စေရာ(Complete)

By StarRia19

1.3M 100K 9.5K

Unicode သံစဥ်တွေဟာ တီးခတ်သူရဲ့ စေရာ ကိုလိုက်နာကြတယ်တဲ့။ ဒါဆို ချစ်မိသွားသူတွေကရော? ဘယ်သူ့ စေရာ ကို လိုက်နာကြမ... More

Intro
ခ်စ္ျခင္းႏွင့္ သံေယာစဥ္
အပိုင္း(၁)ေမ်ွာ္လင့္ခ်က္မ်ား ႐ိုက္ခ်ိဳးခံရျခင္း
အပိုင္း(၂)အိပ္မရေသာ နာက်င္ဖြယ္ညတစ္ည
အပိုင္း(၃)ေမာင္က သူ႔ကို အရမ္းမုန္းတယ္တဲ့
အပိုင္း(၄)ေမာင္ ဘာလို႔ ေျပာင္းလဲသြားရတာလဲ
အပိုင္း(၅)ကိုကို ျပန္လာၿပီ
အပိုင္း(၆)ကိုကိုႏွင့္ေမာင္၏ ကြာျခားမႈ
အပိုင္း(၇)နာက်င္သြားရေသာ ႏွလံုးသားတစ္စံု
အပိုင္း(၈)ေမာင့္လုပ္ရပ္ေတြ လြန
အပိုင္း(၉) ထပ္တူနာက်င္ခံစားရျခင္း
အပိုင္း(၁၀)တန္ျပန္မႈ၏ ေစရာ.....။
အပိုင္း(၁၁)ေၾကမြသြားေသာ ဆႏၵငယ္ေလး
အပိုင္း(၁၃)အိပ္မက္လွလွေလး ဆက္မက္ခြင့္ျပဳပါ...။
အပိုင္း(၁၄)ေမာင့္အေပၚ ယံုၾကည္မႈမ်ား ယိမ္းယိုင္လာၿပီ...။
အပိုင္း(၁၅)မထင္မွတ္ေသာ ဂ႐ုစိုက္မႈေလးမ်ားႏွင့္အတူ ျပန္လည္ ရ႐ွိလိုက္ေသာ ႏွလံုးသားဒ
အပိုင္း(၁၆)ေစတနာမွ ေဝဒနာဆီသို႔
အပိုင္း(၁၇)သံေယာဇဥ္ႏွင့္ ခ်စ္ျခင္းၾကားက ေျမစာပင္ေလး
အပိုင္း(၁၈) အမွတ္တရေလး
အပိုင္း(၁၉)ခံႏိုင္ရည္႐ွိသြားခဲ့ေသာ ႏွလံုးသားဒဏ္ရာ
အပိုင္း(၂၀)ဖုံးကြယ္ထားေသာ ခံစားခ်က္မ်ား
အပိုင္း(၂၁)လက္ေလ်ွာ့လိုက္ၿပီ
အပိုင္း(၂၂)အေမွာင္ထဲက ကာကြယ္မယ့္ သူ
Thadingyut Gift✨✨
အပိုင္း(၂၃)အမုန္းမွသည္ အခ်စ္ဆီသို႔
အပိုင္း(၂၄)မေမ်ွာ္လင့္ထားေသာ ျဖစ္ရပ္မ်ား
အပိုင္း(၂၅)သူ႔အတြက္ဆိုလ်ွင္
အပိုင္း(၂၆)ႏႈတ္ဆက္ျခင္း
အပိုင္း(၂၇)စြန္႔လႊတ္လိုက္ေသာ ႏွလံုးသား
အပိုင္း(၂၈) ခ်န္ရစ္ခဲ့သူ မင္းအဆင္ေျပရဲ႕လား
အပိုင္း(၂၉) ေရြးခ်ယ္ခြင့္
အပိုင္း(၃၀)ခ်စ္ျခင္းအၿပိဳင္
အပိုင္း(၃၁)မင္းေပးခဲ့ေသာ ဒဏ္ရာ
အပိုင္း(၃၂)ခြင့္မလႊတ္ႏိုင္ေသာ
အပိုင္း(၃၃)အတံု႔အလွည့္
အပိုင္း(၃၄)တစ္ေက်ာ့ျပန္
အပိုင္း(၃၅)အေရးအႀကီးဆံုးသူ
အပိုင္း(၃၆)စိတ္မခ်ေလေသာေၾကာင့္...ေမြးရပ္ေျမဆီသို႔
အပိုင္း(၃၇)ခ်စ္ျခင္းကိုယ္စီ၏ ဦးတည္ရာ တစ္ဖက္စြန္းဆီသို႔
အပိုင္း(၃၈)အျမဲ အတူ႐ွိေနေပးပါ
အပိုင်း(၃၉)အသစ်တဖန် စတင်ခြင်း
Next fiction
အပိုင်း(၄၀)မင်းနဲ့အတူ အဝေးဆုံးဆီသို့
အပိုင်း(၄၁)ဝမ်းနည်းမှု လွှမ်းခြုံနေသော မျက်ဝန်းများဖြင့် ပြုံးရယ်ခြင်း
အပိုင်း(၄၂)အမှတ်တရများပျောက်ဆုံးခြင်း
အပိုင်း(၄၃)အတိတ်နေ့ရက်များဆီသို့
အပိုင်း(၄၄)နာကျင်ရလွန်းသော စွန့်ပစ်ခြင်း
အပိုင်း(၄၅) မထင်မှတ်ထားခဲ့လေသော လွဲမှားခြင်းများ
အပိုင်း(၄၆) ပျော်ရွှင့စေရန် မျှော်လင့်လျက်
အပိုင်း(၄၇) ပျော်ရွှင်ခြင်းနှင့် နာကျင်ရခြင်း
Hello...
အပိုင်း(၄၈)ကိုယ့်ရဲ့မြတ်နိုးရာလေး
အပိုင်း(၄၉)Final 1+2 စေစားသူရဲ့ "စေရာ"
Book📙📙
Attention plz✨✨
New fiction💕
Announcement for book...🤍
For Book 🍁🍁

အပိုင္း(၁၂)ေမ်ွာ္လင့္ခ်က္အလင္းေရာင္ေလး ႐ွင္သန္ခြင့္ေပးပါ....။

23.9K 2.1K 137
By StarRia19

Unicode

အပိုင်း(၁၂)

မျှော်လင့်ချက်အလင်းရောင်လေး ရှင်သန်ခွင့်ပေးပါ

ကုမ္ပဏီရုံးခန်းထဲတွင် သူတစ်ယောက်တည်းသာ ရှိသဖြင့် တိတ်ဆိတ်နေသည်။ ငြိမ်သက်သော ပတ်ဝန်းကျင်တွင် ရှိနေသော်လည်း သူ၏ စိတ်အခြေအနေသည်တော့ လုံးဝကောင်းမွန် မနေပေ။

မနေ့က လွန်းငယ်နှင့် ထပ်၍ စကားမများချင်တော့သောကြောင့် သူ ဟိုတယ်တွင် သွားအိပ်ဖြစ်သည်။ မနက်ခင်း အလုပ်သွားရန် ပြင်ဆင်ပြီး သုသုလေးအား ကျောင်းလိုက်ပို့ရန်ပြင်စဉ် မိုးဆီမှ ဖုန်းဆက်လာသည်။

ကားစက်နှိုး၍ မရသောကြောင့် ဆေးရုံသို့လိုက်ပို့ပေးရန် တောင်းဆိုခြင်းဖြစ်၏။ နာရီဝက်လောက်ကြာလျှင် အရေးကြီးလူနာတွေ့ဆုံစရာရှိသည်ဆိုသောကြောင့် သူ မိုးအား သွားခေါ်လိုက်သည်။ အချိန်ရသေးသဖြင့် သုသုအား အရင်ကျောင်းလိုက်ပို့ပေးမည်ဟု အသိပေးပြီး အိမ်သို့ပြန်လာခဲ့ခြင်းဖြစ်သည်။

ကျောင်းသွားရန် အဆင်သင့်ဖြစ်နေသော သုသုက မဖြစ်နိုင်သော ကိစ္စအား တောင်းဆိုလာတော့ သူ အံ့အားသင့်သွားရသည်။ သူ၏ကားပေါ်တွင် သူ၊ လွန်းငယ်နှင့် မိုးတို့အတူတူရှိမနေနိုင်။ နေရခက်ကာ မျက်နှာပျက်စရာများသာ ဖြစ်နိုင်သည်။ လွန်းငယ်နှင့်လည်း ထပ်၍ စကားမများချင်တော့သောကြောင့် သုသုအား လွန်းငယ်မပါဘဲ ကျောင်းသွားရန် ပြောလိုက်မိသော်လည်း လက်မခံပေ။

တစ်ခါမှ သူ့စကားအား မငြင်းပယ်ဖူးသည့် ကလေးက သူ့အား ငြင်းပယ်လာတော့ သူ့အနေဖြင့်လွန်စွာ ဒေါသထွက်သွားရသည်။ လွန်းငယ်အား ထိုကလေးအရမ်းခင်တွယ်နေသည်ကို မြင်မိတော့ အဆုံးရှုံးမခံနိုင်စိတ်၊ မနာလိုစိတ်တို့်ဖြင့် သူ ဘာမှမမြင်နိုင်တော့။ တစ်ခါမှ နာကျင်အောင်မလုပ်ဖူးသည့် သုသုအား အကြမ်းပတမ်းလုပ်မိသည်ထိ သူ၏စိတ်တို့ လွတ်ထွက်သွားခဲ့သည်။

နာကျည်းမိသော စိတ်အစဉ်က ချစ်စိတ်အနည်းငယ်အား တိုက်စားသွားတော့ သူ၏ အပြောအဆိုတို့သည် ပို၍ ဆိုးရွားသွားရသည်။ နှလုံးသားနှင့် နင့်နေအောင်ခံစားခဲ့ရသောကြောင့် ပြသနာစတင်ရာ ထိုကောင်လေးအား မုန်းမိသော်လည်း ကိုယ်ထိလက်ရောက် နာကျင်စေမှုမျိုး သူ မလုပ်ရက်နိုင်ပါ။

အနည်းငယ်မျှ ထိခိုက်ဒဏ်ရာရလျှင်ပင် ရင်တစ်ခုလုံးပူလောင်လာရသည့်သူ့အတွက် နာကျည်းမှုတို့အား စကားဖြင့် အနိုင်ယူရန် အခွင့်အရေးသာရှိသည်။

လွန်းငယ် ဝမ်းနည်းသွားသောအခါ မျက်နှာပျက်သွားသောအခါများတွင် သူ ပျော်ရွှင်သင့်သော်လည်း မပျော်ရွှင်နိုင်။ ရင်ဘတ်နေရာမှ စူးအောင့်မှုနှင့်အတူ တော်တော်ကြာသည်ထိ စိတ်အခြေအနေ မကောင်းဖြစ်နေတတ်သည်။

အခုလည်း ဒေါသပြေသွားသောအခါ သူ အဆင်ပြေမနေတော့။ အကယ်၍ သူနှင့် လွန်းငယ်ကြား ဘာနာကျည်းစရာအဖြစ်အပျက်မှ မရှိလျှင် အရမ်းကောင်းမည်ဟုတွေးမိသည်။ နေ့ရက်တိုင်း သူတို့ပျော်ရွှင်စွာ နေသွားနိုင်သည်။

