Non Romantic System(Completed)

Autorstwa bobo_poompat

478K 28.9K 972

ျမတ္ႏိုးတယ္ဆိုတာထက္ပိုေသာစကားမ်ား႐ွိလ်ွင္ ထိုလူသားကိုသာထပ္ေျပာပါမည္..... မြတ်နိုးတယ်ဆိုတာထက်ပိုသောစကားများရှိ... Więcej

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Note
Part-10
Part-11
Part-12
Part-13
Part -14
Part-15
Part-16
Part-17
Part-18
Note
Part-19
Part-20
Part-21
International Lesbian Day♥
Part-22
Part-24
Part-25
Part-26
Part-27
Part-28
Wedding's Post
Part-29
Part-30(Final Part)
Extra-1

Part-23

12.7K 766 41
Autorstwa bobo_poompat

Zawgyi

လူတိုင္းရဲ႕ရင္ထဲမွာသြားထိလို႔မရတဲ့ေနရာ႐ွိတယ္
Ar-T

"ေယာေလးေရ ေယာပိစိေလးေရ "

ဆိုဖာေပၚမွာ ဖုန္းသံုးေနတဲ့လူေဘးနားကိုကပ္ရင္း တေယာတည္း ေယာေနတဲ့ ဆတ္သာကို  မ်က္စိတစ္ခ်က္ေဆြၾကည့္ရင္း ေယာ ျပန္ေျဖ၏။

"ဟုတ္ကဲ့ အမိန္႔႐ွိပါ"

ဆတ္သာရဲ႕လက္ထဲမွာ ႏို႔ခြက္တစ္ခြက္ကို ကိုင္ထားသည္။

"ေယာေရ ႏြားႏို႔ေသာက္ရေအာင္။ မလိုင္ဖက္ေလးေတြလည္း အျပည့္ပဲ"

ဖုန္းကေန အၾကည့္မခြာပဲ ​ေယာျပန္ေျဖ၏။

"အြန္း ပိုက္ေလးတပ္ေပးေလ"

ဆတ္သာ ဆူေဆာင့္ေဆာင့္နဲ႔ ေျပာလိုက္မိသည္။

"ႏို႔ကို ပိုက္နဲ႔ ဘာလို႔ေသာက္မွာလဲ။ခြက္နဲ႔ပဲ ​ေမာ့ေသာက္ေလ"

"အင္း ေပးေပး ေသာက္လိုက္ၿပီေနာ္"

ေျပာရင္းဆိုရင္းနဲ႔ ဆတ္သာလက္ထဲက သိပ္မပူေတာ့တဲ့ ႏြားႏို႔ေႏြးေႏြးေလးကို ေယာ တစ္က်ိဳက္တည္း ေမာ့ခ်လိုက္သည္။ႏႈတ္ခမ္းတစ္ဝိုက္မွာ ေပသြားတဲ့ မလိုင္ဖက္ေတြကိုပါ လ်ွာနဲ႔သပ္လိုက္ၿပီး ခြက္ကို ဆတ္သာဆီ ျပန္ေပးရင္းေျပာလိုက္၏။

"ေက်းဇူးပါ ဆတ္ ။ႏို႔က အေနေတာ္ပဲ။ စိမ့္စိမ့္ေလး"

ဆတ္သာခမ်ာ ေျပာစရာစကားေတြေတာင္ ေပ်ာက္ဆံုးသြားၿပီး ပါးစပ္အေဟာင္းသားျဖစ္သြား၏။
ဆတ္သာ စီစဥ္ထားတာက အခုလိုမ်ိဳးမဟုတ္။မေန႔ညက ဆတ္သာရဲ႕UKက သူငယ္ခ်င္းတစ္ေယာက္က
Instagram မွာ လူ႐ွစ္ေယာက္ကို Tagၿပီး challengeတစ္ခု လုပ္ထားသည္။ထိုလူ႐ွစ္ေယာက္ထဲမွာ ဆတ္သာလည္း အပါအဝင္ျဖစ္သည္။challengeကေတာ့ ရိုး႐ိုးေလးပါပဲ။ [မင္းတို႔က ရည္းစား႐ွိတဲ့သူေတြမို႔လို႔ ဒီchallengeကို လက္ခံလိုက္ပါ]တဲ့ ။ သူ႔ေကာင္မေလးရဲ႕ ႏႈတ္ခမ္းမွာေပေနတဲ့ ႏြားႏို႔ေလးေတြကို လက္နဲ႔ဖယ္ေပးၿပီး ႐ိုက္ထားတဲ့ပံုနဲ႔ပင္။

ကေလးကလားဆန္သလို ခံစားရတယ္မဟုတ္လား။ ဆတ္သာလည္း ထိုနည္းတူပါပဲ။ ဒါေပမယ့္ ဆတ္သာရဲ႕ အက်င့္တစ္ခု႐ွိတယ္။အဲ့တာက ဘယ္အရာကိုမွ အ႐ွံုးမေပးခ်င္တာ။႐ွံုးတာကို အ႐ိုးထဲထိစိမ့္ေနေအာင္ မုန္းတာေၾကာင့္ challengeကို ဆတ္သာ လက္ခံလိုက္သည္။ အခုေတာ့ ဒင္းေလးက လူကိုေတာင္ အာရံုမစိုက္ပဲ ဖုန္းကေနကို အၾကည့္မခြာဘူး။

ဆတ္သာရဲ႕ ေမွာင္မည္းေနတဲ့မ်က္ႏွာကို ​ေယာသတိမထားမိပဲ ဖုန္းကိုဆက္သံုးေနသည္။

"အာ့ ဘာလုပ္တာလဲ"

လက္ထဲကဖုန္းကို ႐ုတ္တရက္ႀကီး အလုခံလိုက္ရတာေၾကာင့္ ေယာ ေၾကာင္အသြားၿပီး ဖုန္းကို ျပန္ဆြဲယူလိုက္မိသည္။
ေယာဆီကို ​ေလဆာအၾကည့္ေတြ ထုတ္လႊတ္ေနၿပီး
လက္ပိုက္ထားရင္း မထီတထီမ်က္ႏွာထားန ဲ႔ဆတ္သာ ေျပာလိုက္၏။

"ကိုယ့္ထက္ အဲ့ဖုန္းထဲကလူေတြက ပိုအေရးပါတယ္ေပါ့။အဲ့ မလွမပပံုေတြပဲ ျကည့္ေနတယ္။အဲ့တေယာက္ကိုလည္းၾကည့္ဦး blonde hairနဲ႔။ေတာ္ေတာ္ေလးလွေနတာပဲ"

ကိုယ့္ဘာသာ ကိုယ့္idolရဲ႕ liveကိုၾကည့္ေနတုန္း ေဘးကေန မဆီမဆိုင္လာၿပီး blameေနတဲ့ ဆတ္သာကို ​ေယာ အၾကည့္စူးစူးနဲ႔ ျပန္ၾကည့္ၿပီးေျပာလိုက္၏။

"သူ႔ဘာသာblonde ပဲ hair hair မblonde ပဲhair hair ခြန္ဆတ္သာ အပူဘာပါလဲ"

ဆတ္သာလည္း ခပ္တည္တည္နဲ႔ေျပာ၏။

"သူနဲ႔ေတာ့မဆိုင္ဘူး။ ဒါေပမယ့္ မင္းနဲ႔ေတာ့ဆိုင္တယ္။အဲ့အူေၾကာင္ေၾကာင္ဆံပင္အေရာင္နဲ႔ idolနဲ႔ ကိုယ္နဲ႔ ဘယ္သူပိုအေရးပါလဲ"

မင္းဆိုတဲ့ နာမ္စားကို မာန္ပါပါနဲ႔ သံုးလိုက္တဲ့အျပင္ ကိုယ့္idolကို အူေၾကာင္ေၾကာင္လို႔ အေျပာခံရေတာ့ ေယာရဲ႕ေဒါသေတြက ေရဆူမွတ္ကို ေရာက္လာသည္။  သာမာန္လူေျပာရင္ ဘာမွေထြေထြထူးထူးမခံစားရပဲ ဒီအတိုင္း ေဘးမဲ့ေပးလိုက္မည္ျဖစ္ေသာ္လည္း  ကိုယ္အယံုၾကည္ရဆံုး သူကအခုလိုေျပာလာေတာ့ ဝမ္းနည္းတာေရာ ေဒါသထြက္တာေရာကို တစ္ၿပိဳင္တည္းခံစားလိုက္ရၿပီး

