စေရာ(Complete)

By StarRia19

1.4M 101K 9.6K

Unicode သံစဥ်တွေဟာ တီးခတ်သူရဲ့ စေရာ ကိုလိုက်နာကြတယ်တဲ့။ ဒါဆို ချစ်မိသွားသူတွေကရော? ဘယ်သူ့ စေရာ ကို လိုက်နာကြမ... More

Intro
ခ်စ္ျခင္းႏွင့္ သံေယာစဥ္
အပိုင္း(၁)ေမ်ွာ္လင့္ခ်က္မ်ား ႐ိုက္ခ်ိဳးခံရျခင္း
အပိုင္း(၂)အိပ္မရေသာ နာက်င္ဖြယ္ညတစ္ည
အပိုင္း(၃)ေမာင္က သူ႔ကို အရမ္းမုန္းတယ္တဲ့
အပိုင္း(၄)ေမာင္ ဘာလို႔ ေျပာင္းလဲသြားရတာလဲ
အပိုင္း(၅)ကိုကို ျပန္လာၿပီ
အပိုင္း(၆)ကိုကိုႏွင့္ေမာင္၏ ကြာျခားမႈ
အပိုင္း(၇)နာက်င္သြားရေသာ ႏွလံုးသားတစ္စံု
အပိုင္း(၈)ေမာင့္လုပ္ရပ္ေတြ လြန
အပိုင္း(၉) ထပ္တူနာက်င္ခံစားရျခင္း
အပိုင္း(၁၀)တန္ျပန္မႈ၏ ေစရာ.....။
အပိုင္း(၁၂)ေမ်ွာ္လင့္ခ်က္အလင္းေရာင္ေလး ႐ွင္သန္ခြင့္ေပးပါ....။
အပိုင္း(၁၃)အိပ္မက္လွလွေလး ဆက္မက္ခြင့္ျပဳပါ...။
အပိုင္း(၁၄)ေမာင့္အေပၚ ယံုၾကည္မႈမ်ား ယိမ္းယိုင္လာၿပီ...။
အပိုင္း(၁၅)မထင္မွတ္ေသာ ဂ႐ုစိုက္မႈေလးမ်ားႏွင့္အတူ ျပန္လည္ ရ႐ွိလိုက္ေသာ ႏွလံုးသားဒ
အပိုင္း(၁၆)ေစတနာမွ ေဝဒနာဆီသို႔
အပိုင္း(၁၇)သံေယာဇဥ္ႏွင့္ ခ်စ္ျခင္းၾကားက ေျမစာပင္ေလး
အပိုင္း(၁၈) အမွတ္တရေလး
အပိုင္း(၁၉)ခံႏိုင္ရည္႐ွိသြားခဲ့ေသာ ႏွလံုးသားဒဏ္ရာ
အပိုင္း(၂၀)ဖုံးကြယ္ထားေသာ ခံစားခ်က္မ်ား
အပိုင္း(၂၁)လက္ေလ်ွာ့လိုက္ၿပီ
အပိုင္း(၂၂)အေမွာင္ထဲက ကာကြယ္မယ့္ သူ
Thadingyut Gift✨✨
အပိုင္း(၂၃)အမုန္းမွသည္ အခ်စ္ဆီသို႔
အပိုင္း(၂၄)မေမ်ွာ္လင့္ထားေသာ ျဖစ္ရပ္မ်ား
အပိုင္း(၂၅)သူ႔အတြက္ဆိုလ်ွင္
အပိုင္း(၂၆)ႏႈတ္ဆက္ျခင္း
အပိုင္း(၂၇)စြန္႔လႊတ္လိုက္ေသာ ႏွလံုးသား
အပိုင္း(၂၈) ခ်န္ရစ္ခဲ့သူ မင္းအဆင္ေျပရဲ႕လား
အပိုင္း(၂၉) ေရြးခ်ယ္ခြင့္
အပိုင္း(၃၀)ခ်စ္ျခင္းအၿပိဳင္
အပိုင္း(၃၁)မင္းေပးခဲ့ေသာ ဒဏ္ရာ
အပိုင္း(၃၂)ခြင့္မလႊတ္ႏိုင္ေသာ
အပိုင္း(၃၃)အတံု႔အလွည့္
အပိုင္း(၃၄)တစ္ေက်ာ့ျပန္
အပိုင္း(၃၅)အေရးအႀကီးဆံုးသူ
အပိုင္း(၃၆)စိတ္မခ်ေလေသာေၾကာင့္...ေမြးရပ္ေျမဆီသို႔
အပိုင္း(၃၇)ခ်စ္ျခင္းကိုယ္စီ၏ ဦးတည္ရာ တစ္ဖက္စြန္းဆီသို႔
အပိုင္း(၃၈)အျမဲ အတူ႐ွိေနေပးပါ
အပိုင်း(၃၉)အသစ်တဖန် စတင်ခြင်း
Next fiction
အပိုင်း(၄၀)မင်းနဲ့အတူ အဝေးဆုံးဆီသို့
အပိုင်း(၄၁)ဝမ်းနည်းမှု လွှမ်းခြုံနေသော မျက်ဝန်းများဖြင့် ပြုံးရယ်ခြင်း
အပိုင်း(၄၂)အမှတ်တရများပျောက်ဆုံးခြင်း
အပိုင်း(၄၃)အတိတ်နေ့ရက်များဆီသို့
အပိုင်း(၄၄)နာကျင်ရလွန်းသော စွန့်ပစ်ခြင်း
အပိုင်း(၄၅) မထင်မှတ်ထားခဲ့လေသော လွဲမှားခြင်းများ
အပိုင်း(၄၆) ပျော်ရွှင့စေရန် မျှော်လင့်လျက်
အပိုင်း(၄၇) ပျော်ရွှင်ခြင်းနှင့် နာကျင်ရခြင်း
Hello...
အပိုင်း(၄၈)ကိုယ့်ရဲ့မြတ်နိုးရာလေး
အပိုင်း(၄၉)Final 1+2 စေစားသူရဲ့ "စေရာ"
Book📙📙
Attention plz✨✨
New fiction💕
Announcement for book...🤍
For Book 🍁🍁

အပိုင္း(၁၁)ေၾကမြသြားေသာ ဆႏၵငယ္ေလး

24.8K 2.2K 170
By StarRia19

Unicode

အပိုင်း(၁၁)

ကြေမွသွားသော ဆန္ဒငယ်လေး

ပြတင်းတံခါးမှ တိုးဝင်လာသော နေခြည်ဖျော့ဖျော့ကြောင့် မျက်လုံးပွင့်လာသော်လည်း မနက်ခင်းတိုင်း မြင်နေကြ ဖြစ်သော မောင်၏ မျက်နှာအား မတွေ့ရပေ။ မောင် မနေ့က တစ်ညလုံး အပြင်မှာ အိပ်သည်။

ဘယ်မှာအိပ်မှန်းလည်း သူ မသိ။ ဖုန်းဆက်သော်လည်း စက်ပိတ်ထားသည်တဲ့။ လွန်းငယ်အား မောင်က လူရှေ့တစ်ခါမှ ပွဲမထုတ်ခဲ့သောကြောင့် မောင်၏ ရင်းနှီးရာများလည်း လွန်းငယ် မသိပါ။

တစ်ညလုံး သူ စိတ်ပူနေသည်ကို အကြောင်းမကြားဘဲ နေနိုင်သောမောင့်အား သူတကယ်အံ့သြမိသည်။ အိပ်ရာပေါ်မှ ထကာ အောက်ထပ်သို့ဆင်းလာလိုက်၏၊

မနက်စာ ပြင်နေသော ကြီးကြီး အနီးသို့ သွားကာ နှုတ်ဆက်လိုက်သည်။

"ကြီးကြီး Good morning"

"Morning သားငယ်လေး...နိုးပြီလား....ကြီးကြီး စောစောနိုးတာနဲ့ မနက်စာပြင်ထားလိုက်တာ...တစ်ခါတည်း စားမလား"

"မောင် ပြန်ရောက်မလားလို့ ဆင်းလာတာ ကြီးကြီး...ကျွန်တော် မျက်နှာမသစ်ရသေးဘူး...ပေါက်စီလေးကိုနှိုးပြီး သန့်ရှင်းရေးလုပ်ပြီးမှ တစ်ခေါက်ပြန်ဆင်းခဲ့မယ်"

"အင်း သားငယ်လေး"

ပေါက်စီလေးအား နှိုးရန် လွန်းငယ် အိမ်ပေါ်ထပ်သို့ ပြန်တက်လာခဲ့သည်။ မောင်က သူ့ကို မမြင်ချင်သောကြောင့် အိမ်ပြန်မလာပုံရသော်လည်း ပေါက်စီလေးအား ကျောင်းလိုက်ပို့ရန်တော့ မေ့မည့်ပုံမပေါ်ပါ။ ပေါက်စီလေး အဆင်သင့်ဖြစ်နေစေရန်မှာ သူ၏ တာဝန်ပင်။

အခန်းတံခါးဖွင့်လိုက်တော့ အိပ်ရာပေါ်တွင် ထိုင်နေသောပေါက်စီလေးအား တွေ့လိုက်ရသည်။

"နိုးနေတာလား ပေါက်စီလေး"

"ဟုတ် သား အိပ်မပျော်လို့"

