Mysterious Love ( Completed )
By yoon_085
621K 60.2K 3.9K
လောကမှာ မမြင်နိုင်တဲ့အရာတွေ အများကြီးရှိတယ် ကိုယ်ကမမြင်ရတာနဲ့ပဲ မရှိဘူးလို့ပြောလို့မရဘူး အက်မမြင်ရတဲ့ အရာတွေက... More
Part 1 ~ Xiao Family
Part-2 ~Wrong face🔞🚨
Part-3 ~Sad Song
Part -4~ Leader Wang
Part-5 ~Picture
Part -6 ~ Piano
Part -7~ Argument
Part-8 ~ Lonely
Part -9 ~ Truth
Part -10~Darkness
Part-11~Cheating
Part-12~Party Night 🔞🚨
Part-13~ Attention 🔞🚨
Part-14 ~ It's hurt
Part-15~ Mirror
Part-16~Broken Photo
Part-17 ~ Mansion
Part -18 ~ Scream
Part-19 ~Red Lady
Part-20 ~ Cctv Records
Part-21~It's call Love 💚❤
Part-22~ Nightmare
Part-23~ Dating (1)
Part-24~Dating (2)
Part - 25~ Clue (1)
Part -26~ Clue (2)
Part-27~Love Drug 🔞🚨
Part-28 ~ Dream
Part-29~Cheater
Part-30 ~ Past (1)
Part-31 ~Past (2)
Part-32 ~Sleep Walking
Part-33 ~The Church
Part -34~ Love Poem 🔞🚨
Part -35~ Come Along
Part -36 ~ Terrify
Part- 37~ Unexpected
Part -38~Who is murderer?
Part-40 ~Twin Flame 🚨🔞
Part -41~ Belief ( Final )
Extra - I 🔞🚨
Holloween Special
one shot
Announcement !!
Part -39 ~ Tears
10.7K 1.3K 116
By yoon_085
Mysterious Love
Unicode
မနက်နေရောင်ခြည်လေးတက်လာပြီး အိမ်ထဲမှာတော့ဖန်ကွဲများသွေးတွေနဲ့ပြန့်ကြဲလျက်
" ဖုန်းလိုင်းတွေပြန်ရပြီ ''
" အမြန်ဆေးရုံကားခေါ်လိုက် ''
ရန်ဖေးကယွီပင်းကိုပြောလိုက်တယ် ။
" ဖာသာကျွန်တော့်ကျဲ(ဇီယီ) ဘယ်လိုနေသေးလဲဟင် ''
ဖာသာကလဲကျနေတဲ့ဇီယီရဲ့အနားကိုသွားစစ်ကြည့် လိုက်တယ် ။
" အင်းလောလောဆယ်ခန္ခာထဲကထွက်သွားပြီ ဒါပေမယ့် ဝိဉာဉ်ကအငြိုးကြီးတော့နှိမ်နင်းဖို့လိုသေးတယ် သူကဘယ်ဟာမှာကပ်နေမှန်းမသိသေးတာခက်တယ် ''
ဖာသာကတွေးဆဆနဲ့ပြောလိုက်ပြီးဇီယီရဲ့လည်ပင်းမှာ လက်ဝါးကပ်တိုင်လည်ဆွဲလေးဆွဲပေးလိုက်တယ် ။
" ကျွန်တော်သိတယ်ဖာသာ ''
ရှောင်ကျန့်ကတိတ်နေရာကနေထပြောလိုက်တယ် ။
" အပေါ်ထပ်ထောင့်ဆုံးအခန်းကပန်းချီကားပဲ ''
" ဟမ်...'' ''ဟင် ''
အားလုံးကအံသြသွားကြတယ် ။
"ယွီပင်းကျေးဇူးပြုပြီးသွားယူပေးပါလား ကျွန်တော်ရိပေါ်နားကမသွားနိုင်လို့ ရိပေါ်ကကျတော်ဘေးမှာအတူရှိနေရင်နိုးချင်နိုးလာမှာ ''
ချစ်ရသူကိုဆုံးရူံးထားတာဆိုတော့ ဘယ်သူမဆိုသောက ရောက်ပြီးမဖြေဆည်နိုင်တာနားလည်တာကြောင့် ယွီပင်း တစ်ယောက်တည်းအပေါ်ကိုတက်လာခ့ဲလိုက်တယ် ။
ထိုထောင့်ဆုံးအခန်းထဲကပန်းချီကားကိုတွေ့လိုက်တယ် အင်္ကျီအနီနဲ့ကျက်သရေရှိပီးလှပတဲ့မိန်းကလေးက အခုလိုဒုက္ခပေးလိမ့်မယ်လို့မထင်ရက်စရာပဲ ၊ယွီပင်းလဲ ပန်းချကားကိုယူပြီး အောက်ကိုဆင်းလာခဲ့လိုက်တယ် ။
" ဖာသာပန်းချီကားကိုယူလာပါပြီ ''
" အင်း ''
ယွီပင်းကပန်းချီကားထောက်တိုင်နဲ့အတူပန်းချီကား ကိုသေချာချလိုက်တယ် ဖာသာကပန်းချီကားကိုသေချာ ကြည့်လိုက်ပြီး...
