ငွေမှိုင်းလင်းဝေ...(ငွေမှိုင်း...

By Han_Me7012

89.9K 7.4K 1.4K

(Zawgyi) နေရယ်...လရယ်....ကြယ်ရယ်... တစ်မိုးအောက်မှာ အတူရှိကြပေမယ့် မင်းတို့နှစ်ယောက်နဲ့ယှဉ်ရင် ပျောက်ကွယ်ပေးရ... More

Author's Note
Intro
Part 1(Zawgyi)
Part 1(Unicode)
Part 2(Zawgyi)
Part 2(Unicode)
Part 3(Zawgyi)
Part 3(Unicode)
Part 4(Zawgyi)
Part 4(Unicode)
Part 5(Zawgyi)
Part 5(Unicode)
Part 6(Zawgyi)
Part 6(Unicode)
Part 7(Zawgyi)
Part 7(Unicode)
Part 8(Zawgyi)
Part 8(Unicode)
AN
Part 9(Zawgyi)
Part 9(Unicode)
Part 10(Zawgyi)
Part 10(Unicode)
Part 11(Zawgyi)
Part 11(Unicode)
Part 12(Zawgyi)
Part 12(Unicode)
Part 13(Zawgyi)
Part 13(Unicode)
Part 14(Zawgyi)
Part 14(Unicode)
Part 15(Zawgyi)
Part 15(Unicode)
Part 16(Zawgyi)
Part 16(Unicode)
Part 17(Zawgyi)
Part 17(Unicode)
Part 18(Zawgyi)
Part 18(Unicode)
Part 19(Zawgyi)
Part 19(Unicode)
Part 20(Zawgyi)
Part 20(Unicode)
Part 21(Zawgyi)
Part 21(Unicode)
Part 22(Zawgyi)
Part 22(Unicode)
Part 23(Zawgyi)
Part 23(Unicode)
Part 24(Zawgyi)
Part 24(Unicode)
Part 25(Zawgyi)
Part 25(Unicode)
Part 26(Zawgyi)
Part 26(Unicode)
Part 27(Zawgyi)
Part 27(Unicode)
Part 28(Zawgyi)
Part 28(Unicode)
Part 29(Zawgyi)
Part 29(Unicode)
Part 30(Zawgyi)
Part 30(Unicode)
Part 31(Zawgyi)
Part 31(Unicode)
Part 32(Zawgyi)
Part 32(Unicode)
Part 33(Unicode)
Part 34(Zawgyi)
Part 34(Unicode)
Part 35(Zawgyi)
Part 35(Unicode)
Part 36(Zawgyi)
Part 36(Unicode)
Part 37(Zawgyi)
Part 37(Unicode)
Part 38(Zawgyi)
Part 38(Unicode)
Part 39(Zawgyi)
Part 39(Unicode)
Final (Part 1)(Zawgyi)
Final( part 1)(Unicode)
Final(Part 2)(Zawgyi)
Final(Part 2)(Unicode)
For My Readers❤(Z/U)

Part 33(Zawgyi)

405 42 37
By Han_Me7012

"မနက်ဖြန် ငါ့မွေးနေ့လေ..မနက်စောစော.ဘုရားသွားပြီး လျှောက်လည်ကြမယ်နော်..."

အဖွဲ့ထဲမှ သူငယ်ချင်းတစ်ယောက်၏ ဖိတ်ခေါ်မှုကြောင့် ပိတ်ရက်တွင် နားချင်သည့်စိတ်ကို ဘေးဖယ်ကာ ကျွန်တော်အပြင်ထွက်ဖြစ်ခဲ့သည်။ သူငယ်ချင်းတွေနှင့် လိုက်မသွားခဲ့ရရင် ငါတော့ နောင်တရလိမ့်မယ် ဆိုသည့် အတွေးဖြင့် လိုက်လာခဲ့ရခြင်းပင်။

ငွေရှိုင်းနဲ့ ကန်တော်ကြီးထဲမှာ တွေ့ရမယ်လို့ ကျွန်တော်လည်းမသိခဲ့ပါဘူး။ ဒါပေမယ့် ခံစားမိနေတယ်လို့ပဲ ပြောရမလား။ မနက်ကတည်းက ထူးဆန်းနေတဲ့ စိတ်ခံစားချက်ကြီးကို အဖြေမဖော်နိုင်ခဲ့ပေမယ့် ငွေရှိုင်းကို တွေ့လိုက်ရတဲ့အချိန်မှာတော့ အရာအားလုံး ရှင်းလင်းသွားပြီလေ။