"ခြန္ဆတ္သာကို အခုေလာက္ ကေလးဆန္မယ္မထင္ထားဘူး။ fan girl ကိုႀကိဳက္ရင္ေတာ့ ဒီကိစၥေတြက နားလည္ေပးရမွာပဲ။ ဘယ္သူ႔ကို ပိုခ်စ္လဲေမးေနဖို႔မလိုဘူး။ ေမးေနတယ္ဆိုတည္းက ေယာကိုမယံုၾကည္လို႔ပဲ။ လူတိုင္းကblameခ်င္ေနတဲ့fan girl lifeကို အခုလို ခြန္ဆတ္သာဆီကပါ အသိအမွတ္ျပဳမခံရဘူးလို႔ မထင္ထားဘူး"

ေျပာရင္းနဲ႔အသံေတြပါတုန္လာတဲ့ ​ေယာကိုၾကည့္ၿပီး ဆတ္သာ မွားသြားမွန္းသိလိုက္သည္။

"မဟုတ္ဘူးေလ ေယာ ။ ကိုယ္ေျပာခ်င္တာက"

ဆတ္သာေျပာတာကို နားမေထာင္ပဲ ေယာ လြယ္အိတ္ေကာက္လြယ္ၿပီး ထြက္သြားသည္။ဆတ္သာ ျပာျပာသလဲလိုက္ၿပီး
ေခ်ာ့ေပမယ့္ ေယာကTaxiေပၚကို တတ္သြားၿပီျဖစ္တယ္။
ကြန္ဒိုေ႐ွ႕မွာက်န္ခဲ့တဲ့ ဆတ္သာတေယာက္ ဆံပင္ေတြကို သပ္တင္ရင္း ေရရြတ္လိုက္၏။

"ကိုယ္ေတာင္းပန္ပါတယ္ ေယာရယ္"

ကေတာင္ "

messageဝင္လာတာေၾကာင့္ ဆတ္သာ ဖုန္းကိုဖြင့္ၾကည့္လိုက္သည္။

(အစုတ္ပလုတ္ခြန္ဆတ္သာ😡 ခ်ီးထုပ္ခြန္ဆတ္သာ💩 )
(ၾကည့္ေန...အဲ့မႀကိဳက္ဖူးဆိုတဲ့blonde hairကိုဆိုးျပဦးမယ္🐸)

ေယာရဲ႕ meaageကိုၾကည့္ၿပီး ဆတ္သာ အသံထြက္တဲ့အထိ ရယ္လိုက္မိသြားသည္။

"ဘယ္လိုလူက စိတ္ေကာက္ေနတာေတာင္ အဲ့လိုခ်စ္ဖို႔
ေကာင္းေအာင္ ​ေကာက္တတ္ရတာလဲ"

ေျပာရင္းနဲ႔ဆတ္သာလည္း messageေလးတစ္ေစာင္ ျပန္ဖို႔လိုက္သည္။

(ဟုတ္ၿပီ။ ဒီကခ်ီးထုပ္ျကီးဆတ္သာက ​ေယာေလးကို ေတာင္းပန္ပါတယ္ေနာ္ ။ေယာေလးက ဘာေနေန ခ်စ္ဖို႔ေကာင္းတာ ကိုယ္ယံုတယ္။
အာဘြားအႀကီးႀကီးကျပ ​ေလထဲကေနေပးလိုက္ၿပီ ။ဖမ္းလိုက္ပါေယာေလး မြခ်ိ^^)

ေစာနက ေမ်ာက္မိႈင္မိႈင္ေနတာ သူမွဟုတ္ရဲ႕လား ေမးရေလာက္တဲ့အထိ ဆတ္သာျပံဳးၿဖီးၿပီး ကြန္ဒိုေပၚျပန္တတ္သြား၏။

ဒီလိုပါပဲ ခ်စ္သူကစိတ္ညိဳညင္ရင္
ဒီလူက ကမၻာပ်က္မတတ္ခံစားရၿပီး
ခ်စ္သူရဲ႕ စကားေလးတစ္ခြန္းေလးေၾကာင့္လည္း ဒီလူကို အတိုင္းအဆမ႐ွိ ေပ်ာ္ရႊင္ေစတယ္။

******

ထပ္ၿပီး ၾကာၾကာေနရင္ ပိုဆိုးၿပီး ႐ိႈက္ႀကီးတငင္ငိုမိေတာ့မွာကို သိလို႔ ေယာ ထြက္လာလိုက္ျခင္းပင္။ ေယာကို မ်က္ရည္က်ေအာင္လုပ္မိတာက ဆတ္သာကိုယ္တိုင္ျဖစ္ေနရင္ ဆတ္သာဘယ္ေလာက္ေတာင္ ဝမ္းနည္းေနမလဲဆိုတာ ေယာ ေကာင္းေကာင္းႀကီး သေဘာေပါက္သည္။

Taxi ေပၚတတ္သြားၿပီးေတာ့မွ အေနာက္မွာက်န္ခဲ့တဲ့ ဆတ္သာကိုၾကည့္ၿပီး စိတ္ေတြေပ်ာ့က်သြားသည္။ဒီအတိုင္းႀကီး မတင္မက်နဲ႔ မခံစားေစခ်င္လို႔ စိတ္ဆိုးေနေၾကာင္းသိေအာင္ message ပို႔ေပးလိုက္သည္။ဆတ္သာဆီက ျပန္လာတဲ့replyေၾကာင့္ အသံထြက္တဲ့အထိ တစ္ခ်က္ရယ္လိုက္မိျပီး ပါးစပ္နားရြက္တတ္ခ်ိတ္မတတ္ ျပံဳးေနမိ၏။ ဒါေပမယ့္ ​ေယာက ေခါင္းမာတယ္။ တကယ္ႀကီးပဲ ဆံပင္ကာလာခ်ိန္းဖို႔ ဆံုးျဖတ္ထားသည္။

ေယာ လူယုတ္မာအျပံဳးျပံဳးရင္း ညစ္က်ယ္က်ယ္ေတြးလိုက္၏။

"Blonde hairကိုမ်ား အူေၾကာင္းၾကားနဲ႔တဲ့။ ဟြန္း... အဲ့အူေၾကာင္ၾကားကိုပဲ အျမဲေတြ႔ေနရမယ္ ​ေဒၚႀကီးခြန္ဆတ္သာ"

******

"Oh My God!!!! ေယာ"

ကုမၸဏီကိုဝင္ဝင္ျခင္းပဲ ေမာင္မင္းႀကီးသား ႐ွိန္းဆီကေန အာရံုစိုက္မႈကို အျပည့္အဝရလိုက္ၿပီ။
ေယာ ေဘာက္ဆတ္ဆတ္ျပန္ေျဖ၏။

"ေအးေဟ့ ေယာ ။နင့္သူငယ္ခ်င္း ေယာစႏၵာေမာင္"

႐ွိန္းမ်က္ခံုးတစ္ဖက္ပင့္တင္ရင္း ေမးလိုက္၏။

"MDသိၿပီးၿပီလား"

ေယာကေတာ့ ခပ္ေအးေအးပဲျပန္ေျဖသည္။

"သိတယ္။ ဒါေပမယ့္ မျမင္ေသးဘူး"

"ဟင္ စိတ္ဆိုးထားလို႔လား"

"မဟုတ္ပါဘူး။ေစာေစာစီးစီး ေသြးတတ္ေနမွာဆိုးလို႔ လာမႀကိဳခိုင္းထားတာ"

တကယ္ေတာ့ ေယာ မေန႔ညက ကိစၥတစ္ခုကို သိလိုက္ရျခင္းေၾကာင့္ပင္။

ဆံပင္ကိုကာလာခ်ိန္းၿပီးေတာ့ ေယာေမေမနဲ႔ ေယာေဖေဖကေတာ့ သိပ္အေထြအထူး ဆူတာမ်ိဳးမလုပ္။ဒါေပမယ့္ ဆိုးေဆးရဲ႕အနံ႔က႐ွိေနေသးေတာ့ ​ေယာဘာသာ အိပ္ခန္းထဲဝင္ၿပီးသာ ဖုန္းသံုးေနလိုက္သည္။ ဆတ္သာနဲ႔တြဲေနတာကို အိမ္ကလူေတြကို မေျပာျပရေသးတာေၾကာင့္ သိပ္ၿပီး ေပၚေပၚထင္ထင္မေန။

ကေတာင္~

[Hi ေယာေရ]

Instagram ကေနဝင္လာတဲ့messageကို ေယာ ဖြင့္ၾကည့္လိုက္သည္။

([...]ထဲကစာေတြကEngလိုေျပာထားတာေတြပါ)

IDက deborah12တဲ့ ဆတ္သာရဲ႕UKကသူငယ္ခ်င္းမေလး Deborahျဖစ္တာ
ေၾကာင့္ ​ေယာ စာျပန္လိုက္သည္။Deborahက ဆတ္သာနဲ႔ေယာရဲ႕ဆက္ဆံေရးကို သိထားၿပီးသားျဖစ္သည္။