" အင်းအဲ့ကလေးမရဲ့ဝိဉာဉ်ကပန်းချီမှာပဲ ''
" ဘာလို့လဲ ဖာသာ ''
ကျိုးချန်ကနားမလည်လို့ထမေးလိုက်တယ် ။
" ဒီပန်းချီကသူရဲ့ပုံတူပန်းချီပြီးတော့ ဒီပန်းချီကားမှာ စွန်းထင်းနေတဲ့သွေးတွေနဲ့အတူ သူ့ရဲ့အာဃတတွေ ကပ်ငြိနေတယ် အဲ့ဒါကြောင့်သူ့ရဲ့မှီခိုနေတဲ့ နေရာကပန်းချီကားပဲ ''
" နှိမ်နင်းပေးပါ သူ့ကိုအမြန်နှိမ်နင်းပေးပါသူ့ကြောင့် သူ့ဘက်ကနေကာကွယ်ပေးမိလို့ရိပေါ်ကိုဆုံးရူံးရပြီးပြီ သူ့ကိုသာနှိမ်နင်းလိုက်ရင်သူ့ကိုသာဖျက်စီးလိုက်ရင် ရိပေါ်အသက်ပြန်ရှင်လာမှာ ''
ရှောင်ကျန့်ကမျက်ရည်တွေသွင်သွင်ကျကာ အံကြိတ်ပြီးတော့ပြောတယ် ။
" ဟင် သားသေသွားတဲ့သူက... ''
"ဟင့်အင်းဖာသာမပြောပါနဲ့ ကျွန်တော်ရိပေါ်ကိုယုံတယ် သူကကျွန်တော်တယောက်တည်းဆိုစိတ်ချတဲ့သူမဟုတ်ဘူး သူ..သူ ပြန်လာမှာအမြန်သာဖျက်စီးလိုက်ပါတော့ ''
" ဟင်း ကောင်းပြီ ''
ဖာသာကသူ့ရဲ့လက်ဆွဲသေတ္တာထဲကနောက်ထပ် လက်ဝါးကပ်တိုင်တစ်ခုနဲ့ပရိတ်ရေပုလင်းတစ်ခုကို ထုတ်လိုက်တယ် ။
" ကောင်းကင်ဘုံ ကောင်းကင်သခင် ဘုရားသခင်ကိုခစားပါတယ်
ကောင်းချီးပေးသောတမန်တော်တို့ ပညာရှိသောတမန်တော်တို့အတူတူရှိနေပါတယ်
ကျွန်တော်မျိုးကိုစောင်မတော်မူပါ (သန့်စင်ပေးပါ)
လူသားတို့ရဲ့အဖဘုရားသခင်
မင်းကိုဘုရားသခင်ရဲ့နာမတော်သန့်ရှင်းသော ဝိဉာဉ်တော်နဲ့အမိန့်ပေးနေတယ် ယေရူရဲ့လက်ဝါးကပ်တိုင်တော်ကို မင်းကြောက်နေရမယ်
ဘုရားသခင် အာမင် ''
ဖာသာကရေရွတ်ပြီးတာနဲ့ပရိတ်ရေတော်ကို ပန်းချီကားပေါ်လောင်းချလိုက်တယ် ။
~~~~~~~ မလုပ်နဲ့ ~~~~~~~
အသံနက်ကြီးတစ်သံကတစ်အိမ်လုံးအနှံပေါ်ထွက်လာတာကြောင့်အားလုံးလဲတုန်လှုပ်သွားတယ် ။
" မင်းကဒီပန်းချီကားကိုစွဲလမ်းပြီးနေတယ်ပေါ့ ဟုတ်ပြီ ''
အဲ့ချိန်မှာဂါဝန်အနီအရှည်ပေါင်လယ်ခွဲကိုဝတ်ထားတဲ့ မင်အာကပေါ်လာတယ် အရမ်းကိုဒေါသထွက်နေပြီး ပန်းချီကားနဲ့ဖာသာကိုစိုက်ကြည့်နေတယ် ။
ထိုစဉ်အရိပ်မဲကြီးတစ်ခုဖြစ်သွားပြီးဖာသာ့ဆီကို ပြေးလာတယ် ဖာသာကလက်ဝါးကပ်တိုင်ကို ထုတ်ပြီးပြလိုက်တော့ ထိုအရိပ်ကအရှေ့ကိုမတိုး လာနိုင်တော့ဘဲအော်ဟစ်ပြီးအရိပ်ပျောက်ကွယ် သွားတယ်
ရှောင်ကျန့်မင်အာ့ကိုမြင်တော့သူစိတ်လဲတိုပြီး ဒေါသလဲဖြစ်ရတယ် သူသွေးတွေနဲ့ပေနေတဲ့ ရိပေါ်ရဲ့အလောင်းကိုကျစ်ကျစ်ပါအောင်ဖက်ထားပြီး မျက်ရည်များကတာကျိုးသလိုပဲကျလာတယ် ။
မနက်ရောင်ခြည်စပြုနေပေမယ့်အိမ်ထဲမှာ အနည်းငယ်မှောင်နေသေးတာကြောင့်သဲကွဲစွာ မမြင်ရသေးပေမယ့်ဘယ်အရာကဘာဆိုတာတော့ မြင်တွေ့နေရသေးတယ် ရုတ်တရက်အိမ်ကြီးထဲမှာ ဘယ်ကမှန်းမသိတဲ့လေတွေတိုက်ခတ်လာတယ် ၊