"အိပ်မပျော်ဘူး...အိပ်ရေးမဝဘူးပေါ့...ဖျားများဖျားတာလား"

စိုးရိမ်စွာ ပေါက်စီလေးနဖူးအား ထိလိုက်မိတော့ လက်သေးသေးလေးများက သူ၏လက်အား အပေါ်မှ ထပ်၍ဆုပ်ကိုင်လာသည်။

"ပါးပါး ဖေဖေ့အစား သားတောင်းပန်ပါတယ်...ဖေဖေ့ကြောင့် သားကိုထားပြီး ထွက်မသွားပါနဲ့"

မျက်ရည်ဝဲကာ ပြောလာသော ကလေးငယ်အား လွန်းငယ်မည်သို့ နှစ်သိမ့်ရမည်မှန်း မသိတော့။

"ပါးက ပါးရဲ့သားလေးကို ထားပြီး ဘယ်ကိုထွက်သွားရမှာလဲ...အဲဒါကြောင့် အိပ်မပျော်တာလား"

ကလေးငယ်က ချက်ချင်းခေါင်းညိတ်ပြလာ၏။

"နောက် အဲလိုတွေးပြီး စိတ်သောက မရောက်ရဘူးနော်...ပါးက ပေါက်စီလေးကို အရမ်းချစ်တာ...ထားမသွားပါဘူး"

"ပါးပါး အရမ်းချစ်တယ်"

လက်သေးသေးလေးများဖြင့် ပွေ့ဖက်လာသောကလေးငယ်အား ပြန်ပွေ့ဖက်ရင်း လွန်းငယ် နာကျင်စွာ ပြုံးလိုက်မိသည်။

ကလေးငယ်တစ်ယောက်ကပင် သူ၏ခံစားချက်များအား ဖွင့်ဟပြောနိုင်သော်လည်း မောင်ကတော့ ကလေးတစ်ယောက်လောက်ပင် သူ့အား နားမလည်ပေ။ မောင့်ဆီမှ ချစ်တယ်ဆိုသော စကားသည် လွန်းငယ်အတွက် ဘယ်တော့မှ ထပ်မကြားနိုင်တော့သည့် စကားဖြစ်လောက်သည်။

"ပေါက်စီလေး ကျောင်းမသွားခင် ရေချိုးသွားမလား"

"ဟုတ် ပါးပါး"

"ပါးပါး ချိုးပေးမယ်...အင်္ကျီချွတ်ရအောင်"

ကလေးငယ်က အင်္ကျီချွတ်ရန် လက်လေးနှစ်ဖက်အား မြှောက်ပေးလာသည်။ လွန်းငယ် ကလေးငယ်၏ အင်္ကျီအား ချွတ်ပေးလိုက်၏။

"ပါးပါးလည်း သားနဲ့အတူတူ ချိုးပါလား"

"ပါးပါး မချိုးတော့ဘူး...သားကိုပဲ ချိုးပေးတော့မယ်...ပါးပါးက မျက်နှာသစ်လိုက်မယ်"

"ပါးပါး ညစ်ပတ်...ရေလည်းမချိုးဘူး...ခုချိန်ထိ မျက်နှာလည်း မသစ်သေးဘူး"

ကလေးငယ်အား အသည်းယားစွာ ပါးအိအိလေးများအား လွန်းငယ် ဖွဖွလေး ဖျစ်ညှစ်လိုက်မိသည်။

"ပါးပါး လုပ်တာ သားရုပ်ဆိုးတော့မယ်...အဲလို ခဏခဏလုပ်ရင် ကြီးရင် ရုပ်ဆိုးတတ်တယ်တဲ့"

"ဟမ် သားကို ဘယ်သူပြောတာလဲ"

"သားရဲ့ဆရာမ ပြောတာ"

"သားရဲ့ဆရာမက ဘယ်လိုကြောင့်အဲလိုပြောတာလဲ"

"ပါးပါးက သားကို အဲလိုပါးကိုဆွဲညှစ်နေကြလေ...အဲလိုလုပ်တိုင်း ပါးပါးသဘောကျနေတတ်တယ်...သားလည်း အဲဒါကို စမ်းကြည့်ချင်တာနဲ့ သားရဲ့သူငယ်ချင်းပါးကို ဆွဲညှစ်လိုက်တာ သူ ငိုသွားတယ်...ဆရာမက သားကိုနောက်မလုပ်ရဘူး...အဲလိုလုပ်တာ ကြီးရင်ရုပ်ဆိုးတတ်တယ်လို့ ပြောတာ"

ပေါက်စီလေးစကားကြောင့် လွန်းငယ် ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။ နောက်ဆို အသည်းယားစွာ ပါးလေးဖဲ့ခြင်းအား ရှောင်မှဖြစ်တော့မည်။

"သားသူငယ်ချင်းကို နာအောင်ထိ လုပ်လိုက်မိတာလား"

"သားက ဖွဖွလေး လုပ်တာပဲ...လက်ကဘယ်လိုအားပါသွားလဲမသိဘူး"

လွန်းငယ် တကယ် ဘာပြောရမှန်းပင် မသိတော့။ ပြောစရာ စကားတို့ ပျောက်ရှသွားရသည်။

"ပါးပါး စိတ်မပူပါနဲ့...သား သူ့ကို ပြန်ချော့လိုက်တာ...ခုဘာမှ မဖြစ်တော့ဘူး"

တကယ့်ကို ပေါက်စီလေးကတော့ ရှာရှာကြံကြံ အတုခိုးကာ လျှောက်လုပ်ခြင်းဖြစ်သည်။

"နောက် အဲလိုမျိုး သူငယ်ချင်းကို မလုပ်ရတော့ဘူးနော်"

"ပါးပါးလည်း သားကို ရုပ်ဆိုးအောင် မလုပ်ရတော့ဘူးနော်"

"ဟုတ်ပါပြီ ပေါက်စီလေးရယ်...အအေးပက်တော့မယ် ရေချိုးရအောင်"

ပေါက်စီလေးအား ခေါ်ကာ ရေချိုးခန်းထဲဝင်လိုက်သည်။ ရေချိုးကန်ထဲ ရေနွေးစပ်ကာ ဂရုတစိုက် ရေချိုးပေးလိုက်သည်။

ကလေးငယ်အား သဘက်ဖြင့် ရေစင်အောင် သုတ်ပေးလိုက်ပြီး ကျောင်းဝတ်စုံထုတ်ကာဝတ်ပေးရန် ပြင်လိုက်သည်။

"ပါးပါး သားဘာသာ ဝတ်လိုက်မယ်...ပါးပါးက မျက်နှာသစ် ကိုယ်လက်သန့်စင်ဦး"

"ဟုတ်ပါပြီ အတတ်ကလေးရယ်...ပါးပါး ကိုယ်လက်သန့်စင်လိုက်မယ်...အင်္ကျီဝတ်ထားနော် အအေးပတ်လိမ့်မယ်"

"ဟုတ် ပါးပါး"

အကျင့်ပါနေသောလက်က ပေါက်စီလေး၏ ပါးအား ဆွဲမိတော့ ကလေးငယ်က နှုတ်ခမ်းတို့ ဆူလေတော့သည်။

"ပါးပါးနော်"

လွန်းငယ် စိတ်လိုလက်ရ ရယ်လိုက်မိသည်။ ထို့နောက် ရေချိုးခန်းပြန်သွားကာ ကိုယ်လက်သန့်စင်ပြီး ပြန်လာတော့ ပေါက်စီလေးက ကျောင်းသွားရန် အဆင်သင့်ပြင်ဆင်ပြီးနေလေပြီ။

ပေါက်စီလေး၏ စာကြည့်စားပွဲမှ စာအုပ်များအား သေချာစိစစ်ကာ ကျောပိုးအိတ်ထဲထည့်လိုက်ပြီးနောက် ကျောပိုးအိတ်ကိုင်ကာ ပေါက်စီလေးအား တွဲ၍ အိမ်ပေါ်ထပ်မှ ဆင်းလာလိုက်သည်။

"သုသုလေးနဲ့ သားငယ်လေးတို့ ကော်ဖီတွေ အေးကုန်လို့ ကြီးကြီး ပြန်နွှေးလိုက်ရတယ်...လာလာ မနက်စာလာစားတော့"

"ဟုတ် ကြီးကြီး"

ကြီးကြီးအား ပြန်ဖြေလိုက်ပြီး ပေါက်စီလေးအား ထိုင်ခုံပေါ်တင်ကာ စားပွဲပေါ်မှ ကော်ဖီနှင့် ပေါင်မုန့်ကို ခွံ့ကျွေးလိုက်သည်။

ပေါက်စီလေး ကျောင်းသွားမှ စားမည်ဟုတွေးကာ သူကတော့ မနက်စာအား မစားဖြစ်ပေ။

"ပါးပါး သားဝပြီ"

"အင်း ပေါက်စီလေး"

လက်သုတ်ပဝါ ယူကာ ပေါက်စီလေး၏ ပါးစပ်အား သုတ်ပေးလိုက်ပြီး ပေပွသွားသော သူ၏လက်များကိုလည်း သုတ်လိုက်သည်။

"သား ကျောင်းကိုလေ ပါးပါး လိုက်ပို့ရင် အရမ်းကောင်းမှာပဲ"

ပေါက်စီလေး စကားကြောင့် လွန်းငယ် အံ့အားသင့်သွားရသည်။

"ဘာလို့လဲဟင် ပေါက်စီလေး"