[Hi Deborah]

[ဆတ္က Tyneရဲ႕ challengeကို လက္ခံထားၿပီး အခုထိမေတြ႔မိေသးလို႔ ေယာနဲ႔မ်ားရန္ျဖစ္ထားတာလားလို႔ ေမးမလို႔ပါ]

ေယာ မ်က္လံုးေတြျပဴးသြားၿပီး ေသခ်ာေမးလိုက္မိသည္။

[ ဘာchallengeလဲ ?ေယာတကယ္မသိဘူး]

[Oh! ခနေစာင့္ေနာ္]

တစ္မိနစ္ေလာက္ၾကာေတာ့ ေယာဆီကို ပံုတစ္ပံုပို႔ေပးလိုက္သည္။ပံုကိုၾကည့္ၿပီးမွ ေယာ ကိုယ့္ေခါင္းကို တစ္ခ်က္ပိတ္ထုလိုက္ၿပီး သက္ျပင္းအ႐ွည္ႀကီး ခ်လိုက္မိ၏။

[ေက်းဇူးတင္ပါတယ္ Deborahရယ္။ ေယာ တကယ္မသိခဲ့တာ ။ ဆတ္အေပၚမွားသြားၿပီ]

[စိတ္မပူပါနဲ႔။ျပန္အဆင္ေျပမွာပါ။ Fighting sweety။ဆတ္က ခင္ဗ်ားေလးကို တကယ္ခ်စ္တာမို႔]

Deborahလည္း ေျပာၿပီးoutသြားသည္။

မေန႔က ေယာလည္းမွားသြားတာအမွန္ပဲဆိုတာ သေဘာေပါက္ၿပီး ဆတ္သာကို ​ေစာေစာစီးစီး ေသြးတတ္ေအာင္မလုပ္ခ်င္ေတာ့ေပ။ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ျပန္ေခ်ာ့ဖို႔လည္း စဥ္းစားထားသည္။ အခုျဖစ္ခဲ့တဲ့ကိစၥေၾကာင့္ အရာရာကို တစ္ဖက္ပိတ္အျမင္နဲ႔မၾကည့္ပဲ သူ႔ဘက္ကိုယ့္ဘက္ မ်ွေအာင္ေတြးေပးရမယ္ဆိုတာ ေယာေရာဆတ္ေရာ ပိုျပီးသေဘာေပါက္သြား၏။

ေယာ အေတြးေတြလက္စသတ္ၿပီး ဓာတ္ေလွကားထဲ ဝင္သြားလိုက္သည္။

******

"Wow "

"ငါအခုျမင္ေနရတာ တကယ္ႀကီးပဲMD ခြန္ဆတ္သာလား"

"တကယ္ လွတယ္ဟ"

ေဘးနားကေန ပြစိပြစိေျပာေနတဲ့ စကားသံေတြကို ျကားေနေပမယ့္ ဆတ္သာကေတာ့ ခပ္တည္တည္ပင္။ ဆတ္သာက ေနသစ္နဲ႔အတူတြဲဝင္လာေတာ့ ဓာတ္ေလွကားထဲကို ဘယ္သူမွ အတူတူလိုက္မဝင္ၾကေတာ့။

"ငယ္ေလး ထူးဆန္းေနပါ့လား"

"ဟားဟား အခ်စ္ရဲ႕စြမ္းအားေလ ကိုကို"

"ဟုတ္ပါၿပီဗ်ာ "

"ကိုကိုလည္း အခ်စ္နဲ႔ေတြ႔ၿပီးမွ ပိုပိုႏုလာသလိုပဲေနာ္ ။ အဟမ္း"

ဆတ္သာရဲ႕ေခါင္းေလးကို မနာေအာင္ေခါက္လိုက္ရင္း ေနသစ္ေျပာ၏။

"ဒီကေလး အကို႔ကိုစေနလိုက္"

မယုလည္း မီးဖြားခြင့္ျပည့္ၿပီမို႔လို႔ ရံုးျပန္ဆင္းေနသလို ဆတ္သာလည္း ႐ွယ္ယာ႐ွင္ေတြရဲ႕ သေဘာတူခ်က္နဲ႔အတူ Managing Directorျဖစ္သြားၿပီ ျဖစ္တာေၾကာင့္ ေယာကို အခ်ိန္တိုင္းေတြ႔ေနရဖို႔ မလြယ္ေတာ့ေပ။အရင္ကေတာ့ ေလးလႊာမွာ အတူတူဆင္းၿပီး ဌာနတူေပမယ့္အခုေတာ့ ဆတ္သာက ငါးလႊာမွာ႐ွိတဲ့ ေနသစ္ရံုးခန္းေဘးနားကို ေရာက္သြားသည္။

ရံုးခန္းထဲေရာက္ေရာက္ျခင္းပဲ ေယာကို ဖုန္းလွမ္းဆက္လိုက္သည္။

"ဟယ္လို... ေယာေလးေရ လြမ္းေနလို႔ စကားေျပာဖို႔ေတာင္ အားမ႐ွိေတာ့ဘူး ။ ျမန္ျမန္လာခဲ့ေနာ္"

ဖုန္းထဲကေန ဆတ္သာရဲ႕ ပ်ားရည္ထဲကို သၾကားထည့္ေမႊထားတဲ့အသံေၾကာင့္ ျကက္သီးေတြေတာင္ ထခ်င္သြား၏။

"Ok ok chargerေလး ေယာ လာခဲ့မယ္။ခနပဲေစာင့္ေနာ္"

ဖုန္းခ်ၿပီးေတာ့ ခ်က္ခ်င္းထသြားတဲ့ ​ေယာကိုၾကည့္ၿပီး ႐ွိန္းလည္း မဆီမဆိုင္ သူ႔ဘဲႀကီး ေနသစ္အေၾကာင္း စဥ္းစားမိသြားသည္။

[ဒီလူႀကီး ငါ့ကိုမနက္ေစာေစာ လာေတြ႔ခိုင္းဖို႔မွာထားရမယ္။ၾကာပါတယ္ သူ မေခၚလည္း ငါကပဲသြားေတြ႔ရတာေပါ့။ ဘဲႀကီးက တီတီတာတာေတြသာ မေျပာတတ္တာ ဂ႐ုစိုက္ေပးတတ္တာကေတာ့ အေဖက်ေနတာပဲမို႔ အခ်စ္ေတြတိုးေနရတာ]

႐ွိန္းေတြးရင္းပဲ အေျပာထက္အလုပ္ကို သက္ေသျပတဲ့အေနနဲ႔ ခ်က္ခ်င္းပဲ ေနသစ္ရံုးခန္းဆီကို သြားလိုက္သည္။

******

ဆတ္သာရဲ႕ ရံုးခန္းတံခါးကို ဖြင့္ၿပီးခ်င္းပဲ ႏွစ္ေယာက္သား စြန္႔အသြားၾကသည္။စကၠန္႔ဝက္ေလာက္ၾကာတဲ့အထိ တိတ္ဆိတ္ၿပီးမွ

"ဟားဟား"

ႏွစ္ေယာက္သား ၿပိဳင္တူရယ္မိသြားသည္။

"ကိုယ့္ပိစိေလးကေတာ့ ဘာေနေန ခ်စ္ဖို႔ေကာင္းေနေတာ့တာပဲကြာ ဟားဟား"

ႏွစ္ေယာက္စလံုး ဆိုဖာမွာထိုင္လိုက္ၾကသည္။

"အူၾကဴးေလး ဆတ္ကလည္း "

ေယာေျပာလိုက္တာ အလကားမဟုတ္။ ဆတ္သာတစ္ေယာက္ အျဖဴေရာင္အက်ႌကို အနက္ေရာင္ကို leatherစကပ္နဲ႔ တြဲဖက္ဝတ္ဆင္ထားျခင္းေၾကာင့္ပင္။ဆတ္သာ အလုပ္စဆင္းတဲ့ေန႔ကစၿပီး စကပ္ဝတ္ဖူးတာ အခုတစ္ေခါက္က ပထမဆံုးျဖစ္သည္။ ေယာက အျမဲလိုလိုစကပ္ဝတ္ဖို႔ တိုက္တြန္းတတ္ေပမယ့္ ဆတ္သာက ေခါင္းမာမာနဲ႔ ဘယ္ေတာ့မွမဝတ္။ ဒါေပမယ့္ မေန႔ကေတာ့ ​ေယာကိုစိတ္ဆိုးေအာင္လုပ္မိလို႔ ျပန္ေခ်ာ့ခ်င္လို႔ ဝတ္လာျခင္းပင္။