" အားလုံးသတိထားနေကြ ''
ဖာသာကသတိလှမ်းပေးလိုက်တယ် ပြီးတော့အိမ်ထဲမှာ ပြေးလွှားတဲ့ခြေသံတွေနံရံကိုကပ်ခြစ်လာတဲ့ အသံတွေကြားလာရတယ် ပစ္စည်းအချို့လဲ သူတို့ဘက်ကိုလွင့်စင်လာတယ်
အားလုံးကလဲထိတ်လန့်ကုန်တယ် ပစ္စည်းတွေလွင့်ကုန်လာပြီး ရုတ်တရက်ရပ်သွားတယ် ။
" အားလုံးသတိထားသူတစ်ခုခုလုပ်တော့မယ် ''
အားလုံးကလဲသတိနဲ့နေရင်းရုတ်တရက်လေတွေ တိုက်လာပြန်တယ် ယွီပင်းနဲ့ကျိုးချန်နှစ်ယောက်သား လေပေါ်မြှောက်လွင့်သွားပြီးနံရံဘက်ကိုလွင့်သွားပြီး ပြုတ်ကျသွားတယ် ။
" ယွီပင်းကော အနောက်မှာသတိထား ''
ယွီပင်းတို့ရဲ့အနောက်မှာအရိပ်ကြီးတစ်ခုပေါ်လာတယ် ပြီးတော့သူမရဲ့လက်တွေကယွီပင်းရဲ့လည်ပင်းပေါ် ရောက်လာတယ်
" အား...အင့် ''
သရဲမကယွီပင်းရဲ့လည်ပင်းကိုသူမရဲ့ လက်တွေနဲ့ညှစ်ထားတယ် ။
" ယွီပင်းကော ဖာသာတစ်ခုခုလုပ်ပါဦး ''
လင်းချန်ကကြောက်လန့်တကြားအော်လိုက်တယ် ဖာသာကကျမ်းစာကိုရွတ်ပြီးဆားတွေနဲ့ ယွီပင်းကိုညှစ်ထားတဲ့လက်ကိုပတ်လိုက်တော့ လွှတ်သွားတာနဲ့ ယွီပင်းကြမ်းပြင်ပေါ်လဲကျသွားတယ် ။
" ယွီပင်း ယွီပင်း "
ကိျုးချန်ကသတိလစ်သွားတဲ့ ယွီပင်းကိုပြေးပြီးပွေ့လိုက်တယ်
" အချိန်မရှိဘူး ပန်းချီကားကိုဖျက်စီးဖို့လုပ်ရမယ် မဟုတ်ရင်အကုန်သေကုန်လိမ့်မယ် ''
ယွီပင်းကိုကျိုးချန်နဲ့အတူသွားပွေ့တဲ့လင်းချန်ရဲ့ ဆံပင်ကိုဆွဲလိုက်ပြီးနံရံဘက်ကိုအရှိန်နဲ့ပစ်လိုက်တယ် ဒီတခါပစ်လိုက်တဲ့အရှိန်ကပြင်းတာမို့လို့ လင်းချန်ခေါင်းတွေထူပူပြီး အမြင်တွေပါဝေဝါးသွားပြီး ခေါင်းကလဲသွေးတွေကျလာတယ် ။
အဲ့ဒီ့်အချိန်မှာဖာသာကကျမ်းစာကိုရွတ်ကာ ပန်းချီကားကိုဆားနဲ့ပတ်လိုက်ပြီးမီးခြစ်ကို ခြစ်လိုက်ပြီးပန်းချီကားဆီကို မီးခြစ်လှမ်းပစ်လိုက်တာကြောင့် ပန်းချီကားတစ်ခုလုံးမီးတွေလောင်ကျွမ်းသွားတယ် ။
~~~~~~~ အား ~~~~~~~
နာကျင်လွန်းတာကြောင့် ထွက်လာတဲ့စူးဝါးတဲ့အသံမျိုး ထွက်လာပြီးမင်အာရဲ့တစ်ကိုယ်လုံးမီးတွေ လောင်ကျွမ်းကုန်တယ် ။
" မီးတွေ? "
ကျိုးချန်ကတိုးတိုးလေးရေရွတ်လိုက်တယ်
" ဟုတ်တယ် အဲ့ဒါမီးတွေကငရဲမီးတွေ သူလုပ်ခဲ့တဲ့ အပြစ်ဒဏ်ကိုပြန်ပေးဆပ်ရတာပဲ ''
ဖာသာနဲ့အားလုံးကလဲ မင်အာလောင်ကျွမ်းနေတာကို ကြည့်နေလိုက်ကြတယ် တကယ်တော့မကောင်းမှုဆိုတာ လုပ်မိရင် ပြန်ပေးဆပ်ကြရတာပဲ သူကမတရားသေသွား ရပေမယ့်လဲသူလုပ်ခဲ့တဲ့အပြစ်ဒဏ်ကတော့သူ့ကိုညှာမှာ မဟုတ်ဘူး.....