လွန်းငယ်အား မြင်မိတိုင်း မျက်လုံးထဲဝင်လာသည်က တစ်သက်လုံး မမေ့နိုင်သည့် လောကကြီးမှ ပျောက်ကွယ်သွားပြီဖြစ်သော မျက်နှာလေး။ အားနာမှုနှင့်အတူ လွန်းငယ်ပေါ် ကောင်းမွန်စွာ သူ မဆက်ဆံနိုင်။ နာကျည်းမှုကြောင့် ပြောမိသည်က ရင့်သီးလှသော စကားများ။

သူလည်း ဘာဆက်လုပ်ရမလဲဆိုတာ တကယ်ပင် မသိတော့။ သူ့အနေဖြင့် လွန်းငယ်အား ခွင့်လွှတ်ရအောင်လည်း လွန်းငယ်လုပ်ခဲ့သော အမှားသည် လွယ်လွယ်ခွင့်လွှတ်၍ မရပေ။ လွန်းငယ် တစ်ခုခုဖြစ်သွားမည်ကိုလည်း သူ စိုးရိမ်မိသည်။

သူ၏ လက်စားချေသော အစီအစဉ်တွင် အစကတည်းက လွန်းငယ်ပါ ပါဝင်ခဲ့သော်လည်း ကြာလာသည့်အခါ သူ မလုပ်ရက်နိုင်တော့။ လွန်းငယ်အပေါ် ကိုယ်ထိလက်ရောက် မနာကျင်စေရက်သည့် သူ၏စိတ်က ထိုကောင်လေးအပေါ် မည်သို့များ ဆက်၍ လက်စားချေရမည်နည်း။

သို့သော် စေထားရာအပေါ်တွင်တော့ ထိုအစီအစဉ်များ ဆက်လက်ရှိနေဆဲပင်။ အရမ်းချစ်သော ညီအစ်ကိုနှစ်ယောက်ကြောင့် နစ်နာခဲ့ရသူအစား ပြန်ပေးဆပ်မှုတော့ သူ ရယူရမည်။မဟုတ်ပါက သွားလေသူစိတ်မဖြောင့်နိုင်ဟု သူခံယူထားသည်။

(၆)နှစ်ပင် ရှိပြီ။ စေထားရာအား အနိုင်ယူနိုင်ရန် အခက်ခဲများစွာကို သူ ကျော်ဖြတ်ခဲ့ရသည်။ အရမ်းပင်ပန်းလာသည့်အခါတိုင်း ခွင့်မလွှတ်နိုင်သော စိတ်ဖြင့် သူဆက်ကြိုးစားခဲ့သည်။ သိပ်မကြာခင် သူ၏ စိတ်ဆန္ဒတို့ ပြည့်ဝသောနေ့သို့ ရောက်ရှိလာပေတော့မည်။

"ဒေါက် ဒေါက်"

အခန်းပြင်မှ တံခါးခေါက်သံကြောင့် အတွေးစတို့ ပြတ်တောက်သွားရသည်။

"ဝင်ခဲ့"

အခန်းတံခါးဖွင့်ကာ အခန်းထဲသို့ ကိုဆက် ဝင်လာသည်။

"Boss...PSလုပ်ငန်းစုက ဖုန်းဆက်လာတယ်..ဥက္ကဌ စေထားရာရဲ့အတွင်းရေးမှူးက ဆက်တာပါ...ဥက္ကဌစေထားရာက လုပ်ငန်းကိစ္စဆွေးနွေးစရာရှိလို့ အခုလာခဲ့မယ်တဲ့"

ခွန်းသုရှင် နှုတ်ခမ်းစွန်းများ ကွေးညွှတ်သွားအောင် ပြုံးလိုက်မိသည်။ စေထားရာဘက်က ခြေလှမ်းစလှမ်းလာလေပြီ။

"အရေးကြီးဧည့်သည်လာမှာ ဆိုတော့ ငါတို့ဘက်က ဧည့်ဝတ်ကျေပွန်ရမှာပေါ့...ကုမ္ပဏီအထက်ပိုင်းလူတွေကို အကြောင်းကြားလိုက်...PS လုပ်ငန်းစု ဥက္ကဌစေထားရာကို ကြိုဆိုဖို့"

"ဟုတ်ကဲ့ boss"

ကိုဆက် ပြန်ထွက်သွားသည်နှင့် ခွန်းသုရှင် အင်္ကျီအားသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်ဆင်လိုက်သည်။

"နောက်ဆုံးတော့ မင်းနဲ့မျက်နှာချင်းဆိုင်ရမဲ့နေ့ရောက်လာပြီပဲ...မကြာခင် မင်းကျရှုံးခန်းရောက်လာတော့မယ် စေထားရာ"

ခွန်းသုရှင် ကျေနပ်စွာထပ်၍ ပြုံးလိုက်၏။

ထို့နောက် အခန်းအပြင်သို့ ထွက်ပြီး ဓာတ်လှေကားသုံးကာ အောက်ဆုံးထပ်သို့ ဆင်းလိုက်သည်။ ဓာတ်လှေကားတံခါးပွင့်သွားသည်နှင့် သူ့အား အသင့်စောင့်စားနေကြသော ကုမ္ပဏီအထက်ပိုင်း ရာထူးကြီးပုဂ္ဂိုလ်များ။ သူတို့ နှုတ်ဆက်လာသည်များအား သူ အပြုံးဖြင့် ​ပြန်၍တုံ့ပြန်လိုက်သည်။ အကုန်လုံး၏ ရှေ့မှဦးဆောင်၍ ဧည့်သည်များအား ကြိုဆိုရန် ကုမ္ပဏီဝင်ပေါက်ဆီသို့ သွားကာ စောင့်ဆိုင်းနေလိုက်၏။

တခဏအကြာ ကုမ္ပဏီရှေ့တွင် ရပ်လိုက်ကြသော ကားတန်းများ။ ကိုယ်ရံတော်တစ်ယောက်တံခါးဖွင့်ပေးထားသည့် ရှေ့ဆုံးကားမှ ဆင်းလာသော ဥက္ကဌ စေထားရာ။ အနက်ရောင် အနောက်တိုင်းဝတ်စုံအား သေသပ်သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ဆံပင်များအား ရှင်းလင်းစွာ နောက်သို့ဖြီးတင်ထားသည်။ နေကာမျက်မှန်အနက်အား ချွတ်လိုက်တော့ စူးရှနက်မှောင်သော မျက်ဝန်းနက်များက ကြည့်နေသူအပေါင်းအား ပို၍ ဆွဲဆောင်သွားစေ၏။

ဖြူဖွေးသောအသားအရေနှင့် အဝေးမှမြင်ကွင်းတွင်ပင် နေရောင်အောက် ထင်းထွက်နေသည်မှာ တကယ်ကို အမြင်ကပ်စရာကောင်းလှသည်။ လုပ်ခဲ့မိသောအမှားတို့အတွက် နောင်တတစက်မှပင်မရဘဲ ကောင်းကောင်းမွန်မွန် နေထိုင်နေသည့်  စေထားရာပုံစံက ခွန်းသုရှင်အတွက် ပို၍ မုန်းတီးစရာကောင်းလွန်းနေ၏။

ကိုယ်ရံတော်များနှင့် PSလုပ်ငန်းစု၏ အကြီးပိုင်းရှယ်ယာရှင်များခြံရံကာ သူရှိရာသို့ တစ်လှမ်းချင်းလျှောက်လှမ်းလာသူအား မုန်းတီးရိပ်များစွန်းထင်းနေသော မျက်ဝန်းများဖြင့် ခွန်းသုရှင် မျက်တောင်မခတ် စိုက်ကြည့်လိုက်မိသည်။ သူ လုံးဝခွင့်မလွှတ်နိုင်သော ရွံစရာလုပ်ရပ်အား ကျူးလွန်ထားသည့် ယုတ်မာကောက်ကျစ်လွန်းသောလူ။ ဟန်ဆောင်ကောင်းသော ထိုလူ၏ ဟန်ဆောင်မျက်နှာဖုံးအား တစ်စစီဖြစ်အောင် သူ ရိုက်ချိုးပစ်ချင်လာသည်။

"တွေ့ရတာ ဝမ်းသာပါတယ် ဥက္ကဌ ခွန်းသုရှင်"

သူ့အား ကမ်းပေးလာသော လက်တစ်ဖက်။ မသတီသော်လည်း ဝတ္တရားအရ ခွန်းသုရှင် ပြန်၍ လက်ဆွဲနှုတ်ဆက်လိုက်ရ၏။

"တွေ့ရတာ ဝမ်းသာပါတယ် ဥက္ကဌ စေထားရာ"

လက်မှ တင်းကျပ်စွာ ဆုပ်ကိုင်လာမှုကြောင့် ခွန်းသုရှင် အပြုံးမပျက်ပင် သူ့ဘက်မှလည်း ပြန်၍ တင်းကျပ်စွာ ဆုပ်ကိုင်ပေးလိုက်သည်။ အားကုန်သုံးကာ ဆုပ်ကိုင်ထားခြင်းဖြစ်သော်လည်း နှစ်ယောက်လုံး၏ မျက်နှာတွင် အပြုံးမပျက်။

စက္ကန့်အနည်းငယ်အကြာ စေထားရာဘက်မှ လက်အား အရင်စလွှတ်လိုက်သောကြောင့် သူ့ဘက်မှလည်း ဆွဲကိုင်ထားသောလက်အား ပြန်၍ ရုတ်သိမ်းလိုက်သည်။

"ကျွန်တော် ဂျပန်ရောက်နေတာနဲ့ ကျွန်တော့်ညီလေးနဲ့ ဥက္ကဌ ခွန်းသုရှင်ရဲ့ လက်ထပ်ပွဲကို မတက်ရောက်လိုက်ရဘူး...ကျွန်တော်စဉ်းစားနေတာ မင်္ဂလာလက်ဖွဲ့အနေနဲ့ ကျွန်တော့်ကုမ္ပဏီရဲ့ ရှယ်ယာ 5%ကို လက်ဖွဲ့ရမလားလို့...အဲဒါ မဆိုးဘူးထင်တယ်..PSရဲ့ ရှယ်ယာ5%ဈေးက High Riskရဲ့ ရှယ်ယာ 50%ဈေးနဲ့ညီမျှတာပဲ...တူတူတန်တန်လေး လက်ဖွဲ့ရတာပေါ့"

သူ၏ နောက်ဘက်ရှိ High Risk၏ အထက်ပိုင်းအရာရှိများနှင့်ရှယ်ယာရှင်များ လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။

စေထားရာဘက်မှ လွန်းငယ်သည် သူ၏ ညီလေးဖြစ်ကြောင်း ဖော်ထုတ်လိုက်မှုနှင့် တစ်ဖက်သတ်ရန်စလာမှုက သူ့တို့တွက် အံ့အားသင့်စရာ ဖြစ်သွားလောက်သည်။ High Risk ကုမ္ပဏီတစ်ခုလုံး သိကြသည်က လွန်းငယ်အား ဘာမှပိုင်ဆိုင်မှု မရှိသည့် လူတစ်ယောက်အဖြစ်သာ။ စိုင်ကော်လို့ ချုံပေါ်ရောက်သွားခြင်းဟုပင်။

"လွန်းငယ်က လက်မခံလောက်ဘူး MD စေထားရာ...လွန်းငယ်တွက် အဲလောက်ထိ လက်ဖွဲ့ရအောင် မထိုက်တန်ပါဘူး...စေတနာအတွက် ကျေးဇူးပါ"

