Part-11~Cheating

12.1K 1.3K 68
                                    

Mysterious Love

Unicode

ရှောင်ကျန့်ရိပေါ်အခန်းထဲကနေဆေးသေတ္တာယူပြီး အမြန်ထွက်လာခဲ့တယ် ဝမ်ရိပေါ်ဆိုတဲ့လူကမထင်ရင် မထင်သလိုပေါက်ကရတွေလုပ်တက်တာမို့သူတက် နိုင်သမျှရှောင်ရမယ် ရှောင်ကျန့်အိပ်ရာဝင်မလို့လုပ်တော့ အခန်းထဲကလိုက်ကာတွေကပွင့်နေတယ် ။

" ဟင် ဘယ်လိုလုပ်ပြီးပွင့်နေတာလဲ ငါလိုက်ကာတွေများ ဖွင့်ထားခဲ့လို့လား ''

ရှောင်ကျန့်လိုက်ကာကိုသွားပိတ်တော့အမှတ်မထင်ဘဲ ရေကန်နားမှာဝတ်စုံအနီနဲ့မိန်းကလေးက ရပ်နေတာမြင်လိုက်ရတယ် ရှောင်ကျန့်လဲဘယ်သူမှန်း သိချင်လို့အောက်ကိုပြေးဆင်းသွားလိုက်တယ် ။

သူအောက်ထပ်ကိုဆင်းလာတော့ အကုန်လုံးက မှောင်မဲနေတာမို့သူသတိထားပြီးသွားလိုက်တယ် ခြံထဲကိုရောက်တော့လှည့်ပတ်ရှာကြည့်ပေမယ့် လူအရိပ်တောင်မတွေ့ရ သူ့အနောက်ကနေတစ်ခုခု လိုက်လာသလိုခံစားရတာမို့ နောက်ကိုလှည့်ကြည့်တော့လဲဘယ်သူမှရှိမနေ ။

ခြံဝန်းကျယ်ထဲသူတစ်ယောက်ပဲရှိတာကို လရဲ့အလင်းရောင်နဲ့ထင်ထင်ရှားရှားကိုမြင်နေရတယ် သူခုနကမိန်းကလေးကိုလှမ်းမြင်လိုက်တဲ့ရေကန်နားကို သွားတော့ရေကန်ပြင်ကလဲငြိမ်သက်နေပြီး ဘာအရိပ်ယောင်မှထပ်မတွေ့ရ ။

သူခြံထဲမှာကြည့်နေတုန်းစန္ဒယားသံကို ကျယ်လောင်စွာတီးခတ်တဲ့အသံကြားတာမို့ ရှောင်ကျန့်အသံလာရာကိုသွားဖို့လုပ်တုန်း ရေထဲကအေးစက်စက်အရာတစ်ခုက ရှောင်ကျန့်ခြေထောက်ကိုလှမ်းဆွဲလိုက်တာမို့ ရေထဲကိုပြုတ်ကျတော့မလိုဖြစ်သွားတယ် ။

ထိုအချိန်လက်တစ်စုံကသူ့ကိုလှမ်းဆွဲလိုက်တာမို့ ရေထဲကျမယ့်ဆဲဆဲကနေလွတ်သွားတယ် ။

" ရူးနေလား ညသန်းခေါင်ကြီးရေဆင်းကူးဦးမလို့လား ''

" ခေါင်း ခေါင်းဆောင်ဝမ် ''

" မင်းဦးနှောက်မရှိတာသိပါတယ် မင်းရေကူးမယ်ဆိုလဲ ညသန်းခေါင်ကြီးထကူးစရာလား ''

ရုတ်တရက်သူ့ကိုလှမ်းဆွဲလိုက်တဲ့ ဝမ်ရိပေါ်ကြောင့်
သူအနည်းငယ်တော့အံအားသင့်သွားရတယ် ။

Mysterious Love ( Completed ) Donde viven las historias. Descúbrelo ahora