Days of Counting Camellia (Hi...

Per All-shine

277K 18K 2.5K

Own-Creation.(R18+) လူတစ်‌ယောက်ဟာ မိမိ၏ ရန်သူအဖြစ်မှ အသက်ထက်ချစ်ရသူအဖြစ် ပြောင်းလဲသွားနိုင်သလား ? စစ်သုံ့ပ... Més

[1] War Slave
[2] Little Thief
[3] What's wrong with the Emperor ? "
[5] Hurtful
[6] Why she can't bloom
[7] Honey Lips
[8] Prince with Red eyes
[9] Emperor wants a cage
[10] In Emperor's chamber
[11] Easy to break, easy to fall
[12] The Boy who collects Happiness in a bottle (1) '
[13] The Deadly Simulation
[14] What do you really want , your Majesty ? '
[15]' Colours of Ash '
[16] The past in mud '
[17]Ravens have claws '
[18]' One Long Fateful Night '
[19]Why Ash take an orange to high "
[20]' The West Wind of Mine '
[21]' Romance of a maiden '
[22]' Enemies of the damn '
[23]' Sex-slave in name '
[24]Real Sex-slave(18+)
[24]' Kissing A Rose🌹 '
[26]' Whispers in the forest '
[27]' Hunt down the Beast '
[28] They call him Ash , the Evil '
[29] Blood Red Eyes in the Snow '
[30]' Embrace in the Snow '
[31]' Defenseless in his arms '
[32]' Her Warm body '
[33]' All paths to hell are paved with good intentions '
[34]' The cleansing day of Xavia '
[35]' Love can be harmful '
[36]' Your Majesty, you will frighten the little lamb '
[37] These feelings are too dirty to be called Love '
[38]' Calm before the storm '
[39]' Born from ashes '
[40]' Paradise on fire '
[41] A drop of poison
[42] The Golden Cage of Desire
[43] Love turns into Lust
[44] Loving Your Enemy
[45] She is the God's Weakness '
[46]Scandalous Woman

[4] Dominant Sadist

7K 497 63
Per All-shine

#Unicode

ယနေ့၌ Xavia ပြည်၏ညီလာခံ တံခါးမကြီးသည် ဟာလာဟင်းလင်း ဖွင့်ထားလေ၏ ။

ဆောင်းလေတဖြူးဖြူးနှင့် ရောပါလာသော နှင်းစက်များကြောင့် မီးတွေဘယ်လောက်ပြင်းအောင်မွှေးမွှေး အသုံးမဝင်တော့ ။
ညီလာခံခန်းမကြီးတစ်ခုလုံးသည် အေးခဲလျက် ။
တက်ရောက်လာသော အမတ်ကြီးများသည် ညီလာခံထဲ နှင်းမှုန်တိုင်းမိနိုင်သည်လို့ ဘယ်တော့မှမထင်ခဲ့တာမို့ လုံလောက်စွာနွေးအောင် မဝတ်ခဲ့ကြ ။
သူတို့သည် ‌နွေးထွေးသောအိမ်တော်များမှ အအေးလုံသောရထားလုံးများဖြင့် ညီလာခံသို့လာရောက်ကြတာမို့ ဆောင်း၏ကြမ်းတမ်းမှုကို ဘယ်တော့မှ မခံစားဖူးပင် ။
ထို့ကြောင့် ရာထူးအလိုက်ဝတ်စုံပေါ်မှတံဆိပ်များကို ဖုံးကွယ်စေသော သားမွှေးဝတ်ရုံထူများကို တကူးတကမဝတ်ကြ ။
အမြဲတမ်း မိမိတို့၏ရာထူးကို ထုတ်ဖော်ကြွားဝါကာ ညီလာခံကိုတက်ရောက်လေ့ရှိကြသည်။
လိုရာမယ်ရာ အပိုလေးတောင် မသယ်လာကြတာဖြစ်သည် ။
ယနေ့တော့ ထိုဆုံးဖြတ်ချက်သည် လွန်စွာမှားယွင်းကြောင်း သိကြရပြီ ။
ပုလ္လင်ပေါ်၌ သားမွှေးဖြူဝတ်ရုံရှည်ဖြင့်အေး‌ဆေးစွာထိုင်နေသော ရှင်ဘုရင်မှလွဲ၍ ကျန်လူများမှာ ခိုက်ခိုက်တုန်နေလေပြီ ။

Xavia ၏ ဧကရာဇ်မင်းသည် တပါးသူ၏နာကျင်မှုအပေါ် မွေ့လျော်သာယာသည့် စိတ်သဘောရှိသည်( Sadist )ဟု ကြားဖူးကြတာကြောင့် ထိုသည်မှာအမှန်ဖြစ်မည် ။
သူ၏ အိပ်ဆောင်၌ ကျားသစ်နက်တစ်ကောင်ကိုမွေးမြူထားကာ ထိုကျားသစ်နက်ကို ဘယ်အ‌စေခံမှအစာကျွေးဖို့မလို ။အဘယ်ကြောင့်ဆိုသော် သူ၏ရန်သူတွေရဲ့အသားကိုသာ ကျွေး‌သည်ဟု ကြားဖူးနားဝရှိသည် ။
အတော် ပက်စက်သောဝါသနာပင် ။
ဒါကြောင့်ပဲ လက်အောက်ငယ်သားတွေကို ညီလာခံထဲပိတ်ပြီး နှိပ်စက်‌တာနေမည် ။
ခုလဲကြည့် ကျေနပ်အားရစွာ ပြုံးနေလေရဲ့. . . လို့ တချို့ကတွေးထင်ကြမည် ။
ဒါပေမယ့် ထိုအချက်များသည် အကုန် ဝက်ဝက်စင်အောင်မှား၏ ။
ဧကရာဇ်သည် သည်လောက်တော့ မရက်စက်ပါလေ ။

ညီလာခံ ခန်းမကြီး၏တံခါးဖွင့်ထားရခြင်းအကြောင်းအရင်းမှာ သူ၏ပုလ္လင်ပေါ်မှလှမ်းကြည့်လျှင် ညီလာခံရှေ့မှာခြေပစ်လက်ပစ်ထိုင်ကာ ဖယောင်းပန်းနီတွေကို တစူးတစိုက်ရေတွက်နေသော ကျွန်မလေးတစ်ယောက်ကို တန်းမြင်နေရလို့ပဲဖြစ်သည် ။
နှင်းဖြူတွေကြားထဲ နီရဲရဲပန်းပုံကြီးအလယ်က‌ ကောင်မလေးတစ်ယောက်ကို နှိပ်စက်ရတဲ့အရသာကိုသာ သူသည် နှစ်ချိုက်ခြင်းဖြစ်သည် ။
လှပစွာကွေးညွှတ်နေသောနှုတ်ခမ်းတို့သည် အရည်တလဲ့လဲ့မျက်ဝန်းနက်များကို သစ္စာမဖောက် ။
သတိထားကြည့်လျှင် လူတိုင်းမြင်နိုင်၏ ။ ဧကရာဇ်၏ထိုပုံစံသည် အမြင်စူးရှသူတချို့၏ မျက်လုံးအောက်ကမလွတ် ။

" အဲဒါ တလောက အရှင် ဖမ်းခေါ်လာတဲ့ သုံ့ပန်းမဟုတ်ဘူးလား ? ဘာကြောင့် တော်ဝင်ညီလာခံကို ကြားမြင်ခွင့်ပြုထားတာလဲ ? "

" ရှူး ! တိုးတိုးပြောပါဗျာ အရှင်ကခွင့်ပြုထားတာမို့ အသက်မပျောက်ချင်ရင် ဝင်မပါတာကောင်းတယ် "

" မသင့်လျော်လိုက်တာ "

ဤစကားချပ်များသည် ပါးနပ်သော မှူးမတ်အရာခံကြီးတချို့ဆီကလာသည် ။
ထိုသူတို့၏ ခါးသီးသောအကြည့်များကို လက်ခံရတဲ့ Afa သည် Xavia ညီလာခံအား မျက်‌မှောက်မြင်ခွင့်ရသော ပထမဦးဆုံး ကျွန်တစ်ယောက်ဖြစ်လိမ့်မည်။
မဟုတ်သေး ။
တစ်လောကလုံးမှာတောင် ပထမဆုံးဖြစ်နေနိုင်သည် ။
စစ်သုံ့ပန်းတစ်ယောက်က နိုင်ငံတစ်နိုင်ငံ၏ ညီလာခံအစည်းအ‌ဝေးကိုကြားနာခွင့်ရသည်ဆိုတာဟာ သမိုင်းဝင်မည့်အချက်ပင်ဖြစ်သည် ။
သေချာပေါက် ဂုဏ်ယူစရာကိစ္စတော့မဟုတ် ။
ပြီးတော့ ဒီအခြေအနေက Afa. ထံ မလိုအပ်သောအာရုံစိုက်မှုများကို ဆွဲဆောင်သည် ။
ဒါမှမဟုတ် ဤသို့ဖြစ်အောင်ပဲ တမင်ကြံထားသည်လားမပြောတတ် ။
ဒါလဲ မဖြစ်နိုင် ။

Afa သည် သာမန်သုံ့ပန်းတောင်မဟုတ် ။
ရန်သူ Raven ပြည်၏ ဧကရီတစ်ပါးဖြစ်သည် ။
ဤလုပ်ရပ်က Xavia ဘုရင်အတွက်လဲ အကျိုးရှိစေမည်မဟုတ် ။
ဘယ်လိုတွေးတွေး Xavia ဧကရာဇ်၏ရည်ရွယ်ချက်ကို Afa နားမလည်နိုင်ပေ ။

မည်သို့ပင်ဖြစ်စေကာမူ Afa ၏ အပြစ်ဒဏ်သည်ကား ရှင်ဘုရင်ကြားအောင် ဖယောင်းပန်းနီများကိုအသံထွက်ရေတွက်ရခြင်းပင်ဖြစ်သည် ။

" ၁၂၀၅ , ၁၂၀၆ , ၁၂၀၇ . . . . . "

ထိုသူစိတ်ကျေနပ်ရအောင် နာကျင်နေသောလည်ချောင်းတွေကို တွန်းအားပေးကာ အသံထွက်ရွတ်ရသည် ။
Xavia ၏ ကြမ်းတမ်းသောဆောင်းက သနားစရာကျွန်မလေးကို မျက်နှာသာမပေး ။
အချိန်ကြာလာသည်နှင့်အမျှ အေးစက်ကိုက်ခဲလို့လာတော့သည် ။
ဂါဝန်နဲ့မဖုံးနိုင်တဲ့ ခြေဖြား ၊ လက်ဖြားတွေသည် ပြာနှမ်းလို့နေပြီ ။
လည်ချောင်းကဓားဒဏ်ရာသည်လဲ အအေးဒဏ်ကိုအံတု ၊ အားပြုကာ ရက်စက်လှပါသောရှင်ဘုရင်ကြားလေအောင် အသံကို ညှစ်ထုတ်ရပါ၍ ပြန်လည်ကောင်းမွန်လာဖို့လမ်းမမြင်တော့ ။

ဖယောင်းပန်းတွေကိုရေတွက်ပါ ဆိုတဲ့အပြစ်ကို အများကကြားလျှင် ကလေးကစားသလို သေးမွှားလွန်းတာကြောင့် လှောင်ရယ်ကြလိမ့်မည် ။
ဒါပေမယ့် တစ်လနီးပါး ဖယောင်းပန်းတွေကို ကောက်ကာရေတွက်ခဲ့ဖူးသော Afa သာ သိသည် ။
ဤအပြစ်ဒဏ်သည် Afa ၏စိတ်ကို တဖြေးဖြေးဆွေးမြေ့လာစေသည် ။
တစ်နေ့သေဆုံးသွားမှ ရပ်တန့်မည့် ဂဏန်းသချာ်ဖြစ်၏ ။
အဲ့ဒီအချိန်ရောက်လာတဲ့အခါ Afa သည် သေဆုံးခြင်းကို ပွေ့ဖက်ကာကြိုဆိုလိုက်မည် ။
အဓိပ္ပါယ်မဲ့တဲ့ဘဝကြီးအဆုံးသတ်ပြီဟု ကြွေး‌ကြော်ရင်း . . . ။