"သားသူငယ်ချင်းတွေကို သူတို့အဖေနဲ့အမေ နှစ်ယောက်လုံး ကျောင်းလိုက်ပို့ရင် သား အရမ်းအားကျမိတယ်...သားမှာ အမေ မရှိဘူးလေ"

ကလေးငယ်၏ တိုးညှင်းစွာ ပြောလာသော စကားသံလေးသည် လွန်းငယ်ရင်ထဲနာကျင်စွာ တိုးဝင်သွားသည်။

"သားမှာ အမေ မရှိတာအတွက် သား ဝမ်းမနည်းတာမို့ စိတ်မကောင်းမဖြစ်ပါနဲ့ ပါးပါး...သားကို အမေတစ်ယောက်လို ချစ်တဲ့ပါးပါးရှိတယ်လေ...ကြီးကြီးကလည်း ပြောတယ်...ပါးပါးက သား အမေတစ်ယောက်လိုသဘောထားရမဲ့သူတဲ့...အဲဒါကြောင့် သား ဝမ်းမနည်းဘူး"

ကလေးငယ်၏ စကားတို့သည် လွန်းငယ် ရင်အားထိရှစေသည်။ လွန်းငယ် ပေါက်စီလေးအရွယ်က မိဘနှစ်ပါးလုံး ရှိကြသေးသည်။ အချစ်ခံရစွာ ကြီးပြင်းလာသော်လည်း မိစုံဖစုံနှင့် မကြီးပြင်းခဲ့ရသော ကလေးငယ်များအား စာနာနိုင်သည်။ လွန်းငယ်အား အရမ်းချစ်သော မိဘနှစ်ပါးက လွန်းငယ် ၁၃ နှစ်အရွယ်တွင် ကားအက်ဆီးဒင့်ဖြင့် လွန်းငယ်အား ချန်ထားရစ်ခဲ့ကြသည်။ ထိုစဉ်ကလွန်းငယ် ခံစားခဲ့ရသလိုမျိုး ဘယ်ကလေးငယ်ကိုမှ မခံစားစေချင်ပါ။

"သားကို ဖေဖေနဲ့ ပါးပါး နှစ်ယောက်လုံး ကျောင်းလိုက်ပို့ပေးစေချင်တယ် ပါးပါး...တခြားကလေးတွေလို မိဘနှစ်ယောက်လုံးက သားကျောင်းထဲ မဝင်ခင် လက်ပြနှုတ်ဆက်နေတာမျိုး ခံဖူးချင်တယ်...ပါးပါးနဲ့ ဖေဖေက မနေ့က ရန်ဖြစ်ထားကြတာ...သား ခုကျောင်းသွားရင် ပါးပါးပါ လိုက်ပို့ဖို့ တောင်းဆိုလို့်ရလား"

သနားစဖွယ် မျက်လုံးဝိုင်းလေးများဖြင့် တောင်းဆိုလာသော ကလေးငယ်၏ ဆန္ဒအား ငြင်းဆန်ရန်ထိ လွန်းငယ် အသည်းမမာပါ။

"ပါးပါး ဖေဖေ့ကို ပြောကြည့်မယ်နော် ပေါက်စီလေး"

"ဟုတ် ပါးပါး"

ပေါက်စီလေး၏ ခေါင်းအား နှစ်သိမ့်သည့်သဘောဖြင့် ပွတ်သတ်မိစဉ် အိမ်ရှေ့မှ ကားရပ်သံကြားလိုက်ရသည်။

"ဟော သားဖေဖေလာပြီ...ပါးပါး အိမ်ရှေ့လိုက်ပို့ပေးမယ်"

ပေါက်စီလေးအား ကျောပိုးအိတ်လွယ်ပေးကာ လက်ဆွဲ၍ အိမ်ရှေ့ထွက်လာတော့ အိမ်ရှေ့ကားရပ်ထားရာဘေးတွင် မောင့်အား မြင်လိုက်ရသည်။ မောင် တစ်ယောက်တည်းတော့ မဟုတ်။ ဒေါက်တာ ကြယ်လွှဲမိုးပါ မောင့်ဘေးတွင် ရှိနေသည်။

မောင်က တစ်ညလုံး ဒေါက်တာကြယ်လွှဲမိုးနှင့် တူတူရှိနေခဲ့သည်လား။ စိတ်ပူနေသော လွန်းငယ်အား ဖုန်းလေးတစ်ကောပင် မဆက်နိုင်သည့်အကြောင်းအရင်းက မောင်ရဲ့ချစ်သူကြောင့်လား။

နှလုံးသားဆီမှ စူးအောင့်နာကျင်မှုကြောင့် လွန်းငယ် ရင်ဘတ်အား ဖိကိုင်လိုက်ရသည်။ သူ၏ ရပ်တန့်သွားသော ခြေလှမ်းများနှင့်အတူ လက်တွဲထားသော ပေါက်စီလေးသည်လည်း ရှေ့ဆက်မသွားဘဲ ရပ်တန့်ကာ သူ့အား မော့ကြည့်လာသည်။

"သုသု လာ ကျောင်းနောက်ကျတော့မယ်...ဖေဖေ သုသုကို ကျောင်းအရင်လိုက်ပို့မယ်...ပြီးရင် သားရဲ့ တီလေးမိုးကို ဆေးရုံလိုက်ပို့ရဦးမယ်"

မောင် ပြောလိုက်သော စကားက လွန်းငယ်၏ နှလုံးသားအား ပို၍ စူးအောင့်လာစေသည်။ ပေါက်စီလေးအား ကျောင်းလိုက်ပို့ပြီး သူ၏ ချစ်သူကို အလုပ်ပို့ပေးဖို့ စီစဉ်နေသည်တဲ့လား။ တစ်ညလုံး တူတူရှိနေသည်ကိုပင် အားမရစွာ ပေါက်စီလေးအား အတူတူကျောင်းလိုက်ပို့ပြီး အလုပ်လိုက်ပို့ပေးဦးမလို့တဲ့။

ကလေးငယ်ကပင် သူ့မျက်နှာအား မော့ကြည့်လာသည်ထိ သူ၏နာကျင်မှုအား မြင်နိုင်သည်ကို မောင်ကတော့ သူ ဘယ်လိုခံစားရမည်မှန်း သိပုံပင် မရပေ။ လွန်းငယ် နှလုံးသားရှိရာ ရင်ဘတ်နေရာအား တင်းကျပ်စွာ ဆုပ်ကိုင်မိတော့ လက်သေးသေးလေးများက သူ၏တွဲထားသောလက်အား အားပေးသလို တင်းကျပ်စွာ ပြန်၍ ဆုပ်ကိုင်လာသည်။

"ဖေဖေ ဒီနေ့ သားကို ပါးပါးနဲ့အတူ ကျောင်းလိုက်ပို့ပေးပါလား"

ကလေးငယ်၏ စကားအား ကြားလိုက်ရသောမောင်၏ မျက်နှာထက်တွင် အံသြသော အရိပ်အယောင်တို့ ပေါ်လာသည်။

"လွန်းငယ် ကလေးကို ဘာတွေပြောထားတာလဲ...မင်း ကျောင်းလိုက်ပို့မယ်ပြောထားတာလား"

မောင်၏ စိတ်ထဲတွင် အမြဲလွန်းငယ်သည်သာ တရားခံဖြစ်ပုံရသည်။ ကလေးငယ်၏ စကားအား ကြားသည်နှင့် ပထမဆုံးလုပ်သည်က လွန်းငယ်အား အညှာတာကင်းမဲ့စွာ စွပ်စွဲခြင်းပင်။

"မောင်ကလေ တစ်ခုခုဆို လွန်းငယ်ကိုပဲ အပြစ်တင်ဖို့ တွေးနေတာလား"

ဝမ်းနည်းမှုအား ထိန်းချုပ်ထားသည့် အက်ကွဲသောအသံဖြင့် လွန်းငယ် မေးလိုက်မိတော့ မောင်က ပြန်ဖြေမလာတော့။

လွန်းငယ် စကားတိုင်းက မောင့်အတွက် အရာမရောက်ပုံပေါ်သည်။

"သုသု သားကို ဖေဖေနဲ့တီလေးမိုးက လိုက်ပို့မယ်လေ...နောက်ကျနေပြီ သားရဲ့အချိန်မဆွဲနဲ့တော့...တီလေးမိုးက အလုပ်မအားတဲ့ကြားက သားကို ကျောင်းအရင်လိုက်ပို့ခိုင်းတာ...ဒီကိုလာခဲ့သား"

လွန်းငယ် အသက်ရှူပင် ကြပ်လာရသည်။ သူဘာဖြစ်ဖြစ် ဂရုမစိုက်သည့်မောင်က အလုပ်ရှုပ်လွန်းသည့် သူ့ချစ်သူအား လွန်းငယ်ရှေ့တွင် ဂရုစိုက်ပြနေသည်။ ဂုဏ်ပုဒ်ခြင်း မတူတော့ မတူမတန်သလို ဆက်ဆံခံရသည်က ပုံမှန်ပင်ဖြစ်သော်လည်း ယခု လွန်းငယ်အား မတူမတန်သလို ဆက်ဆံနေသည်မှာ လွန်းငယ်၏ တရားဝင်ခင်ပွန်းသည် ကိုယ်တိုင်ပင်။ လွန်းငယ်အား သိမ်ငယ်စေသည့် ခံစားချက်များ ရအောင် မောင် လုပ်ရက်နိုင်သည်။ ဘယ်လိုတောင် အရမ်းရက်စက်နိုင်ရတာလဲ မောင်။