သူ ပြောလိုက်သော စကားကြောင့် စေထားရာ၏မျက်နှာသည် သိသိသာသာပျက်ယွင်းသွား​သည်။ စေထားရာ၏ အားနည်းချက်သည် လွန်းငယ်၊ လွန်းငယ်၏ အားနည်းချက်သည် သူ ဖြစ်နေသောကြောင့် စေထားရာဘက်မှ သူ့အား ပေါ်တင်ထိခိုက်အောင် မလုပ်ရဲသေးမှန်း သူသိသည်။

ထိုအမြင်ကပ်စရာ ကောင်းလွန်းသည့် ညီအစ်ကိုသံယောဇဉ်အား ပြတ်တောက်သွားအောင်ထိ သူ ဖျက်ဆီးပစ်ချင်သည်။ သူတို့ကြား သည်းသည်းလှုပ်သာ ချစ်မပြခဲ့လျှင် ဘယ်သူမှ ထိခိုက်စရာ အကြောင်းအရင်းတစ်စုံတစ်ရာမျှ မရှိနိုင်ခဲ့။

လွန်းငယ်က စေထားရာ၏ ညီလေးဖြစ်နေသည့် ကံတရားကြီးအားလည်း သူ မုန်းမိသည်။ လွန်းငယ်ကသာ ဘာမှမသိခဲ့လျှင် သူ့အနေဖြင့် ခွင့်လွှတ်နိုင်သော်လည်း လွန်းငယ်ကိုယ်တိုင်က တစ်စိတ်တစ်ပိုင်းမှ ပါဝင်ပတ်သတ်ခဲ့သူဖြစ်နေသောကြောင့် သူ ခွင့်မလွှတ်နိုင်။ မစဉ်းစား မဆင်ခြင်ပြောခဲ့သော စကားတစ်ခွန်းသည် လူတစ်ယောက်အား သေစေနိုင်ကြောင်း လွန်းငယ်အား သိစေချင်သည်။

"လွန်းငယ်က PSလုပ်ငန်းစုရဲ့ ဆက်ခံသူပဲ...ဘာလို့မထိုက်တန်ရမှာလဲ...တစ်ချိန်ချိန် လွန်းငယ် ရမဲ့အမွေတွေက ဆယ်သက်စားမကုန်ဘူးလေ...ဥက္ကဌ ခွန်းသုရှင်အတွက် ရေကန်အသင့်ကြာအသင့်ပဲမလား"

"စီးပွားရေးအမြင်နဲ့ အကြံပေးရမယ်ဆိုရင် လွန်းငယ်ကို ဆက်ခံသူထားတာက အရဲစွန့်လွန်းရာ မကျဘူးလား ဥက္ကဌစေထားရာ...PS လုပ်ငန်းစုတွက် စီးပွားရေးနဲ့ ပုဂ္ဂိုလ်ရေး မရောနှောသင့်ဘူး...ဦးဆောင်သူတစ်ယောက်အနေနဲ့ အရည်ချင်းပြည့်မှီစွာ သေချာစဉ်းစားသင့်တယ်"

ထို့နောက် နှစ်ယောက်သားသည် ဘာစကားမှ ဆက်မပြောဖြစ်တော့။ တစ်ယောက်ကိုတစ်ယောက်သာ အဓိပ္ပါယ်မဖော်နိုင်သော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။ ကြောက်မက်ဖွယ် အနေအထားကြောင့် နောက်မှလိုက်ပါလာသူများ နေရခက်လာကြ၏။

ထိုအခြေအနေအား ဖြိုခွဲလိုက်သူမှာ ခွန်းသုရှင်၏ အတွင်းရေးမှူး ကိုဆက်ပင်။

"PS လုပ်ငန်းစုဘက်က လုပ်ငန်းကိစ္စဆွေးနွေးစရာရှိလို့ဆိုတာ ဘာများလဲ"

ထိုအခါမှသာ နှစ်ယောက်သား အကြည့်များအား ရုတ်သိမ်းလိုက်ကြသည်။

စေထားရာ သူ၏အတွင်းရေးမှူးလင်းထက်အား ကြည့်လိုက်တော့ အလိုက်သိစွာ လင်းထက်က ပြောလာ၏။

"ကျွန်တော်တို့ လုပ်ငန်းစုက အခုတလော အိမ်ရာစီမံကိန်းတစ်ခုလုပ်နေတယ်...အဲဒီမှာ လိုအပ်တဲ့ မြေကွက်ဝယ်ဖို့ ပိုင်ဆိုင်သူကိုကြည့်လိုက်တော့ High Riskရဲ့ ပိုင်ဆိုင်မှုဖြစ်နေတယ်...အဲဒီမြေကွက်ကို တန်ရာတန်ကြေးနဲ့ ဝယ်ဖို့ လာဆွေးနွေးတာပါ"

လင်းထက်၏ စကားအဆုံး၌ ဆက်၍ပြောလာသူမှာတော့ ဥက္ကဌ ခွန်းသုရှင်ပင်။

"ဥက္ကဌ စေထားရာက အဲဒီမြေကွက်ကို လိုချင်ရင် ကျွန်တော်အလကားပေးနိုင်ပါတယ်...ကျွန်တော့်အတွက် အဖိုးမှမတန်တာ...ဂရုစိုက်ဖို့ မအားတဲ့အရာတွေကို ကျွန်တော်က လွယ်လွယ်စွန့်ပစ်နိုင်တယ်"

"ကျောက်ရိုင်းတုံးကို လွယ်လွယ်စွန့်လွှတ်နိုင်ပေမဲ့ အဲဒီကျောက်ရိုင်းတုံးက ကျောက်စိမ်းတုံးဖြစ်နေခဲ့ရင်ရော...ဦးဆောင်သူတစ်ယောက်အနေနဲ့ ကျောက်ရိုင်းတုံးလား ကျောက်စိမ်းတုံးလား သေချာခွဲခြားသင့်တယ်...နောက်မှ နှမြောတသဖြစ်နေမှာစိုးလို့ သတိပေးတာပါ ဥက္ကဌခွန်းသုရှင်...တစ်စုံတစ်ယောက်အတွက် အဖိုးတန်လွန်းတဲ့အရာဖြစ်နေရင် စွန့်ပစ်ပြီးမှ ပြန်ရဖို့မလွယ်ဘူး"

အနီးနားရှိ လူများအနေဖြင့် တစ်ယောက်ကို တစ်ယောက်စောင်းပြောနေကြမှန်း သိသော်လည်း ဘာကိုဆိုလိုမှန်းတော့ နားမလည်နိုင်ကြပေ။ သူတို့အတွက် အရေးကြီးသတင်းတစ်ခုတော့ရရှိသွားလေပြီ။ High Risk ဥက္ကဋ္ဌ၏ လက်ထပ်ထားသူသည် PSလုပ်ငန်းစု ဥက္ကဋ္ဌ၏ ညီဖြစ်နေကြောင်း သတင်းပင်။

"လုပ်ငန်းကိစ္စတိုင်ပင်ရအောင် ကုမ္ပဏီစည်းဝေးခန်းကို ကြွပါ ဥက္ကဌ စေထားရာ...လုပ်ငန်းကိစ္စဆိုတော့ ပုဂ္ဂိုလ်ရေး ကိစ္စတွေ ဘေးဖယ်ထားစို့"

"Ok!That's right...စည်းဝေးခန်းကို သွားကြတာပေါ့"

ထို့နောက် ကုမ္ပဏီအုပ်စုနှစ်စုသည် ဓာတ်လှေကားဆီသို့ သွားကာ အုပ်စုခွဲ၍ အပေါ်ဆုံးထပ်အစည်းအဝေးခန်းရှိရာသို့ သွားကြတော့သည်။

မလှမ်းမကမ်းတွင် ရှိနေခဲ့ကြသော ကုမ္ပဏီလက်အောက်ဝန်ထမ်းများ၏ ဆူညံသံတို့ ထွက်ပေါ်လာကြလေသည်။

ကလေးကွက်တွေနဲ့
ကစားပြီး
အနိုင်ယူဖို့မကြိုးစားပါနဲ့။

ပေါ့ပေါ့တန်တန်
သဘောထားခြင်းရလဒ်ကို
မြင်သာအောင်
ငါပြသပေးမယ်။

ကျားကွက်ဟာ
စစ်မြေပြင်ဆိုတာ
မင်းအမြဲသတိရအောင်ပေါ့။

******************

လွန်းငယ် ရေချိုးကန်ထဲ ရေစိမ်နေသည်မှာ တစ်နာရီမျှပင် ကြာနေပြီ။ မှန်မရှိသော်လည်း ခြောက်သွေနေ့သောနှုတ်ခမ်းတစ်ခုလုံး ဖြူဖျော့နေမည်မှန်း သူသိသည်။

မောင်က သူ့အားဂရုမစိုက်လျှင် ဂရုစိုက်မှုအား ရအောင် သူ ဖန်တီးမည်။ သူ အပြင်းဖျားလို့ မောင် ဂရုမစိုက်လျှင်လည်း သူ့အတွက် ကိစ္စမရှိပေ။ မောင်၏ မေတ္တာအား မရသောသူ့အတွက် ဆုံးရှုံးစရာ မရှိသောကြောင့် သူ နောင်တမရ။

မောင်နှင့် ဝေးရမည့်အစား သူသာ ပျောက်ကွယ်သွားလိုက်မည်။ မောင့်အချစ်အား ပြန်ရဖို့ သူ ဘာမဆိုလုပ်နိုင်သည်။ သူ၏စိတ်ထဲတွင် ခိုင်မာသော ယုံကြည်ချက်တစ်ခုရှိသည်။ မောင် သူ့အား ချစ်နေဆဲဟူသည့် ယုံကြည်မှုပင်။ သူ့ဘက်မှလည်း မောင့်အား အမြဲချစ်ဆဲဖြစ်သောကြောင့် သူတို့အဆင်ပြေသွားမည်ဟု ယုံကြည်နေမိသည်။

တစ်နေ့နေ့တော့ အားလုံးအဆင်ပြေသွားမှာပါ ဆိုသည့်စိတ်ဖြင့် သူတင်းခံနေမိခြင်းသာ။

ငယ်ငယ်က ကိုကို ပြောပြခဲ့သော ပုံပြင်လေးတစ်ပုဒ်အား သူ ရုတ်တရက် သတိရလာမိ၏။ မျက်လုံးထဲတွင် ထိုစဉ်က ပုံရိပ်များအား မြင်ယောင်လာရသည်။

"ကိုကို ငယ် စာလုံးဝကျက်မရဘူး...စာကျက်လို့ကြာရင် ခေါင်းတွေကိုက်လာတော့တာ...ငယ် ဒီတစ်သက် ကိုကို့လို တက္ကသိုလ်တက်ရပါ့မလား"

(၁၁)နှစ်အရွယ်သာ ရှိသော လွန်းငယ်က အိပ်ရာပေါ်လှဲနေသော ကိုကို့ရင်ခွင်ထဲတိုးဝင်ကာ စိတ်ညစ်ရသည့် အကြောင်းအား ရင်ဖွင့်မိသည်။ တက္ကသိုလ်ကျောင်းသားဖြစ်သည့် လွန်းငယ်ထက် (၆)နှစ်ကြီးသော ကိုကိုက ရယ်ကာ လွန်းငယ်အား ပွေ့ဖက်လာသည်။

"စာကျက်မရရင် မကျက်နဲ့လေ ငယ်ရဲ့...ငယ့်ကို ဖေဖေရော မေမေရော ကိုကိုရောက စာမရလို့ဆိုပြီး ဆူဖူးလို့လား"

"ဆူတော့မဆူဖူးပါဘူး...ငယ်က အတန်းထဲ အဆင့်(၁)ရတဲ့သူတွေကို အရမ်းအားကျတာ...သူတို့လို ဖြစ်ဖူးချင်တယ် ကိုကို"