Afa , ဖုန်မှုန့် ။
ဘယ်သူ့မြင်ကွင်းထဲမှာမှ မထင်ရှားတဲ့ ခြေနင်းအောက်ကဖြစ်တည်မှုတစ်ခု ။
တစ်စုံတစ်ယောက်ရဲ့မျက်လုံးထဲဝင်ရောက်သွားရင်တောင်မှ အနှောက်အယှက်ပဲဖြစ်မည် ။
ဘာမှမပိုင်ဆိုင်ထားတာမို့ သူမအား တပါးသူက ပေးကမ်းလာသမျှအားလုံးကို တန်ဖိုးထားလက်ခံထားတတ်သည် ။
အဲဒါက နာကျင်မှုတွေဆိုရင်တောင်မှပေါ့ ။

" ဟေ့ ! Raven ကျွန်မ , လာခဲ့စမ်း ညီလာခံပြီးပြီ နေရာပြောင်းမယ် "

Afa ၏အတွေးတွေသည် နန်းတွင်းသူတစ်ယောက်၏ အော်သံကြောင့် ရပ်တန့်သွား၏ ။

သတိထားကြည့်လိုက်သောအခါ ခြေလှမ်းကျဲတွေဖြင့် ညီလာခံခန်းမဆောင်ထဲမှထွက်ကာ မြောက်ပိုင်းတံတားခုံးပေါ်သို့ရောက်နေပြီဖြစ်သော ဧကရာဇ်ကိုတွေ့ရလေသည် ။
ရှည်လျားသောခြေတံတွေရှိသူမို့ အနှီလူသား၏ လမ်းလျောက်နှုန်းသည် သာမန်မြန်တာတောင်မဟုတ် ။
သူ၏အနောက်မှ တကောက်ကောက်ပါကာ နှင်းမစိုအောင် လိုက်ပါထီးမိုးပေးနေသည့် အစေခံယောင်္ကျားခမျာသည် မပြေးရုံတမယ် အမောတကောပင် ။
ထိုသည်ကိုသတိထားမိပေမယ့် ဂရုမထားသည့် မာထန်သောမျက်နှာထားသည် နှင်းဖြူတွေလို အေးစက်တဲ့လူသားနှင့်လိုက်ဖက်လေစွ ။

အတိတ်တစ်ခုနဲ့တော့ ကွဲပြားစွာ . . . ။
မေ့ပစ်လိုက်တာပဲကောင်းပါသည်. . . ။

" မြန်မြန်မလုပ်ပဲ ဘာငေးနေတာလဲ ကျွန်မရဲ့ နင့်ရဲ့ကိစ္စလိုက်လုပ်ပေးတဲ့သူတွေကို အားနာဦး "

နေရာ၌မလှုပ်မယှက်ထိုင်နေသေးသော Afa အား Lucy က အော်ငေါက်‌တော့သည်။

ထိုနန်းတွင်းသူလေး, Lucy သည် ကလေးမျက်နှာလေးနဲ့မို့ အသက်အရွယ်အားဖြင့် Afa ထက်ငယ်ရွယ်သေးပုံရ၏ ။
သို့သော် ဤနေရာ၌ အသက်အရွယ်က ပဒါနမဟုတ် ရာထူးနေရာသာအဓိကဖြစ်သည် ။
ဒါ့အပြင် Lucy သည် Afa သွားရာနေရာတိုင်း ဖယောင်းပန်းတွေကို သယ်ယူရွေ့ပြောင်းပေးရမည့် တာဝန်ကိုယူထားရလေသည် ။
ဧကရာဇ်မင်း၏အနောက် တကောက်ကောက်လိုက်ပါနိုင်မည့်တာဝန်ဟု ကြားသဖြင့် ဝမ်းမြောက်ဝမ်းသာ‌လက်ခံခဲ့ခြင်းဖြစ်ပေမယ့် အမှန်မှာ ဧကရာဇ်နောက်လိုက်သော ကျွန်မနောက် Lucy က လိုက်ရခြင်းပင် ။

ဘယ်လောက်တောင် သိက္ခာကျလိုက်သလဲ !

ထို့ကြောင့် Lucy သည် Afa. အ‌ပေါ် ရရင်ရသလို ပေါက်ကွဲလေတော့သည် ။

Lucy : " ထစမ်း ! အဲ့ဒါတွေကိုကောက်ထည့် မြန်မြန်လုပ် "

Molly : " Lucy နင် အရမ်းမအော်‌ငေါက်နေနဲ့ဟာ တခြားသူတွေအမြင်မှာ မကောင်းဘူး ပြီးတော့ ကျွန်တွေကိုအပြစ်ပေးခွင့်ဆိုတာက ငါတို့လို နန်းတွင်းအစေအပါးတွေဆီမှာ မရှိဘူး "

Afa ကို Lucy က ကန်ကြောက်အနိုင်ကျင့်တိုင်း Molly ဆိုသော နန်းတွင်းသူလေးက ဝင်ပြောလေ့ရှိသည် ။
Molly သည် Lucy နှင့်မတူပဲ အသိတရားရှိပုံပေါ်၏ ။
ခက်တာက အသိတရားရှိပေမယ့် အကြင်နာတရားတော့မရှိ ။

Lucy : " လူတိုင်းလုပ်နေတာပဲကို ဘာဖြစ်လဲ ဟွန့် "

တခါတလေ လူသားတွေသည် ကံကိုမယုံကြပေ ။
ဤနေရာ၌ ကံဆိုသည်မှာ အလုပ်ကိုခေါ်သည် ။
အလုပ်ကနေ အကြောင်းဖြစ်ကာ ၊ အကြောင်းကနေ အကျိုးကိုဖြစ်ပေါ်စေသတည်း ။

____________________________

မှုန်ဝါးဝါးနှင်းမြူတွေကြားမှ မည်းနက်သောအဆောင်တော်ကြီးသည် တဖြေးဖြေးရုပ်လုံးပေါ်လာ၏ ။
ထိုသည်ကား မြောက်နန်းမဟူရာ, ဧကရာဇ်မင်း စက်တော်ခေါ်ရာဖြစ်လေသည် ။
ဆန်းပြားသည်မှာ ယခုဧကရာဇ်သည် ရှေ့ဘိုးဘေးဘုရင်ကြီးများ သုံး‌တော်မူခဲ့သော ပင်မအိပ်‌ဆောင်ကို မသုံးပဲ အရွယ်အစားသေးငယ်သော ဤအနက်ရောင်နန်းကို သုံးခြင်းဖြစ်သည် ။
အကြောင်းအရင်းမှာ အဆောင်တော်၏ သီးသန့်ဆန်သည့်မြေနေရာကို နှစ်ချိုက်ခြင်း‌ေကြာင့်ဟု ဆိုကြပေမယ့် ကာယကံရှင်သာ အမှန်ကိုသိလိမ့်မည် ။
သီးသန့်ဖြစ်ခြင်းကို အလိုရှိပါလျှင် ဒီအဆောင်အပြင် အခြားမြောက်များစွာ သောအ‌ဆောင်များသည်လဲ နန်းတော်ထဲ၌ တည်ရှိသေးသည် မဟုတ်ပါလား ။

နန်း‌ဆောင်ရှေ့၌ ရေခဲနေသောကန်ကြီးတစ်ကန်ရှိသည် ။ ‌
ထိုကန်၏ရေခဲပြင်အလယ်၌ မျှားပစ်‌လေ့ကျင့်ရာတွင်သုံးသော ပစ်မှတ်ထောက်တိုင်လေးငါးခု ထောင်ထားသည်ကိုတွေ့ရသည် ။
Afa သည် ရုတ်တရက် ရေခဲပြင်ထဲ မျှားပစ်ဆော့ကစားနေသော ရေခဲလူသား၏ပုံသဏ္ဌာန်ကို မြင်ယောင်မိ၏ ။
Xavia ဧကရာဇ်သည် အနည်းငယ်ကလေးဆန်သည်ဟု Afa စိတ်ထဲမှ မှတ်ချက်ပေးလိုက်သည် ။

ထူးခြားသည်က ထိုအချက်မဟုတ် ။
အမှန်တကယ်အံ့ဩရသည်မှာ သွေးစက်များလို နီရဲသည့် ဖယောင်းပန်းပင်တောကြီးသည် မြောက်နန်းမဟူရာကို ဝိုင်းဝန်းခြံရံထားခြင်းပင် ဖြစ်‌ပေတော့သည် ။
နှင်းဖြူနောက်ခံ၌ သွေးနီတွေကြားထဲ အနက်ရောင်နန်းတော်ကြီးတစ်ခုတည်း ထီးထီးကြီးရပ်တည်နေတဲ့ သဏ္ဌာန်သည် အနည်းငယ် ဝမ်းနည်းစရာကောင်း၏ ။
အရာရာပြည့်စုံတဲ့ ဧကရာဇ်တစ်ပါးကို ကျွန်မလေးတစ်‌ယောက်က ဂရုဏာသက်ပါတယ်ဆိုရင် ရယ်စရာဖြစ်သွားမလား ?

Lucy : " မြန်မြန်လို့ ငါပြောတာမကြားဘူးလား ? "

Lucy ၏ အသံက အံကြိတ်ထားတာကြောင့် တိုးညှင်းသည် ။
Afa ၏ အနားကပ်ကာ တွဲထူပေးသလိုနှင့် လက်ဖမိုးကို ဆွဲဆိတ်လေသည် ။
သူမထိုသို့ ခိုးကြောင်ခိုးဝှက်ပြုနေခြင်းမှာ နန်းဆောင်ဝ၌ ရပ်နေသော ရှင်ဘုရင်ရှေ့မို့ထင်ပါသည် ။

Afa သည် ခြေထောက်တွေနာကျင်တာကြောင့် လမ်းလျောက်လျှင် ထော့နဲ့ထော့နဲ့နှင့် နှေးကွေးနေတော့ Lucy သည် စိတ်မရှည်တာနေမည် ။
ဧကရာဇ်မင်းက သူမတို့ကို စောင့်နေပုံရတာကြောင့် မျက်နှာသာရလိုခြင်းဖြစ်၏။
Lucy သည် မလွှတ်ပေးပဲ Afa ၏ လက်ဖမိုးကို လက်သည်းဖြင့်ကုတ်ဖဲ့ကာ ကျိန်းမောင်းသည် ။
Afa သည် ထိုနာကျင်မှုမှ လွတ်ချင်လျှင် လျင်မြန်စွာလျောက်မှရမည် ။
ထို့ကြောင့် နာကျင်မှုတွေကို သည်းခံကာ အောက်နှုတ်ခမ်းလေးကိုကိုက်ခဲရင်း အားတင်းကာ အမြန်လျောက်လှမ်း၏ ။

နောက်ဆုံး မဟူရာနန်းအရှေ့သို့ ဆိုက်ရောက်သွားသောအခါ ဧကရာဇ်မင်းသည် တကယ်ပဲ Afa အား စောင့်နေခဲ့သလို ။
သူ၏အရှေ့၌ ပင်ပန်းနွမ်းနယ်စွာရပ်နေတဲ့ Afa. ကို စိတ်မရှည်စွာ မျက်မှောင်ကုပ်ကြည့်ပြီး အမိန့်ပေးလေသည် ။

Ash : " မင်းအလုပ်ကို ဆက်တော့ ကိုယ်တော်နားထောင်နေမယ် "

မျက်ရည်တွေလဲ့နေသော Afa ၏မျက်ဝန်းညိုလေးများကို သူသည် တခဏစူးစိုက်ကြည့်ပြီး မျက်နှာလွှဲသွားလေတော့သည် ။
စူးနင့်သော ခံစားချက်တို့ကို ချန်ရစ်စေလျက် . . . ။
အရှင်သခင်ဖြစ်သူသည် တခါတလေ ကြင်နာသည်လော၊ ရက်စက်သည်လော မခွဲခြားနိုင်အောင် ရှုပ်ထွေးတတ်သောသူဖြစ်သည် ။

ဧကရာဇ်မင်း၏ အာရုံစိုက်မှုကို မရလိုက်သော Lucy သည် မခံမရပ်နိုင် ။
သူမသည် သေချာပေါက် ကလေးငယ်ပမာ ချစ်စရာကောင်းသော မိန်းကလေးတစ်ယောက်ဖြစ်၏ ။
ဒါကြောင့် သူမကို မြင်ဖူးသော ယောင်္ကျားအတော်များများသည် သူမအား အလေးပေးဂရုစိုက်ကြသည် ။

Lucy : " အ. . . အရှင် ရေတွက်ပြီးစီးတဲ့ ဖယောင်းပန်းတွေကိုပါ သယ်ဆောင်လာကြောင်းပါ "

