ပုံစံက ချောင်ပိတ်မိနေတဲ့ ကြွက်ကလေးတစ်ကောင်လို ဖြစ်နေပြီလေ။

ငွေရှိုင်းရှေ့ကနေ ထွက်လာခဲ့ပြီးနောက် မှိုင်းခေါင်ရဲ့ဦးတည်ရာက ကုမ္ပဏီဆီသို့ဖြစ်သည်။ ရုံးခန်းထဲတွင် တစ်ယောက်တည်း ရှိနေသောအချိန်တွင် မှိုင်းခေါင်သည် အလုပ်နဲ့မပတ်သတ်သော အကြောင်းအရာတစ်ခုကိုသာ အပြင်းအထန် စဉ်းစားနေမိလေသည်။ ထို့နောက် ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်သည်။ မနေ့က သူ့ဆီလာခဲ့သော အမျိုးသားအား ငွေရှိုင်းကို စောင့်ကြည့်နေဖို့အတွက် သူထပ်ပြောဖြစ်သည်။

အရင်အချိန်တုန်းကသာဆိုလျှင် ဓာတ်ပုံတွေကိုမြင်ပြီးသည်နှင့် ငွေရှိုင်းနဲ့အလင်းဝေတို့ကို ပြဿနာသွားရှာမိမည်ဖြစ်သော်လည်း အခုတော့ သူငြိမ်နေလိုက်သည်။ ဒါပေမယ့် မှိုင်းခေါင်ရဲ့ခေါင်းထဲမှာ ဘာအတွေးမှ ရှိမနေတာတော့ မဟုတ်ပါ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး သူတစ်ခုခုတော့ လုပ်ရပါလိမ့်မည်။

>>>>>>>>>>>>>>

အင်းလျားကန်ဘောင်တွင် ဖြစ်သည်။

ကန်ဘောင်ပေါ်ရှိ ခုံတန်းလေးတစ်ခုပေါ်တွင် ငွေရှိုင်းနှင့်အလင်းဝေတို့ ထိုင်နေကြသည်။ ငွေရှိုင်းရဲ့မျက်နှာက မကောင်းသောကြောင့် အလင်းဝေလည်းငြိမ်နေမိသည်။ သူတို့နှစ်ယောက်စလုံး ရေပြင်ကျယ်ကြီးကို အကြောင်းအရင်းမရှိဘဲ အကြာကြီးငေးကြည့်နေခဲ့ကြသည်။

ထိုအချိန်တွင် အလင်းဝေသည် ငွေရှိုင်းရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး လက်ချောင်းအချင်းချင်း ယှက်သွယ်လ်ိုက်သည်။ ငွေရှိုင်းတစ်ယောက် သူ့ကိုကြည့်လာသောအခါတွင်တော့ အလင်းဝေသည် ငွေရှိုင်းရဲ့ လက်ဖမိုးကိုယူပြီး သူ့ပါးပေါ်တွင် အပ်ထားလိုက်တော့သည်။

"လူတွေရှိနေတယ်လေ.."

ငွေရှိုင်းရဲ့စကားကို သူပြုံးရင်းပြန်ဖြေလိုက်သည်။

"အကုန်လုံးက သူတို့အာရုံနဲ့သူတို့ပါ.
.ငါတို့ကိုကြည့်မနေပါဘူး" ဟူ၍...။

ငွေရှိုင်းသည် ဖျော့တော့စွာဖြင့် ပြန်ပြုံးပြလာပြီးနောက် ကန်ဘက်သို့ပြန်လှည့်သွားပြီး သက်ပြင်းချလိုက်သည်။

ဒါကို မြင်လိုက်ရသော အလင်းဝေက...

"မင်းစိတ်နဲ့ လူနဲ့မကပ်သလိုပဲနော်.ဘာဖြစ်နေတာလဲ.." လို့ မေးတော့ ငွေရှိုင်းသည် ခေါင်းသာ ခါပြလေသည်။ အလင်းဝေက အတင်းအကြပ်မေးသောအခါကျမှ ဖွင့်ပြောပြလာတော့သည်။

"ကိုကို ဒီရက်ပိုင်းထူးဆန်းနေတယ်.."

Angry birdအနီကောင်ရဲ့အကြောင်းကိုတော့ အလင်းဝေမသိချင်သော်လည်း ငွေရှိုင်းတစ်ယောက် ရင်ထဲပေါ့သွားစေလိုငြား စကားဆက်ပေးမိသည်။

"ဘယ်လိုမျိုး ဖြစ်နေလို့လဲ..."

"ဘယ်လိုမျိုးလဲဆိုတော့ သူတစ်ခါမှ
မသောက်ဖူးတဲ့အရက်တွေ သောက်လာတာ..

ကိုကိုက သူစိတ်ညစ်နေတဲ့အခါတို့ တွေးစရာရှိနေတဲ့အခါမျိုးတို့ ဆိုရင်တောင် ကောင်းကင်ကိုပဲ မညည်းမညူငေးတတ်တာလေ...
အရက်တော့မသောက်ဘူး...အဲ့တာကြောင့် ငါသူ့ကိုစိတ်ပူမိတယ်.."