"ကိုကို ငယ်စိတ်ညစ်ပြေသွားအောင် ပုံပြင်တစ်ပုဒ်ပြောပြရမလား"

"နားထောင်မယ် နားထောင်မယ် ငယ့်ကိုပြောပြ"

သူ အရမ်းဂျီကျတော့ ကိုကိုက ရယ်ကာ ဆံပင်များအား ရှုပ်ပွအောင် ဖွတော့သည်။ ကိုကို လုပ်နေကြဖြစ်သောကြောင့် လွန်းငယ် ဘာမှပြောမနေတော့။

"အရင်တုန်းက အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရှိတယ်...ဆံပင်ရွှေရောင်နဲ့ကောင်လေးရယ် ငွေရောင်ဆံပင်နဲ့ကောင်လေးရယ်တဲ့...သူတို့က ငယ်ကတည်းက တူတူကြီးလာတာ...တစ်ယောက်ကို တစ်ယောက်အရမ်းသံယောဇဉ်ရှိကြတယ်...တစ်ယောက်ဝမ်းနည်းနေရင် တစ်ယောက်ကမနေနိုင်ဘဲ အစွမ်းကုန်ကူညီပေးတာမျိုးပေါ့...ဘာမဆို ပေးဆပ်နိုင်တဲ့ထိ တစ်ယောက်ကို တစ်ယောက်ချစ်ကြတယ်တဲ့"

လွန်းငယ် ကိုကိုပြောပြသည်အား စိတ်ဝင်စားစွာ နားထောင်နေလိုက်သည်။

"တစ်နေ့ကျ ရွှေရောင်ဆံပင်နဲ့ ကောင်လေးက ငွေရောင်ဆံပင်ပိုင်ရှင်ကောင်လေးကို ပြောလာတယ်...သူ့မှာ ချစ်ရတဲ့သူ ရှိနေပြီတဲ့....ငွေရောင်ဆံပင်ကောင်လေးက ဟုတ်လား ငါဝမ်းသာပါတယ်လို့ ပြောတာပေါ့...အဲဒီမှာ ရွှေရောင်ဆံပင်ကောင်လေးပြောတာက သူချစ်နေတဲ့ကောင်မလေးက နှင်းဆီနီတစ်ပွင့်ယူလာမှ သူ့အချစ်ကိုလက်ခံလိမ့်မယ်တဲ့...အဲဒီအချိန်တုန်းက နှင်းဆီပန်းဆိုတာ အဖြူရောင်တွေပဲရှိတာ အနီရောင်ဆိုတာမရှိဘူး"

လွန်းငယ် အံ့အားသင့်သွားရသည်။

"အဲဒါဆို ဘယ်လိုလုပ်မှာလဲ ကိုကို...နှင်းဆီနီဆိုတာ မရှိဘူးဆိုတော့ သူတို့ဒီခေတ်မှာ လူဖြစ်လာရမှာ...ဒီမှာတော့ နှင်းဆီတွေက အရောင်ကိုစုံလို့"

ကိုကိုက သူ၏နှာခေါင်းထိပ်လေးအား လက်ချောင်းလေးများဖြင့် ခပ်ဖွဖွ ဖျစ်ညှစ်လာ၏။

"ကိုကို ဆက်ပြောပြမယ်လေ"

"အင်း ငယ် စကားဖြတ်မပြောတော့ဘူး...ဆက်ပြောပြ ကိုကို"

"ရွှေရောင်ဆံပင်ကောင်လေး ဝမ်းနည်းတာကို မမြင်နိုင်တော့ ငွေရောင်ဆံပင်ကောင်လေးက ကတိပေးလိုက်တယ်...မနက်ဖြန် သူ့အိမ်ရှေ့က နှင်းဆီဖြူတွေရှိတဲ့ ပန်းခင်းကို လာခဲ့ပါ...နှင်းဆီနီတစ်ပွင့်တွေ့လိမ့်မယ်တဲ့...ရွှေရောင်ဆံပင်ကောင်လေးက ဝမ်းသာသွားတယ်...အဲလိုနဲ့ သူတို့လမ်းခွဲလိုက်ကြတယ်...နောက်နေ့ ပန်းခင်းဆီ ရွှေရောင်ဆံပင်ကောင်လေးလာတော့ နှင်းဆီဖြူတွေကြားက နှင်းဆီနီတစ်ပွင့်ကို တွေ့တယ်...သွေးတွေနဲ့လဲလျောင်းနေတဲ့ ငွေရောင်ဆံပင်ကောင်လေးဘေးမှာပေါ့"

"ရွှေရောင်ဆံပင်ကောင်လေးက အလောတကြီးသွားပြီး ငွေရောင်ဆံပင်ကောင်လေးကို ပွေ့ဖက်ငိုယိုတော့တယ်...ငွေရောင်ဆံပင်ကောင်လေးလက်ထဲ ဆုပ်ကိုင်ထားတဲ့ စာမှာရေးခဲ့တာက ငါ့နှလုံးသွေးနဲ့ မင်းလိုချင်တဲ့ နှင်းဆီနီတစ်ပွင့်ပေးခဲ့တယ်...ငါ့နှလုံးသားက ဖြူစင်လို့ ငါ့နှလုံးသွေးက ဘယ်တော့မှ အရောင်ပျောက်မသွားနိုင်ဘူး...မင်းချစ်ရသူကိုပေးလိုက်ပါတဲ့"

"စာဖတ်ပြီးတော့ ရွှေရောင်ဆံပင်ကောင်လေးက နှင်းဆီနီလေးကို ကိုင်ပြီး ဦးတည်ရာမဲ့ အရူးတစ်ယောက်လို ပြေးလွှားနေမိတယ်...သူ့ရင်ထဲက ဘာမှန်းမသိတဲ့ ပူလောင်လွန်းတဲ့ ခံစားချက်တွေနဲ့အတူပေါ့...နောက်သူခလုတ်တိုက်လဲသွားတယ်...အဲဒီအခါ သူ့လက်ထဲ ဆုပ်ကိုင်ထားတဲ့နှင်းဆီပန်းလေးက စကားပြောလာတယ်"

"မင်း ဘယ်နားထိခိုက်သွားသေးလဲတဲ့"

လွန်းငယ် ဆွံ့အသွားရသည်။ အံ့သြမှင်သက်မှုနှင့်အတူ ကိုကို့အား ကြောင်ငေးကြည့်နေမိသည်။

"ရွှေရောင်ဆံပင်ကောင်လေးက အဲဒီအခါကျမှ သူ့ရင်ထဲက ဖြေရှင်းမရတဲ့ ပုစ္ဆာတွေကို နားလည်သွားတယ်...သူတို့နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် အသိမပေး ဖွင့်ပြောစရာမလိုတဲ့ ခံစားချက်တွေရှိနေခဲ့တာပဲ...ရွှေရောင်ဆံပင်ကောင်လေးက ငွေရောင်ဆံပင်ကောင်လေးရဲ့ သူ့အပေါ်အချစ်တွေကို နားလည်သွားပြီး အသက်ထက်ဆုံး နှင်းဆီနီလေးကို တယုတယသူ့ဘေးမှာထားပြီး နေထိုင်သွားတယ်တဲ့"

ကိုကို ပြောပြသော ပုံပြင်က လွန်းငယ်အား စဉ်းစားစရာများစွာ ပေါ်ပေါက်လာစေသည်။

"ကိုကို ယောကျာ်းလေးနှစ်ယောက်က ချစ်လို့ရလို့လား...အဲလောက်ထိ အသက်ပေးပြီး ချစ်နိုင်လို့လား"

"ဘာလို့မဖြစ်နိုင်ရမှာလဲ ငယ်လေးရဲ့...အချစ်ဆိုတာ ဘယ်သူ့မှာမဆို ဖြစ်နိုင်တယ်...လိင်ဆိုတာက တကယ်ချစ်ရင် မလိုအပ်ဘူး ငယ်လေး...သူ ဆိုတဲ့ဖြစ်တည်မှုကဘဲ အရေးကြီးတာ...သူ့အတွက်ဆို အသက်ဘဲပေးရပေးရ ပေးဆပ်ချစ်နိုင်တဲ့ ဖြစ်တည်မှုမျိုး"

"အဲဒါဆို ကိုယ့်ဘက်ကသာ မေတ္တာစစ်မှန်ရင် တစ်နေ့နေ့ကျ သူနားလည်ပြီး ပြန်ချစ်နိုင်တာပေါ့နော်"

"ဒါပေါ့ ငယ်လေး...ကိုယ့်ဘက်ကသာ လက်မလျော့ဘဲ အချစ်စစ်အချစ်မှန်နဲ့ ချစ်နေဖို့ပဲလိုတာ"

ကိုကို ပြောသော စကားများသည် လွန်းငယ် နားထဲတွင် အကြိမ်ကြိမ် ပြန်၍ရစ်ဝဲကာ ကြားယောင်နေရသည်။

"ကိုကိုကရော ယောကျာ်းယူမှာလား"

နားမလည်နိုင်စွာ ကိုကို့အား မေးလေတော့ ကိုကိုက သူ့အား ကြည့်ကာ ရယ်လေတော့သည်။

"ကိုကိုက မိန်းမပဲယူမှာ ငယ်လေး...ငယ်လေးကို ကိုကိုချစ်သလို ချစ်ပေးနိုင်မဲ့ မိန်းမပဲယူမှာ"

"ကိုကို့ကို လူပျိုကြီးဖြစ်စေချင်တယ်..ငယ် ကိုကို့ကို တခြားသူကို ခွဲမပေးနိုင်ဘူး"

သူပြောစကားအား ကြားတော့ ကိုကိုက ပြုံးရွှင်နေသောမျက်နှာဖြင့် သူ့အား ကလိထိုးကာ စလေတော့၏။

"ငယ်လေးကတော့ တော်တော်ဆိုးတာပဲ...ကိုကို့ကိုတောင် လူပျိုကြီးလုပ်ခိုင်းနေတာပေါ့လေ"

"ကိုကို  အာ့ ယားတယ် ကလိမထိုးနဲ့တော့ ငယ်ယားတယ်..ငယ် မှားတာပါ ငယ်မှားတာ ကလိမထိုးနဲ့တော့"

ထိုစဉ်က မြင်ကွင်းများအား မျက်လုံးထဲ မြင်ယောင်လာသလို ကိုကိုပြောသောစကားများလည်း လွန်းငယ် ပြန်၍ ကြားယောင်လာသည်။

မှေးစင်းလာသော မျက်ဝန်းများအား သူ ဆက်လက် မထိန်းနိုင်တော့။ မျက်ဝန်းတို့ လုံးဝပိတ်မကျသွားခင် ပါးစပ်မှ ခပ်တိုးတိုးရေရွတ်လိုက်မိသည်။

"မောင်...ငယ့်ရဲ့မောင့်အပေါ်အချစ်တွေကို နားလည်ပြီး မောင်တစ်နေ့ ငယ့်ကို ပြန်ချစ်လာပါစေ"

ထို့နောက် မျက်ဝန်းအစုံပိတ်ကျကာ အမြင်အာရုံ မှောင်အတိကျသွားလေတော့သည်။

ပန်းပျိုးသူတစ်ယောက်
အကြောက်ရွံ့ဆုံးအရာက
ပျိုးထောင်ထားတဲ့ ပန်းကလေး
ညိုးနွမ်းသွားမှာကိုပဲ
ပန်းကလေး မညိုးနွမ်းစေဖို့
သူ ဘာမဆို လုပ်နိုင်တယ်
ဒါကို ပန်းကလေး
သိမှသိပါလေစ။