ေယာ စကားေတြအမ်ားႀကီး ဆက္မေျပာေတာ့ပဲ ဆတ္သာရဲ႕ႏႈတ္ခမ္းေလးဆီသာ အလည္အပတ္သြားလိုက္သည္။ ႏွစ္ေယာက္သား စိတ္ဆိုးခဲ့ေပမယ့္ အခုေတာ့ သူတို႔မဟုတ္တဲ့အတိုင္း အလွပဆံုးအနမ္းကိုပံုေဖာ္ေနၾကသည္။

အတန္အသင့္ေမာသြားေတာ့မွ ေလကို႐ွဴ႐ိႈက္ရင္း ႏွာဖူးခ်င္းကပ္ထားၾကသည္။

"အား႐ွိသြားၿပီလား ဆတ္"

ေယာအသံက အသက္႐ွဴမဝေသးတဲ့အတြက္ ခပ္အပ္႐ွ႐ွျဖစ္ေနသည္။ဆတ္သာ ညစ္က်ယ္က်ယ္ျပံဳးလိုက္ၿပီး ေျပာ၏။

"အြန္း နည္းနည္းလိုေသးတယ္ "

ရယ္သံလြင္လြင္ေလးေတြကေန ျကာ႐ွည္တဲ့ အနမ္းေတြဆီသို႔ ကူးေျပာင္းသြားသည္။ တစ္ေယာက္ကေတာ့ ရြဲ႕ခ်င္လို႔ဆံပင္အေရာင္ေျပာင္းထားၿပီး တစ္ေယာက္ကေတာ့ စိတ္ဆိုးေျပေအာင္အလိုလိုက္​ေပးထားတယ္။သူတို႔ႏွစ္ေယာက္ၾကားမွာ ဘယ္သူကပိုသာတယ္ ပိုသူက႐ွံုးတယ္ဆိုတာမ်ိဳးလည္း မေတြးမိၾကသလို စကားေတြအမ်ားႀကီးနဲ႔ ႐ွင္းျပေနဖို႔လည္းမလို။ႏွစ္ေယာက္သား အၾကည့္ခ်င္းဆံုၿပီး ရယ္ေမာမိသြားရင္ အရာရာျပည့္စံုသြားၿပီ။ extraအေနနဲ႔ အနမ္းေတြကေတာ့ မပါမျဖစ္ေပါ့။

******

"ေမႀကီးကို အလုပ္ကိစၥနဲ႔အေၾကာင္းျပၿပီး ဆတ္ဆီမွာ အိပ္ဖို႔ေျပာေျပာေနရတာ တကယ္မ်က္ခံုးလႈပ္လာၿပီေနာ္"

ေခါင္အံုးေပၚမ်က္ႏွာေမွာက္ခ်ရင္း ေတြးဆဆေျပာလာတဲ့ ​ေယာကိုၾကည့္ၿပီး ဆတ္သာေျပာ၏။

"အဲ့တာဆို အခုပဲဖြင့္ေျပာလိုက္ၾကရေအာင္"

ေယာ ကျပာကရာေကာက္ထရင္း

"မေနာက္ရဘူးေနာ္။ အဲ့တာေ႐ွာ့ခ္အႀကီးႀကီး"

ထထိုင္လိုက္တဲ့ ​ေယာရဲ႕လက္ကေလးႏွစ္ဖက္ကိုဆြဲယူၿပီး ဆတ္သာ အေလးအနက္ေျပာလာ၏။

"ကိုယ္အတည္ေျပာေနတာ။ ဒီတစ္ပတ္အလုပ္ပိတ္ရက္က်ရင္ ေယာေမေမနဲ႔ေဖေဖဆီမွာ ကိုယ္တို႔ေတြဝန္ခံၾကရေအာင္"

ေယာစိတ္လႈပ္႐ွားသြားၿပီး မ်က္လံုးေလးေတြက လင္းလက္လာေပမယ့္ ခနၾကာေတာ့ ဝမ္းနည္းရိပ္သန္းလာျပန္သည္။ေယာရဲ႕စိတ္ကို အလိုလိုခံစားမိေနတဲ့ ဆတ္သာက ေယာဆံပင္ေလးေတြကို နားရြက္ေနာက္ပို႔ေပးရင္း

"အေတြးေတြမလြန္ပဲ ကိုယ့္ကိုယံုပါ ေယာ။ တကယ္လို႔မ်ား ေယာေမေမတို႔က လက္မခံႏိုင္ဘူးဆိုရင္ေတာင္ ကိုယ္က အသိအမွတ္ျပဳခံရေအာင္ တျဖည္းျဖည္းႀကိဳးစားေပးမယ္။ လက္ေလ်ွာ့မွာလည္း မဟုတ္ဘူး ။ ကိုယ့္ကိုယံုပါ"

ေယာႏွဖူးျပင္ေလးကို တစ္ခ်က္နမ္းလိုက္ၿပီး ဖက္ထားလိုက္ေတာ့ ေယာပိစိဆီက စကားသံေလး ထြက္လာသည္။

"ဆတ္ကိုယံုသလို ေယာကိုလည္း ယံုၾကည္ေပးပါ။ ေယာလည္း ဘယ္ေတာ့မွ လက္ေလ်ွာ့မွာမဟုတ္ဘူး"

"ဟုတ္ၿပီ"

ေယာ လူခ်င္းျပန္ခြာရင္း ဆတ္သာကိုေမးလိုက္သည္။

"ဆတ္ မေန႔ကchallengeေရာ မလုပ္ေတာ့ဘူးလား"

Deborahလက္ခ်က္ဆိုတာ ဆတ္သာ သိလိုက္သည္။

"ေယာေလးက ေပးလုပ္ရင္လုပ္မွာေပါ့"

"ဘာခက္တာမွတ္လို႔လဲ။ ဓာတ္ပံုေလး႐ိုက္ရံုပဲကို"

ဆတ္သာပီတီတီျပံဳးရင္း

"ကိုယ္ကဓာတ္ပံု႐ိုက္ရံုေလာက္နဲ႔ၿပီးပါ့မလား။ ႏႈတ္ခမ္းမွာေပေနတာေလးကို ဟင္းဟင္း"

"ဂါး.... ဘူးသီးႀကီး "

ႏွစ္ေယာက္သား မႀကိဳက္လိုက္ ျပန္႐ိုက္လိုက္ ဟိုဟာျငင္းလိုက္ ဒါျငင္းလိုက္လုပ္ရင္း ေနာက္ဆံုးေတာ့ challenge acceptedလုပ္ႏိုင္ခဲ့သည္။ ျကားထဲမွာ ေယာရဲ႕အက်ႌေပၚ ႏို႔တစ္ခြက္ဖိတ္သြားလို႔ ဆတ္သာရဲ႕ အက်ႌအပြတစ္ထည္ကို ယူဝတ္ထားရေသးသည္။

"ဆတ္နဲ႔ေယာကေနာ္ ႏွစ္ေယာက္စလံုး​ေသာၾကာ ပူးေတြျဖစ္ရက္နဲ႔ အခ်ိန္တိုင္းနီးပါး ကိုက္ေနရတယ္"

"ရန္ျဖစ္တယ္ေလာက္ေတာ့လုပ္ပါ ပိစိရယ္"

"မသိဘူး မသိဘူး ရန္ျဖစ္တာပျဲဖစ္ျဖစ္ ကိုက္တာပဲျဖစ္ျဖစ္အတူတူပဲ"

"ဒါဆိုလည္း ဆက္ကိုက္ရေအာင္ေလ "

ေယာ အူတူတူနဲ႔ေမးလိုက္မိ၏။

"ဘာကိုကိုက္"

စကားမဆံုးခင္ပဲ ​ေယာရဲ႕ႏွားရြက္ဖ်ားေလးကို တတိတိကိုၿပီး ရန္႐ွာတာခံလိုက္ရသည္။ ေယာရဲ႕နားရြက္ေလးကို ကိုက္ရတာေတာ့ ဆတ္သာ တကယ္သေဘာေတြ႔တာ။အဲ့ကတဆင့္မွ လည္ပင္းသားေတြကို ဖိကပ္နမ္းေတာ့ ​ေယာရဲ႕ညည္းသံပိစိေလးကို ျကားရမယ္။အဲ့ခါအခ်ိန္မီ ႏႈတ္ခမ္းေလးကို အမိအရသိမ္းပိုက္လိုက္သည္။ေယာရဲ႕ အထိမခံတဲ့ေနရာေလးေတြကို အတိအက်မွတ္မိေန
ေတာ့ သာယာမႈဆီ ပိုၿပီးေခၚေဆာင္ေပးႏိုင္တာကို ဆတ္သာ သေဘာက်သည္။ ထိေတြ႔လိုက္တဲ့အရာတိုင္းက ႏူးညံ႔ေနၿပီး လိုခ်င္စိတ္ကို ျပင္းျပေအာင္ လွံု႔ေဆာ္ေပးေနသည္။ ေယာရဲ႕ေနရာတိုင္းက ဆတ္သာကို ဆြဲေဆာင္ႏိုင္ၿပီး အသံပိစိေလးကအစ ခံစားမႈကို အဆံုးစြန္ထိပို႔ေပးႏိုင္သည္။