"ညီတို့၊ ညီမတို့...." ဟူသော အသံကိုကြားလိုက်ကတည်းက ရင်းနှီးနေသောအသံမှန်း သတိထားမိခဲ့သည်။ ဒါပေမယ့် ကျွန်တော် ချက်ချင်းလှည့်ကြည့်လိုက်လို့ သူမဟုတ်ခဲ့ဘူးဆိုရင် စိတ်ပျက်သွားရမည် စိုး၍ ခဏစောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ သူလှည့်ထွက်သွားတော့မည့်အချိန်တွင် ကျွန်တော်စိတ်က မနေနိုင်တော့ပေ။ လက်ဖဝါးအပြည့်ကိုင်ထားသော ခဲလုံးများကို အမြန်ပစ်ချပြီး အနောက်လှည့်ကြည့်လိုက်သည်။

နောက်ကျောဘက်ကိုမြင်ရုံနဲ့ သူဟာ ငွေရှိုင်းပဲဆိုတာကို ကျွန်တော်သိလိုက်လေသည်။

*နောက်ဆုံးတော့လည်း ရေစက်ပြန်ဆုံကြပြီပေါ့။ သုံးနှစ်ကြာပြီးမှလေ...။ ဒီရေစက်တွေ ဆုံဖို့အတွက် တစ်သက်လုံး မစောင့်လိုက်ရလို့ တော်ပါသေးရဲ့...။*

*သူ့ခြေလှမ်းတွေ ရပ်သွားတယ်ဆိုတော့
ငါ့အသံကို မှတ်မိနေတာလား....။ *

ကိုယ့်အတွေးနဲ့ကိုယ် ပီတိဖြစ်ရသည်။ အပြင်ပန်းတွင် တည်ငြိမ်နေနိုင်သော်လည်း ကျွန်တော့ရင်ထဲတွင် ဗြောင်းဆန်နေမည်ကို ကျွန်တော်သာလျှင် သိနိုင်သည်။

သူဘာတွေများပြောင်းလဲသွားမလဲ...။ ငါ့ကိုရော စိတ်ဆိုးနေသေးလား..။ ပြီးတော့ သူစိမ်းဆန်သွားမလား ဆိုသည့် အတွေးမျိုးစုံက သူလှည့်မကြည့်ခင် အချိန်လေးအတွင်းမှာ တစ်ခုပြီးတစ်ခု ရောက်ရှိလာသည်။ ရင်ခုန်စိတ်လှုပ်ရှားနေတဲ့ ကျွန်တော့ထံကိုပေါ့....။
.
.
.
ငွေရှိုင်းသည် အသံလာရာဘက်သို့လှည့်ကြည့်လိုက်သည်။ သူတွေ့လိုက်ရသော ကောင်လေးမှာ တကယ်ကိုပင် အလင်းဝေဖြစ်နေလေသည်။ သူတို့နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် ပြောင်းလဲသွားသော ပုံပန်းသွင်ပြင်အား တစ်ခုချင်းစီ စစ်ဆေးနေကြသည်။ အလင်းဝေကတော့ ဘာမှမပြောင်းလဲပေ။ ငွေရှိုင်းသည်သာ သူ့မျက်နှာပေါ်တွင် မျက်မှန်တစ်ခု အပိုရှိနေလေသည်။

အလင်းဝေသည် မျက်မှန်အနက်အောက်မှ ငွေရှိုင်း၏ မျက်လုံးများကို သေချာကြည့်ရှုနေလေသည်။ သူသိချင်တာက ငွေရှိုင်းမျက်လုံးတွေမှာ သူနဲ့ပတ်သတ်ပြီး ဘယ်လိုခံစားချက်တွေကို တွေ့ရမလဲ ဆိုပြီးတော့ပေါ့...။

"နင်တို့က သိနေကြတာလား...."

