စက်ဘီးမြို့တော်၊တူးမြောင်းမြို့တော်၊ဆေးခြောက်မြို့တော်၊ညဥ့်ငှက်မြို့တော်၊တိုးရစ်မြို့တော်၊ဒိန်ခဲမြို့တော်ရယ်လို့ အသိအမှတ်ပြုထားကြတဲ့ နယ်သာလန်နိုင်ငံရဲ့မြို့တော်မှာ ဘူပိတ်နေတာကတော့ ရှောင်ကျန့်ပါပဲ။ဆေးခြောက်ကိုတရားဝင်အသုံးပြုခွင့်ရထားတဲ့ နယ်မြေမို့ အမ်စတာဒမ်ရဲ့ လမ်းမတွေဟာ လူငယ်တွေနဲ့တရုန်းရုန်းပေမယ့်သူကတော့ ကော်ဖီဆိုင်လေးထဲမှာ သောင်တင်နေရတယ်။Cappuccino လေးတစ်ခွက်နဲ့ စာအုပ်ဖတ်နေတဲ့ အချစ်ကြောင့် လျှောက်သွားမယ်ဆိုတဲ့ ရှောင်ကျန့်စိတ်ကူးတွေက ပျက်စီးသွားရသည်။
"အချစ်....မောင်တို့ စက်ဘီးသွားစီးရအောင်လေ"
War &Peaceဆိုတဲ့ စာအုပ်ကို ဖတ်နေတဲ့ ရိပေါ်က သူ့လက်ကို ဆုပ်ကိုင်ရင်းပြောလာတဲ့မြို့ကြီးသားကြောင့် သက်ပြင်းတစ်ချက်ချရတယ်။မျှော်လင့်ချက်တလက်လက်နဲ့ မျက်ဝန်းတွေကို မရှောင်လွဲနိုင်စွာပဲ လက်ထဲကစာအုပ်ကို နေရာတကျ သွားထားရတယ်။
"သွားမယ်"
.....
သူ့ကိုတင်နင်းနေတဲ့ ကောင်လေးရဲ့အက်ျီစကို မဝံ့မရဲကိုင်ရင်းပဲ ရိပေါ်က ကောင်လေးနင်းတဲ့စက်ဘီးကို အခန့်သားထိုင်စီးတယ်။နာမည်ကျော် ဗင်းဆင့်ဗန်ဂိုးရဲ့ ဗန်ဂိုးပြတိုက်ရောက်တဲ့အခါ ကောင်လေးက စက်ဘီးရပ်ပြီး သော့ခတ်တယ်။
"အချစ် ..."
ဗန်ဂိုးရဲ့ ပြတိုက်ကို ငေးနေတဲ့အချစ်ကို သူကခေါ်ပြီး ပါးဖောင်းဖောင်းလေးကို အူယားစွာမွေးကြူ တဲ့အခါ မျက်စောင်းလှလှလေးကို အချစ်ကပေးတယ်။ ယောကျာ်လေးပေမယ့် အချစ်ရဲ့ မျက်စောင်းက တစ်ကယ်လှတယ်။
ဗန်ဂိုးရဲ့ ပြတိုက်ကနေထွက်လာပြီး ညနေဘက်ရောက်တော့ ရှောင်ကျန့်က အချစ်ကို အမ်စတာဒမ်ကနေ တစ်နာရီသာသာ ရထားစီးရတဲ့Rotterdamမြို့ကို အရောက်သွားတယ်။ဥရောပ အကြီးဆုံး ဆိပ်ကမ်းမြို့တော်မို့ ရေကြောင်းကုန်သွယ်မှုလုပ်တဲ့လူတွေနဲ့လမ်းမတွေဟာ စည်းကားလို့။
.....
"ဟို....ရှောင်ကျန့်....ငါ့ကို အဝတ်အစားလေးလှမ်းပေးပါလား"
Towelပိုင်းသာ ပတ်ထားတဲ့ ခန္ဓာကိုယ်နဲ့ ကောင်လေးရှေ့ မထွက်ရဲတာမို့ ရိပေါ်က ရေချိုးခန်းတံခါးကိုအသာဖွင့်ရင်း ဂိမ်းဆော့နေတဲ့ ကောင်လေးကို လှမ်းပြောရတယ်။
ရိပေါ်ကသာ ကောင်လေးနဲ့မို့ ရှက်နေပေမယ့်ကောင်လေးကတော့ ရေချိုးလို့ လန်းလန်းဆန်းဆန်းတောင်ဖြစ်နေပြီ။
"Towelရှိတယ်မလား....အချစ်ရဲ့"
"ငါလိုချင်လို့....လာပေး...."