****************

မိခင်မေတ္တာကိုဖော်ကျူးထားသည့် မူရင်းပုံပြင်လေးအား အနည်းငယ်ပြင်ရေးထားသောကြောင့် crd ပေးပါသည်။

***************

အပိုင္း(၁၂)

ေမွ်ာ္လင့္ခ်က္အလင္းေရာင္ေလး ရွင္သန္ခြင့္ေပးပါ

ကုမၸဏီ႐ုံးခန္းထဲတြင္ သူတစ္ေယာက္တည္းသာ ရွိသျဖင့္ တိတ္ဆိတ္ေနသည္။ ၿငိမ္သက္ေသာ ပတ္ဝန္းက်င္တြင္ ရွိေနေသာ္လည္း သူ၏ စိတ္အေျခအေနသည္ေတာ့ လုံးဝေကာင္းမြန္ မေနေပ။

မေန႕က လြန္းငယ္ႏွင့္ ထပ္၍ စကားမမ်ားခ်င္ေတာ့ေသာေၾကာင့္ သူ ဟိုတယ္တြင္ သြားအိပ္ျဖစ္သည္။ မနက္ခင္း အလုပ္သြားရန္ ျပင္ဆင္ၿပီး သုသုေလးအား ေက်ာင္းလိုက္ပို႔ရန္ျပင္စဥ္ မိုးဆီမွ ဖုန္းဆက္လာသည္။

ကားစက္ႏွိုး၍ မရေသာေၾကာင့္ ေဆး႐ုံသို႔လိုက္ပို႔ေပးရန္ ေတာင္းဆိုျခင္းျဖစ္၏။ နာရီဝက္ေလာက္ၾကာလွ်င္ အေရးႀကီးလူနာေတြ႕ဆုံစရာရွိသည္ဆိုေသာေၾကာင့္ သူ မိုးအား သြားေခၚလိုက္သည္။ အခ်ိန္ရေသးသျဖင့္ သုသုအား အရင္ေက်ာင္းလိုက္ပို႔ေပးမည္ဟု အသိေပးၿပီး အိမ္သို႔ျပန္လာခဲ့ျခင္းျဖစ္သည္။

ေက်ာင္းသြားရန္ အဆင္သင့္ျဖစ္ေနေသာ သုသုက မျဖစ္နိုင္ေသာ ကိစၥအား ေတာင္းဆိုလာေတာ့ သူ အံ့အားသင့္သြားရသည္။ သူ၏ကားေပၚတြင္ သူ၊ လြန္းငယ္ႏွင့္ မိုးတို႔အတူတူရွိမေနနိုင္။ ေနရခက္ကာ မ်က္ႏွာပ်က္စရာမ်ားသာ ျဖစ္နိုင္သည္။ လြန္းငယ္ႏွင့္လည္း ထပ္၍ စကားမမ်ားခ်င္ေတာ့ေသာေၾကာင့္ သုသုအား လြန္းငယ္မပါဘဲ ေက်ာင္းသြားရန္ ေျပာလိုက္မိေသာ္လည္း လက္မခံေပ။

တစ္ခါမွ သူ႕စကားအား မျငင္းပယ္ဖူးသည့္ ကေလးက သူ႕အား ျငင္းပယ္လာေတာ့ သူ႕အေနျဖင့္လြန္စြာ ေဒါသထြက္သြားရသည္။ လြန္းငယ္အား ထိုကေလးအရမ္းခင္တြယ္ေနသည္ကို ျမင္မိေတာ့ အဆုံးရႈံးမခံနိုင္စိတ္၊ မနာလိုစိတ္တို႔္ျဖင့္ သူ ဘာမွမျမင္နိုင္ေတာ့။ တစ္ခါမွ နာက်င္ေအာင္မလုပ္ဖူးသည့္ သုသုအား အၾကမ္းပတမ္းလုပ္မိသည္ထိ သူ၏စိတ္တို႔ လြတ္ထြက္သြားခဲ့သည္။

နာက်ည္းမိေသာ စိတ္အစဥ္က ခ်စ္စိတ္အနည္းငယ္အား တိုက္စားသြားေတာ့ သူ၏ အေျပာအဆိုတို႔သည္ ပို၍ ဆိုး႐ြားသြားရသည္။ ႏွလုံးသားႏွင့္ နင့္ေနေအာင္ခံစားခဲ့ရေသာေၾကာင့္ ျပသနာစတင္ရာ ထိုေကာင္ေလးအား မုန္းမိေသာ္လည္း ကိုယ္ထိလက္ေရာက္ နာက်င္ေစမႈမ်ိဳး သူ မလုပ္ရက္နိုင္ပါ။

အနည္းငယ္မွ် ထိခိုက္ဒဏ္ရာရလွ်င္ပင္ ရင္တစ္ခုလုံးပူေလာင္လာရသည့္သူ႕အတြက္ နာက်ည္းမႈတို႔အား စကားျဖင့္ အနိုင္ယူရန္ အခြင့္အေရးသာရွိသည္။

လြန္းငယ္ ဝမ္းနည္းသြားေသာအခါ မ်က္ႏွာပ်က္သြားေသာအခါမ်ားတြင္ သူ ေပ်ာ္႐ႊင္သင့္ေသာ္လည္း မေပ်ာ္႐ႊင္နိုင္။ ရင္ဘတ္ေနရာမွ စူးေအာင့္မႈႏွင့္အတူ ေတာ္ေတာ္ၾကာသည္ထိ စိတ္အေျခအေန မေကာင္းျဖစ္ေနတတ္သည္။

အခုလည္း ေဒါသေျပသြားေသာအခါ သူ အဆင္ေျပမေနေတာ့။ အကယ္၍ သူႏွင့္ လြန္းငယ္ၾကား ဘာနာက်ည္းစရာအျဖစ္အပ်က္မွ မရွိလွ်င္ အရမ္းေကာင္းမည္ဟုေတြးမိသည္။ ေန႕ရက္တိုင္း သူတို႔ေပ်ာ္႐ႊင္စြာ ေနသြားနိုင္သည္။

လြန္းငယ္အား ျမင္မိတိုင္း မ်က္လုံးထဲဝင္လာသည္က တစ္သက္လုံး မေမ့နိုင္သည့္ ေလာကႀကီးမွ ေပ်ာက္ကြယ္သြားၿပီျဖစ္ေသာ မ်က္ႏွာေလး။ အားနာမႈႏွင့္အတူ လြန္းငယ္ေပၚ ေကာင္းမြန္စြာ သူ မဆက္ဆံနိုင္။ နာက်ည္းမႈေၾကာင့္ ေျပာမိသည္က ရင့္သီးလွေသာ စကားမ်ား။

သူလည္း ဘာဆက္လုပ္ရမလဲဆိုတာ တကယ္ပင္ မသိေတာ့။ သူ႕အေနျဖင့္ လြန္းငယ္အား ခြင့္လႊတ္ရေအာင္လည္း လြန္းငယ္လုပ္ခဲ့ေသာ အမွားသည္ လြယ္လြယ္ခြင့္လႊတ္၍ မရေပ။ လြန္းငယ္ တစ္ခုခုျဖစ္သြားမည္ကိုလည္း သူ စိုးရိမ္မိသည္။

သူ၏ လက္စားေခ်ေသာ အစီအစဥ္တြင္ အစကတည္းက လြန္းငယ္ပါ ပါဝင္ခဲ့ေသာ္လည္း ၾကာလာသည့္အခါ သူ မလုပ္ရက္နိုင္ေတာ့။ လြန္းငယ္အေပၚ ကိုယ္ထိလက္ေရာက္ မနာက်င္ေစရက္သည့္ သူ၏စိတ္က ထိုေကာင္ေလးအေပၚ မည္သို႔မ်ား ဆက္၍ လက္စားေခ်ရမည္နည္း။

သို႔ေသာ္ ေစထားရာအေပၚတြင္ေတာ့ ထိုအစီအစဥ္မ်ား ဆက္လက္ရွိေနဆဲပင္။ အရမ္းခ်စ္ေသာ ညီအစ္ကိုႏွစ္ေယာက္ေၾကာင့္ နစ္နာခဲ့ရသူအစား ျပန္ေပးဆပ္မႈေတာ့ သူ ရယူရမည္။မဟုတ္ပါက သြားေလသူစိတ္မေျဖာင့္နိုင္ဟု သူခံယူထားသည္။

(၆)ႏွစ္ပင္ ရွိၿပီ။ ေစထားရာအား အနိုင္ယူနိုင္ရန္ အခက္ခဲမ်ားစြာကို သူ ေက်ာ္ျဖတ္ခဲ့ရသည္။ အရမ္းပင္ပန္းလာသည့္အခါတိုင္း ခြင့္မလႊတ္နိုင္ေသာ စိတ္ျဖင့္ သူဆက္ႀကိဳးစားခဲ့သည္။ သိပ္မၾကာခင္ သူ၏ စိတ္ဆႏၵတို႔ ျပည့္ဝေသာေန႕သို႔ ေရာက္ရွိလာေပေတာ့မည္။

"ေဒါက္ ေဒါက္"

အခန္းျပင္မွ တံခါးေခါက္သံေၾကာင့္ အေတြးစတို႔ ျပတ္ေတာက္သြားရသည္။

"ဝင္ခဲ့"

အခန္းတံခါးဖြင့္ကာ အခန္းထဲသို႔ ကိုဆက္ ဝင္လာသည္။

"Boss...PSလုပ္ငန္းစုက ဖုန္းဆက္လာတယ္..ဥကၠဌ ေစထားရာရဲ႕အတြင္းေရးမႉးက ဆက္တာပါ...ဥကၠဌေစထားရာက လုပ္ငန္းကိစၥေဆြးေႏြးစရာရွိလို႔ အခုလာခဲ့မယ္တဲ့"

ခြန္းသုရွင္ ႏႈတ္ခမ္းစြန္းမ်ား ေကြးၫႊတ္သြားေအာင္ ၿပဳံးလိုက္မိသည္။ ေစထားရာဘက္က ေျခလွမ္းစလွမ္းလာေလၿပီ။

"အေရးႀကီးဧည့္သည္လာမွာ ဆိုေတာ့ ငါတို႔ဘက္က ဧည့္ဝတ္ေက်ပြန္ရမွာေပါ့...ကုမၸဏီအထက္ပိုင္းလူေတြကို အေၾကာင္းၾကားလိုက္...PS လုပ္ငန္းစု ဥကၠဌေစထားရာကို ႀကိဳဆိုဖို႔"

"ဟုတ္ကဲ့ boss"

ကိုဆက္ ျပန္ထြက္သြားသည္ႏွင့္ ခြန္းသုရွင္ အကၤ်ီအားသပ္သပ္ရပ္ရပ္ျဖစ္ေအာင္ျပင္ဆင္လိုက္သည္။

"ေနာက္ဆုံးေတာ့ မင္းနဲ႕မ်က္ႏွာခ်င္းဆိုင္ရမဲ့ေန႕ေရာက္လာၿပီပဲ...မၾကာခင္ မင္းက်ရႈံးခန္းေရာက္လာေတာ့မယ္ ေစထားရာ"