မနက်လဲမိုးလင်းပြီမို့လို့ သူတို့ရဲတွေရောအရေးပေါ်ကား တွေကိုပါခေါ်ထားတယ် အားလုံးကလဲအလူးလူး အကွဲကွဲအပြဲပဲရှောင်ဟန်ကလဲ မင်အာရဲ့ထိန်းချုပ်မှုကြောင့်သူ့လည်ပင်းကိုသူမှန်နဲ့ ဖြတ်ပြီးသေသွားတယ် ရိပေါ်ကလဲမီးဆိုင်းက မှန်တွေကြောင့်ဆုံးသွားရတယ် ကျိုးချန်ကလဲလက်မှာ မှန်ကွဲရာကြီးစိုက်လို့် ယွီပင်းနဲ့ဇီယီကလဲခုထိသတိမရ ၊လင်းချန်ကနံရံနဲ့ဆောင့်မိတာကြောင့်ခေါင်းမှာသွေးတွေ ကျလို့ရန်ဖေးကလဲပေါင်မှာပုလင်းကွဲအစိုက်ခံထားရနဲ့ အကုန်လုံးကဒဏ်ရာကိုယ်စီနဲ့....
သိပ်မကြာဘူးဆေးရုံကားတွေရော ရဲကားတွေပါရောက် လာတယ် ရှောင်ကျန့်ကတော့သူ့ရင်ခွင်ထဲမှာ အေးစက်နေပြီဖြစ်တဲ့ရိပေါ်ကိုအဆုံးထိမလွှတ်ဘဲ ဆေးရုံကားပေါ်ခေါ်သွားတယ် ။
" ရိပေါ်ကိုကယ်ပေးပါ ရိပေါ်ကိုကယ်ပေးပါ ရိပေါ်သူ သူကသတိမေ့မျောနေတာ ''
" သတိမေ့နေတာဘယ်လောက်ကြာပြီလဲ ''
" မသိဘူး မနက်မိုးမလင်းခင်လောက်က ''
ဆေးရုံကားပေါ်ပါလာတဲ့ဆရာဝန်တွေကရိပေါ်ကို စမ်းသပ်ပြီးကိုယ်မှာအနည်းငယ်စိုက်နေသေးတဲ့ ဖန်ကွဲစတွေကိုဖယ်လိုက်ကြပြီးဒဏ်ရာတွေကို ကပ်လို့ရတာတွေကပ်လိုက်ကြပြီး နှလုံးခုန်နှုန်းတိုင်းတဲ့ စက်မှာချိတ်လိုက်တယ် ။
" ဆရာပြဿနာပဲ နှလုံးမခုန်ဘူး ''
"CPR လုပ်ပြီးလျှပ်စစ်ရိုက်မယ် Volt တင် ''
ရိပေါ်ကိုနှလုံးပြန်ခုန်အောင်လျှပ်စစ်ရိုက်ပြီးCPR လုပ်ပေမယ့်လဲ နှလုံးခုန်နှုန်းတိုင်းတဲ့စက်မှာ မျဉ်းဖြောင့်ကတန်းလို့....
ဆရာဝန်တွေလဲလက်လျော့လိုက်ကြပြီး ရိပေါ်ကိုအဖြူရောင်ပိတ်စနဲ့အုပ်ဖို့လုပ်တော့ ရှောင်ကျန့်ကဆွဲဖယ်လိုက်တယ် ။
" မအုပ်နဲ့ ရိပေါ်ကမသေဘူး မင်းတို့တွေဆရာဝန်မှဟုတ်ရဲ့လား မသေသေးတဲ့လူတယောက်ကိုဘာလို့အခုလိုလုပ်တာလဲ မင်းတို့တွေအကုန်အလုပ်ပြုတ်ချင်လို့လား
ရိပေါ်မင်းအိပ်မနေနဲ့ထဦးလေကွာ ငါ့ကိုချစ်တယ်လို့ ပြောဦးလေ စတာပါလို့ပြောဦးလေကွာငါမင်းကိုချစ်တဲ့ အကြောင်းတွေမပြောရသေးဘူးလို့ထပါကွာ''
ရှောင်ကျန့်ရိပေါ်ကိုဖက်ပြီးငိုနေတယ် ဆေးရုံကားပေါ်ပါလာတဲ့ဆရာဝန်တွေကလဲ ဆေးရုံရောက်ရင်တော့နားချလို့ရမှာပါဆိုပြီး လွှတ်ထားလိုက်ကြတယ် ။
______________<<<<<<<__________
နေရာတစ်ခုလုံးအဖြူအငွေ့တွေနဲ့ဖုံးလွှမ်းနေပြီး ဘယ်နေရာကိုရောက်လို့ရောက်နေမှန်းလဲမသိဘူး
" ရိပေါ် ''
ရိပေါ်သူ့နာမည်ခေါ်သံကြားလို့ အနောက်ကိုလှည့်ကြည့်တော့ သူ့ကိုကြည့်နေတဲ့ မင်အာ့ကိုတွေ့တယ်
" ရှောင်မင်အာ? "
" ရိပေါ် မင်အာတောင်းပန်ပါတယ်နော် မင်အာတို့အတူတူထွက်သွားရအောင်လေ ''
" မင်းဘာတွေပြောနေတာလဲ ငါထွက်မသွားနိုင်ဘူး ငါ့ကိုစောင့်နေတဲ့ရှောင်ကျန့်ရှိတယ်'
" ရိပေါ်ကအခုသေသွားပြီလေ ''
"ဟင့်အင်း မဖြစ်နိုင်ဘူး''
" မင်အာနဲ့ပဲအတူတူထွက်သွားရအောင်လေနော် ''