Towelပိုင်းနဲ့ သူ့ရှေ့ထွက်မလာရဲပုံ ပေါ်တဲ့အ
ချစ်ကို စချင်လွန်းလို့ ရေချိုးခန်းတံခါးကို ဝုန်းခနဲဆွဲဖွင့်ပြီး အချစ်ကိုယ်သေးသေးလေးကို စွေ့ခနဲပွေ့ပြီး သူက ကုတင်ပေါ် ပစ်တင်ပစ်လိုက်တယ်။
"အင့်...မင်းဘာလုပ်တာလဲ...ငါ့ဆံပင်တွေရေစိုနေတယ်လေ"
ကုတင်ပေါ် ပစ်တင်ခြင်းခံလိုက်ရတဲ့ခန္ဓာကိုယ်က အင့်ခနဲဖြစ်သွားရသည်။နူးညံ့နေပေမယ့် အရှိန်နဲ့မို့ ကျောရိုးအောင့်သွားပေမယ့် သူ့ပေါ် အုပ်မိုးလာတဲ့ မြို့ကြီးသားကြောင့် ရိပေါ်အတင်းကုန်းထရတယ်။မြေခွေးလေးရဲ့အစာတော့ အဖြစ်မခံနိုင်ဘူး။
"မောင်က...ဘာလုပ်လို့လဲ.."
ပြုံးစစနှင့်ကောင်လေးက ဘာမှမလုပ်ဘူးလို့စကားဆိုပေမယ့် သူ့နှုတ်ခမ်းတွေကတော့ ထိုကောင်လေးရဲ့ နှုတ်ခမ်းလွှာတွေကြားမှာမလူးသာမလွန့်သာ။အဝတ်မပါတဲ့ အပေါ်ပိုင်းကို ကောင်လေးလက်တွေက ပွတ်သပ်နေတာမို့ ရိပေါ်က အရှက်ပိုရတယ်။သူ့နှုတ်ခမ်းကိုနမ်းတာလည်းမဟုတ်ဘဲ ထိလိုက်ခွာလိုက်လုပ်နေတာမို့ အူယားလှသည်။
"လာ...မောင် ခေါင်းသုတ်ပေးမယ်"
အချစ်ရဲ့အဝတ်လွတ်နေတဲ့ခန္ဓာကိုယ်ပေါ် ရေစက်တွေကျလာတော့မှ ရှောင်ကျန့်ကအသိဝင်သည်။သူ့ရင်ဘတ်ကို တွန်းထားတဲ့ အချစ်ရဲ့လက်တွေကို ချုပ်ကိုင်လိုက်ပြီး လက်ဖမိုးကို မချင့်မရဲနမ်းလို့ အချစ်ရဲ့ရေစိုနေတဲ့ဆံပင်တွေကို ခြောက်အောင်လုပ်ပေးဖို့ ပြင်ရတယ်။
"ငါ လမ်းလျှောက်ချင်တယ်"
အချစ်ရဲ့ဆံပင်စိုတွေကိုမွေးပွတဘက်နုနုလေးနဲ့ခေါင်းကိုသုတ်ပေးနေတဲ့သူကရေစက်လက်နဲ့အချစ်ကိုကြည့်ရင်း မဦးလိုက်ရတဲ့မဂ်လာညအကြောင်းစဉ်းစားနေတဲ့သူကအချစ်ရဲ့စကားကြောင့် ငိုချင်သွားရတယ်။
"အင်း....မောင်အဝတ်တွေထုတ်ပေးထားတယ်"
"ရှောင်ကျန့်... ငါနောက်ရက်ကျ Anne Frankအိမ်သွားကြည့်ချင်တယ်"
သူရေသုတ်ပေးတာကို ငြိမ်ခံပြီး နှုတ်ခမ်းတထော်ထော်နဲ့သွားချင်တဲ့နေရာတွေကို တန်းစီပြောနေတဲ့အချစ်ကို ရှောင်ကျန့်အရဲစွန့်ပြီး ကုတင်ပေါ် တင်ထားတဲ့ အဖြူရောင်Shirtလေးကို ခေါင်းကစွပ်ချပြီး ဝတ်ပေးလိုက်တယ်။မဝတ်ပေးရင် သူကတစ်ခုခုလုပ်မိတော့မှာ။
သူအတင်းလုပ်ရင်အချစ်မရုန်းနိုင်မှန်းသိပေမယ့် အမ်စတာဒမ်ရဲ့ရာသီဥတုအေးအေးလေးမှာ လမ်းလျှောက်ချင်တဲ့ အချစ်ရဲ့ ဆန္ဒတွေကို သူ့ကြောင့် မပျက်ပြားစေချင်ဘူး။