ေမာဟိုက္ေနမႈၾကားကေနေယာရဲ႕လက္ကေလးဖြဖြေလးနမ္း႐ွံု႔ရင္းဆတ္သာေျပာ၏။

"မင္းနဲ႔မွမ႐ူးရင္ ဒီလူ႐ူးစရာအေၾကာင္းမ႐ွိေတာ့ဘူး"

အခ်စ္ကအရာရာကိုဖန္တီးႏိုင္တာမဟုတ္ပဲ  ခ်စ္ေနတဲ့သူက အရာရာတိုင္းကို ဖန္တီးေပးႏိုင္တာပါ။

ေပ်ာ္ရႊင္မႈ....ဝမ္းနည္းမႈ....ၾကည္ႏူးမႈ
အလိုမက်မႈ....သာယာလိႈက္ေမာမႈ....စသည္ျဖင့္ေပါ့။

~~~♥~~~


Blonde hairေလးနဲ႕ေယာ
တကယ္လွတာ❤
cover ေလးchangeထားတယ္ေနာ္❣

ပုံေလးအတြက္ေက်းဇူးအမ်ားႀကီးအမ်ားႀကီးတင္ပါတယ္ ခ်စ္ unniee JXO_SiNအာဘြား 3000 ^^

Unicode

လူတိုင်းရဲ့ရင်ထဲမှာသွားထိလို့မရတဲ့နေရာရှိတယ်
Ar-T

"ယောလေးရေ ယောပိစိလေးရေ "

ဆိုဖာပေါ်မှာ ဖုန်းသုံးနေတဲ့လူဘေးနားကိုကပ်ရင်း တယောတည်း ယောနေတဲ့ ဆတ်သာကို မျက်စိတစ်ချက်ဆွေကြည့်ရင်း ယော ပြန်ဖြေ၏။

"ဟုတ်ကဲ့ အမိန့်ရှိပါ"

ဆတ်သာရဲ့လက်ထဲမှာ နို့ခွက်တစ်ခွက်ကို ကိုင်ထားသည်။

"ယောရေ နွားနို့သောက်ရအောင်။ မလိုင်ဖက်လေးတွေလည်း အပြည့်ပဲ"

ဖုန်းကနေ အကြည့်မခွာပဲ ယောပြန်ဖြေ၏။

"အွန်း ပိုက်လေးတပ်ပေးလေ"

ဆတ်သာ ဆူဆောင့်ဆောင့်နဲ့ ပြောလိုက်မိသည်။

"နို့ကို ပိုက်နဲ့ ဘာလို့သောက်မှာလဲ။ခွက်နဲ့ပဲ မော့သောက်လေ"

"အင်း ပေးပေး သောက်လိုက်ပြီနော်"

ပြောရင်းဆိုရင်းနဲ့ ဆတ်သာလက်ထဲက သိပ်မပူတော့တဲ့ နွားနို့နွေးနွေးလေးကို ယော တစ်ကျိုက်တည်း မော့ချလိုက်သည်။နှုတ်ခမ်းတစ်ဝိုက်မှာ ပေသွားတဲ့ မလိုင်ဖက်တွေကိုပါ လျှာနဲ့သပ်လိုက်ပြီး ခွက်ကို ဆတ်သာဆီ ပြန်ပေးရင်းပြောလိုက်၏။

"ကျေးဇူးပါ ဆတ် ။နို့က အနေတော်ပဲ။ စိမ့်စိမ့်လေး"

ဆတ်သာခမျာ ပြောစရာစကားတွေတောင် ပျောက်ဆုံးသွားပြီး ပါးစပ်အဟောင်းသားဖြစ်သွား၏။
ဆတ်သာ စီစဉ်ထားတာက အခုလိုမျိုးမဟုတ်။မနေ့ညက ဆတ်သာရဲ့UKက သူငယ်ချင်းတစ်ယောက်က
Instagram မှာ လူရှစ်ယောက်ကို Tagပြီး challengeတစ်ခု လုပ်ထားသည်။ထိုလူရှစ်ယောက်ထဲမှာ ဆတ်သာလည်း အပါအဝင်ဖြစ်သည်။challengeကေတာ့ ရိုးရိုးလေးပါပဲ။ [မင်းတို့က ရည်းစားရှိတဲ့သူတွေမို့လို့ ဒီchallengeကို လက်ခံလိုက်ပါ]တဲ့ ။ သူ့ကောင်မလေးရဲ့ နှုတ်ခမ်းမှာပေနေတဲ့ နွားနို့လေးတွေကို လက်နဲ့ဖယ်ပေးပြီး ရိုက်ထားတဲ့ပုံနဲ့ပင်။

ကေလးကလားဆန်သလို ခံစားရတယ်မဟုတ်လား။ ဆတ်သာလည်း ထိုနည်းတူပါပဲ။ ဒါပေမယ့် ဆတ်သာရဲ့ အကျင့်တစ်ခုရှိတယ်။အဲ့တာက ဘယ်အရာကိုမှ အရှုံးမပေးချင်တာ။ရှုံးတာကို အရိုးထဲထိစိမ့်နေအောင် မုန်းတာကြောင့် challengeကို ဆတ်သာ လက်ခံလိုက်သည်။ အခုတော့ ဒင်းလေးက လူကိုတောင် အာရုံမစိုက်ပဲ ဖုန်းကနေကို အကြည့်မခွာဘူး။

ဆတ်သာရဲ့ မှောင်မည်းနေတဲ့မျက်နှာကို ယောသတိမထားမိပဲ ဖုန်းကိုဆက်သုံးနေသည်။

"အာ့ ဘာလုပ်တာလဲ"

လက်ထဲကဖုန်းကို ရုတ်တရက်ကြီး အလုခံလိုက်ရတာကြောင့် ယော ကြောင်အသွားပြီး ဖုန်းကို ပြန်ဆွဲယူလိုက်မိသည်။
ယောဆီကို လေဆာအကြည့်တွေ ထုတ်လွှတ်နေပြီး
လက်ပိုက်ထားရင်း မထီတထီမျက်နှာထားနဲ့ ဆတ်သာ ပြောလိုက်၏။

"ကိုယ့်ထက် အဲ့ဖုန်းထဲကလူတွေက ပိုအရေးပါတယ်ပေါ့။အဲ့ မလှမပပုံတွေပဲ ကြည့်နေတယ်။အဲ့တယောက်ကိုလည်းကြည့်ဦး blonde hairနဲ့။တော်တော်လေးလှနေတာပဲ"

ကိုယ့်ဘာသာ ကိုယ့်idolရဲ့ liveကိုကြည့်နေတုန်း ဘေးကနေ မဆီမဆိုင်လာပြီး blameနေတဲ့ ဆတ်သာကို ယော အကြည့်စူးစူးနဲ့ ပြန်ကြည့်ပြီးပြောလိုက်၏။

"သူ့ဘာသာblonde ပဲ hair hair မblonde ပဲhair hair ခွန်ဆတ်သာ အပူဘာပါလဲ"

ဆတ်သာလည်း ခပ်တည်တည်နဲ့ပြော၏။

"သူနဲ့တော့မဆိုင်ဘူး။ ဒါပေမယ့် မင်းနဲ့တော့ဆိုင်တယ်။အဲ့အူကြောင်ကြောင်ဆံပင်အရောင်နဲ့ idolနဲ့ ကိုယ်နဲ့ ဘယ်သူပိုအ​ရေးပါလဲ"

မင်းဆိုတဲ့ နာမ်စားကို မာန်ပါပါနဲ့ သုံးလိုက်တဲ့အပြင် ကိုယ့်idolကို အူကြောင်ကြောင်လို့ အပြောခံရတော့ ယောရဲ့ဒေါသတွေက ရေဆူမှတ်ကို ရောက်လာသည်။ သာမာန်လူပြောရင် ဘာမှ​​ထွေထွေထူးထူးမခံစားရပဲ ဒီအတိုင်း ဘေးမဲ့ပေးလိုက်မည်ဖြစ်သော်လည်း ကိုယ်အယုံကြည်ရဆုံး သူကအခုလိုပြောလာတော့ ဝမ်းနည်းတာရော ဒေါသထွက်တာရောကို တစ်ပြိုင်တည်းခံစားလိုက်ရပြီး

"ခွန်ဆတ်သာကို အခုလောက် ကလေးဆန်မယ်မထင်ထားဘူး။ fan girl ကိုကြိုက်ရင်တော့ ဒီကိစ္စတွေက နားလည်ပေးရမှာပဲ။ ဘယ်သူ့ကို ပိုချစ်လဲမေးနေဖို့မလိုဘူး။ မေးနေတယ်ဆိုတည်းက ယောကိုမယုံကြည်လို့ပဲ။ လူတိုင်းကblameချင်နေတဲ့fan girl lifeကို အခုလို ခွန်ဆတ်သာဆီကပါ အသိအမှတ်ပြုမခံရဘူးလို့ မထင်ထားဘူး"

ပြောရင်းနဲ့အသံတွေပါတုန်လာတဲ့ ယောကိုကြည့်ပြီး ဆတ်သာ မှားသွားမှန်းသိလိုက်သည်။

"မဟုတ်ဘူးလေ ယော ။ ကိုယ်ပြောချင်တာက"

ဆတ်သာပြောတာကို နားမထောင်ပဲ ယော လွယ်အိတ်ကောက်လွယ်ပြီး ထွက်သွားသည်။ဆတ်သာ ပြာပြာသလဲလိုက်ပြီး
ချော့ပေမယ့် ယောကTaxiပေါ်ကို တတ်သွားပြီဖြစ်တယ်။
ကွန်ဒိုရှေ့မှာကျန်ခဲ့တဲ့ ဆတ်သာတယောက် ဆံပင်တွေကို သပ်တင်ရင်း ရေရွတ်လိုက်၏။

"ကိုယ်တောင်းပန်ပါတယ် ယောရယ်"

ကတောင် "

messageဝင်လာတာကြောင့် ဆတ်သာ ဖုန်းကိုဖွင့်ကြည့်လိုက်သည်။

(အစုတ်ပလုတ်ခွန်ဆတ်သာ😡 ချီးထုပ်ခွန်ဆတ်သာ 💩)
(ကြည့်နေ...အဲ့မကြိုက်ဖူးဆိုတဲ့blonde hairကိုဆိုးပြဦးမယ်🐸)

ယောရဲ့ meaageကိုကြည့်ပြီး ဆတ်သာ အသံထွက်တဲ့အထိ ရယ်လိုက်မိသွားသည်။

"ဘယ်လိုလူက စိတ်ကောက်နေတာတောင် အဲ့လိုချစ်ဖို့
ကောင်းအောင် ကောက်တတ်ရတာလဲ"

ပြောရင်းနဲ့ဆတ်သာလည်း messageလေးတစ်စောင် ပြန်ဖို့လိုက်သည်။

(ဟုတ်ပြီ။ ဒီကချီးထုပ်ကြီးဆတ်သာက ယောလေးကို တောင်းပန်ပါတယ်နော် ။ယောလေးက ဘာနေနေ ချစ်ဖို့ကောင်းတာ ကိုယ်ယုံတယ်။
အာဘွားအကြီးကြီးကို လေထဲကနေပေးလိုက်ပြီ ။ဖမ်းလိုက်ပါယောလေး မွချိ^^)