မိန်းကလေးသူငယ်ချင်းတစ်ယောက်က မေးလိုက်ခြင်းဖြစ်သည်။ အလင်းဝေသည်ခေါင်းညိတ်ပြရင်း "အထက်တန်းကျောင်းတုန်းက သူငယ်ချင်း..."ဟူ၍ပြန်ဖြေလိုက်သည်။ ပြီးတော့ သူ့စိတ်ထဲမှလည်း ငါလွမ်းနေတဲ့ ငါ့ငယ်ချစ်ဦးပေါ့..ဆိုပြီးတော့လည်း ရေရွတ်နေမိသည်။

"ငါ့ကို ကားရပ်ထားတဲ့နေရာမှာပဲ စောင့်နေကြလေ...
မတွေ့ရတာကြာပြီဆိုတော့ စကားနည်းနည်းပြောချင်သေးလို့..."

အလင်းဝေသည် သူ့ရဲ့သူငယ်ချင်းတွေ ထွက်သွားတော့မှ
ငွေရှိုင်းကို စကားပြန်ပြောလိုက်လေသည်။

"ငါမင်းကို လွမ်းနေခဲ့တာ..." ဟူ၍...။

ငွေရှိုင်းတစ်ယောက် ပြန်ပြောမည့်စကားကို
သူစောင့်မျှော်နေရင်း ရင်တွေခုန်လာရသည်။ တွေ့တွေ့ချင်းတုန်းက ပြေးဖက်လိုက်ချင်သည့် စိတ်ကိုလည်း မနည်းထိန်းထားရလေသည်။ မရိုးသားသောစိတ်ကို ဖွင့်ဟထားပြီးဖြစ်၍ အရင်လို ထင်တိုင်းကြဲလို့ မရတော့သည်မှာလည်း အခက်သားပင်...။

"ငါလည်း သတိရနေပါတယ်...."

ခပ်တိုးတိုးထွက်လာသော စကားသံဖြစ်သည်။ အသက်ရှူသံတွေ မြန်နေတာကရော ဘာကြောင့်လဲ...။

"တော်သေးတာပေါ့...မင်းရဲ့မှတ်ဥာဏ်ထဲမှာ
ငါဆိုတာရှိနေသေးလို့်...."

ငွေရှိုင်းက အလင်းဝေကိုကြည့်ပြီး ခပ်ဟဟပြုံးလေသည်။ သုံးနှစ်အတွင်းမှာ အလင်းဝေတစ်ယောက် ပြောင်းလဲသွားပြီလား။ သူဖွင့်ဟခဲ့တဲ့ ခံစားချက်တွေ သူ့မှာရှိနေသေးလားဟု စိတ်ထဲမှ တွေးနေမိသည်။

"အလင်းဝေ...."

ငွေရှိုင်းခေါ်လိုက်တော့ အလင်းဝေက မြေကြီးကို ငုံ့ကြည့်နေရာမှ အပေါ်ပြန်မော့လာသည်။ သူတို့နှစ်ယောက်စလုံး အနေခက်နေကြသည် ကိုတော့ ဝန်ခံရမည်ဖြစ်သည်။ မတွေ့ရတာကြာပြီဖြစ်သော ကျောင်းနေဖက်တွေအနေဖြင့် ပြောစရာ စကား ရှားပါးနေခြင်းမှာ မဖြစ်သင့်ဟု ယူဆရသည်။ သို့မဟုတ် ပြောစရာတွေ များပြားနေသဖြင့် ဘယ်ကစပြောရမှန်း မသိတော့တာလည်း ဖြစ်နိုင်သည်။

"အလင်းဝေ...ငါမင်းကိုစိတ်မဆိုးပါဘူး.."

အလင်းဝေက ဘာမှမပြောဘဲ သူ့ကို ငေးကြည့်နေခဲ့သောကြောင့် ငွေရှိုင်းကပင် ထပ်ပြောလိုက်ရသည်။

"ငါပြောချင်တာက မင်းပြောခဲ့တဲ့စကားတွေအတွက် ငါ့စိတ်ထဲမှာ ဒေါသမထွက်ခဲ့ပါဘူးလို့..ဒီအတိုင်း အံ့သြပြီး လန့်သွားရုံလေးပါပဲ..."

