Part-23~ Dating (1)

11.2K 1.4K 112
                                    

Mysterious Love

Unicode

ညကအိမ်မက်ကြောင့်မနက်အထိကိုရှောင်ဟန်ထိပ်လန့် နေရတုန်းပဲ ထိုအိမ်မက်ကြောင့်ပဲသူထပ်အိပ်ရမှာကို တောင်လန့်နေမိတယ် နိုးနေတာလဲကြာပြီမို့ ရေချိုးခန်းထဲကိုသာညီးညူနေတဲ့ စိတ်ကိုဆေးဖို့ရေချိုးဖို့ bathtubထဲရေဖြည့်ထားပြီး ဖုန်းကိုသုံးနေလိုက်တယ်

သူရေပြည့်တာကိုစောင့်ရင်း weibo ပွတ်နေလိုက်တယ် သူweibo သုံးနေရင်းမထင်မှတ်ဘဲရှောင်မင်အာရဲ့ weibo accကပိုစ့်အဟောင်းတချို့တက်လာတယ် မသုံးတာကြာတဲ့accကပုံဟောင်းတွေကဘာမှမလုပ်လဲ ပြန်တက်လာတာပဲလား ။

ရှောင်ဟန် မင်အာ့ရဲ့accထဲဝင်ပြီးပိုစ့် တစ်ခုချင်းစီဝင်ကြည့်လိုက်တယ်တကယ်လို့ တစ်ယောက်ယောက်ကမင်အာရဲ့ပိုစ့်ကို heartပေးသွားတာပဲဖြစ်ဖြစ် comment ပေးသွားတာများရှိလို့ပိုစ့်ကတက်လာတာလား အထင်နဲ့ကြည့်ပေမယ့် သူမျှော်လင့်ထားသလိုတစ်ခုမှ ဖြစ်မနေထိုaccရဲ့နောက်ဆုံးလိုင်းတက်ထားတဲ့ အချိန်ကိုကြည့်လိုက်တော့လွန်ခဲ့သောနှစ်နာရီခန့်က...

မနက်လေးနာရီကြီးဘယ်သူကမသုံးတာကြာတဲ့acc ကိုဝင်သုံးနေတာပါလိမ့် bathtubထဲရေပြည့်သွားတာမို့ ဘေစင်ပေါ်ကိုဖုန်းတင်လိုက်ပြီး သူရေနွေးနွေးလေးတွေနဲ့ ရေစိမ်နေလိုက်တယ် ။

သူရေချိုးနေရင်းနဲ့ တစ်ယောက်ယောက်က ကြည့်နေသလိုမျိုးကျောမလုံသမျိုးခံစားရပေမယ့် စိတ်ထင်တာပါအထင်နဲ့ရေဆက်စိမ်နေတယ် ။ ရေစိမ်နေရင်းမျက်လုံးကိုမှိတ်ကာခေါင်းကိုမော့ပြီး ညကအိမ်မက်ကအတွေးထဲရောက်လာတယ် ထိုအိမ်မက်ကြီးကသူ့ကိုအရိပ်သဖွယ်လိုက်ခြောက်လန့်
နေတယ် ။

ညကသိပ်အိပ်မပျော်တာမို့ရေစိမ်နေရင်းမှေးခနဲ ဖြစ်နေတုန်းရေချိုးခန်းထဲကရေပန်းနဲ့ဘေစင်ကရေတွေပါ ရုတ်တရက်ကြီးပွင့်လာတာမို့သူနိုးလာတယ် ။

" ကျစ်...ဘာဖြစ်ပြန်ပြီလဲကွာပြ​ဿနာတွေကလဲ ဖြစ်လို့မပြီးနိုင်တော့ဘူး ''

ရှောင်ဟန်တဘက်ကိုခါးမှာပတ်လိုက်ပြီးပွင့်နေတဲ့ ရေတွေကိုလိုက်ပိတ်လိုက်တယ် သူမှန်ရှေ့မှာ သွားတိုက်ဖို့ရပ်လိုက်ပြီး မျက်နှာက်သစ်လိုက်တယ် သူနောက်ကျောမလုံတော့သလိုကြက်သီးတွေလဲထကာ ကျောချမ်းလာတာမို့အနောက်ကို လှည့်ကြည့်လိုက်တော့ bathtubမှာကာထားတဲ့လိုက်ကာကလူတစ်ယောက် တိုက်သလိုလှုပ်သွားတာမို့ သူလိုက်ကာနားကိုသွားကာ လိုက်ကာကိုဆွဲဖယ်လိုက်ပေမယ့်သူစိမ်လို့ကျန်တဲ့ရေ တွေကလွဲရင်ကျန်တာမရှိ ။

Mysterious Love ( Completed ) Dove le storie prendono vita. Scoprilo ora