နက်ပြာရောင် maid ဝတ်စုံလေး၏ အနားစကို အနည်းငယ်ပင့်ကာ ကြွကြွရွရွလေး လျှောင်တင်လိုက်သည် ။
ပြီးနောက် Lucy သည် ရွှန်းလဲ့စွာပြုံးကာ ချောမောခန့်ညားလှသောဧကရာဇ်မင်း၏ အကြည့်တစ်စုံကို စောင့်ဆိုင်းနေလိုက်၏ ။
အဲဒီမှာပဲ မှန်းချက်နှင့် နှမ်းထွက်ကလွဲတာဖြစ်သည် ။

ဧကရာဇ်သည် တစ်ချက်မလှည့်ကြည့်လာသည့်အပြင် ၊ Lucy ၏ပါးပြင်တစ်ခြမ်းပေါ်သို့ လက်ဖဝါးတစ်ချက်ကျရောက်သွားခဲ့သည် ။
သူရဲကောင်းဝတ်စုံဝတ်ထားသော အမျိုးသမီးတစ်ယောက်သည် လျင်မြန်စွာ အနားရောက်လာပြီး Lucy အားရိုက်ချလိုက်ခြင်းပင် ။
အားပြင်းလွန်းတာကြောင့် Lucy သည် မြေပြင်ပေါ်သို့ ပစ်လဲကျသွားလေသည်။

Molly : " အား Lu. . . Lucy !!! "

" တိတ်စမ်း ! "

ရုတ်တရက်မို့ လန့်ဖြန့်ကာအော်မိသော Molly ကို့ပါ အမျိုးသမီးသူရဲကောင်းသည် ကျိန်းမောင်းလိုက်၏ ။
မိမိပါအရိုက်ခံရမည်ကိုကြောက်သော Molly သည် သူမ၏ပါးစပ်ကိုလက်နဲ့ဖိပိတ်ကာ ငြိမ်နေတော့သည် ။

Lucy : " ဟင့် ဘာ. . . ဘာကြောင့် "

* ဖြန်း *

မြေပြင်ပေါ်ပြိုလဲနေသော Lucy သည် တစ်ခွန်းဟလျှင်တစ်ခွန်း သူရဲကောင်း၏ လက်ဖြင့် ပါးရိုက်ခံရလေသည် ။
နောက်ဆုံး Lucy သည် ကြောက်ရွံ့ကာ အသံတောင်ထွက်မငိုရဲတော့ ။

" အရှင်ရဲ့မျက်နှာတော်ကို ကြည့်ခွင့်မရှိ
အရှင် ခွင့်မပြုပဲ အသံထွက်ခွင့်မရှိ
ကိုယ့်နေရာကိုယ် သိစမ်း !!! "

ဖြစ်ရပ်ကို ဘေး၌ရပ်ကြည့်နေသော Afa ၏ တစ်ကိုယ်လုံးသည် ထိန်းမရအောင်တုန်ယင်နေ၏ ။

Afa ၏ အမြင်မှာ Lucy ၏အမှားသည် အဲသလောက်မကြီးမားပေ ။
သို့သော် အပြစ်ပေးပုံသည် ကြမ်းကြုတ်လွန်း၏ ။
ဤပုံစံအတိုင်းဆိုရင် Afa သည်လဲ တစ်နေ့ရိုက်သတ်ခံရလို့ အသက်ဆုံးသွားနိုင်သည် မဟုတ်ပါလား ။
သေဆုံးခြင်းကို မကြောက်ပေမယ့် အကယ်၍ မသေမရှင်ဖြစ်ကျန်ခဲ့ရင် ဒီထပ်ဒုက္ခရောက်တော့မည် ။

ထိုအဖြစ်အားတွေးမြင်မိသော Afa သည် တုန်လှုပ်ကာ ဂါဝန်စလေးတွေကို လက်နှစ်ဖက်နဲ့ကျစ်ကျစ်ဆုပ်ထားမိသည် ။
မျက်ဝန်းညိုလေးများထဲတွင် ငိုယိုတောင်းပန်နေသော Lucy ၏ သဏ္ဌာန်က ထင်ဟပ်နေတော့သည်။

သတိမထားမိတဲ့ ကြောက်ရွံ့တုန်လှုပ်နေသောပုံသဏ္ဌာန်ငယ်လေးသည် နက်မှောင်သောဖန်သားပြင်တွေထဲနေရာယူနေခဲ့၏ ။

Ash : " ဟင်း အဲသလိုလဲကြောက်တတ်တာပဲလား ?
ဟား . . .မစောင့်နိုင်တော့ဘူး "

______________________________

လေပြင်းနှင့် တဖွဲဖွဲကျနေသောနှင်းမိုးတွေကြောင့် နန်းဆောင်တစ်ဝိုက်မှ ဖယောင်းပန်းပင်တို့သည် ပရမ်းပတာလှုပ်ခါလျက် ။
ညနေစောင်းလာသည်နှင့်အမျှ နှင်းမုန်တိုင်းသည် တဖြေးဖြေးသည်းထန်လာတော့သည် ။
မဟူရာနန်းဆောင်ကြီး၏ တံခါးချပ်သည် ဆောင်းဒဏ်မှကာကွယ်ရန် လုံခြုံစွာပိတ်လို့ထား၏ ။
အထဲ၌ ဧကရာဇ်မင်းနှင့် သူ၏အစေအပါးများနားခိုနေကြသည် ။
မီးဖိုနွေးနွေးရဲ့အနား စုထိုင်ကာ တိုင်းပြည်ရေးရာများကို ဆွေးနွေးချင်ဆွေးနွေးနေလိမ့်မည် ။
ဒါမှမဟုတ် ချောကလက်ပူပူလေး‌ေသာက်ကာ ကျွန်မလေးရဲ့အဖြစ်ကို ရယ်မောနေကြလိမ့်မည် ။
ဆောင်းဟေမန်သည် အမိုးအောက်က ပြည့်စုံသောသူတို့အတွက် နှစ်ချိုက်စရာဥတုရာသီလေးတစ်ခုထက်မပိုပေ ။
ဝမ်းနည်းစရာကောင်းသည်မှာ ‌ဟေမန်သည် အသိုက်ကွဲသော တည်ရှိမှုလေးများအပေါ် ရက်စက်လေသည် ။

ကြမ်းတမ်းသောနှင်းမှုန်တိုင်း၏အလယ်၌ ကျွန်ငယ်လေးတစ်‌ယောက်မှလွဲ၍ မည်သူမှမရှိ ။
‌တစ်နေ့မကူးနိုင်တော့ဘူးဆိုတာကို သိရက်နဲ့ အားကုန်ရှင်သန်ဖို့ ကြိုးစားနေမိ၏ ။
လောကကြီးကိုစစသိကတည်းက ဘဝဟ ကြမ်းတမ်းခဲ့ပေမယ့် ‌စိတ်နှလုံးမှာ မီးစာကုန်လုနီးနီးအဖြစ်ကိုရောက်ဖူးတာ ဒီတစ်ခါပထမဆုံးမို့ပဲလား ?
ဒါမှမဟုတ် Afa လက်လျော့ချင်လာတာနေမည် ။

" အပွင့် ၃၀၀၀, အဟွတ် အဟွတ် ! "

ချောင်းတွေဆက်တိုက်ဆိုးနေသည့်ကြားက ‌အဆက်မပြတ်ရေတွက်သည် ။
ပန်းကြွေတွေကုန်တော့မည် ။
မသေခင် ပူနွေးတဲ့ ဂျုံပြုတ်လေးတစ်ခွက်သောက်သွားရရင်ဘယ်လောက်ကောင်းမလဲ ။
တစ်လလုံးလုံး ကြိုးစားခဲ့သမျှ ဆုလာဒ်လေးတစ်ခုတော့ လိုချင်မိသည် ။
ဒါမှသေဆုံးသွားရင် ဒီနန်းတော်ထဲဆာလောင်နေတဲ့ သနားစရာဝိဉာဏ်မဖြစ်မှာ‌လေ ။
Afa ဟာ သေပြီးရင်တော့ ဆာလောင်ခြင်းငရဲကနေ လွတ်မြောက်ချင်မိသည် ။
ဒီ ဒုက္ခတွေ ၊ အပြစ်တွေ ၊ ဝဍ်ကြွေးတွေ ကျေချင်လှပြီ ။

နေ့လည်ညီလာခံက သူ၏အပြုအမူကြောင့် ရှင်ဘုရင်တွင် အကြင်နာတရားရှိသေးသည်ဟုထင်ခဲ့တဲ့ Afa သည် တုံးအလိုက်လေခြင်း ။
တွေးကြည့်တော့ ကိုယ့်ကိုယ်ကို ရယ်မိသည် ။
ရက်စက်တဲ့ Xavia ပြည့်ရှင်ဟာ Raven သွေး ကျွန်တစ်ယောက်အပေါ် ကြင်နာပါ့မလား သံသယရှိမိသည် ။
လမ်းဘေးခွေးတစ်ကောင်ကို အစာကြွေးမျှော်လင့်ချက်ပေးပြီးမှ ရိုက်နှက်ရတာက ပိုပြီးအရသာရှိတာနေမည် ။

ဖယောင်းပန်းလေး၏ အနီရောင်သည် သူမ ချောင်းဆိုးကာထွေးထုတ်လိုက်သော သွေးတွေထက်တောင်နီ၏ ။
Afa သည် နှုတ်ခမ်းပေါ်မှသွေးများကို ဂါဝန်စဖြင့်ဖိသုတ်လိုက်၏ ။
ပန်းလေးတွေကို သူမရဲ့အကျည်းတန်တဲ့သေဆုံးမှုကြောင့် အလှမပျက်စေချင် ။
သေမယ်ဆိုရင် မြောက်ဖက်စွန်းက နန်းဆောင်ပျက်လေးထဲမှာပဲ ‌သွားသေတော့မည် ။
လေပြင်းတွေကြားက သစ်ရွက်ပမာ ကြွေမည့်နေ့ကို စောင့်ဆိုင်းရင်း . . . ။

မဟူရာနန်းဆောင်ကြီးထဲ၌ ဖြစ်၏. . . ။
နံသာထင်းရှူးသားကို လောင်စာအဖြစ်အသုံးပြုထားတာကြောင့် အိပ်ဆောင်ကြီးတစ်ခုလုံး နံသာနံ့လေးသင်းပျံ့လို့နေသည်။
အိပ်ဆောင်ဖြစ်၍ အလင်းရောင်သည် သာမန်ထက်အနည်းငယ် မှေးမှိန်လို့နေ၏ ။
အသုံးအဆောင်ပစ္စည်း အနည်းငယ်သာထားရှိသဖြင့် ရှင်ဘုရင်တစ်ပါး၏ အသုံးတော်ခံအခန်းနှင့်တောင်မတူ ။
ဒါ့အပြင် အခန်းသည် အရောင်မှိုင်းမှိုင်းများကို အဓိကသုံးပြီး ပြင်ဆင်ထားတာကြောင့် ပိုင်ရှင်၏ထူးခြားသောစရိုက်ကို ခန့်မှန်းကြည့်နိုင်သည် ။
မီးဖိုတွင်းမှ တဖောက်ဖောက် ထင်းမီးပေါက်လောင်ကျွမ်းသံသည် တစ်စုံတစ်ယောက်ကို လွန်စွာငိုက်မြည်းစေသည် ။
သို့သော် Xavia ဘုရင်အတွက်တော့မဟုတ် ။

အခန်းအလယ်ရှိ ရွှေရည်ဆေး ကနုတ်ပန်းခက်များရေးချယ်ထားသည့်ကုတင်နက်ကြီးထပ်၌ ချောမောလှပသောနတ်ဆိုးဘုရင်သည် ဘေးတစောင်းလှဲလျောင်းရင်း သစ္စာရှိလက်အောက်ငယ်သားနှစ်ယောက်၏ သတင်းပေးမှုကို ပျင်းရိစွာနားထောင်နေလေသည် ။
အဘယ်လူသားမှ ထိုးဖောက်လို့မရနိုင်သည့် နံရံတံတိုင်းကြီးကာစီးထားပေမယ့် ထိုသူနှစ်ဦးရှေ့တွင်တော့ Ash သည် သက်တောင့်သက်သာနေတတ်သည် ။
ထိုသူနှစ်ဦးသည် အခြားမဟုတ် ။ ဖွားဖက်တော် ငယ်ပေါင်းကြီး Ren အိမ်တော်မှ Ren Kai နှင့် ဘိုးဘွားစဉ်ဆက်ဖြောင့်မတ်သော Python သူရဲကောင်းမျိုးရိုးမှ ဆင်းသက်လာသော Alexander Python တို့ပင်ဖြစ်ပေတော့သည် ။