ထိုအချိန်တွင် မျိုးဇော်က ငွေရှိုင်းကို လှမ်းအော်လေသည်။
"ပြန်မလာတော့ဘူးလား...ငွေရှိုင်းရ..ငါတို့ပုံတွေ
လက်စသတ်ရဦးမယ်လေ..." ဟူ၍...။

ငွေရှိုင်းသည် မျိုးဇော်ကို ခဏလေးပါဆိုသည့်
သဘောနှင့် လက်ကာပြလိုက်သည်။ သူပြန်လှည့်လာတော့ အလင်းဝေရဲ့မျက်နှာကို ပြုံးလျှက်သားဖြင့် မြင်လိုက်ရသည်။ထိုအပြုံးကိုမြင်တော့ သူ့စိတ်ထဲတွင်လည်း ပျော်သွားမိပါသည်။

"မင်းစိတ်ဆိုးနေမယ်လို့ ငါထင်ထားတာ.."ဆိုပြီး အလင်းဝေက ပြောလာသောအခါတွင် ငွေရှိုင်းသည် " ပြောချင်ရာပြောပြီး ထွက်သွားခဲ့တာ ဘယ်သူလဲ' ဟူ၍ စိတ်ထဲမှပြန်မေးမိလေသည်။

"ငွေရှိုင်း...အခုကတော့ စကားပြောလို့ အဆင်မပြေဘူးနော်...မင်းဖုန်းနံပါတ်လေး ငါ့ကိုပေးပါလား..ညကျရင် ဖုန်းဆက်လိုက်မယ်လေ.."

တောင်းမယ့်သာ တောင်းရတာ မပေးရင်
ဘယ်လိုလုပ်မလဲဆိုပြီး တွေးမိတော့ စိတ်လှုပ်ရှားရသည်။

"ဘယ်မှာလဲ...မှတ်စရာ..."

"တကယ်ကြီးပေးမယ်ပေါ့...
ရတယ် ရွတ်သာပြလိုက်... မင်းဖုန်းနံပါတ်ကို
မှတ်ထားဖို့အတွက် စာရွက်မလိုဘူး...ငါက ဥာဏ်ကောင်းပြီးသား..."

"မင်းနဲ့ပတ်သတ်ရင်"ဆိုပြီး ထပ်ပြောလိုက်တော့ ငွေရှိုင်းက ခေါင်းခါရင်း ရယ်လေသည်။

ဒါက အခြေအနေကောင်းတယ်ဆိုတဲ့ သဘောပဲပေါ့...။
သူပျော်လိုက်ပါသည်။ လွတ်လွတ်လပ်လပ်နှင့်ကို သူပျော်ချလိုက်ပါတော့ သည်။

>>>>>>>>>>>>>

ပြုံးတုံ့တုံ့ ဖြစ်နေသော ငွေရှိုင်းကို ငေးကြည့်နေသူကတော့ မှိုင်းခေါင်ဝေဦးဖြစ်သည်။ ငွေရှိုင်းသည် ထမင်းစားပွဲတွင် ထမင်းထိုင်စားနေသော်လည်း စိတ်ကတော့ တခြားရောက်နေသည်ဟု သူထင်နေလေသည်။ ပို၍ သံသယဖြစ်စရာကောင်းသွားခြင်းမှာ မှိုင်းခေါင်နှင့် အကြည့်ချင်း ဆုံသွားချိန်၌ ငွေရှိုင်းရဲ့မျက်လုံးများက ဂဏာမငြိမ်ဖြစ်နေခြင်းပင် ဖြစ်သည်။

"ဘာဖြစ်နေတာလဲ..."

"ဟင်...ဘာဖြစ်လို့လဲ ကိုကို..."

မှိုင်းခေါင်သည် သူ့ခေါင်းကိုသာ ခပ်လေးလေး ခါပြလိုက်သည်။ သူထပ်မမေးချင်တော့ပါ။ တော်ကြာ မသိချင်တာတွေကို သိလာရမည်ဆိုလျှင် သူ့ရဲ့စိတ်သာ ပင်ပန်းရလိမ့်မည်။ အစကတည်းက ခေါင်းသိပ်မကြည်တာမို့ ထမင်းစားပြီးပြီးချင်း အခန်းထဲသို့သာ ဝင်သွားလိုက်သည်။

ကုတင်ခေါင်းရင်းတွင် ချိတ်ထားသော ပန်းချီကားကိုငေးကြည့်ရင်း တစ်နေ့နေ့တစ်ချိန်ချိန်မှာ သူလည်းပန်းချီကားထဲကလူလို တစ်ယောက်တည်းဖြစ်သွားရင် ဘယ်လိုလုပ်မလဲဆိုပြီး တွေးမိတော့ သူ့ရင်ထဲတွင် မွန်းကြပ်မှုများ ဖြစ်ပေါ်လာသည်။

