#Unicode
"ယံလေး သား "
ဟုတ်ပါတယ် သူမဟာ ဒီခေတ်ရဲ့ အမေ ပါ။
"အန်တီ ဒါဆို ဒီကလေး ဒီကလေးက.."
ကျွန်တော် သူမကို ကြည့်ကာ မေးတော့ သူမက ပြုံးပြုံးလေးနဲ့ ခေါင်းငြိမ့်ကာ
"ဟုတ်တယ် သူလေးက ဒီခေတ် သားလေးလေ"
ဟုဆိုကာ ကလေးကို ပွေ့ချီလိုက်တာကြောင့် သူလည်း မတ်တပ်ထရပ်လိုက်သည်။
ဘေးက ၀ိုင်းအုံကြည့်နေတဲ့လူတွေကလည်း သူတို့ အခြေနေမြင်ပြီး ဘာမှမဖြစ်တာသိပြီး ထွက်သွားကြလေပြီ။
ကျွန်တော်လည်း ရပ်ထားတဲ့ ဆိုင်ကယ်လေးကို တွန်းပြီး အဘွားဖြစ်သူပုခုံးပေါ် ခေါင်းလေးတင်ထားတဲ့ ကလေးလေးကို ကြည့်ရင်း အိမ်လေးဆီကို လိုက်သွားခဲ့တယ်။
"မေမေ သားသား ဘာဖြစ်သွားသေးလဲ။
အိမ်ရောက်ရောက်ချင်း မထွေးက သားသား
ဆိုင်ကယ် တိုက်မိတယ်ပြောလို့ အခုပဲ လိုက်လာတော့မလို့ "
အခုမှ အလုပ်က ပြန်လာဟန် တူသော ဒီခေတ်က နောက်က ကျွန်တော့်ကို မမြင်ဘဲ သူ့သားကို စိုးရိမ်တကြီး ကြည့်ကာပြောနေသည်။
"မြေးလေးက ဘာမှမဖြစ်ပါဘူး။
မခိုက်မိဘူး နည်းနည်း လန့်သွားရုံပါ ။
ဒဏ်ရာရသွားတဲ့သူက နောက်မှာ ပါလာတယ်"
အန်တီပြောမှ နောက်ကို ကျော်ကြည့်ရင်း အံ့သြသွားတဲ့ ဒီခေတ်
"သော်တာယံ"
နှုတ်ခမ်းလှုပ်ရုံ သူ့နာမည်ကို ခေါ်လိုက်တဲ့ ဒီခေတ်က မျှော်လင့်မထားတဲ့ သူ့ကို တွေ့လိုက်ရတော့
အတော်လည်း အံ့အားသင့်သွားတယ် ထင်တယ်။
ကျွန်တော့်လက်က ဒဏ်ရာကိုမြင်မှ အနားလာကာ ဆိုင်ကယ်ကို ယူလိုက်ပြီး ဘေးမှာရပ်လိုက်တယ်။
ပြီးတော့ အိမ်ထဲကိုလိုက်ခဲ့ဖို့ ခေါ်သွားခဲ့တယ်။
ဆေးအိတ်ယူလာကာ သူ့လက်ကဒဏ်ရာကို
ဆေးထည့်ပေးနေတဲ့ ဒီခေတ်ကို ကြည့်ကာ သက်ပြင်းချရင်း
"ကလေးကို လမ်းပေါ် တစ်ယောက်တည်း လွှတ်မထားနဲ့ကွ။
အန်တီကလည်း အသက်ကြီးပြီ နေရာတိုင်းလိုက် မကြည့်နိုင်လောက်ဘူး။ ခုနက ငါ့ဆိုင်ကယ်နေရာမှာ ကားသာဆို မလွယ်ဘူး"
"အွန်း ငါ သတိထားလိုက်ပါ့မယ် သားသားကိုလည်း ပြောထားလိုက်မယ်။ ကျေးဇူးပဲ ယံ "
သူကအလေးအနက်ထားကာ ကျေးဇူးတင်စကားဆိုလာတော့
ကိုယ်ကလည်း "အင်း" တစ်လုံးသာဖြေပြီး သူတို့ကြား ပြန်တိတ်ဆိတ်သွားပြန်တယ်။
တိတ်ဆိတ်မှုကို ဖြိုဖျက်ဖို့ စတင်တော့လည်း
"ကလေးက ..."