Kai : " နန်းတော်တစ်ဝိုက် ထူးထူးခြားခြားလှုပ်ရှားမှုမရှိသေးပါဘူး
Xavia ရဲ့ ဆောင်းဒဏ်က ကျင့်သားမရသေးတဲ့ Raven တွေအတွက်တော့ ကျော်လွှားဖို့ခက်ခဲမှာပါ
ခန့်မှန်းချေအရ ဒီဆောင်းကုန်မှ သူတို့လှုပ်ရှားလောက်တယ် "

ကုတင်ထပ်က အရှင်သခင်သည် ညာလက်ရုံးကြီး Kai ၏ စကားကို သဘောတူသည့်အနေနဲ့ ခပ်ဖြေးဖြေးခေါင်းညိတ်ပြ၏ ။
Kai သည် အရှင်သခင်၏ စေခိုင်းမှုဖြင့် Raven အင်ပါယာရဲ့အကျွင်းအကျန်များကို လိုက်လံစုံစမ်းနေခဲ့ရာ ၊ ကြောက်မက်ဖွယ်ကောင်းသော သဲလွန်စများကို သထိထားမိခဲ့သည် ။
ထိုသည်မှာ Raven အင်ပါယာသည် Xavia အား ရည်ရွယ်ချက်ရှိရှိ အရှုံးပေးခဲ့တာဖြစ်နိုင်သည်ဟူသောအချက်ပင်. . . ။

Kai : " ဘာမှမသေချာသေးတာကြောင့် ကျွန်တော်တို့လက်ထဲမှာရှိတဲ့ တစ်ခုတည်းသော ကောက်ရိုးမျှင်ကိုဆုပ်ထားရမှာပဲ "

Kai ရည်ညွှန်းသော ကောက်ရိုးမျှင်သည် အခြားမဟုတ်ပါ ။
ယခုနန်း‌ဆောင်‌ရှေ့မှာ ဖယောင်းပန်းတွေကို ရေတွက်နေသော ကျွန်မလေးသာဖြစ်ပေတော့သည် ။
သူမသည် Raven ၏ ဧကရီဖြစ်သည့်အလျောက် ၊ Xavia အတွက် အရေးကြီးသော ငါးစာတစ်ခုဖြစ်၏ ။
သူမကိုရေချပြီး Xavia နန်းတော်ထဲရှိအတွင်းလူကို မျှားထုတ်နိုင်သည် ။

သေချာပေါက် ဒီအကြံဟာ သွေးအေးသောအရှင်သခင်ဆီမှလာခြင်းဖြစ်သည် ။

Ash : " ဒီနေ့ကိစ္စသာ နန်းတော်ထဲပျံ့သွားရင် သေချာပေါက် သူမဆီကိုချည်းကပ်လာလိမ့်မယ် "

မထူးမခြားအေးစက်စက် ဆိုလိုက်သည် ။

' ရန်သူကိုလှည့်စားချင်ရင် ကိုယ့်လူကိုအရင်လှည့်စားပါ 'တဲ့ ။
မှန်ပါသည် ။
သူသည် ထိုကျွန်မလေးအား ထူးခြားစွာဆက်ဆံခဲ့သည် ။
ညီလာခံတံခါးကိုတောင်ဖွင့်ကာ သူမအားမျက်စိရှေ့ထားခဲ့သည် ။
ဘယ်သူမှ အနားကပ်လို့မရသော အိပ်ဆောင်သို့ တကူးတကခေါ်လာခဲ့သည် ။
ဒါ့အပြင် သူမကို အနိုင်ကျင့်နေသော အစေခံကိုပါ အပြစ်ပေးခဲ့သေးသည် ။
ဤ အချက်များသည် မကြာခင်နန်းတော်ထဲ ဟိုးလေးတကျော် သတင်းတစ်ပုဒ်ဖြစ်သွားမည် ။
သတင်းခေါင်းစဉ်မှာ ' ရေခဲဘုရင်ကြီးက ကျွန်မလေးကို မျက်စိရှေ့က အပျောက်မခံနိုင်ဘူး " ဆိုသော စိတ်ကူးယဉ်ဆန်ဆန်‌ကလေးဖြစ်လိမ့်မည် ။
သူ့ရဲ့ ဟန်ဆောင်မှုကို အကြောင်းသိကြီး Kai ပင် ယုံကြည်ခဲ့သည်မို့ ၊ ရန်သူဖက်က ယုံသွားဖို့ဆိုတာသည် မခက်ခဲတော့ ။

ဘာမှအရေးမပေးရသေးတာတောင်မှ မျက်လုံးတောက်လေးတွေနဲ့ တခါတလေ သူ့ကိုကြည့်တတ်သော ကောင်မလေးကို မြင်ယောင်ရင်း ခပ်မဲ့မဲ့ပြုံးမိသည် ။
သူမသည် တုံးအလွန်းသည် ။

အပြင်ကအသံကိုနားစွင့်မိသည် ။
နှင်းမှုန်တိုင်းသံကြားက တိုးညှင်း‌သောအသံငယ် . . . ။
တဖြေးဖြေးတိုးကာ အားလျော့လို့လာပြီဖြစ်သည် ။
ထိုအသံကြောင့် ခါးသက်သက်ခံစားချက်တွေဖြစ်ပေါ်ကာ ကြည်သောရေကိုနောက်သွားစေသကဲ့သို့ ။
သူ့ရင်ထဲ ဖုန်မှုန့်များ ။
စိတ်တွေ ညစ်ညူးသွားရသည် ။
ကံကြမ္မာက အလွန်လှည့်ဖြားတတ်သည် ။
ဘယ်သူက ထင်ခဲ့မှာလဲ သူ့ရဲ့အငြိုးအတေးတွေကို လက်ခံရမယ့်သူဟာ 'သူမ' ဖြစ်နေမယ်လို့ . . . ။

သွေးအေးသောအရှင်သခင်၏အပြုံးသည် စောင့်ကြည့်နေသော Kai နှင့် Alexander ကို ကြက်သီးမွှေးညှင်းထသွားစေ၏ ။
ငယ်ရွယ်နုနယ်သောမျက်နှာသည် ကြီးမားသော အာဃာတများဖုံးလွှမ်းကာ သွေးဆာသောမကောင်းဆိုးဝါးတစ်ကောင်လို ကြောက်မက်ဖွယ်ကောင်း၏ ။
ဒါပေမယ့် ထိုသူကို ဘယ်သူကအပြစ်တင်ရက်မှာလဲ ?
နတ်ဘုရားတွေသည် Xavia Ash ကို လက်စားချေမှုတစ်ခုဖြင့်သာ ရှင်သန်စေခဲ့ကြသည် ။
သူ့မှာ မေတ္တာဂရုဏာတရားမရှိတော့ ။

Kai သည် ဝမ်းနည်းစွာ ပင့်သက်ရှိုက်မိသည် ။
အရှင်သခင်သည် ကျွန်မလေးအား အိပ်‌ဆောင်အထိခေါ်လာခဲ့ပေမယ့် နှင်းမုန်တိုင်းထဲမှာ ပစ်ထားခဲ့တာဖြစ်သည် ။
လူတချို့ကတော့ ဖယောင်းပန်းကြွေတွေကိုရေတွက်တဲ့အလုပ်ဟာ ပေါ့ပေါ့ပါးပါးလေးလို့ မြင်ကြမည် ။
အမှန်တရားမှာ အသည်းခိုက်‌အောင် အအေးဒဏ်ကို ကြံ့ကြံ့ခံပြီး အသံအိုးမှဓားဒဏ်ရာအစိမ်းဖြင့် အသံထွက်‌ရသည့်အလုပ်သည် လူကိုတဖြေးဖြေး နှိပ်စက်ညှင်းပန်းသတ်ခြင်းပင် ။
ကိုယ်တိုင်လက်ဖြင့် မနှိပ်စက်ခဲ့သည်မို့ သူမတစ်နေ့သေဆုံးနေလျှင်တောင် ရှင်ဘုရင်၏လက်သည်သွေးစွန်းမည်မဟုတ် ။
အပြစ်ကင်းနေခဲ့မည် ။
အများ၏အမြင်၌ရန်သူဧကရီကိုကယ်ဆယ်ခဲ့တဲ့မေတ္တာကြီးသောရှင်ဘုရင်သည် အမှန်မှာတော့ရက်စက်သောနတ်ဆိုးတစ်ကောင်သာဖြစ်လေတော့သည် ။

Kai : " အဲဒီအချိန်အထိ အသက်ရှင်နေသေးရင်ပေါ့ "

Kai သည် စိတ်မကောင်းဖြစ်မိတော့ ထိုသို့ရေရွတ်လိုက်မိသည်။
ထိုအခါ လှပသောမကောင်းဆိုးဝါးတစ်ကောင်သည် လှပစွာရယ်မောလေသတည်း ။
_____________________________
A/N : စာလုံးပေါင်းသတ်ပုံ မှားယွင်းနေတာတွေက သာသာ စာရေးရင် ခေါင်းထဲပေါ်သမျှကို လက်ကလိုက်မှီအောင် ခပ်မြန်မြန်ရေးကျင့်ရှိတာမို့ပါ ။

တစ်ဖက်ကလဲ မြန်မာစာကို ဒုတိယနှစ်တည်းက မသုံးတော့တာလဲပါပါတယ် ။ ဖတ်တဲ့စာတွေကလဲ English ပဲများတာကြောင့် မြန်မာစာလုံးပေါင်းမှာ အားနည်းနေတာပေါ့နော် ။ မြန်မာစာက ရောတာတွေများတယ်လေ ။ ဒါကြောင့် မသေချာတဲ့စာတစ်လုံးကို ရေးတော့မယ်ဆိုရင် English လိုရိုက်ပြီး မြန်မာလိုသတ်ပုံစစ်ရတဲ့အခါတွေတောင်ရှိပါတယ် အဖြစ်က 😅

ဒါက English စာလုံးကို ပိုသန်တာမို့ ဂုဏ်ယူပြီးပြောနေတာမဟုတ်ပါဘူး ။ နားလည်ပေးဖို့ပြောနေတာပါ ။ ပြီးတော့ သာသာ့အမှားက တချို့သူတွေလောက် ဆိုးရွားမနေဘူးမလား ? ဒါကြောင့် အရမ်းအဆိုးမမြင်ပဲ ၊ တချို့တလေကို နားလည်ပေးဖို့ မျှော်လင့်ပါတယ် 🙇🏻‍♀️
မျက်လုံးကလဲ မကောင်းတာ တစ်ကြောင်း တစ်ပိုင်းတစ်ပိုင်း ရေးပြီးစစ်ရတာ မလွယ်ကူနေပါဘူး ။
____________________________
____________________________
____________________________

#Zawgyi

ယေန႔၌ Xavia ျပည္၏ညီလာခံ တံခါးမႀကီးသည္ ဟာလာဟင္းလင္း ဖြင့္ထားေလ၏ ။

ေဆာင္းေလတျဖဴးျဖဴးႏွင့္ ေရာပါလာေသာ ႏွင္းစက္မ်ားေၾကာင့္ မီးေတြဘယ္ေလာက္ျပင္းေအာင္ေမႊးေမႊး အသုံးမဝင္ေတာ့ ။
ညီလာခံခန္းမႀကီးတစ္ခုလုံးသည္ ေအးခဲလ်က္ ။
တက္ေရာက္လာေသာ အမတ္ႀကီးမ်ားသည္ ညီလာခံထဲ ႏွင္းမႈန္တိုင္းမိႏိုင္သည္လို႔ ဘယ္ေတာ့မွမထင္ခဲ့တာမို႔ လုံေလာက္စြာေႏြးေအာင္ မဝတ္ခဲ့ၾက ။
သူတို႔သည္ ‌ေႏြးေထြးေသာအိမ္ေတာ္မ်ားမွ အေအးလုံေသာရထားလုံးမ်ားျဖင့္ ညီလာခံသို႔လာေရာက္ၾကတာမို႔ ေဆာင္း၏ၾကမ္းတမ္းမႈကို ဘယ္ေတာ့မွ မခံစားဖူးပင္ ။
ထို႔ေၾကာင့္ ရာထူးအလိုက္ဝတ္စုံေပၚမွတံဆိပ္မ်ားကို ဖုံးကြယ္ေစေသာ သားေမႊးဝတ္႐ုံထူမ်ားကို တကူးတကမဝတ္ၾက ။
အၿမဲတမ္း မိမိတို႔၏ရာထူးကို ထုတ္ေဖာ္ႂကြားဝါကာ ညီလာခံကိုတက္ေရာက္ေလ့ရွိၾကသည္။
လိုရာမယ္ရာ အပိုေလးေတာင္ မသယ္လာၾကတာျဖစ္သည္ ။
ယေန႔ေတာ့ ထိုဆုံးျဖတ္ခ်က္သည္ လြန္စြာမွားယြင္းေၾကာင္း သိၾကရၿပီ ။
ပုလႅင္ေပၚ၌ သားေမႊးျဖဴဝတ္႐ုံရွည္ျဖင့္ေအး‌ေဆးစြာထိုင္ေနေသာ ရွင္ဘုရင္မွလြဲ၍ က်န္လူမ်ားမွာ ခိုက္ခိုက္တုန္ေနေလၿပီ ။