ခြန္းသုရွင္ ေက်နပ္စြာထပ္၍ ၿပဳံးလိုက္၏။

ထို႔ေနာက္ အခန္းအျပင္သို႔ ထြက္ၿပီး ဓာတ္ေလွကားသုံးကာ ေအာက္ဆုံးထပ္သို႔ ဆင္းလိုက္သည္။ ဓာတ္ေလွကားတံခါးပြင့္သြားသည္ႏွင့္ သူ႕အား အသင့္ေစာင့္စားေနၾကေသာ ကုမၸဏီအထက္ပိုင္း ရာထူးႀကီးပုဂၢိဳလ္မ်ား။ သူတို႔ ႏႈတ္ဆက္လာသည္မ်ားအား သူ အၿပဳံးျဖင့္ ​ျပန္၍တုံ႕ျပန္လိုက္သည္။ အကုန္လုံး၏ ေရွ႕မွဦးေဆာင္၍ ဧည့္သည္မ်ားအား ႀကိဳဆိုရန္ ကုမၸဏီဝင္ေပါက္ဆီသို႔ သြားကာ ေစာင့္ဆိုင္းေနလိုက္၏။

တခဏအၾကာ ကုမၸဏီေရွ႕တြင္ ရပ္လိုက္ၾကေသာ ကားတန္းမ်ား။ ကိုယ္ရံေတာ္တစ္ေယာက္တံခါးဖြင့္ေပးထားသည့္ ေရွ႕ဆုံးကားမွ ဆင္းလာေသာ ဥကၠဌ ေစထားရာ။ အနက္ေရာင္ အေနာက္တိုင္းဝတ္စုံအား ေသသပ္သပ္ရပ္စြာ ဝတ္ဆင္ထားၿပီး ဆံပင္မ်ားအား ရွင္းလင္းစြာ ေနာက္သို႔ၿဖီးတင္ထားသည္။ ေနကာမ်က္မွန္အနက္အား ခြၽတ္လိုက္ေတာ့ စူးရွနက္ေမွာင္ေသာ မ်က္ဝန္းနက္မ်ားက ၾကည့္ေနသူအေပါင္းအား ပို၍ ဆြဲေဆာင္သြားေစ၏။

ျဖဴေဖြးေသာအသားအေရႏွင့္ အေဝးမွျမင္ကြင္းတြင္ပင္ ေနေရာင္ေအာက္ ထင္းထြက္ေနသည္မွာ တကယ္ကို အျမင္ကပ္စရာေကာင္းလွသည္။ လုပ္ခဲ့မိေသာအမွားတို႔အတြက္ ေနာင္တတစက္မွပင္မရဘဲ ေကာင္းေကာင္းမြန္မြန္ ေနထိုင္ေနသည့္  ေစထားရာပုံစံက ခြန္းသုရွင္အတြက္ ပို၍ မုန္းတီးစရာေကာင္းလြန္းေန၏။

ကိုယ္ရံေတာ္မ်ားႏွင့္ PSလုပ္ငန္းစု၏ အႀကီးပိုင္းရွယ္ယာရွင္မ်ားၿခံရံကာ သူရွိရာသို႔ တစ္လွမ္းခ်င္းေလွ်ာက္လွမ္းလာသူအား မုန္းတီးရိပ္မ်ားစြန္းထင္းေနေသာ မ်က္ဝန္းမ်ားျဖင့္ ခြန္းသုရွင္ မ်က္ေတာင္မခတ္ စိုက္ၾကည့္လိုက္မိသည္။ သူ လုံးဝခြင့္မလႊတ္နိုင္ေသာ ႐ြံစရာလုပ္ရပ္အား က်ဴးလြန္ထားသည့္ ယုတ္မာေကာက္က်စ္လြန္းေသာလူ။ ဟန္ေဆာင္ေကာင္းေသာ ထိုလူ၏ ဟန္ေဆာင္မ်က္ႏွာဖုံးအား တစ္စစီျဖစ္ေအာင္ သူ ရိုက္ခ်ိဳးပစ္ခ်င္လာသည္။

"ေတြ႕ရတာ ဝမ္းသာပါတယ္ ဥကၠဌ ခြန္းသုရွင္"

သူ႕အား ကမ္းေပးလာေသာ လက္တစ္ဖက္။ မသတီေသာ္လည္း ဝတၱရားအရ ခြန္းသုရွင္ ျပန္၍ လက္ဆြဲႏႈတ္ဆက္လိုက္ရ၏။

"ေတြ႕ရတာ ဝမ္းသာပါတယ္ ဥကၠဌ ေစထားရာ"

လက္မွ တင္းက်ပ္စြာ ဆုပ္ကိုင္လာမႈေၾကာင့္ ခြန္းသုရွင္ အၿပဳံးမပ်က္ပင္ သူ႕ဘက္မွလည္း ျပန္၍ တင္းက်ပ္စြာ ဆုပ္ကိုင္ေပးလိုက္သည္။ အားကုန္သုံးကာ ဆုပ္ကိုင္ထားျခင္းျဖစ္ေသာ္လည္း ႏွစ္ေယာက္လုံး၏ မ်က္ႏွာတြင္ အၿပဳံးမပ်က္။

စကၠန႔္အနည္းငယ္အၾကာ ေစထားရာဘက္မွ လက္အား အရင္စလႊတ္လိုက္ေသာေၾကာင့္ သူ႕ဘက္မွလည္း ဆြဲကိုင္ထားေသာလက္အား ျပန္၍ ႐ုတ္သိမ္းလိုက္သည္။

"ကြၽန္ေတာ္ ဂ်ပန္ေရာက္ေနတာနဲ႕ ကြၽန္ေတာ့္ညီေလးနဲ႕ ဥကၠဌ ခြန္းသုရွင္ရဲ႕ လက္ထပ္ပြဲကို မတက္ေရာက္လိုက္ရဘူး...ကြၽန္ေတာ္စဥ္းစားေနတာ မဂၤလာလက္ဖြဲ႕အေနနဲ႕ ကြၽန္ေတာ့္ကုမၸဏီရဲ႕ ရွယ္ယာ 5%ကို လက္ဖြဲ႕ရမလားလို႔...အဲဒါ မဆိုးဘူးထင္တယ္..PSရဲ႕ ရွယ္ယာ5%ေဈးက High Riskရဲ႕ ရွယ္ယာ 50%ေဈးနဲ႕ညီမွ်တာပဲ...တူတူတန္တန္ေလး လက္ဖြဲ႕ရတာေပါ့"

သူ၏ ေနာက္ဘက္ရွိ High Risk၏ အထက္ပိုင္းအရာရွိမ်ားႏွင့္ရွယ္ယာရွင္မ်ား လႈပ္လႈပ္ရွားရွားျဖစ္သြားၾကသည္။

ေစထားရာဘက္မွ လြန္းငယ္သည္ သူ၏ ညီေလးျဖစ္ေၾကာင္း ေဖာ္ထုတ္လိုက္မႈႏွင့္ တစ္ဖက္သတ္ရန္စလာမႈက သူ႕တို႔တြက္ အံ့အားသင့္စရာ ျဖစ္သြားေလာက္သည္။ High Risk ကုမၸဏီတစ္ခုလုံး သိၾကသည္က လြန္းငယ္အား ဘာမွပိုင္ဆိုင္မႈ မရွိသည့္ လူတစ္ေယာက္အျဖစ္သာ။ စိုင္ေကာ္လို႔ ခ်ဳံေပၚေရာက္သြားျခင္းဟုပင္။

"လြန္းငယ္က လက္မခံေလာက္ဘူး MD ေစထားရာ...လြန္းငယ္တြက္ အဲေလာက္ထိ လက္ဖြဲ႕ရေအာင္ မထိုက္တန္ပါဘူး...ေစတနာအတြက္ ေက်းဇူးပါ"

သူ ေျပာလိုက္ေသာ စကားေၾကာင့္ ေစထားရာ၏မ်က္ႏွာသည္ သိသိသာသာပ်က္ယြင္းသြား​သည္။ ေစထားရာ၏ အားနည္းခ်က္သည္ လြန္းငယ္၊ လြန္းငယ္၏ အားနည္းခ်က္သည္ သူ ျဖစ္ေနေသာေၾကာင့္ ေစထားရာဘက္မွ သူ႕အား ေပၚတင္ထိခိုက္ေအာင္ မလုပ္ရဲေသးမွန္း သူသိသည္။

ထိုအျမင္ကပ္စရာ ေကာင္းလြန္းသည့္ ညီအစ္ကိုသံေယာဇဥ္အား ျပတ္ေတာက္သြားေအာင္ထိ သူ ဖ်က္ဆီးပစ္ခ်င္သည္။ သူတို႔ၾကား သည္းသည္းလႈပ္သာ ခ်စ္မျပခဲ့လွ်င္ ဘယ္သူမွ ထိခိုက္စရာ အေၾကာင္းအရင္းတစ္စုံတစ္ရာမွ် မရွိနိုင္ခဲ့။

လြန္းငယ္က ေစထားရာ၏ ညီေလးျဖစ္ေနသည့္ ကံတရားႀကီးအားလည္း သူ မုန္းမိသည္။ လြန္းငယ္ကသာ ဘာမွမသိခဲ့လွ်င္ သူ႕အေနျဖင့္ ခြင့္လႊတ္နိုင္ေသာ္လည္း လြန္းငယ္ကိုယ္တိုင္က တစ္စိတ္တစ္ပိုင္းမွ ပါဝင္ပတ္သတ္ခဲ့သူျဖစ္ေနေသာေၾကာင့္ သူ ခြင့္မလႊတ္နိုင္။ မစဥ္းစား မဆင္ျခင္ေျပာခဲ့ေသာ စကားတစ္ခြန္းသည္ လူတစ္ေယာက္အား ေသေစနိုင္ေၾကာင္း လြန္းငယ္အား သိေစခ်င္သည္။

"လြန္းငယ္က PSလုပ္ငန္းစုရဲ႕ ဆက္ခံသူပဲ...ဘာလို႔မထိုက္တန္ရမွာလဲ...တစ္ခ်ိန္ခ်ိန္ လြန္းငယ္ ရမဲ့အေမြေတြက ဆယ္သက္စားမကုန္ဘူးေလ...ဥကၠဌ ခြန္းသုရွင္အတြက္ ေရကန္အသင့္ၾကာအသင့္ပဲမလား"

"စီးပြားေရးအျမင္နဲ႕ အႀကံေပးရမယ္ဆိုရင္ လြန္းငယ္ကို ဆက္ခံသူထားတာက အရဲစြန႔္လြန္းရာ မက်ဘဴးလား ဥကၠဌေစထားရာ...PS လုပ္ငန္းစုတြက္ စီးပြားေရးနဲ႕ ပုဂၢိဳလ္ေရး မေရာေႏွာသင့္ဘူး...ဦးေဆာင္သူတစ္ေယာက္အေနနဲ႕ အရည္ခ်င္းျပည့္မွီစြာ ေသခ်ာစဥ္းစားသင့္တယ္"

ထို႔ေနာက္ ႏွစ္ေယာက္သားသည္ ဘာစကားမွ ဆက္မေျပာျဖစ္ေတာ့။ တစ္ေယာက္ကိုတစ္ေယာက္သာ အဓိပၸါယ္မေဖာ္နိုင္ေသာ အၾကည့္မ်ားျဖင့္ စိုက္ၾကည့္ေနၾကသည္။ ေၾကာက္မက္ဖြယ္ အေနအထားေၾကာင့္ ေနာက္မွလိုက္ပါလာသူမ်ား ေနရခက္လာၾက၏။

ထိုအေျခအေနအား ၿဖိဳခြဲလိုက္သူမွာ ခြန္းသုရွင္၏ အတြင္းေရးမႉး ကိုဆက္ပင္။

"PS လုပ္ငန္းစုဘက္က လုပ္ငန္းကိစၥေဆြးေႏြးစရာရွိလို႔ဆိုတာ ဘာမ်ားလဲ"