" မင်းသိပ်ကိုအတ္တကြီးလွန်းတယ်ရှောင်မင်အာ ''
" ဟင့်အင်းမင်အာကအချစ်ကိုလိုချင်ရုံပါ မင်အာ့ကိုဘယ်သူမှမချစ်ပေး မစိုးရိမ်ပေးကြဘူး ''
" မင်းမှားနေပြီမင်းကိုချစ်တဲ့သူတွေမှအများကြီး မင်းရဲ့အဖေ ၊မင်းရဲ့မောင် မင်းကိုဂရုစိုက်တဲ့သူတွေချည်းပဲ ''
" မောင် ? ဟုတ်လား ''
"ဟုတ်တယ် မင်းရဲ့မောင်အရင်းမင်းနဲ့8နှစ်လောက် တည်းကကွာသွားတဲ့ မင်းရဲ့မောင်က မင်းကိုအဆုံးထိကာကွယ်ပေးချင်ခဲ့တာ မင်းအတွက်တရားခံကူရှာပေးချင်ခဲ့တာမင်းအတွက်နဲ့ ငါ့ကိုတောင်စွန့်လွှတ်တဲ့အထိမင်းကိုပဲရွေးချယ်ခဲ့တာ ဒါတောင်မင်းကနောက်ဆုံးချိန်ထိအတ္တကြီးတုန်းလား မင်းအသက်ရှင်နေတုန်းကလဲမင်းလုပ်ချင်တာပဲ မင်းသိတယ်ဘာလုပ်သင့်တယ်ဆိုတာထက်မင်းလုပ်ချင်တာကအရေးကြီးနေခဲ့တာအခုလဲဒီတိုင်းပဲ တကယ်လို့ငါသာ ရှောင်ကျန့်ကိုမကာကွယ်ခဲ့ဘူးဆိုရင် မင်းသူ့ကိုသတ်ပစ်မှာပဲလား ''
" ဟင့်အင်း မင်အာမသိဘူး သူ သူကမင်အာ့ကို ကာကွယ်ပေးချင်မှန်း... ''
" မင်းကဘယ်မြင်မှာလဲ မင်းကမင်းလုပ်ချင်တာကိုပဲ တဇွတ်ထိုးလုပ်နေတာလေပတ်ဝန်းကျင်မှာ ဘာတွေထိခိုက်သွားလဲဆိုတာမင်းမသိဘူး သိအောင်လဲမင်းမလုပ်ခဲ့ဘူး ''
" သူ မင်အာ့မောင်လေး သူကကျန့်ကျန့်လေးလား မဖြစ်နိုင်ဘူး ''
" ဟုတ်တယ်သူကမင်းရဲ့မောင်အရင်းရှောင်ကျန့် သူ့အမေနဲ့နော်ဝေးမှာနေတာ သူ့အမေဆုံးသွားလို့ မင်းအဖေကဒီမှာပြန်နေဖို့ခေါ်ထားတာ ''
" ကျန့်လေး..... ''
မင်အာကထိုင်ချလိုက်ပြီးငိုနေတယ် သူလုပ်ချင်တာပဲ သူလုပ်ခဲဲ့တာသူ့မောင်ဆိုတာကိုလှည်မကြည့်ခဲ့မိဘူး
" ရိပေါ် မင်အာ့ကိုချစ်ခဲ့လားဟင် ''
" ငါအမှန်တိုင်းပြောရရင် မင်းနဲ့တွဲခဲ့တဲ့ကာလ တလျှောက်မှာ မင်းကိုရင်မခုန်ခဲ့ဖူးဘူး မင်းတို့အသိုင်းဝိုင်းကကြီးတော့ မင်းတို့ကြားထဲမှာငါမျက်နှာမငယ်အောင် ကြိုးစားရမယ်ဆိုတဲ့စိတ်ရှိခဲ့တယ် မင်းနဲ့လက်ထပ်ချင်လို့လုပ်ခဲ့တာမဟုတ်ဘူး
မင်းကိုကျောင်းမှာနာမည်ကြီးတဲ့လူတစ်ယောက်ဖြစ်လို့ မင်းနဲ့တွဲရင်အားလုံးကအထင်ကြီးကြမယ်လို့ထင်လို့ ပြီးတော့ဟောက်ရွှမ်းရဲ့စကားတွေကို ငါနားယောင်မိခဲ့ပြီးမင်းကိုချစ်တယ်လို့ငါထင်ခဲ့တယ် တကယ်တမ်းချစ်တယ်ဆိုတဲ့အရာကိုရှောင်ကျန့်နဲ့တွေ့မှ နားလည်ခဲ့တယ် သူ့ကိုတွေ့နေရရင်ကိုပျော်တယ် သူ့အနားမှာပဲတစ်ချိန်လုံးရှိချင်နေမိတယ်
သူ့ကိုမထိခိုက်အောင်ကာကွယ်ပေးချင်မိတယ် နောက်ဆုံးသူ့ရဲ့နှုတ်ထွက်စကားလုံးကအစ ငါ့ကိုဝမ်းသာခြင်းဝမ်းနည်းခြင်းကိုဖြစ်စေတယ် ''
" ရှင်သူ့ကိုတကယ်ပဲ ချစ်သွားခဲ့တာကိုး ''
မင်အာရဲ့စကားကိုကြားပြီး ရိပေါ်ပြုံးလိုက်မိတယ်
" သူ့အကြောင်းတွေးရုံနဲ့တင်ပြုံးစေရတယ် သူ့အပြုံးသူ့ အမူရာလေးတွေကငါ့အတွက်ဆေးပဲ ''
ရိပေါ်နာနာကျင်ကျင်ပဲပြုံးလိုက်တယ် ။