သူ့ရဲ့သက်တမ်းတစ်လျှောက်တွင် အဖော်အဖြစ် ငွေရှိုင်းတစ်ယောက်တည်းရှိရုံနှင့် လုံလောက်နေပြီ ဖြစ်သော်လည်း ငွေရှိုင်းကတော့ သူနဲ့အတွေးတူချင်မှ တူလိမ့်မည်။ ထို့ကြောင့်ပင် သူ့စိတ်ထဲမှ သောကသည် တစ်နေ့တခြား ပိုပိုကြီးမားလာရသည်။ အလုပ်ထဲမှာ အာရုံတွေကို နစ်မြှုပ်ထားသော်လည်း မသက်သာပေ။ အတွေးများကတောင် မှိုင်းခေါင်ကို ဒီလောက်နှိပ်စက်နေရင် တကယ်ဖြစ်လာတဲ့အခါကျ သူခံနိုင်ရည်မရှိ ဖြစ်သွားလိမ့်မည်။

မှိုင်းခေါင်မမြင်ရသော တစ်ဖက်ခြမ်းတွင် ငွေရှိုင်းကတော့ အလင်းဝေရဲ့ဖုန်းကို ပန်းချီဆွဲရင်း စောင့်မျှော်နေမိသည်။ မိနစ်ပေါင်းမြောက်များစွာ ကုန်ဆုံးလာလေလေ၊ သူ့စိတ်ထဲတွင်လည်း နေမထိ၊ထိုင်မသာ ဖြစ်လာလေလေဖြစ်သည်။

"ညကျရင် ဖုန်းဆက်မယ်လို့ ပြောထားတာပဲကို.." မကျေမနပ်ဖြင့် သူရေရွတ်မိသေးသည်။ ထိုအချိန်တွင် ဖုန်းမြည်လာသောအခါ ဖုန်းသံကြားရသော ကုတင်ခေါင်းရင်းဆီသို့ အမြန်ပြေးသွား လိုက်သည်။ ကုတင်တိုင်နှင့် သူ့ခြေထောက်ထိမိ၍ နာသွားသည်ကိုတောင် ဂရုမစိုက်အားဘဲ ဖုန်းကျသွားမည်ကိုသာ စိုးရိမ်နေမိသည်။

"ဟယ်လို..."

သူကိုင်လိုက်တော့ အလင်းဝေရဲ့အသံက ဖုန်းထဲမှ ဟိန်း၍ထွက်လာသည်။

"နေ့လည်က ကောင်လေးတစ်ယောက် ဖုန်းနံပါတ်ပေးသွားလို့ခင်ဗျ..ခပ်ချောချောနဲ့ ကောင်လေးလေ နာမည်က ငွေရှိုင်းဆိုလားပဲ..
သူ့နဲ့စကားပြောချင်လို့..."

"အလင်းဝေ...နောက်မနေနဲ့တော့..
အချိန်ကိုလည်းပြန်ကြည့်ဦး..ဆယ့်တစ်နာရီတောင် ထိုးတော့မယ်.."

"မင်း မအိပ်သေးဘူးမလား..."

"အိပ်တော့ မအိပ်သေးပါဘူး.."

"အော်...ငါ့ဖုန်းကိုမျှော်နေတာ ထင်တယ်..."

"အေး...ထားပါတော့..."

တစ်ဖက်မှ ရယ်သံကို ကြားလိုက်ရတော့ ငွေရှိုင်းလည်းပြုံးမိသည်။

"ငွေရှိုင်း...အဲ့တုန်းကလေ ငါမင်းကိုမမေးခဲ့ရဘူး
အခုမင်းလည်း စိတ်မဆိုးဘူးဆိုတော့ ငါမေးချင်တယ်.."

တစ်ဖက်မှ အသက်ရှုသံမြန်နေသလို ငွေရှိုင်းသည်လည်း ရင်ခုန်နေသည်။ အလင်းဝေမေးမယ်ဆိုတာကို သူကြိုသိနေသည်။

"ငါ့ရဲ့ခံစားချက်က သုံးနှစ်ကြာပြီးတာတောင် မပြောင်းသေးဘူး ငွေရှိုင်း...ငါမေးချင်တာက မင်းရော ငါ့ကို ဘယ်လိုသဘောထားလဲ..ဒီအတိုင်း သူငယ်ချင်းပဲလား..."