Xavia ၏ ဧကရာဇ္မင္းသည္ တပါးသူ၏နာက်င္မႈအေပၚ ေမြ႕ေလ်ာ္သာယာသည့္ စိတ္သေဘာရွိသည္( Sadist )ဟု ၾကားဖူးၾကတာေၾကာင့္ ထိုသည္မွာအမွန္ျဖစ္မည္ ။
သူ၏ အိပ္ေဆာင္၌ က်ားသစ္နက္တစ္ေကာင္ကိုေမြးျမဴထားကာ ထိုက်ားသစ္နက္ကို ဘယ္အ‌ေစခံမွအစာေကြၽးဖို႔မလို ။အဘယ္ေၾကာင့္ဆိုေသာ္ သူ၏ရန္သူေတြရဲ႕အသားကိုသာ ေကြၽး‌သည္ဟု ၾကားဖူးနားဝရွိသည္ ။
အေတာ္ ပက္စက္ေသာဝါသနာပင္ ။
ဒါေၾကာင့္ပဲ လက္ေအာက္ငယ္သားေတြကို ညီလာခံထဲပိတ္ၿပီး ႏွိပ္စက္‌တာေနမည္ ။
ခုလဲၾကည့္ ေက်နပ္အားရစြာ ၿပဳံးေနေလရဲ႕. . . လို႔ တခ်ိဳ႕ကေတြးထင္ၾကမည္ ။
ဒါေပမယ့္ ထိုအခ်က္မ်ားသည္ အကုန္ ဝက္ဝက္စင္ေအာင္မွား၏ ။
ဧကရာဇ္သည္ သည္ေလာက္ေတာ့ မရက္စက္ပါေလ ။

ညီလာခံ ခန္းမႀကီး၏တံခါးဖြင့္ထားရျခင္းအေၾကာင္းအရင္းမွာ သူ၏ပုလႅင္ေပၚမွလွမ္းၾကည့္လွ်င္ ညီလာခံေရွ႕မွာေျခပစ္လက္ပစ္ထိုင္ကာ ဖေယာင္းပန္းနီေတြကို တစူးတစိုက္ေရတြက္ေနေသာ ကြၽန္မေလးတစ္ေယာက္ကို တန္းျမင္ေနရလို႔ပဲျဖစ္သည္ ။
ႏွင္းျဖဴေတြၾကားထဲ နီရဲရဲပန္းပုံႀကီးအလယ္က‌ ေကာင္မေလးတစ္ေယာက္ကို ႏွိပ္စက္ရတဲ့အရသာကိုသာ သူသည္ ႏွစ္ခ်ိဳက္ျခင္းျဖစ္သည္ ။
လွပစြာေကြးၫႊတ္ေနေသာႏႈတ္ခမ္းတို႔သည္ အရည္တလဲ့လဲ့မ်က္ဝန္းနက္မ်ားကို သစၥာမေဖာက္ ။
သတိထားၾကည့္လွ်င္ လူတိုင္းျမင္ႏိုင္၏ ။ ဧကရာဇ္၏ထိုပုံစံသည္ အျမင္စူးရွသူတခ်ိဳ႕၏ မ်က္လုံးေအာက္ကမလြတ္ ။

" အဲဒါ တေလာက အရွင္ ဖမ္းေခၚလာတဲ့ သုံ႔ပန္းမဟုတ္ဘူးလား ? ဘာေၾကာင့္ ေတာ္ဝင္ညီလာခံကို ၾကားျမင္ခြင့္ျပဳထားတာလဲ ? "

" ရႉး ! တိုးတိုးေျပာပါဗ်ာ အရွင္ကခြင့္ျပဳထားတာမို႔ အသက္မေပ်ာက္ခ်င္ရင္ ဝင္မပါတာေကာင္းတယ္ "

" မသင့္ေလ်ာ္လိုက္တာ "

ဤစကားခ်ပ္မ်ားသည္ ပါးနပ္ေသာ မႉးမတ္အရာခံႀကီးတခ်ိဳ႕ဆီကလာသည္ ။
ထိုသူတို႔၏ ခါးသီးေသာအၾကည့္မ်ားကို လက္ခံရတဲ့ Afa သည္ Xavia ညီလာခံအား မ်က္‌ေမွာက္ျမင္ခြင့္ရေသာ ပထမဦးဆုံး ကြၽန္တစ္ေယာက္ျဖစ္လိမ့္မည္။
မဟုတ္ေသး ။
တစ္ေလာကလုံးမွာေတာင္ ပထမဆုံးျဖစ္ေနႏိုင္သည္ ။
စစ္သုံ႔ပန္းတစ္ေယာက္က ႏိုင္ငံတစ္ႏိုင္ငံ၏ ညီလာခံအစည္းအ‌ေဝးကိုၾကားနာခြင့္ရသည္ဆိုတာဟာ သမိုင္းဝင္မည့္အခ်က္ပင္ျဖစ္သည္ ။
ေသခ်ာေပါက္ ဂုဏ္ယူစရာကိစၥေတာ့မဟုတ္ ။
ၿပီးေတာ့ ဒီအေျခအေနက Afa. ထံ မလိုအပ္ေသာအာ႐ုံစိုက္မႈမ်ားကို ဆြဲေဆာင္သည္ ။
ဒါမွမဟုတ္ ဤသို႔ျဖစ္ေအာင္ပဲ တမင္ႀကံထားသည္လားမေျပာတတ္ ။
ဒါလဲ မျဖစ္ႏိုင္ ။

Afa သည္ သာမန္သုံ႔ပန္းေတာင္မဟုတ္ ။
ရန္သူ Raven ျပည္၏ ဧကရီတစ္ပါးျဖစ္သည္ ။
ဤလုပ္ရပ္က Xavia ဘုရင္အတြက္လဲ အက်ိဳးရွိေစမည္မဟုတ္ ။
ဘယ္လိုေတြးေတြး Xavia ဧကရာဇ္၏ရည္႐ြယ္ခ်က္ကို Afa နားမလည္ႏိုင္ေပ ။

မည္သို႔ပင္ျဖစ္ေစကာမူ Afa ၏ အျပစ္ဒဏ္သည္ကား ရွင္ဘုရင္ၾကားေအာင္ ဖေယာင္းပန္းနီမ်ားကိုအသံထြက္ေရတြက္ရျခင္းပင္ျဖစ္သည္ ။

" ၁၂၀၅ , ၁၂၀၆ , ၁၂၀၇ . . . . . "

ထိုသူစိတ္ေက်နပ္ရေအာင္ နာက်င္ေနေသာလည္ေခ်ာင္းေတြကို တြန္းအားေပးကာ အသံထြက္႐ြတ္ရသည္ ။
Xavia ၏ ၾကမ္းတမ္းေသာေဆာင္းက သနားစရာကြၽန္မေလးကို မ်က္ႏွာသာမေပး ။
အခ်ိန္ၾကာလာသည္ႏွင့္အမွ် ေအးစက္ကိုက္ခဲလို႔လာေတာ့သည္ ။
ဂါဝန္နဲ႔မဖုံးႏိုင္တဲ့ ေျချဖား ၊ လက္ျဖားေတြသည္ ျပာႏွမ္းလို႔ေနၿပီ ။
လည္ေခ်ာင္းကဓားဒဏ္ရာသည္လဲ အေအးဒဏ္ကိုအံတု ၊ အားျပဳကာ ရက္စက္လွပါေသာရွင္ဘုရင္ၾကားေလေအာင္ အသံကို ညႇစ္ထုတ္ရပါ၍ ျပန္လည္ေကာင္းမြန္လာဖို႔လမ္းမျမင္ေတာ့ ။

ဖေယာင္းပန္းေတြကိုေရတြက္ပါ ဆိုတဲ့အျပစ္ကို အမ်ားကၾကားလွ်င္ ကေလးကစားသလို ေသးမႊားလြန္းတာေၾကာင့္ ေလွာင္ရယ္ၾကလိမ့္မည္ ။
ဒါေပမယ့္ တစ္လနီးပါး ဖေယာင္းပန္းေတြကို ေကာက္ကာေရတြက္ခဲ့ဖူးေသာ Afa သာ သိသည္ ။
ဤအျပစ္ဒဏ္သည္ Afa ၏စိတ္ကို တေျဖးေျဖးေဆြးေျမ့လာေစသည္ ။
တစ္ေန႔ေသဆုံးသြားမွ ရပ္တန႔္မည့္ ဂဏန္းသခ်ာ္ျဖစ္၏ ။
အဲ့ဒီအခ်ိန္ေရာက္လာတဲ့အခါ Afa သည္ ေသဆုံးျခင္းကို ေပြ႕ဖက္ကာႀကိဳဆိုလိုက္မည္ ။
အဓိပၸါယ္မဲ့တဲ့ဘဝႀကီးအဆုံးသတ္ၿပီဟု ေႂကြး‌ေၾကာ္ရင္း . . . ။

Afa , ဖုန္မႈန႔္ ။
ဘယ္သူ႔ျမင္ကြင္းထဲမွာမွ မထင္ရွားတဲ့ ေျခနင္းေအာက္ကျဖစ္တည္မႈတစ္ခု ။
တစ္စုံတစ္ေယာက္ရဲ႕မ်က္လုံးထဲဝင္ေရာက္သြားရင္ေတာင္မွ အေႏွာက္အယွက္ပဲျဖစ္မည္ ။
ဘာမွမပိုင္ဆိုင္ထားတာမို႔ သူမအား တပါးသူက ေပးကမ္းလာသမွ်အားလုံးကို တန္ဖိုးထားလက္ခံထားတတ္သည္ ။
အဲဒါက နာက်င္မႈေတြဆိုရင္ေတာင္မွေပါ့ ။

" ေဟ့ ! Raven ကြၽန္မ , လာခဲ့စမ္း ညီလာခံၿပီးၿပီ ေနရာေျပာင္းမယ္ "

Afa ၏အေတြးေတြသည္ နန္းတြင္းသူတစ္ေယာက္၏ ေအာ္သံေၾကာင့္ ရပ္တန႔္သြား၏ ။

သတိထားၾကည့္လိုက္ေသာအခါ ေျခလွမ္းက်ဲေတြျဖင့္ ညီလာခံခန္းမေဆာင္ထဲမွထြက္ကာ ေျမာက္ပိုင္းတံတားခုံးေပၚသို႔ေရာက္ေနၿပီျဖစ္ေသာ ဧကရာဇ္ကိုေတြ႕ရေလသည္ ။
ရွည္လ်ားေသာေျခတံေတြရွိသူမို႔ အႏွီလူသား၏ လမ္းေလ်ာက္ႏႈန္းသည္ သာမန္ျမန္တာေတာင္မဟုတ္ ။
သူ၏အေနာက္မွ တေကာက္ေကာက္ပါကာ ႏွင္းမစိုေအာင္ လိုက္ပါထီးမိုးေပးေနသည့္ အေစခံေယာက်ၤားခမ်ာသည္ မေျပး႐ုံတမယ္ အေမာတေကာပင္ ။
ထိုသည္ကိုသတိထားမိေပမယ့္ ဂ႐ုမထားသည့္ မာထန္ေသာမ်က္ႏွာထားသည္ ႏွင္းျဖဴေတြလို ေအးစက္တဲ့လူသားႏွင့္လိုက္ဖက္ေလစြ ။

အတိတ္တစ္ခုနဲ႔ေတာ့ ကြဲျပားစြာ . . . ။
ေမ့ပစ္လိုက္တာပဲေကာင္းပါသည္. . . ။

" ျမန္ျမန္မလုပ္ပဲ ဘာေငးေနတာလဲ ကြၽန္မရဲ႕ နင့္ရဲ႕ကိစၥလိုက္လုပ္ေပးတဲ့သူေတြကို အားနာဦး "

ေနရာ၌မလႈပ္မယွက္ထိုင္ေနေသးေသာ Afa အား Lucy က ေအာ္ေငါက္‌ေတာ့သည္။

ထိုနန္းတြင္းသူေလး, Lucy သည္ ကေလးမ်က္ႏွာေလးနဲ႔မို႔ အသက္အ႐ြယ္အားျဖင့္ Afa ထက္ငယ္႐ြယ္ေသးပုံရ၏ ။
သို႔ေသာ္ ဤေနရာ၌ အသက္အ႐ြယ္က ပဒါနမဟုတ္ ရာထူးေနရာသာအဓိကျဖစ္သည္ ။
ဒါ့အျပင္ Lucy သည္ Afa သြားရာေနရာတိုင္း ဖေယာင္းပန္းေတြကို သယ္ယူေ႐ြ႕ေျပာင္းေပးရမည့္ တာဝန္ကိုယူထားရေလသည္ ။
ဧကရာဇ္မင္း၏အေနာက္ တေကာက္ေကာက္လိုက္ပါႏိုင္မည့္တာဝန္ဟု ၾကားသျဖင့္ ဝမ္းေျမာက္ဝမ္းသာ‌လက္ခံခဲ့ျခင္းျဖစ္ေပမယ့္ အမွန္မွာ ဧကရာဇ္ေနာက္လိုက္ေသာ ကြၽန္မေနာက္ Lucy က လိုက္ရျခင္းပင္ ။

ဘယ္ေလာက္ေတာင္ သိကၡာက်လိုက္သလဲ !