" အဟက်....ငါကသေသွားပြီပဲ အခုချိန်လောက်ဆိုသူငိုနေလောက်ပြီ သူကတစ်ခုခုဆို မျက်ရည်အရမ်းလွယ်တာကလေးလိုပဲ အခုလောက်ဆိုသူဝမ်းနည်းနေလောက်ပြီ ငါ့ကိုမေ့ပစ်ပြီး ပျော်ပျော်နေဖို့သွားပြောချင်လိုက်တာ ''
" ကိုယ်တိုင်သွားပြီးစောင့်ရှောက်လိုက်ပါ ''
" အမ် ''
"လက်ကိုကြည့်လိုက်ပါ ''
မင်အာကရိပေါ်ရဲ့လက်ကို မေးငေါ့ပြီးပြလိုက်တယ် ။
" ဒါကဘာကြီးလဲ ''
ရိပေါ်ရဲ့လက်သန်းမှာငွေမျှင်ရောင်အပ်ချည်ကြိုးလေး တစ်ခုကြိုးလေးကတင်းနေအောင်တန်းနေပြီး အဆုံးကတော့မြူတွေကြားကွယ်မြှပ်ကာမမြင်ရဘူး ။
" အဲ့ဒါ အသက်ချည်ကြိုးပဲ ကြိုးအဆုံးထိလျှောက်သွားရင် ခန္ဓာကိုယ်ဆီပြန်ရောက်လိမ့်မယ် ''
" ဘာလို့လဲ ခုနကအထိမင်းနဲ့အတူ သွားဖို့ခေါ်နေတာမဟုတ်ဘူးလား ''
" ဟုတ်တယ်အသက်ရှင်တုန်းကလဲ ဘယ်အရာကိုမှမစဉ်းစားဘဲလုပ်ခဲ့တယ် မောင်အရင်းကိုတောင်မှသတ်ဖို့အထိလုပ်ခဲ့မိတယ် ပြီးတော့ရိပေါ်ကိုလဲဒီအထိဆွဲခေါ်လာခဲ့မိတယ်
အခုကြိုးအတိုင်းပြန်တော့ခန္ဓာကိုယ်က ထွက်လာတာကြာသွားရင်ဝင်မရဘဲနေလိမ့်မယ် ''
" မင်းကရော ''
ရိပေါ်ရဲ့မေးခွန်းကိုမင်အာကအပြုံးလေးနဲ့တုံပြန်ပြီး
" ရိပေါ်ကထူးဆန်းတယ်နော် မင်အာနဲ့ရုပ်ချင်းသိပ်မကွာတဲ့ရှောင်ကျန့်ကိုကျချစ်ပြီး မင်အာ့ကိုကျချစ်လို့မရဘူးတဲ့ ''
"အချစ်ကရုပ်ရည်နဲ့မဆိုင်ဘူးမင်အာနှလုံးသားနဲ့ပဲ ဆိုင်တယ်''
" ဟုတ်ပါရဲ့မင်အာ့ရဲ့နှလုံးသားကလဲရိပေါ်ကိုမှပဲ ရင်ခုန်ခဲ့တာနှလုံးသားကတော့ညာလို့ မရပါဘူးလေ ''
" သွေ့ပုချိ မင်အာ ''
''မဟုတ်တာအဲ့အစားရှောင်ကျန့်ကိုမင်အာ့ကိုယ်စား ပိုချစ်ပေးပါပြီးတော့တောင်းပန်ပါတယ်လို့ အမြန်သွားတော့ ''
" မင်းကရော... ''
" မင်အာ မိုက်ခဲ့တာတွေအတွက်ပြန်ပေးဆပ်ရဦးမှာပေါ့ ရှောင်ကျန့်ကိုစောင့်ရှောက်ပေးပါ ''
မင်အာကပြောပြီးသူ့ရှေ့မှာမီးတွေလောင်မြိုက်ကာ ပျောက်ကွယ်သွားတယ် ရိိပေါ်လဲမင်အာပြောတဲ့အတိုင်း ငွေမျှင်ရောင်ကြိုးလေးအတိုင်းလျှောက်သွားလိုက်တယ်
_________<<<<<<<<<_________
ရိပေါ်မသေသေးဘူးဆိုတာဘယ်သူ့မှလက်မခံကြဘူး အားလုံးကရိပေါ်ကိုအောက်ဆီဂျင်ပိုက်တွေ နှလုံးခုန်နှုန်းတိုင်းတဲ့စက်တွေ ဖြုတ်လိုက်ကြတယ်၊ သူသိတယ်ရိပေါ်ကသူ့ကိုတစ်ယောက်တည်း ထားခဲ့မှာမဟုတ်ပါဘူး ရိပေါ်ကသူ့ကိုသိပ်ချစ်တာ သူရိပေါ်ကိုစောင့်ရမယ် ။
ရှောင်ကျန့်ဆေးရုံထဲကခုံမှာပဲထိုင်နေမိတယ် ရိပေါ်ကိုလက်လွတ်လိုက်ရတာသူမယုံကြည်နိုင်သေးဘူး သူ့ရဲ့ပါးနဲ့အဖွားကကျဲရဲ့အမူကိစ္စအတွက် မနက်ဖြန်ချုံချင်ကိုလာကြမယ်တဲ့ သူ့ကိုအားလုံးကဝိုင်းပြီး ရိပေါ်သေပြီလို့ပြောကြပေမယ့် သူမယုံကြည်နိုင်ခဲ့ဘူး ။
ကျိုးချန်တို့ဆေးရုံရောက်လာတော့ရိပေါ်ရဲ့ကျန်ခဲ့တဲ့ ဖုန်းကိုယူလာခဲ့ပေးတယ်ဖုန်းscreen ပေါ်မှာတောင် သူ့အိပ်နေတဲ့အချိန်ရိပေါ်ရိုက်ထားတဲ့ပုံလေး.....