အချစ်ဘာပဲဖြစ်ချင်ဖြစ်ချင်ဖြည့်ဆည်းရမှာကရှောင်ကျန့်တာဝန်ပဲ။
"ဟင်...ရှောင်ကျန့် သွားမှာလား"
ရိပေါ် အဝတ်အစားဝတ်ပြီးတဲ့ထိ ရှောင်ကျန့်ကပြန်မဖြေလာတာမို့ ရိပေါ် ထပ်မံမေးလိုက်သည်။မွေးပွတဘက်ကြီးကိုင်ထားပြီးသူ့ကိုငေးနေတဲ့ပုံကတစ်ကယ်ချစ်စရာကြီး။
"အချစ်သဘော"
"လက်မှတ်ကရပါ့မလား....မင်းသိလား...Anne Frankကလေ နာဇီတွေ ကြောင့် သူမပါးပါးရဲ့ အလုပ်ခန်းအောက်က အခန်းကျဉ်းလေးထဲမှာ ဝင်ပုန်းရင်း... အတွေ့အကြုံတွေကို 13နှစ်အရွယ်ကလက်ဆောင်ရတဲ့ စာအုပ်လေးထဲ ချရေးခဲ့တာ....သူမက15နှစ်အရွယ်မှာသေဆုံးသွားခဲ့တာ....သူ့ပါးပါးကပဲ....စာအုပ်ကိုထုတ်ဝေခဲ့တာ....သူမရဲ့စာအုပ်ကလေ... ဘာသာပေါင်6း0နဲ့ထုတ်ဝေရတဲ့ထိ....အောင်မြင်ခဲ့တာ....ပြီးတော့သူမအိမ်နားမှာ...ပုံစံတူရုပ်တုရှိတယ်တဲ့"
စကားသိပ်မများဘူးလို့သူယူဆထားတဲ့အချစ်က သာလိကာလေးလိုပဲ။
"ဟင်....ရှောင်ကျန့်....လက်မှတ်ကရပါ့မလားလို့"
ဆူအောင့်ကာ ပြောလာပုံအရ လက်မှတ်မရမှာကို စိတ်ပူနေဟန်မို့ ရှောင်ကျန့်က အသဲယားဖွယ် အချစ်ရဲ့နှာခေါင်းလုံးလုံးလေးကို
လက်ညိုးနှင့်တို့ပြီးမှ ခေါင်းညိတ်ပြမိသည်။
"အချစ်သွားချင်ရင် လက်မှတ်က ရရမှာပေါ့"
အမ်စတာဒမ်ရဲ့ရာသီဥတုအေးအေးလေးအောက်မှာ မြို့ကြီးသားနဲ့အတူ လမ်းလျှောက်ရတာပျော်ဖို့သိပ်ကောင်းတယ်။Hotelဝင်းထဲက မြက်ခင်းပေါ်ကို သူလှဲချလိုက်တော့ မြို့ကြီးသားက ရိပေါ်ခေါင်းအောက် သူ့လကျတစ်ဖက်ကို ထည့်ပေးလာသည်။
သိပ်အသားယူလွန်းတဲ့ မြို့ကြီးသားကသူ့ပါးကိုတရွတ်ရွတ်နမ်းနေတာကိုတော့ လျှစ်လျှူ ရှုထားလိုက်သည်။
"ကောင်းကင်ကြီးက လှလိုက်တာ....ကြယ်တွေစုံနေတာပဲ"
သူ့လက်မောင်းပေါ်ခေါင်းအုံးလို့ အချစ်က ရေရွတ်တဲ့အခါ ရှောင်ကျန့်ထောက်ခံတဲ့အကွောငျး အချစ်ရဲ့ပါးနုနုကို အနမ်းတွေကြဲချလိုက်သည်။တစ်ကယ်ပါ....အချစ်ကိုထိချင်ကိုင်ချင်စိတ်တွေက ထိန်းမရဘူး။
အချစ်ကိုယ်သေးသေးလေးကို ရှောင်ကျန့်ကမြိုချထားချင်တဲ့အထိ ချစ်ရပါတယ်။
အချစ်ဆိုတဲ့စကားလုံးကို ဝမ်ရိပေါ်နဲ့မှသိတာမို့ ဝမ်ရိပေါ်နဲ့ပဲရှောင်ကျန့်ဆိုတဲ့ကောင်လေးက နောက်ဆုံးအချိန်ထိ အတူရှိချင်ပါတယ်။
"အချစ်ပြောတဲ့ကြယ်တွေစုံနေတဲ့ကောင်းကင်ထက်လှတာရှိတယ်....သိ ချင်လား"
"အဲ့ဒါက.....မောင့်ရင်ခွင်ထဲက အချစ်ပဲ...