ထို႔ေၾကာင့္ Lucy သည္ Afa. အ‌ေပၚ ရရင္ရသလို ေပါက္ကြဲေလေတာ့သည္ ။

Lucy : " ထစမ္း ! အဲ့ဒါေတြကိုေကာက္ထည့္ ျမန္ျမန္လုပ္ "

Molly : " Lucy နင္ အရမ္းမေအာ္‌ေငါက္ေနနဲ႔ဟာ တျခားသူေတြအျမင္မွာ မေကာင္းဘူး ၿပီးေတာ့ ကြၽန္ေတြကိုအျပစ္ေပးခြင့္ဆိုတာက ငါတို႔လို နန္းတြင္းအေစအပါးေတြဆီမွာ မရွိဘူး "

Afa ကို Lucy က ကန္ေၾကာက္အႏိုင္က်င့္တိုင္း Molly ဆိုေသာ နန္းတြင္းသူေလးက ဝင္ေျပာေလ့ရွိသည္ ။
Molly သည္ Lucy ႏွင့္မတူပဲ အသိတရားရွိပုံေပၚ၏ ။
ခက္တာက အသိတရားရွိေပမယ့္ အၾကင္နာတရားေတာ့မရွိ ။

Lucy : " လူတိုင္းလုပ္ေနတာပဲကို ဘာျဖစ္လဲ ဟြန႔္ "

တခါတေလ လူသားေတြသည္ ကံကိုမယုံၾကေပ ။
ဤေနရာ၌ ကံဆိုသည္မွာ အလုပ္ကိုေခၚသည္ ။
အလုပ္ကေန အေၾကာင္းျဖစ္ကာ ၊ အေၾကာင္းကေန အက်ိဳးကိုျဖစ္ေပၚေစသတည္း ။

____________________________

မႈန္ဝါးဝါးႏွင္းျမဴေတြၾကားမွ မည္းနက္ေသာအေဆာင္ေတာ္ႀကီးသည္ တေျဖးေျဖး႐ုပ္လုံးေပၚလာ၏ ။
ထိုသည္ကား ေျမာက္နန္းမဟူရာ, ဧကရာဇ္မင္း စက္ေတာ္ေခၚရာျဖစ္ေလသည္ ။
ဆန္းျပားသည္မွာ ယခုဧကရာဇ္သည္ ေရွ႕ဘိုးေဘးဘုရင္ႀကီးမ်ား သုံး‌ေတာ္မူခဲ့ေသာ ပင္မအိပ္‌ေဆာင္ကို မသုံးပဲ အ႐ြယ္အစားေသးငယ္ေသာ ဤအနက္ေရာင္နန္းကို သုံးျခင္းျဖစ္သည္ ။
အေၾကာင္းအရင္းမွာ အေဆာင္ေတာ္၏ သီးသန႔္ဆန္သည့္ေျမေနရာကို ႏွစ္ခ်ိဳက္ျခင္း‌ေၾကာင့္ဟု ဆိုၾကေပမယ့္ ကာယကံရွင္သာ အမွန္ကိုသိလိမ့္မည္ ။
သီးသန႔္ျဖစ္ျခင္းကို အလိုရွိပါလွ်င္ ဒီအေဆာင္အျပင္ အျခားေျမာက္မ်ားစြာ ေသာအ‌ေဆာင္မ်ားသည္လဲ နန္းေတာ္ထဲ၌ တည္ရွိေသးသည္ မဟုတ္ပါလား ။

နန္း‌ေဆာင္ေရွ႕၌ ေရခဲေနေသာကန္ႀကီးတစ္ကန္ရွိသည္ ။ ‌
ထိုကန္၏ေရခဲျပင္အလယ္၌ မွ်ားပစ္‌ေလ့က်င့္ရာတြင္သုံးေသာ ပစ္မွတ္ေထာက္တိုင္ေလးငါးခု ေထာင္ထားသည္ကိုေတြ႕ရသည္ ။
Afa သည္ ႐ုတ္တရက္ ေရခဲျပင္ထဲ မွ်ားပစ္ေဆာ့ကစားေနေသာ ေရခဲလူသား၏ပုံသဏၭာန္ကို ျမင္ေယာင္မိ၏ ။
Xavia ဧကရာဇ္သည္ အနည္းငယ္ကေလးဆန္သည္ဟု Afa စိတ္ထဲမွ မွတ္ခ်က္ေပးလိုက္သည္ ။

ထူးျခားသည္က ထိုအခ်က္မဟုတ္ ။
အမွန္တကယ္အံ့ဩရသည္မွာ ေသြးစက္မ်ားလို နီရဲသည့္ ဖေယာင္းပန္းပင္ေတာႀကီးသည္ ေျမာက္နန္းမဟူရာကို ဝိုင္းဝန္းၿခံရံထားျခင္းပင္ ျဖစ္‌ေပေတာ့သည္ ။
ႏွင္းျဖဴေနာက္ခံ၌ ေသြးနီေတြၾကားထဲ အနက္ေရာင္နန္းေတာ္ႀကီးတစ္ခုတည္း ထီးထီးႀကီးရပ္တည္ေနတဲ့ သဏၭာန္သည္ အနည္းငယ္ ဝမ္းနည္းစရာေကာင္း၏ ။
အရာရာျပည့္စုံတဲ့ ဧကရာဇ္တစ္ပါးကို ကြၽန္မေလးတစ္‌ေယာက္က ဂ႐ုဏာသက္ပါတယ္ဆိုရင္ ရယ္စရာျဖစ္သြားမလား ?

Lucy : " ျမန္ျမန္လို႔ ငါေျပာတာမၾကားဘူးလား ? "

Lucy ၏ အသံက အံႀကိတ္ထားတာေၾကာင့္ တိုးညႇင္းသည္ ။
Afa ၏ အနားကပ္ကာ တြဲထူေပးသလိုႏွင့္ လက္ဖမိုးကို ဆြဲဆိတ္ေလသည္ ။
သူမထိုသို႔ ခိုးေၾကာင္ခိုးဝွက္ျပဳေနျခင္းမွာ နန္းေဆာင္ဝ၌ ရပ္ေနေသာ ရွင္ဘုရင္ေရွ႕မို႔ထင္ပါသည္ ။

Afa သည္ ေျခေထာက္ေတြနာက်င္တာေၾကာင့္ လမ္းေလ်ာက္လွ်င္ ေထာ့နဲ႔ေထာ့နဲ႔ႏွင့္ ေႏွးေကြးေနေတာ့ Lucy သည္ စိတ္မရွည္တာေနမည္ ။
ဧကရာဇ္မင္းက သူမတို႔ကို ေစာင့္ေနပုံရတာေၾကာင့္ မ်က္ႏွာသာရလိုျခင္းျဖစ္၏။
Lucy သည္ မလႊတ္ေပးပဲ Afa ၏ လက္ဖမိုးကို လက္သည္းျဖင့္ကုတ္ဖဲ့ကာ က်ိန္းေမာင္းသည္ ။
Afa သည္ ထိုနာက်င္မႈမွ လြတ္ခ်င္လွ်င္ လ်င္ျမန္စြာေလ်ာက္မွရမည္ ။
ထို႔ေၾကာင့္ နာက်င္မႈေတြကို သည္းခံကာ ေအာက္ႏႈတ္ခမ္းေလးကိုကိုက္ခဲရင္း အားတင္းကာ အျမန္ေလ်ာက္လွမ္း၏ ။

ေနာက္ဆုံး မဟူရာနန္းအေရွ႕သို႔ ဆိုက္ေရာက္သြားေသာအခါ ဧကရာဇ္မင္းသည္ တကယ္ပဲ Afa အား ေစာင့္ေနခဲ့သလို ။
သူ၏အေရွ႕၌ ပင္ပန္းႏြမ္းနယ္စြာရပ္ေနတဲ့ Afa. ကို စိတ္မရွည္စြာ မ်က္ေမွာင္ကုပ္ၾကည့္ၿပီး အမိန႔္ေပးေလသည္ ။

Ash : " မင္းအလုပ္ကို ဆက္ေတာ့ ကိုယ္ေတာ္နားေထာင္ေနမယ္ "

မ်က္ရည္ေတြလဲ့ေနေသာ Afa ၏မ်က္ဝန္းညိဳေလးမ်ားကို သူသည္ တခဏစူးစိုက္ၾကည့္ၿပီး မ်က္ႏွာလႊဲသြားေလေတာ့သည္ ။
စူးနင့္ေသာ ခံစားခ်က္တို႔ကို ခ်န္ရစ္ေစလ်က္ . . . ။
အရွင္သခင္ျဖစ္သူသည္ တခါတေလ ၾကင္နာသည္ေလာ၊ ရက္စက္သည္ေလာ မခြဲျခားႏိုင္ေအာင္ ရႈပ္ေထြးတတ္ေသာသူျဖစ္သည္ ။

ဧကရာဇ္မင္း၏ အာ႐ုံစိုက္မႈကို မရလိုက္ေသာ Lucy သည္ မခံမရပ္ႏိုင္ ။
သူမသည္ ေသခ်ာေပါက္ ကေလးငယ္ပမာ ခ်စ္စရာေကာင္းေသာ မိန္းကေလးတစ္ေယာက္ျဖစ္၏ ။
ဒါေၾကာင့္ သူမကို ျမင္ဖူးေသာ ေယာက်ၤားအေတာ္မ်ားမ်ားသည္ သူမအား အေလးေပးဂ႐ုစိုက္ၾကသည္ ။

Lucy : " အ. . . အရွင္ ေရတြက္ၿပီးစီးတဲ့ ဖေယာင္းပန္းေတြကိုပါ သယ္ေဆာင္လာေၾကာင္းပါ "

နက္ျပာေရာင္ maid ဝတ္စုံေလး၏ အနားစကို အနည္းငယ္ပင့္ကာ ႂကြႂကြ႐ြ႐ြေလး ေလွ်ာင္တင္လိုက္သည္ ။
ၿပီးေနာက္ Lucy သည္ ႐ႊန္းလဲ့စြာၿပဳံးကာ ေခ်ာေမာခန႔္ညားလွေသာဧကရာဇ္မင္း၏ အၾကည့္တစ္စုံကို ေစာင့္ဆိုင္းေနလိုက္၏ ။
အဲဒီမွာပဲ မွန္းခ်က္ႏွင့္ ႏွမ္းထြက္ကလြဲတာျဖစ္သည္ ။

ဧကရာဇ္သည္ တစ္ခ်က္မလွည့္ၾကည့္လာသည့္အျပင္ ၊ Lucy ၏ပါးျပင္တစ္ျခမ္းေပၚသို႔ လက္ဖဝါးတစ္ခ်က္က်ေရာက္သြားခဲ့သည္ ။
သူရဲေကာင္းဝတ္စုံဝတ္ထားေသာ အမ်ိဳးသမီးတစ္ေယာက္သည္ လ်င္ျမန္စြာ အနားေရာက္လာၿပီး Lucy အား႐ိုက္ခ်လိုက္ျခင္းပင္ ။
အားျပင္းလြန္းတာေၾကာင့္ Lucy သည္ ေျမျပင္ေပၚသို႔ ပစ္လဲက်သြားေလသည္။