" ရိပေါ် သွေ့ပုချိ ငါမင်းကိုယုံကြည်ခဲ့သင့်တယ် ငါ့အမှားပါငါ့ကိုထားသွားတော့မှာလား ရိပေါ်''
ရှောင်ကျန့်လက်နှစ်ဖက်ပေါ်ကိုမျက်နှာအပ်ပြီး အားရပါးရငိုနေမိတယ် မင်းကိုနောက်တစ်ခါ ထပ်မတွေ့ရတော့ဘူးဆိုတဲ့စိတ်ကအရမ်းကို ဆိုးဝါးလှတယ် မင်းကိုချစ်တယ်တောင်မပြောလိုက်ရဘူး မင်းအချစ်တွေကိုစော်ကားခဲ့မိတယ် မင်းငါ့ဆီကိုမလာနိုင်တော့ရင်ငါမင်းဆီကိုလာခဲ့မယ် ။
ရှောင်ကျန့်ထိုင်နေရာကနေချက်ချင်းထသွားတယ် သူသွားတဲ့နေရာကတော့ဆေးရုံရဲ့ခေါင်မိုးထပ် ၊သူရိပေါ်မရှိတဲ့နေရာမှာအသက်ရှင်နိုင်မယ်မထင်ဘူး အဲ့ဒါကြောင့်လူတွေကပြောတာထွက်သွားတဲ့သူနဲ့ ကျန်ရစ်ခဲ့တဲ့သူမှာကျန်ရစ်ခဲ့တဲ့ သူကပိုခံစားရတယ်ဆိုတာ....
ရှောင်ကျန့်ဆေးရုံရဲ့ခေါင်မိုးထပ်မှာလေကို တဝကြီးရူလိုက်ပြီးဘောင်ပေါ်ကိုတက်ဖို့ လုပ်လိုက်ပေမယ့် အနောက်ကလှမ်းဆွဲလိုက်တာကြောင့် သူအရှိန်နဲ့သူ့ကိုဆွဲလိုက်တဲ့သူရဲ့ရင်ခွင်ထဲကို ရောက်သွားတယ် ။
" မင်းဘယ်သူလဲလွှတ်စမ်းပါ ''
ရှောင်ကျန့်သူ့ကိုဖက်ထားတဲ့သူဆီကနေရုန်းနေတယ် ဒါပေမယ့်သူနဲ့ရင်းနှီးလွန်းလှတဲ့အနံကြောင့်သူရုန်းနေတာတွေရပ်တန့်သွားတယ် ။
" ရိပေါ် ရိပေါ် မှတ်လား ''
ရှောင်ကျန့်ရင်ခွင်ထဲကထွက်ပြီးမော့ကြည့်လိုက်တော့ သူမြတ်နိုးခဲ့တဲ့မျက်နှာလေး
" ရိပေါ် မင်းကိုနောက်ဆုံးတော့မြင်ရပြီပေါ့ ငါ ငါမင်းကိုချစ််တယ်လို့ပြောချင်နေခဲ့တာ ငါမင်းကို မပြောလိုက်ရလို့အရမ်းကိုနောင်တရနေခဲ့တာ အခုငါ ငါ မင်းကိုမြင်နေရပြီဆိုတော့ ငါလဲသေသွားတာလား ''
" အရူး မင်းအဲ့လိုရူးနေလို့ဖြစ်မလား ငါသာစောစော ရောက်မလာခဲ့ရင်မင်းခုန်ချတော့မှာလားဟမ် မင်းကိုလိုက်ထိန်းဖို့တကယ်ပဲငါမရှိရင်မရဘူးလား ''
" ဟင် ရိပေါ် မင်းမသေဘူး ''
ရှောင်ကျန့်ကရိပေါ်ရဲ့ပါးလေးကို မထိရက်မကိုင်ရက်သလို မျိုးဖွဖွလေးကိုင်လိုက်တယ် ပြီးတော့ရိပေါ်ရင်ခွင်မှာမျက်နှာအပ်ပြီးငိုလိုက်တယ် ။
" အရူး ငါမင်းကိုသေပြီမှတ်လို့ ဘယ်လောက်တောင်စိတ်ပူနေရလဲသိလား ငါတစ်နေကုန်လုံးမင်းကိုပဲသတိရနေတာ မင်းသာ မင်းသာ ငါ့အနားမှာတကယ်မရှိတော့ရင်ငါသေမှာကွ သိလား ငါသေမှာ ဟီး ''
ရှောင်ကျန့်ကငိုပြီးရိပေါ်ရင်ဘတ်ကို တဖုန်းဖုန်းနဲ့ရိုက် တော့တယ် ရိပေါ်ကသူအရိုက်ခံရပေမယ့်လဲ အပြုံးမပျက်ဘဲရှောင်ကျန့်ရိုက်တာကို ပြုံးပြုံးကြီးခံယူတယ် ။
သူချစ်တဲ့ရှောင်ကျန့်ကသူ့ကိုချစ်လို့ရိုက်တာပဲ သူခံရဲပါတယ် သူဟာတကယ်ပဲရှောင်ကျန့်အတွက် အသက်ပေးပြီးချစ်ရဲတယ်ဆိုတာ သက်သေပြနိုင်ခဲ့တယ်လေ ရိပေါ်သူ့ကိုထုရိုက်နေတဲ့ ရှောင်ကျန့်ကိုဆွဲဖက်လိုက်ပြီးရှောင်ကျန့်ခေါင်းကို ဖွဖွလေးနမ်းလိုက်တယ်