"မင်း..."
နှစ်ယောက်လုံး ပြိုင်တူ ပြောမိတော့ ကျွန်တော်က သူအရင်ပြောဆိုတဲ့ ပုံစံနဲ့ မေးငေါ့လိုက်တော့ သူက ပြုံးကာ
"မင်း ဘယ်တုန်းက ပြန်ရောက်တာလဲ။
ကိစ္စရှိလို့လား ပိတ်ရက်လည်းမဟုတ် ကြားရက်ကြီး ပြန်လာတာဆိုတော့ "
"ငါမနေ့က ပြန်ရောက်တာ။
ကိစ္စရှိလို့လားဆိုတော့ အွန်း ဆိုပါတော့ "
ကျွန်တော် မတင်တကျ ဖြေတော့ သူလည်း ဘာမှဆက်မမေးတော့ဘဲ
"သားသားက ငါ့သားဆိုတာကို မင်း ခုနကမှသိတာလား။ ဒါမှမဟုတ်.."
သူစကားမဆုံးခင် ကြားဖြတ်ကာ အရင်ပြောလိုက်တယ် ။
"ငါ မိရတီ့ဆီက ကြားတာ "
သူဘာမှဆက်မပြောဘဲ ငြိမ်နေတော့ ကိုယ့်ဘက်ကဘဲ
" မင်း အရမ်းပြောင်းလဲ သွားတယ်နော်။ အာ ...မှားလို့ ငါသိခဲ့တဲ့ ငါ့သူငယ်ချင်း ဒီခေတ်ဆိုတာ လွန်ခဲ့တဲ့ ရှစ်နှစ်ကျော်ကတည်းက ပြောင်းလဲသွားခဲ့ပြီပဲ
အဟင်း"
ကျွန်တော်ခနဲ့သလို ပြောလိုက်တော့ ခေါင်းကို အောက်ငုံ့ကာ သူ့လက်ထိပ်တွေ ဖဲ့နေတာမြင်တော့ သူအမှားလုပ်မိလို့ စိတ်လှုပ်ရှားတိုင်း လုပ်တတ်တဲ့ အကျင့်က မပျောက်သေးဘူးလို့ မှတ်ချက်ချမိတယ်။
"ငါ... ငါ တောင်းပန်ပါတယ် ယံ
ငါ မင်းတို့အတွက် ထည့်မတွေးမိဘဲ
တစ်ကိုယ်ကောင်း ဆန်ခဲ့မိတယ်။
ငါသိပ်မှားခဲ့ပါတယ်"
ကျွန်တော့်ကို ကြည့်လာတဲ့ ဒီခေတ်မျက်၀န်းတွေထဲမှာ ၀မ်းနည်းနာကျင်တဲ့ နောင်တတရားတို့ရဲ့ အငွေ့သက်တွေပါ၀င်နေခဲ့တယ်။
"ဒါဆို မင်း ငါတို့ရဲ့ အရင်က ဒီခေတ် ပြန်ဖြစ်မပေးနိုင်ဘူးလား"
ကျွန်တော်ပြောလိုက်တော့ ဘာကိုဆိုလိုမှန်း
နားမလည်နိုင်တဲ့ ပုံစံနဲ့ ကြည့်လာတဲ့ ဒီခေတ်ရဲ့ ပုခုံးတစ်ဖက်ကို ဖိကိုင်ရင်း
" ငါတို့ ဒီနှစ်တွေမှာ နာကျင်ခဲ့ရတယ်။
အရင်လို အပြုံးအရယ် မရှိတော့တဲ့ နှောင်းရိပ်ကို ဖြေသိမ့်ဖို့ ကြိုးစားနေကြပေမယ့် ငါတို့ရင်ထဲမှာလည်း ဒဏ်ရာတွေနဲ့ ။ ငါတို့တွေ အဆက်သွယ် ရှိတယ် ဆိုရုံပဲ နေကြပြီး ဝေးကွာ သွားခဲ့ရတယ်။
ဒါတွေကိုတော့ မင်းမသိခဲ့ဘူးမလား..."