စောနက မျောက်မှိုင်မှိုင်နေတာ သူမှဟုတ်ရဲ့လား မေးရလောက်တဲ့အထိ ဆတ်သာပြုံးဖြီးပြီး ကွန်ဒိုပေါ်ပြန်တတ်သွား၏။

ဒီလိုပါပဲ ချစ်သူကစိတ်ညိုညင်ရင်
ဒီလူက ကမ္ဘာပျက်မတတ်ခံစားရပြီး
ချစ်သူရဲ့ စကားလေးတစ်ခွန်းလေးကြောင့်လည်း ဒီလူကို အတိုင်းအဆမရှိ ပျော်ရွှင်စေတယ်။

******

ထပ်ပြီး ကြာကြာနေရင် ပိုဆိုးပြီး ရှိုက်ကြီးတငင်ငိုမိတော့မှာကို သိလို့ ယော ထွက်လာလိုက်ခြင်းပင်။ ယောကို မျက်ရည်ကျအောင်လုပ်မိတာက ဆတ်သာကိုယ်တိုင်ဖြစ်နေရင် ဆတ်သာဘယ်လောက်တောင် ဝမ်းနည်းနေမလဲဆိုတာ ယော ကောင်းကောင်းကြီး သဘောပေါက်သည်။

Taxi ပေါ်တတ်သွားပြီးတော့မှ အနောက်မှာကျန်ခဲ့တဲ့ ဆတ်သာကိုကြည့်ပြီး စိတ်တွေပျော့ကျသွားသည်။ဒီအတိုင်းကြီး မတင်မကျနဲ့ မခံစားစေချင်လို့ စိတ်ဆိုးနေကြောင်းသိအောင် message ပို့ပေးလိုက်သည်။ဆတ်သာဆီက ပြန်လာတဲ့replyကြောင့် အသံထွက်တဲ့အထိ တစ်ချက်ရယ်လိုက်မိပြီး ပါးစပ်နားရွက်တတ်ချိတ်မတတ် ပြုံးနေမိ၏။ ဒါပေမယ့် ယောက ခေါင်းမာတယ်။ တကယ်ကြီးပဲ ဆံပင်ကာလာချိန်းဖို့ ဆုံးဖြတ်ထားသည်။

ယော လူယုတ်မာအပြုံးပြုံးရင်း ညစ်ကျယ်ကျယ်တွေးလိုက်၏။

"Blonde hairကိုများ အူကြောင်းကြားနဲ့တဲ့။ ဟွန်း... အဲ့အူကြောင်ကြားကိုပဲ အမြဲတွေ့နေရမယ် ဒေါ်ကြီးခွန်ဆတ်သာ"

******

"Oh My God!!!! ယော"

ကုမ္ပဏီကိုဝင်ဝင်ခြင်းပဲ မောင်မင်းကြီးသား ရှိန်းဆီကနေ အာရုံစိုက်မှုကို အပြည့်အဝရလိုက်ပြီ။
ယော ဘောက်ဆတ်ဆတ်ပြန်ဖြေ၏။

"အေးဟေ့ ယော ။နင့်သူငယ်ချင်း ယောစန္ဒာမောင်"

ရှိန်းမျက်ခုံးတစ်ဖက်ပင့်တင်ရင်း မေးလိုက်၏။

"MDသိပြီးပြီလား"

ယောကတော့ ခပ်အေးအေးပဲပြန်ဖြေသည်။

"သိတယ်။ ဒါပေမယ့် မမြင်သေးဘူး"

"ဟင် စိတ်ဆိုးထားလို့လား"

"မဟုတ်ပါဘူး။စောစောစီးစီး သွေးတတ်နေမှာဆိုးလို့ လာမကြိုခိုင်းထားတာ"

တကယ်တော့ ယော မနေ့ညက ကိစ္စတစ်ခုကို သိလိုက်ရခြင်းကြောင့်ပင်။

ဆံပင်ကိုကာလာချိန်းပြီးတော့ ယောမေမေနဲ့ ယောဖေဖေကတော့ သိပ်အထွေအထူး ဆူတာမျိုးမလုပ်။ဒါပေမယ့် ဆိုးဆေးရဲ့အနံ့ကရှိနေသေးတော့ ယောဘာသာ အိပ်ခန်းထဲဝင်ပြီးသာ ဖုန်းသုံးနေလိုက်သည်။ ဆတ်သာနဲ့တွဲနေတာကို အိမ်ကလူတွေကို မပြောပြရသေးတာကြောင့် သိပ်ပြီး ပေါ်ပေါ်ထင်ထင်မနေ။

ကတောင်~

[Hi ယောရေ]

Instagram ကနေဝင်လာတဲ့messageကို ယော ဖွင့်ကြည့်လိုက်သည်။

([...]ထဲကစာတွေကEngလိုပြောထားတာတွေပါ)

IDက deborah12တဲ့ ဆတ်သာရဲ့UKကသူငယ်ချင်းမလေး Deborahဖြစ်တာ
ကြောင့် ယော စာပြန်လိုက်သည်။Deborahက ဆတ်သာနဲ့ယောရဲ့ဆက်ဆံရေးကို သိထားပြီးသားဖြစ်သည်။

[Hi Deborah]

[ဆတ်က Tyneရဲ့ challengeကို လက်ခံထားပြီး အခုထိမတွေ့မိသေးလို့ ယောနဲ့များရန်ဖြစ်ထားတာလားလို့ မေးမလို့ပါ]

ယော မျက်လုံးတွေပြူးသွားပြီး သေချာမေးလိုက်မိသည်။

[ ဘာchallengeလဲ ?ယောတကယ်မသိဘူး]

[Oh! ခနစောင့်နော်]

တစ်မိနစ်လောက်ကြာတော့ ယောဆီကို ပုံတစ်ပုံပို့ပေးလိုက်သည်။ပုံကိုကြည့်ပြီးမှ ယော ကိုယ့်ခေါင်းကို တစ်ချက်ပိတ်ထုလိုက်ပြီး သက်ပြင်းအရှည်ကြီး ချလိုက်မိ၏။

[ကျေးဇူးတင်ပါတယ် Deborahရယ်။ ယော တကယ်မသိခဲ့တာ ။ ဆတ်အပေါ်မှားသွားပြီ]

[စိတ်မပူပါနဲ့။ပြန်အဆင်ပြေမှာပါ။ Fighting sweety။ဆတ်က ခင်ဗျားလေးကို တကယ်ချစ်တာမို့]

Deborahလည်း ပြောပြီးoutသွားသည်။

မနေ့က ယောလည်းမှားသွားတာအမှန်ပဲဆိုတာ သဘောပေါက်ပြီး ဆတ်သာကို စောစောစီးစီး သွေးတတ်အောင်မလုပ်ချင်တော့ပေ။ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်ချော့ဖို့လည်း စဉ်းစားထားသည်။ အခုဖြစ်ခဲ့တဲ့ကိစ္စကြောင့် အရာရာကို တစ်ဖက်ပိတ်အမြင်နဲ့မကြည့်ပဲ သူ့ဘက်ကိုယ့်ဘက် မျှအောင်တွေးပေးရမယ်ဆိုတာ ယောရောဆတ်ရော ပိုပြီးသဘောပေါက်သွား၏။

ယော အတွေးတွေလက်စသတ်ပြီး ဓာတ်လှေကားထဲ ဝင်သွားလိုက်သည်။

******

"Wow "

"ငါအခုမြင်နေရတာ တကယ်ကြီးပဲMD ခွန်ဆတ်သာလား"

"တကယ် လှတယ်ဟ"

ဘေးနားကနေ ပွစိပွစိပြောနေတဲ့ စကားသံတွေကို ကြားနေပေမယ့် ဆတ်သာက​တော့ ခပ်တည်တည်ပင်။ ဆတ်သာက နေသစ်နဲ့အတူတွဲဝင်လာတော့ ဓာတ်လှေကားထဲကို ဘယ်သူမှ အတူတူလိုက်မဝင်ကြတော့။

"ငယ်လေး ထူးဆန်းနေပါ့လား"

"ဟားဟား အချစ်ရဲ့စွမ်းအားလေ ကိုကို"

"ဟုတ်ပါပြီဗျာ "

"ကိုကိုလည်း အချစ်နဲ့တွေ့ပြီးမှ ပိုပိုနုလာသလိုပဲနော် ။ အဟမ်း"

ဆတ်သာရဲ့ခေါင်းလေးကို မနာအောင်ခေါက်လိုက်ရင်း နေသစ်ပြော၏။

"ဒီကလေး အကို့ကိုစနေလိုက်"

မယုလည်း မီးဖွားခွင့်ပြည့်ပြီမို့လို့ ရုံးပြန်ဆင်းနေသလို ဆတ်သာလည်း ရှယ်ယာရှင်တွေရဲ့ သဘောတူချက်နဲ့အတူ Managing Directorဖြစ်သွားပြီ ဖြစ်တာကြောင့် ယောကို အချိန်တိုင်းတွေ့နေရဖို့ မလွယ်တော့ပေ။အရင်ကတော့ လေးလွှာမှာ အတူတူဆင်းပြီး ဌာနတူပေမယ့်အခုတော့ ဆတ်သာက ငါးလွှာမှာရှိတဲ့ နေသစ်ရုံးခန်းဘေးနားကို ရောက်သွားသည်။

ရုံးခန်းထဲရောက်ရောက်ခြင်းပဲ ယောကို ဖုန်းလှမ်းဆက်လိုက်သည်။

"ဟယ်လို.... ယောလေးရေ လွမ်းနေလို့ စကားပြောဖို့တောင် အားမရှိတော့ဘူး ။ မြန်မြန်လာခဲ့နော်"

ဖုန်းထဲကနေ ဆတ်သာရဲ့ ပျားရည်ထဲကို သကြားထည့်မွှေထားတဲ့အသံကြောင့် ကြက်သီးတွေတောင် ထချင်သွား၏။

"Ok ok chargerလေး ယော လာခဲ့မယ်။ခနပဲစောင့်နော်"

ဖုန်းချပြီးတော့ ချက်ချင်းထသွားတဲ့ ယောကိုကြည့်ပြီး ရှိန်းလည်း မဆီမဆိုင် သူ့ဘဲကြီး နေသစ်အကြောင်း စဉ်းစားမိသွားသည်။

[ဒီလူကြီး ငါ့ကိုမနက်စောစော လာတွေ့ခိုင်းဖို့မှာထားရမယ်။ကြာပါတယ် သူ မခေါ်လည်း ငါကပဲသွားတွေ့ရတာပေါ့။ ဘဲကြီးက တီတီတာတာတွေသာ မပြောတတ်တာ ဂရုစိုက်ပေးတတ်တာကတော့ အဖေကျနေတာပဲမို့ အချစ်တွေတိုးနေရတာ]