"ဟင့်အင်း သား မလာဘူး...ဖေဖေနဲ့ ပါးပါး ကျောင်းလိုက်မပို့ရင် သား ကျောင်းမသွားတော့ဘူး"

လွန်းငယ် ကလေးငယ်အား ချော့မော့ပြောပေးချင်သော်လည်း ကိုယ်တိုင်က အရမ်းဝမ်းနည်းနေရသောကြောင့် ဘာမှမပြောနိုင်။ ဝမ်းနည်းမှုအား ကိုယ့်ဘာသာ ကြိုးစားဖြေဖျောက်နေရသည်။

"ကို သုသုကို အတူတူ ကျောင်းလိုက်ပို့ပေးလိုက်ပါ...မိုး ဒီက စောင့်နေလိုက်မယ်...ကို ပြန်လာမှ အလုပ်လိုက်ပို့လိုက်တော့"

ကြားလိုက်ရသော စကားကြောင့် လွန်းငယ်၏ ဝမ်းနည်းမှုသည် အနည်းငယ်မျှ လျော့သွားခြင်းပင် မရှိဘဲ ပို၍တိုးလာရသည်။ ခုလို အခြေအနေတွင် အလျော့ပေးလိုက်သောသူ(မ)က စိတ်ထားကောင်းသူတစ်ယောက်ဖြစ်ပြီး ဘာမှမပြောနိုင်ဘဲ ငြိမ်နေမိသည့် လွန်းငယ်က လူဆိုးတစ်ယောက်ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။ ရင်မဆိုင်နိုင်စွာ လွန်းငယ် ဒီနေရာမှ ပျောက်ကွယ်ချင်မိလာသည်။

"မိုး ဒီနေ့အရေးကြီးလူနာ ရှိတယ်ဆို...ဘယ်လိုလုပ်ဖို့ တွေးနေတာလဲ"

"မိုး နေမကောင်းလို့ဆိုပြီး ခွင့်ယူလိုက်မယ် ကို...ဘာမှမဖြစ်ပါဘူး"

ကြယ်လွှဲမိုး စကားဆုံးသည်နှင့် မောင်၏ ဒေါသထွက်သော မျက်ဝန်းများသည် ပေါက်စီလေးဆီသို့ရောက်လာသည်။

"သွန်းသုမာန် ဖေဖေ့စကားတောင် နားမထောင်တော့ဘူးပေါ့လေ...အခုချက်ချင်း လာမလား မလာဘူးလား"

မာထန်စွာ ပြောသော မောင်၏စကားကြောင့် ကလေးငယ်၏ ခန္ဓာကိုယ်လေး တုန်တက်သွားရသည်။

"ဖေဖေ သား...သား ပါးပါးနဲ့ကျောင်းသွားလို့ မရဘူးလား...အဲဒါလေးတစ်ခုဘဲ သားကိုလိုက်လျောလို့ မရဘူးလား"

ကလေးငယ်၏ ပြန်လည်ဖြေကြားမှုအဆုံး မောင့်လုပ်ရပ်သည် လွန်းငယ်နှင့် ပေါက်စီလေးရှိရာဆီ ရောက်လာကာ သူတို့၏တွဲထားသောလက်အား ကြမ်းတမ်းစွာဖြုတ်ချလိုက်ခြင်းပင်။

"သွန်းသုမာန် မင်းလည်း တော်တော်သတ္တိကောင်းနေတယ်ပေါ့...တံငါနားနီး တံငါ၊မုဆိုးနားနီးမုဆိုးစကားပုံ အရမ်းမှန်တာပဲ...နောက်ဆို မင်းကို တစ်ယောက်တည်းထားခဲ့ဖို့ ငါတော်တော်စဉ်းစားရတော့မယ်"

ရွံရှာသော မျက်ဝန်းများဖြင့် ကြည့်လာသောမောင်ကြောင့် လွန်းငယ်မျက်လုံးအား မှိတ်ပစ်လိုက်မိသည်။ တလောကလုံးရှိ လူများ ထိုသို့အကြည့်ဖြင့် ကြည့်သည်ကို လွန်းငယ်သည်းခံနိုင်သော်လည်း မောင်ကပါ ကြည့်လာသောအခါ သေမတတ်နာကျင်ခံစားရသည်။ စာနာပေးမည့်သူ မရှိမှန်း သိရှိစွာ မငိုမိအောင် လွန်းငယ် ထိန်းထားမိသည်။ မောင့်ရှေ့ မျက်ရည်မကျချင်တော့။ မောင်က ငိုခြင်းအား မုန်းသည်လေ။

"ဖေဖေ သားလက်နာနေပြီ...အီးဟီး သားကျောင်းမသွားဘူး...ဖေဖေ့ကို မုန်းတယ်...ပါးပါးကို ဝမ်းနည်းအောင်လုပ်တဲ့ဖေဖေ့ကို မုန်းတယ်...ပါးပါး သားကိုလာခေါ်ပါ...သား မလိုက်ဘူး...မသွားဘူး အီးဟီး"

ပေါက်စီလေး၏ လက်နုနုလေးများအား အကြမ်းပတမ်းဆွဲကာ ရုန်းကန်နေသော ကလေးအား အတင်းဆွဲခေါ်သွားသည့် မောင်သည် ရက်စက်စွာ။ လွန်းငယ် တားချင်မိသည်။ မောင့်အား အော်ဟစ်ပစ်ချင်မိသည်။ သို့သော် စကားလုံးတို့သည် လုံးဝထွက်မလာပေ။ လည်ချောင်းထဲ တစ်စို့နေကြသည်။ ရင်ထဲစို့နစ်နေသော ခံစားချက်များအားလည်း အပြင်သို့ပေါက်ကွဲထွက်၍ မရတော့။ နာကျင်မှုတို့ ရင်ထဲတွင် ပြည့်လျှံနေလေပြီ။

"ကို ဘာတွေလုပ်နေတာလဲ...ကလေးကို ဘယ်လိုလုပ်တာလဲ"

"ငါနဲ့ ငါ့သား ကိစ္စ မိုး...မင်းလည်း ဘာမှ ဝင်ပြောစရာ မလိုဘူး...ပြသနာ ဒီထက် မကြီးချင်ရင် ကားပေါ်တက်လိုက်...သုသုကို ကျောင်းပို့ပြီးတာနဲ့ ဆေးရုံတစ်ခါတည်း ပို့ပေးမယ်"

ဒေါသသံဖြင့် ပြောကာ ပေါက်စီလေးအား ကားထဲသွင်း၍ တံခါးလော့ချပြီး ကားမောင်းသူနေရာတွင် ထိုင်လိုက်သောမောင်ကြောင့် မောင့်ချစ်သူသည်လည်း ကားတစ်ဖက်ခြမ်းတွင် ဝင်ထိုင်လိုက်သည်။ တခဏ အကြာတွင် ကားသည် လွန်းငယ်မျက်စိရှေ့မှ ပျောက်ကွယ်သွားတော့သည်။

ငယ်ရွယ်သော ကလေးငယ်တစ်ယောက်၏ အများနည်းတူ မိသားစုချစ်ခင်မှုအား ရရှိလိုသော ဆန္ဒလေးသည် မောင့်ကြောင့် တစစီ ကြေကွဲပျက်ဆီးသွားလေပြီ။

လွန်းငယ် ဘာကိုမှ ဂရုမစိုက်စွာ အိမ်ပေါ်ထပ်သို့ အပြေးတက်လိုက်မိသည်။ ကြီးကြီး၏ စိုးရိမ်တကြီး တားဆီးသံတို့အား ကြားသော်လည်း ဂရုမစိုက်တော့။ မောင်နှင့် သူ၏ အိပ်ခန်းထဲသို့ဝင်ကာ တံခါးအား ဆောင့်ပိတ်၍ လော့ချပစ်လိုက်သည်။

စို့နစ်နေသော ခံစားချက်များအား ဖြေဖျောက်ရန် ကြိုးစား၍ အော်ဟစ်ပစ်လိုက်သည်။

"အားးးး "

ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး မျက်ဝန်းအား မှိတ်ချလိုက်တော့ ပူနွေးသော မျက်ရည်တို့သည် တားဆီးမရစွာ ပါးပြင်ပေါ် စီးကျလာတော့သည်။

တံခါးဘောင်အား မှီလျက် အရုပ်ကြိုးပျက်ထိုင်ချလိုက်မိသည်။

မျက်ရည်များကြောင့် ဝေဝါးနေသော နှစ်ယောက်အိပ်ကုတင်ခေါင်းရင်းရှိ မင်္ဂလာဓာတ်ပုံသည် လွန်းငယ်အား လှောင်ပြောင်နေသည်။

တရားဝင်လက်ထပ်စာချုပ်သည် လွန်းငယ်နှင့် မောင်အား ချစ်ခြင်းမေတ္တာဖြင့် ရစ်ပစ်နှောင်ဖွဲ့မထားနိုင်ခဲ့။