ကြေကွဲဖွယ်ရာ အတိတ်က နေ့ရက်တွေကို ပြန်လည် တူးဆွပေးနေရတာဟာ ပင်ပန်းလှပေမယ့် အဲ့အချိန်က နှောင်းရိပ် ၊ရတီ၊ မင်းဆက် တို့ ရဲ့ ပုံရိပ်တွေမြင်လာတော့ မျက်ရည်တွေက သစ္စာရှိစွာ ၀ဲခိုလာပြန်တယ်။
"အဆိုးဆုံးကတော့ နှောင်းရိပ်ပဲ ။ ငါတို့ကိုတောင် စကားမပြော ၊အဆက်အသွယ်လည်း မလုပ်၊
တစ်ခါတလေ ကလပ်တွေမှာ မူးအောင်သောက် ရန်တွေဖြစ်လို့ အချုပ်ထဲတောင် ရောက်ခဲ့တယ်။
ငါက လည်း ငါ့ကျောင်းတစ်ဖက်နဲ့ဆိုတော့ အချိန်
ပြည့် မရှိပေးနိုင်သလို ဟိုနှစ်ယောက်ကလည်း
ရန်ကုန်မှာဆိုတော့ အဝေးကပဲစိတ်ပူနိုင်ကြတယ်။
နောက်ဆုံး သူ့အမေက သူ့ကိုကြည့်ပြီး စိတ်ဆင်းရဲရလို့ နှလုံးဖောက်ပြီး ဆေးရုံတက်ရမှ သူပြန်လိမ္မာလာတော့တာ။
ဒါပေမယ့် သူက အရမ်းကို အေးစက်သွားတာ ငါတို့တောင် မယုံနိုင်လောက်တဲ့အထိပေါ့... "
ကျွန်တော်ပြောနေတာတွေကို နားထောင်ပြီး အသံတိတ် မျက်ရည်တွေ ကျနေခဲ့တဲ့ ဒီခေတ် က
" ငါ တကယ် မသိခဲ့ဘူး။
မင်းတို့တွေ ငါ့အတွက်ကြောင့် ခံစားရမယ်လို့ ငါမထင်ခဲ့ဘူး။
ပြီးတော့ သူ့ကိုလည်း ငါ့အပေါ် ဒီလောက်ထိ
ချစ်ခဲ့လိမ့်မယ်လို့လည်း ငါမယုံကြည်ရဲခဲ့ဘူး။
ငါထွက်သွားတာနဲ့ အားလုံးက မေ့မေ့ပျောက်ပျောက် ဖြစ်သွားမှာပါလို့ ငါ ထင်ခဲ့တာ"
ဒီခေတ်စကားကြားတော့ ဒေါသထွက်သွားကာ
"ငါတို့က မင်းကို မေ့သွားမှာပါလို့ ဘယ်လိုများတွေးနိုင်ရတာလဲ ဆောင်းဒီခေတ်...."
ရင်ထဲက နာကျင်မှုတွေကြောင့် အော်ဟစ်လိုက်မိတယ်။
ရှိုက်သံတွေ ထွက်လာတဲ့အထိ ငိုကြွေးနေတဲ့ ဒီခေတ်ကို ကြည့်ကာ ကျွန်တော်လည်း မျက်ရည်တွေကျရင်း
မြိုသိပ်ခဲ့ရသမျှတွေ ဖွင့်ချမိတယ်။
"ငါတို့တွေ အတူရှိခဲ့တဲ့ အချိန်တွေ၊ အတူဖြတ်သန်းခဲ့တဲ့ နေ့ရက်တွေ ၊ဆိုးတူကောင်းဖက် ရှိခဲ့တဲ့ အမှတ်တရတွေက မင်းအတွက် ဘာမှမဟုတ်ခဲ့ဘူးလား။
အဲ့ဒီ အရာတွေက မင်းအပေါ် နည်းနည်းလေး မှတောင် တန်ဖိုးမရှိဘူးလား ဟမ် ပြောစမ်းပါအုံး ဆောင်းဒီခေတ်...