"မင်းတို့က ညီအစ်ကိုတွေပဲလေ...
နည်းနည်းပါးပါမေးကြည့်ပေါ့"

ငွေရှိုင်းရဲ့မျက်နှာက ညှိုးကျသွားသည်။
ပြီးတော့ သက်ပြင်းလေး ရှိုက်ချပြန်သည်။

"မေးပါတယ်...သူငါ့ကိုမယုံလို့ထင်တယ်..ဘာမှမပြောဘူး "

"ငါတစ်ခုတော့မေးမယ်..စိတ်မဆိုးနဲ့နော်..
မင်းတို့နှစ်ယောက်က ညီအစ်ကိုအရင်းရောဟုတ်ရဲ့လား.."

အလင်းဝေရဲ့အမေးကိုကြားတော့ ငွေရှိုင်းရဲ့မျက်နှာက
သိသိသာသာ ပျက်သွားလေသည်။ သူတို့နှစ်ယောက် ညီအစ်ကိုအရင်း မဟုတ်တာကို လူရင်းတွေလောက်ဘဲ သိကြတာ။ ပြီးတော့ အဲ့ဒီလူရင်းတွေကလည်း နှုတ်လုံလို့ သူတို့အကြောင်းတွေ အပြင်ကို နည်းနည်းလေးတောင် သတင်းမပြန့်ခဲ့တာလေ။ အခုအလင်းဝေက မေးလာတယ်ဆိုမှတော့ သူ့မှာညာလည်းမညာချင်၊အမှန်အတိုင်းလည်းမပြောချင်နှှင့် အခက်တွေ့ရသည်။ သူ့ကိုယ်သူ ဦးမင်းခေါင်ဦးရဲ့သွေးသားရင်းချာတစ်ယောက် ၊မှိုင်းခေါင်ရဲ့ညီအရင်းလေး တစ်ယောက်အဖြစ်သာ ခံယူထားခဲ့တာကိုး...။

"မင်းအဖေက မင်းကို ဘာမှ မပြောပြဘူးလား..."

သူ့ဘက်က ပြန်မေးလိုက်တော့
မျက်နှာပျက်သွားရသူက အလင်းဝေဖြစ်သည်။

"ငါ့အဖေက ဘာကိုပြောပြရမှာလဲ..."

"အခုနက မင်းမေးတာကိုလေ..."

အလင်းဝေက ခေါင်းခါပြသည်။ တကယ်လည်း သူ့အဖေနဲ့သူက စကားသုံးလေးခွန်းပြည့်သည်အထိ တစ်ထိုင်တည်းပြောခဲ့ဖူးတာ မဟုတ်တော့ ငွေရှိုင်းတို့အကြောင်းကို သူဘာမှမသိ။ သူ့ဘက်က မေးခဲ့ရင်ရော ပြောပြလိမ့်မလား..ဆိုတာလည်း မသေချာပေ။

အလင်းဝေထံမှ အရွဲ့တိုက်လိုသော ရယ်သံသာ ထွက်လာသဖြင့် "ဒါဆိုရင် ဦးထက်လင်းက သူ့သားကို တစ်စွန်းတစ်စတောင် မပြောခဲ့ဖူးဘူးပေါ့.."ဟူ၍ ငွွေရှိုင်းတွေးလိုက်မိလေသည်။

"သူက နှုတ်အရမ်းလုံတဲ့သူမို့ မင်းဘာမှမသိရတာဖြစ်မယ်...
ပြီးတော့ ငါက မွေးစားသားဆိုတာလည်း ပြောပြလို့ကောင်းတဲ့ အကြောင်းအရာမှ မဟုတ်တာ..."

ကန်ဘက်သို့ငေးနေသော ငွေရှိုင်းကို အလင်းဝေတစ်ယောက် ပြန်ငေးကြည့်နေမိသည်။ အဲ့ဒီအချိန်တစ်ခဏလေး အတွင်းမှာပဲ သူ့ဘက်က မရှင်းမလင်းဖြစ်နေခဲ့သော ပဟေဠိများအားလုံး အဖြေပေါ်သွားခဲ့ပြီဖြစ်သည်။

အလင်းဝေ၏မျက်နှာထက်တွင် အပြုံးရိပ်တစ်ခုသမ်းလာသော်လည်း ထိုအပြုံးသည် ကျေနပ်ဖွယ်ရာကောင်းသော အပြုံးမျိုးတော့ မဟုတ်ခဲ့ပေ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Love you all❤
Han_Me
(910.2020)






Continue Reading

You'll Also Like

2.8K 113 24
မင်းခန့်ပိုင် × ရှင်းသန့်ပိုင် " ကိုကြီး ခံစားမိနေတယ် ရှင်းသန့်။ ဒီအချစ်က အရမ်းကြီးမားတာကိုခံစားမိတယ်။ ရင်ထဲပြည့်ကျပ်လွန်းနေတဲ့ဒီအချစ် ဒီမေတ္တာက သေရာ...
201K 3.4K 24
"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"
342K 27.2K 34
punishment type ပါ။ အဆင်ပြေမှဖတ်ပါ။
615K 48.9K 52
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}