Part-20 ~ Cctv Records

11K 1.2K 44
                                    

Mysterious Love

Unicode

ရှောင်ကျန့်ဘေးဘက်ကဆူညံသံတချို့ကြောင့်နိုးလာတော့ သူအခန်းမှာရောက်နေတာသတိထားမိတယ် သူညနေကကားပေါ်မှာအိပ်ပျော်သွားတာပါ မဟုတ်မှလွဲရောဝမ်ရိပေါ်ကသူ့ကို ချီလာတယ်လို့တော့မပြောနဲ့နော်....

သူရေဆာလာတာမို့လို့ အောက်ထပ်ကိုဆင်းလာတော့ လှေကားအောက်ခြေနားမှာဘီယာဘူးရယ် ရေပုလင်းရယ်ကျနေတယ် သူလဲရေပုလင်းရော ဘီယာပုလင်းရောကောက်လိုက်ပြီး စားပွဲခုံပေါ်တင်ထားလိုက်ပြီးရေခဲသေတ္တာကိုဖွင့်ကာ ရေအေးအေးတစ်ပုလင်းကိုထုတ်သောက်လိုက်တယ် ။

~~~~~~~~ ဒေါက် ~~~~~~ ဒေါက် ~~~~~~~~

ဧည့်ခန်းကတံခါးခေါက်သံကြားတော့ ရှောင်ကျန့်ရေသောက်နေတာတောင်သီးသွားတယ် ထမင်းစားခန်းမှာထောင်ထားတဲ့တံမြက်စည်းကို ယူလိုက်ပြီးအိမ်ရှေ့ကိုလျှောက်လာတယ် ။

~~~~~~~~ ဒေါက် ~~~~~~ ဒေါက် ~~~~~~~~

တံခါးခေါက်သံကပိုပြင်းထန်လာတာမို့လို့ ရှောင်ကျန့်လဲ သတိထားပြီးဖြေးဖြေးချင်းလျှောက်သွားတယ် ။ သူတံခါးကိုဖွင့်လိုက်တော့....

" ခြံစောင့်ယဲ့ ''

" အကိုလေး ''
သွေးတွေဒဏ်ရာဗလပွနဲ့ရန်ဖေးကိုတွဲထားတဲ့ခြံစောင့်ကို မြင်လိုက်ရတာမို့ရှောင်ကျန့်လဲရုတ်တရက်ကြောင်သွား တယ်။

" ဘယ်လိုဖြစ်တာလဲ ''

"ကျွန်တော်လဲမသိဘူးအကိုလေးကျွန်တော်တို့အိမ်ရှေ့မှာ အသံကြားလို့ထွက်ကြည့်တော့ ဒီအကိုလဲနေတာ တွေ့လို့ခေါ်တာလဲဘယ်လိုမှခေါ်မရလို့ ကျွန်တော်စံအိမ်ဆီ ခေါ်လာတာ ''

" ဆေးရုံပို့ရမယ်ထင်တယ်ဒဏ်ရာတွေလဲအများကြီးနဲ့ ''

အိမ်ရှေ့ဘက်ကစကားပြောသံတွေတချို့ကြောင့် ရှောင်ဟန်အခန်းပြင်ကိုထွက်လာတယ် ။

" မန်နေဂျင်း ဘာဖြစ်လို့လဲညဘက်ကြီး ''

" ရန်ဖေးကိုဒဏ်ရာတွေနဲ့ခြံထဲမှာလဲနေတာတွေ့လို့တဲ့ ဆေးရုံကိုခေါ်သွားရမယ်ထင်တယ် ''

"သူမူးပြီးထိခိုက်လာတာထင်တယ် ကျွန်တော်ဆေးရုံကို ခေါ်သွားလိုက်မယ်လေ မန်နေဂျင်းရောလိုက်ခဲ့မလား ''

Mysterious Love ( Completed ) Where stories live. Discover now