ရှိုက်သံသဲ့သဲ့ကြားမှ တိုးညှင်းသော အသံလေးထွက်ပေါ်လာသည်။

"ဘယ်နေရာက စပြီး မောင်နဲ့လွန်းငယ် မှားယွင်းခဲ့ကြတာလဲ မောင်ရယ်"

ငိုကြွေးခြင်းတို့ ရပ်တန့်သွားတဲ့အခါ
နာကျင်မှုတို့ ပျောက်ဆုံးသွားတဲ့အခါ
ခံစားချက်တို့ အေးစက်သွားတဲ့အခါ
နှလုံးသားဟာ သေဆုံးသွားလိမ့်မယ်တဲ့။

မသေဆုံးချင်သော နှလုံးသားတစ်စုံအတွက်
ငိုကြွေးကာ ဖြေဖျောက်ချင်မိတယ်
စိတ်မပျက်စေရန် မျှော်လင်ချက်လေးဖြင့်...။

***********************

Zawgyi

အပိုင္း(၁၁)

ေၾကမြသြားေသာ ဆႏၵငယ္ေလး

ျပတင္းတံခါးမွ တိုးဝင္လာေသာ ေနျခည္ေဖ်ာ့ေဖ်ာ့ေၾကာင့္ မ်က္လုံးပြင့္လာေသာ္လည္း မနက္ခင္းတိုင္း ျမင္ေနၾက ျဖစ္ေသာ ေမာင္၏ မ်က္ႏွာအား မေတြ႕ရေပ။ ေမာင္ မေန႕က တစ္ညလုံး အျပင္မွာ အိပ္သည္။

ဘယ္မွာအိပ္မွန္းလည္း သူ မသိ။ ဖုန္းဆက္ေသာ္လည္း စက္ပိတ္ထားသည္တဲ့။ လြန္းငယ္အား ေမာင္က လူေရွ႕တစ္ခါမွ ပြဲမထုတ္ခဲ့ေသာေၾကာင့္ ေမာင္၏ ရင္းႏွီးရာမ်ားလည္း လြန္းငယ္ မသိပါ။

တစ္ညလုံး သူ စိတ္ပူေနသည္ကို အေၾကာင္းမၾကားဘဲ ေနနိုင္ေသာေမာင့္အား သူတကယ္အံ့ၾသမိသည္။ အိပ္ရာေပၚမွ ထကာ ေအာက္ထပ္သို႔ဆင္းလာလိုက္၏၊

မနက္စာ ျပင္ေနေသာ ႀကီးႀကီး အနီးသို႔ သြားကာ ႏႈတ္ဆက္လိုက္သည္။

"ႀကီးႀကီး Good morning"

"Morning သားငယ္ေလး...နိုးၿပီလား....ႀကီးႀကီး ေစာေစာနိုးတာနဲ႕ မနက္စာျပင္ထားလိုက္တာ...တစ္ခါတည္း စားမလား"

"ေမာင္ ျပန္ေရာက္မလားလို႔ ဆင္းလာတာ ႀကီးႀကီး...ကြၽန္ေတာ္ မ်က္ႏွာမသစ္ရေသးဘူး...ေပါက္စီေလးကိုႏွိုးၿပီး သန႔္ရွင္းေရးလုပ္ၿပီးမွ တစ္ေခါက္ျပန္ဆင္းခဲ့မယ္"

"အင္း သားငယ္ေလး"

ေပါက္စီေလးအား ႏွိုးရန္ လြန္းငယ္ အိမ္ေပၚထပ္သို႔ ျပန္တက္လာခဲ့သည္။ ေမာင္က သူ႕ကို မျမင္ခ်င္ေသာေၾကာင့္ အိမ္ျပန္မလာပုံရေသာ္လည္း ေပါက္စီေလးအား ေက်ာင္းလိုက္ပို႔ရန္ေတာ့ ေမ့မည့္ပုံမေပၚပါ။ ေပါက္စီေလး အဆင္သင့္ျဖစ္ေနေစရန္မွာ သူ၏ တာဝန္ပင္။

အခန္းတံခါးဖြင့္လိုက္ေတာ့ အိပ္ရာေပၚတြင္ ထိုင္ေနေသာေပါက္စီေလးအား ေတြ႕လိုက္ရသည္။

"နိုးေနတာလား ေပါက္စီေလး"

"ဟုတ္ သား အိပ္မေပ်ာ္လို႔"

"အိပ္မေပ်ာ္ဘူး...အိပ္ေရးမဝဘူးေပါ့...ဖ်ားမ်ားဖ်ားတာလား"

စိုးရိမ္စြာ ေပါက္စီေလးနဖူးအား ထိလိုက္မိေတာ့ လက္ေသးေသးေလးမ်ားက သူ၏လက္အား အေပၚမွ ထပ္၍ဆုပ္ကိုင္လာသည္။

"ပါးပါး ေဖေဖ့အစား သားေတာင္းပန္ပါတယ္...ေဖေဖ့ေၾကာင့္ သားကိုထားၿပီး ထြက္မသြားပါနဲ႕"

မ်က္ရည္ဝဲကာ ေျပာလာေသာ ကေလးငယ္အား လြန္းငယ္မည္သို႔ ႏွစ္သိမ့္ရမည္မွန္း မသိေတာ့။

"ပါးက ပါးရဲ႕သားေလးကို ထားၿပီး ဘယ္ကိုထြက္သြားရမွာလဲ...အဲဒါေၾကာင့္ အိပ္မေပ်ာ္တာလား"

ကေလးငယ္က ခ်က္ခ်င္းေခါင္းညိတ္ျပလာ၏။

"ေနာက္ အဲလိုေတြးၿပီး စိတ္ေသာက မေရာက္ရဘူးေနာ္...ပါးက ေပါက္စီေလးကို အရမ္းခ်စ္တာ...ထားမသြားပါဘူး"

"ပါးပါး အရမ္းခ်စ္တယ္"

လက္ေသးေသးေလးမ်ားျဖင့္ ေပြ႕ဖက္လာေသာကေလးငယ္အား ျပန္ေပြ႕ဖက္ရင္း လြန္းငယ္ နာက်င္စြာ ၿပဳံးလိုက္မိသည္။

ကေလးငယ္တစ္ေယာက္ကပင္ သူ၏ခံစားခ်က္မ်ားအား ဖြင့္ဟေျပာနိုင္ေသာ္လည္း ေမာင္ကေတာ့ ကေလးတစ္ေယာက္ေလာက္ပင္ သူ႕အား နားမလည္ေပ။ ေမာင့္ဆီမွ ခ်စ္တယ္ဆိုေသာ စကားသည္ လြန္းငယ္အတြက္ ဘယ္ေတာ့မွ ထပ္မၾကားနိုင္ေတာ့သည့္ စကားျဖစ္ေလာက္သည္။

"ေပါက္စီေလး ေက်ာင္းမသြားခင္ ေရခ်ိဳးသြားမလား"

"ဟုတ္ ပါးပါး"

"ပါးပါး ခ်ိဳးေပးမယ္...အကၤ်ီခြၽတ္ရေအာင္"

ကေလးငယ္က အကၤ်ီခြၽတ္ရန္ လက္ေလးႏွစ္ဖက္အား ျမႇောက္ေပးလာသည္။ လြန္းငယ္ ကေလးငယ္၏ အကၤ်ီအား ခြၽတ္ေပးလိုက္၏။

"ပါးပါးလည္း သားနဲ႕အတူတူ ခ်ိဳးပါလား"

"ပါးပါး မခ်ိဳးေတာ့ဘူး...သားကိုပဲ ခ်ိဳးေပးေတာ့မယ္...ပါးပါးက မ်က္ႏွာသစ္လိုက္မယ္"

"ပါးပါး ညစ္ပတ္...ေရလည္းမခ်ိဳးဘူး...ခုခ်ိန္ထိ မ်က္ႏွာလည္း မသစ္ေသးဘူး"

ကေလးငယ္အား အသည္းယားစြာ ပါးအိအိေလးမ်ားအား လြန္းငယ္ ဖြဖြေလး ဖ်စ္ညွစ္လိုက္မိသည္။

"ပါးပါး လုပ္တာ သား႐ုပ္ဆိုးေတာ့မယ္...အဲလို ခဏခဏလုပ္ရင္ ႀကီးရင္ ႐ုပ္ဆိုးတတ္တယ္တဲ့"

"ဟမ္ သားကို ဘယ္သူေျပာတာလဲ"

"သားရဲ႕ဆရာမ ေျပာတာ"

"သားရဲ႕ဆရာမက ဘယ္လိုေၾကာင့္အဲလိုေျပာတာလဲ"

"ပါးပါးက သားကို အဲလိုပါးကိုဆြဲညွစ္ေနၾကေလ...အဲလိုလုပ္တိုင္း ပါးပါးသေဘာက်ေနတတ္တယ္...သားလည္း အဲဒါကို စမ္းၾကည့္ခ်င္တာနဲ႕ သားရဲ႕သူငယ္ခ်င္းပါးကို ဆြဲညွစ္လိုက္တာ သူ ငိုသြားတယ္...ဆရာမက သားကိုေနာက္မလုပ္ရဘူး...အဲလိုလုပ္တာ ႀကီးရင္႐ုပ္ဆိုးတတ္တယ္လို႔ ေျပာတာ"