သေချင်းကွဲပြီလို့ထင်ထားခဲ့ပေမယ့်မကွဲတဲ့အပြင် နှစ်ယောက်လုံးကတစ်ယောက်နဲ့တစ်ယောက်အသက်ချင်းလဲပေးပြီးချစ်ကြတယ်ဆိုတာနှုတ်ကထုတ်မပြောလဲ သိနေကြပြီလေ ထိန်ထိန်သာနေတဲ့လပြည့်ဝန်းကြီး အောက်မှာချစ်သူနှစ်ယောက်ကတော့ အကြာကြီးဝေးကွာသွားရတဲ့ သူတွေလိုအနမ်းများက အတောမသတ်နိုင်အောင်ဆက်လို့်...
edaz
2:30 a.m.
___________<<<<<<<<<___________
Mysterious Love
Zawgyi
" ကျွန်တော်သိတယ်ဖာသာ ''
" ဟမ်...'' ''ဟင် ''
" အင်း ''
" ဘာလို့လဲ ဖာသာ ''
" ဟင် သားသေသွားတဲ့သူက... ''
" ဟင်း ကောင်းပြီ ''
ဘုရားသခင် အာမင် ''
~~~~~~~ မလုပ်နဲ့ ~~~~~~~
" အားလုံးသတိထားနေကြ ''
" အား...အင့် ''
" ယွီပင်း ယွီပင်း "
ကြိုးခနျြကသတိလဈသှားတဲ့ ယွီပင်းကိုပြေးပြီးပွေ့လိုက်တယ်
~~~~~~~ အား ~~~~~~~
" မီးတွေ? "
______________<<<<<<<__________
" ရိပေါ် ''
" ရှောင်မင်အာ? "
" မောင် ? ဟုတ်လား ''
" ကျန့်လေး..... ''
မင်အာကထိုင်ချလိုက်ပြီးငိုနေတယ် သူလုပ်ချင်တာပဲ သူလုပ်ခဲ့တာသူ့မောင်ဆိုတာကိုလှည်မကြည့်ခဲ့မိဘူး
" အမ် ''
"လက်ကိုကြည့်လိုက်ပါ ''
" ဒါကဘာကြီးလဲ ''
" မင်းကရော ''
" သွေ့ပုချိ မင်အာ ''
" မင်းကရော... ''
မင်အာကပြောပြီးသူ့ရှေ့မှာမီးတွေလောင်မြိုက်ကာ ပျောက်ကွယ်သွားတယ် ရိပေါ်လဲမင်အာပြောတဲ့အတိုင်း ငွေမျှင်ရောင်ကြိုးလေးအတိုင်းလျှောက်သွားလိုက်တယ်
_________<<<<<<<<<_________
" ရိပေါ် ရိပေါ် မှတ်လား ''
" ရိပေါ် မင်းကိုနောက်ဆုံးတော့မြင်ရပြီပေါ့ ငါ ငါမင်းကိုချစ်တယ်လို့ပြောချင်နေခဲ့တာ ငါမင်းကို မပြောလိုက်ရလို့အရမ်းကိုနောင်တရနေခဲ့တာ အခုငါ ငါ မင်းကိုမြင်နေရပြီဆိုတော့ ငါလဲသေသွားတာလား ''
" ဟင် ရိပေါ် မင်းမသေဘူး ''
edaz
2:30 a.m.
___________<<<<<<<<<___________
Continue Reading
You'll Also Like
110K 13.7K 25
သူဟာ လရောင်ကိုနှစ်ခြိုက်တဲ့ လိုင်လက်ပန်းလေးအသွင် သူဟာ လရောင်ကိုနှစ်ခြိုက်တဲ့ လိုင်လက်ပန်းလေးအသွင် Wang Yi Bo 💙 Xiao Zhan BO JUN YI XIAO story in Hog...
116K 18.2K 102
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။
731K 72.7K 35
ခင္ဗ်ားကိုခ်စ္ရတာလဲ အျပစ္တစ္ခုလိုပဲ.. ခင်ဗျားကိုချစ်ရတာလဲ အပြစ်တစ်ခုလိုပဲ.. Warning > This fic is not about happy ending so read at your own risk.
8.6K 575 13
သိမ်းဆည်းထား‌သော Fan Art Photoများ