∆ The Pitfall ∆ (Completed)
By Its_just_Thu
299K 38.2K 2.4K
I will win this game. Wang Yibo But how? I have nothing to lose. Xiao Zhan This is Yizhan fanfiction💚❤️ More
The Pitfall 1
The Pitfall 2
The Pitfall 3
The Pitfall 4
The Pitfall 5
The Pitfall 6
The Pitfall 7
The Pitfall 8
The Pitfall 9
The Pitfall 10
The Pitfall 11
The Pitfall 12
The Pitfall 13
The Pitfall 14
The Pitfall 15
The Pitfall 16
The Pitfall 17
The Pitfall 18
The Pitfall 19
The Pitfall 20
The Pitfall 21
The Pitfall 22
The Pitfall 23
The Pitfall 24
The Pitfall 25
The Pitfall 26
The Pitfall 27
The Pitfall 28
The Pitfall 29
The Pitfall Extra
Thank You Note💚❤️
The Pitfall Final
12.3K 1.2K 101
By Its_just_Thu
The Pitfall Final
မထင်မှတ်ပဲကြားလိုက်ရတဲ့မိခင်စကားကြောင့် ရှောင်းကျန့် ခြေလှမ်းတွေက လှုပ်မရအောင် မြေကြီးပေါ်မှာ ခိုင်တွယ်နေခဲ့တယ်။ အမေက .. ရှောင်းကျန့် ယုံကြည်ချစ်ခင်ရတဲ့အမေကလေ၊ ရှောင်းကျန့်ရည်းစားတွေကို သတ်ပစ်တဲ့ နောက်ကွယ်က ကြိုးကိုင်သူဖြစ်နေခဲ့တာလား။
အမှန်တရားတွေက သိပ်ကိုခါးတတ်ကြောင်း ရှောင်းကျန့်သဘောပေါက်သွားခဲ့ရပြီ။
ဒါပေမယ့် သူချက်ချင်းသတိဝင်လာာတက သူ ရိပေါ်ဆီ အခိန်မှီသွားရမယ်ဆိုတာပဲ။ အခုချိန်မှာ ရုပ်ရှင်ဇာတ်လမ်းတွေထဲကလို အမေဘာဖြစ်လို့ ဒီလိုလုပ်တာလဲလို့ မေးခွန်းထုတ်နေရမယ့်အချိန်မဟုတ်ဘူးလေ။
အခုချိန်မှာ ရိပေါ်အသက်လောက် ဘယ်အရာမှ အရေးမကြီးတော့ဘူး။
ကိုယ့်အမေစနက်ကြောင့် ရိပေါ်သေရပါလျှင် ရှောင်းကျန့်အတွက် သေရာပါဒဏ်ရာတစ်ခုလို ဖြစ်နေတော့မယ်။
ကားစတီယာရင်ကို ဆုပ်ကိုင်ထားတဲ့လက်တွေက တုန်နေတာမို့ ရှောင်းကျန့်ကားကို သတိထားမောင်းနေရသည်။ အစွမ်းတွေများရှိရင် ရှိပေါ်ဆီ မိုးပေါ်ကနေ ပျံပြေးသွားချင်လိုက်တာလေ။
နောက်ဆုံးအချိန်ထိ ကာကွယ်ပေးမယ်ဆိုတဲ့ဆန္ဒကိုတောင် ရှောင်းကျန့်ဟာ အကောင်အထည်မဖော်နိုင်ခဲ့သေး။
"နည်းပြ ကျွန်တော်တို့ချက်ချင်းဝင်သွားလို့မဖြစ်ဘူးနော်။ သူတို့ဘက်က လူအင်အားဘယ်လောက်ရှိမယ်ဆိုတာ မှန်းလို့မရဘူး"
ရှောင်းကျန့် ကားပေါ်ကဆင်းဆင်းချင်း ကြိုတင်ရောက်နှင့်နေတဲ့ ကျိရန်က အနားပြေးလာကာပြောတယ်။
ရိပေါ်ကို ဖမ်းခေါ်သွားတဲ့နေရာက မြို့ပြင်အစွန်ဘက်ကနားက ဂိုထောင်တစ်လုံးစီပဲ။ ဒါက သူတို့ရဲ့ စုရပ်နေရာလဲ ဖြစ်နိုင်တယ်။
"ဖမ်းသွားတုန်းက ဘယ်နှစ်ယောက်လဲ ကျိရန်"
"ဖမ်းသွားတာကတော့ ၄ ယောက်ပဲ။ အထဲမှာဘယ်နှစ်ယောက်ရှိမလဲ ကျွန်တော်လဲမပြောတတ်ဘူး။ ကျွန်တော့်အဖွဲ့တွေလဲ အခုလမ်းမှာလာနေပြီတဲ့။ သူတို့ကတော့ ၅ ယောက်လောက်လာမယ်။ နည်းပြရော ကျိုးချန်ကောတို့ကို ဆက်သွယ်ပြီးပြီလား"
"ဆက်သွယ်ပြီးပြီ။ တစ်ခါတည်း ရဲတွေကိုပါ ခေါ်ခိုင်းထားတယ်။ ရိပေါ်ဦးလေးကလဲ ရဲတစ်ယောက်ပဲ"
"ကျွန်တော်ကတော့ နည်းပြကို အထဲမဝင်စေချင်သေးဘူး။ ကျွန်တော့်လူတွေလာမှဝင်ရင်ကောင်းမယ်၊ သူတို့ခဏလေးနေရင်ရောက်တော့မှာ"
"မျက်စိတစ်မှိတ်အတွင်းမှာ ဘာဖြစ်သွားမလဲ မသိနိုင်ဘူးကျိရန်။ အခုသူတို့က ရိပေါ်ကို ပြန်ပေးဆွဲကြတာမဟုတ်ဘူး။ သူတို့က ရိပေါ်ကိုသတ်ပစ်တော့မှာ"
"နည်းပြဘယ်လိုသိတာလဲ"
"Hex အဖွဲ့ကို နောက်ကွယ်ကနေ ဘယ်သူခိုင်းတာလဲဆိုတာ ကိုယ်သိပြီးပြီ ကျိရန်"
ရှောင်းကျန့်စကားကြောင့် ကျိရန်က သိလိုသောမျက်လုံးတွေနဲ့ အသည်းအသန်ကြည့်ကာ မေးခွန်းထုတ်လာတယ်။
"ဘယ်သူလဲနည်းပြ"
"ရှက်ဖို့တော့ကောင်းပေမယ့် .. အဲဒါ ကိုယ့်အမေပဲ။ ကိုယ်အိမ်ကထွက်မလာခင်တုန်းက အမေဖုန်းပြောနေတာကိုကြားခဲ့တာ။ အမေက .. အမေက ရိပေါ်ကိုသတ်ပစ်ဖို့ သူတို့ကို အမိန့်ပေးလိုက်ပြီ"