ရှိန်းတွေးရင်းပဲ အပြောထက်အလုပ်ကို သက်သေပြတဲ့အနေနဲ့ ချက်ချင်းပဲ နေသစ်ရုံးခန်းဆီကို သွားလိုက်သည်။

******

ဆတ်သာရဲ့ ရုံးခန်းတံခါးကို ဖွင့်ပြီးချင်းပဲ နှစ်ယောက်သား စွန့်အသွားကြသည်။စက္ကန့်ဝက်လောက်ကြာတဲ့အထိ တိတ်ဆိတ်ပြီးမှ

"ဟားဟား"

နှစ်ယောက်သား ပြိုင်တူရယ်မိသွားသည်။

"ကိုယ့်ပိစိလေးကတော့ ဘာနေနေ ချစ်ဖို့ကောင်းနေတော့တာပဲကွာ ဟားဟား"

နှစ်ယောက်စလုံး ဆိုဖာမှာထိုင်လိုက်ကြသည်။

"အူကြူးလေး ဆတ်ကလည်း "

ယောပြောလိုက်တာ အလကားမဟုတ်။ ဆတ်သာတစ်ယောက် အဖြူရောင်အကျီကို အနက်ရောင်ကို leatherစကပ်နဲ့ တွဲဖက်ဝတ်ဆင်ထားခြင်းကြောင့်ပင်။ဆတ်သာ အလုပ်စဆင်းတဲ့နေ့ကစပြီး စကပ်ဝတ်ဖူးတာ အခုတစ်ခေါက်က ပထမဆုံးဖြစ်သည်။ ယောက အမြဲလိုလိုစကပ်ဝတ်ဖို့ တိုက်တွန်းတတ်ပေမယ့် ဆတ်သာက ခေါင်းမာမာနဲ့ ဘယ်တော့မှမဝတ်။ ဒါပေမယ့် မနေ့ကတော့ ယောကိုစိတ်ဆိုးအောင်လုပ်မိလို့ ပြန်ချော့ချင်လို့ ဝတ်လာခြင်းပင်။

ယော စကားတွေအများကြီး ဆက်မပြောတော့ပဲ ဆတ်သာရဲ့နှုတ်ခမ်းလေးဆီသာ အလည်အပတ်သွားလိုက်သည်။ နှစ်ယောက်သား စိတ်ဆိုးခဲ့ပေမယ့် အခုတော့ သူတို့မဟုတ်တဲ့အတိုင်း အလှပဆုံးအနမ်းကိုပုံဖော်နေကြသည်။

အတန်အသင့်မောသွားတော့မှ လေကိုရှူရှိုက်ရင်း နှာဖူးချင်းကပ်ထားကြသည်။

"အားရှိသွားပြီလား ဆတ်"

ယောအသံက အသက်ရှူမဝသေးတဲ့အတွက် ခပ်အပ်ရှရှဖြစ်နေသည်။ဆတ်သာ ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး ပြော၏။

"အွန်း နည်းနည်းလိုသေးတယ် "

ရယ်သံလွင်လွင်လေးတွေကနေ ကြာရှည်တဲ့ အနမ်းတွေဆီသို့ ကူးပြောင်းသွားသည်။ တစ်ယောက်ကတော့ ရွဲ့ချင်လို့ဆံပင်အရောင်ပြောင်းထားပြီး တစ်ယောက်ကတော့ စိတ်ဆိုးပြေအောင်အလိုလိုက်ပေးထားတယ်။သူတို့နှစ်ယောက်ကြားမှာ ဘယ်သူကပိုသာတယ် ပိုသူကရှုံးတယ်ဆိုတာမျိုးလည်း မတွေးမိကြသလို စကားတွေအများကြီးနဲ့ ရှင်းပြနေဖို့လည်းမလို။နှစ်ယောက်သား အကြည့်ချင်းဆုံပြီး ရယ်မောမိသွားရင် အရာရာပြည့်စုံသွားပြီ။ extraအနေနဲ့ အနမ်းတွေကတော့ မပါမဖြစ်ပေါ့။

******

"မေကြီးကို အလုပ်ကိစ္စနဲ့အကြောင်းပြပြီး ဆတ်ဆီမှာ အိပ်ဖို့ပြောပြောနေရတာ တကယ်မျက်ခုံးလှုပ်လာပြီနော်"

ခေါင်အုံးပေါ်မျက်နှာမှောက်ချရင်း တွေးဆဆပြောလာတဲ့ ယောကိုကြည့်ပြီး ဆတ်သာပြော၏။

"အဲ့တာဆို အခုပဲဖွင့်ပြောလိုက်ကြရအောင်"

ယော ကပြာကရာကောက်ထရင်း

"မနောက်ရဘူးနော်။ အဲ့တာရှော့ခ်အကြီးကြီး"

ထထိုင်လိုက်တဲ့ ယောရဲ့လက်ကလေးနှစ်ဖက်ကိုဆွဲယူပြီး ဆတ်သာ အလေးအနက်ပြောလာ၏။

"ကိုယ်အတည်ပြောနေတာ။ ဒီတစ်ပတ်အလုပ်ပိတ်ရက်ကျရင် ယောမေမေနဲ့ဖေဖေဆီမှာ ကိုယ်တို့တွေဝန်ခံကြရအောင်"

ယောစိတ်လှုပ်ရှားသွားပြီး မျက်လုံးလေးတွေက လင်းလက်လာပေမယ့် ခနကြာတော့ ဝမ်းနည်းရိပ်သန်းလာပြန်သည်။ယောရဲ့စိတ်ကို အလိုလိုခံစားမိနေတဲ့ ဆတ်သာက ယောဆံပင်လေးတွေကို နားရွက်နောက်ပို့ပေးရင်း

"အတွေးတွေမလွန်ပဲ ကိုယ့်ကိုယုံပါ ယော။ တကယ်လို့များ ယောမေမေတို့က လက်မခံနိုင်ဘူးဆိုရင်တောင် ကိုယ်က အသိအမှတ်ပြုခံရအောင် တဖြည်းဖြည်းကြိုးစားပေးမယ်။ လက်လျှော့မှာလည်း မဟုတ်ဘူး ။ ကိုယ့်ကိုယုံပါ"

ယောနှဖူးပြင်လေးကို တစ်ချက်နမ်းလိုက်ပြီး ဖက်ထားလိုက်တော့ ယောပိစိဆီက စကားသံလေး ထွက်လာသည်။

"ဆတ်ကိုယုံသလို ယောကိုလည်း ယုံကြည်ပေးပါ။ ယောလည်း ဘယ်တော့မှ လက်လျှော့မှာမဟုတ်ဘူး"

"ဟုတ်ပြီ"

ယော လူချင်းပြန်ခွာရင်း ဆတ်သာကိုမေးလိုက်သည်။

"ဆတ် မနေ့ကchallengeရော မလုပ်တော့ဘူးလား"

Deborahလက်ချက်ဆိုတာ ဆတ်သာ သိလိုက်သည်။

"ယောလေးက ပေးလုပ်ရင်လုပ်မှာပေါ့"

"ဘာခက်တာမှတ်လို့လဲ။ ဓာတ်ပုံလေးရိုက်ရုံပဲကို"

ဆတ်သာပီတီတီပြုံးရင်း

"ကိုယ်ကဓာတ်ပုံရိုက်ရုံလောက်နဲ့ပြီးပါ့မလား။ နှုတ်ခမ်းမှာပေနေတာလေးကို ဟင်းဟင်း"

"ဂါး.... ဘူးသီးကြီး "

နှစ်ယောက်သား မကြိုက်လိုက် ပြန်ရိုက်လိုက် ဟိုဟာငြင်းလိုက် ဒါငြင်းလိုက်လုပ်ရင်း နောက်ဆုံးတော့ challenge acceptedလုပ်နိုင်ခဲ့သည်။ ကြားထဲမှာ ယောရဲ့အကျီပေါ် နို့တစ်ခွက်ဖိတ်သွားလို့ ဆတ်သာရဲ့ အကျီအပွတစ်ထည်ကို ယူဝတ်ထားရသေးသည်။

"ဆတ်နဲ့ယောကနော် နှစ်ယောက်စလုံးသောကြာ ပူးတွေဖြစ်ရက်နဲ့ အချိန်တိုင်းနီးပါး ကိုက်နေရတယ်"

"ရန်ဖြစ်တယ်လောက်တော့လုပ်ပါ ပိစိရယ်"

"မသိဘူး မသိဘူး ရန်ဖြစ်တာပြဲဖစ်ဖြစ် ကိုက်တာပဲဖြစ်ဖြစ်အတူတူပဲ"

"ဒါဆိုလည်း ဆက်ကိုက်ရအောင်လေ "

ယော အူတူတူနဲ့မေးလိုက်မိ၏။

"ဘာကိုကိုက်"

စကားမဆုံးခင်ပဲ ယောရဲ့နှားရွက်ဖျားလေးကို တတိတိကိုပြီး ရန်ရှာတာခံလိုက်ရသည်။ ယောရဲ့နားရွက်လေးကို ကိုက်ရတာတော့ ဆတ်သာ တကယ်သဘောတွေ့တာ။အဲ့ကတဆင့်မှ လည်ပင်းသားတွေကို ဖိကပ်နမ်းတော့ ယောရဲ့ညည်းသံပိစိလေးကို ကြားရမယ်။အဲ့ခါအချိန်မီ နှုတ်ခမ်းလေးကို အမိအရသိမ်းပိုက်လိုက်သည်။ယောရဲ့ အထိမခံတဲ့နေရာလေးတွေကို အတိအကျမှတ်မိနေ
တော့ သာယာမှုဆီ ပိုပြီးခေါ်ဆောင်ပေးနိုင်တာကို ဆတ်သာ သဘောကျသည်။ ထိတွေ့လိုက်တဲ့အရာတိုင်းက နူးညံ့နေပြီး လိုချင်စိတ်ကို ပြင်းပြအောင် လှုံ့ဆော်ပေးနေသည်။ ယောရဲ့နေရာတိုင်းက ဆတ်သာကို ဆွဲဆောင်နိုင်ပြီး အသံပိစိလေးကအစ ခံစားမှုကို အဆုံးစွန်ထိပို့ပေးနိုင်သည်။

မောဟိုက်နေမှုကြားကနေယောရဲ့လက်ကလေးဖွဖွလေးနမ်းရှုံ့ရင်းဆတ်သာပြော၏။

"မင်းနဲ့မှမရူးရင် ဒီလူရူးစရာအကြောင်းမရှိတော့ဘူး"

အချစ်ကအရာရာကိုဖန်တီးနိုင်တာမဟုတ်ပဲ ချစ်နေတဲ့သူက အရာရာတိုင်းကို ဖန်တီးပေးနိုင်တာပါ။

ပျော်ရွှင်မှု....ဝမ်းနည်းမှု....ကြည်နူးမှု
အလိုမကျမှု....သာယာလှိုက်မောမှု....စသည်ဖြင့်ပေါ့။