Molly : " အား Lu. . . Lucy !!! "

" တိတ္စမ္း ! "

႐ုတ္တရက္မို႔ လန႔္ျဖန႔္ကာေအာ္မိေသာ Molly ကို႔ပါ အမ်ိဳးသမီးသူရဲေကာင္းသည္ က်ိန္းေမာင္းလိုက္၏ ။
မိမိပါအ႐ိုက္ခံရမည္ကိုေၾကာက္ေသာ Molly သည္ သူမ၏ပါးစပ္ကိုလက္နဲ႔ဖိပိတ္ကာ ၿငိမ္ေနေတာ့သည္ ။

Lucy : " ဟင့္ ဘာ. . . ဘာေၾကာင့္ "

* ျဖန္း *

ေျမျပင္ေပၚၿပိဳလဲေနေသာ Lucy သည္ တစ္ခြန္းဟလွ်င္တစ္ခြန္း သူရဲေကာင္း၏ လက္ျဖင့္ ပါး႐ိုက္ခံရေလသည္ ။
ေနာက္ဆုံး Lucy သည္ ေၾကာက္႐ြံ႕ကာ အသံေတာင္ထြက္မငိုရဲေတာ့ ။

" အရွင္ရဲ႕မ်က္ႏွာေတာ္ကို ၾကည့္ခြင့္မရွိ
အရွင္ ခြင့္မျပဳပဲ အသံထြက္ခြင့္မရွိ
ကိုယ့္ေနရာကိုယ္ သိစမ္း !!! "

ျဖစ္ရပ္ကို ေဘး၌ရပ္ၾကည့္ေနေသာ Afa ၏ တစ္ကိုယ္လုံးသည္ ထိန္းမရေအာင္တုန္ယင္ေန၏ ။

Afa ၏ အျမင္မွာ Lucy ၏အမွားသည္ အဲသေလာက္မႀကီးမားေပ ။
သို႔ေသာ္ အျပစ္ေပးပုံသည္ ၾကမ္းၾကဳတ္လြန္း၏ ။
ဤပုံစံအတိုင္းဆိုရင္ Afa သည္လဲ တစ္ေန႔႐ိုက္သတ္ခံရလို႔ အသက္ဆုံးသြားႏိုင္သည္ မဟုတ္ပါလား ။
ေသဆုံးျခင္းကို မေၾကာက္ေပမယ့္ အကယ္၍ မေသမရွင္ျဖစ္က်န္ခဲ့ရင္ ဒီထပ္ဒုကၡေရာက္ေတာ့မည္ ။

ထိုအျဖစ္အားေတြးျမင္မိေသာ Afa သည္ တုန္လႈပ္ကာ ဂါဝန္စေလးေတြကို လက္ႏွစ္ဖက္နဲ႔က်စ္က်စ္ဆုပ္ထားမိသည္ ။
မ်က္ဝန္းညိဳေလးမ်ားထဲတြင္ ငိုယိုေတာင္းပန္ေနေသာ Lucy ၏ သဏၭာန္က ထင္ဟပ္ေနေတာ့သည္။

သတိမထားမိတဲ့ ေၾကာက္႐ြံ႕တုန္လႈပ္ေနေသာပုံသဏၭာန္ငယ္ေလးသည္ နက္ေမွာင္ေသာဖန္သားျပင္ေတြထဲေနရာယူေနခဲ့၏ ။

Ash : " ဟင္း အဲသလိုလဲေၾကာက္တတ္တာပဲလား ?
ဟား . . .မေစာင့္ႏိုင္ေတာ့ဘူး "

______________________________

ေလျပင္းႏွင့္ တဖြဲဖြဲက်ေနေသာႏွင္းမိုးေတြေၾကာင့္ နန္းေဆာင္တစ္ဝိုက္မွ ဖေယာင္းပန္းပင္တို႔သည္ ပရမ္းပတာလႈပ္ခါလ်က္ ။
ညေနေစာင္းလာသည္ႏွင့္အမွ် ႏွင္းမႈန္တိုင္းသည္ တေျဖးေျဖးသည္းထန္လာေတာ့သည္ ။
မဟူရာနန္းေဆာင္ႀကီး၏ တံခါးခ်ပ္သည္ ေဆာင္းဒဏ္မွာကာကြယ္ရန္ လုံၿခဳံစြာပိတ္လို႔ထား၏ ။
အထဲ၌ ဧကရာဇ္မင္းႏွင့္ သူ၏အေစအပါးမ်ားနားခိုေနၾကသည္ ။
မီးဖိုေႏြးေႏြးရဲ႕အနား စုထိုင္ကာ တိုင္းျပည္ေရးရာမ်ားကို ေဆြးေႏြးခ်င္ေဆြးေႏြးေနလိမ့္မည္ ။
ဒါမွမဟုတ္ ေခ်ာကလက္ပူပူေလးနဲ႔ ကြၽန္မေလးရဲ႕အျဖစ္ကို ရယ္ေမာေနၾကလိမ့္မည္ ။
ေဆာင္းေဟမန္သည္ အမိုးေအာက္က ျပည့္စုံေသာသူတို႔အတြက္ ႏွစ္ခ်ိဳက္စရာဥတုရာသီေလးတစ္ခုထက္မပိုေပ ။
ဝမ္းနည္းစရာေကာင္းသည္မွာ ‌ေဟမန္သည္ အသိုက္ကြဲေသာ တည္ရွိမႈေလးမ်ားအေပၚ ရက္စက္ေလသည္ ။

ၾကမ္းတမ္းေသာႏွင္းမႈန္တိုင္း၏အလယ္၌ ကြၽန္ငယ္ေလးတစ္‌ေယာက္မွလြဲ၍ မည္သူမွမရွိ ။
‌တစ္ေန႔မကူးႏိုင္ေတာ့ဘူးဆိုတာကို သိရက္နဲ႔ အားကုန္ရွင္သန္ဖို႔ ႀကိဳးစားေနမိ၏ ။
ေလာကႀကီးကိုစစသိကတည္းက ဘဝဟ ၾကမ္းတမ္းခဲ့ေပမယ့္ ‌စိတ္ႏွလုံးမွာ မီးစာကုန္လုနီးနီးအျဖစ္ကိုေရာက္ဖူးတာ ဒီတစ္ခါပထမဆုံးမို႔ပဲလား ?
ဒါမွမဟုတ္ Afa လက္ေလ်ာ့ခ်င္လာတာေနမည္ ။

" အပြင့္ ၃၀၀၀, အဟြတ္ အဟြတ္ ! "

ေခ်ာင္းေတြဆက္တိုက္ဆိုးေနသည့္ၾကားက ‌အဆက္မျပတ္ေရတြက္သည္ ။
ပန္းေႂကြေတြကုန္ေတာ့မည္ ။
မေသခင္ ပူေႏြးတဲ့ ဂ်ဳံျပဳတ္ေလးတစ္ခြက္ေသာက္သြားရရင္ဘယ္ေလာက္ေကာင္းမလဲ ။
တစ္လလုံးလုံး ႀကိဳးစားခဲ့သမွ် ဆုလာဒ္ေလးတစ္ခုေတာ့ လိုခ်င္မိသည္ ။
ဒါမွေသဆုံးသြားရင္ ဒီနန္းေတာ္ထဲဆာေလာင္ေနတဲ့ သနားစရာဝိဉာဏ္မျဖစ္မွာ‌ေလ ။
Afa ဟာ ေသၿပီးရင္ေတာ့ ဆာေလာင္ျခင္းငရဲကေန လြတ္ေျမာက္ခ်င္မိသည္ ။
ဒီ ဒုကၡေတြ ၊ အျပစ္ေတြ ၊ ဝဍ္ေႂကြးေတြ ေက်ခ်င္လွၿပီ ။

ေန႔လည္ညီလာခံက သူ၏အျပဳအမူေၾကာင့္ ရွင္ဘုရင္တြင္ အၾကင္နာတရားရွိေသးသည္ဟုထင္ခဲ့တဲ့ Afa သည္ တုံးအလိုက္ေလျခင္း ။
ေတြးၾကည့္ေတာ့ ကိုယ့္ကိုယ္ကို ရယ္မိသည္ ။
ရက္စက္တဲ့ Xavia ျပည့္ရွင္ဟာ Raven ေသြး ကြၽန္တစ္ေယာက္အေပၚ ၾကင္နာပါ့မလား သံသယရွိမိသည္ ။
လမ္းေဘးေခြးတစ္ေကာင္ကို အစာေႂကြးေမွ်ာ္လင့္ခ်က္ေပးၿပီးမွ ႐ိုက္ႏွက္ရတာက ပိုၿပီးအရသာရွိတာေနမည္ ။

ဖေယာင္းပန္းေလး၏ အနီေရာင္သည္ သူမ ေခ်ာင္းဆိုးကာေထြးထုတ္လိုက္ေသာ ေသြးေတြထက္ေတာင္နီ၏ ။
Afa သည္ ႏႈတ္ခမ္းေပၚမွေသြးမ်ားကို ဂါဝန္စျဖင့္ဖိသုတ္လိုက္၏ ။
ပန္းေလးေတြကို သူမရဲ႕အက်ည္းတန္တဲ့ေသဆုံးမႈေၾကာင့္ အလွမပ်က္ေစခ်င္ ။
ေသမယ္ဆိုရင္ ေျမာက္ဖက္စြန္းက နန္းေဆာင္ပ်က္ေလးထဲမွာပဲ ‌သြားေသေတာ့မည္ ။
ေလျပင္းေတြၾကားက သစ္႐ြက္ပမာ ေႂကြမည့္ေန႔ကို ေစာင့္ဆိုင္းရင္း . . . ။

မဟူရာနန္းေဆာင္ႀကီးထဲ၌ ျဖစ္၏. . . ။
နံသာထင္းရႉးသားကို ေလာင္စာအျဖစ္အသုံးျပဳထားတာေၾကာင့္ အိပ္ေဆာင္ႀကီးတစ္ခုလုံး နံသာနံ႔ေလးသင္းပ်ံ႕လို႔ေနသည္။
အိပ္ေဆာင္ျဖစ္၍ အလင္းေရာင္သည္ သာမန္ထက္အနည္းငယ္ ေမွးမွိန္လို႔ေန၏ ။
အသုံးအေဆာင္ပစၥည္း အနည္းငယ္သာထားရွိသျဖင့္ ရွင္ဘုရင္တစ္ပါး၏ အသုံးေတာ္ခံအခန္းႏွင့္ေတာင္မတူ ။
ဒါ့အျပင္ အခန္းသည္ အေရာင္မႈိင္းမႈိင္းမ်ားကို အဓိကသုံးၿပီး ျပင္ဆင္ထားတာေၾကာင့္ ပိုင္ရွင္၏ထူးျခားေသာစ႐ိုက္ကို ခန႔္မွန္းၾကည့္ႏိုင္သည္ ။
မီးဖိုတြင္းမွ တေဖာက္ေဖာက္ ထင္းမီးေပါက္ေလာင္ကြၽမ္းသံသည္ တစ္စုံတစ္ေယာက္ကို လြန္စြာငိုက္ျမည္းေစသည္ ။
သို႔ေသာ္ Xavia ဘုရင္အတြက္ေတာ့မဟုတ္ ။

အခန္းအလယ္ရွိ ေ႐ႊရည္ေဆး ကႏုတ္ပန္းခက္မ်ားေရးခ်ယ္ထားသည့္ကုတင္နက္ႀကီးထပ္၌ ေခ်ာေမာလွပေသာနတ္ဆိုးဘုရင္သည္ ေဘးတေစာင္းလွဲေလ်ာင္းရင္း သစၥာရွိလက္ေအာက္ငယ္သားႏွစ္ေယာက္၏ သတင္းေပးမႈကို ပ်င္းရိစြာနားေထာင္ေနေလသည္ ။
အဘယ္လူသားမွ ထိုးေဖာက္လို႔မရႏိုင္သည့္ နံရံတံတိုင္းႀကီးကာစီးထားေပမယ့္ ထိုသူႏွစ္ဦးေရွ႕တြင္ေတာ့ Ash သည္ သက္ေတာင့္သက္သာေနတတ္သည္ ။
ထိုသူႏွစ္ဦးသည္ အျခားမဟုတ္ ။ ဖြားဖက္ေတာ္ ငယ္ေပါင္းႀကီး Ren အိမ္ေတာ္မွ Ren Kai ႏွင့္ ဘိုးဘြားစဥ္ဆက္ေျဖာင့္မတ္ေသာ Python သူရဲေကာင္းမ်ိဳး႐ိုးမွ ဆင္းသက္လာေသာ Alexander Python တို႔ပင္ျဖစ္ေပေတာ့သည္ ။

