Unicode
ဧည့်ပရိတ်သတ် မပါပါဘဲ။
ချီးမြှောက်မည့်သူ မရှိပါဘဲ။
ကျင်းပခဲ့ရသော မင်္ဂလာပွဲလေးတစ်ခုသည် အချစ်တို့ဖြင့် အတိပြီး၏။
ဘုရားကျောင်းလေးထဲက အကြင်သူနှစ်ဦးဟာလည်း အပြုံးကိုယ်စီဖြင့်သာ။
ဖာသာ၏ ကောင်းချီးသြဝါဒကို ခံယူပြီးနောက် လက်ထပ်ပွဲလေးသည် အနမ်းတစ်ပွင့်ဖြင့် အဆုံးသတ်၏။ ရှေ့၌ရှိသော သတို့သမီးငယ်သည် ထယ်ယောင်းစိတ်ထဲတွင်တော့ အတုမရှိသည့် အလှပဆုံးသော အမျိုးသမီးငယ်။
အသက်ထက်ချစ်ရသော အနှီမိန်းကလေးအား အတားအဆီးများကြားကပင် သူရအောင် ယူခဲ့ရ၏။ ထို့ကြောင့် မည်သို့သောအခက်အခဲပင် ကြုံရကြုံရ အမျိုးသမီးလေးအား သူ့အသက်နှင့်လဲပြီး စောင့်ရှောက်ပါမည်ဟု သူကတိပေးခဲ့သည်။
ထိုနေ့က စနေ့နေ့ ၊
မနက်ကိုးနာရီတိတိအချိန်။
ဘုရားကျောင်းအပြင်၌လည်း မိုးဟာ သဲသဲမဲမဲကို ရွာချနေ၏။ ပွဲလေးပြီးစီးသွားပြီးနောက်တွင် ဖာသာအား ကျေးဇူးတင်စကားပြောပြီး ထယ်ယောင်းဟာ သတို့သမီးငယ်ရှိရာသို့ ထွက်ခဲ့၏။
မိုးကိုချစ်သော ကြင်နာသူဟာ မိုးရေထဲ ထွက်သွားလေသလား။ အို . . . ကိုယ့် သတိုးသမီးငယ် မိုးစိုကုန်မှဖြင့်။
အနည်းငယ် ပတ်ရှာပြီးသည့်အခါ ဘုရားကျောင်းဝင်းအတွင်း တစ်နေရာမှ သတို့သမီးငယ်၏ အရိပ်လေးအား တွေ့လိုက်ရသည်။
သို့သော် သူ အနားသို့ ကပ်လိုက်သည်နှင့်အဝေးသို့ ပိုပိုရောက်သွားသော ပုံရ်ိပ်ငယ်။
သူ ထိုပုံရိပ်ငယ်လေးနား ရောက်သွားတိုင်း တိုးဝှေ့လာသော လေပြည်တို့ဟာ မငြိမ်မသက် ဖြစ်လာလေသည်။
အနားအကပ်မခံသော သတို့သမီးလေးကဆို၏။
"ယောင်း . . ငါအရမ်းကြောက်တယ်"
"ဟင်"
တိုးလျသော ပင့်သက်ရှိုက်သံ သေးသေးလေးကို မိုးသံလေသံကြားကနေ ကြားလိုက်ရသည်။ ထို့နောက် ယောင်းဟူသော အော်ခေါ်သံလေး တစ်ချက်သာ ချန်ထားခဲ့ပြီး သတို့သမီးလေးဟာ မိုးရေတွေကြား ကွယ်ပျောက်သွားတော့၏။
သူ့ ကမ္ဘာဟာ တဖြည်းဖြည်း အမှောင်အတိကျလာပြီး နောက်ဆုံး မြင်လိုက်ရသည်က သွေးအိုင်ထဲလဲနေသော ကိုယ်ငယ်လေးရယ်။
အနှီကိုယ်ငယ်လေးနား ကျဆင်းနေသည့် မိုးစက်တစ်ချို့ရယ်သာ။
"ဆော!!"
မိုးခြိမ်းသံကြား တိုးဝင်ပျောက်ကွယ်သွားသော အော်သံကျယ်နောက်မှာ သူ့ ကိုယ်ဟာ မိုးအေးအေးနေသည့်တိုင် ချွေးစို့နေ၏။ သူ အိပ်မက်မက်နေခဲ့သည်ပင်။
မီးမထွန်းထားသော အခန်းငယ်လေးသည်
မိုးသံမှတစ်ပါး တိတ်ဆိတ်စွာ။
"ဂျီမင်းကို သဘောမကျဘူးလား ဆောရယ်"
ခုတင်ဘေးက ပုံအား တို့ထိမိတော့ ထိုပုံထဲမှအမျိုးသမီးငယ်ဟာ ပြုံးရယ်နေ၏။
"ဒါပေမဲ့ ဆောလည်း ကိုယ့်ကိုသစ္စာဖောက်ခဲ့တာ မဟုတ်လား"
ထပ်အိပ်ဖို့မဖြစ်နိုင်တော့သည်မို့ အိမ်ရှေ့သို့ထွက်ခဲ့မိသည်။ တိုင်ကပ်နာရီက အချိန်ဟာ မနက်လေးနာရီ။ အပြင်မှာလည်း မှောင်မဲနေစဲပင်။
ကလေးငယ်နှင့် တွေ့ပြီး နောက်ပိုင်း ထူးထူးခြားခြား မသောက်ဖြစ်တော့သော စီးကရက်ဘူးအား သူ လိုက်ရှာမိသည်။
တိုင်၌ ချိတ်ဖြင့် ချိတ်ထားသော မဝတ်တာကြာသည့် နီညိုရောင်ကုတ်အရှည်၏
အိပ်ကပ်အတွင်းမှ ရှာတွေ့လိုက်သည်။ ဘူးထဲတွင် နှစ်လိပ်၊ သုံးလိပ်လောက်တော့ ကျန်နေသေး၏။
အိမ်ရှေ့စားပွဲပေါ်က ပန်းအိုးဘေးမှာ အသင့်ရှိနေသော မီးခြစ်ဖြင့် မီးညှိလိုက်ပြီး။
နှစ်ရှိုက်လောက်မနားပဲ ဆက်တိုက်ရှိုက်ကာ ပြတင်းပေါက်နားသို့ ခပ်ဖြည်းဖြည်း လျှောက်သွားလိုက်၏။
ပိတ်ထားသော ထိုပြတင်းပေါက်အား ဖွင့်လိုက်သည့်အခါ မိုးစက်မိုးဖွားတချို့က သူ့မျက်နှာပေါ် အပြေးအလွှား ခုန်ဆင်းလာလေတော့သည်။ သူသာ အရင်စိတ်အတိုင်းသာဆိုလျှင် မိုးရေထဲသို့ ပြေးထွက်ကာ ငိုယိုနေမိမှာအမှန်။
ယခု၌တွင်တော့ သူမိုးရွာတာကို မကြိုက်။
မိုးစိုမှာကို ပိုပြီးတောင် မုန်းသေးသည်။
မဟုတ်သေးဘူး။ သူကြောက်တာ . . .
မိုးကို သူကြောက်မိနေတာ။
ထို့နောက် သူ သက်ပြင်းအရှည်ကြီး တစ်ချက်ချကာ ပြတင်းပေါက်အား ပိတ်ချလိုက်သည်။
ထွေးပွေ့စရာ ကိုယ်ငယ်လေးမရှိတာမို့
မိုးရယ် မြန်မြန်တိတ်ပါတော့လား။
***
"မြေးရေ ဧည့်ခန်းက ကျပ်ခိုးတွေ ရှင်းလိုက်ပါဦး"
မီးဖိုထဲတွင် ချက်ပြုတ်နေရင်းမှ အဘွားကလှမ်းအော်သည်။
"ဟုတ်ဖွား"
ငှက်မွှေးတုတ်ဖြင့် အိမ်ရှေ့ မျက်နှာကျက်ရှိ ကျက်ခိုးများအား ခုံလေးခုကာ လေတစ်ချွန်ချွန်ဖြင့် ရှင်းနေသည့် ကောင်လေးက ခပ်မြူးမြူးလေး ပြန်ဖြေသည်။
ကောင်လေး ပျော်နေရသော အကြောင်းပြချက်မှာ သည်ပိတ်ရက်တွင် အစ်ကိုနမ်ဂျွန်က ပြန်လာမယ်ဟု ဖုန်းဖြင့် လှမ်းအကြောင်းကြား ထားသောကြောင့်။ သည်နေ့ဟာ အကိုနမ်ဂျွန်ပြန်လာမည့် နေ့ပင်။
နမ်ဂျွန်ပြန်လာသည့် အချိန်ဆို မြေးအဘွားသုံးယောက်လုံး နတ်နန်းအတူသွားပြီး ဆုတောင်းကြသည်။ ပြီးလျှင် အစ်ကိုဖြစ်သူ လုပ်ကြွေးသမျှ မကောင်းမကန်း မုန့်များအား ဂျီမင်းလေးက ဒိုင်ခံစားပေးပြီး။ ညအိပ်ချိန်ဆို နမ်ဂျွန့် လက်မောင်းမှာ ခေါင်းလေးအုံးကာ "ဆိုးလ်မှာနေတုန်းက ကိုကို့အကြောင်းတွေကိုပြောပြ"ဟု အစချီသည့် ဂျီမင်းလေး၏ မကုန်နိုင်သော မေးခွန်းတွေအား သူ အိပ်ပျော်သည်အထိ ပြန်ဖြေပေးရလိမ့်မည်။
"ဂျီမင်းရေ ပတ်ဂျီမင်း"
အိမ်ရှေ့မှ သူ့ထက် ပိုအူရွှင်နေသော အသံဖြင့် အိမ်ထဲဝင်လာသူမှာ နှစ်ယောက်မရှိသည့်
ဂျောင်ဟိုဆော့ပင်။
အကိုနမ်ဂျွန်ပြန်လာမည်ဆိုသည့် သတင်းအား မည်သည့်နေရာက အနံ့ရသွားသည် မသိ။
"ကိုယ်တို့ဂျီဂျီလေး ပင်ပန်းနေပြီလား"
သူ့အား ယောက်ဖ တော်ချင်နေသော အကောင်းစား သူငယ်ချင်းလေးဟာ မိုးပြာရောင်အင်္ကျီပွပွကြီးအား ဘောင်းဘီတိုနှင့် တွဲဝတ်လာပြီး ဆံပင်ကိုလည်း ညှပ်လာသေး၏။
"ဘာကိစ္စတုန်း"
အပေါ်ကနေ မျက်စောင်းထိုးကာပြန်ဖြေတော့ ကိုယ်တော်ချောက မျက်နှာပိုး မသတ်နိုင်ဘဲ ပြုံးစိစိလုပ်နေသည်။
"သိရဲ့သားနဲ့ကွာ ဂျီဂျီလေးကလည်း"
သူလိုချင်တာရှိသည့်အချိန်ဆို အခေါ်အဝေါ် တစ်မျိုး ပြောင်းသွားတတ်သေး၏။
"မပြောချင်ဘူးနော်"
"ဟီးဟီး . . နောက်ဖေးမှာ ဖွားကို သွားကူဦးမယ်"
"ကြွကြွ အဲ့မှာ"
ဂျောင်ဟိုဆော့ရဲ့ ကိုကို့ အပေါ်ချစ်တဲ့ အချစ်ကတော့ သြချစရာပဲ။ မူကြိုထဲက ကိုကိုဂျွန်မှ ကိုကိုဂျွန်။ သူ့ကိုတောင် ကိုကို့ မျက်နှာနဲ့ လာပေါင်းတာလားမသိ။
နမ်ဂျွန် ဆိုးလ်ကို စပြီးကျောင်းသွားတတ်သည့်အချိန်ကဆို ဂျီမင်းထက်တောင် ဟိုဆော့က ပိုပြီးငိုယ်ိုနေခဲ့သေးသည်။
"ဟွန်း ကိုကိုနဲ့ သူညားတော့မှ ဒုက္ခလှလှလေးတွေ တစ်ခုပြီးတစ်ခုပေးပစ်မယ်"
ဂျီမင်းသည် ခုန်ပေါ်ခြေဖျားလေးထောက်ကာ ကျပ်ခိုးများအား ရှင်းနေရာမှ ပါးစပ်ကလည်း ဟိုဆော့အား ပွစိပွစိပြောနေတော့သည်။ သို့သော် မျက်နှာလေးကတော့ ဆူပုတ်မနေဘဲ ကြည်လင်လို့နေ၏။
ကိုကိုလည်းပြန်လာပြီး လူကြီးနဲ့လည်း အဆင်ပြေနေပြီလေ။
သို့သည့်တိုင် တစ်ခါတစ်လေ ကိုယ် အမျှော်လင့်ကြီး မျှော်လင့်ထားသည့် အရာများဟာအဆိုးဆုံးတွေကိုလည်း သယ်ဆောင်လာတတ်သေးသည် မဟုတ်ပါလား . . ၊
ကံကြမ္မာက သိပ်ကိုကျီစားတတ်တာလေ။
YIMMY
***
ဒီအပိုင်းမှာ spoilerတွေအများကြီးပေးထားပါတယ် ရှာကြည့်ကြပါ။
နောက်ကျသွားတဲ့အတွက်ရော တိုသွားတဲ့အတွက်ရော တောင်းပန်ပါတယ်။
Yimmy ကြာသပတေးနေ့ကျရင် ဇာတ်ကောင်အသစ်တွေနဲ့ ပြန်လာပါ့မယ်။
Zawgyi
ဧည့္ပရိတ္သတ္ မပါပါဘဲ။
ခ်ီးျမႇောက္မည့္သူ မရွိပါဘဲ။
က်င္းပခဲ့ရေသာ မဂၤလာပြဲေလးတစ္ခုသည္ အခ်စ္တို႔ျဖင့္ အတိၿပီး၏။
ဘုရားေက်ာင္းေလးထဲက အၾကင္သူႏွစ္ဦးဟာလည္း အၿပဳံးကိုယ္စီျဖင့္သာ။
ဖာသာ၏ ေကာင္းခ်ီးၾသဝါဒကို ခံယူၿပီးေနာက္ လက္ထပ္ပြဲေလးသည္ အနမ္းတစ္ပြင့္ျဖင့္ အဆုံးသတ္၏။ ေရွ႕၌ရွိေသာ သတို႔သမီးငယ္သည္ ထယ္ေယာင္းစိတ္ထဲတြင္ေတာ့ အတုမရွိသည့္ အလွပဆုံးေသာ အမ်ိဳးသမီးငယ္။
အသက္ထက္ခ်စ္ရေသာ အႏွီမိန္းကေလးအား အတားအဆီးမ်ားၾကားကပင္ သူရေအာင္ ယူခဲ့ရ၏။ ထို႔ေၾကာင့္ မည္သို႔ေသာအခက္အခဲပင္ ႀကဳံရႀကဳံရ အမ်ိဳးသမီးေလးအား သူ႕အသက္ႏွင့္လဲၿပီး ေစာင့္ေရွာက္ပါမည္ဟု သူကတိေပးခဲ့သည္။
ထိုေန႕က စေန႕ေန႕ ၊
မနက္ကိုးနာရီတိတိအခ်ိန္။
ဘုရားေက်ာင္းအျပင္၌လည္း မိုးဟာ သဲသဲမဲမဲကို ႐ြာခ်ေန၏။ ပြဲေလးၿပီးစီးသြားၿပီးေနာက္တြင္ ဖာသာအား ေက်းဇူးတင္စကားေျပာၿပီး ထယ္ေယာင္းဟာ သတို႔သမီးငယ္ရွိရာသို႔ ထြက္ခဲ့၏။
မိုးကိုခ်စ္ေသာ ၾကင္နာသူဟာ မိုးေရထဲ ထြက္သြားေလသလား။ အို . . . ကိုယ့္ သတိုးသမီးငယ္ မိုးစိုကုန္မွျဖင့္။
အနည္းငယ္ ပတ္ရွာၿပီးသည့္အခါ ဘုရားေက်ာင္းဝန္းအတြင္း တစ္ေနရာမွ သတို႔သမီးငယ္၏ အရိပ္ေလးအား ေတြ႕လိုက္ရသည္။
သို႔ေသာ္ သူ အနားသို႔ ကပ္လိုက္သည္ႏွင့္အေဝးသို႔ ပိုပိုေရာက္သြားေသာ ပုံရ္ိပ္ငယ္။
သူ ထိုပုံရိပ္ငယ္ေလးနား ေရာက္သြားတိုင္း တိုးေဝွ႕လာေသာ ေလျပည္တို႔ဟာ မၿငိမ္မသက္ ျဖစ္လာေလသည္။
အနားအကပ္မခံေသာ သတို႔သမီးေလးကဆို၏။
"ေယာင္း . . ငါအရမ္းေၾကာက္တယ္"
"ဟင္"
တိုးလ်ေသာ ပင့္သက္ရွိုက္သံ ေသးေသးေလးကို မိုးသံေလသံၾကားကေန ၾကားလိုက္ရသည္။ ထို႔ေနာက္ ေယာင္းဟူေသာ ေအာ္ေခၚသံေလး တစ္ခ်က္သာ ခ်န္ထားခဲ့ၿပီး သတို႔သမီးေလးဟာ မိုးေရေတြၾကား ကြယ္ေပ်ာက္သြားေတာ့၏။
သူ႕ ကမာၻဟာ တျဖည္းျဖည္း အေမွာင္အတိက်လာၿပီး ေနာက္ဆုံး ျမင္လိုက္ရသည္က ေသြးအိုင္ထဲလဲေနေသာ ကိုယ္ငယ္ေလးရယ္။
အႏွီကိုယ္ငယ္ေလးနား က်ဆင္းေနသည့္ မိုးစက္တစ္ခ်ိဳ႕ရယ္သာ။
"ေဆာ!!"
မိုးၿခိမ္းသံၾကား တိုးဝင္ေပ်ာက္ကြယ္သြားေသာ ေအာ္သံက်ယ္ေနာက္မွာ သူ႕ ကိုယ္ဟာ မိုးေအးေအးေနသည့္တိုင္ ေခြၽးစို႔ေန၏။ သူ အိပ္မက္မက္ေနခဲ့သည္ပင္။
မီးမထြန္းထားေသာ အခန္းငယ္ေလးသည္
မိုးသံမွတစ္ပါး တိတ္ဆိတ္စြာ။
"ဂ်ီမင္းကို သေဘာမက်ဘဴးလား ေဆာရယ္"
ခုတင္ေဘးက ပုံအား တို႔ထိမိေတာ့ ထိုပုံထဲမွအမ်ိဳးသမီးငယ္ဟာ ၿပဳံးရယ္ေန၏။
"ဒါေပမဲ့ ေဆာလည္း ကိုယ့္ကိုသစၥာေဖာက္ခဲ့တာ မဟုတ္လား"
ထပ္အိပ္ဖို႔မျဖစ္နိုင္ေတာ့သည္မို႔ အိမ္ေရွ႕သို႔ထြက္ခဲ့မိသည္။ တိုင္ကပ္နာရီက အခ်ိန္ဟာ မနက္ေလးနာရီ။ အျပင္မွာလည္း ေမွာင္မဲေနစဲပင္။
ကေလးငယ္ႏွင့္ ေတြ႕ၿပီး ေနာက္ပိုင္း ထူးထူးျခားျခား မေသာက္ျဖစ္ေတာ့ေသာ စီးကရက္ဘူးအား သူ လိုက္ရွာမိသည္။
တိုင္၌ ခ်ိတ္ျဖင့္ ခ်ိတ္ထားေသာ မဝတ္တာၾကာသည့္ နီညိုေရာင္ကုတ္အရွည္၏
အိပ္ကပ္အတြင္းမွ ရွာေတြ႕လိုက္သည္။ ဘူးထဲတြင္ ႏွစ္လိပ္၊ သုံးလိပ္ေလာက္ေတာ့ က်န္ေနေသး၏။
အိမ္ေရွ႕စားပြဲေပၚက ပန္းအိုးေဘးမွာ အသင့္ရွိေနေသာ မီးျခစ္ျဖင့္ မီးညွိလိုက္ၿပီး။
ႏွစ္ရွိုက္ေလာက္မနားပဲ ဆက္တိုက္ရွိုက္ကာ ျပတင္းေပါက္နားသို႔ ခပ္ျဖည္းျဖည္း ေလွ်ာက္သြားလိုက္၏။
ပိတ္ထားေသာ ထိုျပတင္းေပါက္အား ဖြင့္လိုက္သည့္အခါ မိုးစက္မိုးဖြားတခ်ိဳ႕က သူ႕မ်က္ႏွာေပၚ အေျပးအလႊား ခုန္ဆင္းလာေလေတာ့သည္။ သူသာ အရင္စိတ္အတိုင္းသာဆိုလွ်င္ မိုးေရထဲသို႔ ေျပးထြက္ကာ ငိုယိုေနမိမွာအမွန္။
ယခု၌တြင္ေတာ့ သူမိုး႐ြာတာကို မႀကိဳက္။
မိုးစိုမွာကို ပိုၿပီးေတာင္ မုန္းေသးသည္။
မဟုတ္ေသးဘူး။ သူေၾကာက္တာ . . .
မိုးကို သူေၾကာက္မိေနတာ။
ထို႔ေနာက္ သူ သက္ျပင္းအရွည္ႀကီး တစ္ခ်က္ခ်ကာ ျပတင္းေပါက္အား ပိတ္ခ်လိဳက္သည္။
ေထြးေပြ႕စရာ ကိုယ္ငယ္ေလးမရွိတာမို႔
မိုးရယ္ ျမန္ျမန္တိတ္ပါေတာ့လား။
***
"ေျမးေရ ဧည့္ခန္းက က်ပ္ခိုးေတြ ရွင္းလိုက္ပါဦး"
မီးဖိုထဲတြင္ ခ်က္ျပဳတ္ေနရင္းမွ အဘြားကလွမ္းေအာ္သည္။
"ဟုတ္ဖြား"
ငွက္ေမႊးတုတ္ျဖင့္ အိမ္ေရွ႕ မ်က္ႏွာက်က္ရွိ က်က္ခိုးမ်ားအား ခုံေလးခုကာ ေလတစ္ခြၽန္ခြၽန္ျဖင့္ ရွင္းေနသည့္ ေကာင္ေလးက ခပ္ျမဴးျမဴးေလး ျပန္ေျဖသည္။
ေကာင္ေလး ေပ်ာ္ေနရေသာ အေၾကာင္းျပခ်က္မွာ သည္ပိတ္ရက္တြင္ အစ္ကိုနမ္ဂြၽန္က ျပန္လာမယ္ဟု ဖုန္းျဖင့္ လွမ္းအေၾကာင္းၾကား ထားေသာေၾကာင့္။ သည္ေန႕ဟာ အကိုနမ္ဂြၽန္ျပန္လာမည့္ ေန႕ပင္။
နမ္ဂြၽန္ျပန္လာသည့္ အခ်ိန္ဆို ေျမးအဘြားသုံးေယာက္လုံး နတ္နန္းအတူသြားၿပီး ဆုေတာင္းၾကသည္။ ၿပီးလွ်င္ အစ္ကိုျဖစ္သူ လုပ္ေႂကြးသမွ် မေကာင္းမကန္း မုန့္မ်ားအား ဂ်ီမင္းေလးက ဒိုင္ခံစားေပးၿပီး။ ညအိပ္ခ်ိန္ဆို နမ္ဂြၽန့္ လက္ေမာင္းမွာ ေခါင္းေလးအုံးကာ "ဆိုးလ္မွာေနတုန္းက ကိုကို႔အေၾကာင္းေတြကိုေျပာျပ"ဟု အစခ်ီသည့္ ဂ်ီမင္းေလး၏ မကုန္နိုင္ေသာ ေမးခြန္းေတြအား သူ အိပ္ေပ်ာ္သည္အထိ ျပန္ေျဖေပးရလိမ့္မည္။
"ဂ်ီမင္းေရ ပတ္ဂ်ီမင္း"
အိမ္ေရွ႕မွ သူ႕ထက္ ပိုအူ႐ႊင္ေနေသာ အသံျဖင့္ အိမ္ထဲဝင္လာသူမွာ ႏွစ္ေယာက္မရွိသည့္
ေဂ်ာင္ဟိုေဆာ့ပင္။
အကိုနမ္ဂြၽန္ျပန္လာမည္ဆိုသည့္ သတင္းအား မည္သည့္ေနရာက အနံ႕ရသြားသည္ မသိ။
"ကိုယ္တို႔ဂ်ီဂ်ီေလး ပင္ပန္းေနၿပီလား"
သူ႕အား ေယာက္ဖ ေတာ္ခ်င္ေနေသာ အေကာင္းစား သူငယ္ခ်င္းေလးဟာ မိုးျပာေရာင္အကၤ်ီပြပြႀကီးအား ေဘာင္းဘီတိုႏွင့္ တြဲဝတ္လာၿပီး ဆံပင္ကိုလည္း ညွပ္လာေသး၏။
"ဘာကိစၥတုန္း"
အေပၚကေန မ်က္ေစာင္းထိုးကာျပန္ေျဖေတာ့ ကိုယ္ေတာ္ေခ်ာက မ်က္ႏွာပိုး မသတ္နိုင္ဘဲ ၿပဳံးစိစိလုပ္ေနသည္။
"သိရဲ႕သားနဲ႕ကြာ ဂ်ီဂ်ီေလးကလည္း"
သူလိုခ်င္တာရွိသည့္အခ်ိန္ဆို အေခၚအေဝၚ တစ္မ်ိဳး ေျပာင္းသြားတတ္ေသး၏။
"မေျပာခ်င္ဘူးေနာ္"
"ဟီးဟီး . . ေနာက္ေဖးမွာ ဖြားကို သြားကူဦးမယ္"
"ႂကြႂကြ အဲ့မွာ"
ေဂ်ာင္ဟိုေဆာ့ရဲ႕ ကိုကို႔ အေပၚခ်စ္တဲ့ အခ်စ္ကေတာ့ ၾသခ်စရာပဲ။ မူႀကိဳထဲက ကိုကိုဂြၽန္မွ ကိုကိုဂြၽန္။ သူ႕ကိုေတာင္ ကိုကို႔ မ်က္ႏွာနဲ႕ လာေပါင္းတာလားမသိ။
နမ္ဂြၽန္ ဆိုးလ္ကို စၿပီးေက်ာင္းသြားတတ္သည့္အခ်ိန္ကဆို ဂ်ီမင္းထက္ေတာင္ ဟိုေဆာ့က ပိုၿပီးငိုယ္ိုေနခဲ့ေသးသည္။
"ဟြန္း ကိုကိုနဲ႕ သူညားေတာ့မွ ဒုကၡလွလွေလးေတြ တစ္ခုၿပီးတစ္ခုေပးပစ္မယ္"
ဂ်ီမင္းသည္ ခုန္ေပၚေျခဖ်ားေလးေထာက္ကာ က်ပ္ခိုးမ်ားအား ရွင္းေနရာမွ ပါးစပ္ကလည္း ဟိုေဆာ့အား ပြစိပြစိေျပာေနေတာ့သည္။ သို႔ေသာ္ မ်က္ႏွာေလးကေတာ့ ဆူပုတ္မေနဘဲ ၾကည္လင္လို႔ေန၏။
ကိုကိုလည္းျပန္လာၿပီး လူႀကီးနဲ႕လည္း အဆင္ေျပေနၿပီေလ။
သို႔သည့္တိုင္ တစ္ခါတစ္ေလ ကိုယ္ အေမွ်ာ္လင့္ႀကီး ေမွ်ာ္လင့္ထားသည့္ အရာမ်ားဟာအဆိုးဆုံးေတြကိုလည္း သယ္ေဆာင္လာတတ္ေသးသည္ မဟုတ္ပါလား . . ၊
ကံၾကမၼာက သိပ္ကိုက်ီစားတတ္တာေလ။