နှောင်းရိပ်ကို ချစ်ပါတယ် လို့ပြောခဲ့တဲ့မင်းက
သူ့အချစ်ကိုတော့ မြင်အောင် မကြည့်နိုင်ခဲ့ဘဲ
မယုံကြည်ရဲဘူးဆိုတဲ့ မင်းရဲ့ အတ္တနဲ့ ဖုံးပစ်ခဲ့တာကွ...
မင်းရဲ့ လွဲမှားတဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် သူ့အသက်လောက် ချစ်ရတာကို မင်းမခံစားမိခဲ့ဘူးမလား ... "
အော်ဟစ်ကာပြောရင်း ထိုင်နေတဲ့ ဒီခေတ်ကို အင်္ကျီကော်လံကနေ ဆွဲမကာ မျက်နှာကို တစ်ချက် ဆွဲထိုးပစ်လိုက်တယ်။
နောက်တစ်ချက် ထပ်ထိုးဖို့ ပြင်လိုက်ပေမယ့် ငြိမ်ခံကာ မျက်ရည်တွေကျပြီး ပြိုလဲနေတဲ့ သူ့မျက်၀န်းတွေမြင်တော့ ရွယ်ထားတဲ့ လက်က လေထဲတွင် ရပ်တန့်သွားရတယ် ။
" ငါ မှားသွားပြီ...
အခြားသူတွေရဲ့ မေတ္တာ တရားတွေကို ဥပေက္ခါ ပြုခဲ့မိတယ်။
နှောင်းရိပ် အပေါ်မှာလည်း ငါ တစ်ဖက်သတ် ဆုံးဖြတ်ချက်တွေချပြီး အတ္တကြီးစွာ ရက်စက်ခဲ့မိတယ်။ ငါ လုံး၀ မှားခဲ့တာပဲကွာ "
မျက်ရည်တွေအပြည့်နဲ့ သူ့အမှားပါလို့ အော်ဟစ်ငိုနေတဲ့ ဒီခေတ်ကို ဆွဲဖက်လိုက်ရင်း
" ပြန်လာခဲ့ပါ ခေတ် ငါတို့ဆီပြန်လာခဲ့ပါ။
မင်းဘယ်ချိန်ထိ ဒီအမှားတွေကို ဆက်လျှောက်ပြီး နှောင်းရိပ်ကို ရက်စက်နေအုံးမှာလဲ ကွာ..."
လို့ ရင်ထဲက ရှိုက်သံတွေနဲ့ ဆိုလိုက်မိပါတော့တယ်။
AN/ သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရန်ဖြစ်နေကြတာ ရင်ထဲ ခံစားရတယ်။ ယံလေးက ကရုဏာ ဒေါသ ဖြစ်နေရှာတာပါ ...😓😓
လိုအပ်တာရှိရင် ဝေဖန်ပေးကြပါအုံးနော်။
#Zawgyi
"ယံေလး သား "
ဟုတ္ပါတယ္ သူမဟာ ဒီေခတ္ရဲ့ အေမ ပါ။
"အန္တီ ဒါဆို ဒီကေလး ဒီကေလးက.."