ေပါက္စီေလးစကားေၾကာင့္ လြန္းငယ္ ရယ္ရခက္ ငိုရခက္ျဖစ္သြားသည္။ ေနာက္ဆို အသည္းယားစြာ ပါးေလးဖဲ့ျခင္းအား ေရွာင္မွျဖစ္ေတာ့မည္။

"သားသူငယ္ခ်င္းကို နာေအာင္ထိ လုပ္လိုက္မိတာလား"

"သားက ဖြဖြေလး လုပ္တာပဲ...လက္ကဘယ္လိုအားပါသြားလဲမသိဘူး"

လြန္းငယ္ တကယ္ ဘာေျပာရမွန္းပင္ မသိေတာ့။ ေျပာစရာ စကားတို႔ ေပ်ာက္ရွသြားရသည္။

"ပါးပါး စိတ္မပူပါနဲ႕...သား သူ႕ကို ျပန္ေခ်ာ့လိုက္တာ...ခုဘာမွ မျဖစ္ေတာ့ဘူး"

တကယ့္ကို ေပါက္စီေလးကေတာ့ ရွာရွာႀကံႀကံ အတုခိုးကာ ေလွ်ာက္လုပ္ျခင္းျဖစ္သည္။

"ေနာက္ အဲလိုမ်ိဳး သူငယ္ခ်င္းကို မလုပ္ရေတာ့ဘူးေနာ္"

"ပါးပါးလည္း သားကို ႐ုပ္ဆိုးေအာင္ မလုပ္ရေတာ့ဘူးေနာ္"

"ဟုတ္ပါၿပီ ေပါက္စီေလးရယ္...အေအးပက္ေတာ့မယ္ ေရခ်ိဳးရေအာင္"

ေပါက္စီေလးအား ေခၚကာ ေရခ်ိဳးခန္းထဲဝင္လိုက္သည္။ ေရခ်ိဳးကန္ထဲ ေရႏြေးစပ္ကာ ဂ႐ုတစိုက္ ေရခ်ိဳးေပးလိုက္သည္။

ကေလးငယ္အား သဘက္ျဖင့္ ေရစင္ေအာင္ သုတ္ေပးလိုက္ၿပီး ေက်ာင္းဝတ္စုံထုတ္ကာဝတ္ေပးရန္ ျပင္လိုက္သည္။

"ပါးပါး သားဘာသာ ဝတ္လိုက္မယ္...ပါးပါးက မ်က္ႏွာသစ္ ကိုယ္လက္သန႔္စင္ဦး"

"ဟုတ္ပါၿပီ အတတ္ကေလးရယ္...ပါးပါး ကိုယ္လက္သန႔္စင္လိုက္မယ္...အကၤ်ီဝတ္ထားေနာ္ အေအးပတ္လိမ့္မယ္"

"ဟုတ္ ပါးပါး"

အက်င့္ပါေနေသာလက္က ေပါက္စီေလး၏ ပါးအား ဆြဲမိေတာ့ ကေလးငယ္က ႏႈတ္ခမ္းတို႔ ဆူေလေတာ့သည္။

"ပါးပါးေနာ္"

လြန္းငယ္ စိတ္လိုလက္ရ ရယ္လိုက္မိသည္။ ထို႔ေနာက္ ေရခ်ိဳးခန္းျပန္သြားကာ ကိုယ္လက္သန႔္စင္ၿပီး ျပန္လာေတာ့ ေပါက္စီေလးက ေက်ာင္းသြားရန္ အဆင္သင့္ျပင္ဆင္ၿပီးေနေလၿပီ။

ေပါက္စီေလး၏ စာၾကည့္စားပြဲမွ စာအုပ္မ်ားအား ေသခ်ာစိစစ္ကာ ေက်ာပိုးအိတ္ထဲထည့္လိုက္ၿပီးေနာက္ ေက်ာပိုးအိတ္ကိုင္ကာ ေပါက္စီေလးအား တြဲ၍ အိမ္ေပၚထပ္မွ ဆင္းလာလိုက္သည္။

"သုသုေလးနဲ႕ သားငယ္ေလးတို႔ ေကာ္ဖီေတြ ေအးကုန္လို႔ ႀကီးႀကီး ျပန္ႏႊေးလိုက္ရတယ္...လာလာ မနက္စာလာစားေတာ့"

"ဟုတ္ ႀကီးႀကီး"

ႀကီးႀကီးအား ျပန္ေျဖလိုက္ၿပီး ေပါက္စီေလးအား ထိုင္ခုံေပၚတင္ကာ စားပြဲေပၚမွ ေကာ္ဖီႏွင့္ ေပါင္မုန႔္ကို ခြံ႕ေကြၽးလိုက္သည္။

ေပါက္စီေလး ေက်ာင္းသြားမွ စားမည္ဟုေတြးကာ သူကေတာ့ မနက္စာအား မစားျဖစ္ေပ။

"ပါးပါး သားဝၿပီ"

"အင္း ေပါက္စီေလး"

လက္သုတ္ပဝါ ယူကာ ေပါက္စီေလး၏ ပါးစပ္အား သုတ္ေပးလိုက္ၿပီး ေပပြသြားေသာ သူ၏လက္မ်ားကိုလည္း သုတ္လိုက္သည္။

"သား ေက်ာင္းကိုေလ ပါးပါး လိုက္ပို႔ရင္ အရမ္းေကာင္းမွာပဲ"

ေပါက္စီေလး စကားေၾကာင့္ လြန္းငယ္ အံ့အားသင့္သြားရသည္။

"ဘာလို႔လဲဟင္ ေပါက္စီေလး"

"သားသူငယ္ခ်င္းေတြကို သူတို႔အေဖနဲ႕အေမ ႏွစ္ေယာက္လုံး ေက်ာင္းလိုက္ပို႔ရင္ သား အရမ္းအားက်မိတယ္...သားမွာ အေမ မရွိဘူးေလ"

ကေလးငယ္၏ တိုးညွင္းစြာ ေျပာလာေသာ စကားသံေလးသည္ လြန္းငယ္ရင္ထဲနာက်င္စြာ တိုးဝင္သြားသည္။

"သားမွာ အေမ မရွိတာအတြက္ သား ဝမ္းမနည္းတာမို႔ စိတ္မေကာင္းမျဖစ္ပါနဲ႕ ပါးပါး...သားကို အေမတစ္ေယာက္လို ခ်စ္တဲ့ပါးပါးရွိတယ္ေလ...ႀကီးႀကီးကလည္း ေျပာတယ္...ပါးပါးက သား အေမတစ္ေယာက္လိုသေဘာထားရမဲ့သူတဲ့...အဲဒါေၾကာင့္ သား ဝမ္းမနည္းဘူး"

ကေလးငယ္၏ စကားတို႔သည္ လြန္းငယ္ ရင္အားထိရွေစသည္။ လြန္းငယ္ ေပါက္စီေလးအ႐ြယ္က မိဘႏွစ္ပါးလုံး ရွိၾကေသးသည္။ အခ်စ္ခံရစြာ ႀကီးျပင္းလာေသာ္လည္း မိစုံဖစုံႏွင့္ မႀကီးျပင္းခဲ့ရေသာ ကေလးငယ္မ်ားအား စာနာနိုင္သည္။ လြန္းငယ္အား အရမ္းခ်စ္ေသာ မိဘႏွစ္ပါးက လြန္းငယ္ ၁၃ ႏွစ္အ႐ြယ္တြင္ ကားအက္ဆီးဒင့္ျဖင့္ လြန္းငယ္အား ခ်န္ထားရစ္ခဲ့ၾကသည္။ ထိုစဥ္ကလြန္းငယ္ ခံစားခဲ့ရသလိုမ်ိဳး ဘယ္ကေလးငယ္ကိုမွ မခံစားေစခ်င္ပါ။

"သားကို ေဖေဖနဲ႕ ပါးပါး ႏွစ္ေယာက္လုံး ေက်ာင္းလိုက္ပို႔ေပးေစခ်င္တယ္ ပါးပါး...တျခားကေလးေတြလို မိဘႏွစ္ေယာက္လုံးက သားေက်ာင္းထဲ မဝင္ခင္ လက္ျပႏႈတ္ဆက္ေနတာမ်ိဳး ခံဖူးခ်င္တယ္...ပါးပါးနဲ႕ ေဖေဖက မေန႕က ရန္ျဖစ္ထားၾကတာ...သား ခုေက်ာင္းသြားရင္ ပါးပါးပါ လိုက္ပို႔ဖို႔ ေတာင္းဆိုလို႔္ရလား"

သနားစဖြယ္ မ်က္လုံးဝိုင္းေလးမ်ားျဖင့္ ေတာင္းဆိုလာေသာ ကေလးငယ္၏ ဆႏၵအား ျငင္းဆန္ရန္ထိ လြန္းငယ္ အသည္းမမာပါ။

"ပါးပါး ေဖေဖ့ကို ေျပာၾကည့္မယ္ေနာ္ ေပါက္စီေလး"

"ဟုတ္ ပါးပါး"

ေပါက္စီေလး၏ ေခါင္းအား ႏွစ္သိမ့္သည့္သေဘာျဖင့္ ပြတ္သတ္မိစဥ္ အိမ္ေရွ႕မွ ကားရပ္သံၾကားလိုက္ရသည္။

"ေဟာ သားေဖေဖလာၿပီ...ပါးပါး အိမ္ေရွ႕လိုက္ပို႔ေပးမယ္"