~~~♥~~~


Blonde hairလေးနဲ့ယော
တကယ်လှတာ❤cover လေးchangeထားတယ်နော် ❣

ပုံလေးအတွက်ကျေးဇူးအများကြီးအများကြီးတင်ပါတယ် ချစ် unniee JXO_SiN အာဘွား ×3000 ^^

Czytaj Dalej

To Też Polubisz

93.5K 3.5K 22
Idea by- @May19617 and @UwUjeffthekiller I made this because I saw there aren't a single Corpse x Dream fanfics and I also wanted to see how many peo...
225K 6.7K 26
(Warning! There will be cursing in this book) After a night of heavy drinking and partying, Lucy Heartfilia finds herself in bed with her best friend...
11.4K 630 18
Rose Park Chaeyoung CEO.Blackpinkဆိုတဲ့ဂိုဏ်းတဂိုဏ်းကနိုင်ငံအတွင်းမှာနာမည်ရှိဂိုဏ်းတဂိုဏ်းပဲ။အမျိုးသမီးဂိုဏ်းပေါ့။စာသား‌ပံုစံက blackpink ဆိုပီးပန်း‌ေ...
33.3K 1K 38
Mi+Shoon Couple 💜💜💖 💕💕Love you again in second chance "ဦးနှောက်ရဲ့အလုပ်က အရာရာကို မှတ်သားဖို့ပေမဲ့ တစ်ခါတစ်ခါ မမေ့ချင်တာတွေ၊ မမေ့သင့်တာတွေမျိုးတ...