မငိုဘူးလို့အားတင်းထားပေမယ့် ရှောင်းကျန့်အသံတွေတုန်သွားခဲ့တယ်။ သူချစ်ရတဲ့သူတစ်ယောက်က သူချစ်ရတဲ့နောက်ထပ်လူတစ်ယောက်ကိုသေစေချင်တယ်ဆိုတဲ့ကိစ္စက ရှောင်းကျန့် စိတ်နှလုံးကို ယောက်ယပ်ခတ်စေကာ ရှုပ်ထွေးစေတာ ငြင်းမရတဲ့အမှန်တရားပဲ။
"နည်းပြ အဆင်ပြေရဲ့လား"
"ငါ့ထက် ရိပေါ်ကို စိတ်ပူရမှာ ပြောနေတာကြာတယ် ငါအထဲဝင်တော့မယ်"
ရှောင်းကျန့်အိတ်ထဲမှာထည့်လာတဲ့ ဓားမြှောင်ကို အသာအယာစမ်းပြီးနောက် ခြံထဲကိုကျော်ဝင်ဖို့ကြိုးစားလိုက်တယ်။
"အကိုစုံ"
ကျိရန်နားကို သူ့အဖွဲ့ကကောင်းလေးတွေ ရောက်လာတာမို့ ရှောင်းကျန့် ပိုပြီးတော့ အားတက်သွားတယ်။ ကျိရန်ကို အတူလိုက်ခဲ့ဖို့ အချက်ပြလိုက်တော့ ကျိရန်က ခေါင်းညိတ်ပြကာ သူတို့တွေ ဂိုထောင်ထဲ ချဉ်းနင်းဝင်ရောက်ခဲ့လေသည်။
ဂိုထောင်အပျက်ကြီးက ခြံအနေအထားကကို အတော်လေးကြီးတာမို့ ဂိုထောင်ထဲထိရောက်အောင် အတော်လေးလျှောက်ရလေသည်။ ရိပေါ်အသက်ကို အချိန်မှီကယ်နိုင်ပါစေလို့ ရှောင်းကျန့် ဆုတောင်းနေမိသည်။
အဖေမေးခဲ့သည့် မင်းကောင်လေးကို ကာကွယ်နိုင်လို့လားဆိုတဲ့ မေးခွန်းကို ရှောင်းကျန့်သတိရမိသည်။
လူဆိုးဂိုဏ်းက မဟုတ်သလို ရာဇဝတ်မှုတွေနဲ့ယဉ်ပါးနေကြသူမဟုတ်တာမို့ သေနတ်တစ်လက်တောင် ရှောင်းကျန့် ကိုယ်မှာ မပါပါ။ ယှဉ်ချပြီဟေ့ဆိုရင် ရှောင်းကျန့် အချိန်မရွေးသေသွားနိုင်ပါသည်။ လက်ထဲမှာ ပါလာတာက ရှောင်းကျန့် အမြဲဆောင်တတ်တဲ့ ဓားတစ်လက်ပဲပါသည်။
ဂိုထောင်အတွင်းသို့ချဉ်းနင်းဝင်ရောက်နေတဲ့အချိန်မှာ ရှောင်းကျန့်မှာ ရင်ထဲတလှပ်လှပ်နဲ့။
xxxxxxxxxx
ရိပေါ် basement ထဲမှာ အနောက်မှာလူလိုက်လာသလိုခံစားရတာမို့ လှည့်ကြည့်လိုက်တာနဲ့ လောကကြီးနဲ့ အဆက်ပြတ်သွားရကာ နိုးလာတော့ ခန္တာကိုယ်တစ်ခုလုံးလှုပ်မရတော့။
ကျိန်းစပ်နေတဲ့မျက်လုံးတွေအသာဖွင့်ကြည့်မိတော့ ရိပေါ်ကို ဝိုင်းထားတဲ့ လူ ၆ ယောက်လောက်ရှိမည်။
အနက်ရောင်ဝတ်စုံကိုယ်စီနဲ့မို့ ဒါဟာ Hex အဖွဲ့ကဆိုတာ အသေအချာပဲပေါ့။ သူတို့ကတော့ ရိပေါ်နိုးလာတာကို သတိထားမိပုံမရသေးပဲ သူတို့အချင်းချင်းစကားဆိုနေကြသည်။ ရိပေါ် ထပြေးရအောင်ကလဲ တစ်ကိုယ်ုလံးလှုပ်ရှားနိင်စွမ်းမရှိပါ။
ရိပေါ်ကို ခုံတစ်လုံးမှာ ကြိုးအပြည့်တုပ်ကာ ချည်နှောင်ထားသည်။
"ချင်းလီ။ ငါတို့သူ့ကို တစ်ခါတည်းရှင်းလိုက်တော့မယ်လေ။ ဘာတွေစောင့်နေတာလဲ"
"ခေါင်းဆောင်က သူမလာမချင်း ဒီကောင့်ကို ဘာမှမလုပ်နဲ့လို့မှာထားတယ်လေ။ မင်းကလဲ စိတ်လျှော့ပါ။ အရမ်းလက်ယားနေလား"
"ဘာမဟုတ်တဲ့ကောင်လေးကို ခေါင်းဆောင်က ဘာလို့သူကိုယ်တိုင်သတ်ဖို့ လုပ်နေရတာလဲ"
"သူတို့ကကျောင်းတော်က ရန်စရှိတယ်ကွ"
ကျောင်းတော်က ရန်စရှိတယ်။ ရိပေါ် တစ်သက်မှာ ရိပေါ်ကို ရန်လိုနေတဲ့ရန်သူ ကြီးကြီးမားမားရယ်လို့မှမရှိတာ။
ပြီးတော့ ဦးလေးဟိုက်ခွမ်းပြောပုံအရဆို ရိပေါ်ကို အသက်အန္တာရယ်ပြုချင်နေတာ ရှောင်းကျန့်ဘက်က လူတွေဆို၊ ဒါဆို ခေါင်းဆောင်က ရိပေါ်ကို ကိုယ်တိုင်သတ်ချင်နေတယ်ဆိုတာ ဘာကြောင့်လဲ။
ရိပေါ်ဥာဏ်မှီသလောက် စဉ်းစားနေပေမယ့် မေးခွန်းတွေကများပြားလှတာမို့ တစ်ခုချင်းဆက်စပ်တွေးတောနေရဆဲ။
"ဒါနဲ့ ဟိုကောင်က သတိရမသေးဘူးလား ကြာပဲကြာနေပြီကို"
ရိပေါ်မေ့ချင်ယောင်ဆောင်ဖို့ မျက်လုံးတွေကို အမြန်မှိတ်ချပစ်လိုက်မိတယ်။ ဒါပေမယ့် ရိပေါ်ထက်လျင်တဲ့ကောင်တစ်ကောင်က ရိပေါ်သတိရနေတာကို သိသွားတဲ့ပုံပဲ။
"အဟက် ကောင်လေးက သတိရနေပြီပဲ ဟေ့ကောင်တွေ နည်းနည်းလောက်မဆုံးမချင်ကြဘူးလား"
"လက်တွေယားနေတာပါဆို"
"အသေတော့မသတ်နဲ့နော် ခေါင်းဆောင်အတွက် ချန်ထားရအုံးမယ်"
အဲဒီနောက်တော့ သူတို့က ရိပေါ်ကို တစ်ယောက်တစ်ချက် ဝိုင်းပြီးထိုးတဲ့လူနဲ့ ကန်တဲ့သူနဲ့ ရိပေါ်မှာ ကြိုးတုပ်ခံထားရတာမို့ ဘာမှပြန်မလုပ်နိုင်ခဲ့။ ခန္တာကိုယ်က ထွက်လာတဲ့သွေးတွေကို ရိပေါ် နည်းနည်းမှမမှု။ ရိပေါ် သိချင်စိတ်ကြီးစိုးနေတာက သူတို့ခေါင်းဆောင်ကဘယ်သူလဲဆိုတဲ့ မေးခွန်းပင်။