ငွေရှိုင်းသည် ကုတင်ပေါ်တွင် လှဲချလိုက်ပြီး
မျက်နှာကျက်ကို ငေးနေမိသည်။ သူ့ရဲ့ခံစားချက်တွေကို သေချာမသိသေးခင်မှာ အလင်းဝေဆီက ဖွင့်ဟဝန်ခံမှုကို သူကြားခဲ့ရသည်ကို ပြန်သတိရသည်။ အစပိုင်းမှာတော့ သူလန့်နေပေမယ့် မညာတမ်းဝန်ခံရရင် အလင်းဝေဖွင့်ပြောပြီးတော့မှ သူရဲ့ခံစားချက်က ပိုသေချာသွားခဲ့ခြင်းပင်ဖြစ်သည်။ယောက်ျားလေး နှစ်ယောက်ဆီမှာလည်း ဒီလိုမျိုးခံစားချက်တွေ ဖြစ်ပေါ်နိုင်ပါလားဆိုပြီး ထိုအချိန်ကျမှ သူသဘောပေါက်ခဲ့ရသည်။

သူလည်း အလင်းဝေနှင့် ထပ်တူထပ်မျှ ခံစားနေရလေသည်။ ဒါပေမယ့် ဒီစကားတွေကိုတော့ ဖုန်းထဲတွင် ပြောမပြချင်။ အလင်းဝေနှင့်တွေ့ပြီး သေချာဆွေးနွေးချင်သေးသည်။ သူတို့နှစ်ယောက် ဘယ်လိုရှေ့ဆက်ကြမလဲ ဆိုတဲ့
အကြောင်းကို ဆွေးနွေးလိုခြင်းဖြစ်သည်..။

ငွေရှိုင်းသည် သက်ပြင်းချရင်း...

"ငါတို့နှစ်ယောက် တစ်ခေါက်လောက် ထပ်ဆုံရအောင်..
အဆင်ပြေတဲ့နေရာမှာပေါ့..ငါမင်းနဲ့တွေ့ပြီးမှ ပြောချင်တယ်.."

"အင်း....နောက်တစ်ပတ်ပိတ်ရက်ဆိုရင်ရော..
.နေရာကတော့ငါ့အိမ်မှာလေ..အိမ်မှာက ပိုလွတ်လပ်တယ်...ငါ့ကြီးကြီး တစ်ယောက်တည်းပဲရှိတာ..."

"အေး ကောင်းသားပဲ...
မင်းအိမ်လိပ်စာသာပြော ..ငါလာခဲ့မယ်"

ဒီလိုနှင့် သူတို့နှစ်ယောက် စကားဖြတ်လိုက်ကြသည်။ သူတို့ရဲ့planကို မှိုင်းခေါင်ဝေဦးကြားသွားခဲ့တာကို မသိဘဲနဲ့ပေါ့...။

>>>>>>>>>>>>>>>>>>>>>>>>>>>>

AN/
အပိုင်းလေးဆယ်လောက်ဆို ဇာတ်သိမ်းမယ်ထင်တယ်။မှန်းပြောရတာပါ။ ဇာတ်သိမ်းဖို့က နီးနီးလာပါပြီ။

Love you all❤
Han_Me
(7.10.2020)

Continue Reading

You'll Also Like

5.4M 719K 198
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
201K 3.4K 24
"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"
2.8K 113 24
မင်းခန့်ပိုင် × ရှင်းသန့်ပိုင် " ကိုကြီး ခံစားမိနေတယ် ရှင်းသန့်။ ဒီအချစ်က အရမ်းကြီးမားတာကိုခံစားမိတယ်။ ရင်ထဲပြည့်ကျပ်လွန်းနေတဲ့ဒီအချစ် ဒီမေတ္တာက သေရာ...
7.3K 981 16
#For Unicode ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသောကြောင့် တစ်စုံတရာ တိုက်ဆိုင်မှုရှိပါက နားလည်ပေးကြပါရန်နှင့် အကြောင်းအရာ လွဲချော်မှ...