အချစ်က မောင့်အတွက် တန်ဖိုးအရှိဆုံးပဲ....
မောင့်ဘဝမှာ အချစ်ကိုပိုင်ဆိုင်ရတာလောက်ပျော်စရာကောင်းတာမရှိဘူး....အချစ်နောင်တမရအောင်မောင်က ချစ်ပေးမှာပါ"
သူ့မျက်နှာကို တစိမ့်စိမ့်ကြည့်ကာ ပြောနေတဲ့ရှောင်ကျန့်ရဲ့မျက်ဝန်းတွေက မြတ်နိုးမှုတွေအပြည့်ဘဲမို့ ရိပေါ်ရင်တွေခုန်ကာ ပရမ်းပတာဖြစ်နေရသည်။ပြုံးပြီးပြောနေတာမို့ နှုတ်ခမ်းအောက်ကရိပေါ် မြတ်နိုးလွန်းတဲ့ မှည့်နက်လေးကထင်းနေသည်။ရင်ထဲမှာ နှစ်နှစ်ကာကာချစ်မိပေမယ့် သူ့ထက်အများကြီးငယ်တဲ့ကောင်လေးမို့ ဝန်ခံရမှာ မဝံ့မရဲပါပဲ။
"ငါကမင်းထက်အသက်အများကြီး ကြီးတယ်လေ.... နောက်ကျရင် မင်းက..."
"ရှူး"
ရိပေါ် ပြောမယ့်စကားတွေဟာ ကောင်လေးရဲ့ သူ့နှုတ်ခမ်းပေါ် ဖိလာတဲ့ လက်ညိုးအောက်မှာပျောက်ဆုံးသွားရသည်။
"မောင့်ကို ယုံလို့မပြောဘူး...အချစ်ယုံကြည်လာအောင်မောင်ကသက်သေပြမှာ....အခုမောင့်ကိုမချစ်သေးလည်းရတယ်...မောင်ကချစ်နေရရင် ရပြီမို့ မောင်ချစ်တာကိုပဲ အချစ်က လက်ခံပေး....အချစ်ရဲ့မနက်ခင်းတိုင်းမှာ....မောင့်ရဲ့ရင်ခွင်ထဲမှာပဲနိုးထရမယ်လို့....ကတိပေးတယ်"
"အသက်အရွယ်ဆိုတာ အပိုင်းအခြားတစ်ခုပဲ...အချစ်ကမောင့်အတွက် ကလေးလေးပဲ"
မတ်လပေမယ့် အေးစက်စက်ရာသီဥတုအောက်မှာ နွေးထွေးနေတာကတော့ ရိပေါ်ပါပဲ။
"အပြင်မှာ နည်းနည်းအေးလာပြီ....အချစ်လက်လေးတွေတောင် အေးလာပြီ....မောင်တို့အထဲဝင်ရအောင်နော်"
.....