Kai : " နန္းေတာ္တစ္ဝိုက္ ထူးထူးျခားျခားလႈပ္ရွားမႈမရွိေသးပါဘူး
Xavia ရဲ႕ ေဆာင္းဒဏ္က က်င့္သားမရေသးတဲ့ Raven ေတြအတြက္ေတာ့ ေက်ာ္လႊားဖို႔ခက္ခဲမွာပါ
ခန႔္မွန္းေခ်အရ ဒီေဆာင္းကုန္မွ သူတို႔လႈပ္ရွားေလာက္တယ္ "

ကုတင္ထပ္က အရွင္သခင္သည္ ညာလက္႐ုံးႀကီး Kai ၏ စကားကို သေဘာတူသည့္အေနနဲ႔ ခပ္ေျဖးေျဖးေခါင္းညိတ္ျပ၏ ။
Kai သည္ အရွင္သခင္၏ ေစခိုင္းမႈျဖင့္ Raven အင္ပါယာရဲ႕အကြၽင္းအက်န္မ်ားကို လိုက္လံစုံစမ္းေနခဲ့ရာ ၊ ေၾကာက္မက္ဖြယ္ေကာင္းေသာ သဲလြန္စမ်ားကို သထိထားမိခဲ့သည္ ။
ထိုသည္မွာ Raven အင္ပါယာသည္ Xavia အား ရည္႐ြယ္ခ်က္ရွိရွိ အရႈံးေပးခဲ့တာျဖစ္ႏိုင္သည္ဟူေသာအခ်က္ပင္. . . ။

Kai : " ဘာမွမေသခ်ာေသးတာေၾကာင့္ ကြၽန္ေတာ္တို႔လက္ထဲမွာရွိတဲ့ တစ္ခုတည္းေသာ ေကာက္႐ိုးမွ်င္ကိုဆုပ္ထားရမွာပဲ "

Kai ရည္ၫႊန္းေသာ ေကာက္႐ိုးမွ်င္သည္ အျခားမဟုတ္ပါ ။
ယခုနန္း‌ေဆာင္‌ေရွ႕မွာ ဖေယာင္းပန္းေတြကို ေရတြက္ေနေသာ ကြၽန္မေလးသာျဖစ္ေပေတာ့သည္ ။
သူမသည္ Raven ၏ ဧကရီျဖစ္သည့္အေလ်ာက္ ၊ Xavia အတြက္ အေရးႀကီးေသာ ငါးစာတစ္ခုျဖစ္၏ ။
သူမကိုေရခ်ၿပီး Xavia နန္းေတာ္ထဲရွိအတြင္းလူကို မွ်ားထုတ္ႏိုင္သည္ ။

ေသခ်ာေပါက္ ဒီအႀကံဟာ ေသြးေအးေသာအရွင္သခင္ဆီမွလာျခင္းျဖစ္သည္ ။

Ash : " ဒီေန႔ကိစၥသာ နန္းေတာ္ထဲပ်ံ႕သြားရင္ ေသခ်ာေပါက္ သူမဆီကိုခ်ည္းကပ္လာလိမ့္မယ္ "

မထူးမျခားေအးစက္စက္ ဆိုလိုက္သည္ ။

' ရန္သူကိုလွည့္စားခ်င္ရင္ ကိုယ့္လူကိုအရင္လွည့္စားပါ 'တဲ့ ။
မွန္ပါသည္ ။
သူသည္ ထိုကြၽန္မေလးအား ထူးျခားစြာဆက္ဆံခဲ့သည္ ။
ညီလာခံတံခါးကိုေတာင္ဖြင့္ကာ သူမအားမ်က္စိေရွ႕ထားခဲ့သည္ ။
ဘယ္သူမွ အနားကပ္လို႔မရေသာ အိပ္ေဆာင္သို႔ တကူးတကေခၚလာခဲ့သည္ ။
ဒါ့အျပင္ သူမကို အႏိုင္က်င့္ေနေသာ အေစခံကိုပါ အျပစ္ေပးခဲ့ေသးသည္ ။
ဤ အခ်က္မ်ားသည္ မၾကာခင္နန္းေတာ္ထဲ ဟိုးေလးတေက်ာ္ သတင္းတစ္ပုဒ္ျဖစ္သြားမည္ ။
သတင္းေခါင္းစဥ္မွာ ' ေရခဲဘုရင္ႀကီးက ကြၽန္မေလးကို မ်က္စိေရွ႕က အေပ်ာက္မခံႏိုင္ဘူး " ဆိုေသာ စိတ္ကူးယဥ္ဆန္ဆန္‌ကေလးျဖစ္လိမ့္မည္ ။
သူ႔ရဲ႕ ဟန္ေဆာင္မႈကို အေၾကာင္းသိႀကီး Kai ပင္ ယုံၾကည္ခဲ့သည္မို႔ ၊ ရန္သူဖက္က ယုံသြားဖို႔ဆိုတာသည္ မခက္ခဲေတာ့ ။

ဘာမွအေရးမေပးရေသးတာေတာင္မွ မ်က္လုံးေတာက္ေလးေတြနဲ႔ တခါတေလ သူ႔ကိုၾကည့္တတ္ေသာ ေကာင္မေလးကို ျမင္ေယာင္ရင္း ခပ္မဲ့မဲ့ၿပဳံးမိသည္ ။
သူမသည္ တုံးအလြန္းသည္ ။

အျပင္ကအသံကိုနားစြင့္မိသည္ ။
ႏွင္းမႈန္တိုင္းသံၾကားက တိုးညႇင္း‌ေသာအသံငယ္ . . . ။
တေျဖးေျဖးတိုးကာ အားေလ်ာ့လို႔လာၿပီျဖစ္သည္ ။
ထိုအသံေၾကာင့္ ခါးသက္သက္ခံစားခ်က္ေတြျဖစ္ေပၚကာ ၾကည္ေသာေရကိုေနာက္သြားေစသကဲ့သို႔ ။
သူ႔ရင္ထဲ ဖုန္မႈန႔္မ်ား ။
စိတ္ေတြ ညစ္ညဴးသြားရသည္ ။
ကံၾကမၼာက အလြန္လွည့္ျဖားတတ္သည္ ။
ဘယ္သူက ထင္ခဲ့မွာလဲ သူ႔ရဲ႕အၿငိဳးအေတးေတြကို လက္ခံရမယ့္သူဟာ 'သူမ' ျဖစ္ေနမယ္လို႔ . . . ။

ေသြးေအးေသာအရွင္သခင္၏အၿပဳံးသည္ ေစာင့္ၾကည့္ေနေသာ Kai ႏွင့္ Alexander ကို ၾကက္သီးေမႊးညႇင္းထသြားေစ၏ ။
ငယ္႐ြယ္ႏုနယ္ေသာမ်က္ႏွာသည္ ႀကီးမားေသာ အာဃာတမ်ားဖုံးလႊမ္းကာ ေသြးဆာေသာမေကာင္းဆိုးဝါးတစ္ေကာင္လို ေၾကာက္မက္ဖြယ္ေကာင္း၏ ။
ဒါေပမယ့္ ထိုသူကို ဘယ္သူကအျပစ္တင္ရက္မွာလဲ ?
နတ္ဘုရားေတြသည္ Xavia Ash ကို လက္စားေခ်မႈတစ္ခုျဖင့္သာ ရွင္သန္ေစခဲ့ၾကသည္ ။
သူ႔မွာ ေမတၱာဂ႐ုဏာတရားမရွိေတာ့ ။

Kai သည္ ဝမ္းနည္းစြာ ပင့္သက္ရႈိက္မိသည္ ။
အရွင္သခင္သည္ ကြၽန္မေလးအား အိပ္‌ေဆာင္အထိေခၚလာခဲ့ေပမယ့္ ႏွင္းမုန္တိုင္းထဲမွာ ပစ္ထားခဲ့တာျဖစ္သည္ ။
လူတခ်ိဳ႕ကေတာ့ ဖေယာင္းပန္းေႂကြေတြကိုေရတြက္တဲ့အလုပ္ဟာ ေပါ့ေပါ့ပါးပါးေလးလို႔ ျမင္ၾကမည္ ။
အမွန္တရားမွာ အသည္းခိုက္‌ေအာင္ အေအးဒဏ္ကို ႀကံ့ႀကံ့ခံၿပီး အသံအိုးမွဓားဒဏ္ရာအစိမ္းျဖင့္ အသံထြက္‌ရသည့္အလုပ္သည္ လူကိုတေျဖးေျဖး ႏွိပ္စက္ညႇင္းပန္းသတ္ျခင္းပင္ ။
ကိုယ္တိုင္လက္ျဖင့္ မႏွိပ္စက္ခဲ့သည္မို႔ သူမတစ္ေန႔ေသဆုံးေနလွ်င္ေတာင္ ရွင္ဘုရင္၏လက္သည္ေသြးစြန္းမည္မဟုတ္ ။
အျပစ္ကင္းေနခဲ့မည္ ။
အမ်ား၏အျမင္၌ရန္သူဧကရီကိုကယ္ဆယ္ခဲ့တဲ့ေမတၱာႀကီးေသာရွင္ဘုရင္သည္ အမွန္မွာေတာ့ရက္စက္ေသာနတ္ဆိုးတစ္ေကာင္သာျဖစ္ေလေတာ့သည္ ။

Kai : " အဲဒီအခ်ိန္အထိ အသက္ရွင္ေနေသးရင္ေပါ့ "

Kai သည္ စိတ္မေကာင္းျဖစ္မိေတာ့ ထိုသို႔ေရ႐ြတ္လိုက္မိသည္။
ထိုအခါ လွပေသာနတ္ဆိုးဘုရင္သည္ လွပစြာရယ္ေမာေလသတည္း ။

_____________________________
A/N : စာလုံးေပါင္းသတ္ပုံ မွားယြင္းေနတာေတြက သာသာ စာေရးရင္ ေခါင္းထဲေပၚသမွ်ကို လက္ကလိုက္မွီေအာင္ ခပ္ျမန္ျမန္ေရးက်င့္ရွိတာမို႔ပါ ။

တစ္ဖက္ကလဲ ျမန္မာစာကို ဒုတိယႏွစ္တည္းက မသုံးေတာ့တာလဲပါပါတယ္ ။ ဖတ္တဲ့စာေတြကလဲ English ပဲမ်ားတာေၾကာင့္ ျမန္မာစာလုံးေပါင္းမွာ အားနည္းေနတာေပါ့ေနာ္ ။ ျမန္မာစာက ေရာတာေတြမ်ားတယ္ေလ ။ ဒါေၾကာင့္ မေသခ်ာတဲ့စာတစ္လုံးကို ေရးေတာ့မယ္ဆိုရင္ English လို႐ိုက္ၿပီး ျမန္မာလိုသတ္ပုံစစ္ရတဲ့အခါေတြေတာင္ရွိပါတယ္ အျဖစ္က 😅

ဒါက English စာလုံးကို ပိုသန္တာမို႔ ဂုဏ္ယူၿပီးေျပာေနတာမဟုတ္ပါဘူး ။ နားလည္ေပးဖို႔ေျပာေနတာပါ ။ ၿပီးေတာ့ သာသာ့အမွားက တခ်ိဳ႕သူေတြေလာက္ ဆိုး႐ြားမေနဘူးမလား ? ဒါေၾကာင့္ အရမ္းအဆိုးမျမင္ပဲ ၊ တခ်ိဳ႕တေလကို နားလည္ေပးဖို႔ ေမွ်ာ္လင့္ပါတယ္ 🙇🏻‍♀️
မ်က္လုံးကလဲ မေကာင္းတာ တစ္ေၾကာင္း တစ္ပိုင္းတစ္ပိုင္းေရးၿပီးစစ္ရတာ မလြယ္ကူေနပါဘူး ။
________________________________

Continua llegint

You'll Also Like

3.5M 217K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
187K 19.2K 115
ဘာသာပြန်သူ - စွဲညို့အသင်း
1.4M 60.2K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
1.3M 44.5K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd