Check Zawgyi version below ⬇️
#Unicode
မဟူရာနန်းဆောင်ရှေ့ရှိ ရေကန်ကြီးသည် နေရောင်ကြည်အောက် စိမ်းပြာရောင်တောက်နေသည် ။
ကန်ရေပြင်၌ ကောင်းကင်ပြာကြီးနှင့် ထင်းရှူးပင် ၊ မေပယ်ပင်တို့၏ အရိပ်များထင်ဟပ်နေကာ အဝေးမှကြည့်ပါလျှင် ကြီးမားသော ကြေးမှုန်မှန်တစ်ချပ်ပေလားဟု ယုံမှားသံသယရဖြစ်ဖွယ် ... ။ ထို့ကြောင့် ဘိုးတော်မင်းကြီးလက်ထက်တည်းက နွေဦးမှန်ပြာ ဟုအမည်ပေးခေါ်ဝေါ်ခဲ့ကြလေသည် ။
ထိုမှန်ပြာကြီး၏ ကမ်းနဘေး၌ ဇရပ်အသေးစားတစ်ခု ဆောက်လုပ်တည်ရှိ၏ ။ ဘေးတစ်ဝိုက်က ထင်းရှူးတောမှ လေကောင်းလေသန့်ရကာ ကျေးငှက်သံများဖြင့် လွန်စွာဆိတ်ငြိမ်လေစွ ။
ပင်မဆောင်နှင့် အဝေးကြီးဖြစ်နေတာတောင် ဧကရာဇ်သည် ဤနေရာကိုမှ ရွေးရခြင်းဟာ အကြောင်းအရင်းရှိသကိုး ။
ယခုလို နေရောင်ရသော ရာသီမျိုးတွင် ဇရပ်ထဲထိုင်ရင်း ရေနွေးကြမ်းလေးသောက်ကာ ဒဿနတရားများတွေးတောရပါလျှင် ဘယ်လောက်တောင် စိတ်ချမ်းမြေ့ဖွယ်ကောင်းလိုက်လေမလဲ ... ။
ဤသည်က Kai ၏အတွေးသာ...
လက်တွေ့မှာတော့ ထိုသို့မဟုတ်နေ ။ ဒဿနအတွေးများအစား ရှုပ်ထွေးပွေလီလှပါသည့်နိုင်ငံရေးကို ဆွေးနွေးနေရသည် ။Kai : " အရှင်မှာထားသလိုပဲ တော်ဝင်အမဲလိုက်ပွဲတော်မှာ ပါဝင်ဆင်နွှဲဖို့ Duke Heath ဆီ ဖိတ်ကြားလွှာပို့ လိုက်ပါပြီ ။ တွက်ထားတဲ့အတိုင်းပဲ လက်ခံပါတယ်တဲ့ "
' Archduke ' ဟူသည် Xavia မျိုးရိုး၏ တော်ဝင်သွေးပါသော မင်းမျိုးမင်းနွယ်များသာ ပိုင်ဆိုင်ရသော ရာထူးအဆင့်အတန်းဖြစ်သည် ။ လက်ရှိဘုရင်နှင့် သွေးအနီးဆုံးသူတစ်ဦးသာ ထိုရာထူးကို ပေးအပ်ခြင်းခံရတတ်သည် ။
ယခုအချိန်၌ ဧကရာဇ်မင်းပြီးလျှင် အာဏာအရှိဆုံးသူမှာ Eura( ယူရာ ) နယ်ကို ဦးစီးနေသော Ash ၏ ဦးရီးတော် Xavia Heath ခေါ် , Archduke of Eura ပင် ဖြစ်ပေတော့သည် ။ Eura နယ်သည် Xavia ပြည်၏အရှေ့ပိုင်းဖြစ်ကာ ခရိုင်ပေါင်းသုံးဆယ်ဖြင့် ဖွဲ့စည်းထားသော နယ်ပဲဖြစ်သည် ။ ထီးနန်းစိုက်ရာ Xavir မြို့တော်နှင့် အတော်ဝေးပေမယ့် ပိုနွေးသောကြောင့် စိုက်ပျိုးရေးအရ အရေးပါသော အချက်အချာနေရာတစ်ခုပင် ။
YOU ARE READING
Days of Counting Camellia (Hiatus)