"မင်းကုတင်ပေါ်မှာ အိပ်လိုက်"
"ဟမ်"
တစ်ကယ်ပဲ....အချစ်က ကုတင်ပေါ်က ခေါင်းအုံးကို ယူပြီး ဆိုဖာဘေးရောက်နေတာမို့ ရှောင်ကျန့်က အင်တင်တင်။ မဂ်လာတောင်မဦးရသေးဘူးလေ။ ဆရာဝန်သေးသေးလေးနဲ့ ခွဲမအိပ်နိုင်ပါဘူး။
"ငါက ဆိုဖာပေါ်အိပ်မယ်....မင်းက ကုတင်ပေါ်အိပ်...ငါ့အသားကို လာမထိနဲ့နော်"
ပြောရင်းပဲ ဆိုဖာပေါ် လဲချလိုက်တာမို့ ရှောင်ကျန့်လက်ရဲဇက်ရဲပဲ ကောက်ချီပစ်လိုက်သည်။ တစ်ကယ်ခွဲမအိပ်နိုင်ဘူး။
"ဘာ....ဘာလုပ်တာလဲ"
သူ့ကိုကု တင်ပေါ် ပစ်ချပြီး အုပ်မိုးလာတာမို့ ရိပေါ်က အထိတ်ထိတ်အလန့်လန့်။
"မဂ်လာတောင် မဦးရသေးဘူးလေအချစ်ရာ....မောင်က မဂ်လာဦးညအတွက် ပြန်ယူရမယ်....အချိန်ရှိခိုက်လေး"
သူ့ခန္ဓာကိုယ်ကို လျှာတသပ်သပ်နဲ့ကြည့်လာတာမို့ လမ်းလျှောက်တုန်းက ကြည်နူးတာလေးတောင် ပျောက်သွားရသည်။
"ငါ့ကို မျက်ရည်ကျအောင်မလုပ်ဘူးလို့.... မားကို ကတိပေးထားတယ်လေ"
"အင်းလေ....မောင်သိပါတယ် "
ဗိုက်သားတွေကို ပွတ်သပ်နေတဲ့ကောင်လေးကသူဆိုလိုတာကို သဘောမပေါက်သလို ဖြစ်နေတာမို့ အစားမခံရဖို့အရေး ရိပေါ်က ရှက်တာကို ဖယ်လိုက်ရသည်။
"အဲ့....အဲ့ဒါကြီးက တစ်ကယ် အရမ်းနာတာ...."
အချစ်ရဲ့စကားအဆုံးမှာ ရှောင်ကျန့်က ပွတ်သပ်နေတဲ့ လက်တွေကို နားလိုက်ပြီး အချစ်ကို သနားသွားရသည်။ အချစ်နဲ့ပတ်သက်ရင် ထိန်းချုပ်နိုင်စွမ်းကင်းတဲ့သူက ဘယ်လောက်ကြမ်းလဲ သူအသိဆုံး။သို့သော်လည်း ထိတွေ့ချင်စိတ်တွေက ထိန်းမရဘူး။
"အချစ်အပေါ်ကနေ....မောင်အောက်ကနေမယ်"
သူ့ဘေးကို လှဲချလိုက်ရင်း ထွက်လာတဲ့စကားကြောင့် ရိပေါ် အထူးအဆန်းဖြစ်သွားရသည်။ ဘယ်လိုလုပ်ရလဲ သူမသိပေမယ့် သူမလုပ်ရင် မြို့ကြီးသားကသူ့ကိုတက်လုပ်မှာမှန်းသိတာမို့ မြို့ကြီးသားရဲ့ အဝတ်တွေကို ဆွဲချွတ်လိုက်ရင်း အုပ်မိုးပစ်လိုက်သည်။
"အချစ်ရော....မချွတ်တော့ဘူးလား"
"အမ်..အင်း ...ငါရော ချွတ်မှာလား"
Semeလုပ်မယ့်အချစ်က အဝတ်ချွတ်ရမှာကိုပင်စကားတွေထစ်အနေတာမို့ သူရီချင်နေမိပြန်သည်။သေချာတယ်....အချစ်ကUkeကနေ Semeမဖြစ်နိုင်တော့ဘူး။
"အချစ်....မောင်မရတော့ဘူး"
သူ့နှုတ်ခမ်းကို တတိတိနမ်းနေနဲ့ အချစ်ကို စိတ်မထိန်းနိုင်စွာပဲ အချစ်ရဲ့နေရာကို ပြန်ပေးလိုက်သည်။
"အား....ငါ အပေါ်...အင့်...က....နေ..
မှာ...အင့်"
မဂ်လာမဦးလိုက်ရတဲ့ မြေခွေးငယ်လေးအောက်မှာ Semeနေရာ ယူလိုတဲ့ ယုန်ဖြူလေးက တအင့်အင့်ညည်းရင်းပဲအမ်စတာဒမ်ရဲ့ ပထမဆုံးညကို ဖြတ်သန်းရတယ်။တဟင့်ဟင့်ရှိုက်နေတဲ့ ယုန်ဖြူလေးကို မြေခွေးပေါက်လေးက အနမ်းတွေနဲ့ချော့မြူရင်း မဦးလိုက်ရတဲ့မဂ်လာဦးညကို အသက်သွင်းနေသလို ယုန်ဖြူလေးကလည်း မြေခွေးလိုကောင်ဆိုပြီးပြောဖို့ မေ့မနေခဲ့ဘူး....။
"မြေခွေး...ဟင့်...လိုကောင်"
By....Mimosa