ကၽြန္ေတာ္ သူမကို ၾကည့္ကာ ေမးေတာ့ သူမက ျပဳံးျပဳံးေလးနဲ႔ ေခါင္းၿငိမ့္ကာ
"ဟုတ္တယ္ သူေလးက ဒီေခတ္ သားေလး ေလ"
ဟုဆိုကာ ကေလးကို ေပြ႕ခ်ီလိုက္တာေၾကာင့္ သူလည္း မတ္တပ္ထရပ္လိုက္သည္။
ေဘးက ၀ိုင္းအုံၾကည့္ေနတဲ့လူေတြကလည္း သူတို႔ အေျခေနျမင္ၿပီး ဘာမွမျဖစ္တာသိၿပီး ထြက္သြားၾကေလၿပီ။
ကၽြန္ေတာ္လည္း ရပ္ထားတဲ့ ဆိုင္ကယ္ေလးကို တြန္းရင္း အဘြားျဖစ္သူပုခုံးေပၚ ေခါင္းေလးတင္ထားတဲ့ ကေလးေလးကို ၾကည့္ရင္း အိမ္ေလးဆီကို လိုက္သြားခဲ့တယ္။
"ေမေမ သားသား ဘာျဖစ္သြားေသးလဲ။
အိမ္ေရာက္ေရာက္ခ်င္း မိေထြးက သားသား
ဆိုင္ကယ္ တိုက္မိတယ္ေျပာလို႔ အခုပဲ လိုက္လာေတာ့မလို႔ "
အခုမွ အလုပ္က ျပန္လာဟန္ တူေသာ ဒီေခတ္က ေနာက္က ကၽြန္ေတာ့္ကို မျမင္ဘဲ သူ႔သားကို စိုးရိမ္တႀကီး ၾကည့္ကာ ေျပာေနသည္။
"ေျမးေလးက ဘာမွမျဖစ္ပါဘူး။ မခိုက္မိဘူး နည္းနည္း လန္႔သြား႐ုံပါ ။ ဒဏ္ရာ ရသြားတဲ့သူက ေနာက္မွာ ပါလာတယ္"
အန္တီေျပာမွ ေနာက္ကို ေက်ာ္ၾကည့္ရင္း အံ့ၾသသြားတဲ့ ဒီေခတ္
"ေသာ္တာယံ"
ႏႈတ္ခမ္းလႈပ္႐ုံ သူ႔နာမည္ကို ေခၚလိုက္တဲ့ ဒီေခတ္က ေမၽွာ္လင့္မထားတဲ့ သူ႔ကို ေတြ႕လိုက္ရေတာ့ အေတာ္လည္း အံ့အားသင့္သြားတယ္ ထင္တယ္။
ကၽြန္ေတာ္လက္က ဒဏ္ရာကို ျမင္မွ အနားလာကာ ဆိုင္ကယ္ကို ယူလိုက္ၿပီး ေဘးမွာ ရပ္လိုက္တယ္။ၿပီးေတာ့ အိမ္ထဲကိုလိုက္ခဲ့ဖို႔ ေခၚလာခဲ့တယ္။
ေဆးအိတ္ယူလာကာ သူ႔လက္ကဒဏ္ရာကို ေဆးထည့္ေပးေနတဲ့ ဒီေခတ္ကို ၾကည့္ကာ သက္ျပင္းခ်ရင္း
"ကေလးကို လမ္းေပၚ တစ္ေယာက္တည္း လႊတ္မထားနဲ႔ကြ။
အန္တီကလည္း အသက္ႀကီးၿပီ ေနရာတိုင္းလိုက္ မၾကည့္နိုင္ ေလာက္ဘူး။ ခုနက ငါ့ဆိုင္ကယ္ေနရာမွာ ကားသာဆို မလြယ္ဘူး"
"အြန္း ငါ သတိထားလိုက္ပါ့မယ္ သားသားကိုလည္း ေျပာထား လိုက္မယ္။ ေက်းဇူးပဲ ယံ "
သူကအေလးအနက္ ထားကာ ေက်းဇူးတင္စကားဆိုလာေတာ့
ကိုယ္ကလည္း "အင္း" တစ္လုံးသာေၿဖ ၿပီး သူတို႔ၾကား ျပန္တိတ္ဆိတ္သြားျပန္တယ္။
တိတ္ဆိတ္မႈကို ၿဖိဳဖ်က္ဖို႔ စတင္ေတာ့လည္း
"ကေလးက ..."