ထိုအခါမွသာ ႏွစ္ေယာက္သား အၾကည့္မ်ားအား ႐ုတ္သိမ္းလိုက္ၾကသည္။

ေစထားရာ သူ၏အတြင္းေရးမႉးလင္းထက္အား ၾကည့္လိုက္ေတာ့ အလိုက္သိစြာ လင္းထက္က ေျပာလာ၏။

"ကြၽန္ေတာ္တို႔ လုပ္ငန္းစုက အခုတေလာ အိမ္ရာစီမံကိန္းတစ္ခုလုပ္ေနတယ္...အဲဒီမွာ လိုအပ္တဲ့ ေျမကြက္ဝယ္ဖို႔ ပိုင္ဆိုင္သူကိုၾကည့္လိုက္ေတာ့ High Riskရဲ႕ ပိုင္ဆိုင္မႈျဖစ္ေနတယ္...အဲဒီေျမကြက္ကို တန္ရာတန္ေၾကးနဲ႕ ဝယ္ဖို႔ လာေဆြးေႏြးတာပါ"

လင္းထက္၏ စကားအဆုံး၌ ဆက္၍ေျပာလာသူမွာေတာ့ ဥကၠဌ ခြန္းသုရွင္ပင္။

"ဥကၠဌ ေစထားရာက အဲဒီေျမကြက္ကို လိုခ်င္ရင္ ကြၽန္ေတာ္အလကားေပးနိုင္ပါတယ္...ကြၽန္ေတာ့္အတြက္ အဖိုးမွမတန္တာ...ဂ႐ုစိုက္ဖို႔ မအားတဲ့အရာေတြကို ကြၽန္ေတာ္က လြယ္လြယ္စြန႔္ပစ္နိုင္တယ္"

"ေက်ာက္ရိုင္းတုံးကို လြယ္လြယ္စြန႔္လႊတ္နိုင္ေပမဲ့ အဲဒီေက်ာက္ရိုင္းတုံးက ေက်ာက္စိမ္းတုံးျဖစ္ေနခဲ့ရင္ေရာ...ဦးေဆာင္သူတစ္ေယာက္အေနနဲ႕ ေက်ာက္ရိုင္းတုံးလား ေက်ာက္စိမ္းတုံးလား ေသခ်ာခြဲျခားသင့္တယ္...ေနာက္မွ ႏွေျမာတသျဖစ္ေနမွာစိုးလို႔ သတိေပးတာပါ ဥကၠဌခြန္းသုရွင္...တစ္စုံတစ္ေယာက္အတြက္ အဖိုးတန္လြန္းတဲ့အရာျဖစ္ေနရင္ စြန႔္ပစ္ၿပီးမွ ျပန္ရဖို႔မလြယ္ဘူး"

အနီးနားရွိ လူမ်ားအေနျဖင့္ တစ္ေယာက္ကို တစ္ေယာက္ေစာင္းေျပာေနၾကမွန္း သိေသာ္လည္း ဘာကိုဆိုလိုမွန္းေတာ့ နားမလည္နိုင္ၾကေပ။ သူတို႔အတြက္ အေရးႀကီးသတင္းတစ္ခုေတာ့ရရွိသြားေလၿပီ။ High Risk ဥကၠ႒၏ လက္ထပ္ထားသူသည္ PSလုပ္ငန္းစု ဥကၠ႒၏ ညီျဖစ္ေနေၾကာင္း သတင္းပင္။

"လုပ္ငန္းကိစၥတိုင္ပင္ရေအာင္ ကုမၸဏီစည္းေဝးခန္းကို ႂကြပါ ဥကၠဌ ေစထားရာ...လုပ္ငန္းကိစၥဆိုေတာ့ ပုဂၢိဳလ္ေရး ကိစၥေတြ ေဘးဖယ္ထားစို႔"

"Ok!That's right...စည္းေဝးခန္းကို သြားၾကတာေပါ့"

ထို႔ေနာက္ ကုမၸဏီအုပ္စုႏွစ္စုသည္ ဓာတ္ေလွကားဆီသို႔ သြားကာ အုပ္စုခြဲ၍ အေပၚဆုံးထပ္အစည္းအေဝးခန္းရွိရာသို႔ သြားၾကေတာ့သည္။

မလွမ္းမကမ္းတြင္ ရွိေနခဲ့ၾကေသာ ကုမၸဏီလက္ေအာက္ဝန္ထမ္းမ်ား၏ ဆူညံသံတို႔ ထြက္ေပၚလာၾကေလသည္။

ကေလးကြက္ေတြနဲ႕
ကစားၿပီး
အနိုင္ယူဖို႔မႀကိဳးစားပါနဲ႕။

ေပါ့ေပါ့တန္တန္
သေဘာထားျခင္းရလဒ္ကို
ျမင္သာေအာင္
ငါျပသေပးမယ္။

က်ားကြက္ဟာ
စစ္ေျမျပင္ဆိုတာ
မင္းအၿမဲသတိရေအာင္ေပါ့။

******************

လြန္းငယ္ ေရခ်ိဳးကန္ထဲ ေရစိမ္ေနသည္မွာ တစ္နာရီမွ်ပင္ ၾကာေနၿပီ။ မွန္မရွိေသာ္လည္း ေျခာက္ေသြေန႕ေသာႏႈတ္ခမ္းတစ္ခုလုံး ျဖဴေဖ်ာ့ေနမည္မွန္း သူသိသည္။

ေမာင္က သူ႕အားဂ႐ုမစိုက္လွ်င္ ဂ႐ုစိုက္မႈအား ရေအာင္ သူ ဖန္တီးမည္။ သူ အျပင္းဖ်ားလို႔ ေမာင္ ဂ႐ုမစိုက္လွ်င္လည္း သူ႕အတြက္ ကိစၥမရွိေပ။ ေမာင္၏ ေမတၱာအား မရေသာသူ႕အတြက္ ဆုံးရႈံးစရာ မရွိေသာေၾကာင့္ သူ ေနာင္တမရ။

ေမာင္ႏွင့္ ေဝးရမည့္အစား သူသာ ေပ်ာက္ကြယ္သြားလိုက္မည္။ ေမာင့္အခ်စ္အား ျပန္ရဖို႔ သူ ဘာမဆိုလုပ္နိုင္သည္။ သူ၏စိတ္ထဲတြင္ ခိုင္မာေသာ ယုံၾကည္ခ်က္တစ္ခုရွိသည္။ ေမာင္ သူ႕အား ခ်စ္ေနဆဲဟူသည့္ ယုံၾကည္မႈပင္။ သူ႕ဘက္မွလည္း ေမာင့္အား အၿမဲခ်စ္ဆဲျဖစ္ေသာေၾကာင့္ သူတို႔အဆင္ေျပသြားမည္ဟု ယုံၾကည္ေနမိသည္။

တစ္ေန႕ေန႕ေတာ့ အားလုံးအဆင္ေျပသြားမွာပါ ဆိုသည့္စိတ္ျဖင့္ သူတင္းခံေနမိျခင္းသာ။

ငယ္ငယ္က ကိုကို ေျပာျပခဲ့ေသာ ပုံျပင္ေလးတစ္ပုဒ္အား သူ ႐ုတ္တရက္ သတိရလာမိ၏။ မ်က္လုံးထဲတြင္ ထိုစဥ္က ပုံရိပ္မ်ားအား ျမင္ေယာင္လာရသည္။

"ကိုကို ငယ္ စာလုံးဝက်က္မရဘူး...စာက်က္လို႔ၾကာရင္ ေခါင္းေတြကိုက္လာေတာ့တာ...ငယ္ ဒီတစ္သက္ ကိုကို႔လို တကၠသိုလ္တက္ရပါ့မလား"

(၁၁)ႏွစ္အ႐ြယ္သာ ရွိေသာ လြန္းငယ္က အိပ္ရာေပၚလွဲေနေသာ ကိုကို႔ရင္ခြင္ထဲတိုးဝင္ကာ စိတ္ညစ္ရသည့္ အေၾကာင္းအား ရင္ဖြင့္မိသည္။ တကၠသိုလ္ေက်ာင္းသားျဖစ္သည့္ လြန္းငယ္ထက္ (၆)ႏွစ္ႀကီးေသာ ကိုကိုက ရယ္ကာ လြန္းငယ္အား ေပြ႕ဖက္လာသည္။

"စာက်က္မရရင္ မက်က္နဲ႕ေလ ငယ္ရဲ႕...ငယ့္ကို ေဖေဖေရာ ေမေမေရာ ကိုကိုေရာက စာမရလို႔ဆိုၿပီး ဆူဖူးလို႔လား"

"ဆူေတာ့မဆူဖူးပါဘူး...ငယ္က အတန္းထဲ အဆင့္(၁)ရတဲ့သူေတြကို အရမ္းအားက်တာ...သူတို႔လို ျဖစ္ဖူးခ်င္တယ္ ကိုကို"

"ကိုကို ငယ္စိတ္ညစ္ေျပသြားေအာင္ ပုံျပင္တစ္ပုဒ္ေျပာျပရမလား"

"နားေထာင္မယ္ နားေထာင္မယ္ ငယ့္ကိုေျပာျပ"

သူ အရမ္းဂ်ီက်ေတာ့ ကိုကိုက ရယ္ကာ ဆံပင္မ်ားအား ရႈပ္ပြေအာင္ ဖြေတာ့သည္။ ကိုကို လုပ္ေနၾကျဖစ္ေသာေၾကာင့္ လြန္းငယ္ ဘာမွေျပာမေနေတာ့။

"အရင္တုန္းက အခ်စ္ဆုံးသူငယ္ခ်င္းႏွစ္ေယာက္ရွိတယ္...ဆံပင္ေ႐ႊေရာင္နဲ႕ေကာင္ေလးရယ္ ေငြေရာင္ဆံပင္နဲ႕ေကာင္ေလးရယ္တဲ့...သူတို႔က ငယ္ကတည္းက တူတူႀကီးလာတာ...တစ္ေယာက္ကို တစ္ေယာက္အရမ္းသံေယာဇဥ္ရွိၾကတယ္...တစ္ေယာက္ဝမ္းနည္းေနရင္ တစ္ေယာက္ကမေနနိုင္ဘဲ အစြမ္းကုန္ကူညီေပးတာမ်ိဳးေပါ့...ဘာမဆို ေပးဆပ္နိုင္တဲ့ထိ တစ္ေယာက္ကို တစ္ေယာက္ခ်စ္ၾကတယ္တဲ့"

လြန္းငယ္ ကိုကိုေျပာျပသည္အား စိတ္ဝင္စားစြာ နားေထာင္ေနလိုက္သည္။

"တစ္ေန႕က် ေ႐ႊေရာင္ဆံပင္နဲ႕ ေကာင္ေလးက ေငြေရာင္ဆံပင္ပိုင္ရွင္ေကာင္ေလးကို ေျပာလာတယ္...သူ႕မွာ ခ်စ္ရတဲ့သူ ရွိေနၿပီတဲ့....ေငြေရာင္ဆံပင္ေကာင္ေလးက ဟုတ္လား ငါဝမ္းသာပါတယ္လို႔ ေျပာတာေပါ့...အဲဒီမွာ ေ႐ႊေရာင္ဆံပင္ေကာင္ေလးေျပာတာက သူခ်စ္ေနတဲ့ေကာင္မေလးက ႏွင္းဆီနီတစ္ပြင့္ယူလာမွ သူ႕အခ်စ္ကိုလက္ခံလိမ့္မယ္တဲ့...အဲဒီအခ်ိန္တုန္းက ႏွင္းဆီပန္းဆိုတာ အျဖဴေရာင္ေတြပဲရွိတာ အနီေရာင္ဆိုတာမရွိဘူး"