"ဟေ့ကောင်တွေ ခေါင်းဆောင်လာပြီ"
အထိုးခံထားရလို့ ခေါင်းငိုက်စိုက်ကျနေတဲ့ ရိပေါ်မျက်နှာကို ဆတ်ခနဲမော့ကြည့်လိုက်မိတယ်။
လုံးဝထင်မှတ်မထားတဲ့သူကို တွေ့လိုက်ရတာမို့ ရိပေါ် တော်တော်ကြီး အံ့သြသွားမိခဲ့မိတော့တယ်။
"အဟက် မင်းတို့ကလဲ ငါ့ကိုစောင့်ကြပါဆို"
"နည်းနည်းလေးဆုံမထားတာပါ ခေါင်းဆောင်"
ခေါင်းဆောင်ဆိုသူက ရိပေါ်နားသို့ ဖြည်းဖြည်းချင်းလျှောက်လာတယ်။ ပြီးတော့ သူ့လက်တစ်ဖက်နဲ့ ရိပေါ် မေးစေ့ကို ဆွဲမလိုက်တယ်။
"မင်းကိုယ်မင်း သိပ်အထင်မကြီးနဲ့လို့ ငါပြောခဲ့တယ်မဟုတ်လား ဟမ်။ မင်းနောက်မှ နောင်တရလိမ့်မယ်လို့ ငါပြောခဲ့တယ်လေ"
"ငါ့ကိုမလှုပ်နိုင်အောင်ကြိုးတုပ်ပြီး ခွေးစကားပြောမနေနဲ့၊ မင်းသတ္တိရှိရင် ငါ့ကိုကြိုးဖြေပေးလိုက်။ မင်းနဲ့ငါ တစ်ယောက်ချင်းယှဉ်ချမယ်လေ ဝမ်ချောင်"
"ဟေ့ကောင်တွေ ဒီကောင့်ကိုကြိုးဖြေပေးလိုက်"
"ခေါင်းဆောင်"
ဝမ်ချောင့်စကားကြောင့် သူ့တပည့်တစ်ယောက်က ဖြစ်ပါ့မလားဆိုတဲ့ သဘောမျိုးနဲ့ သူ့ကို ခပ်တိုးတိုးခေါ်လိုက်တယ်။
ဝမ်ချောင်ကတော့ သွေးဆာနေတဲ့ ခြင်္သေ့လိုပဲ၊ ရိပေါ်ကို အနိုင်တိုက်ခိုက်နိုင်မယ်လို့ သူ့ကိုယ်သူ ယုံကြည်ထားပုံရတယ်။
"လွှတ်ပေးလိုက်စမ်းပါ ဒီကောင် ဒီနေ့ ငါ့လက်ထဲမှာပဲသေရမှာ"
ဝမ်ချောင့်စကားကြောင့် သူ့တပည့်တွေက ရိပေါ်ကို ချည်ထားတဲ့ကြိုးတွေကိုဖြေပေးပြီး ခုံပေါ်ကနေ တွန်းချတယ်။
ထိုးနှက်ခံထားရပြီးတဲ့ ရိပေါ်က ချက်ချင်းပြန်ထနိုင်ဖို့ ခက်ခက်ခဲခဲကြိုးစားနေရတယ်။ လူ ၆ ယောက်လောက် ဝိုင်းရိုက်တာ ခံထားရတာမို့ မနာဘူးလို့ပြောရင် ရိပေါ် ညာနေတာဖြစ်တယ်။ ရိပေါ်ဝတ်ထားတဲ့အကျီမှာလဲ သွေးချင်းချင်းနီနေပြီ။ ဒါပေမယ့် တစ်ဖက်လူက ဝမ်ချောင်မို့ ရိပေါ် ခြေထောက်ကို အားပြုကာ ထရပ်လိုက်တယ်။ ဝမ်ချောင့်ကိုရှုံးမယ်ဆိုရင် ရိပေါ် မပီသဘူးလေ။
"ဘယ်လိုလဲ ထနိုင်သေးရဲ့လား စိတ်တောင်မကောင်းဘူး ဒီကောင်တွေကို ငါမလာခင် ဘာမှမလုပ်ပါနဲ့လို့ပြောထားပေမယ့် မင်းကိုက ရိုက်ချင်စရာကောင်းနေတာထင်တယ် ငါညင်သာပေးမှာပါ"
"ထွီ~ခွေးစကားတွေလာပြောမနေနဲ့ မင်းက ငါ့ကိုဘယ်တုန်းကနိုင်ဖူးလို့လဲ"
"မတ်တပ်တောင်မနည်းရပ်နေရတာကို လေကကျယ်နေတုန်းပဲနော် ကဲကွာ"
ရိပေါ်မျက်နှာပေါ် လက်သီးချက်တွေ အရင်ကျရောက်လာသည်။ ရိပေါ်ကလဲ မခံ၊ ဝမ်ချောင်မျက်နှာကို လက်သီးဖြင့် အောက်ကနေ ပင့်ကာထိုးလိုက်တာမို့ သွေးတွေဖျာဆင်းသွားရသည်။ အပြန်အလှန်ထိုးနှက်မှုတွေက အရှိန်ပါသည်။ ရိပေါ်က အမြဲ ဝမ်ချောင်ကို အနိုင်ယူခဲ့တယ်ဆိုပေမယ့် ဒီနေ့တော့ ဝမ်ချောင်က နှာတစ်ဖျားသာနေလေတယ်။ ဆန္ဒတွေရှိပေမယ့် ရိပေါ်လက်တွေက စိတ်အလျင်ကိုအမှီလိုက်မထိုးနိုင်တော့ဘူး။
"လက်သီးနဲ့ထိုးရတာပျင်းလာပြီ"
ဝမ်းပိုက်ကို ဝမ်ချောင်က လက်သီး ၃ ချက် ဆက်တိုက်ဆောင့်ထိုးသွင်းလိုက်တာမို့ ဒူးထောက်ကျသွားတဲ့ ရိပေါ်အနားကို ဝမ်ချောင်က ဓားတစ်ချောင်းကိုင်ကာ တိုးလာသည်။
"တစ်ခါတည်းသေအောင်သတ်ရမလား၊ ဖြည်းဖြည်းချင်း သတ်ရမလား ဟမ်"
"သတ်မယ်ဆိုလဲ စောက်စကားများမနေနဲ့ တစ်ခါတည်းသတ်ပစ်လိုက် ဒါပေမယ့် မင်းငါ့ကို ဘာလို့သတ်ချင်တာလဲတော့ ငါသိအောင်ပြောခဲ့"
"လူတစ်ယောက်ကို မုန်းနေဖို့ အကြောင်းပြချက်မလိုပါဘူး။ မင်းက မင်းဖြစ်နေလို့ကို ငါမုန်းတာ"
"ဆရာ၊ အပြင်မှာ ခြေသံတွေကြားမိသလိုပဲ။ ဇာတ်လမ်းကို မြန်မြန်ဖြတ်လိုက်ပါတော့"
"မင်းတို့ကောင်တွေ သွားကြည့်ထား ငါသူ့ကို လတ်စသတ်လိုက်တော့မယ်"
ဝမ်ချောင်က ဓားကိုထုတ်ကာ ရိပေါ် လည်ပင်းမှာတေ့ထားတယ်။
ရိပေါ်သေရမှာမကြောက်ပါဘူး၊ ဒါပေမယ့် နောက်ဆုံးအချိန်မှာ ရှောင်းကျန့်မျက်နှာလေးတောင် မြင်မသွားနိုင်မိတဲ့အတွက် ရိပေါ် ဝမ်းနည်းမိတယ်။
ခင်ဗျားရေ ခင်ဗျားလက်ပေါ်မှာ အသက်ထွက်ချင်တယ်ဆိုတဲ့ဆန္ဒလေးက ဒီဘဝတော့ ဝေးပြီထင်ပါရဲ့၊ ဒါပေမယ့် နောက်ဘဝတွေရှိခဲ့ရင် ခင်ဗျားကိုပဲ လိုက်ရှာပြီး ခင်ဗျားကိုပဲချစ်ပါ့မယ်။
"ဆရာ ဆရာ ရဲတွေရောက်လာပြီ"
"ဟေ့ကောင်တွေ လူတွေဝင်လာပြီ"
ဝမ်ချောင်က ရိပေါ်ကို ဓားနဲ့မထိုးခင် လည်ပင်းကို လက်တစ်ဖက်နဲ့ ညှစ်ထားတယ်။ စက္ကန့်ကနေ မိနစ်သို့ပြောင်းတော့ ရိပေါ် အသက်ရှူဖို့ရာမလွယ်ကူတော့ပေ။ ရိပေါ် သေဖို့အတွက်အသင့်ပြင်သလို မျက်လုံးတွေကိုမှိတ်ချပစ်လိုက်တယ်။
လူတွေရုန်းရင်းဆန်ခတ်ဖြစ်သွားကြကာ အသံတွေဆူညံသွားတာမို့ ရိပေါ်မျက်လုံးပြန်ဖွင့်ကြည့်မိတော့ ရိပေါ်ရှိရာ အခန်းထဲကိုဝင်လာတဲ့ ရှောင်းကျန့်၊ ကျိရန်နဲ့ သူ့ဦးလေးဖြစ်သူ ဟိုက်ခွမ်းကိုပါ တွေ့ရတယ်။
"ရိပေါ်"
ခေါ်သံက ရှောင်းကျန့်ဆီက။ ဝမ်ချောင်က ရိပေါ် ဗိုက်ထဲကို ဓားနဲ့ထိုးဖို့ ကြိုးစားနေချိန် ရိပေါ်ကို ဘေးသို့တွန်းလိုက်ကာ ရိပေါ်အစားဝင်ခံလိုက်သူက ဘယ်လိုမှမျှော်လင့်မထားတဲ့ ကျိရန်ဖြစ်နေလေသည်။
"ကျိရန်"
ရှောင်းကျန့်က လက်ထဲမှာကိုင်ထားတဲ့ဓားနဲ့ ဝမ်ချောင့်လက်ကို ထိုးလိုက်တာမို့ ဝမ်ချောင်က အားခနဲအော်ကာ လဲကျသွားသည်။ ရိပေါ်ကတော့ မိမိရှေ့မှာ လဲနေတဲ့ ကျိရန်ကို ဆွဲမကာ အသက်ရှင်သေးရဲ့လား ကြည့်ရတော့သည်။
"ရိပေါ် ငါတောင်းပန်ပါတယ်နော်"
"ကျိရန် .. မင်းကွာ ဘာလို့"
"ရိပေါ် .. ဒီထဲကနေ မြန်မြန်ထွက်ရအောင် ကိုယ် ကျိရန်ကို သယ်သွားမယ်။ ရိပေါ် ထနိုင်လား"
ရှောင်းကျန့်ကို ခေါင်းပြန်ညိတ်ကာ လဲနေရာမှ ရိပေါ်ထရပ်လိုက်တယ်။ ဂိုထောင်အခန်းအတွင်းသို့ဝင်လာတဲ့ ရဲတွေက ဝမ်ချောင်နဲ့ သူ့အဖွဲ့သားတွေကို လက်ထိပ်ခတ်ကာ ဖမ်းခေါ်သွားဖို့ပြင်နေကြပြီ။
ပြဿနာတွေပြီးဆုံးသွားလောက်ပါပြီလို့ ရိပေါ်သက်ပြင်းနက်နက်ချရင်း ဘေးမှာရပ်နေတဲ့ ရှောင်းကျန့် ပုခုံးကို အားပြုထားမိသည်။ အရာအားလုံးပြီးဆုံးသွားပြီးရင် ရှောင်းကျန့်ကတော့ သူ့အနားမှာရှိနေမှဖြစ်ပါလိမ့်မည်။
xxxxxxxxxxx
ရှောင်းကျန့်တို့ကြားထားသလိုပါပဲ၊ ဝမ်ချောင်တို့အဖွဲ့ကို ဖမ်းမိတဲ့အချိန်မှာ ဝမ်ချောင်တို့ပါးစပ်က သူတို့ကိုခိုင်းစေသူက ဘယ်သူပါဆိုတာ ထုတ်မပြောသွားဘူး။ ရဲစခန်းရောက်တဲ့အခါ ဝမ်ချောင်က သူရိပေါ်ကို မကျေနပ်လို့ ရိပေါ်ကို သတ်ဖို့ကြိုးစားတယ်လို့ပဲ statement ထွက်ဆိုတယ်။ သူတို့အဖွဲ့ကလူတွေကို ထပ်မံစစ်ဆေးဖို့အတွက် အချုပ်ခန်းထဲထည့်ပြီး ချုပ်လိုက်တဲ့အချိန်မှာတော့ ရှောင်းကျန့်တို့ ပြန်လာခဲ့ကြသည်။
ပြန်မလာလို့လဲမဖြစ်၊ ရိပေါ်ဒဏ်ရာတွေက နည်းတာမဟုတ်ဘူး။ ကျိရန်ကတော့ ဝမ်းဗိုက်ကို ရှပ်ထိသွားတာမို့ သူတို့အဖွဲ့က လူတွေက ဆေးရုံကို ခေါ်သွားကြပြီ။ ရှောင်းကျန့်လဲ လိုက်သွားချင်ပေမယ့် ရိပေါ်ကိုလဲ ဘာကြောင့်မှ တစ်ယောက်ထားခဲ့ဖို့ အဆင်မပြေတာမို့ နောက်နေ့မှ လာခဲ့မယ်လို့သာ ပြောလိုက်ရတယ်။
ရိပေါ်ကလဲ သူ့ထုံးစံအတိုင်း ဒဏ်ရာတွေ ဗရပွဖြစ်နေပေမယ့် ဆေးရုံသွားဖို့ကိုခေါ်မရတာကြောင့် အရင်တစ်ခါက ရိပေါ်ကို ကုပေးတဲ့ဆရာဝန်ကိုပဲ ခေါ်ရပြန်သည်။ ဒဏ်ရာတွေ ဆေးထည့်တာ၊ ချုပ်ဖို့လိုတဲ့ဒဏ်ရာကိုချုပ်နေတာ အကုန်လုံးကို ဆရာဝန်က ပြုလုပ်ပေးနေချိန်အတွင်းမှာရိပေါ်က ရှောင်းကျန့်လက်ကို မလွှတ်ခဲ့။
ရိပေါ်က သူ့အနားက ရှောင်းကျန့် ထပ်ထွက်သွားမှာကို စိုးထိတ်နေပုံရသည်။ ရိပေါ်ကိုလဲ အပြစ်မဆိုသာပါဘူး။ ရှောင်းကျန့်က ရိပေါ်ကို လမ်းခွဲခဲ့တာ ရက်ဘယ်လောက်မှမကြာသေးဘူးလေ၊ ထပ်ပြီး သူ့အနားက ရှောင်းကျန့်ပျောက်သွားမှာကို စိတ်ပူနေတဲ့ ရိပေါ်အမှားလဲမဟုတ်ပါဘူး။
ဆရာဝန်က လိုအပ်တာတွေကုသပေးပြီးတော့ ဆေးအိတ်ကို သိမ်းနေချိ်န် ရှောင်းကျန့်လဲ ရိပေါ်ဘေးမှာ ထိုင်နေရာကနေ ထလိုက်တယ်။ လက်ကိုလွှတ်လိုက်တာမို့ ရိပေါ်က အထိတ်တလန့်မျက်ဝန်းတွေနဲ့ ရှောင်းကျန့်ကိုကြည့်ကာ လက်တွေကိုလဲ အလွတ်မပေးဘဲ ဆွဲထားတယ်။
"ဒါက ဘယ်လဲ"
"ဒေါက်တာကို အိမ်ရှေ့လိုက်ပို့ပေးမလို့လေ။ ကိုယ်ပြန်လာမှာပေါ့"
ထိုသို့ပြောလိုက်တော့မှ ရိပေါ်က လက်ကိုမလွှတ်ချင်လွှတ်ချင်ဖြင့် လွှတ်ပေးလေသည်။ ရိပေါ်ခေါင်းလေးကို အသာပွတ်ပေးကာ ဆရာဝန်ကို အိမ်ရှေ့လိုက်ပို့ရသည်။ ဒါတောင် အနောက်ကနေ မျက်ဝန်းတောက်တောက်ကလေးတွေဖြင့် လိုက်ကြည့်နေသေးတယ်။ သူက ကိုယ့်အိမ်မှာရောက်နေပြီး ကိုယ်ပြန်မလာမှာကိုတွေးပူနေသော ချစ်ရသူလေးပါပဲ။
ရှောင်းကျန့်ရိပေါ်အနားသို့ပြန်ရောက်သွားတော့ ရိပေါ်က လှဲနေရာမှ အတင်းကုန်းထကာ ရှောင်းကျန့်ကို ဖက်ထားသည်။
"မောင့်ကိုထပ်မထားခဲ့ပါနဲ့တော့ မောင်သေမှာမကြောက်ဘူး။ အချစ်ကိုဆုံးရှုံးရမှာပဲကြောက်တယ်"
ရှိုက်သံတွေနဲ့ပြောလာတဲ့ ရိပေါ်ကို အငြင်းစကားဘယ်လိုဆိုရက်ပါ့မလဲ။ ဒါပေမယ့် ရိပေါ် အခုလိုပြောနေတာ သူ့ကို သတ်ခိုင်းတဲ့သူဟာ ကိုယ့်အမေဆိုတာ သူမသိသေးလို့ပဲ။ တကယ်လို့ ရိပေါ်သာ အဲဒါကိုသိသွားရင် ဘယ်လိုများ တုံ့ပြန်လေမလဲ။
"မောင် .. ကိုယ်ပြောစရာရှိတယ်"
"လမ်းခွဲမယ့်ကိစ္စကလွဲရင်ကြိုက်တာပြော။ မောင်နားထောင်မယ်"
ရိပေါ်အပြောကြောင့် ရှောင်းကျန့် ခပ်ယဲ့ယဲ့လေးပြုံးပြလိုက်မိပေမယ့် အပြုံးတွေက အသက်ဝင်ပါ့မလားမသေချာဘူး။ မထွေးနိုင် မအန်နိုင်၊ ကိုယ်တိုင် လက်မခံချင်တဲ့ အမှန်တရားတစ်ခုကို ရိပေါ်ကို ပြောပြရအုံးမည်။
"Hex ဂိုဏ်းရဲ့အဖွဲ့ခေါင်းဆောင်က ဝမ်ချောင်ဆိုပေမယ့် တကယ်တော့ ဝမ်ချောင့်ကို နောက်ကွယ်ကနေ ခိုင်းခဲ့တဲ့ တရားခံက ကိုယ့်အမေပဲ"
"ဘယ်လို ... ကျန့်ကောရဲ့အမေ၊ ဟိုဘက်အခန်းထဲက ဓာတ်ပုံတွေထဲက အမျိုးသမီးလား ဟုတ်လား၊ ဟုတ်ရဲ့လားကွာ သူ့ပုံစံက အဲဒီလိုမျိုးတွေ လုပ်ခိုင်းမယ့်သူပုံစံမျိုးမဟုတ်ပါဘူး။ ပြီးတော့ ကျန့်ကောအမေက ကျန့်ကောကို အရမ်းချစ်တာမဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီးတော့..."
ရိပေါ်က ရှောင်းကျန့်စကားကို လုံးဝမယုံနိုင်တဲ့ဟန်ပန်နဲ့။ ရိပေါ်လို အပြင်လူတောင် ဒီလိုခံစားရရင် ရှောင်းကျန့်ဆို ပိုဆိုးတာပေါ့။ ကိုယ့်နားနဲ့ဆက်ဆက်ကြားတာသာမဟုတ်ရင် ပြောတဲ့လူဟာ လိမ်နေတာလို့ ရှောင်းကျန့် စွပ်စွဲမိမှာ။
"တကယ်ပါပဲ။ ဘာကြောင့်လဲဆိုတာ ကိုယ်မသိပေမယ့် အမေကလဲ ကိုယ်ဂေးဖြစ်နေတာကို လက်မခံနိုင်တဲ့ပုံပါပဲ။ သူ တစ်သက်လုံးပျိုးထောင်လာပေးတဲ့သားက ဂေးတစ်ယောက်ဖြစ်သွားမယ်ဆိုတာကို သူမထင်ခဲ့ပုံပဲ။ ဒါပေမယ့် သူက ကိုယ့်ကိုလဲအရမ်းချစ်တော့ ကိုယ့်ကို မငြူစူရက်ပဲ ကိုယ့်ဘေးကလူတွေကို သူ့နည်းသူ့ဟန်နဲ့ ရှင်းထုတ်ခဲ့တာဖြစ်မယ်"
ရှောင်းကျန့်တွေးဆဆလေးပြောလိုက်တယ်။ ဒါက ရှောင်းကျန့် တွေးနိုင်သမျှအကုန်ပါပဲ။ ငယ်စဉ်ကတည်းက အမေက ရှောင်းကျန့်ကို သိပ်ချစ်တာ၊ သိပ်နွေးထွေးတာ၊ ရှောင်းကျန့်မျက်နှာကို တစ်ချက်အညိုမခံတာတွေအကုန် အနှေးပြကွက်နဲ့ ပြန်တွေးကြည့်မိတယ်။ အဲဒီမှာ ရှောင်းကျန့် သတိပြန်ရလာမိတာက အမေက ရှောင်းကျန့်ကို ထိပါးတဲ့ကိစ္စတွေ၊ ရှောင်းကျန့်ကို စိတ်ဆင်းရဲစေတဲ့လူတွေကို သည်းမခံတတ်ဘူးဆိုတာပဲ။ ကျောင်းမှာ ကလေးချင်း ကစားရင် ထိခိုက်ရန်ဖြစ်တာမျိုးရှိရင်တောင် အမေက အဲဒီသူငယ်ချင်းကို တစ်ခုခုနစ်နာအောင် လုပ်ဖူးတာတွေ၊ ရှောင်းကျန့်ကို ကျောင်းကဆရာမဆူလိုက်ရင် အဲဒီဆရာမကို ကျောင်းအုပ်ကြီးအထိ သွားတိုင်တာတွေ အကုန်ပြန်သတိရလာတော့မှ အမေက ရှောင်းကျန့်ကို ထိရင် နည်းနည်းလေးမှ သည်းခံမယ့်သူမဟုတ်မှန်း ပိုပြီးသဘောပေါက်လာခဲ့တယ်။ ရှောင်းကျန့်နဲ့ တွဲခဲ့သမျှလူတွေကိုလဲ ရှောင်းကျန့်ကို ဂေးဖြစ်အောင် မြူဆွယ်တဲ့လူတွေကို သဘောထားပြီး အခုလိုတွေလုပ်ခဲ့တာဖြစ်နိုင်ပါတယ်။ သေချာအောင် သွားမေးလိုက်ချင်ပေမယ့် ရိပေါ်နားကနေလဲ ရှောင်းကျန့် အခုချိန်မှာ ထွက်သွားလို့မဖြစ်နိုင်သေးဘူး။
တကယ်လို့ ထွက်သွားခဲ့မယ်ဆိုရင် ရိပေါ်ဆီကို သူပြန်ရောလာနိုင်ပါ့မလား မသေချာဘူးမဟုတ်လား။
"အရမ်းခံစားနေရလား။ တစ်သက်လုံးယုံကြည်ခဲ့တဲ့ အမေက အခုလိုမျိုးလုပ်တဲ့နောက်ကွယ်ကလူဖြစ်နေတော့လေ"
"အရမ်းခံစားရပါတယ်။ လုပ်ရက်လေခြင်းလို့တွေးမိသလို အမေလမ်းမှားပေါ်ရောက်နေတာ ကိုယ့်ကြောင့်လို့လဲ ကိုယ့်ကိုကိုယ်အပြစ်တင်မိတယ်။ ဘယ်တုန်းကမှ လိင်တူနှစ်သက်မိတဲ့အဖြစ်ကို နောင်တမရပေမယ့် အခုချိန်မှာ ကိုယ်သာ အဲဒီလိုလူမျိုး မဖြစ်ခဲ့ရင် အမေလဲ ဒီလိုတွေလိုက်လုပ်မိမှာမဟုတ်ဘူးလို့ တွေးမိတယ်"
"မဟုတ်တာ။ ဒါက အချစ်ရဲ့ homo အဖြစ် ရပ်တည်မှု နဲ့မဆိုင်ဘူးလေ။ တကယ်တော့ အဲဒါက အမေ့ရဲ့ရွေးချယ်မှုပဲမဟုတ်လား။ သူက ပြဿနာကို အဲဒီလိုနည်းနဲ့ဖြေရှင်းဖို့ရွေးချယ်တာ။ အချစ်ကြောင့်မှမဟုတ်တာ"
"ကိုယ်အမေ့ကို ဘယ်လိုရင်ဆိုင်ရမလဲ မသိသေးဘူး ဝမ်ချောင်တို့အဖွဲ့ ထောင်ကျသွားရင်တောင် အမေက ကိုယ့်ဖြစ်တည်မှုကို လက်ခံပေးပါ့မလား၊ မောင့်ကိုလက်ခံပေးနိုင်ပါ့မလားဆိုတာ ကိုယ်မသေချာဘူး"
"ဒါဆို ရင်မဆိုင်ပဲနေကြမယ်လေ"
"ဘယ်လို"
ရိပေါ်စကားကြောင့် ရှောင်းကျန့်စဉ်းစားရခက်သွားတယ်။ ရိပေါ် ဘာကိုဆိုလိုချင်တာလဲ။
"ကျွန်တော်တို့ ဘယ်သူမှမရှိတဲ့နေရာကိုထွက်သွားကြမယ်။ ခင်ဗျားနဲ့ ကျွန်တော့်ရဲ့ဘဝကို ဘယ်သူမှ ဝင်မစွက်ဖက်နိုင်တဲ့နေရာမှာ နှစ်ယောက်တည်းနေကြမယ်လေ"
"မောင် ... ကိုယ်မရှိရင် အမေက"
"ခင်ဗျားအမေမှာက ခင်ဗျားအဖေရှိသေးတယ်မဟုတ်လား။ ကျွန်တော့်မှာ ဘာမှမရှိဘူး ရှောင်းကျန့်။ ကျွန်တော့်မှာ ခင်ဗျားပဲရှိတာ။ ကျွန်တော့်လက်ကိုဖမ်းဆုပ်ထားမယ့်သူ တစ်ယောက်မှမရှိဘူး။ မိဘ၊ မောင်နှမ၊ ဆွေမျိုး ဘာမှမရှိပါဘူး။ ကျွန်တော့် ဘဝမှာ ကျွန်တော့်ကိုတန်ဖိုးထားပြီး တစ်စုံတစ်ယောက်က ဖမ်းဆုပ်ပေးထားမယ့်သူတစ်ယောက်ရှိစေချင်ခဲ့တာ၊ ပြီးတော့ အဲဒီလူကိုလဲ ခင်ဗျားဖြစ်စေချင်မိတာ၊ အဲဒါကြောင့် ကျွန်တော့်ကိုလွှတ်ချဖို့မကြိုးစားပါနဲ့၊ ကျွန်တော့်ကို အတ္တကြီးခွင့်ပေးပါ။ ကျေးဇူးပြုပြီး .. ခင်ဗျားကတော့ ကျွန်တော့်ကို ဖမ်းဆုပ်ထားပေးပါ"
ရိပေါ်က ရှောင်းကျန့်လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာပြောတော့ ရှောင်းကျန့်က ဘာမှပြန်မပြောပဲ ရိပေါ်ကို တွေတွေကြီးငေးကြည့်နေမိတယ်။ မချစ်ဘူးလားဆိုရင် သိပ်ချစ်တာပေါ့၊ ရိပေါ်တောင်းဆိုသလို ရိပေါ်ကို သူနဲ့ဝေးဝေးမသွားနိုင်အောင် သူ့အနားမှာပဲ ဖမ်းဆုပ်ထားချင်တာပေါ့။
ဒါပေမယ့် ရွေးချယ်ရမယ့်အရေးဆိုတာလဲ လွယ်ကူမနေခဲ့ဘူးလေ။
တစ်ဖက်မှာက ကိုယ့်ကိုမွေးထုတ်ခဲ့တဲ့အမေ၊ ဘယ်လောက်ပဲ စေတနာအမှားတွေမှားခဲ့ပေမယ့် အဲဒီအမေက ကိုယ့်ကိုတစ်သက်လုံးနွေးထွေးမှုအပြည့်နဲ့ စောင့်ရှောက်လာပေးတဲ့ အမေမဟုတ်လား။
အမေ့ကိုဖြစ်ချင်တာဖြစ်ဆိုပြီး ထားခဲ့ဖို့ဆိုတာ ရှောင်းကျန့်အတွက် လွယ်ကူလှတဲ့ကိစ္စမဟုတ်ဘူး။
အဲဒီလိုဆို ရိပေါ်ကို လက်လွှတ်နိုင်သလားဆိုရင်ရော?
ရိပေါ်က သူ့ဘဝမှာ ပထမဆုံး တစ်သက်တာအတူတူရှိချင်တဲ့ တပ်မက်ရာလေးပါ။ ဒီကောင်လေးကို ချစ်တယ်ဆိုတာထက် မြတ်နိုးတာ၊ မက်မောရတာ ပိုလို့များပါတယ်။ ရိပေါ်နဲ့ ဝေးရရင်ဆိုတဲ့အတွေးကလဲ အတွေးနဲ့တင် ရှောင်းကျန့်ရင်ကို သွေးစိမ်းရှင်ရှင်ထွက်စေတာပဲ။
ခက်ခဲလွန်းတဲ့ ရွေးချယ်မှုမှာ ဘယ်အရာက ရှောင်းကျန့်စိတ်ကိုအနိုင်ယူမှာလဲ။
Recommended song: Shallow - Lady Gaga, Bradley Cooper
~~Tell me somethin', boy, Are you happy in this modern world?
Or do you need more?, Is there somethin' else you're searchin' for?
I'm falling, In all the good times I find myself
Longin' for change And in the bad times I fear myself
Tell me something, boy, Aren't you tired tryin' to fill that void?
Or do you need more? Ain't it hard keeping it so hardcore?
I'm falling, In all the good times I find myself
Longing for a change And in the bad times I fear myself
I'm off the deep end, watch as I dive in
I'll never meet the ground
Crash through the surface, where they can't hurt us
We're far from the shallow now
In the shallow, shallow
In the shallow, shallow
In the shallow, shallow
We're far from the shallow now~~
Xxxxxxxx
"ဟိုရောက်သွားရင် အဆက်အသွယ်မဖြတ်နဲ့နော်၊ အဆက်အသွယ်မလုပ်လို့ကတော့ မင်းနောက်ကို ငါချက်ချင်းလိုက်လာပြီး မြေလှန်ရှာမှာ ကြားလား ရိပေါ်''
ကားပေါ်ကဆင်းကတည်းက သူတွန်းယူလာပေးတဲ့ ရိပေါ်ရဲ့ luggage ကိုမလွှတ်ချင်လွှတ်ချင် လွှတ်ပေးလျက် ဟောက်ရွှမ်းကပြောတယ်။ ဒီကောင်ကြီးမျက်ရည်ဝဲနေတာမြင်တော့ ရိပေါ်ပါ ငိုချင်လာသလိုလို။ ငယ်ငယ်လေးကတည်းက အမြဲအတူတူရှိလာကြတဲ့သူငယ်ချင်းတွေဆိုတော့ ဟောက်ရွှမ်း စိတ်မကောင်းဖြစ်မည်ဆိုလဲဖြစ်စရာပါပဲ။
"ငါဆက်သွယ်ပါ့မယ်ကွာ မင်းကလဲ မျက်နှာကြီးက ငိုတော့မလို့လား ဟားဟား"
"ခွေးကောင် အသည်းနှလုံးမရှိတဲ့ကောင်၊ အေးပေါ့ မင်းကတော့ အသည်းနှလုံးပါ တစ်ပါတည်းပါသွားမှာဆိုတော့ ငါ့လိုသူငယ်ချင်းနဲ့ ခွဲရလဲ ဘာဖြစ်မှာလဲ"
၅ ပေအကွာလောက်မှာ ကျိရန်နဲ့ ခပ်ပြုံးပြုံးစကားပြောနေတဲ့ ရှောင်းကျန့်ကိုမေးထိုးပြကာ ဟောက်ရွှမ်းက ပြောတာမို့ ရိပေါ် ပြုံးလိုက်မိတယ်။
ဟုတ်တာပေါ့။ သူဘယ်သွားသွား သူ့အသည်းနှလုံးလေးဖြစ်တဲ့ ရှောင်းကျန့်က အမြဲပါနေတော့မှာပဲလေ။
ရိပေါ်တို့တွဲထားတဲ့လက်တွေ ဘယ်တော့မှဖြုတ်မှာမဟုတ်တော့ဘူး။
ရှောင်းကျန့်က နောက်ဆုံးနဲ့တစ်သက်စာအဖြစ် သူ့ကို ဖမ်းဆုပ်ထားဖို့ ရွေးချယ်ခဲ့ပြီမို့ ရိပေါ်လဲ ထပ်ပြီး လမ်းမပျောက်တော့ပေ။
ဟောက်ရွှမ်းပုခုံးကိုဖက်ကာ ရှောင်းကျန့်အနားသို့ လျှောက်သွားလိုက်တယ်။
"လိုအပ်တာရှိရင် ဆက်သွယ်လိုက်ပါ နည်းပြ"
"ကျေးဇူးပါ ကျိရန်။ ဒီအတောအတွင်း မင်းကူညီခဲ့တာတွေများပြီ။ ကျေးဇူးအများကြီးတင်ပါတယ်"
"ငါလဲကျေးဇူးတင်ပါတယ် ကျိရန်"
"မဟုတ်တာကွာ ... မင်းတုိ့အပေါ်မှာ ငါမှားခဲ့တာတွေယှဉ်ရင် ငါကူညီခဲ့တာက ဘာမှမှမဟုတ်တာ ဖြစ်ခဲ့သမျှတွေအတွက်လဲ ငါတောင်းပန်ပါတယ်"
ကျိရန်က သူ့အမှားတွေအတွက် ခပ်တိုးတိုးတောင်းပန်တော့ ဟောက်ရွှမ်းက သူနဲ့မဆိုင်သလို ခေါင်းကိုငုံ့သွားတယ်။ ရိပေါ်ကတော့ ကျိရန်ပုခုံးကို ပုတ်ကာ အားပေးမိတယ်။
"မင်းလဲ မင်းတာဝန်ကြောင့်လုပ်ခဲ့ရတာတွေပဲ။ ငါတို့ကို တမင်ထိခိုက်စေချင်လို့လုပ်ခဲ့တာမှမဟုတ်တာ။ ဖြစ်ခဲ့တာတွေအကုန်လုံးမေ့လိုက်ပြီး မင်ဘဝသစ်ကို စလိုက်ပါ"
ကျိရန်လုပ်ခဲ့တာတွေကို အပြစ်လို့ ရိပေါ်ရော ရှောင်းကျန့်ရော မမြင်ခဲ့ကြပါ။ သူလဲ သူ့အလုပ်ကိုက spy ဖြစ်လို့ အဲဒီလိုလုပ်ခဲ့ရတာပဲလေ။ ပြီးတော့ ရိပေါ်ကို Hex အဖွဲ့က ဖမ်းခေါ်သွားတဲ့နေ့မှာသာ ကျိရန်က ရိပေါ်နောက်ကို အချိန်မှီမလိုက်နိုင်ခဲ့ရင်၊ ရိပေါ်ကို ဝမ်ချောင် ဓားနဲ့ထိုးတာကိုသာ သူဝင်ပြီးမခံလိုက်ဘူးဆိုရင်၊ အခုလို ရိပေါ် အသက်ဆက်ရှင်နေပါ့မလားဆိုတာတောင် မသေချာဘူး။ အဲဒါကြောင့် ကျိရန်ကိုလဲ ဖြစ်ခဲ့တာတွေကို မေ့ပြီး အေးအေးချမ်းချမ်းနဲ့ ရှင်သန်သွားစေချင်သည်။
"ရိပေါ် ကိုယ်တို့အထဲဝင်ရအောင် လေယာဉ်ချိန်သိပ်မလိုတော့ဘူး"
"ဟုတ် သွားမယ်လေ ဟောက်ရွှမ်း ကျိရန် ငါတို့သွားတော့မယ်"
"ဟိုရောက်တော့မှ ဆက်သွယ်လိုက်မယ်။ ကျိရန်၊ ဟောက်ရွှမ်း အရာအားလုံးအတွက် ကျေးဇူးပါကွာ"
ရှောင်းကျန့်ကျေးဇူးတင်စကားကို ဟောက်ရွှမ်းတို့နှစ်ယောက်လုံးက ခေါင်းဆတ်ကာ အသိအမှတ်ပြုတဲ့သဘောပြတယ်။
မသွားခင် ဟောက်ရွှမ်းကို တစ်ချက်ဆွဲဖက်ကာ နှုတ်ဆက်မိတယ်၊ ဒီနိုင်ငံကို သူတို့ပြန်လာဖြစ်မှာမဟုတ်ပေမယ့် ဟောက်ရွှမ်းကတော့ သူတို့ရှိရာကို လိုက်လာနိုင်သေးတာပဲ။ သူတို့ တစ်သက်လုံးအပြီးဝေးကြတာတော့မဟုတ်ပါဘူး။
"ကျန်းမာရေးဂရုစိုက် ရိပေါ်။ နည်းပြကလဲ ရိပေါ်ကို ဂရုစိုက်ပေးပါအုံး"
"စိတ်ချပါကွာ"
"ဟောက်ရွှမ်း၊ ကျိရန်... မင်းတို့လဲ ပြဿနာကို ရှောင်ပုန်းမနေပဲ မျက်နှာချင်းဆိုင် စကားပြောကြပါ။ စိတ်ထဲက ခံစားချက်တွေကို ပွင့်လင်းဖို့ ဝန်မလေးပါနဲ့"
ရိပေါ်စကားကို နှစ်ယောက်လုံးက အင်းမလုပ်၊အဲမလုပ်နဲ့ ပေကပ်ကပ်တုံ့ပြန်ကြတယ်ဆိုတယ်ဆိုပေမယ့် အနှေးနဲ့အမြန် သူတို့နှစ်ယောက် စကားပြောဖြစ်ကြလိမ့်မယ်လို့ ရိပေါ်ယုံပါတယ်။
တကယ်ချစ်ကြပြီဆိုရင် မာနတွေရှိရင်တောင် ခပ်ကြာကြာ တင်းမခံနိုင်ကြဘူးဆိုတာ ရိပေါ်တို့နှစ်ယောက်က ကိုယ်တွေ့ပဲမဟုတ်လား။
xxxxxxxxx
"မောင်၊ သူတို့နှစ်ယောက် ပြန်အဆင်ပြေသွားမယ်လို့ထင်လား"
ရိပေါ်တို့နှစ်ယောက်ကို ကျောခိုင်းကာထွက်သွားတဲ့ ကျိရန်နဲ့ ဟောက်ရွှမ်းကိုကြည့်ပြီး ရှောင်းကျန့်မေးလာတယ်။
"အဆင်ပြေသွားမှာပါ။ အချစ်စစ်မှန်ရင် ကြာကြာ မကွေကွင်းနိုင်ပါဘူး၊ သူတို့နှစ်ယောက်အတူရှိသွားနိုင်မှာပါ"
"မောင်ကရော ကိုယ့်အနားမှာအမြဲတမ်းရှိနေပေးမှာလား"
ရိပေါ်မျက်ဝန်းတွေကိုစိုက်ကြည့်ပြီးမေးတဲ့ မျက်ဝန်းညိုတွေကို မက်မက်မောမောပြန်ကြည့်ပြီး ရိပေါ် တစ်လုံးချင်းပြန်ပြောမိတယ်။
"ပျောက်ဆုံးနေတဲ့ ကျွန်တော်ဆိုတဲ့နာမ်စားကို ခင်ဗျားဆီမှာ ရှာတွေ့ခဲ့တယ်။ ခင်ဗျားရှိနေသရွေ့တော့ ကျွန်တော်ဆိုတာ ရှိနေလိမ့်အုံးမှာပဲ"
ရိပေါ်စကားကြောင့် ရှောင်းကျန့်မျက်ဝန်းညိုတွေမှာ မျက်ရည်တွေဝေ့သီလာတဲ့အခါ ရိပေါ် လက်ညှိုးလေးနဲ့ အသာတို့ထိပြီး ဖယ်ရှားပေးလိုက်မိတယ်။
အဲဒီအပြုအမူကြောင့် ရှောင်းကျန့်က ရိပေါ်ကို ကြည်ကြည်နူးနူးလေးပြုံးပြလာတယ်။
ရှောင်းကျန့်လက်ကိုဆွဲကာ ရိပေါ် departure gate ကို ဦးတည်လို့ လျှောက်သွားတယ်။
ကျွန်တော်တို့ဘယ်ကိုသွားမယ်၊ ဘယ်မှာရှိနေမလဲဆိုတာလား၊ မပြောပြတော့ပါဘူး၊ ကျွန်တော်တို့ကိုနှောင့်ယှက်မယ့်သူတွေနဲ့ ဝေးရာနေရာမှာ၊ ကျွန်တော်တို့ကို လိင်တူနှစ်သက်သူတွေလို့ ကဲ့ရဲ့ရှုံ့ချမယ့်သူတွေမရှိတဲ့နေရာမှာ ကျွန်တော်တို့နှစ်ယောက် သေတပန်၊ သက်တစ်ဆုံး အတူတူရှိသွားကြတော့မှာပါ။
The End~
05.10.2020 (Xiao Zhan's 29th Birthday)
A.N - နှစ်ဖက်မိဘသဘောတူပြီး ပျော်ရွှင်စွာဇာတ်သိမ်းကြလေသတည်းဆိုတဲ့ကိုယ်ရေးနေကြ plot တွေထဲက ခွဲထွက်သွားတဲ့ ဇာတ်သိမ်းလေးတစ်ခုပါ။ The Pitfall အကြောင်း လူပြောသိပ်မများကြလို့ တကယ်လို့ ဒီ fic လေးကို နှစ်သက်သဘောကျတယ်ဆိုရင် #thepitfall ဆိုတဲ့ hastag လေးနဲ့ review လေးတွေ စောင့်မျှော်ချင်ပါတယ်ဗျာ။
ဝမ်ချောင်ကဘာလို့ ရိပေါ်ကိုမုန်းနေတာလဲ၊ ဝမ်ချောင်က ဘာလို့ Hex အဖွဲ့ ခေါင်းဆောင်ဖြစ်နေတာလဲ၊ ရှောင်းကျန့်မိဘတွေဘာဖြစ်သွားသလဲဆိုတဲ့ မေးခွန်းတွေ အများကြီးရှိနေကြအုံးမယ်ထင်ပါတယ်။ တမင်သတ်သတ် အဲဒါတွေကို ချန်ထားခဲ့ပြီး မေးခွန်းတွေနဲ့ ဇာတ်ကို သိမ်းပစ်လိုက်တာပါ။ ဆိုတော့ကာ သေချာပေါက် Extra လေးနဲ့ ပြန်လာရအုံးမှာပါ။
Zawgyi
The Pitfall Final
"နည်းပြဘယ်လိုသိတာလဲ"
"ဘယ်သူလဲနည်းပြ"
"နည်းပြ အဆင်ပြေရဲ့လား"
"အကိုစုံ"
xxxxxxxxxx
"လက်တွေယားနေတာပါဆို"
"ခေါင်းဆောင်"
"ရိပေါ်"
"ကျိရန်"
"ကျိရန် .. မင်းကွာ ဘာလို့"
xxxxxxxxxxx
"ဒါက ဘယ်လဲ"
"ဘယ်လို"
In the shallow, shallow
In the shallow, shallow
In the shallow, shallow
Xxxxxxxx
"မဟုတ်တာကွာ ... မင်းတို့အပေါ်မှာ ငါမှားခဲ့တာတွေယှဉ်ရင် ငါကူညီခဲ့တာက ဘာမှမှမဟုတ်တာ ဖြစ်ခဲ့သမျှတွေအတွက်လဲ ငါတောင်းပန်ပါတယ်"
"စိတ်ချပါကွာ"
xxxxxxxxx
The End~
Continue Reading
You'll Also Like
204K 15.8K 32
Yizhan Start - 28.10.2022 End -
97.6K 5.5K 13
ငါကျိန်​ဆိုတယ်​ လန်​ဝမ်​ကျီ မင်းကိုချစ်​မိရင်​ ငါ့ဘဝကအ​သေဆိုးနဲ့​သေဆုံး​စေ ​ဝေ့ဝူရှန်း မင်းရဲ့ကျိန်​စာကိုဖျက်​ဖို့ ငါ့အချစ်​စစ်​ကလုံ​လောက်​ပါတယ်...
16.9K 3.6K 52
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
589K 36.8K 73
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...