ေပါက္စီေလးအား ေက်ာပိုးအိတ္လြယ္ေပးကာ လက္ဆြဲ၍ အိမ္ေရွ႕ထြက္လာေတာ့ အိမ္ေရွ႕ကားရပ္ထားရာေဘးတြင္ ေမာင့္အား ျမင္လိုက္ရသည္။ ေမာင္ တစ္ေယာက္တည္းေတာ့ မဟုတ္။ ေဒါက္တာ ၾကယ္လႊဲမိုးပါ ေမာင့္ေဘးတြင္ ရွိေနသည္။

ေမာင္က တစ္ညလုံး ေဒါက္တာၾကယ္လႊဲမိုးႏွင့္ တူတူရွိေနခဲ့သည္လား။ စိတ္ပူေနေသာ လြန္းငယ္အား ဖုန္းေလးတစ္ေကာပင္ မဆက္နိုင္သည့္အေၾကာင္းအရင္းက ေမာင္ရဲ႕ခ်စ္သူေၾကာင့္လား။

ႏွလုံးသားဆီမွ စူးေအာင့္နာက်င္မႈေၾကာင့္ လြန္းငယ္ ရင္ဘတ္အား ဖိကိုင္လိုက္ရသည္။ သူ၏ ရပ္တန႔္သြားေသာ ေျခလွမ္းမ်ားႏွင့္အတူ လက္တြဲထားေသာ ေပါက္စီေလးသည္လည္း ေရွ႕ဆက္မသြားဘဲ ရပ္တန႔္ကာ သူ႕အား ေမာ့ၾကည့္လာသည္။

"သုသု လာ ေက်ာင္းေနာက္က်ေတာ့မယ္...ေဖေဖ သုသုကို ေက်ာင္းအရင္လိုက္ပို႔မယ္...ၿပီးရင္ သားရဲ႕ တီေလးမိုးကို ေဆး႐ုံလိုက္ပို႔ရဦးမယ္"

ေမာင္ ေျပာလိုက္ေသာ စကားက လြန္းငယ္၏ ႏွလုံးသားအား ပို၍ စူးေအာင့္လာေစသည္။ ေပါက္စီေလးအား ေက်ာင္းလိုက္ပို႔ၿပီး သူ၏ ခ်စ္သူကို အလုပ္ပို႔ေပးဖို႔ စီစဥ္ေနသည္တဲ့လား။ တစ္ညလုံး တူတူရွိေနသည္ကိုပင္ အားမရစြာ ေပါက္စီေလးအား အတူတူေက်ာင္းလိုက္ပို႔ၿပီး အလုပ္လိုက္ပို႔ေပးဦးမလို႔တဲ့။

ကေလးငယ္ကပင္ သူ႕မ်က္ႏွာအား ေမာ့ၾကည့္လာသည္ထိ သူ၏နာက်င္မႈအား ျမင္နိုင္သည္ကို ေမာင္ကေတာ့ သူ ဘယ္လိုခံစားရမည္မွန္း သိပုံပင္ မရေပ။ လြန္းငယ္ ႏွလုံးသားရွိရာ ရင္ဘတ္ေနရာအား တင္းက်ပ္စြာ ဆုပ္ကိုင္မိေတာ့ လက္ေသးေသးေလးမ်ားက သူ၏တြဲထားေသာလက္အား အားေပးသလို တင္းက်ပ္စြာ ျပန္၍ ဆုပ္ကိုင္လာသည္။

"ေဖေဖ ဒီေန႕ သားကို ပါးပါးနဲ႕အတူ ေက်ာင္းလိုက္ပို႔ေပးပါလား"

ကေလးငယ္၏ စကားအား ၾကားလိုက္ရေသာေမာင္၏ မ်က္ႏွာထက္တြင္ အံၾသေသာ အရိပ္အေယာင္တို႔ ေပၚလာသည္။

"လြန္းငယ္ ကေလးကို ဘာေတြေျပာထားတာလဲ...မင္း ေက်ာင္းလိုက္ပို႔မယ္ေျပာထားတာလား"

ေမာင္၏ စိတ္ထဲတြင္ အၿမဲလြန္းငယ္သည္သာ တရားခံျဖစ္ပုံရသည္။ ကေလးငယ္၏ စကားအား ၾကားသည္ႏွင့္ ပထမဆုံးလုပ္သည္က လြန္းငယ္အား အညွာတာကင္းမဲ့စြာ စြပ္စြဲျခင္းပင္။

"ေမာင္ကေလ တစ္ခုခုဆို လြန္းငယ္ကိုပဲ အျပစ္တင္ဖို႔ ေတြးေနတာလား"

ဝမ္းနည္းမႈအား ထိန္းခ်ဳပ္ထားသည့္ အက္ကြဲေသာအသံျဖင့္ လြန္းငယ္ ေမးလိုက္မိေတာ့ ေမာင္က ျပန္ေျဖမလာေတာ့။

လြန္းငယ္ စကားတိုင္းက ေမာင့္အတြက္ အရာမေရာက္ပုံေပၚသည္။

"သုသု သားကို ေဖေဖနဲ႕တီေလးမိုးက လိုက္ပို႔မယ္ေလ...ေနာက္က်ေနၿပီ သားရဲ႕အခ်ိန္မဆြဲနဲ႕ေတာ့...တီေလးမိုးက အလုပ္မအားတဲ့ၾကားက သားကို ေက်ာင္းအရင္လိုက္ပို႔ခိုင္းတာ...ဒီကိုလာခဲ့သား"

လြန္းငယ္ အသက္ရႉပင္ ၾကပ္လာရသည္။ သူဘာျဖစ္ျဖစ္ ဂ႐ုမစိုက္သည့္ေမာင္က အလုပ္ရႈပ္လြန္းသည့္ သူ႕ခ်စ္သူအား လြန္းငယ္ေရွ႕တြင္ ဂ႐ုစိုက္ျပေနသည္။ ဂုဏ္ပုဒ္ျခင္း မတူေတာ့ မတူမတန္သလို ဆက္ဆံခံရသည္က ပုံမွန္ပင္ျဖစ္ေသာ္လည္း ယခု လြန္းငယ္အား မတူမတန္သလို ဆက္ဆံေနသည္မွာ လြန္းငယ္၏ တရားဝင္ခင္ပြန္းသည္ ကိုယ္တိုင္ပင္။ လြန္းငယ္အား သိမ္ငယ္ေစသည့္ ခံစားခ်က္မ်ား ရေအာင္ ေမာင္ လုပ္ရက္နိုင္သည္။ ဘယ္လိုေတာင္ အရမ္းရက္စက္နိုင္ရတာလဲ ေမာင္။

"ဟင့္အင္း သား မလာဘူး...ေဖေဖနဲ႕ ပါးပါး ေက်ာင္းလိုက္မပို႔ရင္ သား ေက်ာင္းမသြားေတာ့ဘူး"

လြန္းငယ္ ကေလးငယ္အား ေခ်ာ့ေမာ့ေျပာေပးခ်င္ေသာ္လည္း ကိုယ္တိုင္က အရမ္းဝမ္းနည္းေနရေသာေၾကာင့္ ဘာမွမေျပာနိုင္။ ဝမ္းနည္းမႈအား ကိုယ့္ဘာသာ ႀကိဳးစားေျဖေဖ်ာက္ေနရသည္။

"ကို သုသုကို အတူတူ ေက်ာင္းလိုက္ပို႔ေပးလိုက္ပါ...မိုး ဒီက ေစာင့္ေနလိုက္မယ္...ကို ျပန္လာမွ အလုပ္လိုက္ပို႔လိုက္ေတာ့"

ၾကားလိုက္ရေသာ စကားေၾကာင့္ လြန္းငယ္၏ ဝမ္းနည္းမႈသည္ အနည္းငယ္မွ် ေလ်ာ့သြားျခင္းပင္ မရွိဘဲ ပို၍တိုးလာရသည္။ ခုလို အေျခအေနတြင္ အေလ်ာ့ေပးလိုက္ေသာသူ(မ)က စိတ္ထားေကာင္းသူတစ္ေယာက္ျဖစ္ၿပီး ဘာမွမေျပာနိုင္ဘဲ ၿငိမ္ေနမိသည့္ လြန္းငယ္က လူဆိုးတစ္ေယာက္ျဖစ္သြားသည္ဟု ခံစားလိုက္ရသည္။ ရင္မဆိုင္နိုင္စြာ လြန္းငယ္ ဒီေနရာမွ ေပ်ာက္ကြယ္ခ်င္မိလာသည္။

"မိုး ဒီေန႕အေရးႀကီးလူနာ ရွိတယ္ဆို...ဘယ္လိုလုပ္ဖို႔ ေတြးေနတာလဲ"

"မိုး ေနမေကာင္းလို႔ဆိုၿပီး ခြင့္ယူလိုက္မယ္ ကို...ဘာမွမျဖစ္ပါဘူး"

ၾကယ္လႊဲမိုး စကားဆုံးသည္ႏွင့္ ေမာင္၏ ေဒါသထြက္ေသာ မ်က္ဝန္းမ်ားသည္ ေပါက္စီေလးဆီသို႔ေရာက္လာသည္။

"သြန္းသုမာန္ ေဖေဖ့စကားေတာင္ နားမေထာင္ေတာ့ဘူးေပါ့ေလ...အခုခ်က္ခ်င္း လာမလား မလာဘူးလား"

မာထန္စြာ ေျပာေသာ ေမာင္၏စကားေၾကာင့္ ကေလးငယ္၏ ခႏၶာကိုယ္ေလး တုန္တက္သြားရသည္။

"ေဖေဖ သား...သား ပါးပါးနဲ႕ေက်ာင္းသြားလို႔ မရဘူးလား...အဲဒါေလးတစ္ခုဘဲ သားကိုလိုက္ေလ်ာလို႔ မရဘူးလား"

ကေလးငယ္၏ ျပန္လည္ေျဖၾကားမႈအဆုံး ေမာင့္လုပ္ရပ္သည္ လြန္းငယ္ႏွင့္ ေပါက္စီေလးရွိရာဆီ ေရာက္လာကာ သူတို႔၏တြဲထားေသာလက္အား ၾကမ္းတမ္းစြာျဖဳတ္ခ်လိဳက္ျခင္းပင္။

"သြန္းသုမာန္ မင္းလည္း ေတာ္ေတာ္သတၱိေကာင္းေနတယ္ေပါ့...တံငါနားနီး တံငါ၊မုဆိုးနားနီးမုဆိုးစကားပုံ အရမ္းမွန္တာပဲ...ေနာက္ဆို မင္းကို တစ္ေယာက္တည္းထားခဲ့ဖို႔ ငါေတာ္ေတာ္စဥ္းစားရေတာ့မယ္"

႐ြံရွာေသာ မ်က္ဝန္းမ်ားျဖင့္ ၾကည့္လာေသာေမာင္ေၾကာင့္ လြန္းငယ္မ်က္လုံးအား မွိတ္ပစ္လိုက္မိသည္။ တေလာကလုံးရွိ လူမ်ား ထိုသို႔အၾကည့္ျဖင့္ ၾကည့္သည္ကို လြန္းငယ္သည္းခံနိုင္ေသာ္လည္း ေမာင္ကပါ ၾကည့္လာေသာအခါ ေသမတတ္နာက်င္ခံစားရသည္။ စာနာေပးမည့္သူ မရွိမွန္း သိရွိစြာ မငိုမိေအာင္ လြန္းငယ္ ထိန္းထားမိသည္။ ေမာင့္ေရွ႕ မ်က္ရည္မက်ခ်င္ေတာ့။ ေမာင္က ငိုျခင္းအား မုန္းသည္ေလ။

"ေဖေဖ သားလက္နာေနၿပီ...အီးဟီး သားေက်ာင္းမသြားဘူး...ေဖေဖ့ကို မုန္းတယ္...ပါးပါးကို ဝမ္းနည္းေအာင္လုပ္တဲ့ေဖေဖ့ကို မုန္းတယ္...ပါးပါး သားကိုလာေခၚပါ...သား မလိုက္ဘူး...မသြားဘူး အီးဟီး"

ေပါက္စီေလး၏ လက္ႏုႏုေလးမ်ားအား အၾကမ္းပတမ္းဆြဲကာ ႐ုန္းကန္ေနေသာ ကေလးအား အတင္းဆြဲေခၚသြားသည့္ ေမာင္သည္ ရက္စက္စြာ။ လြန္းငယ္ တားခ်င္မိသည္။ ေမာင့္အား ေအာ္ဟစ္ပစ္ခ်င္မိသည္။ သို႔ေသာ္ စကားလုံးတို႔သည္ လုံးဝထြက္မလာေပ။ လည္ေခ်ာင္းထဲ တစ္စို႔ေနၾကသည္။ ရင္ထဲစို႔နစ္ေနေသာ ခံစားခ်က္မ်ားအားလည္း အျပင္သို႔ေပါက္ကြဲထြက္၍ မရေတာ့။ နာက်င္မႈတို႔ ရင္ထဲတြင္ ျပည့္လွ်ံေနေလၿပီ။

"ကို ဘာေတြလုပ္ေနတာလဲ...ကေလးကို ဘယ္လိုလုပ္တာလဲ"

"ငါနဲ႕ ငါ့သား ကိစၥ မိုး...မင္းလည္း ဘာမွ ဝင္ေျပာစရာ မလိုဘူး...ျပသနာ ဒီထက္ မႀကီးခ်င္ရင္ ကားေပၚတက္လိုက္...သုသုကို ေက်ာင္းပို႔ၿပီးတာနဲ႕ ေဆး႐ုံတစ္ခါတည္း ပို႔ေပးမယ္"

ေဒါသသံျဖင့္ ေျပာကာ ေပါက္စီေလးအား ကားထဲသြင္း၍ တံခါးေလာ့ခ်ၿပီး ကားေမာင္းသူေနရာတြင္ ထိုင္လိုက္ေသာေမာင္ေၾကာင့္ ေမာင့္ခ်စ္သူသည္လည္း ကားတစ္ဖက္ျခမ္းတြင္ ဝင္ထိုင္လိုက္သည္။ တခဏ အၾကာတြင္ ကားသည္ လြန္းငယ္မ်က္စိေရွ႕မွ ေပ်ာက္ကြယ္သြားေတာ့သည္။

ငယ္႐ြယ္ေသာ ကေလးငယ္တစ္ေယာက္၏ အမ်ားနည္းတူ မိသားစုခ်စ္ခင္မႈအား ရရွိလိုေသာ ဆႏၵေလးသည္ ေမာင့္ေၾကာင့္ တစစီ ေၾကကြဲပ်က္ဆီးသြားေလၿပီ။

လြန္းငယ္ ဘာကိုမွ ဂ႐ုမစိုက္စြာ အိမ္ေပၚထပ္သို႔ အေျပးတက္လိုက္မိသည္။ ႀကီးႀကီး၏ စိုးရိမ္တႀကီး တားဆီးသံတို႔အား ၾကားေသာ္လည္း ဂ႐ုမစိုက္ေတာ့။ ေမာင္ႏွင့္ သူ၏ အိပ္ခန္းထဲသို႔ဝင္ကာ တံခါးအား ေဆာင့္ပိတ္၍ ေလာ့ခ်ပစ္လိုက္သည္။

စို႔နစ္ေနေသာ ခံစားခ်က္မ်ားအား ေျဖေဖ်ာက္ရန္ ႀကိဳးစား၍ ေအာ္ဟစ္ပစ္လိုက္သည္။

"အားးးး "

က်ယ္ေလာင္စြာ ေအာ္ဟစ္လိုက္ၿပီး မ်က္ဝန္းအား မွိတ္ခ်လိဳက္ေတာ့ ပူႏြေးေသာ မ်က္ရည္တို႔သည္ တားဆီးမရစြာ ပါးျပင္ေပၚ စီးက်လာေတာ့သည္။

တံခါးေဘာင္အား မွီလ်က္ အ႐ုပ္ႀကိဳးပ်က္ထိုင္ခ်လိဳက္မိသည္။

မ်က္ရည္မ်ားေၾကာင့္ ေဝဝါးေနေသာ ႏွစ္ေယာက္အိပ္ကုတင္ေခါင္းရင္းရွိ မဂၤလာဓာတ္ပုံသည္ လြန္းငယ္အား ေလွာင္ေျပာင္ေနသည္။

တရားဝင္လက္ထပ္စာခ်ဳပ္သည္ လြန္းငယ္ႏွင့္ ေမာင္အား ခ်စ္ျခင္းေမတၱာျဖင့္ ရစ္ပစ္ႏွောင္ဖြဲ႕မထားနိုင္ခဲ့။

ရွိုက္သံသဲ့သဲ့ၾကားမွ တိုးညွင္းေသာ အသံေလးထြက္ေပၚလာသည္။

"ဘယ္ေနရာက စၿပီး ေမာင္နဲ႕လြန္းငယ္ မွားယြင္းခဲ့ၾကတာလဲ ေမာင္ရယ္"

ငိုေႂကြးျခင္းတို႔ ရပ္တန႔္သြားတဲ့အခါ
နာက်င္မႈတို႔ ေပ်ာက္ဆုံးသြားတဲ့အခါ
ခံစားခ်က္တို႔ ေအးစက္သြားတဲ့အခါ
ႏွလုံးသားဟာ ေသဆုံးသြားလိမ့္မယ္တဲ့။

မေသဆုံးခ်င္ေသာ ႏွလုံးသားတစ္စုံအတြက္
ငိုေႂကြးကာ ေျဖေဖ်ာက္ခ်င္မိတယ္
စိတ္မပ်က္ေစရန္ ေမွ်ာ္လင္ခ်က္ေလးျဖင့္...။

***********************




























































































Continue Reading

You'll Also Like

259K 9.4K 40
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
444K 25.7K 29
စေလိုရာ 💚 သခင် (အရာအားလုံးကိုအချိန်တွေကကုစားသွားမှာပါလို့ပြောပေမဲ့ သူ့အတွက်တော့ ကလေးငယ်နှင့်ပတ်သက်သည့်အရာအားလုံးကို မည်သည့်အချိန်ကမှမကုစားနိုင်ပါ) M...
1.1K 132 14
Short Storyလေးပါ။ သီတင်းကျွတ်ရဲ့အငွေ့အသက်လေးဖြစ်ချင်တာမို့ သီတင်းကျွတ်လကိုအခြေခံထားတဲ့ BoyLove Fctionလေးပါ။
258K 6.4K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်