လြန္းငယ္ အံ့အားသင့္သြားရသည္။

"အဲဒါဆို ဘယ္လိုလုပ္မွာလဲ ကိုကို...ႏွင္းဆီနီဆိုတာ မရွိဘူးဆိုေတာ့ သူတို႔ဒီေခတ္မွာ လူျဖစ္လာရမွာ...ဒီမွာေတာ့ ႏွင္းဆီေတြက အေရာင္ကိုစုံလို႔"

ကိုကိုက သူ၏ႏွာေခါင္းထိပ္ေလးအား လက္ေခ်ာင္းေလးမ်ားျဖင့္ ခပ္ဖြဖြ ဖ်စ္ညွစ္လာ၏။

"ကိုကို ဆက္ေျပာျပမယ္ေလ"

"အင္း ငယ္ စကားျဖတ္မေျပာေတာ့ဘူး...ဆက္ေျပာျပ ကိုကို"

"ေ႐ႊေရာင္ဆံပင္ေကာင္ေလး ဝမ္းနည္းတာကို မျမင္နိုင္ေတာ့ ေငြေရာင္ဆံပင္ေကာင္ေလးက ကတိေပးလိုက္တယ္...မနက္ျဖန္ သူ႕အိမ္ေရွ႕က ႏွင္းဆီျဖဴေတြရွိတဲ့ ပန္းခင္းကို လာခဲ့ပါ...ႏွင္းဆီနီတစ္ပြင့္ေတြ႕လိမ့္မယ္တဲ့...ေ႐ႊေရာင္ဆံပင္ေကာင္ေလးက ဝမ္းသာသြားတယ္...အဲလိုနဲ႕ သူတို႔လမ္းခြဲလိုက္ၾကတယ္...ေနာက္ေန႕ ပန္းခင္းဆီ ေ႐ႊေရာင္ဆံပင္ေကာင္ေလးလာေတာ့ ႏွင္းဆီျဖဴေတြၾကားက ႏွင္းဆီနီတစ္ပြင့္ကို ေတြ႕တယ္...ေသြးေတြနဲ႕လဲေလ်ာင္းေနတဲ့ ေငြေရာင္ဆံပင္ေကာင္ေလးေဘးမွာေပါ့"

"ေ႐ႊေရာင္ဆံပင္ေကာင္ေလးက အေလာတႀကီးသြားၿပီး ေငြေရာင္ဆံပင္ေကာင္ေလးကို ေပြ႕ဖက္ငိုယိုေတာ့တယ္...ေငြေရာင္ဆံပင္ေကာင္ေလးလက္ထဲ ဆုပ္ကိုင္ထားတဲ့ စာမွာေရးခဲ့တာက ငါ့ႏွလုံးေသြးနဲ႕ မင္းလိုခ်င္တဲ့ ႏွင္းဆီနီတစ္ပြင့္ေပးခဲ့တယ္...ငါ့ႏွလုံးသားက ျဖဴစင္လို႔ ငါ့ႏွလုံးေသြးက ဘယ္ေတာ့မွ အေရာင္ေပ်ာက္မသြားနိုင္ဘူး...မင္းခ်စ္ရသူကိုေပးလိုက္ပါတဲ့"

"စာဖတ္ၿပီးေတာ့ ေ႐ႊေရာင္ဆံပင္ေကာင္ေလးက ႏွင္းဆီနီေလးကို ကိုင္ၿပီး ဦးတည္ရာမဲ့ အ႐ူးတစ္ေယာက္လို ေျပးလႊားေနမိတယ္...သူ႕ရင္ထဲက ဘာမွန္းမသိတဲ့ ပူေလာင္လြန္းတဲ့ ခံစားခ်က္ေတြနဲ႕အတူေပါ့...ေနာက္သူခလုတ္တိုက္လဲသြားတယ္...အဲဒီအခါ သူ႕လက္ထဲ ဆုပ္ကိုင္ထားတဲ့ႏွင္းဆီပန္းေလးက စကားေျပာလာတယ္"

"မင္း ဘယ္နားထိခိုက္သြားေသးလဲတဲ့"

လြန္းငယ္ ဆြံ႕အသြားရသည္။ အံ့ၾသမွင္သက္မႈႏွင့္အတူ ကိုကို႔အား ေၾကာင္ေငးၾကည့္ေနမိသည္။

"ေ႐ႊေရာင္ဆံပင္ေကာင္ေလးက အဲဒီအခါက်မွ သူ႕ရင္ထဲက ေျဖရွင္းမရတဲ့ ပုစာၦေတြကို နားလည္သြားတယ္...သူတို႔ႏွစ္ေယာက္မွာ တစ္ေယာက္ကို တစ္ေယာက္ အသိမေပး ဖြင့္ေျပာစရာမလိုတဲ့ ခံစားခ်က္ေတြရွိေနခဲ့တာပဲ...ေ႐ႊေရာင္ဆံပင္ေကာင္ေလးက ေငြေရာင္ဆံပင္ေကာင္ေလးရဲ႕ သူ႕အေပၚအခ်စ္ေတြကို နားလည္သြားၿပီး အသက္ထက္ဆုံး ႏွင္းဆီနီေလးကို တယုတယသူ႕ေဘးမွာထားၿပီး ေနထိုင္သြားတယ္တဲ့"

ကိုကို ေျပာျပေသာ ပုံျပင္က လြန္းငယ္အား စဥ္းစားစရာမ်ားစြာ ေပၚေပါက္လာေစသည္။

"ကိုကို ေယာက်ာ္းေလးႏွစ္ေယာက္က ခ်စ္လို႔ရလို႔လား...အဲေလာက္ထိ အသက္ေပးၿပီး ခ်စ္နိုင္လို႔လား"

"ဘာလို႔မျဖစ္နိုင္ရမွာလဲ ငယ္ေလးရဲ႕...အခ်စ္ဆိုတာ ဘယ္သူ႕မွာမဆို ျဖစ္နိုင္တယ္...လိင္ဆိုတာက တကယ္ခ်စ္ရင္ မလိုအပ္ဘူး ငယ္ေလး...သူ ဆိုတဲ့ျဖစ္တည္မႈကဘဲ အေရးႀကီးတာ...သူ႕အတြက္ဆို အသက္ဘဲေပးရေပးရ ေပးဆပ္ခ်စ္နိုင္တဲ့ ျဖစ္တည္မႈမ်ိဳး"

"အဲဒါဆို ကိုယ့္ဘက္ကသာ ေမတၱာစစ္မွန္ရင္ တစ္ေန႕ေန႕က် သူနားလည္ၿပီး ျပန္ခ်စ္နိုင္တာေပါ့ေနာ္"

"ဒါေပါ့ ငယ္ေလး...ကိုယ့္ဘက္ကသာ လက္မေလ်ာ့ဘဲ အခ်စ္စစ္အခ်စ္မွန္နဲ႕ ခ်စ္ေနဖို႔ပဲလိုတာ"

ကိုကို ေျပာေသာ စကားမ်ားသည္ လြန္းငယ္ နားထဲတြင္ အႀကိမ္ႀကိမ္ ျပန္၍ရစ္ဝဲကာ ၾကားေယာင္ေနရသည္။

"ကိုကိုကေရာ ေယာက်ာ္းယူမွာလား"

နားမလည္နိုင္စြာ ကိုကို႔အား ေမးေလေတာ့ ကိုကိုက သူ႕အား ၾကည့္ကာ ရယ္ေလေတာ့သည္။

"ကိုကိုက မိန္းမပဲယူမွာ ငယ္ေလး...ငယ္ေလးကို ကိုကိုခ်စ္သလို ခ်စ္ေပးနိုင္မဲ့ မိန္းမပဲယူမွာ"

"ကိုကို႔ကို လူပ်ိဳႀကီးျဖစ္ေစခ်င္တယ္..ငယ္ ကိုကို႔ကို တျခားသူကို ခြဲမေပးနိုင္ဘူး"

သူေျပာစကားအား ၾကားေတာ့ ကိုကိုက ၿပဳံး႐ႊင္ေနေသာမ်က္ႏွာျဖင့္ သူ႕အား ကလိထိုးကာ စေလေတာ့၏။

"ငယ္ေလးကေတာ့ ေတာ္ေတာ္ဆိုးတာပဲ...ကိုကို႔ကိုေတာင္ လူပ်ိဳႀကီးလုပ္ခိုင္းေနတာေပါ့ေလ"

"ကိုကို  အာ့ ယားတယ္ ကလိမထိုးနဲ႕ေတာ့ ငယ္ယားတယ္..ငယ္ မွားတာပါ ငယ္မွားတာ ကလိမထိုးနဲ႕ေတာ့"

ထိုစဥ္က ျမင္ကြင္းမ်ားအား မ်က္လုံးထဲ ျမင္ေယာင္လာသလို ကိုကိုေျပာေသာစကားမ်ားလည္း လြန္းငယ္ ျပန္၍ ၾကားေယာင္လာသည္။

ေမွးစင္းလာေသာ မ်က္ဝန္းမ်ားအား သူ ဆက္လက္ မထိန္းနိုင္ေတာ့။ မ်က္ဝန္းတို႔ လုံးဝပိတ္မက်သြားခင္ ပါးစပ္မွ ခပ္တိုးတိုးေရ႐ြတ္လိုက္မိသည္။

"ေမာင္...ငယ့္ရဲ႕ေမာင့္အေပၚအခ်စ္ေတြကို နားလည္ၿပီး ေမာင္တစ္ေန႕ ငယ့္ကို ျပန္ခ်စ္လာပါေစ"

ထို႔ေနာက္ မ်က္ဝန္းအစုံပိတ္က်ကာ အျမင္အာ႐ုံ ေမွာင္အတိက်သြားေလေတာ့သည္။

ပန္းပ်ိဳးသူတစ္ေယာက္
အေၾကာက္႐ြံ႕ဆုံးအရာက
ပ်ိဳးေထာင္ထားတဲ့ ပန္းကေလး
ညိုးႏြမ္းသြားမွာကိုပဲ
ပန္းကေလး မညိုးႏြမ္းေစဖို႔
သူ ဘာမဆို လုပ္နိုင္တယ္
ဒါကို ပန္းကေလး
သိမွသိပါေလစ။

****************

မိခင္ေမတၱာကိုေဖာ္က်ဴးထားသည့္ မူရင္းပုံျပင္ေလးအား အနည္းငယ္ျပင္ေရးထားေသာေၾကာင့္ crd ေပးပါသည္။

***************

Continue Reading

You'll Also Like

Candy Crush By Irena360

General Fiction

30.9K 1K 38
"ငါအဆင်သင့်ဖြစ်တဲ့အခါ မင်းဆီလာခဲ့မယ်' #တေဇာမောင် "အစတည်းက ငါကအရှုံးသမား‌ပါမောင်" #ဇေယျာဦး "ကို့ ကိုအရမ်းချစ်တဲ့သူ့ကိုပြန်ငဲ့ကြည့်ပါအုံး" #နေနွယ်
1.2M 54.7K 54
"မောင့်အရိပ်က ပြောပြပါအုံး...မောင့်ကို ဘယ်လောက်ချစ်တဲ့အကြောင်းတွေ" စာလုံးပေါင်းမမှန်တာတွေ လက်တစ်လောပြန်မပြင်နိုင်သေးတာကြောင့်...အဆင်ပြေမှဖတ်ပါရှင့်။ ...
3M 251K 66
ကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