"မင္း..."
ႏွစ္ေယာက္လုံး ၿပိဳင္တူ ေျပာမိေတာ့ ကၽြန္ေတာ္က သူအရင္ေျပာဆိုတဲ့ ပုံစံနဲ႔ ေမးေငါ့လိုက္ေတာ့ သူက ျပဳံးကာ
"မင္း ဘယ္တုန္းက ျပန္ေရာက္တာလဲ။ ကိစၥရွိလို႔လား ပိတ္ရက္လည္းမဟုတ္ ၾကားရက္ႀကီး ျပန္လာတာဆိုေတာ့ "
"ငါမေန႔က ျပန္ေရာက္တာ။
ကိစၥရွိလို႔လားဆိုေတာ့ အြန္း ဆိုပါေတာ့ "
ကၽြန္ေတာ္ မတင္တက် ေျဖေတာ့ သူလည္း ဘာမွဆက္မေမးေတာ့ဘဲ
"သားသားက ငါ့သားဆိုတာကို မင္း ခုနကမွသိတာလား။ ဒါမွမဟုတ္.."
သူစကားမဆုံးခင္ ၾကားျဖတ္ကာ အရင္ေျပာလိုက္တယ္ ။
"ငါ မိရတီ့ ဆီကၾကားတာ "
သူဘာမွဆက္မေျပာဘဲ ၿငိမ္ေနေတာ့ ကိုယ့္ဘက္ကဘဲ
" မင္း အရမ္းေျပာင္းလဲ သြားတယ္ေနာ္။ အာ ...မွားလို႔ ငါသိခဲ့တဲ့ ငါ့သူငယ္ခ်င္း ဒီေခတ္ဆိုတာ လြန္ခဲ့တဲ့ ရွစ္ႏွစ္ေက်ာ္ကတည္းက ေျပာင္းလဲသြားခဲ့ၿပီပဲ
အဟင္း"
ကၽြန္ေတာ္ခနဲ႔ သလို ေျပာလိုက္ေတာ့ ေခါင္းကို ေအာက္ငုံ႔ကာ သူ႔လက္ထိပ္ေတြ ဖဲ့ေနတာျမင္ေတာ့ သူအမွားလုပ္မိလို႔ စိတ္လႈပ္ရွားတိုင္း လုပ္တတ္တဲ့ အက်င့္က မေပ်ာက္ေသးဘူးလို႔ မွတ္ခ်က္ခ်မိတယ္။
"ငါ... ငါ ေတာင္းပန္ပါတယ္ ယံ
ငါ မင္းတို႔အတြက္ ထည့္မေတြးမိဘဲ တကိုယ္ေကာင္း ဆန္ခဲ့မိတယ္။ ငါသိပ္မွားခဲ့ပါတယ္"
ကၽြန္ေတာ့္ကို ၾကည့္လာတဲ့ ဒီေခတ္မ်က္၀န္းေတြထဲမွာ ၀မ္းနည္းနာက်င္တဲ့ ေနာင္တတရားတို႔ ရဲ့ အေငြ႕သက္ေတြပါ၀င္ေနခဲ့တယ္။
"ဒါဆို မင္း ငါတို႔ရဲ့ အရင္က ဒီေခတ္ ျပန္ျဖစ္မေပးနိုင္ဘူးလား"
ဘာကိုဆိုလိုမွန္း နားမလည္ နိုင္တဲ့ ပုံစံနဲ႔ ၾကည့္လာတဲ့
ဒီေခတ္ရဲ့ ပုခုံးတစ္ဖက္ကို ဖိကိုင္ရင္း
" ငါတို႔ ဒီႏွစ္ေတြမွာ နာက်င္ခဲ့ရတယ္။
အရင္လို အျပဳံးရယ္ မရွိေတာ့တဲ့ ေႏွာင္းရိပ္ကို ေျဖသိမ့္ဖို႔ ႀကိဳးစားေနၾကေပမယ့္ ငါတို႔ရင္ထဲမွာလည္း ဒဏ္ရာေတြနဲ႔ ။ ငါတို႔ေတြ အဆက္သြယ္ ရွိတယ္ ဆို႐ုံပဲ ေနၾကၿပီး ေဝးကြာ သြားခဲ့ရတယ္။
ဒါေတြကိုေတာ့ မင္းမသိခဲ့ဘူးမလား..."
ေၾကကြဲဖြယ္ရာ အတိတ္ကေန႔ရက္ေတြကို ျပန္လည္ တူးဆြေပးေနရတာဟာ ပင္ပန္းလွေပမယ့္ အဲ့အခ်ိန္က ေႏွာင္းရိပ္ ၊ရတီ၊ မင္းဆက္ တို႔ ရဲ့ ပုံရိပ္ေတြျမင္လာေတာ့ မ်က္ရည္ေတြက သစၥာရွိစြာ ၀ဲခိုလာတယ္။
" အဆိုးဆုံးကေတာ့ ေႏွာင္းရိပ္ပဲ ။ ငါတို႔ကိုေတာင္ စကားမေျပာ ၊အဆက္အသြယ္လည္း မလုပ္၊
တစ္ခါတေလ ကလပ္ေတြမွာ မူးေအာင္ေသာက္ ရန္ေတြျဖစ္လို႔ အခ်ဳပ္ထဲေတာင္ ေရာက္ခဲ့တယ္။
ငါက လည္း ငါ့ေက်ာင္းတစ္ဖက္နဲ႔ဆိုေတာ့ အခ်ိန္
ျပည့္ မရွိေပးနိုင္သလို ဟိုႏွစ္ေယာက္ကလည္း
ရန္ကုန္မွာဆိုေတာ့ အေဝးကပဲစိတ္ပူနိုင္ၾကတယ္။
ေနာက္ဆုံး သူ႔အေမက သူ႔ကိုၾကည့္ၿပီး စိတ္ဆင္းရဲရလို႔ ႏွလုံးေဖာက္ၿပီး ေဆး႐ုံတက္ရမွ သူျပန္လိမၼာလာတာ။
ဒါေပမယ့္ သူက အရမ္းကို ေအးစက္သြားတာ ငါတို႔ေတာင္ မယုံနိုင္ေလာက္တဲ့အထိေပါ့... "
ကၽြန္ေတာ္ေျပာေနတာေတြကို နားေထာင္ၿပီး အသံတိတ္ မ်က္ရည္ေတြ က်ေနခဲ့တဲ့ ဒီေခတ္ က
" ငါ တကယ္ မသိခဲ့ဘူး။ မင္းတို႔ ေတြ ငါ့အတြက္ေၾကာင့္ ခံစားရမယ္လို႔ ငါမထင္ခဲ့ဘူး။ ၿပီးေတာ့ သူ႔ ကိုလည္း ငါ့ အေပၚ ဒီေလာက္ထိ ခ်စ္ခဲ့လိမ့္မယ္ လို႔ လည္း ငါမယုံၾကည္ရဲခဲ့ဘူး။
ငါထြက္သြားတာနဲ႔ အားလုံးက ေမ့ေမ့ေပ်ာက္ေပ်ာက္ ျဖစ္သြားမွာပါလို႔ ငါ ထင္ခဲ့တာ"
ဒီေခတ္စကားၾကားေတာ့ ေဒါသထြက္သြားကာ
"ငါတို႔က မင္းကို ေမ့သြားမွာပါလို႔ ဘယ္လိုမ်ားေတြးနိုင္ရတာလဲ ေဆာင္းဒီေခတ္...."
ရင္ထဲက နာက်င္မႈေတြေၾကာင့္ ေအာ္ဟစ္လိုက္မိတယ္။
ရွိုက္သံေတြ ထြက္လာတဲ့အထိ ငိုေႂကြးေနတဲ့ ဒီေခတ္ကို ၾကည့္ကာ ကၽြန္ေတာ္လည္း မ်က္ရည္ေတြက်ရင္း
ၿမိဳသိပ္ခဲ့ရသမၽွေတြ ဖြင့္ခ်မိတယ္။
"ငါတို႔ေတြ အတူ ရွိခဲ့တဲ့ အခ်ိန္ေတြ၊ အတူျဖတ္သန္းခဲ့တဲ့ ေန႔ရက္ေတြ ၊ဆိုးတူေကာင္းဖက္ ရွိခဲ့တဲ့ အမွတ္တရေတြက မင္းအတြက္ ဘာမွမဟုတ္ခဲ့ဘူးလား။
အဲ့ဒီ အရာေတြက မင္းအေပၚ နည္းနည္းေလး မွေတာင္ တန္ဖိုးမရွိဘူးလား ဟမ္ ေျပာစမ္းပါအုံး ေဆာင္းဒီေခတ္...
ေႏွာင္းရိပ္ကို ခ်စ္ပါတယ္ လို႔ေျပာခဲ့တဲ့မင္းက သူ႔အခ်စ္ကိုေတာ့ ျမင္ေအာင္ မၾကည့္နိုင္ခဲ့ဘဲ
မယုံၾကည္ရဲဘူးဆိုတဲ့ မင္းရဲ့ အတၱနဲ႔ ဖုံးပစ္ခဲ့တာကြ...
မင္းရဲ့ လြဲမွားတဲ့ တစ္ကိုယ္ေကာင္းဆန္မႈေၾကာင့္ သူ႔အသက္ေလာက္ ခ်စ္ရတာကို မင္းမခံစားမိခဲ့ဘူးမလား ... "
ေအာ္ဟစ္ကာေျပာရင္း ထိုင္ေနတဲ့ ဒီေခတ္ကို အက်ီေကာ္လံကေန ဆြဲမကာ မ်က္ႏွာကို တစ္ခ်က္ ဆြဲထိုးပစ္လိုက္တယ္။
ေနာက္တစ္ခ်က္ ထပ္ထိုးဖို႔ ျပင္လိုက္ေပမယ့္ ၿငိမ္ခံကာ မ်က္ရည္ေတြက်ၿပီး ၿပိဳလဲေနတဲ့ သူ႔မ်က္၀န္းေတြျမင္ေတာ့ ရြယ္ထားတဲ့ လက္က ေလထဲတြင္ ရပ္တန္႔သြားရတယ္ ။
" ငါ မွားသြားၿပီ ။ အျခားသူေတြရဲ့ ေမတၱာ တရားေတြကို ဥေပကၡါ ျပဳခဲ့မိတယ္။ ေႏွာင္းရိပ္ အေပၚမွာလည္း ငါ အတၱႀကီးစြာ ရက္စက္ ခဲ့မိတယ္။ ငါ့အတၱေတြနဲ႔ ငါ လုံး၀ မွားခဲ့တာပဲ "
သူ႔အမွားပါလို႔ ေအာ္ဟစ္ေနတဲ့ ဒီေခတ္ကို ဆြဲဖက္လိုက္ရင္း
" ျပန္လာခဲ့ပါ ေခတ္ ငါတို႔ဆီျပန္လာခဲ့ပါ။
မင္းဘယ္ခ်ိန္ထိ ဒီအမွားေတြကို ဆက္ေလၽွာက္ၿပီး ေႏွာင္းရိပ္ကို ရက္စက္ေနအုံးမွာလဲ ကြာ..."
AN/ သိပ္ခ်စ္ၾကတဲ့ သူငယ္ခ်င္းႏွစ္ေယာက္ ရန္ျဖစ္ေနၾကတာ ရင္ထဲ ခံစားရတယ္။ ယံေလးက က႐ုဏာ ေဒါသ ျဖစ္ေနရွာတာပါ ...😓😓
Voteေတြတြက္ ေက်းဇူးပါေနာ္😍😍
လိုအပ္တာရွိရင္ ေဝဖန္ေပးၾကပါအုံးေနာ္။